. “ထင်စေ……. ကောင်း ၏ ……….. မကောင်း၏………………”

.

        “ထင်စေ……. ကောင်း ၏ ……….. မကောင်း၏………………”

 

ဟို တစ် ရက်  က ပျင်း တာ နဲ့ တီ ဗွီ ထိုင် ကြည့် နေ မိ ပါ တယ်။

ကျ နော် ကြည့် နေ တဲ့ အချိန် က မင်း သ မီး ငယ် လေး တစ် ယောက် ကို အင် တာ ဗျုး နေ တဲ့ အ စီ အ စဉ် လာ နေ တာ ပါ။

သူ့ ဘ ဝ ရဲ့ အ မှတ် တ ရ လေး တွေ ကို ပြန် ပြော ပြ နေ တာ ပေါ့။

သူပြော နေ တဲ့ အထဲ မှာ ရုပ် ရှင် ရိုက် သွား နေ ကြ ရင်း သူ့ နာ ရီ လေး ပျောက် သွား တဲ့အ ကြောင်း ပါ လာ ပါ တယ်။

အဲ ဒီ အ ကြောင်း လေး ကို ကြား လိုက် ရ တော့ လွန် ခဲ့ တဲ့ သုံး နှစ် လောက် က ကျွန် တော် တို့ဘု ရား ဖူး သွား ရင်း ကြုံ ခဲ့ တာ လေး  ကို သ တိ ရ သွား ပ ါတယ်။

 

အဲ ဒီ နှစ် က ကျ နော် သူငယ် ချင် း “အောင်ဝင်း “ က သူ ကို း ကွယ် တဲ့ ဘုန်း တော် ကြီး ကျောင်း မှာ ဖွင့် တဲ့ တ ရား စခန်း က ယော ဂီ များ ရဲ့အ စား အ သောက ်တာ ဝန် ကို  သင်္ကြန် လေး ရက် အတွက် သူ တာ ဝန်ယူ လိုက် ပါ တယ်။

 

အဲ  တော့  ချက် ဘို ့ ပြုတ် ဘို့ တာ ဝန် ကို သူ တို့ ရပ် ကွက် ထဲ မှာနေ တဲ့

ဒေါ် ရှမ်း မ  ဒေါ်စိန် မြိုင်  ဒေါ် တင် ငွေ  ဒေါ်တူး တူး နဲ့ ဒေါ် အေး ဆိုတဲ့

အ ဒေါ် ကြီး ငါး ယောက်ကို အ ကူ အညီ တောင်း တော့ သူ တို့ တ တွေ က

လဲ လို လို လား လား ဘဲ ကူ ညီ ပေး မယ် လို့ ပြော ကြပ ါတယ်။

 

အခု လာ ကူ တဲ့ ငါး ယောက် ထဲ မှာ ဒေါ်အေး ဆို တဲ့ အ ဒေါ် ကြီးက လွဲ ရင်                                       ကျန် တဲ့ လေး ယောက် က တော့ သူ ဟာ နဲ့ သူ  နေ နိုင် စား နိုင် တဲ့ လူ တွေ ပါ။

သူ တို့ အိမ် သား တွေ က ရှာ နိုင် ရှိ တာ ရယ် သား သ မီး တွေက လဲ

သူ့ တို့ အ လုပ် တွေ နဲ့ သူ တို့ အဆင် ပြေ နေ တော့ မိ ဘကို လဲ တတ် နိုင် သ လောက် ထောက် ပံ့ ကြ တယ် လေ။

ဒီ တော့  လူ တန်း စေ့ နေ နိုင် တယ် ကြ  ပါ တယ်။

ဘုန်း ကြီး ကျောင်း ကု ိလာ ပြီး ကူ လုပ် တယ် ဆို တာ လဲ ပိုက် ဆံ ရ လို့ လာ လုပ်  တာမ ဟုတ်  ကြ ပါဘူး။

ကု သိုလ် ယူ ချင် တာ ရယ် ကို ယ် ကုးိ ကွယ် တဲ့ ဘုန်း ဘုန်း ကျောင်း မှာ အ ခက် အ ခဲ ဖြစ် မှာ စိုး တာ ရယ်

လူ မူ့ ရေး  လုပ် ရ တာ ဝါ သ နာ ပါ တာ ရယ် ကြောင့် လာ ကူ ညီ ပြီး လုပ် ကိုင် ပေး ကြ တာ ပါ။

ဒါပေ မယ့် ဒေါ် အေး ဆို တဲ့  အဒေါ် ကြီး ကေ တာ့ နည်း နည်းေ လး  နွမ်း ပါ း ချို့ တဲ့ ပါ တယ်။

အိမ ်ထောင်  ဖက် ဆုံး ပါ း သွား တဲ့ မု ဆိုး မ တ စ် ယောက် ဖြစ် နေ တာရယ်

သား သမီး ရှိ ပေ မယ့် လည်းသူ တို့ ကိုယ် တို်င် လဲ သိပ် မ သောင် သာ တော့

အမေ ကို သိပ ်မ ထောက်ပံ့ နို်င် ဘူး ဆို ပါ တော့။

ဒီ တော့ လဲ ဒေါ် အေး ခ မျာ ကိုယ့် ဝမ်း စာ ကိုယ့် ဘာ သာ ကိုယ် ရုန်း ရ ကန် ရ ရှာပါ တယ်။

