မိုးပျံဆရာတော်ကြီးဟောသောတရား။
၁၃၄၂-ခု၊တပို ့တွဲလဆန်း(၅)ရက်၊ပထမနေ ့။
လွန်ခဲ့သောအနှစ်(၃၀)ခန် ့ကဖြစ်ပါသည်။မြန်မာဗုဒ္ဓဘာသာဝင်တို ့၏အသိုင်းအဝိုင်းတွင်
မိုးပျံဆရာတော်ကြီးတစ်ပါး၏ဓါတ်ပုံကိုဖူးမြင်ပူဇေါ်ကြရဖူးပါသည်။ထိုအချိန်ခါကကျေးဇူးတော်
ရှင်တောင်ပုလုဆရာတော်ဘုရားကြီးကမြန်မာပြည်အနှံ ့လှည့်လည်တရားခြီးမြှင့်တော်မူကာ
ထင်ရှားကျော်ကြားနေသောအချိန်လည်းဖြစ်ပါသည်။အချို ့ကဆရာတော်ကြီး၏ပုံတော်ဟူ၍
ယူဆကြပါသည်။အချို ့ကလည်းမြန်မာပြည်တောတွင်းတစ်နေရာတွင်သီတင်းသုံးနေတော်မူ
သောဂျူံးဂျူံကျဆရာတော်ဘုရားဟူ၍ထင်မှတ်ကြပြန်ပါသည်။ပုံတော်နှင့်ပါတ်သက်၍ကွဲပြား
သောအဖြေမထွက်ပေါ်ခဲ့ပါ။မိုးပျံဆရာတော်ကြီးဟူ၍သာ၊ထိုစဉ်အခါကမိမိကိုယ်တိုင်လည်း
စိတ်မှာကြည်ညိုပူဇေါ်ခဲ့ရပါသည်။ဓါတ်ပုံတွင်ဖူးမြင်ရသောပုံတော်မှာသက်တော်ရွယ်တော်က
အတန်ကြီးမြင့်တော်မူနေပါသည်။ဘေးတစ်စေါင်းမှဖူးမြင်ရသောပုံတော်ဖြစ်ပါသည်။ပုံတော်
အရလက်တော်များအရိုးပြိုင်းပြိုင်းနှင့်အိုမင်းသောအမူအရာရှိပါသည်။
မိမိမှာထိုစဉ်အခါကမန္တလေးမြို ့၊ဗေါဓိကုန်းရပ်၊မဟာဗေါဓိဝိပဿနာယောဂီကမ္မဋ္ဌာန်းတိုက်
တွင်အလုပ်လုပ်ရင်းနေထိုင်သောကာလဖြစ်ပါသည်။ကမ္မဋ္ဌာန်းတိုက်ကြီး၏ဝေယျာဝစ္စလုပ်ငန်း
များကိုလုပ်ကိုင်ရင်းအားလပ်ချိန်တွင်ကမ္မဋ္ဌာန်းတိုက်ကြီးမှညွှန်ပြသောတရားနည်းစနစ်ဖြင့်
တရားဘာဝနာများပွားများနေသောအချိန်လည်းဖြစ်ပါသည်။၁၃၄၂-ခုနှစ်၊တပို ့တွဲလတွင်၊ကမ္မ
ဋ္ဌာန်းတိုက်၏ဝေယျာဝစ္စလုပ်ငန်းများအနည်းငယ်အားလပ်သောအချိန်အခါဖြစ်သောကြောင့်၊
အုပ်ချုပ်သူတို ့အားခွင့်ပန်ကာတရားအဓိဋ္ဌာန်ဖြင့်(၁)လအားထုတ်ရန်ရည်သန်လျက်တရားဝင်
နေပါသည်။ထိုအချိန်ကာလတွင်မိုးပျံဆရာတော်ကြီး၏ပုံတော်ကိုဖူးမြင်ကြည်ညိုခွင့်ရခဲ့ပါသည်။
မိမိတရားဝင်ရက်(၅)ရက်မျှသောတစ်နေ ့တွင်မိမိတို ့အားအုပ်ချုပ်သောသီလရှင်ဆရာကြီး
ဒေါ်စိတြာကရောက်လာ၍၊မိမိအားမိုးပျံဆရာတော်ကြီး၏ပုံတော်ကိုပေးပါသည်။ပုံတော်ကိုပေး
ရင်းပြောခဲ့သည်မှာ၊
`ဒီ-ဆရာတော်ကြီးကမိုးပျံဆရာတော်ကြီး၊ထူးခြားတယ်။မင်း တရားအားထုတ်နေတဲ့အချိန်
မှာ ဒီဆရာတော်ကြီးပုံတော်ကိုပူဇေါ်ထားပြီးတော့ဆုတောင်း၊အရှင်ဘုရားသိမြင်တော်မူတဲ့
သစ္စာလေးပါးတရားတော်ကိုရှင်းရှင်းလင်းလင်းသိမြင်ပါရစေ-လို ့ပဲဆုတောင်းပါ။တောင်တောင်
အီအီတွေလျှောက်ပြီးတော့ဝေဖန်မနေနဲ ့။´-ဟူ၍ဖြစ်ပါသည်။
