ကရင်အမျိုးသမီးလေး ကျွန်မ
ဘယ့်နှယ့်ဗျာ လက်ညှိုးတစ်ချောင်းထောင်ထောင်ပြပြီး ကားလမ်းကို စည်းမရှိကမ်းမရှိ မောင်းနေလိုက်
ကြတာ။အင်္ဂုလိမာလသာ ရှိကြည့် လက်ညှိုးအချောင်းတစ်ထောင် ရဖို ့ရက်မကြာစေရဘူး။ တစ်ရက်နဲ ့
အကုန်ပြတ်တယ်ရယ်။ ပြင်ရမှာတော့ အများကြီးပဲဗျ လူတွေစည်းကမ်းရှိဖို ့စိတ်ဓာတ်က စပြင်ရမှာ။ဘတ်စ်ကားပေါ်ကနေ တံတွေးထွေးချတာ ကွမ်းသွေးထွေးတာက အစ တိုက်ခန်းတွေဆိုလည်း အပေါ်ထပ်ကနေ အမှိုက်ပစ်ချတာက အဆုံး ဒါတွေက စိတ်ဓာတ်မကောင်းလို ့ဖြစ်ရတာ။
အဲ..လူတွေ အလုပ်မဟုတ်တော့ သာသနာ့ဘောင်ထဲက ဘုန်းကြီးတွေ မယ်သီလတွေ အလုပ်ဟုတ်လား
ဆိုပြန်တော့လည်း အချို ့က သာသနာညှိုးနွမ်းစေမယ့် အတုအယောင်တွေဗျ။လက်ဖက်ရည် ဆိုင်ထဲမှာ ဖြစ်ဖြစ်၊ လိုင်းကားပေါ်မှာ ဖြစ်ဖြစ် စာအိတ်တွေ လိုက်ဝေပြီး တောင်းနေတာ၊ ဖိနပ်ပြတ်
ချင်ယောင်ဆောင်၊ နေ ့ဆွမ်းဘုဉ်းမပေးရသေးဘူး ဆိုလိုဆို နဲ ့ညာနေလိုက်ကြတာမြင်ရတာ အမြင်မတော်ဘူးဗျာ။
သူများအကြောင်းပြီးတော့ ကိုယ့်အကြောင်းကိုယ် ပြောရဦးမယ်။ကျုပ်က အဝေးသင်နဲ ့ဘွဲ ့ရထားတာ။
အလုပ်သွားလျှောက်တော့ တစ်လကို ၅သောင်းစပေးတာ။၃လလောက်နေတော့ ထွက်လိုက်တာပါပဲ။
အခု တက္ကစီမောင်းတာ အုံနာကြေးပေးပြီး တစ်နေ ့နည်းတယ်ဆိုတောင် ၄၊၅ထောင် ကျန်တာရယ်။
တွက်ကြည့်ရင်အရင် လခထက်တောင် ၃ဆလောက်ဝင်တာ။သမ္မာအာဇီဝ အလုပ်ဆိုတော့လည်း ဂုဏ်ငယ်တယ် မထင်ပေါင်ဗျာ။
ကျုပ်နဲ့ အတူ တက္ကသို်လ်ကနေ ဘွဲ ့အတူရလာတဲ့ ဘော်ဒါဘော်ချက်တွေအချိန်တန် ချိုင့်လေးဆွဲ ပြီး ဟန်နဲ ့ပန်နဲ့ ထွက်သွားလေးတွေ ကြည့်ပြီး အစကတော့ အားကျမိသဗျာ။အဲ..ဒါပေမယ့် အဲဒီဟန်နဲ့ ပန်နဲ့ ဘော်ဒါတွေလည်း လကုန်ရက်နီးတော့ ဒီကစွပ်ကျယ်စုတ်နဲ့ တက္ကစီမောင်းတဲ့ကောင်ဆီလာပြီး ပိုက်ဆံချေးရတော့ ကျုပ်တော့ ဘွဲ ့တွေ ရာထူးတွေ နောက်ထားလို ့တစ်နေ ့တစ်နေ ့ထမင်းနပ်မှန်ပြီး သူတို ့လို သူများဆီ သွားပြီး ပိုက်ဆံမချေးရတာကိုပဲ စိတ်ထဲကျေနပ်နေတော့တာ။
ကျုပ်မိန်းမလည်း ဘွဲ ့ရပါပဲ သူလည်း အရင်က Shopping Mall မှာ အရောင်းစာရေးမဗျ။အပျိုတုန်းကတော့ ကြော့ကြော့လေးနဲ ့လှအောင် ပြင်နိုင်ပေမယ့် အခုတော့ လမ်းထိပ်မှာတင် အသုပ်ရောင်းရတာ အဆင်ပြေတော့ လှအောင်လည်း မပြင်နိုင်ရှာတော့ပါဘူး။သူမလှတော့ ကျုပ်လည်း
စိတ်ဖြောင့်ဖြောင့်နဲ ့ကားမောင်းရသပေါ့ဗျာ။ဟုတ်ဘူးလား ဟားဟားဟား။
စကားပြောကောင်းနေလိုက်တာ။ ဒီက ငါ့ညီမရှေ ့မီးပွိုင့်ကျရင် ဘယ်ကွေ ့ရမလဲ ပြောပါဦး။
