အိမ်မပြန်ချင်ဘူး မမရယ်…
အိမ်ပြန်ကြစို ့ညီမလေး…။ညတိုင်း မမ အခုလို စကားပြောလာမည့် အချိန်၊ ကျွန်မလက်ကို နွေးထွေးစွာ
ကိုင်ရင်း ရစ်ဝဲနေသည့်မျက်ရည်တွေနှင့် မျက်ဝန်းအစုံကို ရင်ဆိုင်ရတိုင်း ကျွန်မနှင့် မမ အတူတူအိမ်ကို ပြန်ခဲ့ကြချည်းသာ..။
မမ ညီမလေးတကယ်..အိမ်မပြန်ချင်လို့ပါ။ဟို..မိန်းမကြီးနှင့် မတွေ ့ချင်ဘူး။သူတို ့မိသားစုတွေနဲ ့
မတွေ ့ချင်ဘူး။ ညီ်မလေး တကယ်ပင်ပန်းလှပါပြီ။မနက်မိုးမလင်းခင်ကနေ ညမိုးချုပ်တဲ့အထိ
အလုပ်လုပ်ရ ကိုယ့်အိမ်ကိုယ်ပြန်ရတာပေမယ့် သူတို ့က ညီမလေးတို ့အဘိုးလေဖြတ်ပြီးစကား မပြောနိုင်တာကို အခွင့်ကောင်းယူအနိုင်ယူ အပိုင်စီးပြီး ညီမလေးတို ့ကို အနိုင်ကျင့်နေတာ၊ ကိုယ့်ဘက်က ကြံ ့ကြံ ့ခံနေနိုင်ရင် ကို်ယ့်ဘက်က အနိုင်ချည်းပဲဆိုတာ သိပေမယ့်
ညီမလေးတို ့ဘဝတွေက တကယ့်တော့ ဘဝအဓိပ္ပါယ်ပျောက်ဆုံးနေတာ မဟုတ်ဘူးလားဟင်။
မေမေ့ရဲ ့ဆန္ဒကိုလည်း နားလည်ပါတယ်။ မေမေက ကိုယ့်အဖေသက်ရှိထင်ရှားရှိနေတဲ့အချိန်မှာ သူဘဝအခြေချခဲ့ရာ ထိုတိုက်ခန်းလေးမှာသာအေးအေးလူလူရှိစေချင်တယ် မဟုတ်လား။မရှိတော့တဲ့အချိန်မှသာ မေမေရဲ ့မိထွေးမိသားစုကို နည်းလမ်းတကျ ခွဲဝေပေးချင်တာ။ခက်တာက သူကလက်မခံဘူးလေမေမေ။သူက ဘိုးဘိုးအပါအဝင် သမီးတို ့မိသားစုအားလုံးကို နှင်ထုတ်ပြီး သူက အပိုင်စီးချင်နေတာ။
အခုသူတို ့က ပြောတယ် နင်တို ့အိမ်မှာ ထမင်းမစားကြနဲ ့တော့။အပြင်မှာကိုယ့်ဟာကိုယ်စား။
၁ဝနာရီကျော်ရင် အိမ်ပြန်မလာနဲ ့။ ဧည့်သည်ကြိုတာနောက်ကျလို ့ရှိရင် လေယာဉ်ကွင်းမှာပဲဖြစ်ဖြစ် လမ်းဘေးပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာ သွားအိပ်။အိမ်က အဝတ်လျှော်စက်နဲ ့လျှော်ရင် နားညီးတယ်
မီတာခတက်တယ်။လမ်းလျှောက်တာ ခြေသံကြမ်းတယ်၊အဘိုးကို အသေသတ်နေတဲ့ သူတွေတဲ့။
မမရယ် ညီမလေး တစ်သက်နဲ ့တစ်ကိုယ် ဒီလို ကြမ်းတမ်းတဲ့ စွပ်စွဲတဲ့ စကားလုံးတွေကို တစ်ခါမှ
မကြားဘူးခဲ့ဘူး။အားလုံးကတော့ ပြောမှာပေါ့ သူတို ့ဘာပဲပြောပြော မကြားချင်ယောင်ဆောင်ပြီးနေ။ကိုယ့်အိမ်ပေမယ့် အဆောင်နေသလိုနေပါတဲ့။ဪ…အဆောင်အစစ်မှာ နေရင်တောင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘဲ နေခွင့်ရှိတယ် မဟုတ်ဘူးလားဟင်။ ဘာဖြစ်လို ့ညီမလေးတို ့က သူတို ့ကို ကြောက်ပြီး နေနေရတာလဲ။
