“ကျ မ ဆိုက် ကာ း သ မား ”
“ကျ မ ဆိုက် ကာ း သ မား ”
ဘ ဝ ဆို တာ လူ တိုင်း ကို ယ် ဖြစ် ချင် တာ ဖြစ် ကြ သည် မ ဟုတ်။
အကျိုး အ ကြောင်း လဲ တိုက် ဆိုင် မှ ကံ ဉာဏ် ဝီ ရိ ယ လည်း ရှိ မှ။
ဆို်က် ကား သ မား ဆို တာ တောင် မှ ကိုယ် ဖြစ် ချင် တိုင်း ဖြစ် မယ် ထင် ပါ သ လား။
ကျ မ က တော့ ကံ ကောင်း သည် ဘဲ ဆို မ လား ။
ကျ မ ရဲ ့ကြိုး စား မူ့ နဲ့ ဇွဲ နဘဲ ကြောင့် လား မ သိ
တရံတခါ က ကျ မ ဖြစ် ချင် သော ဆိုက ် ကား သ မား ဘ ဝ ကို
လူ သိ ရှင် ကြား ပိုင် ဆိုင် ခဲ့ ဘူး ပါ ၏။
တောင် ဥက္ကလာ မှာ ကျ မ ညီ မ သူ ငယ် ချင်း အိမ် ရှိ သည်။
သူ တို့ က မောင် နှစ် မ နှစ် ယောက် ထဲ။
သူ တို့ အိမ် သွား မည် ဆို လျင် ဖေ ဖေ က လိုက် ပို့ သည်။
ည မှ လာ ပြန ်ကြို သည်။
သူ တို့ အ ဖေ နဲ့ အ ေ မ က လဲ ကျ မ တို့ ညီ အ မ သုံး ယောက် ကို
အ မေ မ ရှိ လို့ ဆို ကာ ချစ် သည်။
သူ တို့ အိမ် က ဆိုက် ကား ထောင် သည်။
ဆိုက် ကား အ စီး (၁၀၀)ကျော်။
အား လုံး က တော့ အိမ် မှာ ရှိ တာ မဟုတ်။
နင်း သူ ကို ပေး ထား သည်။
ဒါ ပေမယ့် လိုင် စင် ဝင် ဘို့ တို့ အုံ နာ ကြေး မ မှန် တဲ့ သူ တို့ ဆို လျင်
ဆိုက် ကား ကို ပြန ်သိမ်း ထား သည်။
အဲ ဒီ တော့ ဆိုက် ကား လေး ငါး ဆယ် စီး က တော့ အိမ် မှာ အမြဲ ရှိ နေ သည်။
သူ တို့ အိမ် ရှေ့ မှာ ဘော လုံး ကွင်း။
အ နီး အနားက က လေး တွေ က လဲ ကျ မ တို့ လာ လျင ် အ တူ ဆော့ ကြ သည်။
အ များ ဆုံး က စား ဖြစ် တာ က ထုပ် ဆီး တိုး တမ်း ရုပ် ရှင် ဖွက် တမ်း ။
စိမ် ပြေး တန်း ။
တစ် နေ့ ကျ တော့ ကျ မ က စား ရင်း မော တော့ အိမ် ရှေ ့ က ရပ် ထား တဲ့
ဆိုက် ကားပေါ် တက် ထို်င်သည်။
ကျ မ ထိုင် တော့ ကျန် တဲ့ သူ တွေ ပါ လိုက် ထိုင် သည်။
နေ ရာ မဆန့် တော့ ကျ မ က နင်း သည့် ခုံ ပေါ် တွင် တက် ထိုင် သည်။
အဲ လို က နေ ဆိုက် ကား က လဲ သော့ ခပ် မ ထား တော့ ဖြေး ဖြေး လေး နင်း ကြည့် သည်။
ကျန် သည့် ရဲ ဘော် တွေ က လည်း အားေ ပး သည်။
ဆက် နင်း သည်။
ပါး စပ် က လဲ အော် ကြ သည်။
“ တာ မွေ ကို တာ မွေ ကို “အော် တဲ့ သူက အော်။
“ ပ ဒေ သာ ပ ေ ဒ သာ “ အော် တဲ့ သူက အော်။
ဘတ်စ ကား စ ပယ် ယာ တွေ အော် သလို သူ တို့ သိ တဲ့ မှတ် တိုင် နာ မယ် တွေ
အော် ကြ သည်။
ကျ မ ကို လဲ ဆိုက် ကား ဆ ရာ မ ကြီး ဈေး သွား ချင် လို့
ဘယ် လောက် ပေး ရ မလဲ မေး သူ မေး။
ကျ မ က ပြော ချင် ရာ ပြော။
အဲ ဒီ အချိန် က လမ်း တွေ က မြေ ကြီး လမ်း တွေ။
ချိုင့် တွေ ခွက် တွေ နဲ့။
လမ်း ထိပ် အထိ နင်း သည် လမ်း ထိပ် ရောက် လျင် အကုန် ဆင်း။
ဆိုက် ကား ကို ပြန် တည့် ဒီ ဘက် ထိပ် အ ထိ ပြန ်စီး ကြ။
ဒီ ဘက် ထိပ် ရောက် ရင် ပြန် ဆင်း။
ကြာ တော့ ကျ မ က စိတ ်မ ရှည်တော့။
“ မ ဆင်း နဲ့ ကွေ့ မယ် “ဆို ပြီး ကွေ့ ုလိုက် တာ ဆိုက် ကား ရော
သူ တို့ တစ် တွေ ရော ကျ မ ပါ လမ်း ပေါ် မှာ။
ဘယ် သူ မှ မ အော် ကြ။
ဆိုက ်ကား ကို ပြန် ထောင်ကြ သည်။
ပြန ်တက် စီး ကြ သည်။
ကိုယ့် အ နာ ကိုယ် ဆေး ထဲ့ ကြ သည်။
ကျ မ မကျေ နပ်။
ခ ဏ ခ ဏ ဆိုက် ကား မှောက် လို့။
ညီ အစ် မ တွေ က လဲ နောက်။
ကျ မ ဆိုက် ကား ကွေ ့ မယ် ဆို ရင်
“ မ ကွေ့ ပါ နဲ့ ဆင်း မယ် လှည့် ပြီး မှ ပြန် တက် မယ် “
တွေ ဘာ တွေ ဖြစ် လာ ကြ သည်။
သူ တို့ လဲ ခ ဏ ခ ဏ မှောက် ပါ များေ တာ့ ကြောက် ရှာ သ ပေါ့။
ညီ မ သူ ငယ် ချင်း က သူ့ အိမ် က ဆိုက် ကား ဆ ရာ ကို သင် ခို်င်း မယ် ဆို ပြီး ဖြစ် လာ သည်။
အဲ လို အ ကျော တော့ မ ခံ ချင်။
ဘာ လုပ် လုပ် ကျ မ က ခေါင်း ဆောင် လုပ် ချင် သူ။
စက် ဘီ းဆို လဲ ရှေ့ က နင်း သူ သာ ဖြစ် ချင် သည်။
အ နောက် ကထိုင် လိုက် သူ ကို အ ထင် မကြီး။
ဆိုင် ကယ် လဲ အဲ သ လို ။
နောက် က ထိုင် လိုက် တဲ့ သူ ဆို တာ ဆိုင် ကယ် မ မောင်း တတ် တဲ့ သူ။
ကျ မ ဆိုင် ကယ် နောက် က ဘယ် တော့ မှ မလိုက်။
သိက္ခာ ကျ သည်။
ကား ဆို လဲ ငယ် သေး လို့ မတတ်သာ လို့ သာ ဘေး က ထိုင် သည်။
ကိုယ် က ဘဲ မောင်း ချင် သူ။
ဆိုက် ကား က တော့ သူ သာ နင်း တတ် သွား လို့ ကွေ့ တတ် သွားရင်
ကျ မ နင်း တာ မှောက် လို့ ု ဆို ပြီး သူ့ကို ဆရာ တင် မှာ ကျိန်း သေ သည်။
ဘယ် လို မှ အဖြစ် မ ခံ နိုင်။
သူ မ တတ် ခင် ကိုယ် က တတ် မှ ဖြစ် မည်။
ခက် တာ က သူ က ကိုယ် ့ ထက် အ ခွင့် အ ရေး သာ သည်။
သူ့ အိမ် မှာ ဆိုက် ကား က အ ချိ န် မ ရွေး ရှိ သည်။
သင် ပေး မယ် ့ ဆိုက် ကား ဆ ရာ တွေ ကလ ဲ တစ်ပုံ တစ်ပင်။
ကျ မ မှာ က အဲ့ လို အခွင့် အ ရေး မရှိ။
ကျောင်း နဲ့ အိမ် အိမ် နဲ့ ကျောင်း။
တစ် ပတ် လုံး တော် တော် စိတ ်ဆင်း ရဲ မိ သည်။
“သူ သင် လို ့ တတ် သွား ရင် တောင် ငါ ့ လို နင်း နို်င် မယ့် ဟာ မဟုတ်။
သူ့ ဗ လ က ဘယ် လောက် ရှိ လို့ တုန်း။
သူ နင်း တတ် သွား ပြီ ဆိုရင် လဲ ဆိုက် ကား နင်း ရင် ကွေ့ ရင် မှောက် ပါ စေ”
