Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူ့ကိုယ်သူ စစ်ဘုရင်တပါးလို မြင်တယ်

cobraAugust 9, 20101min2112

ဘန်နဒစ် ရောဂျာ (Benedict Rogers)ရေးသားတဲ့ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
သို့မဟုတ် မြန်မာ့အာဏာရှင် မျက်နှာဖုံး ကို ခွာချကြည့်ခြင်း (Than Shwe:
Unmasking Burma’s Tyrant)” စာအုပ်က မြန်မာနိုင်ငံကို အာဏာရှင်စနစ်နဲ့
အုပ်ချုပ်နေတဲ့ လူတယောက်ရဲ့အကြောင်းကို ပထမဦးဆုံးအကြိမ် အသေးစိပ်
လေ့လာတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း စာအုပ် ပြုစုရေးသားသူ Benedict
Rogers ဟာ International Herald Tribune, Wall Street Journal, Far
Eastern Economic Review, Guardian စတဲ့ စာနယ်ဇင်းတွေမှာ စာ ရေးသား
သူတဦး ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အခုစာအုပ်မတိုင်မီ A
land without Evil; Stopping the Genocide of Burma’s Karen People
အမည်ရှိ စာအုပ်ကိုလည်း ထုတ်ဝေဖူးပါတယ်။

Benedict_Rogers

Benedict Rogers
Benedict Rogers ဟာ ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့Christian
Solidarity Worldwide(CSW) ရဲ့ ဒုတိယ ဥက္ကဌ လည်းဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းနဲ့ ပတ်သက်ပြီး Benedict Rogers ကို
Simon Roughneen က တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး။     ။ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာအတိုက်အခံတွေက  အတုအယောင်
ဒါမှမဟုတ် စစ်တပ် ရွေးကောက်ပွဲလို့  ပြောနေကြတဲ့
ရွေးကောက်ပွဲကိုကျင်းပဖို့ စစ်အစိုးရက တွန်းတွန်းတိုက်တိုက်
ဆောင်ရွက်နေချိန်မှာ ခင်ဗျားရဲ့ စာအုပ် ထွက်လာပါတယ်။ သူတို့ကိုယ်သူတို့
နိုင်ငံခြားရေးမူဝါဒ “လက်တွေ့ဝါဒီ” တွေလို့ ဂုဏ်ဖေါ်ထားတဲ့ လူတချို့က
ရွေးကောက်ပွဲ အပေါ်မှာ အကောင်းဘက်က မြင်တဲ့အပြင် ဒီရွေးကောက်ပွဲကနေတဆင့်
အနာဂတ် ဒီမိုကရေစီကူး ပြောင်းရေးဆီကို တစုံတရာ ဦးတည်သွားနိုင်တယ်လို့
နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပြောနေသံတွေ ကြားရပါတယ်။ အဲ့ဒီအမြင်က
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကမ္ဘာကြီးကို မြင်တဲ့အမြင်၊ ပြီးတော့
မြန်မာနိုင်ငံကို အနာဂတ်မှာ သူမြင်တွေ့လိုတဲ့ ပုံစံနဲ့ ထပ်တူကျပါသလား။