သူ  က ကျောင်း ကို ဝေ ယျာ ဝ စ္စ လာ လုပ် ရင် သူ့ အ လုပ် ပျက် ပါ တယ်။

ဒါ ကို သိ နေ တဲ့ အ လှူ့ ရှင် တွေက ဒေါ် အေး လာ ပြီး လုပ်ကိုင် ပေး တယ်

ဆိုရင် သူ အဆင် မပြေ မှန်း သိ နေကြ တော့ လဲ သူ့ ကို ဈေး ဖုးိ မုန့် ဖိုး  သ ဘော မျိုး နဲ့ပိုက် ဆံ ပေး လေ ့  ရှိ ကြ ပါ တယ်။

အဲ့ လို့ သူ့ ကို ပိုက် ဆံ ပေး ရင် တော့ သူ ယူ ပါတယ်။

ဘယ် လောက် ပေး ပါ ဘယ် ရွှေ့ ပေး ပါ လို ့ တောင်း တာမျုိုး တော့ မ ရှိ တတ် သလို မ ပေး ဘူး ဆို ရင် လဲ သူ က  မ တောင်း ပါ ဘူး။

ပို လျံ နေ တဲ့ ဆွမ်းကျန် ဟင်းကျန် တွေ ပေး ရင် လဲ ယူ ပါတယ်။

ကျန် တဲ့ လေး ယောက် က တော့ ဆွမ်း ကျန် ဟင်း ကျန် လဲ မယူ

ငွေ ပေး လဲ မယူ ကြ ပါဘူး။

ဒါ ပေ မယ့် အ ဝတ် အ ထည် လို လက် ဆောင် ပ စ္စည်း သဘော မျုးိ ပေး ရင် တော့ ယူ ကြ ပါတယ်။

 

 

အ လုပ် လုပ် ကြ ပြီ  ဆို ရင် တော့   အိုး ဆေး ခွက် ဆေး ပုဂံ ဆေး ဆို တဲ့

အောက် ခြေ သိမ်း အ လု ပ် ကြမ်း တွေ ကို ဒေါ် အေး ဘဲ ဒိုင် ခံ လုပ် တယ်

ဆို ပြန် တော့ ဒီ လို ချက် ကြ ပြုတ် ကြ ရင် ဒေါ် အေး  မ ပါ လို့ က လဲ

မ ဖြစ် ပြန ်ပါ ဘူး။

ဒီ တော့ လဲ ဒေါ် အေး မ ပါ  ပါ အောင် ခေါ် ရ တတ် ပါ တယ်။

 

ဒီ သင်္ကြန် တ ရား စ ခန်း  အ တွက် လုပ် တဲ့ အ ခါ မှာ သူ တို့ က တက် ညီ လက် ညီ စေ တ နာ ပါ ပါ နဲ့ ဝိုင်း ဝန် း ချက် ပြုတ် ပေး ကြ တော့သူ့ အ လှူ က လဲ အောင် အောင် မြင် မြင် ဖြစ် သွား တယ် ဆို ပါ တော့။

ဒီ တော့ လဲ အောင် ဝင်း တို့ လင် မ ယား က က ကူ ညီ ပေး တဲ့ သူ တွေ ကို ကျေး ဇူ း တုန့် ပြန် ချင် လာ ပါတယ်။

သူ တို့ ကို လက် ဆောင် ပစ္စည်း တွေ ဝယ် ပေး မယ် လို့ ပြော တဲ့ အ ခါ မှာ

ကူ လုပ် ပေး တဲ့ အ ဒေါ် ကြီး တွေက လက ်ဆောင် တွေ ဘာ တွေ မပေးပါ နဲ့ ဖြစ် နို်င်ရင်ဘု ရား ဖူး လိုက် ပို့ ပေး စေချင် ပါ တယ် လို့ တောင်း ဆို တာ နဲ့

ပုဂံ ညောင်ဦး ပုပွါး ဘက်  ကို ဘု ရား ဖူး သွား ကြ ဘို့ စီ စဉ် လိုက် ပါ တယ်။

အဲ တော့ သူ တို့ က လဲ  အ တော် လေး ကို ဝမ်း သာ ကြ ပါ တယ်။

သူ  တို့ အ နေ နဲ့ ရောက် နို်င် ခဲ တဲ့ နေ ရာ ကို သွား ကြ ရ မှာ ကိုး။

 

အောင်ဝင်း တို့ လင် မ ယား က

“ဘု ရား ဖူး  လိုက် ပို့ မယ်  ဒေါ် အေး လဲ လိုက် ခဲ့ နော် “လို့ ပြော တဲ့ အ ခါ

ဒေါ် အေး ခ ဗျာ ပျော် လွန်း လို့ ဝမ်း သာ လုုံး ဆို့ နေ ပ ါတယ်။

မ ဟာ ရန် ကုန် ဆို တဲ့ မြို့ ကြီး မှာ နှစ် ပေါင်း များ စွာ နေ လာ တာ မှန် ပေ မယ့်

ေ ရွှ တိ ဂုံ ဘု ရား ကို သူ ရောက် ဘူး တဲ့ အကြိမ် က လက် ချိုး ရေ လို့ တောင် ရ နို်င် ပါ တယ်။

အ ခု လို စား ရိတ် ငြိမ်း လိုက် ရ မယ် ဆို တော့ မ ပျော် ဘဲ ဘယ် နေ ပါ ့ မ လဲ။

ဒေါ် အေး တင် မ က သူ ့ သား သ မီး တွေ က ပါ သူ့ အ မေ အ တွက် ပျော် ကြ တာ ပါ။

သူ တို့  အ နေ အ ထား နဲ့ ဆို ရင် သူ တို့ အ မေ ကို  ဒီ တစ် သက် လို က် ပို့ မ ပေး နိုင် တဲ့ဘုရား ဖူး  ခ ရီး ဖြစ် နေ တာ ကိုး။