ဆို တဲ့ မ နာ လို တဲ့ အ ေ တွး နဲ့ တစ် ပါတ် လုံး နေ လို့ ထို်င် လို့ မရ။
ဟုတ်သည် သူက ကျ မ ညီ မ သူ ငယ် ချင် းဆို ပေ မယ့် အသက် က
ကျ မ နဲ့ ရွယ်တူ။
လူ က အ ရိုး ဂေါက် ဂက် အ ရပ် က လဲ ပု ဆို တော့ ကျ မ နဲ့ က တစ် ခြား စီ
သူ ဆိုက် ကား နင်း သင် ချင် စိတ် ပေါက် လာ တာ ကို ပင် ကျမ စိတ် တို မိ သည်။
သူ့ ဘက် က တွေး ကြည့် တော့ လဲ ဟုတ် သည်။
သူ့ အိမ ်က ဆိုက် ကား ကို လဲ ကျမ က ယူ နင်း သေး
ဆိုက် ကား ဆ ရ ာ မ ကြီး လဲ လုပ် သေး။
မှောက် ရင် လဲ နာ သေး။
ဆင်း တွန်း ကြ လို့ ကျ မ က ခိုင်း ရင် လဲ ဆင်း တွန်း ရ သေး
ဆို တော့ ကျ မ နဲ့ အပြိုင် ဆိုက် ကား နင်း ချင် စိတ် တွေ ပေါ် လာ တာ ပေါ့။
ဒီ တစ် ခေါက် သွား ရင် သူ က ဆိုက် ကား နင်း တတ် ရင် ငါ က ဘေး က ထိုင်
လိုက် ရ မှာ ဟူ သော အ တွေး နှင့် ချက် ခြင်း မ တတ် ပါ စေ နဲ့ လို့ ဆု တောင်း ရ တာ အ မော။
နောက် တစ် ပါတ် သူ တို့ အိမ် သွား တော့ ဝမ်း သာ စ ရာ သ တင်း ကြား ရ သည်။
သူ ဆိုက ်ကား နင်း သင် နေ တာ ကို သူ့ အ ေ ဖက တွေ့ ပြီး သင် ပေ း သူ
ဆိုက် ကား ဆ ရာ ကိုဆူ သည်။
ဒေါ သ တွေ ထွက် သည် တဲ့။
က လေး က သင် မယ် ဆို တိုင်း သင် ပေး စ ရာ လား။
နောက် ပြီး ယောက်ျား လေး လဲ မ ဟုတ်။
အဲ ဒီ က စ ပြီး သူ ဆိုက် ကား နင်း မ သင် ရ တော့ ဟု ဝမ်း ပန်း တ နဲ ပြော တော့
ကျ မ မှာ ဝမ်း သာ လို့ မ ဆုံး။
ငါ ့ ကို ကျော လို့ ဘယ် ရ မ လဲ ဆို သော အတွေးဖြင့်။
ကျ မ ဆိုက် ကား ကို ကိုယ့် ဘာ သာ ကိုယ် နင်း ချင် တဲ့ စိတ် က မ ပျောက်။
အဲ တော့ သူ့ အ ဖေ လစ် တဲ့ အချိန် ဆိုက် ကား တစ် စီး ထုတ် သည်။
ခိုး နင်း ကြ သည်။
ဒီ တစ် ခါ တော့ အိမ် ရှေ့လမ်း မှာ မ စီ းတော့။
အ နောက်ဘက် လမ်း မှာ သွား စီး ကြ သည်။
အဲ လို နဲ့ စီ း လိုက် မှောက် လိုက် နဲ့ ဖြစ် ရင်း က နေ ကျ မ တ ဖြေး ဖြေး နဲ့
ဆိုက် ကား နင်း တတ် သွား သည်။
နင်း တတ် သွား တော့ ရပ် ကွက် ထဲ က လမ်း တွေ မ နင်း ချင် တော့။
လမ်း မ ပေါ် တက် ချင် လာ သည်။
ဘယ် သွား ကြ သလ ဲ ဆို တော့ အိမ် နဲ့ မ နီး မ ဝေး မှာ အ အေ း ဆိုင် ရှိ သည်။
“သ မီး တို့ အ အေး သွား သောက် မယ် “ပြောသည်။
တစ် ယောက် က ဆိုက် ကား ခိုး ထုတ် သည်။
သူ့ အ ဖေ က လဲ အိမ် မှာ ဆိုက် ကား ဘယ် နှစ် စီး ရှိ တယ် ဆို တာ မ သိ။
အ အေး ဆိုင် ကို ဆိုက် ကား ဖြင် ့ သွား ကြ သည်။
အဲ ဒီ အချိန် ကောလိပ်ဂျင်နေဝင်း ရဲ့ ဆိုက် ကား သ မား ဘ ခက် ဆို တဲ့ ကား က ရုံ တင် သည်။
ကျ မ တို့ ကို ဖေ ဖေ က လိုက် ပြ ပြီး ကတည်းက ကောလိပ်ဂျင်နေဝင်း ဆိုက် ကား ကို
ဘီး နှစ် ဖက် ထဲ နဲ့ နင်း တာ ကို ကျ မ မျက် စေ့ ထဲ က မထွက်။
နောက် ပြီး ေ တာ သီ ချင်း
“ ဘ ခက် လာ ပြီ
ဘ ခက် လာ ပြီ
ဆိုက် ကား သ မား ဘ ခက် လာပြီ” ဆို တဲ့ သီချင်း ကို တစ်ချိန် လုံး ဆို သည်။
ရ တာ က လဲ အဲ ဒီ နေ ရာ လေး ဘဲ ရ သည်။
ဆိုက် ကား နင်း နေ ရင်း နဲ့ များ ဆို လိုက် ရင် လူ က တက် ကြွ လို့။
ကျ မ ဆို ရုံ မ က ညီ အစ် မ တွေ ကို ပါ ဝိုင်း ဆို ခိုင်း သည်။
အဲ ဒီ တော့ အ အေး ဆိုင် အသွား အပြန် ဆိုက် ကား နင်း ရင်း အဲ ဒီ သီ ချင်း ဆို လိုက်စ ကား တွေ အ လု အယက် ပြော လိုက် ။
ခေါင်း မှာ လဲ ကောလိပ်ဂျင်နေဝင်း လို စစ် ဦး ထုပ် အ ဟောင်း တစ် လုံး ကို ဆောင်း ထား လိုက် သေးသည်။
အဲ ဒီ ဦး ထုပ်က လဲ စ ဆောင်း ချိန် အသက် အောင့် ထား ရ သည် အ နံ ့ က နံ လွန်း လို့။
ဘယ် ဆိုက် ကား သ မား ကျန် ခဲ့ တဲ့ ဦး ထုပ် လဲ ဆို တာ မ သိ။
ဆောင်း ရင်း နဲ့ မှ အ နံ ့ က ယဉ် သွား သည်။
ထို ဦး ထုပ် က လဲ ဆိုက် ကား နင်း ရင် မ ပါ မဖြစ် ဆို တော့
ပျောက် မှာ စိုး လို့ ပြန် ခါ နီ း တိုင်း ဖွက် ထား ရ တာ အ လုပ် တစ် ခု.။
က လေး တွေ ၆ ယောက် ရ ယောက် နဲ့ အပျို ပေါက် ကျ မ ဆိုက် ကား နင်း သွား တာ ကို
မ တွေ့ ဘူး တဲ့ သူ တွေ က ကြည့် ရင် ကျ မ ကေ တာ့ ဂု ဏ် ယူ မဆုံး။
နောက် ပြီး တော့ လူ မ ကြည့် ကြည့် အောင် လုပ် နည်း က ရှိ သေး တယ်။
ကိုယ် ဆိုက် ကား နင်း လာ တာကို လူ တွေ မြင် စေ သိ စေ ချင် တော့
ဆိုက်ကား ဘဲလ် ကို မ လို အပ် ဘဲ ခ ဏ ခဏ တီး ပြ တာ လေ။
ဆိုက် ကား ခိုး မ ထု တ် ခင် က တည်း က ဘဲလ် သံ ကျယ် သည့် ဆိုက် ကားကို
တီး ကြည့် ပြီး သား ရွေး ပြီး သား။
ဦး ထုပ် က လဲ ဆောင်း ထား လမ်း က လဲ မှောင် ဆု ိတော့
တော် ရုံ တန် ရုံ လူ တွေ က သ တိ မ ထား မ ိကြ။
အဲ ဒီ တော့ လူ မ ကြည့် ကြည့် အောင် လူ မ ကြား ကြား ကြား အောင်
ဘဲလ် သံ ကျယ် တဲ့ ဆိုက် ကား ကို ရွေး ရသည်။
အဲ ဒီ တုန်း က လူ တွေက ကျ မ တို့ ကို မြင် ရင် သိ သူ ဖြစ် စေ
မ သိ သူ ဖြစ် စေ ရိုင်း ရိုင်း စိုင်း စိုင်း ပြော တာ မျိုး မရှိ။
သူ ငယ် ချင်း အ ဖေ က လဲ ဆိုက် ကား အ စီး တစ် ရာ ကျော် ပိုင် ရှင် ဆို တော့
