Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Eye Yoga လေးစမ်းကြည့်ဘာ :)

Shwe EiJanuary 27, 20141min84130

သင့်မျက်လုံးအတွက် Yoga

ကွန်ပျူတာကြည့်တာလေးခဏရပ်ပြီး ဟောဒီကလေ့ကျင့်ခန်းလေးတွေနဲ့ ညောင်းညာကိုက်ခဲနေတဲ့ မျက်လုံးတွေကို သက်သာအောင် လုပ်ကြစို့
Nicole Kwan

es 8

တခါတရံမှာ ကျွန်မတို့ ဟာ ကွန်ပျူတာစခရင်ကို နာရီပေါင်းများစွာကြာအောင် သတိလက်လွတ် စိုက်ကြည့်နေမိတတ်ပါတယ်။ သိထားရမှာက ရှင့်ရဲ့ နောက်ကြောတွေ ပုခုံးတွေလိုဘဲ ရှင့်မျက်လုံးဟာလဲ ညောင်းညာကိုက်ခဲတတ်ပါတယ်။ မျက်လုံးအတွက် လေ့ကျင့်ခန်းလုပ်တာဟာ တနေကုန်အညောင်းထိုင်ပြီး လေလည်လိုက်သလိုပါဘဲ လို့ Karin Wiedemann of Urban Yoga in Washington, DC ကပြောပါတယ်။ (စိတ်ထဲထင်သလိုဘာသာပြန်ခြင်းဖြစ်သည် 😛 )

အောက်ဖေါ်ပြပါ နည်းလမ်းတွေကို အသုံးပြုပြီး eye strain ဖြစ်တာသက်သာအောင် ဒါမှမဟုတ် eye strain မဖြစ်အောင် ကာကွယ်ကြတာပေါ့။

Eye Warming
၁) ထိုင်ခုံမှာထိုင်လိုက်ပါ၊ လက်နှစ်ဖက်ကို ပူလာအောင်ပွတ်ပါ။
၂) မျက်လုံးတွေကိုပိတ်လိုက်ပီး လက်ဖဝါးနှစ်ဖက်ကို မျက်လုံးပေါ်အုပ်လိုက်ပါ။ အိုက်လိုလုပ်တာဟာ မျက်လုံးကိုအလင်းရောင်နဲ့ထိတွေ့မှုရပ်တန့်သွားစေပြီး လက်ဖဝါးကအပူတေကိုစုပ်ယူစေတဲ့ပုံစံမျိုးပါ။
၃) အသက်ရှူသွင်း ရှူထုတ်တဲ့လေ့ကျင့်ခန်းကို အားပါးတရ ဆယ်ကြိမ်လောက်လုပ်ပါ။ လိုအပ်တယ်ထင်ရင် ခဏခဏ လုပ်လို့လဲရပါတယ်။

es4

Eye –ercize

၁) ထို်င်ခုံပေါ်မှာငြိမ်ငြိမ်ထိုင်နေပါ၊ ခေါင်းကိုမလှုပ်ပါနဲ့
၂) မျက်နှာကျက်ကိုမော့ကြည့်လိုက်ပါ…ပြီးရင် ညာဘက်ကိုကြည့်ပါ…ပြီးရင်ကြမ်းပြင်ကိုကြည့်ပါ။
ကြမ်းပြင်ကနေပြီးရင်ဘယ်ဘက်ကိုကြည့်ပါ။ အိုက်ဒါပြီးရင် မျက်နှာကျက်ကိုဘဲပြန်ကြည့်ပါ။
၃) ဘယ်ပြန်ညာပြန်ပြောင်းကြည့်ပြီး ငါးကြိမ်လောက်ဆက်တိုက်လုပ်ပါ။

es 7

နှစ်ရှည်လများ ကွန်ပျူတာကြည့်ခြင်းဟာ သင့်ရဲ့မျက်ကြည်လွှာကို အမာရွတ်ဖြစ်စေပြီး အမြင်အာရုံတချို့တဝက်ကို ဆုံးရှုံးစေနို်င်တယ်လို့ Clayton Blehm ကပြောပါတယ်။ သူကတော့ ကွန်ပျူတာကြည့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အမြင်အာရုံချို့တဲ့ခြင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို စူးစမ်းလေ့လာနေတဲ့ မျက်စိပညာရှင်တစ်ဦးပါ။ အချိန်အကြာကြီး စခရင်ကိုကြည့်တာဟာ မျက်သားခြောက်တဲ့ရောဂါကိုဖြစ်စေနိုင်သလို သင့်မျက်လုံးအတွက် ချောဆီလိုမျိုးအထောက်အကူဖြစ်စေတဲ့ မျက်ရည်တွေလုံလောက်အောင် ထုတ်မပေးနိုင်တော့တာမျိုးလဲဖြစ်တတ်တယ်လို့ The Vision Council ရဲ့ Medical Advisor, Justin Bazan ကရှင်းပြပါတယ်။