မိမိသည် ထိုစဉ်အခါကလူငယ်ဘဝဖြစ်ရာ၊အရာရာကိုလွန်စွာဝေဖန်ဆန်းစစ်တတ်သော
အလေ့အထပြင်းထန်နေသောအချိန်ဖြစ်သည်။ထို ့ကြောင့်လည်းမိမိအကြောင်းကိုသိထား
သောသီလရှင်ဆရာကြီးကသတိပေးစကားပြောခဲ့ခြင်းဖြစ်ပါသည်။သီလရှင်ဆရာကြီးကလာပို ့
သောကြောင့်သာလက်ခံ၍ခေတ္တမျှစူးစူးစိုက်စိုက်ကြည့်ရှုကြည်ညိုလိုက်ပါသည်။တိမ်သားများ
သဖွယ်ရေးရေးငွေ ့ငွေ ့များကြားမှပုံတော်ကိုသာမန်မျှသာသဘောထားမိပါသည်။လေးလေး
နက်နက်ခံစားမှုမရှိလှပါ။မိမိအားထုတ်နေသောကမ္မဋ္ဌာန်းကျောင်းအမှတ်(၃၂)(သဲတော
ကျောင်း)၏ဘုရားစင်ပေါ်သို ့ပူဇေါ်တင်ထားလိုက်ပါသည်။ထို ့နောက်သီလရှင်ဆရာကြီးမှာ
ထားခဲ့သည့်အတိုင်းရိုသေစွာဝပ်ချရှိခိုးကန်တော့လျက်၊ဆုတောင်းမှုကိုလည်းပြုလိုက်ပါသည်။
ထို ့နောက်မိမိအားထုတ်ဖွယ်ရာအလုပ်နှင့်ဆက်စပ်ရာကိုသာဆက်လက်ဆောင်ရွက်ရင်းအမှု
မထားမိတော့ပါ။စိတ်ထဲတွင်လည်းဆရာတော်ကြီးပုံတော်နှင့်ပါတ်သက်၍စွဲစွဲလန်းလန်းမရှိပါ။
ညနေပိုင်း(၄)နာရီကျော်အချိန်ဖြစ်ပါသည်။မိမိသည်အရှေ ့ပဋိပတ္တိဓမ္မာရုံကြီးအတွင်းမှကမ္မ
ဋ္ဌာနာစရိယဆရာကြီးဦးမြင့်စိန်ကယောဂီများအားတရားသိမ်းပေးရင်း၊တရားဂါထာများရွတ်ဆို
နေသံကိုကြားနေရပါသည်။ဆရာကြီး၏ကြည်လင်သောတရားရွတ်သံကိုပီပီသသကြားရ သ
ဖြင့် နားစိုက်ထောင်မိရင်းထွက်လေဝင်လေကိုပင်ရှုမှတ်ပွားများနေပါသည်။ဆရာကြီး၏တရား
သံကဆုံးသွားပါပြီ။ဓမ္မာရုံအတွင်းမှယောဂီများတရားသိမ်းကြမည်ဖြစ်ပါသည်။သို ့သော်မိမိ
ကိုယ်တိုင်၏တစ်ကိုယ်ရေအားထုတ်မှုကမဆုံးသေးပါ။ဆက်လက်ရှုမှတ်နေမိပါသည်။ခန္ဓာ
ကိုယ်တွင်းငြိမ်ဆိတ်စွာရှုမှတ်နေရာမှ ရုတ်တစ်ရက်လေပွေကလေးတစ်ခုထသကဲ့သို ့၊ခေါင်း
ထဲမှာဆူညံရစ်ဝေ့ကာတစ်စုံတစ်ရာအသံကိုကြားလိုက်ရပါသည်။ပီသရှင်းလင်းသော်လည်း
မကွဲပြားပါ။ထိုရစ်ဝေ့စုဝန်းမှုလေးကိုမိမိသည်အသေအချာစူးစိုက်နေမိပါသည်။စူးစူးစိုက်စိုက်
နားထောင်နေရင်းမှစကားအဓိပ္ပါယ်တစ်ခုထင်ရှားပေါ်လွင်လာပါသည်။ထိုစကားမှာ၊
`တရားရချင်ရင်၊စားချင်တာပယ်။´
-ဟူ၍ ဖြစ်ပါသည်။မိမိမှာဘာပါလိမ့်-ဟူသောအတွေးမျိုးဖြင့်ထပ်၍စူးစိုက်နေမိပါသည်။
ထိုစကားကိုပင်ကြားနေရသကဲ့သို ့ဖြစ်နေပါသည်။မိမိစိတ်အတွင်းမှာမိမိဖာသာပြန်ကြားနေရ
ခြင်းဖြစ်ပါသည်။မိမိကိုယ်တိုင်၏အတွေးမျိုးဖြင့်ပေါ်သောစိတ်အတွေးအစဉ်အတန်းလည်း မ
