စံတော်ချိန်/အတွဲ(၁)/အမှတ်(၃၃၄)/
{၁၃/၃/၂၀၁၄/ကြာသပတေး}
စံတော်ချိန်သတင်းစာထဲမှာပဲ ထပ်ဖတ်ရတဲ့သတင်းဆောင်းပါးလေး
တစ်ပုဒ်ရှိပါသေးတယ် ။
ဖတ်ပြီး ရယ်ရမှာလား ငိုရမှာလား
ဝမ်းသာရမလား ဝမ်းနည်းရမလားမသိတော့ပါဘူး ။
ဒီလိုပါ . . .
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
တပေါင်းလဆန်း ၁ ရက်မှ ၃ ရက် အတွင်းကို . . .
ကိုကြီးကျော် ချိုးရေတော်သုံးတဲ့နေ့ လို့ သတ်မှတ်ထားပြီး. . . နတ်ပွဲတွေ ကျင်းပကြ ပူဇော်ပသကြတယ် တဲ့ ။
(( အဲဒီမှာ ဒီထော်လော်ကန့်လန့်ကောင် တွေးမိတာက. . .
ကိုကြီးကျော်ကြီးဟာ. . .
အဲဒီနေ့ ရောက်မှ ရေချိုးတာလား လို့. . .
ကျန်တဲ့ရက်တွေ ရေမချိုးဘူးလားဟင်. . .
အဟိ ။ ကရော်ကမယ် တွေးတယ် ပြောတယ် ဖြစ်မှာစိုးလို့ ဒီအပိုင်းကို ဆက်မပြောတော့ပါဘူး ။ ))
🙂
နောက်တစ်ချက်က
ကိုကြီးကျော် ပွဲတော်ကို . .
လာ နွှဲပျော်ကြတဲ့ . . . အနယ်နယ်အရပ်ရပ်က လူတွေက . . .
လမ်းမှာကလေးတွေ စုစုဝေးဝေးမြင်ရင် ကားပေါ်က ပိုက်ဆံတွေ ကြဲချပေးကြတယ်တဲ့ ။
အလှူဒါနမို့ သာဓုခေါ်ချင်ပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးက ကပ်ပါလာသေးတယ် ။
အဲဒီ ပစ်ချကြဲချသွားတဲ့ပိုက်ဆံတွေကို အလုအယက် ကောက်ကြတဲ့ ကလေးလူငယ်တွေ . . .
အနောက်က ကားတွေနဲ့ တိုက်မိတဲ့အဖြစ်ဆိုးတွေ ကြုံနေတယ် ။
သေကြေကြ ခြေလက်အင်္ဂ ါတွေ ကျိုးပဲ့ပျက်စီးကြနဲ ့
ကြားရတာ . . .
နားက . . .ရင်နာမိတယ်ဗျာ ။
ဒါမျိုးသတင်းတွေ မြင်ရကြားရတာ စိတ်မချမ်းသာဘူး ။
ဘယ်သူ ့ကို အပြစ်ဆိုရမလဲ မသိ. . .
ပစ်ချပေးသူတွေ အပြစ်လား. . .
အလုအယက်ကောက်သူတွေရဲ့ ရဖို့ပဲသိပြီး ဘေးဖြစ်စေနိုင်ခြင်းကို မတွေးမိတဲ့ သတိလက်လွတ်မှ ုတွေက အပြစ်လား. . .
ဒါမှ မဟုတ်. . .
ဆင်းရဲမွဲတေမှ ု အခြေခံ အကြောင်းတရားတွေကြောင့်လား. . . .
(( အဲဒီမှာလည်း ထပ်တွေးမိတယ် ။ တို့ကိုကြီးကျော်က အဲ့ဒီလို အဖြစ်မျိုးတွေ မဖြစ်အောင် ဘာလို့ မစောင့်ရှောက်ပေးတာလဲ လို့ ။
သူ ့ကို ပူဇော် ပသကြဖို့ ပျော်ပျော်ပါးပါး နွှဲပျော်ဖို့ရာလာတဲ့သူတွေနဲ့ ပက်သက်ရင်
အဲဒီလို အဖြစ်ဆိုးတွေ ဖြစ်နေတာကို လက်ပိုက်ကြည့်နေတာပဲလား လို ့ ))
🙁 🙁
ဆိုတော့ဂါ. . . .
တစ်နှစ်မှာမှ သုံးရက်လောက်ပဲ
ရေချိုးတဲ့ နတ် . . .
(နတ်ဆိုတော့ ရေမချိုးလည်း ဖြစ်တယ်ထင်ပါ့)
အကောင်အထည်နဲ့လည်း ပီပီပြင်ပြင် မမြင်ဖူးကြ. .
အရက်ပုလင်းကြီး ကိုင် ကိုင် ပူးပြတဲ့ နတ်ကတော်ကိုပဲ အဟုတ်ထင်. . .
သူ ့ကိ်ု ပူဇော်ပသဖို့ဆိုပြီး ပျော်ပွဲဝင်တဲ့ လူတွေနဲ့ပက်သက်ပြီး သေကြေပျက်စီးရတဲ့ အဖြစ်တွေကိုလည်း မကယ်နိုင်. . .
