ကိုယ့် ပေါင်…. ကိုယ် လှန်ထောင်းခြင်း
၁ ။ ။
သူရ ရဲ့ မိတ်ဆွေတွေထဲမှာလည်း ရှေးရိုးစွဲ အယူအဆဟောင်းကြီးတွေနဲ့ . . .
တလွဲအတွေးအခေါ်ကို ဝတ်ရုံလို ခြုံပြီး ရှင်သန်နေသူတွေ မနည်းပါလားလို ့ တွေးမိပြီဗျာ ။
သူတို့ရဲ့ အယူအဆတွေ အတွေးအခေါ်တွေနဲ့
သူရရဲ့ အယူအဆတွေ ကွဲလွဲလွန်းမက ကွဲလွဲတာများလာတော့. . .
သူရကပဲ တစ်ရွာလုံးနဲ့ တစ်ယောက် ဆိုသလို ဖြစ်သွားတာပေါ့ ။
တစ်ရွာလုံးနဲ့ တစ်ယောက်ဆိုမှတော့ ဒီအကောင်ကပဲ ထော်လော်ကန့်လန့်ကောင် / ဘုဘောက်ကောင်ကြီး ဖြစ်နေတော့တာပေါ့လေ ။
သူရကတော့ အကြောင်းအကျိုးကိုက်ဖို့ / ယုတ္တိရှိရှိနဲ့ သဘာဝကျဖို့ကိုပဲ အဓိကထားပြီး မြင်လိ်ုက် တွေးလိုက်တာပဲ။
ဒါပေမယ့် သူရရဲ့ အမှန်တရားက . .
သူတို့ရဲ့ အမှန်တရားနဲ့ . . .
ဓါတ်မတည့်ဘူး ဖြစ်နေတော့. . . . အလိုလိုနေရင်း နဲ့
သူရက ရွာပြင်ထွက်ရတော့ မလိုလို ။
( ထွက်သင့် ထွက်ရမှာပဲ ။ )
🙂
ဟိုတနေ့က သူရရဲ့ မိတ်ဆွေကြီးတစ်ယောက် . . .
သူ ့ ထီးပျောက်သွားလို့ တဲ့ ။
(ပျောက်တယ်ဆိုပေမယ့် သူ ့သတိ လက်လွတ်မှုကြောင့် ဘတ်စ်ကားပေါ်မေ့ကျန်ခဲ့လို့ ဆုံးရှုံးသွားတာပါ )
အဲဒါကို . . .
” စနေနံ ထွက်သွားတာကောင်းတယ် ” ဆိုပဲ ။
သူရ ရှေ့မှာမှ လာပြောတော့ . . . သူရဆိုတဲ့ အကောင်ကလည်း ခပ်ရှည်ရှည်ရယ်. . . . ။ လျှာ ပြောပါတယ် ။
:kwi:
” ဘာ ကောင်းတာလဲ ။ ဘာစနေနံလဲ. . .
မကောင်းဘူးဗျ ။
လုံးဝ လုံးဝ (အခါတစ်သန်း ) မကောင်းဘူး ။
စနေနံမကလို ့ စနေထက်ဆိုးတယ်ဆိုတဲ့ နံနဲ့ပစ္စည်း
ထွက်သွားလည်း မကောင်းဘူး ။ ဘာလို့လဲဆိုတော့. . . ကိုယ်ဝယ်ယူထားရတဲ့ ကိုယ့်အသုံးပြု ပစ္စည်း ကို
လက်လွှတ်ဆုံးရှုံးလိုက်ရလို့ပဲ။”
သူ ့ကို ဆက်ပြောချင်နေတဲ့ စကားတွေက အများကြီး ရှိသေးတယ် ။
( ကိုယ်ချစ်တဲ့ မဟေသီ စနေသမီးကြီး ပျောက်သွားရင်ရော စနေနံကြီး ထွက်သွားပြီဆိုပြီး ကောင်းတယ်ပြောနိုင်ဦးမလား )
အဲဒီလို ယုံကြည်ချက်အမှားကြီးနဲ့. . . အကောင်းမြင်သမားလိုလို ဘာလိုလို. . .လုပ်နေတာမျိုးဆို . . .
အဲဒီလို ကော့ကော့လန်အောင် ပြောပစ်ချင်ရော ။
အရှိကို အရှိအတိုင်း လက်ခံရဲဖို့ကို
( အကြောက်တရားက ဝင်နေတော့ ) တလွဲ အယူအဆတွေနဲ့ ကြံဖန် ဖြေသိမ့် နေတာ အချိန်ကုန်ပါတယ်ကွယ် ။
အရှိကို အရှိအတိုင်း သတ္တိရှိရှိ လက်ခံရဲဖို့ပဲ လိုပါတယ် ။
ကိုယ့်အမှားကို အမှားမှန်း သိပြီး . . . နောက်တစ်ခါ ဒီလိုအမှားဟောင်းမျိုး ထပ်မမှားဖို့ လိုတယ်။
သင်ခန်းစာ ယူဖို့ပဲ လိုတယ် ။
ဆင်ခြေတွေ မလိုဘူး ။
____________________________
၂ ။ ။
ဟိုတလောကလည်း . . .
နောင်အနာဂတ်မှာ မိရိုးဖလေဖလံဝါဒီ ဖြစ်လာလတံ္တ ့သော လူငယ် ဆယ်ကျော်သက်လေးတစ်ယောက်က လာမေးတယ် ။
” ကိုသူရ . . . .တဲ့။ ကျွန်တော် ဒီနေ့မနက် အလုပ်ကို အလာမှာ ခလုတ် တိုက်တာ ခဏခဏပဲ . . . .တဲ့ ။ အဲဒါ ဘာဖြစ်တတ်တဲ့ နိမိတ်လဲ .. .ဟင် . . .”တဲ့။
သူရလို ဘုဂလန့်ကောင်လို့ သတ်မှတ်ခံထားရသူကိုမှ လာမေးတော့ . . ပြောထည့်လိုက်တယ် ။
“ ခလုတ် ခဏခဏတိုက်တာဆိုတော့. . .
ခလုတ်တိုက်လို ့ ခြေထောက်နာမယ့် နိမိတ်ပေါ့ကွာ . . . .´´ လို့ ။
ဟုတ်တယ်။
သူ ့ဘာသာသူ လမ်း သေချာမလျှောက် လို့ ခလုတ်တိုက်တာ။
နိမိတ်တွေပဲဆိုပြီး တွေးကြောက်နေသေးတယ် ။
_____________________________
၃ ။ ။
သူရရဲ့ မိတ်ဆွေတွေထဲမှာ . . .
အသုဘ ပို့တဲ့
(လူသေအလောင်းထည့်သယ်လာတဲ့ ) ကားကို တွေ ့တိုင်း . . . .
