တက္ကသိုလ် ကျောင်းသူဘဝသို့ …

moonpoemJanuary 29, 20141min32011

တက္ကသိုလ်ကျောင်း သူဘဝသို ့…..

နွေဦးဆန်းသစ် ရွက်ရော်လှစ်လို ့
ပုရစ်ကယ်ရွှေဥ ပင်တိုင်းစုကြသည်
နုညိုစင်ငယ်တဲ့လေ။

၁ဝတန်းမြန်မာကဗျာ စာအုပ်တွင် ပါသော ကဗျာလေးကို ရေရွတ်ကြည့်မိသည်။
ဘာလိုလိုနဲ ့ဖေဖော်ဝါရီလသို ့ရောက်တော့မည်။ အခုချိန်ဆိုလျှင် မန ္တလေးမှာ တမာပန်းတွေ ကြွေရော့မည်။ရန်ကုန်တက္ကသိုလ်သည် အင်းလျားကန်၊သစ်ပုတ်ပင်တို ့နှင့် အတူ ခန် ့ညားခြင်းများ ရှိသကဲ့သို ့ကျွန်မတို ့မန္တလေး တက္ကသိုလ်သည်လည်း ရေနီမြောင်း၊တမာပန်းတို ့ဖြင့် အညာနံ ့သင်းစွာ
ချစ်စရာကောင်းလျက် ရှိပါသည်။

ကျွန်မသည် ကံကောင်းခြင်းများစွာဖြင့် တက္ကသိုလ်ကျောင်းသူဘဝကို မန ္တလေးတက္ကသိုလ်ဝင်းထဲတွင် ဖွင့်လှစ်သည့် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် သင်ယူခွင့် ရရှိခဲ့ပါသည်။ တက္ကသိုလ်ဝင်းထဲတွင်ကုကိ္ကုလ်ပင်၊ တမာပင်တို ့သည် စီတန်းစွာ ပေါက်နေသည့်အတွက် ဖေဖော်ဝါရီလ၊
မတ်လ ဆိုလျှင် ဆိုင်ကယ်စီးသည့်အခါသို ့မဟုတ် အတန်းချိန်အပြီး ကျောင်းဝင်းပေါက်သို ့ လမ်းလျှောက်သည့်အခါ တမာရွက်ကြွေတို ့က ကဆုန်ပေါက်ရျ် လာနှုတ်ဆက်တတ်ကြသည်။

တခြားတက္ကသိုလ်များတွင် အားကစားပြိုင်ပွဲများရှိသည် မရှိသည် မပြောတတ်သော်လည်း ကျွန်မတို ့
မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တွင်တော့ အများသိကြသည့် အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲများ၊တင်းနစ်အားကစားပြိုင်ပွဲများအပြင် ထူးထူးခြားခြားဖြစ်သော စက်ဘီးအနှေးစီးပြိုင်ပွဲ၊
တပို ့တွဲလဆိုလျှင်ထမနဲ ထိုုးပြိုင်ပွဲများ ရှိတတ်ပါသည်။ ကျောင်းစာကိုလည်း ကျက်ရင်း တစ်ဖက်မှ အားကစားပြိုင်ပွဲများတွင် ပါဝင်နိုင်သူများက ပါဝင် အားပေးသူများက အားပေးသောကြောင့်
ကျွန်မတို ့အားလုံးဧ။် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူဘဝသည် တော်တော်လေး ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါဧ။်။

ဝေးကွာခဲ့သည်မှာ ကြာပြီဖြစ်ပါက သာမန်ကျောင်းသားကျောင်းသူများကို ဆရာဆရာမများသည်လည်းကောင်း၊ သူငယ်ချင်း အချင်းချင်းသည် လည်းကောင်း အလွယ်တကူမမှတ်မိနိုင်သော်လည်း စာတော်လွန်းသူ၊စာညံ့လွန်းသူ၊ ထူးခြားသော ဂုဏ်ပုဒ်ရှိသူများကို သူငယ်ချင်း အချင်းချင်းသော်လည်း ဆရာဆရာများသည်အလွယ်တကူ မှတ်မိကြသည်ဟု ဆိုပါလျှင်
ကျွန်မသည် မည်ကဲ့သို ့နေရာက ပါနေမည်ဆိုတာ သိချင်မိသည်။