ဖြေ။     ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရည်ရွယ်ရင်းက သူ့ရဲ့ အစဉ်အလာကို
ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ သူရယ် သူ့ မိသားစု နဲ့
သူ့အပေါင်းအပါတွေကို ကာကွယ်ဖို့ပါပဲ။ အဓိပ္ပာယ်ပြည့်ဝတဲ့
ပြုပြင်ပြောင်းလဲမှု ဒါမှမဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတဲ့ ဆန္ဒ
သူ့မှာ လုံးဝ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝန်းမှာ ရှိနေတဲ့
ကျနော်တို့ အလုပ်နဲ့ ပြည်တွင်းမှာရှိကြတဲ့ မြန်မာပြည်သူတွေရဲ့
အလုပ်တွေကြားမှာ မတူတာတွေ ရှိနိုင်သလို ရှိလည်း ရှိသင့် ပါ တယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လက်တွေ့အခြေအနေနဲ့ကင်းကွာပြီး မြင်နေတဲ့
နိုင်ငံတကာသိုင်းအဝိုင်းက လူ တွေကို ကျနော် အလေးမထားပါဘူး။
ဒီရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာကင်းမဲ့တဲ့ တရားမဝင်လုပ်ငန်းစဉ်ဖြစ်တယ် ဆိုတဲ့
အချက်အပေါ်မှာ ကျနော်တို့အားလုံး သံသယကင်းသင့်ပါတယ်။ တခြားရွေးချယ်စရာ
မရှိတဲ့အပေါ်မှာ ရှိတဲ့ အနေ အထားက အကောင်းဆုံးဖြစ်အာင် လုပ်သွားမယ်ဆိုတဲ့
မြန်မာနိုင်ငံသားတချို့ရဲ့ စဉ်းစားချက်ကို ကျနော် နားလည်  လေးစားပါတယ်။
တချို့က ရွေးကောက်ပွဲမှာ ဝင်ပြိုင်ချင်တယ်၊ တချို့က မဝင်လိုကြဘူး။
ဒီအမြင်နှစ်ခုစလုံးကို ကျနော် လေးစားပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲကနေ
အပြောင်းအလဲအတွက် ဘာမျှော်လင့်ချက်မှ မရှိဘူးဆိုတာကိုတော့
နိုင်ငံတကာအသိုင်းအဝန်းမှာ ကျနော်တို့ ရှင်းရှင်းလင်းလင်း
ချပြရမှာဖြစ်ပါတယ်။

မေး။    ။ နိုင်ငံခြားရေးရာမူဝါဒ (Foreign Policy) မဂ္ဂဇင်း
နောက်ဆုံးထုတ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကမ္ဘာ တဝန်း အာဏာရှင်တွေထဲက
“အဆိုးတကာ့ အဆိုးဆုံး” စာရင်းမှာ နံပါတ် ၃ နေရာ ပေးထားပါတယ်။
သူတို့ပေးတဲ့ အဆင့်နဲ့ ခင်ဗျားရဲ့ သူနဲ့ပတ်သက်တဲ့ တွေ့ရှိချက်တွေ
ကိုက်ညီမှု ရှိပါရဲ့လား။

ဖြေ။    ။ ကိုက်ညီပါတယ်။ မှန်လည်း မှန်ကန်ပါတယ်။ ကင်ဂျုံအီးလ် ပြီးရင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မူဂါဘီတို့ နှစ်ယောက်အကြား ဒုတိယနေရာအတွက်
အကြိတ်အနယ်ပြိုင်ခဲ့ရတယ်လို့ ကျနော်ထင်တယ်။

မေး။     ။ လူမြင်လည်း မခံ၊ ပြင်ပနဲ့လည်း အဆက်အဆံမလုပ်၊ ဘယ်သူ့ကိုမှလည်း
မယုံကြည်၊ သူ့ရဲ့ တောတွင်း မျက်မည်း မြို့တော်မှာပဲ ပုန်းအောင်းနေတဲ့
အာဏာရှင်တယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရှာဖွေရေးသားရတဲ့အလုပ်ဟာ တကယ်လက်တွေ့ မှာ
တော်တော့်ကို ခက်ခဲတဲ့ အလုပ်ဖြစ်မှာပါ။ အဲ့ဒီ အခက်အခဲတွေကို
ခင်ဗျားဘယ်လို ဖြေရှင်းခဲ့ သလဲ ပြောပြပါလား။

