Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပထမဆုံးလူဖမ်းပွဲ နှင့် မမေ့နိုင်သောအဖြစ်အပျက်များ

ရာမညMarch 19, 20141min3988

 

ပူပြင်းခြောက်သွေ့သော နွေရာသီနေ့လည်ခင်း၌……

ကျွန်ုပ်သည် မယ်မယ်ရရ အလုပ်မရှိသည့်အားလျော်စွာ ရှေးဟောင်းနှောင်းဖြစ်များကိုတွေးတောနေခြင်းဖြင့်သာ

အချိန်ကုန်လွန်ခဲ့လေသည် ။ ကျွန်ုပ်အား မည်သည့်အခါတွင်မျှ မမေ့စေသောဖြစ်ရပ်တစ်ခုသည်ကား

အဆိုပါ ပူလောင်လှသောနွေဥတုတစ်ခုတွင် ဖြစ်ခဲ့ဖူးလေသည် ။

 

 

ထို အကြောင်းများကို ပြန်လည်ပြောရမည်ဆိုပါက စိန်ကြီး ဟူသောဓားပြတစ်ဦးအား လိုက်လံဖမ်းဆီးခဲ့စဉ်က

အစပြုရပေမည် ။

တချိန်က စိန်ကြီး ဟုအမည်ရသည် ့ဓားပြ တစ်ဦးရှိခဲ့ဖူးလေ၏ ။

ထို စိန်ကြီးသည်

အလွန်မိုက်၏ ။

အထူးထူးသော အတတ်တို့ကိုလည်း တတ်ကျွမ်း၏ ။

တခါတရံတွင် လွန်စွာမှ သနားညှာတာတတ်၏ ။

ထို့အတူ ကတိသစ္စာ လည်းလွန်စွာတည်၏ ။

သို့သော် ပြိုင်ဘက်ရန်သူအား လွန်စွာရက်စက်တတ်သူဖြစ်သည် ။

 

 

သူနှင့် ကျွန်ုပ်သည် မည်သည့်အတွက်ကြောင့် ပတ်သက်ရသနည်းဟု ဆိုပါလျှင် ……

ကျွန်ပ်သည် သင်တန်းဆင်းပြီးစတွင် နယ်မြို့လေးတစ်မြို့၌ အလုပ်သင်အရာရှိပေါက်စအဖြစ် စတင်အမှုထမ်းခဲ့ရလေသည် ။ အလုပ်သင်ဟူသည် စခန်း၌ မျက်စိသူငယ်နားသူငယ်ဖြင့် လူရာဝင်လှသည်မဟုတ်ပေ။

ပုခုံးပေါ်တွင် အပွင့်တင်ထားသော်လည်း သာမန် နယ်ထိန်းအဖွဲ့ဝင် ရဲဘော်တစ်ယောက်မျှပင် ဩဇာမရှိချေ ။

ခက်ခဲပင်ပန်းမည့်ကိစ္စများတွင် အလုပ်သင်အရာရှိပေါက်စများလုပ်ရလေ့ရှိပြီး

ရစရာ လာဘ်လာဘများရှိပါလျှင် အလုပ်သင်ဟူ၍ ချောင်ထိုးထားတတ်ကြလေသည်။

ဥပမာအားဖြင့်ဆိုသော် အလှူဆွမ်းကျွေးဖိတ်သည့်ကိစ္စလေးပင် အလုပ်သင်များ သွားရသည်မဟုတ်ပေ ။

 

ဤသို့ဖြင့် ကျွန်ုပ်သည် ထိုဒေသ၏နာမည်ကျော် ဓားပြဗိုလ်စိန်ကြီးအား ဖမ်းဆီးရေးတွင် အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့လေသည် ။

အထက်အရာရှိမှ ပေးအပ်သောတာဝန်ဖြစ်သောကြောင့် ရှောင်လွှဲရန်မဖြစ်နိုင်တော့ခြေ ။ သို့သော် … အမှန်အတိုင်းဝန်ခံရပါမူ များစွာစိတ်မချမ်းမသာဖြစ်မိသည်ကိုကား အမှန်ပင်ဖြစ်လေတော့သည် ။

အတန်ငယ် ကြင်နာတတ်ဟန်ရှိသော ဂတ်စာရေးကြီးမှာ ကျွန်ုပ်အားကြည့်၍ စိတ်မကောင်းဟန်ဖြင့် ခေါင်းယမ်းပြလေသည် ။ အများစုသော လုပ်ဖေါ်ကိုင်ဖက်တို့သည်ကား

ဒီကောင်လေးတော့ သွားရှာပြီဟူ၍ ဩဘာပေးနေကြသည်လားမပြောတတ်ပေ။ ပြုံးစိစိနှင့်သာ ဖြစ်နေလေတော့၏ ။

 

ဂတ်စာရေးကြီး၏ အကူအညီဖြင့် အတွေ့အကြုံရှိသော လူဆိုးထိန်းနှစ်ဦးအား ခေါ်ဆောင်ပြီးလျှင်

ကြိုတင်သတင်းရထားသော ဝတ်ကျင်း (ပုန်းအောင်းရာနေရာ) သို့ သွားရောက်ခဲ့လေသည် ။ ထိုစဉ်က စခန်းတွင် အင်အားနဲပါးလှသည်ဖြစ်၍ ရဲတပ်ဖွဲ့အင်အားများစွာမသုံးနိုင်ခဲ့ချေ ။