အဲ့ဒီလို ပုဂိ္ဂုလ်ကြီးကိုတောင်
ပူဇော်ပသ မပျက် ဝတ္တရားလက်လက်ထနေတဲ့ တို့လူမျိုးတွေ ထူးလည်း ထူးပါပေ့ ။
ကိုကြီးကျော်ဆိုတဲ့ ပုဂိ္ဂုလ်ကြီးလည်း. . . “ဘုရားတည်ကျောင်းဆောက် သာသနာပြုခဲ့သူကြီး အနော်ရထာတို့လို လူသားထက်တောင် ´´
ဘုန်းကြီးပြီး အသက်ရှည်နေတာ. . .
ဒီအချိန်ထိ ဒီလို. . .အပူဇော်အပသခံနေနိုင်တာကိုကြည့်ပြီးးး
အော် . . .
ထူးလည်း ထူးပါပေ့ ကိုကြီးကျော်ရယ် လို့သာ တွေးမိတော့တယ် ။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ဟောဒါက….
ဖတ်စေချင်လို ့….
သစ်ထူးလွင်က..မလာတာ… ။
———————————————————————————
ပခန်း ကိုကြီးကျော် နတ်ပွဲနှင့် စီးပွားဖြစ်နေကြပုံ
ရေစကြိုမြို့နယ်၊ပခန်းငယ်ကျေးရွာနှင့်ဒါးလွယ်ခုတ် တစ်ဘက်ကမ်းရှိ ကူနီနတ်နန်းတွင်
နှစ်စဉ်တပေါင်း လဆန်း ၁ ရက်နေ့မှ လပြည့်နေ့ထိ ကိုကြီးကျော်နတ်ပွဲကြီးကို နတ်ဒိုးသံတညံညံဖြင့် စည်ကားစွာ ကျင်းပကြ ပါသည်။
မြန်မာပြည်တဝှမ်းမှ ကိုကြီးကျော်ကို သက်ဝင်ယုံကြည်ကြသူ၊ အားကိုးကြသူ၊ ကြောက်ကြသူများနှင့်ပွဲတော်တွင်မူးရူးပျော်ရွှင်ချင်ကြသူများမှာ
သည်ပွဲသို့မရောက် ရောက်အောင် လာကြသည်။
နတ်နန်းသို့တက်ပြိး နတ်ဆက်ကြသည်။
နတ်ကတော်ဟုခေါ် သည့်နတ်ဝင်သည်များ၏ နန်းခွဲများသို့သွားကာ နတ်မေးကြ၊နတ်ဆက် ငွေပေးကြသည်။
မိမိတို့လုိုဘကိုမည် သို့ဖြည့်နိုင်မည် ဆိုသည်ကို ကိုကြီးကျော်အားအပူ ကပ်မေးမြန်းကြသည်။
မိမိတို့၏ ယုံကြည်မှုအခြေခံနှင့် ငွေကြေးသုံးနှီုင်မှု တို့ပေါ်တွင်မူတည်ပြီး သည်ပွဲတွင် ငွေများကို စွန့်ကျဲသွားကြလေသည်။
သည်ထဲတွင် ပျော်ရွှင်ချင်လို့၊ကုသိုလ်လုပ်ချင်လို့ဆိုပြီး သည်ပွဲကာလမှ ရောက်လာကြသော လမ်းဘေးက
အလှူခံမဏ္ဍပ်များသို့လည်း ငွေများပေးလှူသွားတတ်ကြသည်။
အချို့ကလည်း လမ်းဘေးမှာ “ပိုက်ဆံကျဲခဲ့ပါဗျို့” ဟုအော်နေသော ကလေး၊လူကြီးများကို
သူတို့စီးလာသော ကားယာဉ်များပေါ်မှ ငွေစက္ကူများ ပစ်ပေးသွားကြသည်။သည်လိုနှင့် ကိုကြီးကျော်ပွဲကို
မှီကာ နှစ်စဉ် ငွေရှာကောင်းနေကြသော နေရာများကား…..