သင့်မျက်လုံးကို electronic stress ဘယ်လောက်များများဖြစ်စေပြီလဲဆိုတာကို ပြောနိုင်ပါရဲ့လား???
အမြင်အာရုံတွေညောင်းညာကိုက်ခဲနေပြီဆိုရင်၊ မျက်လုံးထဲကအရည်တွေထွက်ပြီး နီရဲလာပြီဆိုရင်၊ သင့်ရဲ့ လည်ပင်း နားထင်ကြော ဒါမှမဟုတ် ပုခုံးကြောတွေကို သက်သာလိုသက်သာငြား ပွတ်သပ်နေမိပြီဆိုရင် သင့်မျက်လုံးကို လိုအပ်တာထက်ပိုခိုင်းမိပြီလို့ Dr.Bazan ကပြောပါတယ်။

es 6

မျက်လုံးကိုအနားပေးဖို့အတွက် Dr.Bazan အကြံပြုတာက 20-20-20 ဆိုတဲ့ စည်းမျဉ်းပါ။
မိနစ်၂ဝတိုင်း ပေ၂ဝအကွာဝေးကို စက္ကန့်၂ဝကြာအောင် စိုက်ကြည့်နေဖို့ပါဘဲ။ လုပ်ကြည့်လို်က်ပါ…ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ကွန်ပျူတာစခရင်ကြောင့်ပင်ပန်းနေတဲ့ မျက်လုံးကို အပန်းပြေစေနိုင်မှာပါ။

အကယ်ရွေ့ ရှင်က မျက်မှန်သမားတစ်ယောက်ဆိုရင်၊ မျက်ကပ်မှန်တပ်တယ်ဆိုရင် ဒါမှမဟုတ် စာကြည့်မျက်မှန်တပ်တယ်ဆိုရင် မျက်စိဆရာဝန်နဲ့ဆွေးနွေးပြီး ကွန်ပျူတာကြည့် မျက်မှန်တလက်လုပ်လိုက်ပါ။
အိုက်ဒါတွေကို ကြားခံပစ္စည်းတွေအနေနဲ့အသုံးပြုဖို့ ဖန်တီးထားတာဖြစ်ပြီး ဥပမာ ကွန်ပျူတာအသုံးပြုနေချိန် အာရုံစိုက်ရတဲ့အခါ အမြင်အာရုံကို အလင်းဖြာထွက်မှုတွေဆီကနေ ဖြတ်တောက်ပေးနိုင်တဲ့ ပုံစံမျိုးပါ။
ပုံမှန်အားဖြင့် မျက်မှန်တပ်စရာမလိုတဲ့ ကွန်ပျူတာအသုံးများသူတွေတောင် အိုက်လိုကွန်ပျူတာကြည့်မှန်သုံးတဲ့ မျက်မှန်မျိုးတပ်ထားတဲ့အတွက် ကောင်းတဲ့အကျိုးကျေးဇူးတွေရနိုင်ပါလိမ့်မယ်လို့ Dr.Bazan ကထပ်လောင်းပြောကြားသွားပါတယ်။

ကျန်းမာခြင်းသည် လာဘ်တပါး…လူပျံတော်ပတ္တမြား 😆

Shwe Ei

30 comments

  • nozomi

    January 27, 2014 at 12:39 pm

    ဒါ ဖတ်ပြီးတာနဲ့
    လုပ်ကြည့်လိုက်မယ်
    မှတ်ထားပြီး နောက်လဲ ခဏခဏ လုပ်မယ်

    • Shwe Ei

      January 27, 2014 at 1:03 pm

      ဟတ်ကဲ့ သများလဲ လက်တွေ့စမ်းကြည့်ပီးဘာဘီ…အိုခီဘာဒယ် အူးနို 🙂

  • မဟာရာဇာ အံစာတုံး

    January 27, 2014 at 12:45 pm

    သန်းခရုဘာ ဂျီးဒေါ်
    ခုလို ကွန်ပူတာ သမားတွေအတွက်
    ညက်လုံး ကျန်းမာရေး လမ်းညွှန်ပေးဖော်ရတဲ့အတွက်
    မကွေးဂျီးဒေါ်တစ်ယောက် ယောက်ကျား ညန်ညန် ရဘာစေဗျာ …
    မရှိယင်လည်း ပြော
    ကျုပ်မှာ ဥငေးတွေ တစ်ပုံဂျီး ချိဒေးဒယ် .. ခိခိ