ဖြေ။     ။ နိဒါန်းမှာကတည်းက ဒီစာအုပ်ရေးသားရာမှာ ကြုံခဲ့ရတဲ့ အခက်အခဲ
အကန့်အသတ်တွေကို ကျနော် ကြို တင်ဖေါ်ပြထားပါတယ်။ ကျနော်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ရော သူ့အတွင်း အဝန်းအဝိုင်းနဲ့ပါ
နီးနီးကပ်ကပ် ထိတွေ့ ခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် သူ့အကြောင်းကိုသိပြီး
သူနဲ့အတူ အလုပ်လုပ်ဖူးတဲ့ တပ်မတော်ကနေ ဘက်ပြောင်း လာသူ
အတော်တော်များများကို ကျနော် ထိတွေ့ခွင့်ရခဲ့ပါတယ်။ သူနဲ့
ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့ နိုင်ငံတကာသံတမန်တွေ နဲ့  လည်း
ကျနော်ထိတွေ့ခွင့်ရခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့
ဘဝဇာတ်စုံ အတိအကျပါလို့ မပြောလို ပေမယ့် ကနေ့အချိန်အထိ ဘယ်သူမှ
မထုတ်ဝေနိုင်သေးတဲ့ သူနဲ့ပတ်သက်တဲ့ ရှုမြင်ချက် အပြည့်အစုံကို ကျနော်
ဖေါ်ထုတ်နိုင် ဖွင့်ဟနိုင်တယ်လို့တော့ ဆိုချင်ပါတယ်။ ကျနော့်စာအုပ်အပေါ်
ဝေဖန်ချက်တွေကိုလည်း အားရကျေနပ် မိပါ တယ်။ ဘာတေးလ် လင့်တ်နာ ဆိုတာ
တကယ့်ကို အားမနာတတ်တဲ့ ဝေဖန်ရေးဆရာတယောက်ပါ။ ဒါပေမယ့် ကျနော့်
စာအုပ်နဲ့ပတ်သက်ပြီး အလွန်အပြုသဘောဆောင်တဲ့ သုံးသပ်ချက် တခု
သူရေးထားပါတယ်။ အဲ့ဒီ အတွက် ကျနော် အတော့်ကို အားဖြစ်ရပါတယ်။

မေး။    ။ တပ်မတော်က ထွက်ပြေးလာတဲ့အရာရှိတဦးက DVB ကို
လျှို့ဝှက်သတင်းအချက်အလက်တွေပေး

ပြီး အယ်လ်ဂျာဇီးယား ရုပ်/သံကနေ
ထုတ်လွှင့်လိုက်တဲ့အခါမှာ စစ်အစိုးရရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သတ်တာ
တွေ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ နိုင်ငံထဲမှာ ဖြစ်ပျက်နေတာတွေနဲ့
သူတို့ရဲ့အတွေ့အကြုံတွေကို ပြောပြဖို့ ဘက်ပြောင်းလာမယ့်သူတွေ
ထပ်ရှိလာနိုင်ဦးမလား။ တပ်မတော်သားတွေရဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ဓာတ်ရေးရာ
အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။     ။ မြန်မာ့အရေး လုပ်တဲ့ ၁ဝ နှစ်ကျော်ကာလအတွင်းမှာ တပ်မတော်ကနေ
ဘက်ပြောင်းလာသူ တော်တော် များများကို ကျနော် တွေ့ခဲ့ပါတယ်။ ဒီစာအုပ်အတွက်
ကျနော့်ကို အများကြီးကူညီပေးခဲ့တဲ့ တယောက်ဆိုရင် ပြည်တွင်း ကလူတွေနဲ့ရော
တပ်မတော်ထဲမှာရှိတဲ့ သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်ဟောင်းတွေနဲ့ပါ ပုံမှန်
အဆက်အသွယ်ရှိသူ ဖြစ်ပါ  တယ်။ စစ်တပ်ထဲမှာ စိတ်ဓာတ်ရေးရာ ကျဆင်းမှုတွေ
အရမ်းဖြစ်နေတယ်။ ရဲဘော်တွေ တပ်ကထွက်ပြေးချင်နေ ကြ တယ်။ အနိမ့်ဆုံးအဆင့်
စစ်အစိုးရကို ချိနဲ့သွားအောင် တန်ပြန်လုပ်နိုင်တဲ့ ပြည်ပက လူတွေဆီကို
သတင်းအချက် အလက်တွေ ဖွင့်ထုတ်ပေးချင်နေကြတယ်။ တပ်ကထွက်ပြေးလိုကြတဲ့
စစ်သားတွေကို အဓိက တွန့်ဆုတ်စေတဲ့အရာက ဘာလဲဆိုတော့ အထူးသဖြင့်
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းတိုင်းပြည်တွေမှာ သူတို့အတွက်
လုံခြုံမှု မရှိတာဘဲ ဖြစ် တယ်။ တကယ်လို့ နိုင်ငံတကာအသိုင်းအဝန်းက
ဘက်ပြောင်းလာသူတွေအတွက် လုံခြုံမှုကို ပိုပြီး စီစဉ်ပေးနိုင်တယ် ဆိုရင်
တပ်ကနေ လူတွေပိုပြီး စွန့်ခွာလာကြမယ်၊ သတင်းအချက်အလက်တွေလည်း
ပိုထွက်လာပါလိမ့်မယ်။