၁။ အလှူခံပြီး စီးပွားဖြစ်ကြသည်။
ဆင်ဖြူရှင်တံတားမင်းရွာထိပ်မှ ကျောက်လှေကားကျေးရွာအထိ ပခုက္ကူ-မန္တလေး ကားလမ်းပေါ်တွင် အလှူခံမဏ္ဍပ်များ ပေါ်ပေါက်လာကြသည်။
တစ်ရွာလျှင်တစ်ခုအနည်းဆုံးထွက်သည်။
အချို့လမ်းနှင့် ဝေးသော အတွင်းကျသည့်ကျေးရွာများကလည်းမိမိတို့ရွာနှင့် အနီးကပ်ဆုံးဖြစ်သည့်
လမ်းဘေးကို နေရာသပ်မှတ်၊ မဏ္ဍပ်ဆောက်ကာ အလှူခံကြသည်။
စုစုပေါင်း ထိုလမ်းအရှည် ၂၉မိုင်လောက်အတွင်းတွင် အလှူခံဌာနပေါင်း ၂ဝကျော်ရှိသည်။
အလှူခံမဏ္ဍပ်တစ်ခုလျှင် သက်ဆိုင်ရာသို့ ထွက်ခွင့်ကျပ်တစ်သောင်း ပေးယူရသည်။
သူတို့၏ဝင်ငွေကလည်းကြောက်ခမန်းလိလိပင်။နေ့စဉ် အနည်းဆုံးကျပ် ငါးသောင်းမှအများဆုံး ကျပ်လေးသိန်းခွဲထိ ရှိတတ်သည်ဟုသိရသည်။
ပွဲတော်ကာလ ၁၅ ရက်တာမျှတွင် မဏ္ဍပ်အသီးသီး၏ စုစုပေါင်း ဝင်ငွေမှာ
ကျပ် ၈သိန်းမှ သိန်း၂ဝအထိရှိတတ်သည်ဟု ယင်းတို့ကို တာဝန်ခံပေးရသော မြို့ပေါ်မှ ပုဂ္ဂိုလ်တစ်ဦးကပြောပြပါသည်
။ရေစကြိုမြို့နယ်အထဲက ဇီးတောကျေးရွာ ထိပ်က အလှူခံမဏ္ဍပ်သည် သည်နှစ်ပွဲစရက်များဖြစ်သည့်
တပေါင်းလဆန်း ၄၊ရက်၊နှင့် ၅ရက်နေ့တို့ တွင်(စနေ၊တနင်္ဂနွေနေ့များမို့လူလည်းပိုလာသည်) ကျပ် ၃သိန်းခွဲနှင့် ၄သိန်းထိရရှိကြောင်း
ထိုရွာမှ အလှူခံသူတစ်ဦးကပြောပြပါသည်။
သည်နှစ်ပွဲပြီးလျှင် ကျပ်သိန်း ၂ဝကျော်နိုင်သည်ဟုလည်း ထိုသူကခန့်မှန်းပါသေးသည်။
ထိုသို့ လဝက်ခန့် ကာလတိုကလေးတွင် ရယူရသောအခွင့်အရေးကောင်းမို့ ကိုကြီးကျော်ပွဲ တော်ကာလတွင်
အလှူခံထွက်ချင်သူများသလို၊ သက်ဆိုင်ရာသို့ပေးရသည့် ခွင့်ပြုမိန့်ကျစေမည့် အလှူခံမဏ္ဍပ်ကြေးကလည်း
ယခင်နှစ်က ကျပ် ၅၀၀ဝ မှ ယခု ကျပ်၁၀၀၀၀(တစ်သောင်း) ထိမြင့်တက်သွားခြင်းဖြစ်သည်။
၂။ကူတို့ကူးခ၊ ကားအပ်ခ များဖြင် ့သူတို့စီးပွားဖြစ်နေသည်။
ကူနီနတ်နန်းရှိရာ ထန်းတောကျေးရွာသို့ ပခုက္ကူနှင့်ချင်းတွင်းတံတားဘက်မှလာကြသူများသည်
ပခန်းကြီးမှ ပခန်းငယ်၊ထိုမှချစ်သူရွာဘေးမှာရှိသော ချင်းယားကူတို့ဖြင့် စက်လှေစီးပြီး ချင်းတွင်းမြစ်ကိုဖြတ်ကျော်ကြရသည်။
စီးလာခဲ့သော ကားများကို ထိုဆိပ်ကမ်းဘေးမှာပင် ပတ်ကင်အပ်ခါထားခဲ့ရသည်။ကားအပ်ခက တစ်နေ့ကို ကားတစ်စင်းကျပ်သုံးထောင်မှ ခုနစ်ထောင်ဟုဆိုသည်။
သိပ်တန်ဖိုးကြီးလျှင် သိပ်ပေးရတတ်ပါသေးသည်။
သည်ကားပါကင်ကိုတော့ မြို့နယ် စစ်မှုထမ်းဟေ ာင်းနှင့် ဒေသခံ အာဏာပိုင်တို့ပူးပေါင်းလုပ်ကြသည်ဟုသိရသည်။
လူကူးသည့် ကူတို့ကူးခသည် သာမန်အချိန်တွင် ကျပ် ၂၀ဝ ဖြစ်သည်။
ခုလိုပွဲတော်ရက်များတွင် လူတစ်ယောက်ကိုကျပ် ၅၀ဝ ဖြစ်ပေသည်။
နံနက် ၆ နာရီမှညနေ ၆နာရီထိသာ ကူးပေးသည်။
ကျန်အချိန်မှာ သွားလာလိုလျှင် အထူးနှုန်း(တစ်ယောက်ကျပ် ၁၀၀ဝအနည်းဆုံး)ပေးကြရသည်။
ယင်းကူတို့ကို ရေစကြိုမြို့နယ်စည်ပင်မှ လေလန်စနစ်ဖြင့် ပေးခြင်းဖြစ်သည်။
ကူတို့ဆိပ်ကမ်း ၆ခုတွင် မြို့နှင့်တစ်ဘက်ကမ်းက ဆင်ခြေယာရွာနှင့်ကူးသော ကူတို့ဆိပ်သည် လေလန်ခအများဆုံးဖြစ် သည်။
ကျပ်သိန်း ၂၀ဝပတ်လည်ရှိခဲ့သည်။ အနည်းဆုံးမှာ ကွေးဒေါင့်ရွာကူတို့ဆိပ်ဖြစ်သည်။
တစ်နှစ်လုံးမှ ကျပ်ငါးသိန်းခန့်သာ။ ဒုတိယအများဆုံးမှာ ချင်းယားဆိပ်ခေါ် နတ်နန်းသို့ကူးသည့်ဆိပ်ဖြစ် သည်။