သူ ့အကျီ င်္ အိတ်ကပ်ကို တဖတ်ဖတ် ပုတ်တတ်တဲ့သူလည်း ရှိတယ် ။
ဘာလို့ အဲ့လို ပုတ်တာလဲ လို့မေးကြည့်ဖူးတယ် ။
အဲဒီ လူသေသယ်သွားတဲ့ကားကို မြင်ရင် လာဘ် ကောင်းတယ် တဲ့ ။
ငွေ ဝင်အောင် ပုတ်တာ တဲ့ ။
သူရဆိုတဲ့ ကောင်က
ခွိခနဲ ခွိခနဲ ရီမိတာပေါ့ ။
ကားပေါ်ပါသွားတဲ့ မသာကြီးကပဲ ထပြီးတော့ မြင်သမျှသူတွေရဲ့ အိတ်ထဲ ပိုက်ဆံတွေ လိုက်ထည့်ပေးရတော့မလိုလိုပဲ ။ ဟီဟိ ။
အဲဒီ မိတ်ဆွေကြီး…..
နာရေး ကားမြင်တိုင်း သူ ့အိတ်ကပ်ကို တဖတ်ဖတ် ပုတ်နေပေမယ့် . . . .
လာဘ်ကောင်း မကောင်း ငွေတွေ ဝင် မဝင်တော့မသိ. …
ချေးပါဦး ငှားပါဦးးနဲ့ . . .ချာလပတ်လည်ကို ယမ်းး လို ့။
( ဆောရီးပါ မိတ်ဆွေ ။ ပုဂိ္ဂုလ်ရေး တိုက်ခိုက်လိုစိတ်နဲ့ ရေးခြင်းမဟုတ်ပါဘူး။ အယူအဆ အတွေးအခေါ်ကို နည်းနည်း သရော်ချင်လို့ပါ ။ )
လာဘ် ဝင်မှာကို မျှော်လင့်တယ်ဆိုတာဟာ. . .
လာဘ်တိတ်မှာကို ကြောက်တာပါပဲ ။
မွဲမှာ ကြောက်တဲ့ အကြောက်တရားဟာ…
တော်တော် အရောင်မွဲတဲ့ အကြောက်တရားပါ ။
____________________________
၄ ။ ။
အခြေခံ အကြောင်းရင်းကို ရှာကြည့်တော့ . . . . အဲဒါတွေ ဟာ အကြောက်တရားကြောင့် ဖြစ်နေတာလို့ မြင်မိပါတယ် ။
သူရတို့ တိုင်းပျီနဲ့ လူမျိုး ကြားမှာ အကြောက်တရားက အတော်လေး နေရာယူ လွှမ်းမိုးထားတာ တွေ ့တယ် ။
တော်တော်လေးကို ကြောက်တတ်ကြတဲ့လူမျိုး . . .
အကြောက်တရားကြောင့် တလွဲ အတွေးအခေါ် အယူအဆတွေနဲ့ နပန်းလုံးနေရတဲ့ လူမျိုး . . . .
သူရတော့ ဒီလိုပဲ မြင်တယ် ။
သူရ တရားလက်လွှတ် မပြောပါဘူး ။
ကြည့်. . . .
အိပ်မက်ထဲမှာ အဖြစ်အပျက်တွေ မကောင်းလည်း အိပ်မက်ဆိုး ဆိုပြီး ကြောက်တယ် ။
ကြက်မ တွန်တယ်ဆိုလည်း ကြောက်တယ်။
ည သန်းခေါင် ခွေးထ အူလည်း ကြောက်တယ် ။
(ခွေးပဲ အူတတ်တဲ့ အမျိုးပဲ အူမှာပေါ့ )
မျက်ခုံးလှုပ်လည်း ကြောက်တာပဲ ။
ပြီတီတီ မျက်နှာပေးတွေနဲ့ နတ်ရုတ်ကြီးတွေက ဘာမှ မလုပ်နိုင် မကိုင်နိုင်တာကိုတောင်
အကိုင်ခံရလိမ့်မယ် ဆိုတဲ့ အကြောက်တရားကြီးနဲ့ နတ်မကြိုက်တာ မလုပ်ရဲကြဘူး ။
အဲဒီ နတ်ရုပ်ကြီးတွေ ထ ကိုင်တာ ဘယ်တုန်းက ဘယ်သူ ခံရဖူးလဲမသိ ။
( ဟို နတ်သမိုင်း စာအုပ်တွေ ဖတ်ကြည့်တော့လည်း အဲဒီ နတ်ရုပ်တုဖြစ်လာမယ်ဆိုတဲ့ ဟာကြီးတွေက
သူတို့ကြိုက်တာ သူတို့လုပ်သွားကြတာ ထင်ရာစိုင်းပြီး ရာဇဝင်ရိုင်းခဲ့ကြတာတွေ အများကြီး )
ထိုင်ခုံ မရမှာလည်း ကြောက်တာပဲ ။
ထိုင်ခုံကနေ ဖယ်ပေးရမှာလည်း ကြောက်တာပဲ ။
ခေါင်းလျှော်ဖို့ ဆံပင်ညှပ်ဖို့တောင် ကြောက်လို့ ရက်ရွေးပြီး လုပ်တာ ။
မှန်တာပြောလို့ ရွာပြင်ထွက်ရမယ့် အရေးလည်း ကြောက်တာပဲ ။
ပြဿဒါးဆိုတဲ့ နေ့တွေကိုလည်း ကြောက်တာပဲ ။
ဟုတ်လား မဟုတ်လားမသိပဲနဲ့ နဂါးခေါင်းကြီး ဟိုလှည့် ဒီလှည့် ဆိုလည်း ကြောက်တာပဲ။
(( နဂါးခေါင်းဆိုတဲ့ ဘက်ထဲ ပြေးမှ အသက်ရှင်မယ်ဆိုရင် မပြေးပဲ အသေခံမှာကျနေတာပဲ ။ ))
ကိုယ့် ပေါ့လျော့မှုကြောင့် ခလုတ်တိုက်မိရင်တောင် . . . ငါ့အတင်း ဘယ်သူများပြောနေပြီလဲ မသိဘူး ဆိုပြီး
ကိုယ့်မကောင်းကြောင်း နောက်ကွယ်မှာ ပြောနေမှာကို တွေးကြောက်တတ်တယ်။
အံ့ ဆယ်ခါမက ဩောမိပါတယ် ။
လက်လန်တယ် ။
_____________________________
၅ ။ ။
သူရတို့ တိုင်းပြည်နဲ့ လူမျိုးထဲမှာ . . .
အကြောက်တရားတွေ ဗွက်ပေါက်နေတာပါလား ။
အဲဒီ အကြောက်တရားဆိုတဲ့ ဗွက်တွေ နွံတွေထဲမှာ . . နစ်မြဲနစ်ပြီး. . .
ရုန်းရကောင်းမှန်းတောင် မသိပဲ . . .အလဲလဲ အကွဲကွဲ တမွဲမွဲနဲ့ . . . ပေပေတူးတူး ရူးပြီး ပျော်နေကြတာပါလားးး ။
အင်းးးး
ဆွဲထုတ်ရမယ် ။
အဲဒီ အကြောက်တရားတွေကို
အသွေးထဲ အသားထဲကနေ ဆွဲထုတ်ရမယ် ။
လက်ရှိ အသိခေတ် / ပညာခေတ်ကြီးထဲမှာ . .