ဆိုက် ကား မြင် တာန ဲ့ ဒီ အိမ် က မှန်း ကျ မ တို့ မှန်း သိ တော့ ဆိုက် ကား ဆရာ
တွေ က လည်း လမ်း တွေ့ ရင် စောင့် ရှောက် ကြ သည်။
အ နီး အနား က အိမ် တွေ က လည်း ကျ မ တို့ ဆို်က် ကား တစ် စီး နဲ့
တိုင်း ခန်း လှည့် နေ ပြီ ဆို ရင် ဆိုက် ကား ဆ ရာ မကြီး မောေ န ပြီ လား
မေး လျင် ကျ မ သွား ကြီး ဖြဲ ပြီး အသား ကုန် နင်း ပြ တော့ တာ ပါဘဲ။
ကျမ ကို ဆိုက် ကား ဆ ရာ မ ကြီ းလို့ အခေါ် ခံ ရ တာကို ပင်
သ ဘော ကျ လှ သည်။
အဲ လို အခေါ် ခံ ရ အောင် ကို တ မင် ဘဲ လ် တီး ပြ နေ ရ တာ ကိုး။
ရပ် က၊ွက် ထဲ က တော ့ ဆိုက် ကား တစ် စီး နဲ့ ကျ မတို့ ကို ခွေး ပင် ထ မ ဟောင် တော့ ရိုး နေ ပြီ။
တ ကယ် တော့ ကျ မ တို့ ဒီ လို ဆိုက ်ကား နင်း နေ တာ ကို
သူ ငယ် ချင်း အ ဖေ ကသာ မ သိ တာအမေ က သိ သည်။
ကျ မ တ ို့ ဆိုက် ကား ခိုး ထုတ် တာ ကို လဲ သိ သည်။
ကျ မ ဆိုက် ကား နင်း တတ် နေ ပြီ ဆို တာ ကို သိ တော့
သူ ့ ဆိုက် ကား သ မား ေ တွကို လမ်း တွေ့ လျင် စောင့် ရှောက် ရန် မှာ ထား သည်။
ကျ မ တို့ သွား တဲ့ အ ချိန် က လဲ လမ်း ရှင်း ချိန် မို့ စိတ် ချ တာလဲ ပါ သည်။
ကျ မ တို့ က သူ ငယ် ချင် း အ မေ ကို အ မေ ကြီး လို့ ခေါ် သည်။
အ မေ ကြီး နဲ့ ဦး လေး တို့ က ဆိုက် ကား သာ ထောင် ထား သည် တ ကယ် တော့
သူ တို့ က အစုးိ ရ ဝန် ထမ်း တွေ။
အ ေ မ ကြီး က ဒု ရဲ အုပ် စ ခန်း မှူး။
ဦး လေး က ကုန် သွယ် ရေး မှာ။
ပြော ရ ပါ အုံး မည်။
ကျ မ တို့ သူ ငယ် ချင်း မောင် နှ မ နှစ ်ယောက် ကလဲ ဇ မ သေး။
တစ် ရက် သူ့ အ မေ ရဲ ယူ နီ ဖောင်း အကျီင်္ က အပွင့် တွေ ကို
တွေ ကို ခိုး ပြီး ကျောင်း လွယ် အိတ် မှာ တတ် သွားကြ သည်။
သူ့ အ မေ အ လုပ် ရောက် လို့ ယူ နီ ဖောင်း ဝတ် တော့ အ ပွင့် တစ် ပွင့် မှ မ ရှိ တော့။
စိတ် တွေ တို ပြီး အ မေ ကြီး အိမ် ပြန် လာ သည်။
ငါ့ ကို အလုပ် ပြုတ် အောင် လုပ် တာ ဆို ပြီး လာ သ မျှ လူ ကို ပြော သည်။
တကယ် တော့ ပ ထ မ နေ့ တွင် ပင် မိ သွား လို့။
တစ် ယောက် တစ် နေ့ စီ တပ် သွား ကြ ဘို့ တို်င် ပင် ပြီး သား။
ကျ မ တို ့ တ စ် တွေ အ လှည့် မ ကျ သေး ခင် သူ ့ ကို မိ သွား တော့
သူ ဘဲ အ ဆူ ခံ ရ သည်။
ကျန် သူ များ က မ သိ သ လို နေ ကြ သည်။
“ ဇ “ က လေး တွေ က အဲ လို။
ဖေ ဖေ က ည ဆယ် နာရီေ လာက်မှ သာ လာ ကြို တတ် တော့
ကျ မ မှာ ဆိုက် ကား နင်း ဘို့ အချိန် လုံ လောက် စွာ ရ သည်၊
ည ၈ နာ ရီ လောက် ဆို ရင် ဆိုက် ကား တစ် စီး ခိုး ထုတ် ပြီး
အ အေး သွားေ သာက် ကြ သည့် အ ရ သာ က ဘာ နဲ့ မှ မ လဲ နို်င်။
ကျ မ က ဆိုက် ကား နင်း သူ ဆို တော့ ကျန် စီး သူ တွေက ဆိုက် ကား ခ
တန် ရာ တန် ကြေးပေး စီ း ကြ ပ ါ သည်။
အ အေ း ဝယ် တိုက် တာ တော့ မဟုတ်။
သူ တို့ မှာ ထား တဲ့ အ အေး ကို ကျ မ ယူ သောက် ခွင့် ရှိ သည်။
တစ် ယောက် ဆီ က နည်း နည်း စီ ပေါ့။
ငယ် တုန်း မို့ လား မ သိ။
အ ငယ် ဆုံး ၁၂ နှစ် မှ အကြီး ဆုံး ၁၅ နှစ် ထိ ပါ ဝင် သော လူ ခြောက် ယောက် ကို ကျ မ တင် နင်း နို်င်သည်။
ကျ မ တို့ အ အေး ဆိုင် က ပြန ်တဲ့ အချိန် ဆို ပို နင်း ကောင်း သည်။
လမ်း မှာ ကား မရှိ ဘာ မ ရှိ။
ဆိုက် ကား တစ် ချက် ဖိ နင်း လိုက် မျက် နှာ ကို လေ လေး က လာ တိုက် လိုက် နဲ့ စိတ် ချမ်း သာ လွန်း လှ သည်။
မကြာ ခင် မှာ ဘဲ ကျ မ ဆိုက ်ကား သ မား ဘ ဝ အဆုံးသတ် ရ မည့် နေ့ သို့ ရောက် လာ ပါ တော့ သည်။
ကျ မ တို့ အအေး ဆိုင် က အ ပြန် ကား တစ် စီး က ကျ မ တို့ ဘေး က ဖြတ် သွား သည်။
ကျ မ က တော့ အော် ဒီေ န့ ကား တွေ ဘာ တွေ တွေ့ လို့ ပါ လား စိ တ်ထဲက တွေး မိ သည်။
အိမ် အ နား လမ်း အ ကွေ့ ရောက် တော့ လူ တွေ အကုန် ဆင်း ဆို်က် ကား ကို ခိုး ပြီး
အိမ် ထဲပြန် ထည့် မည် ဆို ပြီး အိမ် ဘက် ကို ကွေ့ လိုက် ရော
သူ ငယ် ချင်း အိမ် ရှေ့ မှာ ဖေ ဖေ ရော အ မေ ကြီး ရော ဦး လေး ရော
ရပ် စောင့် နေ ကြ သည်။
ကျ မ သိ လိုက် ပြီ ခု န က ကျ မ တို့ ဘေး မှာ ဖြတ် သွား တဲ့ ကား။
ကျ မ ေ ဖ ဖေ က ဘယ် တော့ မှကား တစ် စီး ကို အ ကြာ ကြီး မစီး တတ်။
ဒီ နေ့ ဖေ ဖေ ကား လဲ ပြီး ကျ မ တို ့ ညီ အ မ တွေ ကို ကား အသစ် ပြ မ လို့ စော စော လာ ခေါ် တာ။
ဆိုက် ကား နင်း နေ တုန်း လက် ပူး လက် ကြ ပ် မိေ တာ့ ကျ မ ဘာ မှ မ ပြော ရဲ။
ဖေ ဖေ က လဲ ဘာ မှ မ မေး။
အား လုံး ကား ပေါ် တက် တစ် ခွန် း ထဲ သာ ပြော သည်။
သူ ငယ် ချင်း အ ဖေ က လည်း ကျ နော် အိမ် ထဲ ဝင် နေ တုန်း ဘယ် အချိန် က
ခိုးထုတ် သွားလဲ မသိလို့ ပြောေ န တာ ကြား သည်။
သူငယ် ချင်း အ ဖေ နဲ့ အ မေ ခ ဗျာ လည်း မျက် နှာ တွေ ပျက် လို့။
ဖေ ဖေ က အိမ် ရောက် သည် ထိ တစ် ခွန်း မှ မ စ။
ဆူလဲ မဆူ။
သူ လဲ ခံ စား နေ ရ မှာေ ပါ့၊