ဒီ တော့ ဝမ်း သာ ကြ တာ ပေါ့။

ဒါ ပေ မယ့် တ ကယ် သွား မယ် လဲ လုပ် ရော ဒေါ် အေး မှာ

အ ဝတ် အ စား ကောင်း ကောင်း လဲ မ ရှိ။

စောင် ခြင် ထောင် ခေါင်း အုံး လဲ မရှိ။

ခ ရီး ဆောင် အိတ်လဲ မ ရှိ ဆို ပြန် တော့  အောင် ဝင်း တို့ ကဘဲ လို အပ် သမျှ ကို

စီ စဉ် ပေး လို က် ရ ပြန ်ပါ တယ်။

 

ဒါ နဲ့ ဘဲကျ နော်  ရယ်  အောင် ဝင်း နဲ့ မ လေး တို့ လင် မယား ရယ်

ဘုန်း ကြီး  ကျောင်းက “စား တော် ကဲ” အ ဒေါ် ကြီး  ငါး ယောက် ရယ်

ခရီး အတူ ထွက် ခဲ့ ကြ ပါ တယ်။

 

ဘု ရား ကို ရောက် တဲ့ နေ ့မှာ  သူ တို့ တစ် တွေ လှူ ချင် တာ လှူ ရ အောင် ဆို ပြီးတစ် ယောက် ကို  ငွေ ၅၀၀ဝ စီ ထုတ် ပေး ပါ တယ်။

ပိုက် ဆံ လဲ ပေး ပြီး ရော ဒေါ် အေး တစ် ယောက် ပျောက် သွား ပါ တယ်။

ခ ဏ နေ တော့   ဒေါ် အေး မျက် နှာ တ ပြုံး ပြုံး နဲ့  ပြန် လာ ပါ တယ်။

ထူး ခြားေ န ပါ တယ် ဆို ပြီး ကြည့် လိုက် တော့

သူ့ လက် မှာ ဘု ရား ပွဲ ဈေး တန်း မှာ ရောင်း တဲ့ ရွှေ ရည် စိ်မ်                          လက် ကောက် အ ပြည့် နဲ့။

“ဒေါ် အေး ဘု ရား လှူ ဘို့ ပေး လိုက် တဲ့ ပိုက် ဆံ နဲ့ ဘာ တွေ လျောက် ဝယ် လာ တာ လဲ”

လို့   အောင်ဝင်း က   မေး လိုက် တော့

“ကျုပ် ဒီ လက် ကောက် လေး တွေ ဝတ် ချင် နေ တာ ကြာ ပေါ့။

ပိုက် ဆံ မ ရှိ လို ့ ငြိမ် နေ တာ။

အ ခု ဆ ရာ လေး က ပိုက် ဆံ ပေး လိုက် တော့  ကျုပ် လို ချင် တာ နဲ့

အံ ကိုက် ဖြစ ်သွား တာေ လ။

ဝတ် ချင် လွန်း လို ့ ဝယ် လာ တာ ပါ တော်။

ကျုပ် ၅၀ဝ တောင် လှူ ခဲ့ ပါ တယ် ဆ ရာ လေး ရဲ့” လို့

မျက် နှာ ငယ် လေး နဲ့ ပြော တာ ကို သိပ်  သ ဘော မ တွေ့ ပေ မယ့်

နည်း နည်း သ နား သွား တယ် ထင် ပါ တယ်  အောင် ဝင်း  က ဘာ မှ ထပ် မ ပြော တော့ ပါဘူး။

 

အဲ ဒီ နေ့ တစ် နေ့ လုံး  ဒေါ် အေး က လက် ကောက် တွေ နဲ့ အ လုပ ်တွေ ရှုပ ်ပြ နေ ပါ တယ်။

လက် ကို မြောက် လိုက် ချ လိုက်။

လက် ကို လှူပ် လိုက်။

လက် ကောက် က  တ ချွင် ချွင် အ သံ ထွက် လာ တာ ကို နား ထောင် လိုက် လုပ် နေ တာ ပါ။

သူ့ ကြည့် ရ တာ အ တော် ကို ကျေ နပ ်နေ တဲ့ မျက် နှာ ပေး နဲ့ ပါ။

သူ အဲ လို လုပ် နေ တာ ကို မြင် တော့ ကျန် တဲ့ လူ တွေက ဝိုင်း ပြီး ရီ ကြ ပါ တယ်။.

သူ က တော့ သ ဘော တွေ ကျ လို့ ။

ထ မင်း စား ဘို့ တောင် မ နည်း ခေါ် ယူ ရ ပါ တယ်။

ထ မင်း စား တဲ့ အ ခါ လက် လှူပ် လို့ လက် ကောက် က အ သံ ထွက် လာ ရင် ပြုံး ပြုံး ကြီး လုပ် နေ ပြန် ပါ တယ်။

သူ့ ကြည့် ပြီး ကျ နော် တို့ မှာ ဆူ ရ အ ခက် ရီ ရ အ ခက် ပါ ဘဲ။

 

 

ကျ နော် တို့ အဖွဲ့ က တည်း ခို ခန်း တွေ မှာ မ တည်း ပါ ဘူး။

အ ရင် က တည်း က သိ ကျွမ်း တဲ့ ဘုန်း ကြီး ကျောင်း မှာ ဘဲ တည်း ပါ တယ်။

အဲ တော့ ကိုယ့်  အ ခန်း ကိုယ့် နေ ရာ ရယ် လို ့ မဟုတ် ဘဲ ဘုန်း ဘုန်း က ပေး တဲ့

နေ ရာ မှာ အား လုံး စု ပြီး နေ ကြ ရ တာ ပါ။

စား ဘို့ သောက် ဘို့ အ တွက် က လဲ  အ ကုန် စီ စဉ် သွား ကြ တာ ပါ။

ကား ပေါ် မှာ ဆန်  ဆီ ဆား ရယ် ၊  အ ကြော် အ လှော်  အ ခြောက် အ ခြမ်း တွေ ရယ် သယ် လာ ကြ ပါတယ်။