မေး။    ။ တကယ်လို့ တစုံတယောက်က ဘက်ပြောင်းဖို့ စဉ်းစားမယ်ဆိုရင် သူ့မှာ
ဘယ်လိုမျိုး အခက်အခဲ အကျပ် အတည်းတွေနဲ့ ရင်ဆိုင်ရမလဲ။

ဖြေ။    ။ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မြန်မာစစ်သားတွေ
ဒါမှမဟုတ် အရာရှိတွေကို တွေ့တာနဲ့ မြန်မာ နိုင်ငံ ကို ပြန်ပို့ရမယ်ဆိုတဲ့
စစ်အစိုးရနဲ့ သဘောတူညီချက်ရှိထားတယ်။ အဲဒီတော့ တပ်ကထွက်ပြေးလာသူ တယောက်
အတွက် မြန်မာပြည်ကို ပြန်ပို့ခံရမယ့်အန္တရာယ်၊ ပြီးတော့
ကိုယ့်နိုင်ငံထဲပြန်ရောက်ရင်လည်း ဆက်ပြီးကြုံရဦးမယ့် ဒုက္ခ တွေရယ်
ဒါတွေရှိတယ်။ နောက်တခုက လူသိရှင်ကြားအပြင်ထွက်ပြီး စစ်အစိုးရအကြောင်း
ထုတ်ပြောမယ့် တပ်ပြေး တွေ ဟာ စစ်အစိုးရ ထောက်လှမ်းရေးတွေရဲ့
တိုက်ခိုက်ခံရတာတို့ လုပ်ကြံခံရတာတို့ လက်စဖျောက်ခံရတာတို့ စတာ တွေ
ကြုံတွေ့ရနိုင်သေးတယ်။

ဥပမာ ထိုင်း-မြန်မာနယ်စပ်က မဲဆောက်လို နေရာမျိုး တွေမှာပေါ့။
နောက်ထပ်အခက်အခဲတခုကတော့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ အမြင်ပါ။
နိုင်ငံတကာရဲ့တပ်ပြေးတွေ အပေါ် ချဉ်းကပ်မှုက နိုင်ငံရေး
ခိုလှုံခွင့်လျှောက်ထားသူတွေနဲ့ စာရင် ပိုပြီး ရှုပ်ရှုပ်ထွေးထွေးရှိတယ်။
ယေဘုယျကြည့်မယ်ဆိုရင် နိုင်ငံတကာ က တပ်ပြေးတွေကို လက်ခံဖို့ ပိုပြီးလက်
တွန့်တတ်ကြပါတယ်။ အံ့သားသင့်စရာကောင်းတာက ဘာလဲဆိုတော့ ဥပမာ
ထိုင်းနယ်စပ်ကနေ တိမ်းရှောင်လာတဲ့ သူတွေနဲ့ယှဉ်ရင် သံရုံးတွေကနေတဆင့်
ဘက်ပြောင်း ကြသူတွေအတွက်က ပိုပြီးလွယ်ကူနေသလို ဖြစ်နေတာပါပဲ။