အဲဒီလို အသိမှား အတွေးမှားတွေ
အကြောက်တရားတွေ အတွေးအခေါ်အယူအဆမှားတွေ
ဂျောင်ဂျို ဂျောင်ဂျားထဲ သွား. . .ဆိုပြီး ထိုးထည့်လိုက်သင့်ပြီ ။
ခက်တာက ဆွဲထုတ်ပစ်ဖို့ ဆိုတာ
အပြင်လူက အပြင်ကနေ ဆွဲထုတ်လို့မရ။
ကိုယ့်အကြောက်တရားကို
ကိုယ်တိုင် ဆွဲထုတ်မှ ဖြုတ်ခနဲ ပြုတ်မှာ ။
(ကြောက်ရ လန့်ရတာ အကျင့်ပါနေလို့. . .
အကြောက်တရားကို ဆွဲထုတ်လိုက်ရမှာကို မနေတတ်မထိုင်တတ်နဲ့ ဟာတာတာကြီး ဖြစ်နေမယ့်သူတွေလည်း ရှိဦးမှာ. . .)
ထားပါတော့. . . .
အကြောက်တရားကို အခြေခံတဲ့
တလွဲ အယူအဆ အတွေးအခေါ်အပုပ်အသိုးကြီးတွေနဲ့ ပုဂိ္ဂုလ်ကြီးတွေကို မြင်တိုင်းးး
သူရတော့ ရင်နာတယ် ။
တိုင်းပြည်တစ်ပြည် တိုးတက်ဖို့ နှေးကွေးရခြင်း အကြောင်းရင်းတွေထဲမှာ. .
တိုင်းသူပြည်သားတွေထဲက
အတွေးအခေါ်အယူအဆမှား လက်ကိုင်ထားသူတွေရဲ့
တလွဲ အပြုအမူတွေကလည်း ………..
အဆိုးသက်ရောက်မှ ုတော့ ရှိတာပဲလေ ။
_____________________________
၆ ။ ။
သူများတွေကိုသာ အားမနာ လျှာမကျိုး
တစ်တစ်ကွကွတွေ ပြောနေတာ။
သူရကိုယ်တိုင်ကျတော့ရော. . . .
ဆိုတော့. . . .
သူရလည်းးး
သူရ ရဲ့ စိတ်နှလုံး ( အသိ ) ထဲ. . . . .
အဲဒီ အကြောက်တရား အတွေးအခေါ်အယူအဆမှားတွေ ဝင်လာမှာကို . . . .
(အမှားကို အမှားမှန်း ခွဲခြားမသိနိုင် ဖြစ်သွားမှာကို . . . .)
သူရ တော်တော်ကြောက်နေတယ် ။
ဟဲဟဲ
:kwi:
လေးစားစွာဖြင့်. . . .
သူရ
52 comments
surmi
January 29, 2014 at 5:22 pm
နောက်မှပြန်လာမယ်ကွာ
လောလောဆယ်ဆယ် like×1000000000…………
လမ်းမှာဖြစ်နေလို့ ။
ဒီလအတွင်းမောင်ရင်ရေးသမျှ ဒီတစ်ပုဒ်အကြိုက်ဆုံးဘဲ
ဒညင်းဝက်
January 29, 2014 at 6:11 pm
အဟိ
ကြိုက် လို့ lIKE တဲ့သူ ပေါ်လာပြီဆိုတော့
ဝမ်းသာမိပါပြီခည
Mr. MarGa
January 29, 2014 at 5:47 pm
ဟဲဟဲ………
ပြန်မွှေပြီး ဒါလေး ပြန်တင်ပေးတယ်
http://myanmargazette.net/191131
အစွဲ…. ဆိုတာ ချွတ်ရင် ကျွတ်ပါတယ်…………….. :mrgreenn:
ဒညင်းဝက်
January 29, 2014 at 6:16 pm
အစွဲချွတ်ဖို့ အစွန်းချွတ်ဆေး လိုမယ်ထင်တယ်
အဟိ
ဒညင်းဝက်
January 29, 2014 at 6:14 pm
သဂျီးရေ
ဒီပိုစ့်ကို တင်နေရင်းနဲ့လေ
အိမ်မြှောင် စုတ်ထိုးသံကြားလိုက်ရတယ်
အဲဒါ ဒီပိုစ့်ကို စတစ်ကီ ချိတ်ပေးမယ့် နိမိတ်ပဲ ထင်ပါရဲ့။
အဟိ
ပုံ / မိရိုးဖလေဖလံလေး
KZ
January 29, 2014 at 6:18 pm
အောင်စံဖြိုး ရေကိုချိုးဆိုလို့ ရေအတူချိုးဖို့ အောင်စံဖြိုးကို ရှာတာမတွေ့လို့ မချိုးရသေးဘူးးး
နာ ကြောက်တတ်တာမြန်း ပြောပါတယ်။
😀
ဒညင်းဝက်
January 29, 2014 at 6:30 pm
ဥသာ စိန်ပန်း ဒန်းလှ ကိုလည်း ရှာဦး
ငါ့သား ရွှေတောင် လည်း ရေကို ရှောင်ဦး
အောင်စံဖြိုး ရေမချိုးရင် ဘာဖြစ်တတ်လို့ပါလိမ့်
🙂
ကိုပေါက်(မန္တလေး)
January 29, 2014 at 6:25 pm
အ သက် 50 လောက် ရောက် ရင ်
ဒီ ပိုစ် လေး ကို နောက် တစ် ခေါက် ပြန ်ဖတ် ကြည့် ပါ လား
အ တွေး ပြောင်း မ ပြောင်း သိ ရ အောင်
ဒညင်းဝက်
January 29, 2014 at 6:33 pm
အဟ်ိ
လေးပေါက် ပြောသလို
အတွေးလေး.. ပြောင်းကောင်း ပြောင်းနိုင်ပါရဲ့
မပြောင်းကောင်းလည်း.. မပြောင်းနိုင်ပါရဲ့
:kwi:
padonmar
January 29, 2014 at 11:33 pm
Facebook ထဲမှာတောင်မှ ဒီ မြွေဖြူကိုမြင်ရင် လာဘ်ကောင်းတယ်ဆိုလို့ Like & Share ပါဆိုတာတွေက လာသေးအေ။
ဒညင်းဝက်
January 30, 2014 at 7:30 am
ဟုတ်ပါ့ အန်တီရယ်
ကျနော်တော့ အဲဒီ ဘာဖြစ်တတ်တယ် ညာဖြစ်တတ်တယ် ဆိုတာတွေ တွေ ့ရင် ရီချင်တာပဲ
ပီယဆေးဆိုတာ ရှိသေးတယ်
အပီလိုက်ပြောရင် ရတာပဲကို ပီယ ဆေး လိုပါဘူး။
ကျနော်ကတော့ like ပါ လို့ ရေးထားရင် no ပဲ
🙂
ကျော်စွာခေါင်
January 30, 2014 at 1:57 am
အလင်းဆက်ရေ..
အပေါ်က ရေးထားတဲ့ အယူအဆတော်တော်များများ ကိုယ်ကြုံဘူးတယ်…
အဲ့ခါကျ..ဦးခေါင်က ပြောပြောထည့်တယ်..
