နံနက်ခင်းတစ်ခုနှင့် ဧရာဝတီ
တပေါင်းလပြည့်နေ့ မနက်ခင်း ပြည် ထုံဘို အကောက်တောင် ခရီးစဉ်အတွက် သခင်မြ မွေးရပ်မြေ ထုံးဘိုမြို့ကို ရောက်ရှိခဲ့ပါတယ်။
မိုးမလင်းခင် ရောက်ရှိသွားတဲ့အတွက် နေထွက်ချိန်ကို စောင့်ကြည့်ပြီး ဓါတ်ပုံရိုက်ခဲ့ရတယ်။ အကောက်တောင်သွားရာ မြစ်ကြောင်းတစ်လျှောက် သဘာဝအလှအပများကို ခံစားခဲ့ရပါတယ်။ ဧရာဝတီမြစ်ကို အသုံးပြုပြီး ဝမ်းစာရှာနေကြတဲ့ တံငါလှေလေးများ၊ စက်လှေငယ်လေးများ၊ စက်လှေကြီးများကိုလဲ တွေ့မြင်ခဲ့ရပါတယ်။



















ဧရာဝတီမြစ်အလှအပကို သီးသန့်ခွဲပြီး တင်ထားတာဖြစ်ပါတယ် ..
နောက်တစ်ပို့စ်ကျမှပဲ အကောက်တောင်ရှုခင်းနဲ့ ဘုရားပုံတော်တွေကို တင်တော့မယ် ..
ဧရာဝတီအလှကို ခံစားနိုင်ကြပါစေ …
20 comments
padonmar
March 16, 2014 at 10:15 pm
ဒီလို လှတဲ့ ဧရာဝတီပုံတွေ တွေ့တော့ ကိုဘလက်အသည်းစွဲ ခင်ဝမ်းရဲ့ သီချင်းတွေ သတိရမိတယ်။ နဒီမင်္ဂလာ၊ဧရာဝတီ၊ပြည်မှာဆောင်း……
ခင် ခ
March 17, 2014 at 12:51 am
စမ်းချောင်းရေလည်း သူ့ချောင်းရေနဲ့လောင်းလှေနှင့်
မြစ်ပြင်ကျယ်လည်း သူ့သိုင်းကွက်နဲ့လှိုင်းယက်နှင့်
ဘရန်းဒက် ကေဇီ
March 17, 2014 at 8:04 am
မိပြီ။
စားဖိုမှူးကြီး ထမင်းဆိုင်ကို ပစ်ထားပြီး ခရီးတွေသွားနေကြည့်!!
😀
နံနက်ခင်းကလည်း လှတယ်။
ဧရာဝတီကလည်း လှတယ်။
နေတွက်လာတဲ့ ၂ ပုံရယ်၊
လှေအရှိန်နဲ့ လှိုင်းဖြစ်ပေါ်တဲ့ ပုံရယ် အကြိုက်ဆုံးပဲ။
🙂
weiwei
March 17, 2014 at 8:15 am
စာဖိုမှူးလဲ နယ်တကာလှည့်ပြီး ကုန်ကြမ်းရှာတယ်လေ …
စားစရာ မလိုင်လုံးနဲ့ ယိုစုံတွေ facebook မှာ ကျွေးထားတယ် ..
😀
လှိုင်းဖြစ်သွားတဲ့ပုံလေးက ရှားရှားပါးပါး တိုက်ဆိုင်မှရနိုင်တာမို့လို့ အဲဒီပုံလေးကို အရမ်းကြိုက်တယ် ..
nozomi
March 20, 2014 at 4:14 pm
နံနက်ခင်းကလည်း လှတယ်။
ဧရာဝတီကလည်း လှတယ်။
ရိုက်ခဲ့သူ လဲ လှပါတယ် ဗျာ
ဘရန်းဒက် ကေဇီ
March 20, 2014 at 4:21 pm
Everybody knows it.. So no need to mention mah..!
😀
weiwei
March 20, 2014 at 9:25 pm
ရိုက်တဲ့သူကတော့ အဖွားကြီးဖြစ်နေလို့ (လက်တောင်တုန်နေပြီ) …
ဓါတ်ပုံလက်ရာတွေ ကြာလေညံ့လေလို့တောင် ထင်လာလို့ အပြင်မှာ တကယ်လှတဲ့ ရှုခင်းတွေကိုတောင် အားနာမိတယ် ..
ကိုပေါက်(မန္တလေး)
March 17, 2014 at 8:35 am
စား စ ရာ ကေ တာ့ တကယ် မ စား ရ လို့ သွား ရည် မ ကျ
ဓါတ် ပုံ တွေ က တော့ တ ကယ် ကို သွာ း ရည် ကျ ပါ သည်
မဝေ က နံ ပါတ် ထိုး မ ထား တော့ ညွန်း ရ တာ ခက် သည်
နံ ပါတ် တစ် နှစ် သုံး နဲ့ လှေ က လေး နောက် က ရေ လှိုင်း ကို ကြိုက် သည်
လှိုင်း ဖြစ် သွား တဲ့ ပုံ မျိုး ပု ဂံ မှာ တစ် ခါ ရ ဘူး သည်
weiwei
March 17, 2014 at 8:58 am
ရှုခင်းလှလှမြင်ရင် ကိုပေါက်ကို သတိရလေ့ရှိတယ် ..