ယခင်နှစ်များက ကျပ်သိန်း၁၀ဝကျော်သာရှိသော်လည်း ယခုနှစ်တွင်သိန်း ၂၄ဝ ခန့်ထိမြင့်တက်သွား သည်ဟု ဗိုလ်မှူး(ငြိမ်း) မျိုးသန်းထွန်းက ပြောပါသည်။
သူတို့က လေလန်ကျေးမြင့်ပေးရတော့ လူတစ်ဦးခြင်း၏ ကူးသန်းခကိုလည်းမြင့်တောင်းပေသည်။
သို့တောင်းလို့တိုင်တန်းပေသည့် အဆိုပါကူတို့ကို မောင်ပိုင်စီးပြီး ယူထားသူက
သမ္မတရုံးဝန်ကြီး ဆင်ချောင်းရွာသား၊ ဦးမြင့်မောင်၏ညီတွေ ဖြစ်နေရာ မည်သူမျှ စောဒက မတက်ဝန့်ခဲ့ကြပေ။
သူ့အမည်က ဦးလှစောမောင် ဟူ၏။
တစ်နှစ်လုံးစာ သူတို့ချင်းယားကူတို့ဆိပ်က ဝင်ငွေသည် ကျပ်သိန်း ထောင်ဂဏန်း(မနှစ်က ကျပ်၁၄၀ဝသိန်း) ရှိပါသည်တဲ့။
၃။ပစ္စည်းအချို့ကို မတရားဈေးတင်ရောင်းပြီး စီးပွားဖြစ်ကြသည်။
ပွဲတော်ကာလတွင် လာကြသည့်လူအပေါင်းကို ဈေးရောင်းခြင်းဖြင့်လည်း စီးပွားရှာကြသည်။
သာမန် ရိုးရာဓလေ့ အရ ရောင်းနေကျ၊ ဒေသထွက် ပစ္စည်းများ( သနပ်ခါး၊ တောင်း၊စကော၊ အိုး၊အင်၊ဖျင်ကြမ်းစ၊ဖျင်ကြမ်းထည်၊
ဇီးသီးခြောက်၊ငြုပ်သီးခြောက်….စသည်)တို့ကိုရောင်းချကြသည်က ရောင်းကောင်းသည့်နှစ်မှသာ စီးပွားဖြစ်နိုင်ကြပါသည်။
လမ်းကူးလာသည့် ကားများ၊ဆိုင်ကယ်များကို ဝါးတားဂိတ်လုပ်ပြီး လမ်းကြေးတောင်းခြင်း၊ မဖြစ်မနေ ဝယ်ပါဟုပြောကာ
ရဲဝတ်စုံဖြင့် ရေသန့်ဗူးတစ်ဗူးကို ကျပ်ငါးရာဖြင့် ရောင်းခြင်း၊ စသည့် မတရားငွေညှစ်ရှာကြသည်က အရုပ်ဆိုးဝါးလှပါသည်။
ယင်းတို့ဖြင့်လည်း သည်ပွဲတွင်လွယ်လွယ် ငွေရှာကြပါသေးသည်။
၄။နန်းတက်၊နန်းဆက်ခ ဈေးတက်သွားသည်တဲ့။
ကိုကြီးကျော်ပွဲကိုလာလျှင် နတ်ပုံတော်များထားရှိရာ နန်းပေါ်သို့တက်ပြီး နတ်ဆက်ကြရသည်။
ကိုယ်တတ်နိုင်သည့်ဓနအင်အားပေါ်မူတည်ပြီး ပမာဏ ကွာခြားကြသော်လည်း
နတ်နန်းထဲသို့ ဒုတ်ဒုတ်ထိဝင်ပြီး နတ်ထိမ်းထံလက်ရောက်ဆက်သလိုပါသည်။
ဆက်နေစဉ်မှာလည်း နတ်ဒိုးတီးသံများဖြင့် စည်စည်ကားကား ကလိုပါသည်။
မြူးလိုပါသည် ဆိုပါက တစ်ခါနတ်နန်းတက်ခ(တစ်ပွဲစာ)သည် ကျပ် ခုနစ်သောင်း ၇၀၀၀၀/ ဟုဆိုပါသည်။
နတ်ပုံဘေးမှာစောင့်နေသော အမျိုးသမီးသည် နတ်စာကို ခွဲဝေယူစားကြရသည့် နတ်မွေခံ(ရှေးကံကောင်းလို့အချောင်စားရသည်ဟုလည်းပြောကြသည်။) ဆွေစဉ်မျိုးဆက်မှဖြစ်သည်။
(၂၀၁ဝ ခုရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်သည်ပင် ထိုအမျိုးထဲမှာပါနေပါသေးသည်။)
သည်မျှမတတ်နိုင်ပါလျှင်ဘေးမှာရှိသော နတ်ထိန်းများထံသို့ ငွေငါးကျပ်မှ အစ မနည်းမများဆက်နိုင်ပါသည်။
ကဲ ကိုကြီးကျော်ခေါ် ဘဘကျော်ခေါ် ဦးမင်းကျော်နတ်ပွဲကတော့ မကြာမီ (တပေါင်းလပြည့်နေ့)တွင် ဆွမ်းလောင်းပွဲနှင့် ပြီးဆုံးသွားပါတော့မည်။
သံဃာတော်တွေမှာတော့ ဘယ်မျှ လှူဘွယ်တန်းရာစုံလင်စွာ ရသည်မသိနိုင်သော်လည်း နတ်ပွဲကိုမှီပြီး စီးပွားရှာကြသူများကတော့ သူဌေးဖြစ်သူနှင့် နေ့တွက်ကိုက်သူနှင့်ပေါ့။
ဒေသခံ အချို့ကတော့ ကူတို့ကူးခရငွေများ(ပြီးခံသည့်နှစ်ကအမြတ်ငွေသည်ပင်ကျပ်သိန်း၁၀၀ဝ နီးပါး)
ကားအပ်ခ ရငွေများကို ထိုဒေသ၏ဖွံ့ဖြိုးရေးအတွက် ဥပမာ- မီးလင်းရေး၊ ကားလမ်းပေါက်ရေး(ရေစကြိုတောင်ဘက်ဒေသသည်
ချင်းတွင်းမြစ်ရေဝင်ရာဒေသမို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည်) …..
