ကိုယ့်ဂိုးကိုပြန်သွင်းသူနဲ့တစ်ရွာတည်း
ကြက်မတိုက်ဖူးဘဲနဲ့
ကြွေတစ်လှည့်အကြောင်း ကောင်းကောင်းမသိပါဘူး
လူတိုင်း
ကိုယ့်အပူနဲ့ကိုယ်ချွေးဒီးဒီးကျနေကြချိန်မှာ
သူက
တစ်ပါးသူအပူကို
ရယ်ရယ်မောမော နဲ့
ဆေးပေါ့လိပ်မှာ တို့ဖွာနိုင်ပြီး
ကိုယ့်အပူကျ
အရစ်လိုက်ပြာကျပစ် ရဲတဲ့ ခြင်ဆေးခွေလိုမျိုး
သတ္တိမရှိဘူး။
တစ်ရွာလုံး
မဲမဲမြင် ရာလိုက်ခတ်ချင်တဲ့ ချိုလိမ်နဲ့
အိုမာခရမ်၊ ယက်တူရှင်ကို
သူမသိတာ တစ်ခုမှ မရှိဘူး။
သူက
အချစ်နဲ့ပတ်သက်လာရင်
စပျစ်သီးမြင့်လို့ ချဉ်ပစ်တဲ့
ပုံပြင် ထဲက မြေခွေးရဲ့လျှာလို
သူနဲ့အတူ ပွင့်ကြည့်သူတိုင်းကတော့
လစ်တမစ်စက္ကူတွေလို
စိတ်ဓာတ်တွေ ပြာနှမ်းကုန်ရတာချည်းပဲ
သူကို ပေါင်းသင်းနေလည်း
ကိုယ်အမည်ကိုယ်
အဆင်းဘီးတပ်ပေးသလိုပဲနေမှာပေါ့
သူက
တကယ့်ကိုမှ ဖွတ်တောင်မှ
မထွက်နိုင်တဲ့တောင် ပို့
ဒါကိုမှ
မှားယွင်းစွာ ဆက်ကိုးကွယ်နေဦးဆိုရင်တော့
မင်းနဲ့
ငါ လမ်းပြောင်းပြန်မောင်းနှင်ပြီး
အန္တရာယ်ကင်းဂါထာရွတ်ဖတ်ပေးရုံမှတစ်ပါး
10 comments
alinsett (gazette)
March 21, 2014 at 6:55 am
” ဖွတ်တောင်မှ မထွက်နိုင်တဲ့တောင်ပို့. . .”
တင်စားချက်လေး လှတယ်
🙂
ko six
March 21, 2014 at 9:52 am
ကျေးဇူး
kyeemite
March 21, 2014 at 11:01 am
နားမလည်ပါးမလည်ပဲ
ကဗျာကိုဟုတ်သလိုလိုခံစားပီး…ဖတ်ရှုသွားပါဂျောင်းးး 🙁
ko six
March 21, 2014 at 11:20 am
ကိုမိုက်လဲဗျာ
ခင် ခ
March 21, 2014 at 1:03 pm
၅ ခါလောက် အထပ်ထပ်ဖတ်ပေမယ့်လည်း ဆက်စပ်ကာမတွေးတတ်လို့ ဆက်မဖတ်ဖြစ်တော့ပေမယ် အားပေးခဲ့ပါတယ်လို့။
TNA
March 21, 2014 at 9:33 pm
နဲနဲမြင့်လို့ များများမြှင့်ပြီးဖတ်သွားပါတယ်။ နားတော့ သိပ်မလည်ဘူးရှင့်။
Winds
March 22, 2014 at 11:14 am
အတူတည်ဆောက်ခဲ့တဲ့ ကမ္ဘာတစ်ခု
အခုတော့လည်း တအိအိနဲ့ ပဲ့ကြွေကျ
အချစ်ရဲ့ အနှစ်
ယုံကြည်မှုတွေ ပျောက်
မြေသားတွေလည်း လွှာတွန့်တွေတက်
ဒီအချိန်ရောက်လာမှတော့ မထူးပါဘူး
နင်နဲ့ငါ တစ်ယောက်အခြမ်းစီခွဲလို့
ကိုယ့်ကမ္ဘာကိုယ်နေကြတာပေါ့
အာ ဟိ … ကျလိ ကျလိ ခိ ခိ
ဦးကြောင်ကြီး
March 24, 2014 at 11:39 am
ကိုစစ်
မှိုထစ်
ပျိုညှစ်
ယိုပျစ်..
myat pearl phyu
March 25, 2014 at 3:29 pm
စကားအတင်းစပ် .. အဲ့ဒါ ဘူ့ ကြော တာ ရဲ 😛
kai
March 25, 2014 at 3:55 pm
“ကြွေတလှည့် ကြက်တခုန်”
“မြေခွေး ရဲ့ စပျစ်သီးချဉ် ”
ဒါတွေသိမှဖြစ်မယ့်ဇတ်လမ်းမို့
လစ်တမတ်စက္ကုက “ထ”စကားပြော
ချဉ်ရင်အက်ဆစ် အနီဖြစ်သတဲ့လေ..။