ဟုတ်ပါ။တစ်စုံတစ်ယောက်ကမိမိခန္ဓာအတွင်းကပြောနေသောအသံဖြစ်ပါသည်။ဘေးနားမှ
ပြောနေသည့်အသံမျိုးလည်းမဟုတ်ပါ။မိမိဘဝတွင်ဤကဲ ့သို ့အခြင်းအရာမျိုးကိုဦးစွာကြုံတွေ ့
ရခြင်းဖြစ်ပါသည်။ထို ့နောက်ရုတ်တစ်ရက်စိတ်ထဲမှာသိမြင်သဘောပေါက်မိလိုက်သည်မှာ၊
`ဟာ၊မိုးပျံဆရာတော်ကြီးကငါ့ကိုဆုံးမနေတာ။´-ဟူ၍သိလိုက်ပြီး၊ကပျာကယာလက်အုပ်ချီ
လိုက်မိပါသည်။မိမိတစ်ကိုယ်ရေကျောင်းခန်းတံခါးပိတ်လျက်တရားအားထုတ်နေခြင်းဖြစ်ရာ၊
ဘေးနားတွင်မည်သူမျှမရှိပါ။မိမိကိုဘေးကမြင်ကြရလျှင်တရားမှတ်နေရင်းကလက်အုပ်ချီနေ
သည်-ဟုသာမြင်ကြရမည်ဖြစ်ပါသည်။သို ့သော်မိမိမှာဆရာတော်ကြီးကရုတ်တစ်ရက်ကြွလာ
၍အမိန် ့ရှိနေသကဲ့သို ့သာခံစားနေမိရပါသည်။မိမိ၏စိတ်ထဲတွင်မိမိကိုယ်တိုင်နှင့်ဆရာတော်
ကြီးနှစ်ကိုယ်ကွဲပြားသွားပါသည်။မိမိကဆရာတော်ကြီးအားလက်အုပ်ချီလျက်ကသုတ်ကရိုက်
လျှောက်ထားနေပါသည်။
`မှန်ပါဘုရား၊မှန်ပါဘုရား၊အမိန် ့ရှိတော်မူပါဘုရား။´-ဟူ၍၊သက်တော်ထင်ရှားကိုလျှောက်
သကဲ့သို ့လျှောက်လိုက်မိပါသည်။မိမိမှာအစားအသောက်-ဝင်းဝင်းတောက်-ဟူသောအဆိုကဲ့
သို ့အစားအသောက်ကိုအလွန်မက်မောခုံမင်ခဲ့သူဖြစ်ပါသည်။ထို ့ကြောင့်လည်း၊`တရားရချင်
ရင်၊စားချင်တာပယ်။´-ဟူသောရိုးရိုးရှင်းရှင်းအဆုံးအမကိုကြားရလိုက်သောအခါ၊မိမိ၏ချွတ်
ယွင်းချက်တစ်ခုကိုထောက်ပြခြင်းခံလိုက်ရသကဲ ့သို ့၊စိတ်ထဲမှာနင့်နင့်နဲနဲခံစားလိုက်မိရပါ
သည်။ဆရာတော်ကြီးအားလျှောက်ထားလိုက်သည်နှင့်၊အသံတစ်ခုကြားလိုက်ရပြန်ပါသည်။
`တရားရချင်ရင်၊ အိပ်ချင်တာပယ်။´-ဟူ၍ဖြစ်ပါသည်။ငယ်စဉ်အခါကမိမိ၏မိခင်ကမနက်
တိုင်းပြောသောစကားရှိသည်။`ဟဲ့၊နေဖင်ထိုးအောင်အိပ်မနေကြနဲ ့၊ထကြထကြ။´-ဟုနေ ့စဉ်
ကြားရလေ့ရှိသည်။ကြားပင်ကြားနေရသော်လည်း၊မထမဖြစ်ထရသောနေ ့မှလွဲ၍စောစောထခဲ့
သောအလေ့အကျင့်မရှိခဲ့ပါ။အအိပ်ကိုလည်းလွန်စွာခုံမင်ခဲ့သူဖြစ်ရာဤအဆုံးအမကိုကြားလိုက်
ရသောအခါ၊ထိထိခိုက်ခိုက်ခံစားမိလိုက်ရပြန်ပါသည်။ထို ့ကြောင့် ဆရာတော်ကြီးအားထပ်မံ၍
လျှောက်ထားလိုက်ရပါသည်။
`မှန်ပါဘုရား၊မှန်ပါဘုရား၊နောက်ထပ်ဘာပယ်ရဦးမှာလဲဘုရား။´-ဟူ၍ဖြစ်ပါသည်။မိမိမှာ
ကမ္မဋ္ဌာန်းတိုက်အတွင်း၌လုပ်ငန်းတာဝန်များသူဖြစ်သည်။ထိုစဉ်အခါကမဟာဗေါဓိစေတီတော်
ကြီးတည်ဆောက်နေသောအခါဖြစ်ရာ၊ဘုရားဖူး၊အလှူလာသူ၊ဧည့်သည်၊ယောဂီစသည်တို ့နှင့်
မပြတ်မလပ်တွေ ့ကြုံဆက်ဆံနေရသည်။စကားပြောမြန်သောအလေ့အကျင့်အလိုလိုရနေပါ