စသည်တို့တွင်သုံးပေးမည်ဆိုပါက လူအများအတွက် အကျိုးမည်မျှ ရှိလိုက်မည်နည်း။
သို့မဟုတ်ဘဲ ကိုယ့်မိသားစုကောင်းစားရေးအတွက်ဘဲ သုံးနေပါက
ကိုကြီးကျော်ရေ ကြာကြာကြည့်မနေပါနဲ့လို့လည်း ပြောနေကြပါသေးသည် ခင်ဗျား။
နတ်ဆက်ငွေများကို အများအတွက် နတ်ဆက်ငွေများကို သုံးချင်သည့်လူများ၏ ပြောကြားချက်များကိုလေးစားလျှက်……
ကေ၊အင်န်(ရေစကြို)
——————————————————————————————————-
Post Views: 600
37 comments
ko six
March 20, 2014 at 9:46 pm
ကိုရီးကျော်တဲ့လား
သဘောကျတာတစ်ခုပဲရှိတယ်
ရစ်ရွှေရီမှီဝဲရလို့
alinsett (gazette)
March 21, 2014 at 6:52 am
အက်ဒါတော့ ဆိုးဘူးဗျ
နော့
🙂
ကျော်စွာခေါင်
March 21, 2014 at 12:10 am
ကြားဘူးတာကတော့ ကွီးကျော်က ရေအမြဲမချိုးပေမယ့်…
အောင်ရဲလင်းနဲ့ ခပ်ဆင်ဆင်တူဒယ်လို့ပြောတာဘဲ…
အောင်ရဲလင်းတောင် ကွီးကျော်လောက် အောင်ရဲလင်းနဲ့မတူဘူးတဲ့…
alinsett (gazette)
March 21, 2014 at 6:51 am
တိန်
အောင်ရဲလင်းတောင် ကျနော့်လောက် အောင်ရဲလင်းနဲ့မတူတဲ့ခေတ်မှာ
အဲဒိ ကွီးကျော်က အောင်ရဲလင်းနဲ့ ခပ်ဆင်ဆင်ဒဲ့
အောင်ရဲလင်းတောင် ကွီးကျော်လောက် အောင်ရဲလင်းနဲ့မတူဘူးဒဲ့
အဲဒါ မဖြစ်နိုင်ဘူး ဦးခေါင်ရည်
🙂
အမှန်က
အောင်ရဲလင်းတောင် ကျနော့်လောက် အောင်ရဲလင်းနဲ့မတူဘူး။
🙂
MAUNG
March 21, 2014 at 8:28 am
ဇွတ်ပါလား အောင်ရင်းလဲ ရယ်..
ယောင်လို့…..အောင်ယဲဠင်း ရယ် (စတာနော်)
alinsett (gazette)
March 21, 2014 at 8:42 am
အဟိ
🙂
ဘရန်းဒက် ကေဇီ
March 21, 2014 at 8:01 am
သူများကိုးကွယ်တာကိုလည်း မစော်ကားပါဘူးးး……………..
ဘယ်တုန်းကမှလည်းမကဲ့ရဲ့ခဲ့ဖူးဘူးးး……………..
ဒါပေမဲ့ ,……….
ဒီကိုးကွယ်မှုကနေ တောက်တလွဲ အဖြစ်အပျက်တွေကြားရင် …….
ခု အလင်းဆက်မေးသလိုမျိုး ……….
တခြား ဘာသာဝင်တွေက မေးလာခဲ့မယ် ဆိုရင်…………..
တခြားနိုင်ငံသားက မေးလာခဲ့မယ်ဆိုရင် ……………..
ဗုဒ္ဓဘာသာ ဆိုတာကို ………………
ဒီလူတွေရဲ့ အပြုအမူကနေအကဲခတ်နေကြမယ်ဆိုရင်………………
ကိုယ့်လူမျိုးရဲ့ ဉာဏ်ရည် ဉာဏ်သွေးကို …………….
ဒီ လုပ်ရပ်တွေကနေ အကဲဖြတ်နေကြမယ် ဆိုရင်………………..