“ ပါးစပ်က ပြောတော့ ထေရဝါဒ….ကျင့်ကြံနေထိုင်တာက ဗြဟ္မဏထဲကကို မထွက်ဘူး” လို ့…။
စိတ်ဆိုးတော်မူကြတယ်…မောင်။
….
ဒါပေမယ့် အယူတော်မင်္ဂလာ ဦးနိုးတို ့လို ပညာရှင်တွေကိုတော့ …လေးစားပါတယ်..။
လူတွေက သိပ်အစွဲလွန်သွားရင် ဘောင်ကျဉ်းသွားတယ်..။
ဒါပေမယ့် …
တစ်ဖက်လူတွေမှာလဲ….ကိုယ်ပိုင် ယုံကြည်ခွင့်ရှိသလို…..
ကိုယ့်မှာလဲ …မယုံပိုင်ခွင့်ရှိတယ်..အလင်း..။
ဒညင်းဝက်
January 30, 2014 at 7:27 am
ဒါပေါ့ဗျာ
လွတ်လပ်စွာ ယုံကြည်ယူဆပိုင်ခွက့်တွေ ကိုယ်စီနဲ့
အဲဒီ ကိုယ် ယုံကြည်ရာလေးတွေ အမှန်တရားနဲ့ ဘယ်လောက်နီးစပ်သလဲ ဆိုတာရယ်
အကြောင်းအကျိုး ကိုက် မကိုက် ဆိုတာရယ် စစ်ဆေးတတ်ဖို့တော့ လိုတာပေါ။
အခု ကျနော်တို့ဆီမှာက ရမ်း ယုံနေတာများတယ်
အားကိုးရာ အရှာမှားနေကြတယ်လို့ ပြောချင်တယ်။
အားကိုးရာကို ကိုယ့်အသိ ကိုယ့်ဉာဏ် ထဲမှာ မရှာပဲ ပြင်ပကနေ ဆွဲယူချင်နေလေတော့ မလွတ်လပ်ကြတော့ဘူး
အယူအဆလှောင်အိမ် တွေထဲမှာ ပိတ်မိနေကြတယ်
နိမိတ်ထွန်းတဲ့ကျွန်ဆိုပြီး နိမိတ်တွေ စွတ်ယုံနေတာထက်
ဒီနေ့ခေတ်ကြီးရဲ့ ဟန်ချက်ထဲ ညီညီညာညာ ဝင် ပြေးလွှားသင့်တယ်ထင်တာပဲ။
ဦးခေါင်ရည် ဝင်ဆွေးနွေးပေးသွားတဲ့အတွက်
ကျေးဇူးပါ
kyeemite
January 30, 2014 at 9:10 am
ကိုဆာမိနောက်လိုက်ရတော့မှာပဲဟေ့..
“ဒီလအတွင်းမောင်ရင်ရေးသမျှ ဒီတစ်ပုဒ်အကြိုက်ဆုံးဘဲ”
🙂
ဒညင်းဝက်
February 4, 2014 at 11:01 am
ဦးင်္ကြီးရေ..
ကျေးဇူးပါဗျ…
myat pearl phyu
January 30, 2014 at 12:34 pm
ကောင်းပါလေ့
လုံမလေးမွန်မွန်
January 30, 2014 at 12:55 pm
ငါလည်း အဲ့အယူတွေ သိပ်မယုံပါဘူး.. ဒါမယ့် ငါလည်း ကြောက်တုန်းပဲ.. မယုံဘူးလို့အော်နေတဲ့ကြားကကို ကြောက်နေတတ်တာ.. လူမှန်းသိတတ်ကာစကတည်းက ရိုက်သွင်းခံထားရတဲ့ အစွဲတွေ.. ဖြစ်တတ်တဲ့ တိုက်ဆိုင်မှုတွေကြား..ငါလည်း ကြောက်တတ်နေဆဲပဲ..
ဒညင်းဝက်
January 30, 2014 at 5:41 pm
ကျနော့်မှာလည်း အကြောက် တရားရှိတယ်
🙂
နတ်ကို ယုံပြီးကိုးကွယ်တဲ့လူတွေက
အဲဒါတွေ အယုံအကြည်မရှိတဲ့ ကျနော်လိုလူမျိုးတွေကို
နတ်ကိုင်တော့မှာပဲ တစ်ခခြု ဆိုးတာဖြစ်တော့မှာပဲဆိုပြီး
အထက်အမြင်စိတ်တွေနဲ့ မေတ္တာဝိုင်းပို့ကြမှာ
နတ် ကိုင်တယ်ဆိုတာကြီးကို ရီချင်ပေမယ့်
မေတ္တာပို့ကြမယ့် အထအမြင် စိတ်စွမ်းအားတွေကတော့
နည်းနည်း ဂရုစိုက် ရ မယ်လေ
ဒါက စိတ်ပညာနည်းနည်းးဆန်ပြီး သိမ်မွေ ့နက်နဲတဲ့ အပိုင်းရောက်သွားနိုင်လို့
:kwi:
ဝေဖန်ဆွေးနွေး
ဝင်အားပေးတာ ကျေးဇူးပါ
TNA
January 30, 2014 at 9:14 pm
ဟုတ်တယ် ဒီခေတ်ထဲအယူသီးတာတွေတော်တော်ရှိသေးတယ်။ ညမိုးချုပ်ရင် အပြင် ( အိမ်ခေါင်မိုး တံစက်မိတ်ကနေလွန်ရင် ) အစာမစားတာတို့။ နောက်အသားတွေဝယ်လာတာ မိုးချုပ်မှအပြင်ကိုသယ်သွားရင် မီးသွေးခဲထည့်တာတို့။ ဘာတွေလဲမသိဘူးစုံလို့။ စိတ်ပျက်စရာပဲ။
ဒညင်းဝက်
February 4, 2014 at 11:03 am
🙂
🙂
မဟာရာဇာ အံစာတုံး
January 31, 2014 at 9:54 am
မသိပါဘူး
ခေါင်းစဉ်ကြည့်ပြီး အလင်းဆက်တစ်ယောက် ကိုယ့်ဟိုဒင်း ကိုယ်လှန်ထောင် တယ် ဆိုတော့ကာ …
မစွံတော့လို့မို့ ဟိုဒင်းကြီး လုပ်တော့မယ် မှတ်နေတာ …
ဟုတ်မှ မဟုတ်ဘဲနဲ့ … ခွိ
ကျော်စွာခေါင်
February 2, 2014 at 9:26 am
ဦးခေါင်လဲ ခေါင်းစဉ်ဖတ်ပြိး လန် ့သွားတာ အံဇာ..
အသီးကွဲပြီးမှ ကိုယ့်ဟာကိုယ် လှန်ထောင်းတယ်ဆိုတော့
ငါ့တူလေး အလင်းဆက်…(ကုန်းကုန်း) များ လုပ်ဘို ့စိတ်ကူးလိုက်တာလားလို ့….။
ဒညင်းဝက်
February 4, 2014 at 11:06 am
တိန်
ဒညင်းဝက်
February 4, 2014 at 1:06 pm
ဟိုဒင်းင်္ကြိး..