တည်း တဲ့ ကျောင်း မှာ ဘဲ ထ မင်း ချက်  ဆ ရာ တော် ကို လဲ ဆွမ်း ကပ် ပေါ့။

ဘု ရား ဖူး သွား ကြ တာ အ လွန် ကို ပျော် စ ရာ ကောင်း ပါတယ်။

 

ပြန် ခါ နီး တစ် ရက် အ လို ပု ပ္ပါး ရောက် တဲ့ အချိန်  မှာ  “ဒေါ်တင် ငွေ” ဆို တဲ့

အ ဒေါ် ကြီး က သူ့ လက် ပါတ် နာ ရီ ပျောက် နေ တယ် ဆို ပြီး မျက် စေ့ ပျက် မျက် နှာ ပျက်နဲ့ လာ ပြော ပါ တော့ တယ်။

မ နေ့ ည နေ က ရေ ချိုး ခါ နီး   ချွတ် ထား မိ တာ ပြန် မ ဝတ် မိ ဘူး ပေါ့။

ဒီ နာ ရီ က လဲ သူ ့ နာ ရီ မဟုတ်  သူ့ သ မီး ရဲ့ နာ ရီ ကို ခ ဏ ယူ ဝတ် လာ ပေါ့။

သူ့ သ မီး ကလဲ  မွေး နေ့ လက် ဆောင် ရ ထာ း တာ လေး မို့  ပျောက် သွား တယ် ဆို ရင်

သား အ မိ စ ကား များ ရ တော့ မှာ သေ ချာ တယ် လို့ ပြော တော့ အား လုံ း စိတ် ညစ် ရ ပါ တယ်။

ခက် တာ က ဒီ ကျောင်း မှာ က ကျနော် တို့ နဲ့ သူ တို့ အ ဖွဲ့ ဘဲ ရှိ တော့ သူ များ လာ ယူ တယ် ဆို တာ လဲ မ ဖြစ ်နိုင် ဘူး ပေါ့။

အ ချင်း ချင်း ထဲ က ဘဲ ယူ ထား တာ ဖြစ် မယ် လို့ ဘဲ တွက် ရ တော့ တာ ပေါ့။

အဲ တော့ ဘယ် သူ ယူ တာ ဖြစ် နို်င် သလဲ ဆို တာ ကို စဉ်း စား ရ တော့ တာ ပေါ့၊

 

 

 

 

နာ ရီ ပျောက် တယ် ဆို ပြီး အား လုံး က ပြော ကြ ဆို ကြ မေး ကြ မြန်း ကြ လုပ် နေတဲ့ အချိန် မှာ

ဒေါ် အေး က သူ နဲ့ မ ဆိုင် သ လို ငူ ငူ ကြီး ထိုင် နေ ပါ တယ်။

နောက် ပြီး တော့ ကျန် တဲ့ သူ တွေ က သူ တို့ အိတ ်တွေ ထဲ များ မှား ထည့်ထားလားဆို ပြီး ရှာ ကြ တဲ့ အ ချိန် မှာ လည်း

ဒေါ် အေး ကဝင် ရှာေ ပး တာ တွေ ဘာ တွေ မ လုပ် ဘဲ ထို်င် နေ ပ ါ တယ်။

မ နေ နိုင ် တဲ့ တစ် ယောက် က

“ဒေါ် အေး ရှင့် အိတ် ထဲ လဲ ကြည့် လိုက် ပါ အုံး “ ဆို တော့ မှ စိတ် မ ပါ လက် မ ပါ နဲ့  အ ဖြစ် လောက် ဘဲ ရှာ ပါ တယ်။

 

နောက်  တော့  အား လုံး လဲ  စိတ် ရှင်း  သွား အောင်  အိတ် တွေ ကို

ဖွင် ့ ရှာ လိုက် တာ ကောင်း မယ် လို့ ဆို ပြန် တော့ လည် း ဒေါ် အေး က

သူ နဲ့ မ ဆိုင် သလို ဘာ မှ ဝင် မ ပြော ပ ါ ဘူူး။

အဲ လို ဖြစ ်လာ တော့ မှ  မ လေး က

“ကဲ ဒေါ် တင် ငွေ ကျ မ တို့ အား လုံး အ ပြင် ထွက် ပေး မယ် အိတ် တွေ

အား လုံး ဖွင့် ပြီး ခင် ဗျား ကိုယ် တို်င် ရှာ ပေ တော့ “ လို့ ဆို လိုက် တဲ့ အ ခါ မှာ တော့

ဒေါ် တင် ငွေ လဲ ရှာ ဘို့ လုပ် ပါ တော့ တယ်။

အဲ ဒီ အ ချိန် မှာ တော့ ဒေါ် အေး က မျက် စေ့ မျက် နှာ တွေ ပျက် နေ တော့ သူ ဘဲ ဖြစ ်ရ မယ်ဆို တဲ့