အတွေ့အကြုံနုနယ်လွန်းသော (တနည်းအားဖြင့်) သင်တန်းဆင်းပြီးစ လူဆိုးမဖမ်းဖူးသေးသည့် ကျွန်ုပ်သည်

ခေါင်းဆောင်နေရာမှစီစဉ် ကွတ်ကဲလျှက် လွန်စွာမှ တိုက်ရည်ခိုက်ရည်ကောင်ပြီး

လွန်စွာမှ အကွက်မြင်ညဏ်ပြေးလှသည့် စိန်ကြီးအား မည်သို့ဖမ်းဆီးရမည်နည်း ။

သေနတ်ဟူသည် အရာခတ်သိမ်း သုံး၍ရသည်မဟုတ်ပေ ။ အမိန့်အရ အရှင်ဖမ်းဆီးပေးရမည်ဖြစ်လေသည် ။

 

ယခုအကြိမ်သည် သင်တန်းတွင်လေ့ကျင့်နေသည်မဟုတ်ပေ။ အကြောင့်းမလှပါက ကျွန်ုပ်၏အသက်အား ပေးခဲ့ရလိမ့်မည် ။ ကျွန်ုပ်သာလျှင် ထိုဓားပြအား သတ်ခွင့်မရှိ ၊ အရှင်ဖမ်းရန်သာ ကြိုးပမ်းရမည် ။

ဖမ်းဆီးမည့် အစီအစဉ်ကို သတင်းပေးများထံမှရရှိသည့်အတိုင်း အကောင်အထည်ဖေါ်နိုင်ရန် စတင်ခဲ့သည် ။

ပစ်မှတ်ရှိသည့် နေရာအနီးတွင် ၁ဝ နာရီခန့်ကြို၍ ကင်းပုန်းဝတ်ခဲ့ကြသည် ။

ထို ၁ဝ နာရီ ခန့်အချိန်သည် ကျွန်ုပ်အား များစွာစိတ်လှုပ်ရှားစေသကဲ့သို့

လွန်စွာမှလည်း ချွေးပြန်တုန်လှုပ်စေခဲ့သည် ။

မအောင်မြင်ပါက ဝင်ရောက်ဖမ်းဆီးမည့် ကျွန်ုပ်အသက်သေနိုင်သည် ။

မသေပါကလည်း အထက်မှပေးအပ်သောတာဝန်မကျေပွန်သည်ဖြစ်သဖြင့်

ဆူပူကြိမ်းမောင်းခြင်း အရေးယူခြင်းများခံရပေတော့မည် ။

 

ဤသို့ဖြင့် စိန်ကြီးတယောက် ကျိန်းသေပေါက်အရောက်လာမည်ဖြစ်သော

စိန်ကြီး၏တိတ်တိတ်ပုန်းမယား ၏ အိမ်အနီးတွင်

ည ရ နာရီခန့်မှစ၍ ကင်းပုန်းဝတ်ပြီး စတင်စောင့်ဆိုင်းရလေတော့သည် ။

ဓားပြစိန်ကြီးသည် မည်သည့်အမှုများကျူးလွန်ခဲ့ပါသနည်း ။

၎င်း ၏အမှုများမှာကား ……………

 

 

ကြိုးစားပါဦးမည်

ရာမည

 

 

(နောက်တပိုင်းတွင် အပြီးသတ်ရေးသား ဖေါ်ပြပါမည် )

 

 

 

8 comments

  • ဦးကျောက်ခဲ

    March 19, 2014 at 3:43 pm

    ဆရာကြီးသော်တာဆွေရဲ့ဇာတ်ကောင် မောင်ဖြတ်စ ရဲ့ နည်းနဲ့ ဖမ်းလိုက်ပေါ့… ဟိ
    တော်ပါသေးရဲ့ ဂွဇက်ထဲက “ကြီး” တွေထဲမှာ “စိန်ကြီး” မပါလို့… အားဟိ
    😀

  • ဘရန်းဒက် ကေဇီ

    March 19, 2014 at 3:45 pm

    စိန် စိန် စိန်

    စိန် နဲ့ စိန်ပြေးလိုက်တမ်းကစားခဲ့သေးလားးး
    ဆက်ရေးနော်။
    မြန်မြန်…

    😀

  • Ma Ma

    March 19, 2014 at 5:46 pm

    နောက်တစ်ပိုင်းကို မြန်မြန်ဖတ်ချင်လာအောင်ကို ရေးချက်ပိုင်ပါပေတယ်။ 🙂

  • padonmar

    March 19, 2014 at 9:55 pm

    ဆားပုလင်းရာမည တော့ မြိုင်ရာဇာ စိန်ကြီးနဲ့ တွေ့ပြီ။

  • Wow

    March 20, 2014 at 10:15 am

    ဖမ်းတော့ဖမ်းမာ မလားငင်င်င်…. :mrgreen:

  • TNA

    March 21, 2014 at 8:51 pm

    ဆက်ရန်ကိုမျှော်နေပါတီ

  • ဦးကြောင်ကြီး

    March 22, 2014 at 11:31 am

    ထမီခိုးဂျင်း … ဗလာဇီယာ အလစ်သုပ်ချင်း.. ဆာစမိုင်နာ ဖြောင်ဂျင်း

Leave a Reply