မေး။    ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူ ဒဏ္ဍာရီထဲက အတိတ်ဘဝနဲ့
ဆက်စပ်နေသယောင်ပြောပြီး သူ့ အစိုးရ ကိုလည်း ရှေးမြန်မာဘုရင်တွေရဲ့
ထီးနန်းတွေပုံစံလိုမျိုး ပုံဖေါ်နေပုံရတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
မြန်မာ ဘုရင်တပါးပါး ဝင်စားထားသူများလားဗျာ။

ဖြေ။    ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူ
စစ်ဘုရင်တပါးလိုမြင်တယ်။ မြန်မာ့သမိုင်းကြောင်းမှာ ကျော်ကြားခဲ့ တဲ့
ဘုရင်တွေပုံစံနဲ့ ခေတ်အမြင်ရှိသူ စစ်ဘုရင်တပါးပေါ့။ ဥပမာ ဆိုရရင်
မြန်မာဘုရင်တွေက သူတို့ အတွက် မြို့သစ် တည်တာတွေ သဘောကျခဲ့ကြတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း အဲဒါကို အတုယူပြီး
နေပြည်တော်မြို့တော်သစ်ကို တည်ခဲ့တာပဲလေ။ မြို့သစ်တည်ရတဲ့
တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ နောက်ထပ်
လူထုအုံကြွမှုတခုပေါ်လာနိုင်တာမျိုးတို့၊ စစ်ရေးအဆောက်အအုံတွေကို
ဖုံးကွယ်ဖို့ လိုအပ်တာမျိုးတို့၊ အင်အားကြီး တိုင်းပြည် တခုက
လာတိုက်မှာကို ကြောက်တာမျိုး စသဖြင့်ပေါ့။ တချို့အချက်အလက်တွေက ဘယ်လိုမှ
မဆီလျော် ပေမယ့် အဲဒါတွေက သူတကယ်စဉ်းစားနေတဲ့ အချက်တွေပဲ။

မေး။    ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အုပ်ချုပ်မှု
စိတ်ပညာနဲ့ပတ်သက်ပြီး ပြောပြပါဦး။ သူက ဗေဒင်လက္ခဏာကို အတော်ယုံကြည်ပြီး
အယူသည်းသူ တယောက်လို့ ကောလာဟလတွေ ပြောကြတယ်။ အဲဒါက တကယ်ပဲလား။

ဖြေ။    ။ ဗေဒင်က သူ့စဉ်းစားချက်တွေရဲ့ အစိတ်အပိုင်းတခုအဖြစ်
ရှိနိုင်ပါတယ်။ သာဓကအနေနဲ့ ပြောရမယ်ဆိုရင် အခမ်းအနားတွေအတွက်
အချိန်သတ်မှတ်တာ၊ ထောင်သက်တမ်းသတ်မှတ်တာတွေဆိုရင် သူ့စဉ်းစားချက်တွေက
လက်ရှိလမ်းညွှန်ချက်မူဝါဒတွေထက် ကျော်လွန်ပြီး ဗေဒင်အပေါ်မှာ
မူတည်နေတတ်ပါတယ်။ တချို့အရေးကြီးတဲ့  အခမ်းအနားတွေဆို သတ်မှတ်ပေးထားတဲ့
အောင်အတိတ်ဆောင်တဲ့ရက်တွေမှာ အချိန်ကိုက်ကျင်းပရပါတယ်။ ဒါပေ မယ့်
ဒီအချက်တွေကို ကြည့်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတဲ့လူက အယူသည်း
ရူးကြောင်ကြောင် အာဏာရှင် လို့ တော့ မဆိုနိုင်ပါဘူး။ သူ့ကို အပေါ်ယံကြော
ကြည့်ပြီး အထင်သေးလို့မရပါဘူး။ သူဟာ လူတွေကို ခွဲခြားပြီး
အုပ်ချုပ်တဲ့နေရာမှာ သိပ်ကိုတော်ပြီး ကျွမ်းကျင်တဲ့ သူပါ။ ဗေဒလက္ခဏာဆိုတာ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေထက်စာရင် သူ့မိန်းမရဲ့ စဉ်းစားချက်တွေအတွက်
ပိုအရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။