နီ ပဲလုပ်…
ခွိခွိ
:kwi:
Shwe Ei
January 31, 2014 at 11:26 am
ဗုတ်ဒဟီးနေ့ ခေါင်းမလျှော်ရ လာဘ်တိတ်တတ်သီ
ဘုရားပန်းရေဆေးရင် ဇောက်ထိုးမထားကောင်း ငရဲကြီးတတ်သီ
အိမ်ထဲမှာပိုးဟပ်ပျံနေရင် လာဘ်ပွင့်သီ
(မှတ်ချက်။ ။ ဒေါ်ရွှေအိကတော့ ပိုးဟပ်မြင်ရင် ပိုးသတ်ဆေးဖျန်းသီ)
ခရီးသွားခါနီးမြွေမြင်ရင် ခရီးရှည်တတ်သီ
ခေါင်းပေါ်ငှက်ချီးပါချရင် လာဘ်ပွင့်သီ
မွေးနေ့ သောကြာ တနင်းလာ ကေသာဆံဖြတ်မပြုအပ်
ဆိုတော့ ပြောမကုန်နိုင်တဲ့ အယူသည်းမှု မိရိုးဖလာ ဓလေ့ ထုံးတမ်းစဉ်လာတွေ အများရီးကွဲ့
စဉ်းစားလို့ထွက်ရင် ထပ်လာရေးအုံးမယ် ေိေိ
ဒညင်းဝက်
February 4, 2014 at 1:22 pm
ကျနော်တော့….
မွေးနေ ့ သောကြာ ကြီးပဲ..ဆံပင်ညှပ်ခဲ့တယ်..
ဘာမှလည်း.. မဖြစ်ဘူး.
အဲ..ဆံပင်ညှပ်လိုက်တော့လည်း.. စိတ်ထဲရှင်းလင်းပြီး.ပေါ့ပါးလန်းဆန်းသွားတာပေါ့ …။
:kwi:
တောတွင်းပျော်
February 5, 2014 at 11:44 pm
မွေးနေ့ သောကြာ တနင်းလာ ကေသာဆံဖြတ်မပြုအပ်
ဆိုတာက မြန်မာဗေဒင်အလိုအရ တနင်္ဂနွေသားတွေအတွက် ညွှန်းတာ။
ဥပမာ တနင်းလာသားအတွက်ဆို နောက်တစ်ရက်ကျော်ဆုတ် စနေ၊ မွေးနေ ့ တနင်္လာနဲ ့
ရှေ ့က အင်္ဂါ။ ဒီလင်္ကာလေးက နေ ့သားအားလုံးအတွက် မဟုတ်ဘူးလို ့ဆိုပါတယ်။
ဒါကတော ့ဖတ်ဖူး မှတ်ဖူးတာလေးကို ပြန်မျှတာပါ။
နောက် တစ်ခု
အစွဲအလန်းနဲ ့ ပတ်သက်လို ့ ထမိန်ကြိုးတန်းအောက်ကိစ္စ
မြန်မာပြည်မှာ အမျိုးသမီးတွေသာ ဝတ်ကြတဲ ့ ပါတိတ်ထမိန်တွေဟာ မလေးရှားရဲ ့ တောနယ်
လေးတွေမှာ အမျိုးသမိးတွေသာမက အမျိုးသားတွေပါဝတ်ကြတယ်။
ကျနော်တို ့တောထဲမှာလဲဒီလိုပါပဲ။ အလုပ်အတူလုပ်တဲ ့ မလေးအမျိုးသားတွေ နားနားနေနေချိန်ဆို အပွင် ့ပါတဲ ့ပုဆိုး(မြန်မာမှာဆိုရင်တော ့ထမိန်ပေါ ့) ဝတ်ကြတယ်။
အစ ပထမတော ့ကြိုးတန်းမှာလှန်းထားတာ ထမိန်မှတ်ပြီး အဝတ်လှန်းကြိုးတန်းအောက်
ဖြတ်မလျှောက်ရဲဘူး။ (ဒါက ဟိုတုန်းက) နောက်ပိုင်းမှအမျိုးသားတွေရဲ ့ပုဆိုးမှန်းသိတော ့
ဖြတ်လျှောက်တယ်။နောက်ထပ် ထပ်သိရတာက ဒီကြိုးတန်းမှာ ထမင်းချက်တဲ ့ အစ်မကြီးကလည်း သူ ့အဝတ်အစား ထမိန်တွေကိုလှမ်းတာ။ ဒီမှာက ယောက်ျား၊ မိန်းမ မခွဲဘူး။
မသိခင်ကလျှောက်ခဲ ့တယ်။ဘာမှမဖြစ်ခဲ ့ဘူး။ သိလာတော ့ကော ဘုန်းနိမ် ့သွားသလား?
ကိုယ် ့စိတ် အစွဲကပဲ ကိုယ် ့ကိုပြန်သတ်နေလိမ် ့မယ်။ အစွဲမထားတော ့ဘူး။
ကျနော်တို ့တော(သစ်) အလုပ်ဆိုတာက အန ္တရာယ်အလွန်များတဲ ့အလုပ်၊ ဖြစ်လိုက်ရင်လည်း
သက်သာတယ်ဆိုတာမရှိသလောက် အမြဲသတိထားနေရတယ်။ ဒီလိုမျိုးမှာ ဟိုကြိုးတန်းကြီးကို
စိတ်စွဲနေမယ်ဆီုရင်လဲ အလုပ်မဖြစ်ပြန်ဘူး။
အခုတော ့ အစွဲမထား စိတ်ပေါ ့ပေါ ့ပါးပါးနဲ ့ကြိုးတန်းအောက်မကြာခဏဖြတ်လျှောက်တာ နှစ်မနည်းတော ့ဘူး။
(တမင်လျှောက်တာတော ့မဟုတ်၊လူအယောက် ၂၀၊၃ဝစာလောက် အဝတ်လှမ်းတဲ ့ကြိုးတန်း
ရှည်ကြီးကို ကွေ ့ပတ်ရမှာ ပျင်းလို ့။)
မြန်မာပြည်ကလူတွေက ထမိန်လှမ်းတဲ ့ ကြိုးတန်းအောက်မကြာခဏ ဝင်နေတဲ ့
တောတွင်းပျော်ကို ဘယ်လိုမြင်ကြမလဲတော ့ မသိဘူး။
ဒီမှာတော ့ သူလည်းလျှောက်၊ကိုယ်လည်းလျှောက် ဘာမှလည်းပိုထူးတယ်လည်း
မရှိဘူး။
တစ်ခုတော ့ရှိတယ် ဘာသာတရားရဲ ့ပြင်ပက လောကီအဆောင်အယောင်တွေနဲ ့ပတ်သက်ရင်
တော ့ တစ်ပိုင်းပေါ ့။
ဒညင်းဝက်
February 6, 2014 at 7:32 am
အင်းးး
စိတ်က အစွဲကင်းပြီး ကြည်လင်နေရင် ပြီးတာပါပဲနော်
🙂
အတွေ ့အကြုံနဲ့ အတွေးအခေါ်လေး
လာ ဝေမျှပေးသွားတဲ့အတွက် ကျေးဇူးပါ ကိုတောပျော်ရေ
ခင် ခ
January 31, 2014 at 12:27 pm
ဒီဂဇက်မြို့သူားတွေက အစွဲအလန်းနဲ့ ရှေးရိုးစွဲဝါဒ လက်ကိုင်ထားမှု့တွေ အတော်နည်းပြီး ထေရဝါဒလွှမ်းမိုး ပရိတ်သတ်တွေပါလားနော်။
ခင်ခ အိမ်မှာ နတ်ကန္နားပေး အလှုလုပ်ရင် ဂဇက်တစ်မြို့လုံးဖိတ်မလို့ဟာ အခုတော့ ဖိတ်တော့ဘူးနော် စိတ်မရှိကြနဲ့။
ကျော်စွာခေါင်
February 2, 2014 at 9:29 am
ကိုခ..