  • လုံမလေးမွန်မွန်

    January 27, 2014 at 12:46 pm

    ဂွတ်.. ဂွတ်.. ဂွတ်…
    ကျေးကျေး အိုညိ.. မျက်စိတစ်ခုခု ဖြစ်မှာ အရမ်းကြောက်တာ… သတိလက်လွတ် ကွန်ပျူတာ ကြည့်မိလို့ ခေါင်းတွေလည်း ခဏခဏကိုက်တယ်..
    ခုလို တင်ပေးတာ အာဘွား.. :chit:

    • Shwe Ei

      January 27, 2014 at 1:07 pm

      အံချာဒုန်း/မွန်မွန်

      ဟဲ့ အံချာဒုန်းရဲ့…နာယောက်ကျားယူတော့မှာဟဲ့

      သိပ်မကျာခင် ဖွဘုတ်မာ ဓာတ်သေတေ တပြွတ်ကြီးတင်ပီး ကြွားအုံးမယ် ညင်းညင်း :boss:

      ညီမငေး မွန်မွန်

      ဇက်ကြောတက်ရင် ခေါင်းကိုက်ရင်..ဟို အံချာဒုန်းကို နှိပ်ခိုင်းလေကွယ်

      နောက်လဲအကျင့်ဖစ်သွားအောင် ခုကထဲက ခိုင်းစရာချိတာ များများခိုင်းထား ေိေိ 😀

  • ဦးကျောက်ခဲ

    January 27, 2014 at 1:20 pm

    ကျောက်စ်ကတော့ အဲဂလိုမဖြစ်အောင် ကွန်ပူတာသုံးရင်…
    မျက်စေ့အေးမှာလေးတွေ မကြာမကြာရှာပြီး ကြည့်ပလိုက်တယ်…
    ဪ… သဘာဝ ရှုခင်းပုံလေးတွေကို ပြောတာပါ… ဟီ ဟိ
    😀

  • kyeemite

    January 27, 2014 at 3:52 pm

    လေ့ကျင့်ကျိပါမယ်ခင်ည
    သင့်ခရုပါခင်ည 😛

    • Shwe Ei

      January 28, 2014 at 8:53 am

      သဂျီးပျောသလို ကွမ်းရွက်လဲကပ်ကျိအုံးခည 🙂

  • TNA

    January 27, 2014 at 4:27 pm

    မှတ်သားထားလိုက်ပါပြီ။ မကြာမကြာလုပ်ကြည့်ပါမယ်။ တန်ဖိုးရှိပါတယ်။

    • Shwe Ei

      January 28, 2014 at 8:56 am

      ဟုတ်ကဲ့ တကယ့်လက်တွေ့မှာအကျိုးထူးပါစေဗျာ

  • Ma Ma

    January 27, 2014 at 4:37 pm

    ကျန်းမာခြင်းသည် လာဘ်တစ်ပါး ရွှေအိပိုစ့်ကိုသွားးးးးးးးးး 🙂

    • Shwe Ei

      January 28, 2014 at 8:57 am

      သများရဲ့အယက်ပို့စ်တေဆီကိုတော့ မသွားကျနဲ့နော်…ဟိ

  • kai

    January 27, 2014 at 4:37 pm

    မိနစ်၂ဝတိုင်း ပေ၂ဝအကွာဝေးကို စက္ကန့်၂ဝကြာအောင် စိုက်ကြည့်နေဖို့ပါဘဲ။

    အဲဒါလေးအသုံးဝင်မယ်မှတ်တယ်..

    ဆိုတော့..
    နောက်အသုံးဝင်မှာလေးတခုပြောပြချင်တယ်..
    ကွမ်းရွက်စလေးကို.. မျက်လုံးထောင့်(နှာရိုး) ပေါ်မှာကပ်တာပါ..
    ကွမ်းရွက်မရှိရင်… သစ်ရွက်အနုလေးကပ်ဗျို့..။
    ကျုပ်ကတော့.. အိ်မ်ထဲအလှစိုက်တဲ့.. သစ်ပင်ကအရွက်နုလေးကပ်ပြီး.. ညအိပ်တယ်..
    မနက်ဆို.. မျက်စိညောင်း.. တော်တော်သက်သာတယ်..။

  • ဖတ်ရင်းက လက်တွေ့လုပ်ကြည့်သွားပါတယ်။သိမ်းလည်းသိမ်းလိုက်ပါသေးတယ်ကျေးဇုပါရွှေအိရေ။

    • Shwe Ei

      January 28, 2014 at 8:58 am

      သင်ခရုပါခီညော် 🙂

    • Shwe Ei

      January 28, 2014 at 9:02 am

      ကောင်းလားအကို..ကောင်းရင် ကောင်းတယ်မှတ် 😀

  • Paing Lay

    January 28, 2014 at 2:27 pm

    ကျေးဂျူးကမာ္ဘဆိုင်ရော 😀

    • Shwe Ei

      January 28, 2014 at 5:36 pm

      ကချင်ဘဲလားငင်???