မေး။    ။ သူ့ဇနီးက သူ့အပေါ်မှာ နိုင်ငံရေးအရ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ
လွှမ်းမိုးမှု ဘယ်လောက် ခိုင်ခိုင်မာမာ ရှိပါ သလဲ။ သူကတကယ်ပဲ
ခင်ပွန်းသည်အပေါ်မှာ အနိုင်ယူတဲ့ ပုံစံမျိုးလား ဒါမှမဟုတ် လူတွေက
ပုံကြီးချဲ့ပြောကြတာ လား။

ဖြေ။    ။ ပထမအချက်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကျနော်
ဘယ်လောက်နီးနီးကပ်ကပ် ထိတွေ့ခွင့် ရသလဲ ဆိုတဲ့ အချက်က ဒီမေးခွန်းအတွက်
အရေးကြီးလာပါတယ်။ ကျနော်က သူ့အိမ်နံရံပေါ်မှာ ကပ်နေတဲ့ ယင်ကောင် လည်း
မဟုတ်ပါဘူး။ ဒါကတော့ဖော့ပြောတဲ့ စကားပါ။ ဒေါ်ကြိုင်ကြိုင်မှာ
လွှမ်းမိုးနိုင်တဲ့ အကြောင်းအရာ တချို့ရှိပါ တယ်။ အထူးသဖြင့်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လာရင်ပါ။ ဒေါ်ကြိုင်ကြိုင်က
ဒေါ်အောင်ဆန်းစုကြည် ကို မကြိုက်တာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထက်
မပိုဘူးဆိုရင်တောင် လျော့တော့မလျော့ပါဘူး။

မေး။    ။ ဘာကိုမကြိုက်တာလည်းဆိုတာ ပြောပါဦး။ ပုဂ္ဂိုလ်ရေးလား၊
နိုင်ငံရေးလား ဒါမှမဟုတ် နှစ်ခုစလုံး ရောနေသလား။

ဖြေ။    ။ အကုန်လုံးပါနိုင်ပါတယ်။ နိုင်ငံရေးအရကြည့်မယ်ဆိုရင်
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ပြိုင်ဖက်
ဖြစ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့တိုင်းပြည်မှာ တိုင်းပြည်ရဲ့
ဖခင်ကြီးသဖွယ် သူ့ကိုယ်သူ မြင်နေတာလေ။ ဒေါ်အောင်ဆန်းစုကြည်က အသက်အားဖြင့်
ငယ်တဲ့အပြင် အခုလို အုုပ်ချုပ်တဲ့ စနစ်ကိုလည်း သဘောမကျ ဖြစ်နေတဲ့သူပါ။
ပွင့်ပွင့်လင်းလင်းလင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်မှာ အကုန်ပြည့်စုံတယ်။
ရုပ် ရည် အရ လှပတယ်၊ နိုင်ငံတကာဗဟုသုတရှိတယ်၊ ယဉ်ကျေးမှုရှိတယ်၊
ပညာတတ်တယ်။ ဒေါ်ကြိုင်ကြိုင်မှာ ဘာမှ မရှိဘူး။

မေး။    ။ ခင်ဗျားကChristian Solidarity Worldwide မှာ အရှေ့အာရှရေးရာ
ကျွမ်းကျင်သူဖြစ်တဲ့အပြင် မကြာ သေးခင် က ဗြိတိန်မှာ အာဏာရသွားတဲ့
ကွန်ဆာဗေးတစ် ပါတီနဲ့လည်း နီးစပ်သူ ဖြစ်ပါတယ်။ ပထမမေးချင်တာက
ဝန်ကြီးချုပ် ဒေးဗစ်ကန်မရွမ်း ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေး
ခင်ဗျားစာအုပ်ကို ဖတ်ပြီးသွားပြီလား။ ဒုတိယ မေးချင်တာက ဒီစာအုပ်က
ဗြိတိန်နဲ့ နိုင်ငံတကာရဲ့ မူဝါဒတွေအပေါ် ဘယ်လိုပုံစံနဲ့ ဩဇာသက်ရောက်မှု
ရှိမယ် လို့ ခင်ဗျားမျှော်လင့်ထားပါသလဲ။