ကျောင်းတက်ရက်တချို ့ကို ပြန်လည် မြင်ယောင်မိချိန်တွင် နောက်ဆုံးတတိယနှစ်ဧ။် နေ ့တစ်ရက်ကို
ပြန်လည်တွေးတောမိသည်။နောက်ဆုံးနှစ်တွင် ဌာနမှူးစာသင်ချိန်သည်စည်းကမ်းတင်းကြပ်လွန်းသဖြင့်
ကျောင်းလစ်ဖို ့ခဲယဉ်းခဲ့သည်။ ကျောင်းသားကျောင်းသူများသည် အိမ်သာဟုဆိုကာ ပြီးလျှင် ပြန်မလာတတ်သည်ကို နောကျေနေပြီဖြစ်သော ဌာနမှူးသည် အိမ်သာဟုဆိုကာ ခွင့်တိုင်သူကို လွယ်အိတ်များ ယူခွင့်မပေးပါ။ ထိုနေ ့က ကျွန်မဘာကြောင့်ရယ်မသိ အရေးတကြီး အတန်းလစ်ဖို ့
လုပ်နေစဉ် ဌာနမှူးက အတန်းထဲ ဝင်ချလာသည်။

ပျားတုပ်နေသော ကျွန်မသည် အမြဲတမ်း ဗလိမ်းဗကျန် အကြံထွက်သည့်အတွက် ခင်ရသော သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ဌာနမှူးကျောက်သင်ပုန်းတွင်စာလှည့်ရေးသည့် အချိန်
ကျွန်မဧ။် လွယ်အိတ်ကို အောက်သို ့ပစ်ချပေးရန် အကူအညီတောင်းပြီး ဌာနမှူးကို အိမ်သာဟု ပြောကာ
ထွက်လာခဲ့လေသည်။

ကျွန်မတို ့နောက်ဆုံးနှစ် ဂျပန်မေဂျာ အပါအဝင် အခြားသော မေဂျာတန်းသည် ၃ထပ်တွင် ရှိသည့်အတွက် အချက်ပြပြီးသည့်နောက် သူငယ်ချင်းလွယ်အိတ်ပစ်ချပေးပြီး ကျလာသည့်အခါ ကျွန်မ အောက်မှ စောင့်ဖမ်းပါသည်။ ကံဆိုးခြင်းများစွာဖြင့် ကျွန်မစောင့်ဖမ်းသည့်နေရာသည် အောက်ထပ်ရှိ ဒုတိယနှစ် ဂျပန်မေဂျာတန်းဖြစ်နေသောအခါ ဝုန်းဟူသော အသံနှင့်အတူ
ဆရာမဧ။် မျက်စောင်းထိုးခြင်းများ၊ ကျောင်းသူများဧ။် တခွိခွိ ကြိုတ်ပြုံးများ ရယ်သံများကို ခံပြီး လစ်ခဲ့ရသည်ကို မှတ်မိနေပါဧ။်။

နောက်ထပ် အမှတ်ရနေသည်ကတော့ နောက်ဆုံးနှစ် စာမေးပွဲများ မကျင်းပခင်
ဆရာ၊ဆရာမများကို ကန်တော့သည့်နေ ့က ဆရာနှင့် ဆရာမ အချို ့ဧ။်
တရှိူက်မက်မက်ငိုသံများကို ကြားရလေသည်။ အတန်းထဲတွင် ဟေးလားဝါးလား လုပ်တတ်သော ကျွန်မသည် ထိုနေ ့က တနေ ့လုံးဘယ်သူ ့ကို မှ စကားမပြောနိုင်ခဲ့ပါ။ အတန်းထဲတွင် ထိုင်နေကြသော
သူငယ်ချင်းများကို ဂရုတစိုက်ဖြင့် တစိမ့်စိမ့်ကြည့်မိသည်။ ရေစက်ပါလို ့တွေ ့ရခြင်းဖြစ်သည်ဟု ဆိုခြင်းသည် အမှန်ပင် ဖြစ်လေသည်။ အတန်းထဲတွင် မန္တလေးသူ၊မန္တလေးသားများအပြင်
ကချင်၊ချင်း၊မွန်၊ရှမ်း အစရှိသော တိုင်းရင်းသားများ၊ အခြားသော နယ်အသီးသီးမှ လာရောက်ကြသူများ
သည် ကျောင်းပြီးပါက ပြန်တွေ ့ဖို ့မလွယ် ဆိုသည်ကို ထို နေ့ကမှ တွေးမိခဲ့ခြင်းဖြစ်သည်။

