အလောင်းအစားThe Bet-မြမဉ္ဇူူူ
ပြီးခဲ့တဲ့လက စာအုပ်ဈေးပွဲတော်မှာ မွှေနှောက်ရင်း စာအုပ်ကောင်းလေး တအုပ်ရခဲ့ပါတယ်။
အားလုံးသိတဲ့ မန္တလေးက ဒေါ်ဒေါ်(လူထုဒေါ်အမာ) ငယ်နုစဉ် အသက် ၂ဝ ပတ်ဝန်းကျင်က မြမဉ္ဇူူ ကလောင်နဲ့ ရေးခဲ့တဲ့ ဝတ္ထုတိုလေးတွေပါ။
အရေးအသားရော အကြောင်းအရာရွေးချယ်မှုပါ တော်တော့်ကို ကောင်းတဲ့ ဝတ္ထုတိုတွေပါပဲ။ဒီလို ငယ်စဉ်ကတည်းက စာဖတ်နာ စာရေးကောင်းတာကြောင့်လည်း ကြီးလာတော့ လူထု ဒေါ်အမာလို့ နာမည်ကျော်အောင် ဖြစ်လာခဲ့တာပေါ့နော်။
ဒီစာအုပ်ထဲမှာ ဝတ္ထုတိုလေး ၂၂ ပုဒ်ပါတဲ့အထဲ ၃ပုဒ်က နို်င်ငံခြားဝတ္ထု ကျောရိုးကို မှီငြမ်းပြုထားတာပါ။
အမေက ဒီစာအုပ်ထုတ်ဝေခြင်းအမှာစာမှာ ပထမ ရေးစဉ်က ဒီလို မှီငြမ်းပြုပါတယ်လို့ မရေးခဲ့ရတာကို တွေးပြီး ရှက်မိပါတယ်တဲ့။
(လေးစားစရာ စိတ်ဓာတ်ပါပဲ၊ထပ်ပြောချင်ပါတယ်။ဒါကြောင့်လည်း လူထု ဒေါ်အမာလို့ နာမည်ကျော်အောင် ဖြစ်လာခဲ့တာပေါ့နော်။)
အဲဒီထဲကမှ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလထုတ် ကြီးပွားရေး မဂ္ဂဇင်း မှာပါခဲ့တဲ့ အလောင်းအစားဝတ္ထုတိုလေးဟာ The Bet ဆိုတဲ့ နို်င်ငံခြားဝတ္ထုကျောရိုးကို ယူထားပါတယ်။ကျောရိုးယူပေမယ့် မြန်မာ့ရေမြေနဲ့ ကိုက်အောင် ပြန်ရေးထားတာ သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။
အဲဒီ ၁၉၃၈ ပတ်ဝန်းကျင်ကပေါ့၊စက်သူဌေး ဦးရွှေတုပ်ရဲ့ အိမ်ဘုရားကိုးဆူ ပူဇော်ပွဲမှာ မိတ်ဆွေတစု အငြင်းအခုန်ဖြစ်ကြပါတယ်။အကြောင်းအရာကတော့ သေဒဏ်နဲ့ တသက်တကျွန်းဒဏ် ဘယ်ဟာက ခံရသက်သာသလဲ ဆိုတာပါပဲ။
အတော်များများက သေတာကမှ သက်သာသေးလို့ ပြောကြပေမယ့်
အသက်အစိတ်သာရှိသေးတဲ့ ဝတ်လုံကလေးတယောက်က အသက်ရှင်ရတာ မြတ်သမို့
သူသာဆို သေဒဏ်ထက် နှစ်ရှည်ထောင်ဒဏ်ကိုပဲ ရွေးမှာပဲလို့ ဆန့်ကျင်ဖက်ပြောလာပါတယ်။
အဲဒီမှာပဲ စက်သူဌေး ဦးရွှေတုပ်နဲ့ ဝတ်လုံကလေး တို့ အခြေအတင် စကားများပြီး အလောင်းအစား ၁ခုဖြစ်ခဲ့ပါတယ်။
ဝတ်လုံကလေးကို ဦးရွှေတုပ်က ၁၅နှစ် ပိတ်လှောင်ထားပါမယ်။ ၁၅နှစ်တင်းတင်း မိနစ်တောင် မလျော့ရင် ငွေ ငါးသောင်း ပေးရပါမယ်။