နတ်ပွဲ ဖိတ်မယ်လို ့ စိတ်ကူးပြီးမှ မဖိတ်တော့ရင် နတ်ကိုင်မှာနော်…။
လာမှာဘဲ…ကျော်က က ချင်နေတုန်းဘဲ..။
အဘရဟူဒီ
January 31, 2014 at 12:27 pm
မည်သို့ပင် ဆိုစေကာမူ …. ထွီ လေး တော့ ပါသွားဘီ မလား …ငိငိ…
နိထက်အသားမည်းတဲ့ ဟို ငတိလက်ထဲကို…
ဦးကြောင်ကြီး
January 31, 2014 at 1:19 pm
နောက်တခါ ကိုယ့်ဥကိုယ် ပြန်ထောင်းကြည့်ကွာ..
ဒညင်းဝက်
February 4, 2014 at 1:10 pm
အမငီးးးး
Crystalline
January 31, 2014 at 1:26 pm
အောင်မဲလင်းပို့စ်ဖတ်နေတာကို…ကျီးကန်းတွေငါ့နားအသားကုန်လာသာနေတယ်….လက်ဆောင်လာပေးမယ့ဧည့်သည်လာမလား…ပိုက်ဆံချေးပြီး အိမ်မှာလာရှုပ်မယ့်ဧည့်သည်လာမှာလားမတိဘူး :mrgreenn:
zaw min
January 31, 2014 at 3:27 pm
နမိတ်ကောင်းပုံလေးတစ်ပြောပြမယ်…တစ်နေ့ကပေါ့…ကားကိုဆားဗစ်စင်မှာ ရေဆေးပြီးထွက်အလာ လမ်းမပေါ်မရောက်ခင်ပဲ..ကိုရွှေးကျေးက ချေးပါချလိုက်တယ်လေ..မှန်ရှေ့တည့်တည့်ကို ..တောက်..ဒေါသချောင်းချောင်းထွက်သွားတယ်..စိတ်ကိုတော့
`ေဩာ်..ငါ့အတွက်လာဒ်ကောင်းပါတယ်ဟုထင်မှတ်ကာ ဖြေသိမ့်လိုက်ပါ၏…သို့သော်…ပြည်လမ်း မီးပွိုင့်မှာ ကိုရွှေဘဲဥသတိမပြုမိပဲ မီးဝါဖြတ်လိုက်လို့ …ဝီစီသံလေးထွက်ပေါ်လာ…အိတ်ထဲမှ ၅၀၀ဝတန်လေး ပျော်ရွှင်မြူးတူးစွာနဲ့ ခုန်ထွက်သွားပါလေတော့သတည်းးးးးးးးး
အမှန်တော့ အကြောက်တရားအမြင့်မားဆုံးလူမျိုးပြပါဆိုရင် ကျနော်တို့ မြန်မာလူမျိုးကိုပြရမယ်ထင်ပ…
သက်မဲ့တွေကိုလည်းကြောက်လိုက်တာတုန်လို့ လူတွေရေးထားကို ပြင်ရဖျက်ရမှာ တို့ရထိရမှာကိုလည်းကြောက်နေပ…အမှားကိုသိလို့ အမှန်ကိုပြင် ရမှာလည်း ကြောက်…
ဒညင်းဝက်
February 4, 2014 at 1:15 pm
ဟုတ်ပါ့..ဗျားးးး
:kwi:
moonpoem
January 31, 2014 at 5:10 pm
မိုက်တယ်ဗျာ။အရေးအသားရော အတွေးအခေါ်ရော။ကျွန်တော်လည်း အိမ်ကအထွက် ဖိနပ်ပြတ်ရင် နိမိတ်မကောင်းဘူး ထင်တဲ့လူစားကိုးဗျ။
naywoon ni
January 31, 2014 at 6:14 pm
ဗုဒ္ဓ ဘာသာထဲကစောက်တစ်လွဲ အယူအဆတွေပေါ့
မတိုးတက်တဲ့အထဲ အဲဒါတွေက ရာနှုန်းအများကြီးပါတယ် စနစ်ကြောင့်မဟုတ်ဘူး အဲဒါတွေမပြင်လို့ကတော့ သေအောင်လုပ် တိုးတက်မှာမပါဘူး အဲ့ပြဿနာ ဆက်ပြောရရင် မကောင်းဘူး ငါ့ မြို့ပိုင်မင်း ဘမ်းလိမ့်မယ်
padonmar
January 31, 2014 at 9:22 pm
ဒညင်းဝက်
ဒီပို့စ်လေး ရည်ရွယ်ချက် +ရေးပုံ အရမ်းကောင်းတာပဲ၊
ဒါပေမယ့် နာမည်ကြီးက နည်းနည်း ရင့်သွားသလားလို့၊မိန်းကလေးတွေ မဖတ်ရဲဖြစ်နေမှာစိုးလို့။
အန်တီ့သဘောသာဆို ပြင်လိုက်စေချင်တယ်။လေးပေါက်တောင် အဲဒီနာမည်မျိုး ရေးဖူးသေးတယ်။ကိုယ့်ပေါင်ကိုယ် သာသာထောင်းခြင်းလို့ ထင်တယ်။
ဒညင်းဝက်
February 2, 2014 at 7:45 pm
ဟုတ်ကဲ ့..အန်တီရေ..
အကြံပေး ဆွေးနွေးပေးတာကျေးဇူးပါလို ့…
နာမည်ကို… ပြန် ပြင်လိုက်ပါမယ်နော်..
ကျနော်…ခရီးထွက်နေလို ့..( နက်နဲ ့အဆက်ပြတ်နေလို ့.. )
အန်တီ့အကြံပေးချက်ကို.. ချက်ချင်းမသိခဲ့..( မပြင်လိုက်နိုင် ) လို ့.ခွှင့်ခွွှင့် လွှတ်ရမယ်နော်..