၃နှစ်တာ ကာလအတွင်း ကျွန်မတို ့တွေ စာမရသည့် အခါ အတူ စိတ်ညစ်ခဲ့ဘူးကြသည်၊
စိတ်အခန် ့မသင့် လျှင် ရန်ဖြစ်ခဲ့ကြဘူးသည်၊ မဖြစ်မနေတော့လည်း ပြန်ချစ်ခဲ့ဘူးသည်၊ဆရာ မလာတော့ဘူးဆိုသည့် အချိန်များ၊ အားကစားပွဲများတွင် အတူပျော်ခဲ့ဘူးကြသည်။

အချိန်တို ့သည် မြစ်ရေပမာ တသွင်သွင်စီးဆင်းနေကြသည်။ ကျွန်မတို ့တက္ကသိုလ်ကျောင်းသူဘဝ
သည် မြစ်ရေယဉ်ကြောတွင်တော့ အတူ မျောပါခဲ့ကြပေသည့် ၊ ကျောင်းအပြီး ဘဝတက္ကသိုလ်ထဲသို ့
အဝင်တွင်တော့ အားလုံးသည် နက်ရှိူင်းသည် ့ပင်လယ်ကြီးထဲသို ့ရောက်ရှိခဲ့ကြပါသည်။

ပင်လယ်ထဲရောက်သည့်အခါတွင်တော့ ကိုယ့်ဘဝကိုယ် ပဲ့ကိုင်ရင်း ကိုယ့်လှေကိုယ် မတိမ်းမှောက်အောင် စွမ်းဆောင်ရင်းဖြင့် တခါတရံ စိတ်ညစ်မိသည်များ စိတ်ဖိစီးမှုများ ရှိသည့် အခါ
ကျောင်းသူဘဝလောက် လွတ်လပ်ပေါ့ပါးမှုများ မရှိတော့သည်ကို နားလည်လာသည့်အတွက် ထိုဘဝကိုပြန်လည်တွေးရင် လွမ်းမောမိသည်။

မန္တလေး တက္ကသိုလ်ကြီးသည် သစ္စာရှိရှိ မပျက်မကွက်ဒီအချိန်ဆို တမာရွက်တွေ ကြွေတော့မည်။ လမ်းတလျှောက်မြေသင်းနံ့၊ တမာနံ ့များ ပျံ ့လွင့်တော့မည်။ သူသည် ကြိုဆိုခြင်း၊ ခွဲခွာခြင်းများကို
ကောင်းကောင်းသိသည့် ဝါရင့် တက္ကသိုလ်ကြီး ဖြစ်သည်။ သည့်အတွက် ကျွန်မသူ နှင့်အတူ
သူငယ်ချင်းများ၊ဆရာ၊ဆရာမများကို လွမ်းမောခြင်းများကိုလည်း ကောင်းကောင်းကြီး နားလည်ပေလိမ့်မည်။ ဘဝအချိန်ရထားထဲတွင် ပျော်ရွှင်ခဲ့သော တပေါင်းနွေဦးရာသီများသည်

ကျောင်းပြီးကတည်းက သက်ဝင်လှုပ်ရှားမှုမဲ့ခဲ့ပြီး သူစိမ်းဆန်နေခဲ့သည်မှာ နှစ်ကာလ လွန်ကြာညောင်းခဲ့ပေပြီ…..။

11 comments

  • KZ

    January 29, 2014 at 6:01 pm

    ဒီ ဘဝမှာ ပြန်မရတာတော့ အသေအချာပေါ့။
    ပေါ့ပါးပျော်ရွှင်လွတ်လပ် ကာလများးးး

  • kyeemite

    January 30, 2014 at 9:03 am

    လွမ်းမောဘွယ်ရာတက္ကသီလာကို ဘယ်သူမှမေ့နိုင်ကြမယ်မဟုတ်ပါဘူး…

  • Mr. MarGa

    January 30, 2014 at 10:01 am

    လွမ်းပါတယ်ဆိုမှ ထပ်လွမ်းအောင်လုပ်နေတယ်
    အင်းပေါ့လေ
    ခဏတဖြုတ် ရောက်သွားတာမှမဟုတ်တာ
    နှစ်တွေကြာတော့ သံယောဇဉ် ဆိုတာ ဖြစ်လာမှာပဲကိုး
    ပြောရင်း ကျောင်းကြီးကို ပြန်သွားချင်လာပြီ 🙁