၁၉၃၈ ခုနှစ်ရဲ့ ငွေငါးသောင်းဟာ တော်တော်တန်ဖိုးကြီးပါလိမ့်မယ်။ အမှတ်မမှားရင် ရွှေ ၁ကျပ်သား ဒင်္ဂါး ၁ပြားကို ၆ကျပ်လောက်ပဲ ရှိပါလိမ့်မယ်။ အခုခေတ် ရွှေဈေးနဲ့ ခန့်မှန်းကြည့်ကြပါ။
စည်းကမ်းချက်တွေထဲ
ဝတ်လုံကလေးဟာ ၁၅ နှစ်လုံးလုံး သက်ရှိ ဘယ် သတ္တဝါနဲ့မှ တွေ့ခွင့်မရဘူး။အခန်းထဲမှာ သော့ပိတ်ခံထားရမယ်။ သတင်းစာမဖတ်ရ၊စာပေးစာယူ မလုပ်ရ( အဲဒီအချိန် မြန်မာပြည်မှာ ရေဒီယိုတောင် မရှိသေးဘူးထင်ပါရဲ့၊ရှိရင်လည်း ပေးထားမှာမဟုတ်ပါဘူး)အပျင်းဖြေ တီးမှုတ်စရာ ကိရိယာအစုံ၊ဖတ်စရာ စာအုပ်၊စာရေးစက္ကူ၊၊ကလောင်တံ၊မင်အိုး၊ဆေးလိပ်၊အရက် ပေးထားမယ်။ပြူတင်းပေါက် ကျဉ်းလေးကနေ အစားအသောက် ပေးမယ်။လိုချင်တာ စာရေးမှာလို့ရမယ်။၁၅နှစ်ပြည့်တဲ့နေ့ ညနေ ၆နာရီ တိတိမှ အခန်းထဲက ထွက်ခွင့်ရမယ်။၂ မိနစ် စောထွက်ရင်တောင် ဝတ်လုံလေး ရှုံးပြီး ငွေ ငါးသောင်း မရနိုင်တော့ပါဘူး။
(ကျမတော့ မျက်စိထဲမှာ တယောက်သောသူကို မြင်ယောင်လာပါတယ်။)
ကဲ….ဒီထိ အမြည်းပြောပြပြီး
ဒီဝတ်လုံကလေး ၁၅ နှစ်ကာလကို ဖြတ်သန်းနိုင်မလား၊ဘယ်လို ဖြတ်သန်းမလဲ၊ သူ့နေရာမှာ သင်သာဆိုရင် ဘာတွေ လုပ်မလဲ၊ဒါလေးတွေ ဖြေကြည့်ကြစေချင်ပါတယ်။
နောက်တခု….
၁၅နှစ်တာကာလမှာ စက်သူဌေး ဦးရွှေတုပ်ဟာ အသုံးအစွဲကြီး၊စပါးဈေးကျတော့ အရင်ကလို မချမ်းသာတော့ပဲ တော်တော်မွဲသွားပါတယ်။
ဝတ်လုံကလေးများ မတော်တဆ နိုင်ခဲ့ရင် ငွေငါးသောင်းပေးလိုက်လို့ကတော့ ဦးရွှေတုပ် ဒေဝါလီခံရမယ့်ကိန်းဆိုက်ပါမယ်တဲ့။
အဲတော့ ဦးရွှေတုပ် ဘာများလုပ်ပါမလဲ။
သင်သာ ဦးရွှေတုပ်ဆိုရင် ဘာလုပ်မှာပါလဲ။
ဒီမေးခွန်းလေးတွေလည်း ဖြေကြည့်ကြပါအုံး။
မြမဉ္ဇူ ဖတ်ဖူးတဲ့သူတွေက ဖတ်ဖူးတယ်ပဲပြောပြီး တေတေနိတ် ပေးကြပါနော်။
24 comments
alinsett (gazette)
March 10, 2014 at 7:39 am
ဖတ်ဖူးသေးဘူး
:kwi:
ဘရန်းဒက် ကေဇီ
March 10, 2014 at 7:51 am
တိတ်တိတ်နေလိုက်ပြီ။
ဒါမဲ့ ကျနော် ဖတ်ဖူးတုန်းက ရွှေဥဒေါင်းလား၊ ဒဂုန်ရွှေမျှား ဗားရှင်းနဲ့လား မသိဘူးးး