ကျွန်မက ဒီအတိုင်း ကြုံသလိုပဲ မစဉ်းစား မကြိုးစားပဲ မြင်ရာကို ရိုက်လေ့ရှိပါတယ် … အခုနောက်ပိုင်း ဖုန်းနဲ့ပဲ ရိုက်ဖြစ်တာပိုများလာလို့ (ဇွန်းမကောင်း) ရှုခင်းပုံတွေ ကောင်းကောင်းမရတော့ဘူး ..
alinsett (gazette)
March 17, 2014 at 10:31 am
လှလိုက်တာ
မဟာရာဇာ အံစာတုံး
March 17, 2014 at 12:20 pm
ဓါတ်ပုံလေးတွေက
လှလည်း လှ၊ အဓိပ္ပါယ်လည်း ပြည့်ဝ လှပါတယ် …
ရိုက်တဲ့လူ တစ်ကယ် တော်တယ် …
မုန့်ကျွေးဘာ …. :mrgreenn:
ဦးကြောင်ကြီး
March 17, 2014 at 12:38 pm
အမ်တီဝေ ပြောနေတာ မရဘူးလား..
kyeemite
March 17, 2014 at 2:18 pm
လှပသောရှုခင်းများ…..နေလုံးထွက်လာပုံလှသဗျာ…
Ma Ma
March 17, 2014 at 7:33 pm
အားကျတယ်
အားကျတယ်
အားကျတယ် 🙂
kai
March 17, 2014 at 11:47 pm
အကောက်တောင်အကြောင်းတောင်.. ခရီးသွားဆောင်းပါးတခုရထားတယ်..။
ဧရာဝတီ..
ရှုခင်းလှတို့ရဲ့သတို့သမီး..
black chaw
March 18, 2014 at 2:46 pm
ဧရာဝတီ ကို ချစ်တဲ့စိတ်နဲ့

ဝင်ငေးသွားပါတယ် ခင်ဗျာ…။
TNA
March 18, 2014 at 8:12 pm
ပေါင်းတည်မှာ နေခဲ့ဖူးပေမဲ့ အကောက်တောင်ကို တခါမှမရောက်ဖူးလိုက်ဖူး။ အဲဒီနဲ့ဆန့်ကျင်ဖက် ဖိုးဦးတောင်ဖက်ပဲရောက်ခဲ့မိတယ်။ ခုမှပြန်သွားချင်တော့လဲ အခွင့်အခါမသာသေးလို့ မဝေလည်သမျှပဲ လိုက်လည်ရတော့မှာပဲ
ကိုပေါက်(မန္တလေး)
March 19, 2014 at 9:37 am
တစ် ခါ က ဧရာဝတီ ကျွဲ စွန်း ဆိပ ်ကမ်း မှာ ကပ် ထား တဲ့ မော် တော် ပေါ် က ဓ ါတ် ပုံ တက် ရိုက ်တော့
အဲ ဒီ သ င်္ဘော က လူ က လဲ ဓါတ ်ပုံ ဝါ သ နာ ပါ တယ်။
သူ ရိုက် ထား တဲ့ အ ကောင် တောင် ဘု ရား ပုံ ကို ပြ တော့ လိုက် သွား ချင် လိုက် တာ။
ဒါ ပေ မယ် ့ ကိုယ့် မှာ က တာ ဝန် တွေ ဝတ္တ ရား တွေ နဲ့။
တစ် နေ့ မှာ တော့ စိတ် လွတ် လပ် စွာ သွား ပြီး မှတ် တမ်း တင် ခွင့် တော့ ရ မယ် လို့ စိတ် ထဲ မှာ
မျှော် လင့် ထား ပါ တယ်။
weiwei
March 19, 2014 at 12:05 pm
ကျွန်မက ရေကြောင်းဆိုင်ရာ အင်ဂျင်နီယာဖြစ်နေတော့ မြင်ရတွေ့ရတာတွေအတွက် စိတ်ထဲ ဘဝင်မကျဖြစ်ခဲ့မိပါတယ် ..
ခရီးသည်တင်ရေယာဉ်တွေရော၊ ကုန်တင်တွဲတွေ၊ စက်လှေတွေရော အားလုံး အန္တရာယ်ရှိနေတာ တွေ့ရတယ် ..
နောက်ဆုံး လုပ်နေကျဖြစ်လို့ အန္တရယ်မရှိပါဘူးလို့ သူတို့က ဆင်ခြေပေးမယ်ဆိုရင်တောင် စီးပွားရေးအရ တွက်ချေမကိုက်ပါဘူး .. (သင်္ဘောဆောက်ပြီး သွားရောင်းရင်ကောင်းမလားလို့ ..)
ထုံးဘိုမြို့မှာ သင်္ဘောဆိပ်ကလေးတစ်ခု ရှိသင့်တယ် .. ခေတ်အခြေအနေနဲ့သင့်တော်တဲ့ ရေယာဉ်တွေကိုပဲ အသုံးပြုသင့်တယ် ..
Ma Ei
March 21, 2014 at 12:59 pm
ဧရာဝတီရဲ့ နံနက်ခင်းလေးတစ်ခု အတော်လှပါလား…
ကိုယ်တိုင်ခံစားခွင့်ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ…
တစ်နေ့ နေ့ အရောက်သွားပါဦးမည်…