အ ချိန် မ တော် သ မီး လုပ် တဲ့ သူ ကို လမ်း ပေါ် မှာ ဆိုက် ကား တစ ် စီး နဲ့ တွေ့ လာ ခဲ့ တာကိုး။
ဖေ ေ ဖက နောက် နေ ့ လဲ ဆိုက် ကား ကိစ္စ တစ် ခွန်း မှ မဟ။
ဖေ ဖေ သိ သွား ပြီး မဆူ ပေ မယ့် တစ် ပါတ်လုံး စိတ် ဆင်း ရဲ ခဲ့ ရ သည်။
နောင် ဆိုက် ကား သ မား လုပ် လို့ မရ တော့ မှာ ကြို သိ နေ သည်။
စာ လည်းေ ကာင်း ကောင်း မ ကျက် နိုင်။
မျက ်စေ့ ထဲ ဆိုက် ကား သာ မြင် နေ သည်။
နား က လဲ ဘ ခက် လာ ပြီး သီ ချင်း ဘဲ အမြဲ ကြား နေ မိ သည်။
တ ကယ် တော့ ဖေ ဖေ တွေ့ သွား တဲ့ အချိန် မှာ ကျ မ ဆိုက် ကား နင်း တတ် နေ တ
ာ ၆လ လောက် ရှိ နေ ပြီ ဆို တော့ ဆိုက် ကား ကို စွဲ လမ်း နေ မိ ပြီ။
နောက် အ ပါတ် ကျောင်း ပိတ ်တော့ ခါ တိုင်း လို ဘဲ သူ ငယ် ချင်း အိမ် လို်က် ပို့ ပေး သည်။
ဟို နေ့ က ကိစ္စ သူ ငယ် ချင်း အ ဖေ နဲ့ အ မေ ကို အား နာ လို့ လိုက် ပို့ တာ ထင်သည်။
ဒါ ပေ မယ် ့ ဆိုက် ကားေ တွ တစ် စီး မှ ထိ လို့ မ ရ တော့။
ဆိုက် ကားေ တွ အား လုံး သော့ ခတ် ပြီး သော့ တွဲ ကို သူ ငယ် ချင်း အ ဖေ က လက် က မ ချ။
သော့ ကို အ လွယ် တ ကူ ထား ရင် လဲ ကျမ ဖေ ဖေ့ ကို ကြောက် လို့ နင်း တော့ မှာ မဟုတ် ပါ။
ကျ မ တို့ ဖေ ဖေ က ကျ မ တို့ ကို တစ် ခါ မှ မ ရိုက ်ဘူး ဆူ လည်း ဆူ ခဲ လှ သည်။
မျက် လုံး အကြည့် တစ် ချက် နဲ့ ဖေ ေ ဖ မ ကြိုက် ဘူး ဆို တာ ကျ မ တို့ မောင် နှစ် မ တ တွေ တန်း သိ သည်။
ဖေ ဖေ မ ကြိုက် တာ ကို နောက် တစ်ခါ မ လုပ် တော့။
အဲ ဒီ အချိန် က စ ပြီး ဆိုက် ကား သ မား ဘ ခက် သီချင်း လဲ မ ဆို ချင် တော့။
ဒါ ပေ မယ့် ဆိုက် ကား ကို ကျ မ နှစ် သက် သည်။
ကျ မ ဆိုက် ကား နင်းရ တာကို သ ဘော ကျ ရ တဲ့ အ ကြောင်း ကလည်း
ရှိ သည်။
မိန်း ကလေး စ က်ဘီး စီး တာ တွေ့ ဘူး သည်။
မိန်း က လေး ကား မောင်း တာ တွေ့ ဘူး သည်။
မိန်း က လေး ဆိုက် ကား နင်း တာ မ တွေ့ ဘူး။
အဲ တော့ သူ များ မ လုပ် သော အ လုပ် ကို ကျ မ လုပ် ရ သည်
လုပ် တတ် သည် ဆို ပြီး ဝမ်းသ ာ ပျော ်မြူး မ ဆုံး။
ဆိုက် ကား နင်း ရင်း လေ အ တိုက် ခံ ရ သော အရ သာ ကို ကျ မ ကြိုက် သည်။
မိုး ကောင်း ကင ်ကြီ းကို လည်း လွတ် လပ် စွာ မြင် ရ သည်။
(ကား လို မ ဟုတ်)
ငါ ပိုက် ဆံ တွေ ရှိ လာ ရင် အိမ် မှာ ဆို်က် ကား တစ် စီး နဲ့ ဆိုက်ကား ဆရာ တစ် ယောက်
အမြဲ ထား မယ် လို့ ကျ မ အ မြဲ တမ်း ပြောေ လ့ ရှိ သည်။
“ နင် က ကား မ စီး ဘူး လား “ လို့ ပြန် မေး တိုင်း လဲ ကား က သတ် သတ် ဆိုက်ကားက သတ်သတ်
ဆိုက် ကား စီး ချင် တဲ့ အချိန် စီး ဘို့ ဝယ် ထား တာ
လို့ ပြန ်ပြော တတ် လေ့ ရှိ သည်။
နှစ် တွေ အ တော် ကြာ သည် အ ထိ ကျ မ မှာ ထို စိတ် ကူး ရှိ မြဲ။
မ ကောင်းး တတ် လို ့ သာ ဆိုက် ကာ း ဆ ရာ ထား ရ မှာ ဖြစ ်နို်င် ရင် လ သာ သာ မှာ
ည ဘက် တစ် ယောက် ထဲ အေးေ အး ဆေး ဆေး ဆိုက် ကား နင်း ရ တဲ့ အရ သာ
ဘာ နဲ့ မှ မ တူ ပါ။
နင်း ဘူး သူ မှ စီ းဘူ း သူ မှ သာ ဒါ မျိုး ခံ စား တတ် တာ လေ။
ဒါ ပေ မယ့် အခု နည်း နည်း တော့ ကြောက် လာ သည်။
အန္တရာယ် ကို မြင် တတ် လာ သည်။
ကား လမ်း မ ပေါ် မှာ ကား ပြတ ်သည် မ ရှိ။
တစ် စီး နဲ့ တစ် စီး ပြိုင ်မောင်း ကြ လမ်း နဲ့ မ မ ျှ တ တဲ့ အ ရှိန် တွေ နဲ့ မောင်း ကြ နဲ့ မို့
ကျ မ ဆိုက် ကား စီ း မယ် ဆို တဲ့ အ ိပ် မက် က ဝါး တား တား ဖြစ် လာ ရ ပြီ။
ဆိုက် ကား တစ် စီး က လဲ နယ် မြေ အ လိုက် သိန်း လေး ဆယ် လောက် ရှိ တယ် ဆို တာ
တွေ လဲ ကြား လာ ရ တဲ့ အခါ မှာ တော့ ကျ မ ရဲ့ ဆိုက် ကား အိပ ်မက် က ဝါး တား တား က နေ
ပျောက် သလို ပင်ဖြစ် လာ ပြီ.။
လူ တိုင်း ငယ် ဘ ဝ များ ရှိ ခဲ့ ကြ သည်။
ကျ မ ငယ် ဘဝ အ မှတ် တ ရ များ က နည်း နည်းေ တာ့ ထူး ဆန် း သည် ဟု ကျ မ ထင် သည်။
အ မေ မ ရှိ တာ ရယ် ကျမ ရဲ့ တစ် ဇွတ် ထိုး တစ် ဇောက် ကန်း အကျင့် များ ရယ် ကြောင့်
ထူး ဆန်း နေ သ လား ကျ မ မ သိပါ။
သူ များ နဲ့ မ တူ တ မူ ထူး ခြား သည်။
အ ခု အ ချိန် မှာ တော့
ဘ ခက် လာ ပြီ သီ ချင်း လဲ မ ဆို ဖြစ ်တာ အတော် ကြာ ပေါ့.။
တစ် ခါ တစ် ခါ လ သာ သာ မှာ လေ အေး အေး နဲ့ ဆိုက် ကား နင်း ရ တဲ့ ဘ ဝ ကို
လွမ်း လို်က် ပါ ဘိ။
အ ကယ် ၍ များ ဒီ စာ ကို ဖတ် မိ သူ များ ထဲ မှာ
လွန် ခဲ့ သော အနှစ် သုံး ဆယ် ကျော် က တောင် ဥ က္က လာ
မေ တ္တာ လမ်း မ ကြီး ပေါ် တွင် ည ဘက် စစ် ဦး ထုပ် ဆောင်း ကာ
ဘဲ လ ် သံ ဆူ ညံ စွာ နှင့် ဆို်က် ကား နင်း နေ သော
မိန်း က လေး တစ် ယောက ်နှင့်
သီ ချင်း များ အော် ဆို ကာ ထိုင် လိုက် လာ ကြ သော
က လေး တစ် အုပ ် ကို တွေ့ ဘူး ခဲ့ မည် ဆို ပါ က
ထို် ဆိုက် ကာ း ဆရာ မကြီး သည် တ ခြား သူ မ ဟုတ်
ကျ မ Snow Smile သာ ဖြစ ်ပါ ကြောင်း။
မ နှင်း ပြုံး ရဲ့ အ မှတ် တ ရ များ
10-2-2014
54 comments
Mr. MarGa
March 10, 2014 at 9:29 am
အင်း…..