🙂
Mr. MarGa
March 10, 2014 at 9:44 am
ဖတ်ဖူးသေးဘူး ဒေါ်လေးရေ့
ကြည့်ရတာ မသမာတာတစ်ခုခုတော့ လုပ်တော့မယ်ထင့် 🙂
ရဲစည်
March 10, 2014 at 9:58 am
“အပျင်းဖြေ တီးမှုတ်စရာ ကိရိယာအစုံ၊ဖတ်စရာ စာအုပ်၊စာရေးစက္ကူ၊၊ကလောင်တံ၊မင်အိုး၊ဆေးလိပ်၊အရက် ပေးထားမယ်။ပြူတင်းပေါက် ကျဉ်းလေးကနေ အစားအသောက် ပေးမယ်။လိုချင်တာ စာရေးမှာလို့ရမယ်”
မဆိုးပါဘူး အဲ့လောက်ဆို နေပျော်ပါသေးတယ်။
အနော်ကတော့ စာလေးဖတ်၊ စားစားသောက်သောက်ပေါ့၊ တရားဘာဝနာလေးဘာလေး ပွားများပေါ့။ ကျန်းမာရေးဖောက်လို့ ဆေးရုံဆေးခန်းပြရရင် အဲ့ဝတ်လုံတော်မင်း ရှုံးမှာလားဟင်???
သူ့ခေတ်သူ့အခါက ဖတ်ကောင်းခဲ့ပေမဲ့ လက်တွေ့မဆန်တဲ့ စာလို့ပဲ သတ်မှတ်ပါတယ်။
ဦးရွှေတုတ်နေရာကနေ ဘာလုပ်မလဲ မေးလာတော့ ၅၀၀၀ဝပေးရမှာ မနည်းတော့ ရဲကို ခေါ်ပီး အနော်ရာဇဝတ်မှု ကျူးလွန်ထားပါတယ်လို့ ပြောပြလိုက်တာ ပိုကောင်းမပေါ့။
အားမနာတမ်းပြောရရင် မူရင်းစာရေးသူရော တဆင့်ပြန်ဆိုသူရော အရေးအသား အတတ်ပညာကြောင့် လက်ရာမြောက်ခဲ့ပေမဲ့ အကြောင်းအရာကတော့ မိုက်မဲမှုတစ်ခုကို ရသမြောက် ဖေါ်ထုတ်ခဲ့တယ်လို့ ဖြီးဖြန်းပါရစေ
မီ မီ
March 10, 2014 at 11:38 am
ညဏ်မမှီပါဘူးရှင်
အဖြေကို မျှော်နေမယ်အန်တီရေ
လုံမလေးမွန်မွန်
March 10, 2014 at 11:46 am
မဖတ်ဖူးဘူး.. ပေါက်တက်ကရ လျှောက်ဖြေကြည့်ရင်တော့ အစားထဲ အဆိပ်ကျွေးပြီး ြြြဖြည်းဖြည်းချင်း ညှင်းသတ်လေမလား.. 🙂
ဦးကျောက်ခဲ
March 10, 2014 at 12:13 pm
အဟွတ် အဟွတ် တေတေနိတ်သော်လည်း ချောင်းဆိုးချင်နေတယ်…
အနှောင်အဖွဲ့ခံရတာ ဘယ်လောက်ဆိုးတယ်ဆိုတာကို ခံဘူးမှသိလိမ့်မယ်…
မှန်အိမ်ထဲက ငါး ရွှေလှောင်ခြိုင့်က ငှက် ၊ ဘယ်ဘဝမှ မက်စရာမရှိ…
ကျောက်စ်သာ ဦးရွှေတုပ်ဆိုရင်…. စိတ်ညစ်အောင်လုပ်မှာပေါ့… ဟီ ဟိ
😀
ဦးကြောင်ကြီး
March 10, 2014 at 12:54 pm
ရွှေတုပ်
လေမှုတ်
ဘေထုပ်
ခြေဆုပ်
လေခုတ်
အေပြုတ်
နွေဟုတ်
မြေအုတ်..။
Crystalline
March 10, 2014 at 12:58 pm