ဖြေ။    ။ သူတို့ဖတ်မဖတ်တော့ ကျနော်မသိဘူး။ ဖတ်မယ်လို့
ကျနော်မျှော်လင့်ပါတယ်။ အောက်လွှတ်တော် ဥက္ကဌ က လာမယ့်
ဗြိတိန်စာအုပ်ကြော်ငြာပွဲမှာ စကားလာပြောပေးမယ်လို့ သဘောတူထားပါတယ်။
ကျနော် အဲဒီနေ့ကို အများကြီးမျှော်လင့် စောင့်ဆိုင်းနေပါတယ်။
ကျနော်ပြောခဲ့သလိုပါပဲ။ လက်ရှိစီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံ
အတွက် ဘယ်လိုအဓိပ္ပာယ် ဆောင်တယ် ဆိုတာကို အဓိပ္ပာယ်ကောက်လွဲနေကြသူတွေ
ဒါမှမဟုတ် ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး အကောင်းမြင်နေကြတဲ့ သူတွေကို
ဒီစာအုပ်က လှုပ်နှိုးနိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့် ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့
ရာဇဝတ်မှုလို ပြစ်မှုတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ အခန်းကဏ္ဍကို
စုံစမ်းဖေါ်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ရှိသင့်တယ်လို့
တခြားသူတွေ ယုံကြည်သလို ကျနော်လည်း ယုံကြည်တယ်ဆိုတဲ့ အကြောင်းကိုလည်း
ကျနော် အကြမ်းဖျဉ်းဖေါ်ပြထားပါတယ်။ ဗြိတိန်ရဲ့မူဝါဒနဲ့ ပတ်သက်လို့ ကတော့
အရင် အစိုးရကထားရှိတဲ့ မူဝါဒတွေနဲ့ သိပ်ပြီးကွဲလွဲမယ်လို့
ကျနော်မမျှော်မှန်းပါဘူး။