သည်။ကပျာကယာပြော၊ကသုတ်ကရိုက်လုပ်သောအလေ့အကျင့်လည်းဖြစ်နေရပါသည်။ထို ့
ကြောင့်မိမိပုံစံအတိုင်းခပ်မြန်မြန်ပင်လျှောက်ထားမိရာ၊
`တရားရချင်ရင်၊ ကြည့်ချင်တာပယ်။´-ဟူသောအသံကိုကြားလိုက်ရပါသည်။`ဟာ´-ဟူ၍
မိမိဖာသာရွတ်လိုက်မိပြန်ပါသည်။အိပ်ရာဝင်သောအခါတွင်မှ၊မျက်စိနှစ်လုံးအနားပေးခဲ့ပြီး
ကြည့်စရာ၊ရှူစရာမှန်သမျှစိတ်ဇောကြီးစွာနှင့်ကြည့်မိရှုမိတတ်သောမိမိအဖို ့ကြားလိုက်ရသော
အဆုံးအမများသည်စိတ်ထဲမှာလှိုက်လှိုက်လှဲလှဲကြီးပင်ခံစားနေမိရပါသည်။မိမိ၏ခန္ဓာကိုယ်
ပေါ်တွင်ပေါက်နေသောအနာဒဏ်ရာမှအနာဖေးများကိုခွာချခံလိုက်ရသောအခါခံစားရမိသော
ပုံစံနှင့်တူလှပါသည်။အနာဖေးတစ်ချပ်ချင်း၊တစ်ချပ်ချင်းခွာချခံရသောအခါ၊ထိလည်းထိ၊နာ
လည်းနာ၊ခံစားရတာလည်းပြေလျော့သက်သာသွားသကဲ့သို ့အဖြစ်မျိုးပင်ဖြစ်သည်။ဆရာတော်
ကြီး၏အဆုံးအမစကားတော်များမှာလည်း`တရားရချင်ရင်။´-ဟူသောစကားကတွဲလျက်ပါနေ
သည်ဖြစ်ရာ၊တစ်ခွန်းကြားလိုက်ရတိုင်းတစ်ခွန်းကအလွန်ပင်စီးပိုင်လေးနက်ကာအရသာတစ်
မျိုးထွက်ပေါ်နေပါသည်။ထို ့နောက်ထပ်မံ၍လျှောက်ထားလိုက်မိပြန်ပါသည်။
`မှန်ပါဘုရား၊မှန်ပါဘုရား၊ပြီးတော့ဘာပယ်ရဦးမှာလဲဘုရား။´-ဟုလျှောက်ထားလိုက်မိရာ၊
မိမိလျှောက်ထားမှုဆုးံသည်နှင့်အဖြေကမဆိုင်းမတွ၊တည်တည်ငြိမ်ငြိမ်ပင်ထွက်ပေါ်လာသည်။
`တရားရချင်ရင်၊ကြားချင်တာပယ်။´-ဟူ၍ဖြစ်ရာ၊မိမိမှာသီချင်းသံမှအစ၊ ကြားစရာမှန်သမျှ
ကိုစိတ်ဝင်စားနားထောင်ဝေဖန်၊ဆန်းစစ်တတ်သူဖြစ်ရာထိုအဆုံးအမကိုကြားလိုက်ရသောအခါ
အလွန်ပင်ပီတိဖြစ်၊နှစ်သက်သွားရပြန်ပါသည်။ထို ့နောက်ဆရာတော်ကြီးအားထပ်မံလျှောက်
ထားမေးမြန်းမိရပြန်ပါသည်။
`မှန်ပါဘုရား၊မှန်ပါဘုရား၊နောက်ထပ်ရောဘာပယ်ရဦးမှာလဲဘုရား။´-ဟုလျှောက်ထား
လိုက်ရာ၊`တရားရချင်ရင်၊ သွားချင်တာပယ်။´-ဟူသောအဖြေကိုကြားရမိလိုက်ပြန်ပါသည်။
မိမိမှာအရွယ်ရောက်သောအခါမှစ၍အိမ်မှာကပ်လေ့မရှိပါ။သူငယ်ချင်းအပေါင်းအသင်းများဆီ၊
၈၄-လမ်းပြန်ကြားရေးစာကြည့်တိုက်(နောင်အခါဟံသာဝတီသတင်းစာတိုက်ဖြစ်လာသည်)၊
နောက်-၂၆လမ်းပြန်ကြားရေးစာကြည့်တိုက်(နောင်အခါသီရိမင်္ဂလာခန်းမဖြစ်သွားသည်။)နှင့်
၈ဝလမ်း-ကျုံးနံဘေးရှိစာကြည့်တိုက်ပြတိုက်များဆီသို ့အမြဲရောက်၊အမြဲသွားနေတတ်ခဲ့ပါ
သည်။ထိုစဉ်အခါကလူစည်ကားသောမန္တလေးညဈေးတန်းသည်မိမိညစဉ်ညတိုင်းမဖြစ်မနေ