  • မီ မီ

    January 30, 2014 at 11:09 am

    ဖတ်သွားပါတယ်

  • ဟုတ်တယ်နော်..အခုတော့လည်း အချစ်ဆုံးဆိုတဲ့ သူငယ်ချင်းတွေတောင် မတွေ့ဖြစ်တာ လနဲ့ချီပြီးကြာတယ်… တက္ကသိုလ်ဘဝက အပျော်ဆုံးပဲ… ဘာသာစကားဆိုတော့ စာတွေလည်း အများကြီးကျက်စရာမလိုဘူး.. စည်းကမ်းတင်းကျပ်ပါတယ်ဆိုတဲ့ UFL မှာ ကျောင်းပြေးရတာကလည်း ပျော်စရာ.. အစ်မစာကို ဖတ်ပြီးမှပဲ ပိုလွမ်းလာတယ်.. 🙁

  • kai

    January 31, 2014 at 5:11 am

    ယူအက်စ်မတော့.. တက္ကသိုလ်က.. အချိန်မရွေးသွားနိုင်…ပြန်တက်နိုင်ကြသဗျ..
    လူတွေများ.. ကြားထဲအလုပ်ပြုတ်..အလုပ်နားရရင်.. ပညာသင်ကြ..ကျောင်းပြန်တက်ကြရောပဲ..
    အဲဒီကနေ.. တဆင့်မြင့်တဲ့ပညာရေးနဲ့.. အလုပ်သစ်လျှောက်ကြပြန်တာပေါ့..

    မြန်မာပြည်လည်း.. အဲဒီ “ကျည်ပွေ့အတက်ပေါက်ပညာရေး”လုပ်သင့်လှတယ်..။

    • Shwe Ei

      January 31, 2014 at 8:49 am

      သဂျီးကွန်မန့်ဖတ်ပီး ကျောင်းပြန်တက်ရရင်ကောင်းလှမယ်လို့ တွေးမိပေမဲ့…

      ကျောင်းတက်ဖို့ ပချံဘယ်ကရမလဲ ဆက်တွေးမိရင် ငိုချင်သွားတယ် :'(

  • Shwe Ei

    January 31, 2014 at 8:59 am

    တက္ကသိုလ်ကျောင်းသူဘဝ အမှတ်ရစရာတွေက ပြောလို့မကုန်နိုင်အောင်ဘာဘဲ

    ကျောင်းလစ်ရတဲ့အရသာလဲ ကြိုက်မှကြိုက်.. အဟိ

    ၃နှစ်လုံးလုံး အိပ်ချိန်တချိန်ကလွဲပီး တတွဲတွဲနေခဲ့ကြတဲ့ သံယောဇဉ်က နည်းမှမနည်းဘဲ

    ဒါတောင် မခွဲနိုင်လွန်းလွန့် အိမ်မှာမနေဘဲ နယ်ကသူငယ်ချင်းတွေနေတဲ့ အဆောင်မှာပဆံပေးပီး သွားနေတဲ့ သများလို ဆတ်ဆလူးနတ်ပူးက ရှိသေးတယ်…ခွိ

    စာမွဲနောက်ဆုံးနေ့ကျတော့ ဝမ်းနည်းလွန်းလို့ စကားမပြောနိုင်ဖစ်ကြ…..

    နောက်ဆုံးဘယ်လိုမှ မနေနိုင်လို့ အညာသူအညာသားများပီပီ ပုဂံဘုရားဖူးခရီးစဉ်ဖြစ်အောင် စီစဉ်လိုက်မိတော့ပိုဆိုး….

    ဒါပီးရင် တကယ်ခွဲရတော့မှာဟလို့ ပြောပြီးငိုတဲ့လူနဲ့…အိုက်ဂလိုမပြောဘဲ ကျိတ်ငိုတဲ့လူနဲ့

    တွေးးးတွေးးးပီးဝမ်းနည်းပါတယ်အေ 🙁

  • moonpoem

    January 31, 2014 at 9:33 am

    ဒီပို့စ်ထဲက ကွန်မန့်ကများပေမယ့် အီးမေလ်းထဲမှာကျတော့ ကိုမာဃမန့်တာပဲပေါ်တာ ဘာဖြစ်လို့လဲဟင်။ ပြောပြကြပါဦး

    • Mr. MarGa

      January 31, 2014 at 9:51 am

      သဂျီး ရဲ့ မေးလ် စစ်စတမ် အူကြောင်ကျား လုပ်နေလို့ ဖြစ်ပါကြောင်း…….

  • မဟာရာဇာ အံစာတုံး

    January 31, 2014 at 1:38 pm

    ကိုယ်ဒိုင် တက္ကသိုလ် ကျောင်းသူဘဝ မရောက်နိုင်လည်း
    ကိုယ့်သွေးသားတွေကို ကိုယ်စား ပို့လို့ ရတာပဲ ..
    ကိုင်း .. ဒီတော့ကာ ..

Leave a Reply