ပွိုင့်ရောက်ရင် ညာကွေ ့ပြီး တွေ ့တွေ ့ချင်းလမ်းတွင် ရပ်လိုက်ရန်ကျွန်မပြောလိုက်သည်။ပွိုင့်အတန်ကြာ ပိတ်မိနေပြန်သည်။ပွိုင့်တွင်ပင် တက္ကစီးငှားရန် ပြင်နေသော အမျိုးသမီး၂ဦးကို တွေ ့သော် ကားဆရာက
ဘယ်လဲဟု မေးလိုက်သည်။ ထို၂ယောက်ပြောသော နေရာသည် ကျွန်မသွားမည့် ဘက်နှင့်
ဆန် ့ကျင်ဘက်။ သို ့သော် ကျွန်မသွားမည့် နေရာက ပွိုင့်ကနေ သွားရင် အတော် နီးနေပြီဖြစ်သောကြောင့် ကားဆရာက ပွိုင့်တွင်ပင်ဆင်းပေးပါရန်နှင့် သူ ့အတွက် နောက်ထပ်အော်ဒါရရန် ကူညီဖို ့ကျွန်မကို ပြောလာသည်။
ကိုယ့်အတွက် အပန်းမကြီးသောကြောင့် သူပြောသလို ပွိုင့်တွင်ပင် ဆင်းပေးလိုက်ပါသည်။
စည်းကမ်းရှိဖို ့ပြောပြီး သူကိုယ်တိုယ်ကကျ မလိုက်နာပါလားဟုကားဆရာကိုတော့ စိတ်ထဲတွင် အပြစ်တင်မိသည်။
သွားမည့် နေရာသို ့လမ်းလျှောက်ရင်း စိတ်ထဲတွင်တော့ အတွေးများစွာ။
ကားဆရာကား အပြောကောင်းသလောက် ပြောသည့်အတိုင်း အလုပ်မဖြစ်သူ။
အခုခေတ်စားသော စကားအရ ပြောရမည်ဆိုလျှင် သူက ကို နေတိုး NATO(No Action Talk Only).
ဒီအကြောင်းကို သူငယ်ချင်းအိမ်မှာ ဖောက်သည်ချမိတော့ သူငယ်ချင်းက နင်ကရော သူပြောနေတဲ့ အချိန် ဘာမှဝင်မပြောဘူးလားဟု ဆိုလာသည်။ ဟင့်အင်း ဆိုတော့ သူကရယ်ပြီး ကားဆရာက နေတိုးဆိုနင်က ကရင်အမျိုးသမီးပေါ့တဲ့။
ကြောင်ပြီး ကြည့်နေသော ကျွန်မကို သူငယ်ချင်းက ကရင်အမျိုးသမီးနာမည်ဆိုရင် နန် ့တပ်ပြီး ခေါ်တဲ့ ကရင်တစ်မျိုးရှိတယ်လေဟာ။ နင်က ကားဆရာ ပြောသမျှ ဘာမှလည်း ဝင်မပြော ကိုယ်ကိုယ်တိုင်ကျတော့လည်း စည်းကမ်းလည်း မလိုက်နာ ဘာမှလည်း မလုပ်ဆိုတော့
NANT(No Action No Talk) လို ့ခေါ်တဲ့ ကရင်အမျိုးသမီးလေး မမနန် ့ပေါ့အေတဲ့။
သူများမျက်ချေးသာ မြင်ရျ် ကိုယ့်မျက်ချေးကို မမြင်မိသော ကျွန်မ၊ ကျွန်မသူငယ်ချင်းပြောစကားကို ရှက်ရှက်နှင့်သဘောကျ ရယ်နေမိသည်လေ…..။
11 comments
ဘရန်းဒက် ကေဇီ
March 10, 2014 at 1:29 pm
ခေါင်းစဉ်ကြည့်ပြီး ပြေးလာမဲ့ သကောင့်သားတွေ များသနော်။
နေတိုးနဲ့ နန့် ကိုတော့ မှတ်သွားပြီ။
ဟိဟိ
😀
Kaung Kin Pyar
March 10, 2014 at 1:49 pm
ကားတွေ လူတွေ စည်းကမ်းမရှိတာတော့ တကယ်ကြီးပါပဲ…။ တခါ မြေနီကုန်းပလာဇာမှာ သင်တန်းတက်ဖို့ ဒဂုံစင်တာ(၂)ဘက်ဂိတ်က လမ်းဆင်းလျှောက်ဖို့ ပျင်းတာနဲ့ တာမွေ မီနီဘတ်စ် အသစ်လေးနဲ့ လိုက်ခဲ့မိတာပါ…။ လူက သိပ်မကြပ်ပေမယ့် ထိုင်ခုံနေရာက မရ..။ ကားပေါ်မှာ Foreigner အမျိုးသမီး (၂)ယောက် ပါလာတာလဲ တွေ့လိုက်ပါတယ်..။ လူဆိုတာ စကောထဲ ဆီးဖြူသီးထည့်လှိမ့်လိုက်သလိုပါပဲ…။ စာအုပ်ထုတ်က တစ်ဖက်။ နောက်နေရာရတော့ Foreigner အမျိုးသမီးတစ်ယောက် ဘေးမှာ လာထိုင်ပါတယ်..။ သူကပြောတယ်.. ဒီမှာ ယာဉ်အရမ်းမောင်းရင် တိုင်လို့ရတဲ့နေရာ ရှိလားတဲ့…။ နံပါတ်တစ်ခုတော့ ရွတ်ပြခဲ့ပါတယ်..။ အလုပ်ဖြစ်မဖြစ်တော့ မသိပါ…။