မိသားစုနဲ ့ခွဲခွာပြီး မမနဲ ့ညီမလေး ဒီမှာ လာနေပြီး အလုပ်လုပ်ကြတယ်။သူများတွေက ပိတ်ရက်ဆို အိမ်မှာ အားရပါးရနားကြမယ်လို ့ပြောရင် ညီမလေး သိပ်ဝမ်းနည်းတာပဲ သိလား။ မမလည်း နားရက်မှာ နားတော့ အိမ်မှာဆူညံပူညံအလုပ်ခံနေရတာထက်စာရင် ရုံးကအလုပ်ပုံထဲမှာ စိတ်နှစ်ပြီး နေတာ ပိုသက်သာတယ်ဆိုပြီးလုံးဝ ပိတ်ရက်မယူဘဲ အလုပ်လုပ်နေတာ။
ညီမလေးလည်း ဘာထူးလို့လည်း သူများတွေက တိုးလိုက်ရတာများနေပြီ နားချင်တယ်ဆိုပြီး ပြောနေချိန်မှာ ညီမလေးက တိုးဘာထပ်ရှိသေးလဲ မနားချင်ဘူးလို ့ပြောနေရတာ စိတ်ထဲကတော့
တခါတခါဘယ်ပါပါ့မလဲ။ဒါပေမယ့် မမလိုပဲ ညီမလေးလည်း နားရင်ပိုစိတ်ညစ်ဖို ့ကောင်းတဲ့ဘဝထဲကို မတိုးချင်တဲ့အတွက် မနားရတဲ့ ဘဝထဲကိုပဲ တိုးဝင်မိတော့တာပါပဲ။
ပြသနာတွေ စဖြစ်ခါစ မမနဲ ့ညီမလေး လမ်းဘေးဆိုင်တစ်ခုမှာ ကြက်သားဟင်းနဲ ့ထမင်းစားကြရင်း
မျက်ရည်တွေဝဲနေမိတာကို သတိရမိတယ်။ မမရယ် ဘယ်သူကတော့ လမ်းဘေးမှာ ဖြစ်သလို
ထမင်းစားချင်ကြပါ့မလဲ။ ဒါပေမယ့် ညီမလေးတို ့ကိုယ့်အိမ်မှာကိုယ် ထမင်းစားခွင့်မှ မရှိတာပဲလေနော်။
ဧည့်သည်တွေက ဒင်နာစားကြလို ့ညီမလေးက ဘူဖေးပဲဖြစ်ဖြစ်၊ ဟိုတယ်မှာ ဖြစ်ဖြစ် ထမင်းစားရတဲ့အခါ
မမကို အမြဲ သတိရပါတယ်။ ညီမလေးက အကောင်းစားစားနေတဲ့အချိန် မမက လမ်းဘေးမှာ တစ်ယောက်တည်း စားနေရမလားဆိုပြီးတော့လေ။တစ်ယောက်တည်း အကောင်းစားတွေ စားနေရပေမယ့်လို ့ညီမလေး မြိုမကျပါဘူး မမရယ်..။ဧည့်သည်လိုက်ပို ့ရင်း ည၁ဝနာရီကျော်တဲ့အခါသိပ်ကြောက်တာပဲ။ တံခါးဖွင့်မပေးရင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီးတော့ပေါ့။
ညီမလေးတို ့တွေ အားတင်းပြီး အိမ်ပြန်ကြပေမယ့် အားတင်းတဲ့အထဲမှာ လူကိုယ်အခွံကြီးကသာ
အားတင်းထားပြီး စိတ်ဝိညဉ်တွေကတော့ မန္တလေးက အိမ်လေးထဲမှာ ကျန်ကျန်နေရစ်ခဲ့ကြတာ။
အိမ်ဆိုတာ ထောင်သာသာနေရာ။ ကျောခင်းအိပ်ပြီးလို ့တစ်ရေးနိုးရင် စက်ရုပ်ဘဝထဲကို ပြန်သွား။
ဖြစ်သလိုစား၊ အဆင်ပြေရာသွား၊ ထောင်လို ့နေရာမှာ အိပ်ရတာ ဘဝ။ဒါမှမဟုတ် ဝဋ်ကြွေးဆိုရင်လည်း
ဒီဝဋ်ကြွေး ဒီဘဝနဲ ့တင်ကျေပါစေ။ ဖြစ်လေရာ ဘဝတိုင်းမှာ ဒီအဖြစ်ဆိုုးတွေ ကင်းလွတ်ရပါစေလို ့ပဲ
ဆုတောင်းနေမှာပါ။