တီဘုံမာပြောတော့ စာအုပ်ပွဲတော်ရှိတယ်ဆိုလို့.. အဲ့စာအုပ်ဝယ်မလို့..တော်ဝင်စင်တာသွားခဲ့တာပေါ့…. ဈေးရောင်းပွဲရှိတော့ဘူး.. ဖရဲသီးဘမ်းမှောက်နေတဲ့ ကောင်မလေးပဲတွေ့ခဲ့ရတယ်.. :mrgreenn:
ပြတင်းပေါက်ကျဉ်းလေးကဖွင့်လို့ရလား..မရရင်တော့ သူ့ဆေးလိပ်နံ့နဲ့သူမွန်းသေလိမ့်မယ်.. :mrgreenn:
Novy
March 10, 2014 at 1:45 pm
၁၉၃၈ ခုနှစ်ရဲ့ ငွေငါးသောင်းဟာ တော်တော်တန်ဖိုးကြီးပါလိမ့်မယ်။
၁၅နှစ်ပေါင်းရင်း 1953 ခုနှစ်မှ အလောင်းအစားကပြီးမယ်
ရွှ ၁ကျပ်သား ဒင်္ဂါး ၁ပြားကို ၆ကျပ်ခေတ် ရတော့မှာမဟုတ်ဘူး
ငွေကြေးတန်ဘိုးကပြောင်းလဲသွားမှာ ရုပ်ဝတ္ထုတွေပြောင်းလဲသွားမယ်
သေခြင်းတရားတွေရှိမယ် ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ
ရူးရူးမိုက်မိုက်နဲ့ ငွေငါးသောင်း အလောင်းအစားလုပ်ပြီး တော့
ကိုယ်ဘဝကြီးကို ပိတ်လှောင်ထားတာကို ပညာတက် ဝတ်လုံတစ်ဦးက ဘာလို့လက်ခံတာပါလိမ့်လို့ စဉ်စားမိတယ် လွတ်လပ်ခြင်းရဲ့အရသာကို မသိလေရော့သလား…………….
padonmar
March 11, 2014 at 12:22 am
မနိုဗွီရဲ့
အဲဒီခေတ်က ခုခေတ်လောက် အပြောင်းအလဲမများရှာဘူးလေ။
snow smile
March 10, 2014 at 3:30 pm
ဖြေ တိုင်း လွဲ တတ် သူ လို ့
ထင် ပေါ ် ကျော် ကြား သူမို ့
ငြ်ိမ် နေ တာ အ ကောင်း ဆုံး
snow smile ရေ
kyeemite
March 10, 2014 at 4:08 pm
တူများဒွေဖြေတာကိုသာစောင့်ကြည့်ပါမယ်အာတီဒုံ 🙂
ငယ်ငယ်ကဖတ်ဖူးခဲ့ပေမဲ့ သိပ်ကြာပီဆိုတော့ မမှတ်မိတော့ဘူး…
မဟာရာဇာ အံစာတုံး
March 10, 2014 at 4:29 pm
လူတွေဟာ သူတို့ ယုံကြည်လက်ခံထားတဲ့အတိုင်း
ကျင့်သုံးနေထိုင်ကြပါသတဲ့ …
ဒါကြောင့်မို့လည်း …
ဒီလိုတွေ အလောင်းအစား လုပ်ခဲ့ကြတာပေါ့ ..
ဒါပေမယ့် .. အဲ့ဒီအချိန်က ဘောစိ က ဦးရွှေတုပ် …
နောက်တော့ ပြုတ်ပြီး မွဲတော့မယ်အလုပ် …
ဒီတော့ ဦးရွှေတုပ် ဘယ်လို လုပ်မတုန်းဆိုတော့ …
ဝတ်လုံလေးကို လွှတ်ရက် အစေ့ခင်မှာ ….
တစ်ခုခု ဖြစ်အောင် လုပ်ဖို့ပဲ ရှိတော့တာပေါ့ဗျာ …..။
ဒီလို တစ်ခုခု လုပ်တဲ့အခါမှာလည်း ပိပိရိရိ ဖြစ်အောင်တော့ လုပ်ရပေမပေါ့ ….