အား လုံး ရဲ့ ထင် မြင် ချက် က သူ ဆီ မှာ ဘဲ ရောက် သွား ကြ ပါ တယ်။

ကျ နော် အ ပါ အ ဝင် အား လုံး ရဲ့ စိတ် ထဲ မှာ

“နာ ရီ ယူ ထား တာ ဒေါ် အေး ဘဲ “ လို့ တ ထစ် ချ တွက် ထား ကြ ပါ  တယ်။

တ ကယ် တမ်း အိတ် တွေ ကို ရှာ ကြည့် တော့  ဘယ် အိတ် ထဲ မှာ  မှ မ တွေ့ ပါ ဘူး။

ဒီ တော့ မှ  ရေ ချိုး တဲ့ နေ ရာ မှာ များ ချွတ် ထား ခဲ့ သ လား တွေ ဘာ တေ ွဖြစ် ကုန် ပါ တယ်။

 

အဲ ဒီ နောက် မှာ တော့ သ နား စ ရာ ကောင်း တာ ဒေါ် အေး ပါ ဘဲ။

ဘယ် သူ နဲ့ မှ လဲ သိပ် စ က ား မ ပြော တော့ ဘဲ ခပ် ကွယ် ကွယ် လေး နေ ရှာ ပါတယ်။

အ စား အ သောက် ဆို ရင် လဲ ဇွတ် ခေါ် မှာ စား ပါ တော့ တယ်။

ဒီ တော့ ကျ နော် တို့  လဲ သိပ် စိတ် မ ကောင်း ဘူး ပေါ့။

နောက် နေ့ ပြန ်ဘို့ ပြန် ကြ ဆင် ကြ သိမ်း ဆည်း နေ ကြ တဲ့ အ ချိန် မှာ

ကျ နော် သူ ငယ် ချင်း လင် မ ယာ း ဆီ ကို လာ ပြီး

“ သ မီး တို့ ရယ် ဒေါ် ကြီး တု့ိ့ ဆင်း ရဲ ပေ မယ့် သူ များ ပ စ္စည်း ကို စိတ် နဲ့ တောင် မ ပြစ် မှား ပါ ဘူး ကွယ်”

လို့ မျက် ရည် စမ်း စမ်း နဲ့ လာ ပြော တော့ ပို တောင် မှ စိတ် မ ကောင်း ဖြစ ်ရ ပါ တယ်။

သ နား သာ သ နား ပေ မယ့် ဒီ  နာ ရီ ကို သူ ယူ ထား တာ ဘဲ ဖြစ် မယ် လို့ စိတ် ထဲ မှာ စွဲ နေ ကြ ပါ တယ်။

ဒါ နဲ့ ဘဲ ကျ နော် တု့ိ ရန် ကုန် ကို ပြန် လာ လိုက် ကြ ပါ တယ်။

မိ တ္ထီ လာ ရောက် တော့  ဆိုင် မှာ ဘဲ ထ မင်း စား  ကြ တာ ပေါ့။

ထ မင်း စား ပြီး ချိန် မှာ ကျနော့် သူ ငယ် ချင်း က အ စာ ကြေ ဆေး ဘူး ယူ မယ် ဆို ပြီး ကား ရပ် ထား တဲ့ ဆီ ကို သွား ပါ တယ်။

သူ ပြန ်လာ တဲ့ အ ချိန် မှာ တော့ အ တော် ကို ပျော် ရွှင် နေ တဲ့ မျက် နှာ နဲ့  ပါ။

ကျ  နော် တို့ နား လဲ ရောက ် ရော

“ဒေါ် တင် ငွေ ဒါ ခင် ဗျား နာ ရီ လား “ ဆို ပြီး နာ ရီ တစ် လုံ း ထုတ် ပေး ပါ တယ်။

ဒေါ် တင် ငွေ လဲ “ဟုတ်  တာ ပေါ့  ဆ ရာ လေး ရယ်” ဆို ပြီ း အား ရ ဝမ်း သာ နဲ့ လှမ်း ယူ ပါ တယ်။

“ နာ ရီ ရှာ တုံး က ကျုပ် တို့ အိတ် တွေ ရော မ ရှာ ဘူး “လား ဗျ လို့ မေး တော့

“ ဆ ရာ လေး တို့ အိတ် တော့ မ ရှာ မိ ဘူး “ လို့ ပြော ပ ါ တယ်။

ဒီ တော့ မှာ ဒေါ် အေး ခင် ဗျာ မှာ လဲ ပြုံး နိုင် ရှာ ပါ တယ်။

နုတ် က ဖွင့် မ ပြော ပေ မယ့်  စိတ် ထဲ က နေ စွပ် စွဲ မိ တဲ့ ကျ နော် တို့

တစ် တွေ လဲ စိတ ်ထဲ က နေ ဘဲ ခွင့် လွှတ် ဘို့  ဒေါ် အေး ကို

တောင်း ပန ် ကြ ရ ပါ တယ်။

ကား ပေါ် ရော က် လို့ လူ စုံ ပြီ ဆို မှ

“  မှတ် မိ ပြီ ဆ ရာ လေး ရေ

ရေ ချိုး ခါ နီး တုံး  က ကျုပ် ကိုယ် တိုင် လက် ဆွဲ အိတ် ရဲ့ ဘေး ဇစ် ထဲ ကို ထည့် လိုက် တာ။

ကျုပ် အိတ် နဲ့ မလေး  အိတ် က ကပ် ရက် ဖြစ် နေ တယ် ဆို တာ အ ခု မှ စဉ်း စား မိ တယ်။

ကျုပ် ကိုယ် တိုင် မှား ပြီး ထည့် လိုက် မိ တာ ပါ တော်” လို့  ပြော ပါ တယ်။

အဲ ဒီ တော့ မှ ဘဲ ကျ နော် တို့ ရဲ့ အ ပြန် ခ ရီး လေး က ရယ် ရယ် မော မော ပြုံး ပြုံးရွှင် ရွှင် နဲ့ သာ သာ ယာ ယာ လေး ဖြစ ်သွား ပါ တယ်။