ညီမလေး စိတ်ထဲက ပါလို့ပဲဖြစ်ဖြစ် မပါဘဲနဲ ့ဖြစ်ဖြစ် ဟာသပို ့စ်တွေကို ရေးတိုင်း မမ ခဏပဲဖြစ်ဖြစ်
ရယ်လိုက်ရတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။တခါတလေတော့လည်း စိတ်ထဲက ဟာသတွေ၊ရယ်စရာတွေ
မရှိပေမယ့် မမအပါအဝင်တခြားသူတွေက ညီမလေးရယ်စရာတွေကို ဖတ်ပြီးရယ်ရတယ်ဆိုလည်း ကျေးဇူးတင်ပါတယ်။
တခါတရံ ဘဝမှာ ခံစားချက်က တစ်ခု၊ လုပ်နေတာက တစ်ခုဆိုတာ ဘယ်သူမှ နားလည်နိုင်မှာတော့လည်း မဟုတ်ပါဘူးလေ။ညီမလေးကတော့ ဟာသတွေရေးရင်း ဆက်ငိုနေမိဦးမလားပဲ။
9 comments
alinsett (gazette)
March 20, 2014 at 8:14 pm
ဟာသတွေ ရေးရင်း… ငိုနေမိတဲ့ ဘဝ…..
အင်း…အတော် ရင်နင့်စရာကောင်းတာ…
ဘရန်းဒက် ကေဇီ
March 21, 2014 at 8:10 am
ဒါ အတည်လား ?
စာ တစ်ပုဒ်အနေနဲ့ပဲဖတ်သွားရမလား ညီမလေးရယ်။
:hint:
အမ ကတော့လေ…..
ကိုယ် ညှာတာတဲ့ ငဲ့တဲ့ သူက (၃) မျိုးပဲ ရှိတယ်၊
၁) မိဘ၊
၂) ကျေးဇူးရှင် (ဒါတောင် “အမေ့ကျေးဇူးတောင် ဆပ်မကုန်လို့ ကျန်ကျေးဇူးရှင်များ နောက်မှာတန်းစီပါ” ဆိုပြီး အမေ့နဲ့ပတ်သက်ပြီး ကာပြန်ခဲ့ဖူးတယ်)
၃) ကိုယ့်ထက် အသက်ကြီးတဲ့သူ (အသက်ကို လေးစားသမှုပေါ့၊ အချိန်မစီးတဲ့ အသက်ကြီးသူမျိုးတော့ မပါတော့ဘူးးး)
အဲဒီတော့ အဲဒီ ထဲက လွတ်တယ်ဆိုရင် (ပြောချင်တာက ဘာအကြောင်းကြောင့်မှ ငဲ့စရာမရှိဘူး ဆိုရင်) ဘာကိုမှ မကြောက်ပါနဲ့ကွယ်။
အမအတွေးက ရိုင်းရင် ရိုင်းလိမ့်မယ်။
သေလူ တစ်ယောက်အတွက် ကျန်ခဲ့ရမဲ့ရှင်လူတွေဘဝတွေက မစတေးသင့်ပါဘူးးး
ကိုယ်က သူတို့ခြေထောက်ပေါ်ရပ်နေတာမဟုတ်ပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေတာပဲ။
ဝတ္ထု အနေနဲ့ ဆိုရင်တော့ အရေးအသားလေးက အတော်အသက်ပါတယ်ပဲပြောရမယ်။
:hint:
moonpoem
March 21, 2014 at 9:27 am
တကယ့်အဖြစ်ပါ မကေဇီရယ်။မခံစားနိုင်တော့လွန်းလို့ ရေးလိုက်တာပါ။အမအကြံပေးတာလည်းစဉ်းစားစရာပါကျေးဇူးတင်ပါတယ်။
Wow
March 21, 2014 at 10:42 am
အိမ်ဆူပီး မနေနိုင်အောင်လုပ်တာလေ…
ကိုယ်က သက်ဆိုင်ရာကို တိုင်… ပြန်ပြောတော့လဲ လူမမာမျက်နှာ မထောက်ဖူးဖြစ်ဦးမယ်…
ကိုယ့်စိတ်ထား ကိုယ့်အကျိုးပေးပါလိမ့်မယ် ညီမလေးရယ်… 🙁
လုံမလေးမွန်မွန်
March 21, 2014 at 11:29 am
ဟူး..မောလိုက်တာ အစ်မရယ်..