Ma Ma
March 10, 2014 at 6:23 pm
မတူတဲ့အတွေးနဲ့ မန့်ရရင် လူတစ်ယောက်ကို အကြောင်းမဲ့ ပိတ်လှောင်ထားလို့ မရပါဘူး။ 😀
TNA
March 10, 2014 at 8:05 pm
မဖတ်ဖူးဘူး အန်တီဒုံရေ။ ဒါပေမဲ့ ဦးရွှေတုပ် က ဝတ်လုံလေးကို ထွက်ချင်စိတ်ပေါက်ပြီး သူပိုက်ဆံမပေးရအောင်လုပ်မှာပေါ့။ အဲလိုပဲထင်တယ်။
ကိုပေါက်(မန္တလေး)
March 10, 2014 at 10:53 pm
သတ ်ချင် သတ် ပလိုက် မပြော ဘူး အ ဖြေ ကို
padonmar
March 11, 2014 at 12:19 am
မဖတ်ဖူးသေးတဲ့သူတွေ တွေးကြည့်ကြပါအုံး။
စာအုပ်ထဲက အကြောင်းအရာက အဖြေမှန်လို့ မပြောနိုင်ပါဘူး။
သူ့နေရာမှာ ငါသာဆိုရင်လို့ စဉ်းစားကြည့်ဖို့ပါ။
ဝတ္ထုက ဘယ်လို ဖြတ်သန်းတယ်။ဘယ်လို အဆုံးသပ်တယ်ဆိုတာကတော့ စာရေးနည်းပညာ အတုယူဖို့ပါ။
နောက်ရက်ကျရင် အဲဒီဝတ္ထုကို တင်ပေးပါမယ်။
ဒီလို အထီးကျန် ပတ်ဝန်းကျင်နဲ့ ဖြတ်ပြီး (ရေဒီယိုလေး တလုံး၊အဖော် တယောက်နဲ့) ဖြတ်သန်းသွားရတဲ့ ဘဝ တခုလည်း မျက်မြင်မို့လို့ ဒါ မဖြစ်နိုင်တဲ့ ကိစ္စလို့ မတွေးပဲ ငါသာ အဲဒီဘဝ ဖြတ်သန်းရရင် ဘယ်လိုနေမလဲ လို့ နည်းနည်း တွေးကြည့်ပေးကြပါအုံး။
kai
March 11, 2014 at 4:24 am
မဖတ်ဖူးပါဘူး..
ဆိုတော့.. ဘုရားဟောကိုင်ပြောရရင်.. အသက်ရှင်ရတာ… မြတ်ပါတယ်.။ ရှင်သန်နေမှုကို တန်ဖိုးဖြတ်မရပါ..။
မြတ်တယ်ဆိုတာမျိုးက… အသက်ရှင်နေမှလုပ်ချင်တာဖြစ်ချင်တာတွေလုပ်လို့..ဖြစ်လို့ရမှာကိုး..။
ဥပမာပေါ့လေ..။
ရန်ကုန်မှာ အာဇာနည်ကုန်းကို ဗုံးဖေါက်တဲ့ မြောက်ကကြီး၂ယောက်သေဒဏ်ကျခံရတာပဲ..။
သတ်မှမသတ်တာ..။
အဲလိုနဲ့..အခုဆိုပြန်တောင်လွတ်နေပြီလားမသိ..။
ကဲလေ.. ကိုယ်သာဆိုရင်… ဆိုတဲ့ဖက်ကပြောကြည့်ပါမယ်..။
ကိုယ်သာ စက်သူဌေးဆိုရင်.. အဲဒီအလောင်းအစားမျိုးမလောင်းရေးချမလောင်း..
ကိုယ်သာ ရှေ့နေဆိုရင်လည်း.. အဲဒီလိုမျိုး..၁၅နှစ်မဝင်ရေးချမဝင်..။
အခုအချေအတင်ဖြစ်တာမှာ.. ဆုပေးဒဏ်ပေးစနစ်မှမရှိတာ..။
မဝင်နေနိုင်ရင်..ဘာပြန်လျှော်ရမယ်မျိုးမရှိတော့… အထဲမှာ.. ၁ပါတ်လောက်အေးအေးဆေးဆေးနားနားနေနေနေ..