😆
ဝင့်ပြုံးမြင့်
February 1, 2014 at 12:50 am
အဲဒီ မိရိုးဖလာ အယူအဆထဲမှာ သစ်ပင်စိုက်တဲ့ အယူအဆ အဆိုးဆုံးပဲလို့ ထင်တယ်။ ငရုတ်ပင်စိုက်ရင် အိမ်ပူတတ်တယ်တဲ့။ စပါးလင်ပင်စိုက်ရင် ဘီလူးအောင်းတတ်တယ်တဲ့။ ဘူးပင် လုံးဝမစိုက်ကောင်းပါတဲ့။ ဖရုံ ဖရဲ စိုက်ရင် ဖရိုဖရဲ ဖြစ်တတ်တယ်တဲ့။ လက်ပံပင်စိုက်ရင် ခိုက်တယ်တဲ့။ ခွာညိုခွာပြာ စိုက်ရင် ဖြူခါပြာခါကျတတ်တယ်တဲ့။ ခရမ်းချဉ်ပင် ခရမ်းကဆော့ပင် လုံးဝမစိုက်ကောင်းပါတဲ့။ အိမ်မှာ ဘာနေ့သားရှိရင် ဘာပင်မစိုက်ကောင်းဆိုတာ ရှိသေးတယ်။
မြန်မာအိမ်ရှင်မဆိုတာကလည်း ချက်ရပြုတ်ရတာက တစ်မျိုးကိုး။ အနောက်နိုင်ငံလို စည်သွပ်ဘူးဝယ်စားလို့မှ မရတာ။ မြန်မာဟင်းဆိုတာကလည်း တိုတိုစိစိတွေ အရမ်းသုံးရတယ်။ ငရုတ်သီးစိမ်းတို့၊ နံနံတို့၊ ပင်စိမ်းတို့၊ ခရမ်းချဉ်တို့ အဲဒါမျိုးလေးတွေ လတ်လတ်ဆတ်ဆတ်သုံးနိုင်မှ ကောင်းတယ်။ ဒါကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဟိုဟာ မစိုက်ကောင်း၊ ဒီဟာ မစိုက်ကောင်းဖြစ်တာလဲ မသိဘူး။
အစ်မ မအူပင်မှာ ချဉ်ပေါင်ပင်စိုက်တော့ ဘေးအိမ်တွေက လှောင်တယ်။ ချဉ်ပေါင်ပင်တောင် စိုက်စားရသလားတဲ့။ ဈေးသုံးသီးနှံ မစိုက်ကောင်းပါတဲ့။ အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုတဲ့စကား ဘယ်ရောက်သွားလဲမသိဘူး။ ရန်ကုန်မှာ တစ်နှစ် ဝင်ငွေ သိန်း ၂ထောင်ရှိတဲ့အိမ်တစ်အိမ်က ချဉ်ပေါင်ပင်ကို ကော်ခြင်းထဲ ထည့်စိုက်ပြီး စားတာကို ဓာတ်ပုံရိုက်ပြီးတောင် ပြလိုက်ချင်တယ်။ ဒီလောက် အရေးကြီးတဲ့ ကဏ္ဍတစ်ခု (အိမ်သုံးအတွက် အိုးကလေးနဲ့ တစ်နိုင်တစ်ပိုင်စိုက်တာ) ကို အားလုံးပဲ မသိကျိုးကျွန် လုပ်နေကြသလိုပဲ။ အစ်မကတော့ စိုက်တယ်။ ငရုတ်ပင်စိုက်တယ်။ စပါးလင်စိုက်တယ်။ စားလို့တောင်ရမှတော့ စိုက်လို့လည်း ရရမှာပေါ့။ အဲဒီလိုစိုက်တဲ့အတွက် ဈေးဝယ်ရတာ သက်သာတယ်။ ဝယ်ဖို့မေ့ကျန်ခဲ့ရမှာကိုလည်း ပူမနေရဘူး။
kai
February 1, 2014 at 5:16 am
အမှတ်မမှားရင်.. ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဦးသန့်က.. အိ်မ်မှာချဉ်ပေါင်စိုက်စားခဲ့သဗျ…။
ခုခေတ်မလည်း… အယ်လ်အေက.. ခြံရှိတဲ့.. မြန်မာမိသားစုတွေတော်တော်များများလည်း.. အိ်မ်ခြံထဲ.. စားပင်တွေစိုက်ကြတယ်..
ချဉ်ပေါင်ပင်ကတော့.. မြန်မာတွေ ဖေးဗရိတ်ပေါ့..။
နွေဝင်လာရင်.. အပင်ကြီးတွေထွားပြီး..အရွက်တွေထွက်..။ ဆောင်းဝင်ပြီဆို.. အရိုးတန်လေးတွေပါခူးပြီး.. ရေခဲသေတ္တာထဲခဲထားကြတာ..
ဆောင်းဆို.. ချဉ်ပေါင်ကအရွက်တွေဝါလိုက်လာပြီး.. သေတယ်လေ…။
တောင်ပိုင်းကယ်လီမှာ.. သူ့အလိုလိုပေါက်ပြီး.. မတရားသီးတဲ့အပင်တွေကတော့.. သံပုရာသီး၊ လိုင်မ်းသီး..။ လိမ္မော်သီး၊ အပင်တွေပါ..။
သီးချိန်ဆို.. ကျွတ်ကျွတ်အိပ်နဲ့ထည့်… တအိမ်တအိပ်လက်ဆောင်ပေးကြသဗျ..။
ဆိုတော့…
အပင်တွေဟာ.. လူတွေနဲ့ သဟဇာတဖြစ်သလို.. အောက်စီဂျင်ထုတ်.. လေထုသန့်ပေး.. အသီးပေး..အရွက်စား.. ပန်းအလှကြည့်.. အကုန်ကောင်းတာချည်းပေးသမို့.. စိုက်ကောင်းပါတယ်..။
အခြေအနေပေးလျှက်.. အပင်မစိုက်သူများကသာ.. သဘာဝမိခင်ကို.. စော်ကားသူများဖြစ်ကြောင်း..
Ko chogyi
February 1, 2014 at 8:33 am
ဈေးသုံးလည်းမလွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ဆိုတာ ရှိတယ်။
ရှေးလူကြီးတွေက သူတို့ကိုယ်တိုင်ကြုံတွေ့ရတာတွေကို နောင်လာနောက်သားတွေအတွက်
ဒုက္ခမရောက်အောင် ပြောထားခဲ့တာပါ။
တစ်ချို့အကြောင်းတွေကြတော့လည်း ချဲ့ကားပြောသူတွေကြောင့် အမှတ်မှားတာလည်းရှိမှာပေါ့။
ဥပမာ- စလောင်းဖုံးနှစ်ချပ်ရိုက်ရင် ကျားကိုက်မယ်ဆိုတာမျိုးပေါ့။
တစ်ခါတစ်လေကျတော့လဲ မယုံလို့မရတာတွေရှိတယ်
ပုဂံကိုရောက်တဲ့အခါ စူလာမဠိစေတီတောင်ဘက်က ကျစွာမင်းကြီးတည်ထားခဲ့တဲ့ ပြသဒါးဘုရား
အကြောင်းလေ့လာကြည့်ပါ။
အကောင်းဆုံးကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တိုင်တွေးတော့ဆင်ခြင်ပြီး အမှန်ကိုရယူလိုက်ပါ။
ဒညင်းဝက်
February 4, 2014 at 1:18 pm
ဈေးသုံးလည်းမလွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့
အဲဒီ စကားပေါ့…..