ကျနော် ဖတ်ပြီး ဆိုက်ကားတောင် ပြေးနင်းချင်သွားတယ် တကယ်။
ဒီခေတ်မှာ ကလေးတွေကို စိတ်ချလက်ချ လွှတ်ထားတာတွေ သိပ်မတွေ့တော့သလိုပဲ။
တီပြုံးရဲ့ အမှတ်တရတွေဖတ်ပြီး
ငယ်ငယ်က မီးကုန်ယမ်းကုန် ဆော့ခဲ့တာ တီပြုံးတို့ကိုမမီပါကြောင်း ဝန်ခံပါရဇီ :mrgreenn:
ရဲစည်
March 10, 2014 at 10:18 am
ငယ်ဘဝက ထူးဆန်းတယ်
သူများနဲ့ မတူတာ လုပ်တတ်တယ်။
အဲ့၂ပိုင်းမှာ တစ်ပိုင်းက ကိုယ်ပိုင် အိုင်ဒီယာ ကောင်းတာ အုန်းခရီရေးရှင်းပေါ့။
နောက်တစ်ပိုင်းကတော့ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ခဲ့ရတယ် ဆိုတာက ငယ်ဘဝမှာ ဘာမှမရုန်းကန်ခဲ့ရတာလည်း ပါမှာပေါ့
snow smile
March 11, 2014 at 4:47 pm
ငယ် တုန်း က ဆို
ထ မင်း ဘယ် က လာ တယ် ဆို တာ
စဉ်း စား ဘို ့ ကို အ ချိန် မ ရ လောက် အောင်
အ လုပ် တွေ က များ လှ တယ်
ကျောင်း သွား တာ ရယ် စာ ကျက် ရ တာ ရယ်
က စား ရ တာ ရယ် ကြောင့်
အိပ် ရေး တောင် မ ဝ
snow smile
March 10, 2014 at 10:18 am
အ ပြောင်း အ လဲ တွေ အ ရမ်း ကြီး မား ပါ တယ် မောင် မာ ဃ ရေ
play ground သွား တဲ့ ခ လေး ထက် အိမ် ထဲ မှာ ကာ တွန်း ကား
ထိုင် ကြည့် တဲ့ ခ လေး က ပို များ နေ ပါ ပြီ
အဲ့ ဒါ ၂ နှစ် ၃ နှစ် အ ရွယ် တွေ နော်
အဲ့ ဒီ့ ထက် နဲ နဲ ကြီး ရင် ဂိမ်း ဆော့
အဲ့ ဒီ့ ထက် ပို ကြီး လာ ရင် တော့. . . . . . .
ဦးကျောက်ခဲ
March 10, 2014 at 10:40 am
ဆိုက်ကားစီးတာကို လူလူချင်း အရင်းရှင်ဆန်တယ်ဆိုပြီး မစီးခဲ့ဘူး…
ဟီး နောက်ပိုင်းတော့ ရွာပြန်ရောက်တိုင်းစီးတယ်…
ခပ်ထွေထွေနဲ့စီးရင် လေညှင်းလေးနဲ့ ဇိမ်ကျလို့…
စကားမစပ်… ဆိုက်ကားသမား ဘခက် က ကောလိပ်ဂျင်နေဝင်းပါ ခီညာ…
😀
snow smile
March 10, 2014 at 11:01 am
ဟုတ် ကဲ့
ကော လိပ် ဂျင် နေဝင်း
ကျွန် မ သေ ချာ မှတ် မိ နေ တာ က တော့
ဦး ထုပ် ဆောင်း ပြီး
ဆိုက် ကား ကို ဘီး ၂ ဘီး နဲ့ နင်း တာ
အဲ့ ဒါ ကို close up နဲ့ ဆွဲ ရိုက် ပြ ထား တာ
အဲ့ ဒါ ကို သ ဘော ကျ ပြီး နင်း တာ
ဘယ် လို မှ မ ရ
ကထူးဆန်း
March 10, 2014 at 11:00 am
ဦးကျောက် လဲ ကျွန်တော့် အကို လိုကိုး .. လူလူချင်း အရင်းရှင်ဆန်တယ် ဆိုပြီး မစီးလို့ … အဲဒါ့ကိုသိသွားတဲ့ ဆိုက်ကားဆရာက မောင်ရင်ရယ် အဲ့ဒီလို မတွေးပါနဲ့ .. အကုန်လုံးအဲ့ဒီလို တွေးရင် ငါတို့ ထမင်းငတ်ကုန်ပါ့မယ် .. ငါတို့မှာ ဒါနဲ့ ထမင်းရှာစားနေရတာပါဆိုမှ ပြန်စီးတော့တယ် ..
စကား အတင်းစပ် ဒေါ်လေးနှင်းပြုံး ငယ်ငယ် က tomboy ရယ်လို့ အခေါ်မခံရဘူးလား …
snow smile
March 10, 2014 at 11:27 am
အဲ လို့ တော့ အ ခေါ ် မ ခံ ရ ပါ ဘူး ကွယ်
ပေါက် ကျော် မ တို ့
ယောက် ကျား လျာ မ
တို ့ လောက် ပါ ဘဲ
ဂ လောက် ဗိုင်း ကောင်း ကျောက် ဖိ
နေ ခဲ့ တာ တောင် မှ ဂလို အ ပြော ခံ ရ သေး
( ကျောက် နော် ကျောက်စ် မ ဟုတ် ပါ :))))))))
မီ မီ
March 10, 2014 at 11:29 am
အားကျလိုက်တာအန်တီရယ်
စာရေးလည်း ကောင်းလိုက်တာရှင်
snow smile
March 11, 2014 at 4:58 pm
မြှောက် တဲ့ သူ က လဲ မြှောက် ပေး
ငွေ က လဲ လို ( သီ လ ရှင် ကျောင်း လှူ ဘို ့)
တ သိန်း ရ မယ် သိ လား
ဆို ပြီး တော့ ဆွဲ ဆောင် ပြန်
ဘာ မှ လဲ မ ရေး တတ် တော့
ကိုယ့် ကို ကိုယ် ဖော် တဲ့ ပိုစ် တွေ စ ရေး တော့ တာ ဘဲ
ဘရန်းဒက် ကေဇီ
March 10, 2014 at 11:36 am
သများတို့ မန်းလေးမှာလေ…….