မျိုးစောင့် ကိစ္စ ကိုယ်တော်များးးးး
ဒါမျိုးကျ ဘာသာတရားစောင့်ရှောက်ရေးထဲမှာ မပါဘူးလားဖျာ့!!!
:hint:
alinsett (gazette)
March 21, 2014 at 8:40 am
စိမ်းလိုက်ပီ
🙂
MAUNG
March 21, 2014 at 8:41 am
ဒီကိုယ်တော် တွေက စောင့် ချင်ရင် ဇွတ်
မ စောင့်ချင် ရင်လဲ ဇွတ် K ရဲ့ 😛
ဘရန်းဒက် ကေဇီ
March 21, 2014 at 8:47 am
ဝါး (Wow) ပြောသလိုပဲ။
မျိုးချစ်စိတ်တွေ အရမ်းပြင်းထန်ပြီး
ရုပ်ရှင်တွေပါ လိုက်သိမ်းနေမှ ဒုက္ခ!!
:hint:
Wow
March 21, 2014 at 9:38 am
လူဇိုးဒွေပါအေရယ်….
အမေ့ခံဒို့ ရှာရွတ်ခံတို့ ကားဒွေ မကျိရဒေါ့ဘူးထင်ပါဒယ်
လုံမလေးမွန်မွန်
March 21, 2014 at 11:03 am
အမေ့ခံ ကို မကျိရလို့ကတော့ ဆန်ဒပြပြစ်မယ်.. ဘာမှတ်နေလဲ.. 🙂
alinsett (gazette)
March 21, 2014 at 10:41 am
ညီမလေးဂ ရှရွတ်ခမ် ကြည့်ချင်တယ်လား ခွိခွိ
သားသားဂဓေါ့ အိုက်ကားဒွေကြည့်ရင် အိပ်ငိုက်စ်
🙂
kyeemite
March 21, 2014 at 11:56 am
ဘာပြောရမှန်းမသိလို့ ဘာဘာ ဘာမှမပြောတော့ပါ…
အိမ်မှာတော့ ဘာနတ်မှမထားပါ
alinsett (gazette)
March 21, 2014 at 12:20 pm
အဟိ
ကျနော့်အိမ်မှာတော့ မေမေ့အစွဲနဲ့ အုန်းသီးခြောက်ကြီး ရှိနေလေရဲ့။
😆
ခင် ခ
March 21, 2014 at 12:45 pm
ဒါဆို မောင်ရင် အမေနဲ့ အရင် ဆွေးနွေးရမယ်ထင်တယ်နော်။
alinsett (gazette)
March 21, 2014 at 1:00 pm
ကျနော့် မေမေက ကိုရီးကျော်တော့ မကိုးကွယ်ပါဘူး
အိမ်တွင်းဆိုတဲ့ မိရိုးဖလာ အစွဲကြီးတော့ ခုထိရှိသေးတယ်။
ကိုယ့်အမေဆိုတော့လည်း ပြောရခက်သား။
သူ့ဘာသာ လုပ် ကိုယ့်ဘာသာ ကြည့်နေလိုက်တာပဲ။
🙂
ပြောဖူးပါတယ်။ ဦးရှင်ကြီးတင်ပြီဆို အမေ့ကိစ္စ ကိုယ်ပါမိမှာစိုးလို့ ပတ်ပြေးနေပါတယ်ဆို. . .
🙂
အုန်းသီးခြောက်ကြီးလည်း မကန်တော့ဘူး
🙂
Ma Ei
March 21, 2014 at 1:18 pm
အလင်းဆက်ရေ…
နတ်တွေရှိတယ်ဆိုတာ..ငယ်က ကိုယ်တွေ့လေးတွေရှိသမို့ ယုံကြည်ပါတယ်…
အရင်ထဲက နတ်က တော်တော် ကတော်တွေက ကဲနေသမို့ ကိုးကွယ်တဲ့ထဲ မပါခဲ့ဘူး…
အချိန်ရရင် အဲ့ဒီအကြောင်းလေးတွေ ရေးချင်ပါသေး…
ခုတော့ တေးထားတာလေးတွေဘဲ များနေတော့တယ်…
alinsett (gazette)
March 21, 2014 at 3:16 pm
ဟုတ်
ကျနော်လည်း နတ်တွေ ရှိတာကို ယုံပါတယ်။
ဒါပေမယ့် ကျနော် ယုံထားတဲ့ နတ်တွေထဲ
၃ရ မင်းတို့ ဘာတို့ညာတို့ မပါတာပါ။
🙂
ko six
March 21, 2014 at 2:02 pm
သိပ္ပံခေတ်ထဲမှာနေပီး နတ်ရှိတာ မယုံဘူးလား
အိမ်က ဆိုင်ကယ်မှာ နတ်တွေ တစ်ပုံကြီးဗျ
alinsett (gazette)
March 21, 2014 at 3:18 pm
အဟဲ။
ကိုဆစ်ရေ ့. . .