သွားသောနေရာဖြစ်ခဲ့ပါသည်။ဘာမျှမဝယ်နိုင်ပါသော်လည်းဟိုငေးဒီမောရင်းသွားခဲ့သောနေ
ရာဖြစ်ခဲ့ပါသည်။အိမ်ပြန်ချိန်နောက်ကျသောကြောင့်အမဖြစ်သူကတံခါးဖွင့်မပေး၍၊အိမ်နောက်
ဖေးကမန်ကျည်းပင်ပေါ်တက်ကာတစ်ညမိုးလင်းခဲ့ဖူးလောက်အောင်ပင်အသွားအလာကိုမဆင်
မခြင်သွားခဲ့သူဖြစ်သည်။ဆရာတော်ကြီး၏အဆုံးအမတစ်ခွန်းကြားလိုက်ရတိုင်း၊စိတ်ထဲမှာ
လှိုက်လှဲ နင့်သည်းစွာခံစားမိရသည်ချည်းဖြစ်ပါသည်။ဆရာတော်ကြီးနှင့်လည်းရင်းနှီးသလိုလို
ဖြစ်လာပါသည်။ထို ့ကြောင့်ထပ်မံ၍၊
`မှန်ပါဘုရား၊မှန်ပါဘုရား၊နောက်ထပ်ရောဘာပယ်ရဦးမှာလဲဘုရား၊´-ဟုလျှောက်ထား
လိုက်ရာ၊ကြားလိုက်ရသောအဆုံးအမကြောင့်မိမိမှာရုတ်တစ်ရက်ပင်၊ကိုယ့်ဖာသာကိုယ်မသိ
လိုက်မိတော့ပဲ`ဝုန်း´-ကနဲ၊မတ်တပ်ထရပ်လိုက်မိပါတော့သည်။ကြားလိုက်ရသောစကားတော်
မှာ၊`တရားရချင်ရင်၊တွေးချင်တာပယ်။´-ဟူ၍ပင်ဖြစ်ပါတော့သည်။မိမိမှာအတွေးအလွန်ခေါင်
သူဖြစ်ပါသည်။လူတစ်ယောက်၊အကြောင်းအရာတစ်ခုကိုတွေးမိလျှင်မီးခိုးမဆုံး၊မိုးမဆုံး-ဆိုသ
ကဲ့သို ့ပင်တွေးလေ့ရှိသည်။ငယ်စဉ်ကဖတ်ရဖူးသောအုန်းသီးထဲကိုဘယ်သူရေထည့်သွားတာ
လဲ၊ခေါင်းကဆံပင်မွှေးကအမြစ်ထွက်ပြီးမုတ်ဆိတ်မွှေးပေါက်လာတာလား။ဟူသောအတွေးမျိုး
ကဲ့သို ့ပင်တောင်စဉ်ရေမရတွေးနေတတ်ခဲ့သည်။ထို ့ကြောင့်မိမိ၏အဓိကချွတ်ယွင်းချက်တစ်ခု
ကိုတိုက်ရိုက်အထိခံလိုက်ရသကဲ့သို ့ဖြစ်သွားပါသည်။အရှိုက်ကိုအထိခံလိုက်ရသကဲ့သို ့မိမိ
ကိုယ်ကိုမိမိမထိန်းနိုင်တော့သောကြောင့်မတ်တပ်ထရပ်လိုက်ခြင်းပင်ဖြစ်ပါသည်။ထို ့နောက်
ပေသုံးဆယ်ခန် ့အလျားရှိသောကျောင်းခန်းလေး၏ကြမ်းပြင်ပေါ်မှာခေါက်တုံ ့ခေါက်ပြန်လမ်း
လျှောက်နေမိပါသည်။
`တရားရချင်ရင်၊ စားချင်တာပယ်။´။`တရားရချင်ရင်၊အိပ်ချင်တာပယ်။´၊တရားရချင်ရင်၊
ကြည့်ချင်တာပယ်။´၊`တရားရချင်ရင်၊ကြားချင်တာပယ်။´၊`တရားရချင်ရင်၊သွားချင်တာပယ်။´
`တရားရချင်ရင်၊တွေးချင်တာပယ်။´-ဟူသောဆရာတော်ကြီး၏အဆုံးအမစကားတော်များ
သည်မိမိ၏စိတ်ထဲတွင်တစ်ဝဲဝဲ၊တစ်ရစ်ရစ်လည်နေပါသည်။ကမ္မဋ္ဌာန်းတိုက်၏တရားနည်းစနစ်
အရခန္ဓာကိုယ်ကိုတရားရှုမှတ်ရာတွင်ငယ်ထိပ်မှခြေဖဝါး၊ခြေဖဝါးမှငယ်ထိပ်ပိုင်းသို ့အာရုံယူ၍
အပြန်ပြန်အလှန်လှန်ရှုမှတ်ရပါသည်။ငယ်ထိပ်၊ခြေဖဝါးဆိုရာ၌ အထက်ပိုင်း၊အောက်ပိုင်းကို
ပညတ်(သတ်မှတ်ခေါ်ဝေါ်မှု)တင်၍ပြောဆိုရခြင်းဖြစ်သည်။အမှန်တစ်ကယ်ရှုမှတ်ရသည်က