ဟို အရင်က ဆိုက်ကားကို မိန်းကလေးတွေ စီးကြသေးတယ်။
နောက်ပိုင်း ခေတ်ပျက်တော့ ဆိုက်ကားဆိုတာ ဟိုလို မိန်းကလေးတွေ မှ စီးတာ ဆိုပြီး မှောင်ရီတရော ဆိုက်ကားစီးရင်ကို ဟိုလိုလို ဒီလိုလိုမို့ မစီးရဖူးးး :mrgreenn:
ဒါမဲ့ မောင်နှမတွေ ဟိုနား ဒီနား သွားရင် ဆိုက်ကားပဲ စီးတယ်။
အရင်းရှင်စိတ်နဲ့တော့ ဟုတ်ဘူးးး၊ ဈေးသက်သာလို့။
ဟိ။ :mrgreenn:
ရှေ့ က မောင် ၂ ယောက်၊ နောက်က မောင်၂ယောက်၊ ဆိုက်ကားသမားနောက်က သများလိုက်တယ်။
အေးရောပဲ။
ကွကိုယ် အတော်သောင်းကျန်းတယ်မှတ်တာ။
ဆိုက်ကားမနင်းဖူးသေးဘူးးး
ဟီးဟီးးးး
😀
ပြောမလို့။
ဒီ ရွာထဲမှာ သများကြိုက်တဲ့ ရသ အရေးကောင်းတဲ့ စာရေးသူထဲ မနှင်းပြုံး ပါလာပြီ သိလားးး
:chit:
လုံမလေးမွန်မွန်
March 10, 2014 at 12:08 pm
ဟုတ်ပါ့ရယ်.. မျက်စိထဲမယ် ကွက်ကွက်ကွင်းကွင်းကို မြင်ပြီး ဇာတ်လမ်းထဲ မျောပါသွားတာ… ငယ်ငယ်က လုံချည်ကွင်းသိုင်းပြီး ကြိုးခုန်တဲ့ ကိုယ့်ကိုကိုယ် အတော်ဆော့လှပြီမှတ်တာ.. ဆိုက်ကားနင်းဖူးတဲ့ ဘဝကို အားကျသွားတယ်… လုံမလည်း ဆိုက်ကားနင်းဖူးတယ်.. မနင်းတတ်ဘူး.. အရမ်းလေးတယ်.. လက်ကိုင်လည်း မထိန်းတတ်ဘူး.. 🙂
snow smile
March 11, 2014 at 5:11 pm
မွန် မွန် ရေ
ဒါ မျိုး ဆို တာ ဇွဲ ရှိ ရ တယ် ကွဲ့
:))))
တော် ယုံ လူ မ တတ်
အင် မ တန် ကံ ပါ မှ
( ဇာတ် လမ်း ထဲ မျော ပါ သွား တယ်)
နောက် တ ခေါက် လောက် ထပ် ပြော
ကြား လို ့ ကောင်း လိုက် တာ :))))))
snow smile
March 11, 2014 at 5:06 pm
ဒီ က လေး မ ကြီး ပွား သည် ထက် ကြီး ပွား အုန်း မှာ
(မုံ ့ ဝယ် ကျွေး မယ် ဆိုင် လာ ခဲ့ ပါ )
စာ ရေး ကောင်း တယ် ပြော ရင် သ ဘော တွေ ကျ
ဆိုုက် ကား ဆရာ ကြီး လို ့ အ ခေါ ် ခံ ရ တာ ထက် ကို
ပို သ ဘော ကျ တာ
:))))))))))))))))))
snow smile
March 11, 2014 at 5:13 pm
to – ဘ ရန်း ဒက် ကေ ဇိ
ကိုပေါက်(မန္တလေး)
March 10, 2014 at 12:27 pm
အော် မ နှင်း ပြုံး မ နှင်း ပြုံး
ခင် ဗျား ရေး တဲ့ စာ တွေ ဖတ် မိ မှ ကျုပ် တို့ ငယ် ငယ် က ဆော့ ခဲ့ ကြ တာေ တွ သ တိ ရ တယ်။
ဒီ လို နွေ ရာ သီ ကျောင်း ပိတ် ချိန် ဆို ရင်
ကျုပ် အဖွား ပြော သ လို ” ကျောင်း ပိတ် တာ နဲ့ ဘုတ် လဲ ပိတ် ဘဲ”
ဘုတ်= book ကုို ပြော တာ။
ကျုပ် တို့ ငယ် ငယ် က တာ ဇံ ခေတ် စား တာ လေ။
အဲ တော့ သစ် ပင် ပေါ် တက် လင့် စင် ထိုး။
နွယ် ကြိုး မ ရှိ တော့ အိမ် က ပု ဆိုး တွေ ယူ လာ ပြီး နွယ် ကြိုး လုပ် က စား တော့
အိမ်လဲ ရောက် ရော အ ဆော် ခံ ရ ပါ လေ ရော။
အော် ငယ် ဘ ဝ လွမ်း စ ရာ ပျော် စ ရာ။
ထ မင်း မှ ရှာ မ စား ရ တာ ပျော် တာ ေ ပါ့။
snow smile
March 11, 2014 at 5:15 pm
အော် ခင် ကြီး ပေါက် လဲ တ ချိန် က တာ ဇံ ဖြစ် ဘူး သ ကိုး
ခင် ခ
March 10, 2014 at 2:24 pm
ဆိုက်ကားစီးရင် ကိုယ့်စိတ်ကိုယ် မလုံဘူး၊ ကုန်းတက်တွေကြုံလို့ သူကဆင်းတွန်းရင် ကိုယ်ကပါ အားနာပြီး ဆိုက်ကားပေါ်ကဆင်းကာ ဝိုင်းတွန်းမိနေလို့လေ။ ဒါနဲ့ဘဲ နောက်ပိုင်း ဆိုက်ကားမစီးဖြစ်ဘဲ နေဖြစ်မိတယ်။
snow smile
March 11, 2014 at 5:17 pm
ကျွန် မ လဲ ထို နည်း ၎င်း
ကုန်း တက် ဆို ဆိုုက် ကား ဆရာ က
ရ ပါ တယ် ဆို တာ တောင် အ တင်း ဆင်း တာ
kyeemite
March 10, 2014 at 3:07 pm
ကျုပ်လည်း ခပ်ငယ်ငယ်က တောင်ငူသွားလည်တုန်း ကျုပ်တည်းတဲ့အိမ်မှာဆိုက်ကားရှိတော့
စမ်းနင်းဖူးတယ်…မလွယိဘူးဗျို့…လက်ကိုင်ကတဖက်ဆွဲနေတာဆိုတော့ အတော်ထိန်းရတာ..
မနှင်းပြုံး ပြောတာအမှန်ပဲ..ကွေ့ ရင်မှောက်တာပဲ…တကယ်တတ်အောင်တော့သင်ချိန်မရလိုက်ပါဘူးလေ
လွမ်းစရာ ငယ်ဘဝလေးတွေပေါ့ 🙂
snow smile
March 11, 2014 at 5:19 pm
ကျွန် မ က ပို တော် တယ် လို ့
ပွင့် ပွင့် လင်း လင်း ဝန် ခံ လိုက် ပါ
:)))))))))
weiwei
March 10, 2014 at 3:47 pm
ကျွန်မ ဆိုက်ကားဒေဝီ ..
လူမှန်းသိကထဲက ဆိုက်ကားစီးခဲ့ရတာ … ကျောင်းသွား ကျောင်းပြန် ဆိုက်ကားကို လပေးငှားထားခဲ့တာ … ဆိုက်ကားလဲမပြောင်း၊ ဆိုက်ကားဆရာလဲမပြောင်းခဲ့ပဲ ကျွန်မတို့ ညီအစ်မနှစ်ယောက်ကတော့ သူငယ်တန်းကနေ ဆယ်တန်းရောက်တဲ့အထိပဲ …
ကျူရှင်သွားတာတောင် ဆိုက်ကားနဲ့မို့လို့ ကောင်လေးတွေက မကြားတကြားစကြတာ … ဆိုက်ကားဒေဝီတဲ့ .. 😉
snow smile
March 10, 2014 at 5:24 pm
ကျွန် မ က တော့ ဆိုက် ကား စီး ရ တာ ကို သ ဘော ကျ သူ မို ့စီး ဖြစ် ပါ တယ်
နေ ဒဏ် လေ ဒဏ် မိုး ဒဏ် င်္ခ ပြီး စီး ပွား ရှာ ရ သူ များ မို ့ ကိုယ် ချင်း စာ စိတ် နဲ့ ပါ
တ ခါ တ လေ ဈေး ပို ပြော တတ် သူ နဲ့ တွေ့ ပေ မဲ့လည်း သူ တို ့ တောင်း သ လောက် ပေး လိုက် တာ ပါ ဘဲ
ဆိုက် ကား စီး ရင် လဲ ရှေ့ ခုံ မှ အ မြဲ ထိုင် စီး ရ မှ
ဒါ မှ သူ တို ့ ကို ဗျုး ရ တာ အ ဆင် ပြေ လို ့ လေ
သူ တို ့ မှာ ကျွန် မ ဆီ က ဆိုက် ကား ခ ရ တာ နဲ့
ကျွန် မ မေး ခွန်း တွေ ကို ဖြေ ရ တာ
တန် တောင် တန် ကြ ရဲ့ လား မ သိ
snow smile
March 10, 2014 at 5:32 pm
ဆိုက် ကား နင်း ချင် ပါ ရဲ့ နဲ့ မ နင်း တတ် သူ
ဆိုက် ကား နင်း ချင် စိတ် ပြင်း ပြ သူ များ
snow smile ထံ တွင် လာ ရောက် သင် ယူ
ကြ ပါ ကုန် လော့
( မှတ် ချက် . . .ဂ ဇက် ရွာ သူား များ သာ)
ကိုပေါက်(မန္တလေး)
March 10, 2014 at 9:48 pm
ထ မင်း လဲ ကျွေး မည် သင် တန်း ကြေး လဲ အ ခ မဲ့ ဆို လျင် ကို ပေါက် ကို စာ ရင်း တို့ ထား လိုက် ပါ။
ဆေး ကု သ ခ ပါ အခ မဲ့ ဆို လျင် အ တိုင်း ထက် အလွန် ပါ ဘဲ ခင်ဗျာ
snow smile
March 11, 2014 at 5:22 pm
အကျိုး အ ကန်း အ ကွဲ အ ပြဲ
များ သည် မိ မိ တာ ဝန် သာ ဖြစ် ပါ ကြောင်း နှင့်
ဆေး သေ တ္တာ နှင့် တ ကွ ကြွ ရောက် ကြ ပါ ရန်
alinsett (gazette)
March 10, 2014 at 5:36 pm
ပြောဖူးပါတယ်။
စာချောရေးတတ်သူလို့။
တချို့ ဝါကျဖွဲ့ပုံ ရေးဟန်လေးတွေဆို စာရေးဆရာမဂျုးများလားလို့ ထင်ရတယ်။ အရေးအသားနဲ့ ရသမြောက်အောင် သရုပ်ဖော်နိုင်မှုက အတော် သေသပ်ပါတယ်လို့။
အားကျတဲ့အရေးအသားပါ။
——-
ဆိုက်ကားတော့ မနင်းတတ်ဘူးဗျာ
ဆိုက်ကား စီးလည်း မစီးရက်ဘူး။
ဘေးက လူက အားကုန်ချွေးသံရွှဲရွှဲနင်းနေတာ
ကိုယ်က ဘေူက အခန့်သားထိုင်လိုက်ရမှာကို တွေးတွေးပြီး
တစ်ခါမှ မစီးဖြစ် ( ငယ်ငယ်ကတော့ အမေတို့နဲ့ စီးရတယ်)
အသက် ဆယ်လေး ကါးနှစ်လောက်က စပြီး ဆိုက်ကားမစီးဖြစ်တော့တာ။
စက်ဘီးနဲ့သွားတာရယ်
လမ်းလျှောက်ရတာရယ်ကိုကြိုက်တော့ ဆိုက်ကားဆို ဟင့်အင်းပဲ။
မိန်းမသားတစ်ယောက် နင်းတဲ့ ဆိုက်ကားးးဆိုရင်ရော
အင်းးးး
ကျနော့် တစ်သက် စီးဖြစ်ပါ့မလား မသိ။
ဒါနဲ့ ကိုယ့်ကို ကိုယ်ပြန်မေးစရာတစ်ခု ထွက်လာတယ်။
ဒီပိုစ့် ဖတ်လိုက်တာ. . . .
