မိန်းကလေးတစ်ယောက် လိုက်နှောင့်ယှက်နေသည်
ခင်ဗျားဗျာ မိန်းကလေးတန်မဲ့..။ကျွန်တော်ဘယ်နှယ်ခါ ပြောရမလဲ နောက်ကနေ မလိုက်ခဲ့ပါနဲ ့
လို ့ပြောလည်း မရ။ စာလိုက်မပေးနဲ ့ပြောလည်း မရ။အိမ်ရှေ ့ဂစ်တာလာမတီးနဲ ့လို ့ပြောလည်း မရ။
ရုံးရှေ ့လက်ဖက်ရည်ဆိုင်ကနေ တစ်နေကုန် ထိုင်မစောင့်နဲ ့ပြောလည်း မရ။ ကျွန်တော်သွားသမျှနေရာကို တက္ကစီနဲ ့လိုက်လိုက်လာတာကို မကြိုက်ဘူးပြောလည်း မရ။ နေပူပူ မိုးရွာရွာ တောက်လျှောက် ထီးကြီးတကားကားနဲ ့လိုက်မလာပါနဲ ့သူများတွေ တစ်မျိုးမြင်ကုန်မှာ
စို းလို ့တားလည်း မရ။
နေ ့လည်နေ ့ခင်း ပျင်းလို ့ဝါးခနဲ သမ်းလိုက်မိပါတယ် နက်စ်ကော်ဖီတစ်ခွက်က ခုံပေါ်ရောက်လာပြီ။ ပူလွန်းလို ့စာအုပ်တစ်အုပ်ကို တဖတ်ဖတ်ယပ်ခတ်မိပါတယ်။ ခဏနေ ပန်ကာတစ်လုံးက ရှေ ့ကို ရောက်လာပြီ။ဟိုတယ်တွေမှာ ဧည့်သည်ထိုင်စောင့်တုန်း အေးလို ကိုယ့်လက်မောင်းကို အသာအယာပွတ်မိပါတယ် ဘယ်နှယ့် တော်ကြာနေတော့ ချင်းတဘက်တစ်ထည်ကိုခင်ဗျားက တစ်ဆင့်ပေးခိုင်းလို ့ဆိုပြီး ဝန်ထမ်းကောင်လေးကလာပေးပြန်တယ်။
ကျွန်တော့်မှာ ကျွန်တော်ချစ်ရမယ့် ကောင်မလေး၂ယောက်၃ယောက်ရှိပြီးသားဗျ။ချိန်းတွေ ့ရင် ပိုက်ဆံကုန်လွန်းလို ့နောက်တစ်ယောက် မထားချင်တော့ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မနှောင့်ယှက်ပါနဲ ့တော့။ကျွန်တော်တောင်းပန်ပါတယ်။
……အထက်ပါအသံများကို ကြားရချိန် ကျွန်မနှင့် ကျွန်မအစ်မ အပျိုကြီးတို ့ခေါင်းချင်းဆိုင် ကြည့်မိသည်။အိမ်ခန်းထဲက ဘာအသံပါလိမ့်ပေါ့။ ဒီလိုနှင့် ကျွန်မတို ့အစ်ကို လူပျိုသိုးကြီး အခန်းကို တိတ်တဆိတ်ဝင်ရောက် ကြည့်မိချိန်တွင် မင်းသားလုပ်ရန် ပြင်သလားတော့မသိ။ မှန်ကြီးကို ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်နေသော မင်းသားကြီးကို ဘွားခနဲ မြင်တွေ ့ရလေတော့သည်။
လူပျိုသိုးကြီး မရှက်စေရန် ကျွန်မတို ့ညီအစ်မနှစ်ယောက် ချောင်းကြည့်ပြီး ကိုယ်ဖော့ကာ အခန်းပြင်သို ့ထွက်ခဲ့ကြလေသည်။ ပါးစပ်ကတော့ တခွိ ခွိနှင့်…။
9 comments
alinsett (gazette)
March 19, 2014 at 1:09 pm
အော်. . .
လူပြိုဂျီးတွေ ဘွ တနားဇာဘာလားးး
ခွိခွိ
🙂
moonpoem
March 19, 2014 at 1:25 pm
၁၁၁ပုဒ်မြောက် ပိုစ့်အဖြစ် လူပျိုကြီးများအကြောင်း ဂုဏ်ယူစွာဖြင့် တင်ဆက်ခြင်း 😀
လုံမလေးမွန်မွန်
March 19, 2014 at 1:52 pm
နောင်တစ်ချိန် ဖြစ်လာနိုင်ဖွယ်ရှိတယ်.. လူဖြစ်တာ နည်းနည်းစောနေတယ်လို့.. ဟီး
ဦးကျောက်ခဲ
March 19, 2014 at 2:38 pm
လူပျိုဂျီးကို ပဲကြီးလှော် ၊ ဘဲဥများများစားပြီး အတွင်းအားကျင့်ဖို့ အကျံပေးလိုက်ပါ…
မနှောက်ယှက်ယုံတင်မက အသံပါကျယ်ရင် အနားတောင် ကပ်တော့မယ်မဟုတ်…
😀
ဘရန်းဒက် ကေဇီ
March 19, 2014 at 3:16 pm
စကား အတင်းရော ကာရော အဒမရော စပ်။
အဲ့ လူဗျိုဂျီး က ချောသလားးးး
😀
moonpoem
March 20, 2014 at 9:20 am
မဆိုးဘူး ဒီပိုစ့်ရေးလိုက်တာ အိမ်ကရောင်းမစွံအကို ဈေးပေါင်ကျိုး ထုတ်လို့ရနိုင်တယ် 😛
Wow
March 20, 2014 at 10:31 am
လူပျိုကြီးများ ဂွကျ အနေအထိုင်မတတ်တာ မန်းဂေဇက်က လူဗြိုဂျီးများ သက်သေ….
တိုက်ဆိုက်မှုရှိလျှင် သင့်ကို ပြောခြင်းဖစ်တီဟု မှတ်ပါလေ… (ခွက်ဒစ် ကျွိကျွိ)
ဘရန်းဒက် ကေဇီ
March 20, 2014 at 11:50 am
အမငိ။
ရိုက်ပေါက်မှ နာ့ ကို ခွက်ဒစ်ပေးရသလားဟဲ့
😀
myat pearl phyu
March 20, 2014 at 11:27 am
ကရီးယား ဇာတ်လမ်းတွေထဲမှာတော့ ပျိုပျို အိုအို အတင်းကိုကပ် အတင်းကိုလိုက်ပဲနော် ..
ဗီလိန်နေရာက မင်းသမီးတွေများပြောပါတယ် …