ဒါနဲ့.. ဘိုးဘိုးရဲ့ နောက်အိမ်ထောင်ဆိုတော့ အတော်အသက်ကြီးပြီ ထင်ပါ့.. သူ့ကိုပဲ သနားမိတယ်.. အကုသိုယ်တွေ၊ လောဘတွေ နဲ့.. သက်စေ့နေကြစတမ်းဆိုရင် သူက အရင်သေရမယ့်သူလေ.. မျက်စေ့ရှေ့မှာ ကိုယ့်ခင်ပွန်းကိုယ်တိုင် ခံစားနေရတာကို မြင်လျက်နဲ့ သံဝေဂ မရသေးဘူးလား..
တောင့်ခံထားပါ အစ်မ.. ကိုယ် စိတ်ညစ်မယ့်အစား.. လောဘ၊ ဒေါသတွေ ဖုံးလွှမ်းနေတဲ့ သူ့ကိုပဲ သနားစိတ်နဲ့ ကြည့်ပေးလိုက်ပါ.. နော်..
Ma Ei
March 21, 2014 at 12:11 pm
လကဗျာလေးရေ…
စာဖတ်ပြီး Comment ရေးဖို့ စာလုံးရှာမရတော့ပါလားနော်…
သည်းခံခြင်းသည် အောင်မြင်ရာ မို့ သည်းခံပါနော်…ရေးရမလား
ဘာဖြစ်လို့ ကြောက်နေရမလဲ ပြန်ပြော မခံနဲ့ …ရေးရမလား
…
ဘာပဲဖြစ်ဖြစ်ပါ သမီးရယ်…အားမငယ် ပါနဲ့
သမီးကိုချစ်တဲ့ မမ၊ ဧည့်သည်တွေ၊ သူငယ်ချင်းတွေ
မန်းဂဇက် ရွာသူားတွေ…အများကြီးပါနော်……
<3
moonpoem
March 21, 2014 at 2:07 pm
အဘိုးက အသက်၉ဝပေမယ့် သူ ့ဒုတိယအိမ်ထောင်က အမေနဲ့သက်တူရွယ်တူ ၅၈နှစ်ပါ။ လှတာမက်လို့ ညစာခက်တဲ့ အဘိုးကိုပဲ အပြစ်တင်ရမလားပဲ :-0
TNA
March 21, 2014 at 9:42 pm
အင်း မောလိုက်တာ။ သူများ အိမ်တွင်းရေးမို့ အကြံတော့မပေးချင်ဘူး။ အမသာဆိုရင်တော့ အဲလိုအနိုင်ကျင့် မခံဘူး။ တနည်းနည်းနဲ့တော့ လွတ်လမ်းရှာမိမယ်ထင်တယ်။ ဒုတိယအိမ်ထောင်ဆိုတာ မျိုးကတော့ ဘယ်တော့မှမကောင်းတတ်တဲ့သူတွေမို့ ကိုယ်လဲကောင်းဖို့လိုမယ်မထင်ဘူး။
ခင် ခ
September 14, 2014 at 3:19 am
ဟာသလူရွှင်တော်တွေရဲ့ ရင်ထဲမှာငိုနေတာမျိုးတွေရှိပေမယ့် သူတို့တွေ ပြုံးရယ်နေရတယ်ဆိုသလိုပေါ့