. . . . .
snow smile
March 10, 2014 at 5:58 pm
ဆိုက် ကား နင်း သူ ကို သ နား လို ့ မ စီး ဘူး ဆို ရင်
သူ တို ့ ဝင် ငွေ ထိ ခိုက် မှာ ပေါ ့
ဝန် နဲ့ အား မျှ အောင် စီး
သင့် တော် တဲ့ စီး ခ ပေး
ကိုယ် ချင်း စာ စိတ် နဲ့ ဆက် ဆံ
အဲ့ ဒါ က အ ကောင်း ဆုံး ပါ
( ဖတ်သူ ခံစား သူ အား လုံးကို ကျေး ဇူး တင် ပါ တယ်)
Ma Ma
March 10, 2014 at 7:20 pm
ဆိုက္ကားဆရာမကြီးရဲ့ ဆိုက္ကားတောင် စီးချင်လာပြီ။
snow smile
March 11, 2014 at 5:24 pm
ဟင်းးးးးးး
အ တွေ့ နောက် ကျ လှ တယ်
aye.kk
April 14, 2014 at 7:02 pm
ပို ့စ်လေးဖတ်ရင်းနဲ ့… ညီမလေးနင်းတဲ့ဆိုက္ကားပေါ်ကို
ကိုယ်တိုင်ဘဲစီးနေရသလိုလို…ခံစားမိရပါတယ်ကွယ်။။
snow smile
April 15, 2014 at 6:22 am
ဟုတ် ကဲ့
ဆိုက် ကား လာ စီး တဲ့ မ မ ကို ကျေး ဇူး တင် ပါ တယ် ရှင်
TNA
March 10, 2014 at 8:04 pm
ခေါင်းစဉ်ကြည့်ပြီး တင်စားထားတယ်မှတ်တာ။ တကယ်ဆိုက်ကားသမီးဖြစ်သွားတာကိုး။ ကိုယ်တွေ ဆော့တယ်ဆိုတာ Snow Smile ကို မမှီဘူးပဲကိုး။ ဆိုက်ကားကတော့ အခုကားတွေပေါ လာချိန်မှာ မစီးဖြစ်တော့ဘူး။ အရင်ကတော့ နယ်မှာနေတုန်းစီးဖြစ်တယ်။ အကိုဝမ်းကွဲတွေလာလည်ရင်တော့ သူတို့ နင်းတာလိုက်စီးတယ်။ သူတို့လဲ အားကြီးဆိုက်ကားနင်း ချင်တာကိုး။ အသိဆိုက်ကားသမားကို တနေ့လုံးခေါ်ထားပေးရတယ်။ သူတို့က Snow Smile ကိုတောင် မမှီဘူး။ သင်ပေးရသေးတယ်။ အတော်ခက်ဆိုပဲ။
snow smile
March 10, 2014 at 8:43 pm
snow smile လဲ တော် တော် သင် လိုက် ရ ပါ တယ်
အ ကွဲ အ ပြဲ အ ဖူး အ ယောင် မျိုး စုံ ပါ ဘဲ
မိန်း မ တို ့ လုံ ့ လ သေ တာ တောင် မ လျော ့ ဘူး
ဆို တဲ့ ထုံး နှ လုံး မူ ပြီး
တတ် အောင် သင် ခဲ့ ခြင်း ဖြစ် ပါ ကြောင်း
Fall Guy
March 11, 2014 at 8:20 pm
ကျတော်လဲနင်းဖူးတယ်ဗျ..။
လွယ်တော့မလွယ်ဖူး တစ်ခြမ်းဆွဲကြီး…
snow smile
March 11, 2014 at 9:01 pm
ဟုတ် တယ်
ဘေး က အ ပို တစ် တွဲ ပါ တော့
စက် ဘီး လို မ ဟုတ် ဘူး
တစ် ခြမ်း ဆွဲ တယ်
ကွေ့ ရင် မှောက် တတ် တယ်
အဘရဟူဒီ
March 11, 2014 at 10:43 pm
ဆိုက်ကားလား …ကျော် လည်း ..နင်းဖူးသဗျ….
နယ်မြို့လေး တစ်မြို့မယ်…၂၀၀၈ တုန်းကပေါ့….
(လူက အလုပ်ထဲရောက်လို့… ပလော့ဂျက်လီဒါ တောင်ဖြစ်နေပြီ အခွက်ပြောင်တုန်း ပြောပါတယ်..)
နင်းတာမှ ဝက်စာ တွေ တင်ထားတဲ့ ဆိုက်ဂျဲရိုး ကို နောက်မှာ လူ တင်ပီးတော့ …ကိုနင်းတာ..
တခြမ်းဆွဲနေတယ်ဆိုတာ စာတွေ့အရ သိထားတာကြောင့် သတိနဲ့နင်းရသာပေါ့ဗျာ…
တကယ် ဆို နင်းတာကလည်း ခြံ၁ပါတ်လောက်ပါ….
ပူလို့ .. ရှပ်အက ျင်္ ီ ချွတ် ခေါင်းမှာစီး …
ဂလဲ ကြီး တပ်ပီး အပြီ နင်းတာကို ဓာတ်ရှင် ရိုက်ထားတဲ့ သူက ရှိသေး..
ခုခေတ်ကြီးဆို အွန်လိုင်း တင်ခံရမှာ …မတွေးရဲဇယာ ရယ်…..
အော်… ခုတော့လည်း အဲ့တုန်းက ဘော်ဒါတွေ တယောက် တနေရာ စီ ….
လွမ်းထှာ..ဗျာ
snow smile
March 11, 2014 at 11:51 pm
မ ယုံ ပါ
ပုံ နဲ့ တ ကွ သက် သေ ပြ ပါ
snow smile အ ထင် တော့
ရွာ ထဲ တွင် ဆိုက် ကား နင်း ဘူး သူ
ကျွန် မ မှ တ ပါး အ ခြား မ ရှိ ပြီ
: )))))))
padonmar
March 12, 2014 at 9:20 pm
ငယ်ငယ်က နယ်မှာနေတော့ စက်ဘီးတော့ ကောင်းကောင်းစီးတတ်တယ်။
အိမ်နားလာရပ်ထားတဲ့ ဆိုက်ကားကို တက်ပြီး တချက်နှစ်ချက်နင်းကြည့်တာ လမ်းဘေး ထိုးဆင်းသွားလို့ ကြောက်ပြီး နောက်မဆော့တော့ဘူး။
မနှင်းပြုံးလက်ရာရယ် မှီ့လက်ရာရယ် ရိုးရိုးလေးနဲ့ ဆွဲဆောင် နိုင်တယ်။
စာရေးစာဖတ်ဝါသနာရှင်ကို ယူသွားခွင့်ပြုပါနော်။
snow smile
March 13, 2014 at 1:03 pm
”မှီ” ရေး တာ တွေ အ ရမ်း ကြိုက် တယ်
အ ရေး အ သား သေ သပ် တယ်
သူ ့ လို မျိုး ရေး တတ် ချင် တာ
တ ကယ် ပါ
ကျွန် မ က ခု မှ ရေး ဘူး သူ မို ့
အား ပေး သံ ကြား ရင် အ ရမ်း ဝမ်း သာ မိ ပါ တယ်
ကျေး ဇူး ပါ
surmi
March 13, 2014 at 1:12 pm
မထင် ¡¡¡!!!!