 

 

ကား ပေါ် မှာ ထိုင် လိုက် နေ ရင်း ကျ နော် ့ စိတ် ထဲ မှာ တော့ အ တွေး တွေ

ယောက် ယက် ခပ် လို့ နေ ပါ တယ်။

 

တ ကယ် လို့ များ ဒေါ် တင် ငွေက လဲ  က သူ တို့ ကို ခေါ် လာ တဲ ့ မ လေး ရဲ့

အိတ် ထဲ ကို မဟုတ် ဘဲဒေါ် အေး ရဲ့ အိတ် ထဲ ကို မှား ထည့် မိ မယ်ဆိုရင်

 

နောက် ပြီး သူ ကို်ယ် တိုင် လဲ အဲ လို မှာ းထည့် တယ် ဆို တာ ကကို လုံး ဝ သ တိ မ ရ ဘူး

ပြန် တွေ့ တာ က လဲ ဒေါ် အေး အိတ် ထဲ က ဘဲ တွေ့ မယ် ဆို ရင်

 

ဒေါ် တင် ငွေ ကိုယ် တိုင် က လဲ  သူ ကိုယ် တိုင် မှား ထည့် တာ ကို သ တ ိရ လို်က် ပေ မယ့်

“ အ ခု နေ မှ ဝန် ခံ လိုက် ရင် အား လုံး က ငါ ့  ကို ဝိုင်း ပြီး အ ပြစ် တင် တော့ မှာ ဘဲ”

လို့ ဆို တဲ့  အ တွေး ဝင် သွား လို့ သူ ထည့် မိ တာ ပါ လို ့ ဝန် မ ခံ ဘဲ နေ လိုက် မယ် ဆို ရင်  ကျ နော် တို့ အား လုံး ရဲ့ စိတ် ထဲ မှာ

“ဒေါ် အေး က  သူ ခိုး  ထား တာ ကို  အား လုံး သိ တော့ မှ

လူ လစ် တုန်း မလေး ရဲ့ အိတ် ထဲ ကို ပြောင်း ပြီး ထည့် လိုက်တာနေ မှာ “

လို့ ထင် ကြ မှ အ မှန် ပါ ဘဲ။

အ ခြေ  အ နေ အ ကြောင်း အ ရာ တွေ အား လုံး ကို သုံး သပ် လိုက် ရင်

“ဒေါ် အေး ခိုး ထား တာ ဘဲ” လို့  ကောက် ချက် ချ လို့ ရ  နေ တာ ကိုး။

 

 

ဒေါ် အေး က သူ မ ခိုး ပါ ဘူး လို့ ကျိန် တွယ်

ပြော ရင် တောင် ကျ နော် တို့ အား လုံး က ယုံ ကြည် ကြ မယ် မ ထင် ပါဘူး။

အဲ လို များ ထင် မိ တယ် ဆို ရင် နှစ် ဦး နှစ် ဖက် စ လုံး မှာ  အ ထင် မှား အ မြင် မှားနေ တဲ့

သံ သ ယ စိ တ် တွေ နဲ့ အ ကု သိုလ် ဖြစ် ကြ ရ မှာ အ မှန် ပါ ဘဲ။

အ များ အား ဖြင့် ကျ နော် တို့ အား လုံး က ပ စ္စည်း တစ် ခု ခု ပျောက် ခဲ့ တာ မျုးိ နဲ့ ကြုံ ရင်

“ မ ရှိ ခိုး နိုး  မ လှ စုန်း ယိုး “ ဆို တဲ့   စ ကား ပုံ လေး က အတိုင်း

မ ရှိ တဲ့ သူ က တော့ခိုး မှာ ဘဲ ဆို တဲ့ အ တွေး ကို

အ  ခြေ ခံ ပြီး အ လွယ် တ ကူ ဆုံးဖြတ် တတ် ကြ တယ်လေ။

အဲ လို သာ ဆို ရင် တော့ နှစ် ဦး နှစ ်ဖက် မိတ် လဲ ပျက် ကြ မယ်။

စိတ် ဆင်း ရဲ စ ရာ ဖြစ် ကျန် ခဲ့ မှာ တော့ အ မှန် ပါ ဘဲ။

 

အဲ ဒီ အ ဖြစ် အ ပျက် လေး ကို  ကြုံ မိ တဲ့ အချိန်  က စ ပြီး

ကိ စ္စ တစ် ခု ရယ် လို့ ကြုံ လာ တိုင်း

 

ကိုယ် စိ တ် ထဲ ထင် တာ နဲ့ ရမ်း မ ဆုံး ဖြတ် မိ ဘို့

 

ဒါ ဘဲ ဖြစ် နိုင် တယ် ဆို တဲ့ ကြို တင် ကောက် ချက် နဲ့  မ ဆုံး ဖြတ် မိ ဘို့

 

လော က ကြီး ရဲ့  အ ပေါ် ယံ သတ် မှတ် ချက် တွေ နဲ့ မ ဆုံး ဖြတ် မိ ဘို့

ကိုယ့် ကို ကိုယ် ပြန် သ တိ  ပေး နေ ရ တာ အ မှန် ပါ ဘဲ။

 

 

 

 

 

ကို ပေါက် လက် ဆောင်  အ တွေး ပါး ပါး လေး

18-1-2014

 

 

 