အတွင်းပိုင်းပရမတ်(အမှန်ထင်ရှားရှိသောသဘာဝဓါတ်အမူအရာ)တို ့ကိုသာရှုမှတ်ရခြင်းဖြစ်
ပါသည်။မိမိမှာဆရာတော်ကြီး၏ဆုံးမစကားတော်များကိုသာစွဲထင်နေလျက်ရှိရာ၊အထက်ပါ
စကားစုများသည်သာခန္ဓာကိုယ်တွင်းအထက်အောက်၊စုန်ဆန် စုစည်းပြေးလွှားနေသည်ကို
မြင်တွေ ့နေရပါသည်။လေပွေတိုက်လာသည်ကိုအများပင်မြင်ဖူးတွေ ့ဖူးကြပါလိမ့်မည်။လေပွေ
အဝှေ ့တွင်လေလုံး၊ဖုံလုံးနှင့်အတူအမှိုက်၊စက္ကူ၊သစ်ရွက်ခြောက်စသည့်ပေါ့ပါးလွင့်မြောက်
လွယ်သောအရာဝတ္ထုများလုံးထွေးရောပါ၊လွင့်မျောလှုပ်ရှားနေသည်ကိုမြင်ဖူးကြပါလိမ့်မည်။
ယခုလည်းမိမိ၏ခန္ဓာကိုယ်တည်းဟူသောမြေအပြင်တွင်၊ဆရာတော်ကြီး၏အဆုံးအမစကား
တော်များသည်လေပွေလုံးတစ်ခုအသွင်စုစည်းလှုပ်ရှားဝန်းရစ်လျက်၊အထက်မှအောက်၊
အောက်မှအထက်၊အပြန်ပြန်အလှန်လှန်၊စုန်ဆန်ပြေးလွှားနေသည်ကိုအတိုင်းသားကြီးရှုမြင်
သိမှတ်နေရပါတော့သည်။မိမိ၏စိတ်ကညွတ်လိုက်သောနေရာမှန်သမျှသို ့ထိုလေပွေလုံးက
ရောက်သွားတိုက်စားလျက်၊အလုံးအဝန်း၊အခုအခံ၊အတင်းအရစ်၊အကျစ်အကြပ်၊အချုပ်အချပ်၊
အပိတ်အဆီးမှန်သမျှမှာလွင့်စင်ပျောက်ကွယ်သွားကြပါသည်။ထို နေ ့ညမှာမိမိသည်ထိုတရား
ရှုကွက်နှင့်ပင်အချိန်ကုန်ခဲ့၍၊အနားယူချိန်တွင်ကြည်လင်ငြိမ်းချမ်းစွာအိပ်စက်နိုင်ခဲ့ရပါတော့
သည်။
၁၃၄၂-ခု၊တပို ့တွဲလဆန်း(၆)ရက်၊ဒုတိယနေ ့။
နောက်တစ်နေ ့နိုးထလာသောအချိန်၌မိမိ၏မူလစရိုက်သဘာဝကပေါ်လာသည်။တစ်စုံ
တစ်ရာကိုအလွယ်တစ်ကူလက်ခံလိုစိတ်မရှိပဲ၊ဆန်းစစ်ဝေဖန်တတ်သောအကျင့်စရိုက်ဖြစ်ပါ
သည်။ဆရာတော်ကြီး၏အဆုံးအမစကားတော်များထဲတွင်`တရားရချင်ရင်၊စားချင်တာပယ်။
အိပ်ချင်တာပယ်၊ကြည့်ချင်တာပယ်၊ကြားချင်တာပယ်၊သွားချင်တာပယ်၊တွေးချင်တာပယ်။´–
ဟူ၍ဆိုထားသည်။`ဟာ၊ဒီလိုဆို တရားရချင်တာနဲ ့မစားရတော့ဘူးလား။မအိပ်ရတော့ဘူး
လား။မကြည့်ရတော့ဘူးလား၊´-စသည်ဖြင့်မိမိစိတ်ထဲကဝေဖန်မှုဖြစ်ပေါ်လာသည်။ထို ့ကြောင့်
တရားထိုင်ရှုမှတ်နေရင်းကဆရာတော်ကြီးအားရည်မှန်းကာလက်အုပ်ချီလျက်`ဆရာတော်ကြီး
ဘုရား၊တရားရချင်ရင် စားချင်တာပယ်ရမယ်-ဆိုလို ့ရှိရင်၊တပည့်တော်ဘာမျှမစားရတော့ဘူး
လားဘုရား။´-ဟုလျှောက်ထားလိုက်မိသည်။အဖြေကချက်ချင်းပင်မဆိုင်းမတွလျင်လျင်မြန်မြန်
ထွက်လာပါသည်။ရိုးရှင်းသကဲ့သို ့တိုတောင်းပြတ်သားလှပါသည်။
`စား သိ ပျက်´-ဟူသောစကားတော်သုံးလုံးမျှသာဖြစ်ပါ၏။`ဟာ´-ကနဲပင်မိမိမှာအံ့ဩ