  • KZ

    January 28, 2014 at 2:27 pm

    တဂျီးပြောတာဟုတ်တယ်။
    ကွမ်းရွက်ကတော့ကိုယ်တွေ့ပဲ။
    သူ က မျက်စိ အခိုးကို စုပ်သွားတာတဲ့။

    Eyes Exercise ကတော့ အမြဲလုပ်ရတယ်။
    Thank you for your post.

    နောက်တစ်မျိုးက မျက်လုံးကို လုံလုံ အုပ်။
    ပြီးရင် မျက်လုံး ဖွင့်ရက် အပေါ် အောက် ဘေး ၂ ဖက်၊ လက်ယာရစ် လက်ဝဲ ရစ် စသည်ဖြင့် ကစားရတယ်တဲ့။
    မျက်လုံး အောင့်လာတဲ့ထိလုပ်ပေးရတယ်။

    အဲဒါ လေ့ကျင့်ခန်း ဖော် မျက်လုံးတဲ့။

    လက်မအုပ်ပဲတော့ မလုပ်နဲ့နော်။

    😀

    • Shwe Ei

      January 28, 2014 at 5:37 pm

      မှန်လိုက်လေ သဲဆွိရယ် … ခွိ (ခွက်ဒစ်တူ ဟိုလူရီး) 😀

      • KZ

        January 29, 2014 at 6:38 pm

        အဲ့ လူဂျီးရော…
        သဲဆွိ ဘယ်ရောက်နေလည်းတို့…. လွမ်းနေတယ်တို့ အော်နေသေးလားဟမ်??

        😀

  • padonmar

    January 29, 2014 at 12:35 am

    သိုင်းခရု
    ရှဲ့ ရှဲ့
    ကျေးဇူးပါ။
    လုပ်ပါမယ်။

    • Shwe Ei

      January 29, 2014 at 4:03 pm

      လိမ္မာလိုက်တဲ့ အာတီဒုံ 🙂

  • Crystalline

    January 29, 2014 at 2:12 pm

    အခုတလောမှာအလိုအပ်ဆုံးဆေးနည်းဖြစ်နေတယ်.. ညညမီးပိတ်ဂိမ်းဆော့ပြီးတော့ မျက်စိတွေနီနေရော… :)) အစ်ကိုက သစ်ပင်အစိမ်းတွေကြည့်တဲ့ သစ်ပင်တွေလည်း ဖုံတက်ပြီးသိပ်မစိမ်းနိုင်တော့ဖြစ်နေတယ်… လွယ်လွယ်ကူကူလုပ်လို့ရပြီး.. ကိုယ့်အတွက်လည်းအကျိုးဖြစ်မှာလေးတွေကိုတော့ဇွဲရှိရှိစမ်းသပ်ဖို့မေ့နေပြီး.. ဆိုးကျိုးများတာသိတာတွေအတွက် ဝိရိယများတဲ့ တမီးကိုတမီးသိပ်မုန်းတာပဲ မေမေ :mrgreenn:

    • Shwe Ei

      January 29, 2014 at 4:07 pm

      သများတော့ ဖုန်းထဲက ဂိမ်းတေ ဖြုတ်ပစ်လိုက်ဘီ….CandyCrush ကလွဲလို့ 😀

    • Shwe Ei

      January 29, 2014 at 4:10 pm

      ဟတ်ကဲ့ အမြည်းလေးစားကျိပီးမှ ဝယ်ဘာနော် 😆

  • Mr. MarGa

    January 29, 2014 at 3:54 pm

    ဖတ်ရင်းနဲ့လုပ်
    လုပ်ရင်းနဲ့ ဖတ်လိုက်တာ
    ဘေးပတ်လည်က ကွန်ပျူတာ စကရင်တွေဆီ ရောက်သွားရော
    အဲ့မှာပဲ လေ့ကျင့်ခန်းက ပြန်ပြတ်သွား
    ပြန်လုပ်လိုက် ပြတ်သွားလိုက်နဲ့
    ဟုတ်တော့ ဟုတ်နေတာပဲ :mrgreenn:

    • Shwe Ei

      January 29, 2014 at 4:26 pm

      သတိရတိုင်း မျက်လုံးကိုအနားပေးကြည့် အမှန်တကယ်အကျိုးထူးပါအိ 🙂

Leave a Reply