ပြီးရင်.. ပြန်ထွက်လာမှာပေါ့..။
မသကာ.. သမီးပေးထားရင်တော့..ရက်တော်တော်ကြာကြာအထိ.. အိုကေ..(နောက်ထှာ)
ဦးကျောက်ခဲ
March 11, 2014 at 8:07 am
“ရန်ကုန်မှာ အာဇာနည်ကုန်းကို ဗုံးဖေါက်တဲ့ မြောက်ကကြီး၂ယောက်သေဒဏ်ကျခံရတာပဲ..။
သတ်မှမသတ်တာ..။
အဲလိုနဲ့..အခုဆိုပြန်တောင်လွတ်နေပြီလားမသိ..။”
သတ်ပါတယ်သဂျီး…
ဗိုလ်မှူးဇင်မို က စီရင်ချက်ချအပြီး ၂နှစ်အကြာမှာ ကြိုးပေးခံရပါတယ်…
နိုင်ငံတော်သက်သေ ဗိုလ်ကြီးကင်မင်ချူး က တော့ တစ်သက်တကျွန်းပါ…
သူ့ကို အထူးတိုက်မှာ ထောက်/ပြုတ် မျက်မှန်ကြီးတင်ဦးနဲ့ အတူထားပါတယ်…
ပြန်လွတ်ရင် မြောက်ကိုမပြန်ချင်တော့ဘူးလို့ ပြောပါသတဲ့…
အဲဂလိုနဲ့ တောင်သံရုံးကလာ ညှိနေတုန်း ၊ ၂၀၀ဝခုနှစ်များအလွန်မှာ…
အဆုတ်အအေးမိပြီး အင်းစိန်တောရမှာပဲ ကွယ်လွန်ပါတယ် ခင်ဗျား…
kai
March 11, 2014 at 8:20 am
ရှင်းပြတာလေးအတွက်ကျေးကျေးပါနော..။
အင်း..အဲဒါကြောင့်.. မြန်မာပြည်မှာ သေဒဏ်အမိန့်ကိုဖျက်ပေးဖို့..အဆိုပြုနေကြတာဖြစ်မယ်..
တကယ်လုပ်တာကိုး..
padonmar
March 12, 2014 at 12:32 am
အဲဒါ အရှေ့တိုင်းသားစိတ်ပေါ့ သူကြီးရဲ့။
ဒီဝတ္ထုကျောရိုးကိုက နိုင်ငံခြားဝတ္ထုဆိုတော့ ဇာတ်ကောင်တွေရဲ့ စရိုက်က ကျမတို့နဲ့ မတူ။
သူတို့အဖြူတွေက ကိုယ်ပြောမိတဲ့ စကားတခွန်းမှန်ကြောင်း သက်သေပြဖို့တွက် ၁၅နှစ်မပြောနဲ့ အသက်တောင် မနှမျောတတ်ကြဘူး။
ဒါကြောင့် စကားများရင် မျက်နှာချင်းဆိုင် သေနတ်ပစ်တဲ့ လုပ်ရပ်မျိုး လုပ်ကြတာပေါ့။အဲဒီအချိန်ကဆို နှစ်ဦးသဘောတူ သေနတ်ပစ်လို့ သေသွားရင်တောင် ရာဇဝတ်မှု မဖြစ်ဆိုတဲ့ ခေတ်မျိုးကိုး။
(အဖြူတွေက နှစ်ရှည်စောင့်မှရမယ့် ရလဒ် ကိုလည်း သည်းခံစောင့်နိုင်ကြတယ်။ဒါကြောင့်လည်း သုတေသနသမားတွေ၊နယ်ပယ်သစ်ရှာသူတွေဟာ အဖြူတွေထဲကပဲ ထွက်လာတာပေါ့၊ဒို့သူကြီးလည်း ဘာတွေပြောနေနေ ဒို့ဘားမဲန် ပါပဲနော):D ချိတ်မချိုးကြေး
………………
ဦးရွှေတုပ်ဖက်ကိုတော့ လူတွေက ခန့်မှန်းတတ်ကြတယ်။
ဒါ လူသာမာန် စိတ်မျိုးပဲကိုး။
ဝတ်လုံရဲ့ စိတ်ကိုတော့ မမှန်းဆနိုင်ကြဘူး။
ဖတ်မိပြီးသားဆိုရင်လည်း သိပြီးဖြစ်နေတော့ သူ့အိုင်ဒီယာကြီး အလွှမ်းခံနေရမယ်။
ဒါကြောင့် မဖတ်ရသေးတဲ့သူတွေရဲ့ အဖြေကို သိချင်တာ.
အဘရဟူဒီ
March 12, 2014 at 2:19 am
မဖတ်ဖူးဘူးခည ဖြီးကြည့်မယ်နော့.