ဝမ်းသာလျက်၊လှိုက်လှဲကြည်နူးမိရပြန်ပါသည်။ကျန်သောအရာများကိုလည်းမိမိဖာသာအလို
အလျောက်အဖြေရသွားပါပြီ။
`စားသိပျက်၊အိပ်သိပျက်၊ကြည့်သိပျက်၊ကြားသိပျက်၊သွားသိပျက်၊တွေးသိပျက်။´-ဟူ၍
အဆုံးအမစကားတော်များအစုကလေပွေမွှေ ့လျက်၊ခန္ဓာကိုယ်တွင်း ဉာဏ်သွင်းကာထိုနေ ့
တစ်နေ ့ရှုမှတ်ရပြန်ပါတော့သည်။
၁၃၄၂-ခု၊တပို ့တွဲလဆန်း(၇)ရက်၊တတိယနေ ့။
နောက်တစ်နေ ့တွင်ကားတရားဟောသောပုံစံမျိုးမဟုတ်ပါ။ဆရာတော်ကြီးနှင့်မိမိတို ့ရင်း
နှီးခင်မင်လျက်စကားပြောအမိန် ့ရှိနေသည်ကိုနာခံရခြင်းပင်ဖြစ်ပါသည်။စာသင်ခန်းအတွင်း၌
သင်ခန်းစာတစ်ပုဒ်ကိုဆရာတစ်ဦးကကျောင်းသားတစ်ယောက်ကိုရှင်းပြနေသောပုံစံနှင့်တူနေ
သည်ဟုမိမိထင်မိပါသည်။ထိုရှင်းပြချက်ကိုမိမိသဘောပေါက်လာသကဲ့သို ့အတိုချုံး၍ဖေါ်ပြ
ရပါလျှင်၊
`စားတယ်၊အိပ်တယ်၊ကြည့်တယ်၊ကြားတယ်၊သွားတယ်၊တွေးတယ်-ဆိုတာတွေကဖြစ်ခြင်း
အမူအရာသဘောတရားတွေပဲဖြစ်တယ်။စား၊အိပ်၊ကြည့်၊ကြား၊သွား၊တွေး-ဆိုတာတွေကိုချုပ်
လိုက်ရင် ဖြစ်ခြင်း-သဘောတစ်ခုထဲပဲရှိတယ်။စားတာ၊အိပ်တာ၊ကြည့်တာ၊ကြားတာ၊သွားတာ-
တွေကရုပ်ရဲ ့အမူအရာသဘောတရားတွေ၊တွေးတာ-ကနာမ်ရဲ ့အမူအရာသဘောတရားပဲဖြစ်
တယ်။ဒီရုပ်နဲ ့နာမ်တို ့ရဲ ့အမူအရာတွေကိုချုပ်လိုက်ရင်ဖြစ်ခြင်း-သဘောတစ်ခုပဲရှိတယ်။´-ဟူ၍
ဖြစ်ပါသည်။`အို-ရှင်းလိုက်တာ။´-ဟု၊မိမိစိတ်ထဲမှာကြည်နူးကျေနပ်မိရပါသည်။အကယ်စင်
စစ်မိမိကိုယ်တိုင်လည်း တရားစာအုပ်တော်တော်များများကိုဖတ်ရှုထားဖူးခဲ့ပါသည်။အခုရှင်းပြ
ချက်ကမိမိ၏စိတ်ထဲနှလုံးထဲကိုရှင်းရှင်းလင်းလင်း၊လွယ်လွယ်ကူကူစွဲနစ်စူးဝင်သွားသကဲ့သို ့
ခံစားလိုက်ရပါသည်။စာဖတ်ရ၍ရှင်းလင်းနားလည်သွားသည့်ပုံစံမျိုးမဟုတ်ပါ။မည်သို ့မျှမေ့
မရအောင်စွဲစွဲနစ်နစ်ရှင်းလင်းမှတ်မိသွားသောခံစားမှုမျိုးဖြစ်ပါသည်။
နောက်ထပ်တစ်ဆင့်ရှင်းပြသည်မှာ၊`စား၊အိပ်၊ကြည့်၊ကြား၊သွား၊တွေး-ဆိုတဲ့ရုပ်-နာမ်အမူ
အရာတွေရဲ ့ဖြစ်တိုင်း၊ဖြစ်တိုင်းကို သိ၊ ပျက်တိုင်းပျက်တိုင်း ကို သိ နေရမယ်။ ဖြစ်တာကိုသိ၊
ပျက်တာကိုသိနေတဲ့ သိမှုအစဉ်လေး ဟာလောကီမဂ္ဂင်ပဲ´-ဟူ၍ပင်ဖြစ်ပါတော့သည်။
မိမိမှာ`စားသိပျက်၊အိပ်သိပျက်၊ကြည့်သိပျက်၊ကြားသိပျက်၊သွားသိပျက်၊တွေးသိပျက်၊´
ဟူ၍၊ရှုမှတ်နေရာမှတစ်ဆင့်တက်ကာ`ဖြစ်-သိ-ပျက်´ဟူသောရှုကွက်ကိုသဘောပေါက်နား
လည်လာရပါတော့သည်။ရုပ်မှာပင်ဖြစ်ဖြစ်၊နာမ်မှာပင်ဖြစ်ဖြစ်၊ဖြစ်ခိုက်ဖြစ်ခိုက်ကိုသိနေလျှင်
