ဒီကဗျာက နည်းနည်းတော့ အဝင်ဆိုးမယ်။
ဟေ့ယောင်….ဟေ့ကောင်..။
ငါက မင်းလို
တောင်ပေါ်မှာ သီးတဲ့ သစ်သီးမဟုတ်ဘူး။
ငါက မြေဇာပင်ပါ။
ခင်မင်မှုကို အပ်ချည်နဲ့ချုပ်လို့
ရင်းရင်းနှီးနှီး အရောင်တွေဆိုးခဲ့တာ..။
ငါ….
လူတွေကို ရူးရူးမူးမူး(အရက်မူးတာမဟုတ်) မခင်ချင်တော့ဘူး။
ဘာကြောင့်ဆိုတော့..။
ငါရက်လုပ်ထားတဲ့ ခင်မင်မှု ပိုးချည်…။
ဓားသွားထက်ထက်နဲ့ တစ်ဖြည်းဖြည်း အဖြတ်ခံရလို့…..။
ငါက..ဘဝကအရက်ပုလင်ခွံထဲက ယင်ကောင်လိုအထီးကျန်လှတယ်။
ဒါကြောင့်
အပေါင်းတွေရှာတိုင်း
အနုတ်ဖြစ်ဖြစ်သွားရတယ်။
ဟေ့ယောင်(……….)ပဲ။
(ကွက်လပ်)ထဲမှာ ကြိုက်တဲ့ စာသားကို ထည့်လိုက်။
ငါက…
$ဆံမလိုဘူး…..။
အပေါင်းသင်းလိုတယ်။..။
ငါက..။
အာဂ
(နားနာမနာပဲ မျက်လုံးနဲ့သာနာကျပါကုန်လော့ ပျင်းလို့ရေးလိုက်တာပါ)
7 comments
TNA
February 11, 2014 at 10:23 pm
အတော်ဆိုးပါတယ်အေရယ်။ :byee:
alinsett ( Gazette )
February 12, 2014 at 7:14 am
ကွက်လပ်ထဲမှာ ကွက်လပ်တစ်ခု ထပ်ထည့်ပြီး ဖတ်လိုက်တယ်
:kwi:
သိပ် အဝင် မဆိုးလှပါဘူး။
အဲ့လို စာသားမျိုးတွေနဲ့
တခါတလေပေါ့
ကိုယ်လည်း ရေးချင်တယ်
မမချွိ
February 12, 2014 at 11:31 am
ပျားရည်လေးနဲ့ သောက်သွားးး
အဲ
ဖတ်သွားပါတယ်။
😀
Paing Lay
February 12, 2014 at 3:27 pm
Grand နဲ့ Spy ကို ရောသောက်လိုက်ရတဲ့ အတိုင်းပဲ 😀
myat pearl phyu
February 13, 2014 at 3:36 pm
ရဒယ် ..နှပ်ခေါင်းပိတ်ပြီး မြိုချလိုက်ဒယ်..မြန်မာဆေးခါးဒွေရိုပေါ့ …
အရိပ်စစ်
February 17, 2014 at 12:57 am
တူများတွေရဲ့ ပျားရည်လေးတွေ တောင်းပြီး
တိမီးလည်း ဖတ်သွားပါတယ်နော်
အာဂ
February 18, 2014 at 3:23 pm
အခုလိုဖတ်ရှုကြသူအားလုံးကို ကျေးကျေးပါ..။….