24 comments

  • surmi

    January 28, 2014 at 10:53 am

    တကယ်တော့………ကိုယ်အပါအဝင်
    အခြားလူတွေအတွက်စိတ်ရှင်းစေဖို့ ကိုယ့်ပစ္စည်းကို
    က်ုယ့်ဟာကိုယ် ဂရုစိုက်သိမ်းဆည်းသင့်တာပါ ။
    ငွေကိုင်ရနဲ့ရုံးလုပ်ငန်းတွေမှာ သော့ခတ်ခြင်းအားဖြင့် ကိုယ်နဲ့တကွ ကိုယ့်ပတ်ဝန်းကျင်ကို
    ကူညီရာရောက်ပါတယ်လေ ။
    တကယ့်ကို စိုးရိမ်စရာကောင်းတဲ့အဖြစ်မျိုးပါပဲ
    လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာနဲ့ဆိုင်နေလေတော့
    ပြန်အဖတ်ဆယ်ဖို့ခက်လှပါတယ်

    • အ မှန် တော ့ ကိုယ့် တာ ဝန် ကို် ယူ ရင် အ ခြား သူ အ ပေါ် မှာ သက် ရောက် မူ့ မ ရှိ နို်င် တာ အမှန် ပါ ဘဲ

  • sorrow

    January 28, 2014 at 11:06 am

    မရှိခိုးနိုးဆိုတာက ကိုယ်တိုင်ကြုံဖူးလို့ နားလည်ပါရဲ့ … ငယ်တုန်းက ကျော်တို့က မိဘက ဝန်ထမ်းဆိုတော့ အလွန်ချို့တဲ့တာကလား ..ဆိုတော့ မျက်လုံးတွေရဲ့အကြည့်ကို အတော်ရင်ဆိုင်ခဲ့ရတာ… ပတ်ဝန်းကျင်မှာ ပစ္စည်းတခုခုပျောက်မှာကို သေအောင်စိုးရိမ်ခဲ့ရတာ.. ပျောက်ရင် ကိုယ်တွေဘက်လှည့်လာတာဆိုတော့…ယုတ်စွအဆုံး ချမ်းသာတဲ့ အဒေါ်အရင်းတောင် သူ့အခွေဆိုင်မှာ လုပ်ခ တပြားမှမရပဲ ..ကူလုပ်တုန်းကတောင် ငွေနဲ့ပတ်သတ်လို့ အထင်သေးပြီး သေချာတကိုယ်လုံးစစ်ဆေးတာခံခဲ့ရတယ် ။ ဆောရိုးတို့ ရုပ်ပေါက်တာများ ပြောပါတယ်…

    • လော က ကြီး ရဲ့ ပုံ သေ သတ် မှတ် ချက် ပါ ဘဲ
      အ မြ ဲ မှန် ကျင့် သုံး နေ ြ က သည်လေ

      မ ရှိ ခိုး နိုး တဲ့

  • ကပ္ပိယ သာဒင်​

    January 28, 2014 at 11:56 am

    ဒေါ်အေးကို ကိုယ်ခြင်းစာတယ်ဗျာ
    လူတွေဆင်ခြင်သင့်တဲ့ဖြစ်ရပ်မျိုးတွေပဲ

  • kyeemite

    January 28, 2014 at 1:12 pm

    အတွေ့အကြုံလေးရှယ်ပေးတာ ကောင်းပါလေ့ဗျာ….

    “ကိ စ္စ တစ် ခု ရယ် လို့ ကြုံ လာ တိုင်း
    ကိုယ် စိ တ် ထဲ ထင် တာ နဲ့ ရမ်း မ ဆုံး ဖြတ် မိ ဘို့
    ဒါ ဘဲ ဖြစ် နိုင် တယ် ဆို တဲ့ ကြို တင် ကောက် ချက် နဲ့ မ ဆုံး ဖြတ် မိ ဘို့
    လော က ကြီး ရဲ့ အ ပေါ် ယံ သတ် မှတ် ချက် တွေ နဲ့ မ ဆုံး ဖြတ် မိ ဘို့
    ကိုယ့် ကို ကိုယ် ပြန် သ တိ ပေး နေ ရ တာ အ မှန် ပါ ဘဲ။”

    🙁

  • ဒီ ပိုစ် လေး ေ ရး ဖြစ် အောင် ဖြစ် ပြော ပြ တဲ့ သူ ကို လဲ ကျ နော် က ကျေး ဇူး တင် ရ ပါမယ်
    ကို မိုက်စ်

  • KZ

    January 28, 2014 at 2:21 pm

    ခါတလေမှာ
    ကိုယ်မလုပ်တဲ့ ကိစ္စတွေအတွက် သက်သေအစုံအလင်နဲ့ကို တရားခံဖြစ်သွားတတ်သလို
    တကယ်အပြစ်ရှိတဲ့သူက သက်သေမစုံလင်လို့ အပြစ်ဒဏ် မရတာတွေလည်း အများကြီးပေါ့။

    ဪ လောက။

    😥

  • မှန် တယ် ဇာ ကြီး ရေ

    တရား ရုံး ရောက ်သွား ရင် သ က် သေ မပြ နိုင် လို့ ခံ လိုက် ရ တာ တွေ အ များ ကြီး ပါ

  • Paing Lay

    January 28, 2014 at 3:26 pm

    ွှအများမှန်လျှင် ဤ ကို ကျွဲဖတ် နေသမျှ စစ်မှန်သော တရားမျှတမှုများ ကျဆုံးနေမြဲ ကျဆုံးဦးမည်ဟု ကျွန်တော်ထင်ပါသည်။ (ကျွန်တော့် အမြင်ဖြင့် ရမ်းတုတ်ခြင်းသာ) :kwi:

    • မှန် သည် ကို ပိုင် လေး ရေ လူ တိုင်း ကြိုက် တာ သည် အ မှန် တ ရား မဟုတ် ဆို တာ ကို သ ဘော ပေါက်ဘို့ လို သည်

  • ဒညင်းဝက်

    January 28, 2014 at 9:28 pm

    ကိ စ္စ တစ် ခု ရယ် လို့ ကြုံ လာ တိုင်း
    ကိုယ် စိ တ် ထဲ ထင် တာ နဲ့ ရမ်း မ ဆုံး ဖြတ် မိ ဘို့
    ဒါ ဘဲ ဖြစ် နိုင် တယ် ဆို တဲ့ ကြို တင် ကောက် ချက် နဲ့ မ ဆုံး ဖြတ် မိ ဘို့
    လော က ကြီး ရဲ့ အ ပေါ် ယံ သတ် မှတ် ချက် တွေ နဲ့ မ ဆုံး ဖြတ် မိ ဘို့…….