သူက ဆွစ်ဇာလန်က လာတာတဲ့…။ မြန်မာပြည်နဲ့ ဘာတွေကွာလဲ မေးတော့..ပြုံးပါတယ်…။ (သူပြုံးပုံကို သိပါတယ်..)။ သူက ဒီမှာ ဘာတွေ ပြန်ပြင်ရမယ်ထင်လဲတဲ့…။ စာထဲသင်ထားတာ တန်းစီရွတ်ပြလိုက်ပါတယ်…။
Strategy
Structure
Style
System
Staff
Skill
Share value….
ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့လေ……..။ ။
ခင် ခ
March 10, 2014 at 2:05 pm
နောက် မီးပွိုင့်မှာ ကားပေါ်ကမဆင်းနဲ့နော် ဘေးက မီးပွိုင် မီးစိမ်အမှီမောင်းတဲ့ကားတွေရဲ့ အန္တရာယ်ကလည်း ရှိသေးတယ်လေ။ စိုးရိမ်လို့ပြောတယ်မှတ်။
အဘရဟူဒီ
March 10, 2014 at 2:53 pm
ဟာဗျာ
ဘာမျန်းလဲလို့
အဟုတ်မှတ်လို့ဖတ်လာတာ.
ဟွန့်
kyeemite
March 10, 2014 at 4:03 pm
တက္ကစီဒလိုင်ဘာအကြောင်းက ကျုပ်ကိုစောင်းရေးတာလား…ခိခိ
alinsett (gazette)
March 10, 2014 at 5:46 pm
အင်ဂုလိမာလ လုံးးးဝ မလိုချင်သော လက်ညှိုးများးးး
🙂
TNA
March 10, 2014 at 8:11 pm
အဟိ ရေးလဲရေးတတ်ပါ့။ မနေ့ကပဲ မျဉ်းကျားမှာ လမ်းကူးသူတွေကို ရပ်ပေးမိလို့ နောက်က လိုက်ထရပ်က ဟွန်းကိုစည်းချက်ကျကျတီးရင်းကျော်တက်ရှုံ့ချသွားတာကျတော့ ဘယ်လိုနာမည်ပေးရမလဲဟင်။ :byee:
kyeemite
March 11, 2014 at 9:49 am
ကျုပ်လည်းနေ့စဉ်ကားမောင်းနေဖြစ်တော့ အဲ့လက်ညှိုးတွေမြင်ပြီး ကိုယ်တိုင် အဂုင်္လိမာလ လက်သစ်လုပ်ချင်နေတာ…. 👿
မဟာရာဇာ အံစာတုံး
March 11, 2014 at 10:10 am
ခင်ဗျား ..
အဂုင်္လိမာလ လက်သစ်လုပ်ချင် လုပ်ပါ ..
အဲ .. ဒါပေမယ့် …
စုစုပေါင်း ၂၁ ထက်တော့ မဖြတ်မိစေနဲ့ …
တော်ကြာနေ … အစား ပြန်ပြီး ဖြတ်ခံနေရရင် … ကွက်တိ ဖြစ်နေအောင်လို့ .. :mrgreenn:
မမွန်ပူအမ်ရေ ..
ဒါတွေဟာ ဟိုးးရှေးရှေးကတည်းကပါပဲဗျာ ..
ဒါကြောင့်လည်း လောကနီတိထဲမှာ …
အုန်းသီးလောက် ကိုယ့်အပြစ်ကို မမြင်ဘဲ
နှမ်းစေ့လောက် သူများအပြစ်ကို မြင်တတ်သည် .. ဆိုပြီး ပါခဲ့သည်ပေါ့ …
Ma Ma
March 11, 2014 at 5:47 pm
လကဗျာလေးရဲ့ ကရင်လူမျိုးအသင်းထဲ ဝင်ပါရစေ။ :kwi:
padonmar
March 12, 2014 at 11:34 pm
မှတ်သားလောက်ပါတယ်ခင်ဗျ၊မှတ်သားလောက်ပါတယ်ရှင့်။