:kwi:
ဦးကျောက်ခဲ
February 2, 2014 at 5:13 pm
ဆြာ့ဆြာများက မြွေတွေ့ရင် ခရီးရှည်သတဲ့…
အဲ… ကျောင်းသားဘဝတုန်းကတော့ မြွေတွေ့ရင် ဝါးတီးပေးဖို့ အပီလိုက်တာပဲ…
ဒီခရီးကိုသွားရင် ဝက်သားမစားရ ဆိုလည်း ထမင်းဗူးတောင်ထည့်သွားသေးတယ်…
မြေကြီးအောက်မှာအလုပ်လုပ်တာမို့ ဇာတ်တူ တွင်းအောင်းသားမစားကောင်းဆိုလည်း စားတာပဲ…
ဒါပေသည့်… မကိုင်ရ ဓာတ်လိုက်တတ်သည်ဆိုရင်တော့ လုံးဝ မကိုင်ဘူးဆြာ…
ဓာတ်လိုက်တာ နတ်ကိုင်တာထက် ကြောက်ဖို့ ကောင်းမှန်းသိလို့…
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်းပေါ့ ဒညင်းဝက်ရယ်…
😀
ဒညင်းဝက်
February 2, 2014 at 7:41 pm
အလို…
31 မနက်အစောကြီးကနေ…
2 ရက်နေ့..ညနေ အထိ..ချောင်းသာသွားနေတာ.. ။
ချစ်သုဝေတို ့နဲ ့..သွားတိုးပြီး..စိတ်တွေ..ညစ်..
အင်တာနက်ကြီးနဲ ့လည်း.အဆက်ပြတ်…
တလောကလုံးမှာလည်း.ကိုယ့်အသည်းကွဲသံတဝုန်းဝုန်းပဲ..ကြားနေရချိန်….
ရွာထဲမှာ.. သူရ ပိုစ့်က.. စတစ်ကီကြီး ဖြစ်နေပါပေါ့လား..။
ဒါဆို…
ဟိုနိမိတ်က.. မှန်သွားပြီပေါ့လေ..
ဟီဟိ။။
———
ဖတ်ရှု ဝေဖန်..ဆွေးနွေးပေးသွားသူအားလုံးကို…ကျေးဇူးတင်မိပါတယ်ဗျို ့.. ။
အခု အချိန်သိပ်မရလို ့…
တစ်ဦးချင်းစီကို.. ပြန် မဆွေးနွေးနိုင်သေးတာကို..ခွှင့်ခွှင့်လေး..လွှတ်ပေးပါလို ့…
———
မဟာရာဇာ အံစာတုံး
February 3, 2014 at 9:00 am
နင့် အသီး၂လုံး ဝုန်းဝုန်းဖြစ်သွားလို့
နင့်ဟာနင် ပြန်ထောင်းပီး
ကုန်းကုန်းကြီး လုပ်သွားတော့မှာလို့
ထင် … နေ … တာ …
ဟုတ်မှ ဟုတ်ဘဲနဲ့ .. ခိခိ
twitty
February 3, 2014 at 3:59 pm
ရန်ကုန်သူ/သား အများစု (ကိုယ့် ပတ်ဝန်းကျင်က မိတ်ဆွေ အပေါင်းအသင်း အများစု) ကြားမှာတော့ အဲဒီလို အယူသီးတယ် လို့ ပြောရလောက်အောင် အစွန်းရောက် စွဲလမ်းစိတ် သိပ်မရှိကြတော့ပါဘူး..။
စနေနံထွက်သွားတာတော့ ကောင်းတာပေါ့လို့ ပြောတဲ့သူမျိုးတော့ ရှိပါတယ်..။ ဒါပေမယ့် ဒါဟာလဲ ပျောက်သွားတဲ့ ပစ္စည်းပေါ်မှာ နှမျော မနေချင်တော့တာနဲ့ စိတ်ပြေရာ ပြေကြောင်း
ဖြေ ပြောလိုက်တာမျိုး ပါပဲ..။ တကယ်တမ်း ဒီပစ္စည်းသာ မပျောက်/မထွက် သွားရင် ကိုယ့်အပေါ် အညံ့တွေ ရောက်လာလိမ့်မယ် ဆိုပြီး ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်နေတဲ့ သူမျိုး လဲ သိပ်မတွေ့တော့ပါဘူး..။
ပြောရမယ် ဆိုရင် သရဲ တစ္ဆေ နာနာဘာဝ ဆိုတာ ကိုလဲ ဟိုခေတ်တုန်းကလို (ကိုယ် ငယ်စဉ်ခေတ်ကလောက်) မကြောက်တတ်ကြတော့ပါဘူး..။ ည အချိန်မတော် မီးရောင်ထိန်ထိန်အောက်မှာ သွားကြ လာကြ အလုပ်လုပ်ကြ ဆိုတော့ သရဲဟာ ကြောက်ရလောက်အောင် လူတွေကို မဆွဲဆောင်နိုင်တော့ပါဘူး..။ (သရဲ ထက် ကြောက်စရာကောင်းတာတွေပဲ လူတွေက ကြောက်တတ်နေပါပြီ..)
နေပြည်တော် ကနေ ရန်ကုန် အပြန်လမ်းမှာ တလမ်းလုံး လမ်းဘေးက မိုင်တိုင်တွေကြည့်ပြီး ဘယ်နှစ်မိုင်ပဲလိုတော့တယ်.. ဘယ်အချိန်လောက်ရောက်မယ်.. ဆိုတာကို ကားမောင်းသူကိုလဲမေး.. ကားရဲ့ အမြန်နှုန်းကိုလဲ ကြည့်ပြီး ကိုယ့်ဟာကိုယ် အကြိမ်ကြိမ် ရေရွတ် တွက်လာလိုက်တာ ဘာမျှ မဖြစ်တဲ့ အပြင် မှန်းထားတဲ့ အချိန်အတိုင်း ရန်ကုန်ရောက်လာတာပါပဲ…။ ကားမောင်းသူ အိပ်မငိုက်သွားအောင်တော့ စကားလေးပြောပေး လမ်းလေးကြည့်ပေး လုပ်ရတာပေါ့..။
flamingo
February 4, 2014 at 9:47 am
သတ္တဝါမှန်လျှင်တခုခုကိုကြောက်ရပါတယ်…..ကြားဘူးတာကိုပြောတာနော်…
ဒညင်းဝက်
February 4, 2014 at 10:54 am
ကျနော့်သဘောထားကတော့…
မည်သူ ့ကိုမျှ မကြောက်လန် ့…
မည်သူ ့ကိုမှလည်း..မခြောက်လှန် ့…
:kwi:
Ma Ma
February 4, 2014 at 8:17 pm
ရှဲလုပ်ပြီး ပိုက်ဆံယူပါဆိုလု့ိ ရှဲလိုက်ပြီနော် 😀
စ တာပါ။
အမှန်တော့………
အယူသီးတယ်ဆိုတာ ကြောက်ရွံ့မှုက လာတာ။
လောကဓံတွေကို မကြောက်ရွံ့တဲ့ အရိယာလည်း မဖြစ်သေးဘူးဆိုတော့………. 🙁
ဒညင်းဝက်
February 5, 2014 at 6:26 pm
အဲဒီ အကြောက်တရားပေါ့
ကျနော်တို့ကို ပေါက်ပြားတစ်လက်လို တူးဆွနေတာ
မွစာကိုကြဲ လို့. .
😆