ဟို ၃ရ မင်းသော နတ်တွေ တကယ် အသုံး ဝင် မဝင်က ဝေခွဲရခက်သေးတယ် ။
နပ် တွေ နက် တွေကတော့ အသုံးဝင်တာ သေချာသားဗျ
🙂
Char Too Lan
March 21, 2014 at 4:05 pm
အိုက်လူတစ်စုရဲ့ ရိုးရာပွဲတော်လို့ပဲမြင်တယ် အခုအင်တာနက်ခေတ်မှာ
နိုင်ငံစုံရဲ့ နေရာတခုခု ပြည်နယ်တခုခု ဒေသတခုခုက
ရိုးရာပွဲတော်ဆိုပီး ပုံစံအမျိုးမျိုးကို ခဏခဏတွေ့နေရတာပဲ မှတ်မိသလောက်
တချို့ကဝေလငါးတွေသတ်ကြတယ် တချို့ကကလေးပေါက်စလေးတွေကို ဆရာဆိုတဲ့လူတွေကခုန်ကျော်ကြတယ် တချို့ကတိရိစာ္ဆန်တွေကို အစားကောင်းအသောက်ကောင်းတွေပုံအောပီးကျွေးကြတယ်… စသဖျင့်…. စသဖျင့်… ပေါ့လေ……
အိုက်လူတွေရော အခုလိုမျိုးမျန်း အပြောခံကြရလားမသိဘူးနော် @_@ 🙂 ???????
alinsett (gazette)
March 21, 2014 at 5:41 pm
ဟုတ်ပါ့။
အဲဒီ ခလေးပေါက်စနလေးတွေကို ခုန်ကျော်ကြတဲ့ ဓလေ့ကို
ပုံတွေ မြင်ဖူးတယ် ။
ခလေးလေးတွေကို မတော်တဆ တက်များနင်းမိရင် ဆိုပြီး အသည်းတယားယားဖြစ်သွားတာ။
🙂
ဘယ်ဓလေ့ ထုံးစံပဲ ဖြစ်ဖြစ်ပေါ့လေ. . .
အကြောင်းအကျိုး အကောင်းအဆိုး မျှတရင် ကောင်းမှာပေါ့လေ
ယုတိ္တ ရှိ ခြင်း မရှိခြင်း / သဘာဝကျခြင်း မကျခြင်းတွေဆိုတာ
ယုံကြည်ချက်တွေ အယူ အစွဲတွေ အောက်မှာ ဝေဝါးပျောက်ကွယ်ကုန်တတ်သလား. . .
တွေးမိတာပေါ့နော်. .
အမှန်နဲ့ အနီးစပ်ဆုံးတရားကို
လူသားတိုင်း ရှာတွေ ့ကြစေဖို့သာ. . . . ဆန္ဒပြုမိသေးတော့တယ်ဗျာ. . .
🙂
TNA
March 21, 2014 at 8:49 pm
ရှေးလူကြီးတွေရဲ့ ရိုးရာဓလေ့ကို ရိုးရိုးထိန်းသိမ်းခိုင်းလို့မရလို့ နတ်နဲ့ကိုင်ပြီးထိန်းသိမ်းရာကနေ အလေ့အထဖြစ်လာတယ်လို့ယူဆမိပါတယ်။ ရှေးတုန်းက ပွဲလမ်းသဘင်ကလဲရှား ဖျော်ဖြေရေးတွေကလဲ နည်းပါးနေလေတော့ မရှိရှိတဲ့ပွဲလေးရှာကြံလုပ်ရင်းကနေ အဓွန့်ရှည်လာတယ်လို့ထင်မိပါတယ်။ ဥပမာ ဘုန်းကြီးပြန်ဆိုလဲ ကြုံတုန်းပွဲထည့်လိုက်သလိုပေါ့။ နောက်တခုက ရှေးတုန်းက တနယ်တကျေးမှာ အလုပ်သွားလုပ်ရင် ကိုယ့်ဒေသကိုယ်ပြန်ဖို့ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတော့ တနှစ်တကြိမ်ကိုယ့် နယ်ကိုမပြန်မဖြစ်ပြန်ရအောင်နတ်နဲ့လှည့်ထိန်းတယ်လို့မြင်မိပါတယ်။ အဲတော့ အဲပွဲရာသီဆို ပြန်ရတဲ့ဓလေ့ ဖြစ်လာရာကနေ နောက်ပိုင်းကျတော့ ယုံကြည်ကိုးကွယ်သူတွေကပါ မဖြစ်မနေသွားရမယ်ဆိုတဲ့ အယူအဆအမှားတွေကို လက်ဆင့်ကမ်းလာတယ်လို့ထင်ပါတယ်။ နတ်ဆိုတာကတော့ ရှိနေမှာပဲလေ။ အစွဲမကျွတ်သူတွေ ကိုယ်ယုံကြည်ရာ ဘဝမှာ ကျင်လည်နေတာကို လူတွေက ခုတုံးလုပ်တယ်လို့မြင်မိပါတယ်။ ငါကတော့ ယုံတယ်လဲမဟုတ် မယုံဘူးလဲမဟုတ်ပေမဲ့ ဘဝခြင်းခြားနေသူတွေလို့ပဲမြင်မိပါတယ်။
alinsett (gazette)
March 22, 2014 at 6:30 am
(ကျနော်ကတော့. . .သူတို့ရဲ့ အကြောက်တရားအေုခခံစိတ်နဲ့ ယုံကြည်မိနေတာလို့ မြင်ပါကြောင်း)
ဘာကြောင့်ပဲ ကိုးကွယ် ကိုးကွယ်ပေါ့လေ . . .