ပျက်သွား၊ပျက်သွားတာကိုလည်းအလိုအလျောက်သိ၊သိနေပေတော့မည်-ဟူ၍ရှင်းလင်းစွာ
သဘောပေါက်မိခဲ့ရပါသည်။ထိုမျှနှင့်ပင်မိမိမှာအလွန်အမင်းကျေနပ်ဝမ်းမြောက်မှုကိုခံစား
ခဲ့ရပါသည်။ပုစ္ဆာတစ်ပုဒ်ကိုရှင်းလင်းစွာအဖြေတွက်ရလိုက်သကဲ့သို ့လည်းခံစားလိုက်ရပါသည်။
မိမိရှုမှတ်ပွားများခဲ့သောတရားအမြင်မှာလည်းထူးခြားတိုးတက်မှုများထင်ရှားသိသာခဲ့ရပါ
သည်။မိုးပျံဆရာတော်ကြီးကဟောကြားဆုံးမတော်မူသောအကြောင်းအရာများကိုမိမိဘဝတွင်
လေးလေးနက်နက်၊စွဲစွဲနစ်နစ်ဖြစ်ခဲ့ရပါသည်။တစ်ဆင့်ပြန်လည်နာကြားရသောသူများအတွက်
တစ်စုံတစ်ရာအကျိူးထူးများရနိုင်ရန်ယုံကြည်မျှော်လင့်လျက်အနှစ်(၃၀)ခန် ့အကြာမှာမှတ်
တမ်းပြုလိုက်ရပါသည်။ထိုစဉ်အခါကမှတ်တမ်းများမပြုမိခဲ့သောကြောင့်ရက်စွဲများအတိအကျ
ကိုမဖေါ်ပြနိုင်ပါ။ခန် ့မှန်းရက်ဖြင့်ပြန်လည်ရေးသားရခြင်းဖြစ်ပါသည်။
တစ်နည်းအားဖြင့်ဆိုရပါမူ၊ဘွဲ ့မည်၊ပုံတော်ထင်ရှားကွဲပြားသေချာစွာမသိရပါသော်လည်း
ကျေးဇူးအထူးကြီးမားလှသောမိုးပျံဆရာတော်ကြီးနှင့်တကွမန္တလေးမြို ့၊ဗေါဓိကုန်းရပ်၊မဟာဗေါ
ဓိဝိပဿနာယောဂီကမ္မဋ္ဌာန်းတိုက်ကြီး၏ပဋိပတ္တိသာသနာ့ဂုဏ်ရည်၊ယခုအခါတစ်ဘဝတစ်ခန္ဓာ
လွန်ရှာကြကုန်ပြီဖြစ်သောမိမိ၏သာသနာ့ကျေးဇူးရှင်များဖြစ်ကြသည့်ကမ္မဋ္ဌာနာစရိယဆရာကြီး
ဦးမြင့်စိန်၊သီလရှင်ဆရာကြီးဒေါ်စိတြာတို ့အားကြည်ညိုပူဇေါ်မှန်းဆလျက် လွမ်းတရည်ရော်ကာ
ရပ်ဝေးမြေတစ်နေရာမှဂုဏ်ပြုလွှာတစ်စေါင်ဖွဲ ့လိုက်ရခြင်းဖြစ်ပါတော့သည်။
2 comments
sofiadimple
August 9, 2010 at 8:44 am
အတော်ကို ပညာပါပြီး မှတ်သားနာယူရမယ့် အဖိုးတန် ဆုံးမစာတွေလို့ သဘောပေါက်လိုက်ပါသည်။ ဆရာတော့်ပုံတော်လေးများရှိရင်ဖူးမြော်ချင်ပါသေးသည်။
နောက်ထပ် ဓမ္မ အတွေ့အကြုံလေးများရှိပါကလည်း ဝေဌစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
Visesa
August 9, 2010 at 10:52 am
မဟာဗေါစေတီတော်ပရဝုဏ်အတွင်း၊မဟာဂန္ထသုခပိဋကစာကြည့်တိုက်၏အပေါ်ထပ်ဘုရားစင်၊ယာဘက်ဘေးတွင်
ပုံကြီးချဲ ့ပူဇေါ်ထားပါသည်။ယခုအခါပိဋကတိုက်ကိုပြင်ဆင်နေကြောင်းကြားသိရပါသည်။ရှိ၊မရှိမပြောနိုင်ပါ။ဖူးမြော်
ခွင့်ရပါကအများပြန်လည်ကြည်ညိုဖူးမြင်နိုင်ရန်ပို ့ပေးစေလိုပါသည်။ဆရာတော်ကြီးနှင့်နောက်ဆက်တွဲအကြောင်း
အရာများကိုအခွင့်သင့်ပါကရေးသားဖေါ်ပြပေးပါမည်။