ဒီလိုဖြစ်ခဲ့မယ်လို့ မထင်
ဪ ဟောဒီကအစ်မကြီးကို မမြင်ဖူးသေးသူတွေကတော့
မောင်ဆာမိပြောတာ သဘောပေါက်မှာမဟုတ် ။
ကျနော်ကတော့ ငယ်ဘဝနဲ့ လက်ရှိ အခြေအနေ တခြားစီဖြစ်နေတာလေး
အံ့ဩ သဘောကျသဗျာဘ
အဲဒီတုန်းကပြောတော့ စာသိပ်မရေးတတ်ဘူး တဲ့
မရေးတတ်ပေလို့သာပဲ ကျောင်းအစ်မရယ် :).
snow smile
March 13, 2014 at 3:17 pm
ဂ ဇက် သ င်္ကြန် လုပ် ရင် ကောင်း မယ်
သံ ချပ် တို ့
သ င်္ကြန် စာ တို ့ ဖတ် ပြီး က တဲ က
စိတ် ထဲ အဲ လို ဖြစ် နေ တာ
နော် မောင် ဆာ မိ
အ မျိုးသ မီး တ ဘက်
အ မျိုး သား တစ် ဘက်
သံ ချပ် ထိုး ရ ရင် ကောင်း မ လား
ကိုပေါက်(မန္တလေး)
March 13, 2014 at 1:21 pm
က ဆာ မိ ပြော တာ အ မှန် တွေ ဘာ ဘဲ
snow smile
March 13, 2014 at 3:20 pm
ချွန် ပြီ
ကိုပေါက်(မန္တလေး)
March 13, 2014 at 3:41 pm
မ ချွန် ပါ ယပ် ခပ် ပေး ခြင်း မျှ သာ
Crystalline
April 13, 2014 at 10:22 am
မမလှလှက အရမ်းစာရေးကောင်းတယ.်.. ဖတ်မဝဘူး..
snow smile
April 13, 2014 at 10:15 pm
တ ကယ် ဝမ်း သာ တယ် ညီ မ လေး ရေ
အဲ လို လေး ကြား ရ ရင်
Kaung Kin Pyar
April 18, 2014 at 4:03 pm
ငယ်ငယ်က အမှတ်တရတွေက အရမ်း လွမ်းဖို့ ကောင်းတာပဲ…။ လူကြီးဖြစ်တဲ့အချိန်မှာလောက် ကိစ္စများမြောင်တွေ မရှိနေတော့ တကယ်လွတ်လပ်ခဲ့ပါတယ်..။ ကောင်းကင်ပြာတော့ မ snow smile လို ဆိုက်ကား မမောင်းတတ်ခဲ့ပေမယ့်.. မျက်နှာလေတိုးတဲ့အရသာကို တကယ်ကြိုက်လို့ ဆိုင်ကယ်လ်တော့ မောင်းခဲ့ဖူးပါတယ်…။
အမေက ဒီဝင်းထဲပဲ ပတ်စီးနော်လို့ မှာတဲ့အချိန်မှာ မြို့ပြင်တောင် ရောက်ခဲ့ပြီးတာတော့ သတိရမိပါအိ….။
ကျွန်မ ဆိုက်ကားဆရာ ကတော့အရမ်း ဖတ်လို့ကောင်းတဲ့ စာတစ်ပုဒ်ပါပဲ….။
snow smile
April 19, 2014 at 12:35 pm
ဒီ ဝင်း ထဲ ဆို မြို့ ပြင်
မြို ့ ပြင် ထွက် စီး ဆို လို ့ က တော့က မ ္ဘာ ပတ် ပြီ
ငယ် ငယ် က အဲ သ လို
လာ ဖတ် တာ ကျေး ဇူး ပါ ညီ မ လေး ရေ
အရီးခင်
June 14, 2014 at 4:01 pm
မနှင်း ရေ လက်စွမ်းရော ခြေစွမ်းပါ ထက် တဲ့ မိန်းမ တစ်ယောက် ရွာထဲ မှာ တိုးလာတာ ဝမ်းမြောက်မိတယ်။
ဆိုက်ကားတော့ မမောင်းဖူးဘူး။
သူများ မလုပ်တာ လုပ်ဘူးတာ ဆိုရင် အဖွား ရဲ့ လုပ်ငန်းက ရေလမ်းခရီး မော်တော်လေးတွေတော့ အဖွားဆီသွားလည်တိုင်း မောင်းဘူးတယ်။
ခက်ဘူး။ ဘေးက ဆလင်ကြီး က ကူတာကိုး။ အမှန်တော့ အဖြစ်ပေါ့။
ဒါပေသည့် ရွာထဲက ကက်ပတိန်ကြီး ထက် ရေလမ်းယာဉ်ကို စောမောင်းခဲ့တာနော။ ;-)))
ကိုယ်လုပ်ချင်တာ ကို ဖြစ်အောင် ကြိုးစား လုပ်နိုင်ခဲ့တဲ့ မနှင်း ကို အားကျမိတယ်။
စာရေးကောင်းတာကိုလဲ အားကျမိတယ်။
ဘဝ အတွေ့အကြုံ လေးတွေက တကယ်စိတ်ဝင်စားစရာမို့ ဆက်မျှပေးပါဦး။
snow smile
June 16, 2014 at 7:38 am
အ ရိး ခင် ရေ
ကိုယ် ရေး တဲ့ စာ လေး ကို
တ ကူး တ က လာ ဖတ် တာ
တ ကယ့် ကို ဝမ်း သာ မိ ပါ တယ်
တ ကယ် တော့ အ ရီး ခင် တို ့ လို
တိ တိ ကျ ကျ လှ လှ ပ ပ နဲ့ လို ရင်း ရောက် အောင်
ရေး တတ် ချင် သူ ဖြစ် ချင် တာ
ရွာ ထဲ မှာ အား ကျ စရာ စာ ရေး ကောင်း သူ တွေ
အ များ ကြီး ပါ
ရေး ထား တာ တွေ ရှိ ပေ မဲ့
မ တင် ဖြစ် သေး တာ ပါ
တင် ဘို ့ အား ယူ နေ တဲ့ အ ချိန် နဲ့
အ ရီး လာ ဖတ် တာ နဲ့ ကွက် တိ
တ ကယ် ကျေး ဇူး တင် မိ ပါ တယ်
sorrow
June 15, 2014 at 9:01 am
အလိုလေး ..မမရယ်… ဆိုက်ကားနင်းတယ်တဲ့လား…တော်ယုံဇတော့မဟုတ်…
ကျော်ကတော့ ငယ်တုန်းက ဌက်ပျောပင်ကို မြှားပစ်တမ်းကစားတာ …ကျော်တို့အိမ်နားက ယူကလစ်ပင်တန်းနားက ( ရွာထဲက …တီသဲနုအေး အဲ့နေရာ ကောင်းကောင်းသိသဗျ ..တီသဲနဲ့ က ငယ်တုန်းက အိမ်နီးချင်း….အဟိဟိ ) …တစ်ခါသား…ရွှပ်ဆိုပစ်ထည့်တာ….မြှားတံက ငှက်ပျောပင်ကိုအလျားလိုက်မှန်ပြီး ပြန်ကန်ထွက်လာပြီး ..ပေါင်ရင်းလာစိုက်ပါရောလား.. မြှားတံမှာ စပုတ်တံကို ချွန်ပြီး ကွေးထားလိုက်တာ …ပြန်ဆွဲထုတ်မရလို့ ဆေးခန်းတက်ခွဲရတယ်ဂျ…….ကံသီလို့ ….နှစ်လက်မလောက်များ အပေါ်တက်သွားရင်လား…..အမငီးးးး တွေးပင်မတွေးရဲစရာ …အဟိဟိဟိ…
snow smile
June 16, 2014 at 7:47 am
အဲ့ လို တော့ မ ပစ် ဘူး ဘူး
သား ရေ ကွင်း တောင် မှန် အောင် မ ပစ် တတ်
အစ် မ က အင် အား သုံး ပြီး က စား ရ တာ တို ့
ပြေး တာ တို ့ အ မြင့် က နေ ခုန် ချ ရ တာ တို ့
တ အား လုပ် တာ
လာ ဝင် ဖတ် တဲ့ အ တွက် မန့် ့ သွား တဲ့ အ တွက်
ကျေး ဇူး ပါ sorrow ရေ
အစ် မ စာ လေး တော့ လူ မ မြင် တော့ ဘယ် သူ မှ မ ဖတ် ကြ တော့ ဘူး
ထင် နေ တာ လေ
Myat Pearl Phyu
January 8, 2015 at 3:14 pm
ငယ်ဘဝအမှတ်တရတွေကို သေသေချာချာမှတ်မိတယ်နော်။