ကျော်သာ ဝတ်လုံ ဆိုရင်တော့ စွန့်စားတဲ့ဘက်ကို ရွေးမယ်
ဝတ်လုံပဲဗျ. နော့.
ဒါပေသိ. Uncertainty ကို ရှောင်ပီး
Risk ကို ယူကြည့်ရရင်ဖြင့်. အာဟိ
အနှီ ငွေ ၅၀၀၀ဝ ကို အာမခံ ဖို့ လူရှာ
စာချုပ်ချုပ်ပီး ဘဏ်မှာ အပ်စေမယ်ဗျာ
ရွှေတကျပ်သား ၆ ကျပ်ခေတ် မယ်
ငွေသားက ၅၀၀၀ဝ တိတိမို့ ရွှေချိန် ပိဿာ ၈ဝ ကျော် အနှီသာထိန်း ဘဏ်တိုးပဲစားပီး
ငွေအအိပ် ခံနိုင်မလား ဆိုပီး ကလိ ကြည့် ရိကြည့်မယ်လေ.
နောက်တခု. ၁၅ နှစ်တာ မိမိရဲ့ နေထိုင်စားသောက်စားရိတ် အတွက်ကိုလည်း တွက်ချက် ပီး သင့်ရာ အပ်နှံ ဆောင်ရွက်စေဦးမယ်.
ကတိကဝတ်ထဲမယ် စာချုပ်ဖောက်ဖျက်ရင်
စာချုပ်ပါ ငွေသားရဲ့ ဘယ်နှဆ ပြန်လျှော်ရမယ်
ဆိုတာကို ထည့်ချုပ်ဦးမယ်.
ပီးး. အဆိပ်မခပ် မနှိပ်စက်အောင်ရယ်
ပညာရှိနည်းနဲ့ မညှင်းပန်း နိုင်အောင်ရယ်
စောင့်ကြည့်အကဲဖြတ်အဖွဲ့ဆန်ဆန် ဒူတီ အဆိုင်း ချချင်သေးတာရယ်.
ဂလောက်ဆို မစ္စတာ ရွှေတုပ် အတော်ချွေးပျံ လောက်ပြီထင့်.
တော်ရုံ အကြောမာသူ ဆိုရင် ဒီအဆင့်မှာတင်
ဘိုးတော် လက်လျှော့လောက်ပီပေါ့
နောက်ဆုံး တချက်ကတော့ သာမန်ပြည်သူ
တယောက်သည် တစုံတယောက်အား
ချုပ်နှောင်ဖွဲ့ခြင်း မည်သည် ဥပဒေကြောင်းအရ အကျုံးမဝင်သမို့
ဘောင်အပြင်က စိန်ခေါ်မှုဖြစ်တာကြောင့်
မည်သူမှ ခုံသမာဓိ မလုပ်ပေးနိုင်သမို့
Requirement analysis နဲ့တင်.
ခညာ့ဟာ လေထဲကတိုက်အိမ်ပါဗျာ
ဆိုပီး လျှော် လို့ ရသေးသဗျ.
မစ္စတာ ရွှေတုပ် အဲ့သည့်ထက် မျက်ခွက်မာသူ ဖြစ်ရင်တော့
(သူက သေတာ သက်သာတယ်ပြောသူမလား)
သူကလူကြီး(၅ဝတန်း ထားပါတော့) ဝတ်လုံက အသက်အစိတ်.
ခညာ့တောင်းဆိုမှု ကျော်လက်ခံမယ်
ကျော့်တောင်းဆိုမှုကတော့
ရော့ စိန်နဲ့ သံပုရာ
ဟိဟိ.
padonmar
March 12, 2014 at 11:42 pm
မာကက်တာ နဲ့ တွေ့မှ ဦးရွှေတုပ်လည်း စိန်နဲ့ သံပုရာရရော။
မူရင်း ဝတ္ထု ကို ရိုက်တင်ပေးပါမယ်။ ခဏစောင့်နေတုံး ဖြေချင်တဲ့သူတွေ ဖြေကြည့်ကြပါအုံး။အဖြေမှန်တယ်လို့ မရှိပါဘူး။စိတ်ကူးစိတ်သန်း ဆန်းကြယ်ကြည့်ကြရအောင်ပါ။
(သဂျီးပွိုင့်တိုးပေးတုံးလေး ၂ဦး၂ဖက် အကျိုးရှိ ဟိဟိ)