    အတွေးစလေး ပေးအပ်သွားတဲ့အတွက်..
    လေးပေါက်ကို.ကျေးဇူးပါ..လို ့…

  • ဦးဦးပါလေရာ

    January 29, 2014 at 9:57 am

    မြန်မာ့ဆိုရိုးတခု – (မရှိ – ခိုးနိုး ၊ မလှ – စုန်းယိုး ) ဆိုတာ
    အပြင်လောကမှာတော့ တကယ်ပဲ မှန်နေတာပါ ကိုပေါက်ရေ..။
    ဆင်းရဲ နိမ့်ကျ သူတွေ ၊ အထူး သဖြင့် အိမ်ဖေါ်လို အောက်ခြေလုပ်သားတွေဆိုရင်
    ကိစ္စတစ်ခုခုပေါ်တဲ့အခါ ပိုပြီး အထင်ခံရ မသင်္ကာဖြစ် ခံရတတ်ပါတယ်။
    ဒီသဘာဝကို နားလည်လို့
    ကျွန်တော် အဆောင်ကျောင်းသားဘဝတုန်းကဆို
    သူဌေးသားတွေအခန်း တတ်နိုင်သမျှမဝင်ဘူး…။
    အဲဒါ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်မွေးတာမဟုတ်ပဲ
    ကိုယ့်အန္တရာယ် ကိုယ်ရှောင်ထားတဲ့သဘောပါပဲ….။

  • Mr. MarGa

    January 29, 2014 at 5:31 pm

    ဖတ်ပြီး
    ဘာပြောရမယ် မသိတာမို့
    ဖြစ်တတ်တယ် ဆိုတာကိုပဲ
    မှတ်လို့ သွားတယ် ဗျာ
    မှတ်ချက် မပေးတတ်လို့ ပါ

  • ဒီ လို လေ း ပြော ပြီး မ မန်း ဘဲ နေ လို့ ရ မယ် ထင် သလား ကွ

    နောက် တစ် ခေါက် ပြန် ဖတ် ပြိး မန်း ပါ

  • padonmar

    January 29, 2014 at 11:41 pm

    ဥစ္စာပျောက် ငရဲရောက်တဲ့ ကိုပေါက်ရယ်။
    ပျောက်မိပြီဆိုရင် ဥစ္စာရှင်လည်း မကောင်း ဘေးလူလည်းမကောင်းဖြစ်တော့တာပါပဲ။

  • zaw min

    January 30, 2014 at 1:17 am

    ဆင်းရဲတဲ့သူ ချို့တဲ့သူဆိုရင် လူတွေရဲ့ အထင်သေးခြင်းကိုခံရတယ်…သို့ပေမယ့်…ဆင်းရဲတဲ့သူတိုင်းလည်း ကိုယ်ကျင့်တရား မဆင်းရဲကြသလို ချမ်းသာတဲ့သူတိုင်းလည်း ကိုယ်ကျင့်တရား မချမ်းသာကြပါဘူး…လူချမ်းသာပြီး ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့သူတွေကိုတော့ အထင်မသေးရဲပဲ အထင်ကြီးကြတယ့်သူတွေက လောကမှာအများကြီးပါပဲဗျာ…

    • ဒါ ကြောင့် မို ့ လဲ

      လော က ကြီး ရဲ့  အ ပေါ် ယံ သတ် မှတ် ချက် တွေ နဲ့ မ ဆုံး ဖြတ် မိ ဘို့
      ကိုယ့် ကို ကိုယ် ပြန် သ တိ  ပေး နေ ရ တာ အ မှန် ပါ ဘဲ။
       
      လို့ ရေး ထား တာ ပါ

  • myat pearl phyu

    January 30, 2014 at 1:28 pm

    ဟုတ်တယ်…ဒါက လူ့သဘာဝတစ်ခုပဲ …

    “ မ ရှိ ခိုးနိုး မ လှ စုန်းယိုး “ ထင်တတ်ကြသလို

    “ လွယ်ရင် သူကြွယ်တောင် မယုံရ “ ဆိုသလို

    “ ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံနိုင် “

    “ ဘ နဖူး သိုက်တူး “ မယ့် လူတွေနဲ့ အမျိုးမျိုး အဖုံဖုံဆိုတော့လည်း

    ကံမကောင်း အကြောင်းမလှ စွပ်စွဲခံရဖြင့်

    ကိုယ့်လိပ်ပြာနဲ့ ကိုယ့်သိက္ခာကို သစ္စာပြုလို့ သူတော်ကောင်းနတ်တွေ တိုင်တည်ရတော့မှာပဲပေါ့ …

  • ရှိ ပါ သေး သည်

    ကိုယ် ကောင်း ရ င် ခေါင်း ဘယ် တော့ မှ မ ရွေ့ တဲ့

    ကျ နော် က တော့ ဒီ စကား လေး ကို ယုံ ကြည် ကျင့် သုံး ပါ သည်

Leave a Reply