ဝီလီယံဟေးက မြန်မာပြည်အရေးအတွက် ခိုင်မာတဲ့ သူ့စိတ်ရင်းစေတနာကို
ပြသခဲ့ပြီး ဖြစ်ပါတယ်။ သူအတိုက်အခံ ဘဝတုန်းက ဇိုရာဖန်းကို တိုရီ
ပါတီညီလာခံမှာ မိန့်ခွန်းပြောဖို့ ဖိတ်ကြားခဲ့တယ်။ လန်ဒန်မှာ
ဇိုရာဖန်းစာအုပ် ထုတ်ဝေ တဲ့ အခမ်းအနားမှာလည်း သူတက်ရောက်စကားပြောခဲ့တယ်။
ဒေးဗစ်ကန်မရွန်း နဲ့ ဝီလီယံဟေးတို့ နှစ်ဦးစလုံးက နန်း ချမ်တောင်းနဲ့လည်း
တွေ့ဆုံခဲ့ဖူးပါတယ်။ ဒေးဗစ်ကန်မရွန်းရဲ့ ရုံးအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့
မိတ်ဆွေရင်းချာ  တယောက်ပါ။ ဒါပေမယ့် ကျနော်ထင်တာက လေဘာ ပါတီ
ခေတ်တုန်းကလို မြန်မာပြည်အကြောင်းကို ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း
ကိုယ်တိုင် ထုတ်ပြောတာမျိုးရှိမယ် မထင်တော့ပါဘူး။
နိုင်ငံခြားရေးဝန်ကြီးကသာ မြန်မာပြည်ရေးရာ ကိစ္စတွေ ပြောလာနိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတဲ့လူဆိုတာ ကျနော်တို့ခင်ဗျားတို့
အတူတူထိုင်၊ လက်ဖက်ရည်သောက်ပြီး တိုင်းပြည်ကို ဘယ်လိုပြောင်းလဲရင်
ကောင်းမလဲဆိုတာ ဆွေးနွေးလို့ ရတဲ့လူစားမျိုးလို့ ထင်နေကြတဲ့
ပါးစပ်ရာဇဝင်တွေကို ဒီစာအုပ် ကနေ ချေဖျက်နိုင်လိမ့်မယ်လို့
ကျနော်မျှော်လင့်တဲ့အကြောင်း ပြောလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စကားလုံးတလုံး၊ သဘောတရားတခုကိုပဲ
နားလည်ပါတယ်။ အဲဒါက အင်အားသုံးခြင်းပါပဲ။ ဒါတွေပြောနေလို့ စစ်ရေးအရ
အင်အားသုံးဖို့ ကျနော် တိုက်တွန်းတာမဟုတ်ပါဘူး။ အဲ့ဒီလို
အင်အားသုံးတာမျိုးကို ကျနော် အယုံအကြည်မရှိသလို စစ်အစိုးရကို
အထီးကျန်ထားတာကိုလည်း မှန်ကန်တဲ့နည်းလမ်းလို့ ကျနော်မမြင်ပါ ဘူး။
မြန်မာပြည်ကို အုပ်စိုးနေတဲ့သူရဲ့သဘောသဘာဝကို ကျနော်တို့ နားလည်ရပါမယ်။
အကျိုးသင့် အကြောင်းသင့်  ဖြစ်ရမယ့်ကိစ္စတွေကို သူဘာကြောင့်
နားမထောင်ချင်ရတာလဲ ဆိုတာကိုလည်း ကျနော်တို့ သိထားဖို့လိုပါတယ်။

စုံးစမ်းစစ်ဆေးရေးကော်မရှင်အပါအဝင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အဓိက
ဘေးကျပ်နံကျပ်ဖြစ်စေမယ့် ပစ်မှတ်ထား ဖိအားပေးမှုတွေ၊ ပစ်မှတ်ထား
ဆက်ဆံမှုတွေလုပ်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက မဟာဗျူဟာမြောက်တဲ့
မူဝါဒ တခု ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဖို့ လိုပါတယ်။ တကယ်လို့
ကျနော့်စာအုပ်က စုံစမ်းစစ်ဆေးရေး ကော်မရှင် တခု ဖြစ်လာဖို့အတွက်
အထောက်အကူဖြစ်စေခဲ့တယ်ဆိုရင် ဒါမှမဟုတ်လည်း အနိမ့်ဆုံးအဆင့် ဘာကြောင့်
ဒီလို ကော်မရှင်မျိုး လိုအပ်တယ်ဆိုတာကို လူတွေပိုပြီး နားလည်လာတယ်ဆိုရင်
ကျနော့်စာအုပ်က တစုံတရာ အောင်မြင်မှုရှိတယ်လို့ ဆိုရမှာပါ။

forward mail မှကူးယူဖော်ပြသည်။

2 comments

  • mr.dark blood

    August 10, 2010 at 4:54 am

    စောင့်ရမ်းကြိုက်တယ်..
    ပထမတစ်ယောက်က ရေးတဲ့သူ…။
    နောက်တစ်ယောက်က ဗြူးတဲ့သူ။
    တတိယတစ်ယောက်က အခုစာကို တင်ပေးတဲ့သူ….။

  • Yin Nyine Nway

    August 11, 2010 at 9:39 am

    သူ အသုံးမကျတာ အားလုံးတောင် သိကြတယ်
    စိတ်ပျက်စရာကောင်းတာက ဒီ အသုံးမကျတဲ့ လူလက်အောက်မှာနေခွင့်ရနေရတာ

Leave a Reply