ဘေးကို အစွန်းတွေ ထွက်မနေဖို့တော့လိုတာပေါ့နော်. . .
🙂
🙂
ဦးကြောင်ကြီး
March 22, 2014 at 11:39 am
ဆရာမင်းသိင်္ခ သူ့အတွေ့အကြုံရေးတဲ့ ကိုကြီးကျော် အကြောင်းဖတ်ရသဗျ… တကယ်ရှိပုံပဲ…
alinsett (gazette)
March 22, 2014 at 11:56 am
ဒဒယ် ရှိရင်
ဒဒယ် စောင့်ရှောက်နိုင်ဘာစေ. . . .
🙂
ဦးကြောင်ကြီး
March 22, 2014 at 12:44 pm
ရှိတာနဲ့ မ တာနဲ့ အတူဗူးလကွာ… မြှောက်ပေးတိုင်း ကတဲ့အထဲ ပါဂျင်မှ ပါမှာပေါ့..။ အများစုက ကံကြောင့်ဖြစ်လာတာကို မ တယ်ထင်နေတာ…။ ကံမပါလျင် ကရိန်းနဲ့ ချီမလည်း အရဗူးဟေ့… ကျားလား ဂါးဂါး ဦးကြောင်ပေါဒါ…. ဟိုကောင် မောင်ရှုံ့ဂေါပဲ… ရောက်ဦးမယ် ကင်းကောင်ဗုံ.. သွားလေရော့လဟယ်..။ feeling: အပေါ်သို့ကန်တင်
alinsett (gazette)
March 22, 2014 at 1:42 pm
တစ်ခါလောက်တော့ အမ ခံကျိဂျင်ဒယ်ဂျာ
🙂
moonpoem
March 30, 2014 at 1:35 pm
ရှိတာ မရှိတာကို ဇွတ်တော့ မငြင်းချင်ပါဘူး။ ဒါပေမယ့် အရက်မူးရူးပြီးသေတဲ့ အခါနတ်ဖြစ်ပြီး တန်ခိုးကြီးတယ်ဆိုတာ ဟုတ်နိုင်ပါ့မလားလို ့တော့ တွေးမိသား
alinsett (gazette)
March 30, 2014 at 5:55 pm
အက်ဒါ
အက်ဒါ
တကယ်လို့ ရှိတယ်ဆိုဦးတော့
နတ်တော့ ဖြစ်နိုင်ပါ့မလားလို့. . .
နတ် ဆိုတာထက် တခြား ဘဝတစ်ခုခုနဲ့ ရှိချင်ရှိမယ်ပေါ့။
ကောင်းတဲ့ တစ်ခုခုတော့ မဟုတ်လောက်ဘူးလို့။
——–
ကိုယ်တိုင် ကိုရီးကျော်နဲ့ တိုက်ရိုက်တွေ ့ပြီး
လက်ဆွဲနှုတ်ဆက်ခွင့်ရရင်တော့ တမျိုးပေါ့လေ
🙂
kotun winlatt
March 30, 2014 at 3:44 pm
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
နတ်မတင်ရင်တော့ ခံရတာများသဗျ….
နတ်မတင် ( နင် မတတ်)….
alinsett (gazette)
March 30, 2014 at 5:57 pm
ဟုတ်ပါ့ဗျားးး
နတ်မတင် နင်မတတ်
ခံရမှာ ကျိန်းသေဗျို ့. .
နတ်တင်တတ်ရင်လည်း တမျိုးတော့ ကောင်းသား
ရပ်ကွက်ထဲမှာ လူရှိန်တယ်. . . အဟိ
🙂
lu lu
April 10, 2014 at 10:34 pm
ကြားဖူးတာတော့ ကိုကြီးကျော်နတ်က တစ်ပါး
တည်းမကဘူး ဆိုပဲ ဟုတ်မှာပါ တစ်နေ ့တည်းမှာ
တစ်နိုင်ငံလုံးက နတ်ကိုးကွယ်တဲ့သူတွေပင့်ဖိတ်
ပူဇော်နေတာ ကိုကြီးကျော်နတ် ဒုံးပျံစီးပြီးပတ်ဟော
နေတာလဲ မဖြစ်နိုင် ဘူး ။
တကယ်တော့ ဘာနတ်မှမဟုတ်ဘူး
ကြားက အ ချောင် သမား တွေဝင်ကြုံးသွားတာ ။
alinsett (gazette)
April 11, 2014 at 6:58 am
ကျော် လေးကျော် ရှိတယ် ဆိုလား အဟိ
🙂
Shwe Ei
April 11, 2014 at 9:28 am
ကိုရီးကျော်က သူဖာသာနေတာပါအေ…..ကိုပင့်လိုက်တိုင်းရောက်လာတယ်ထင်ရအောင် လုပ်တာ နတ်ကတော်တေလက်ချက်ပါ…
ကိုရီးကျော်ကိုဘဲ ခနခန ခလုတ်တိုက်နေ….သူ့အစား သများ စိတ်ဆိုးတယ်…ဒါဗြဲစ် 😉
alinsett (gazette)
April 11, 2014 at 12:34 pm
အိုက် နော်ဂဒက်တွေလေ
ဂျားထဲက အမြတ် ထုတ်နေတာ
အဟိ
🙂