တစ်ခါတလေ လူကအဆဲခံချင်ရင်…ပြောရမယ့်စကားလေးတွေရှိတယ်။
အဘဦးသန်းရွှေကိုချစ်တယ်။ အဘမောင်အေးလို တန်ဖိုးကြီးအရက်ကလေးတွေသောက်ရင်း ဘဝကိုဖြတ်သန်းချင်တယ်။ အဘ ခင်ညွှန့်ကိုလေးစားတယ်သူ့လို ဘုရားတွေတည်ရင်းနိုင်ငံရန်သူတွေကို ထောင်အကျခံပြီးတော့ ထောက်လှမ်းရေးလည်းလုပ်ချင်တယ်။။အဘိုးနေဝင်းလို့ဘဝမျိုးပိုင်ဆိုင်ချင်တယ်။ဦးဦးတေဇလိုသဌေးဖြစ်ချင်တယ်။ ဦးဦးဇော်ဇော်လိုလူချစ်လူခင်ပေါချင်တယ်။ အဖတပ်မတော်က ဗိုလ်ချုပ်တွေလို…တွေကရာလူတွေကို ဆဲချင်တယ်။မြေတွေသိမ်းချင်တယ်။ အမျိုးတွေချမ်းသာအောင်လုပ်ပေးချင်တယ်။မိသားစုဝမ်းရေးရှာဖွေကျွေးနေတဲ့ ပြည်ထောင်စုကြံ ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီဝင်တွေကိုအားကျတယ်။ဒါမှမဟုတ်…လေးစားအားကျတဲ့ တပ်မတော်သားကြီးတွေလို လူဝတ်လဲပြီးတော့ ဝန်ကြီးလုပ်ချင်တယ်။သမ္မတဖြစ်ချင်မိတယ်။ အဘသူရရွှေမန်းလို့လည်း နိုင်ငံရေးနည်းဗျူဟာတွေကျွမ်းကျင်ချင်တယ်။တိုင်းတပါးမှာနေပြီးတော့ ကိုယ့်ချင်းကိုယ့်ချင်းသတ်နေတဲ့ နိုင်ငံရေးသမားဦးမိုးသီးဇွန်လိုလည်းပါးနပ်မှုတွေလိုချင်တယ်။လူထုအကျိုးတွက်နို့သောက်ခိုုင်းတဲ့ ဘဘ သိန်းစိန်ကိုတော့အချစ်ဆုံးပဲ။နောက်အများကြီးဘဲ..မကောင်း မြင်တဲ့လူတွေပြောတဲ့ တစ်ခြမ်းခင်း အောင်သိန်းလင်းတို့။ဘူးလက်မြင့်ဆွေတို့..။ ဖုယောင်းတိုင် ဆြာကိုကိုလှိုင်တို့..အားလုံးကို အားကျတယ်။ ပါးရိုက် ဝန်ကြီး အဘအုန်းမြင့်ရဲ့ ပြတ်သားမှုကိုလည်း ကြိုက်တယ်။ထမင်းတစ်နပ်လျော့စားတို့။ဘူးလက်တို့လည်းလေးစားအားကျမိတယ်။အဘမြေး ကိုကိုဖိုးလပြည့်(လိုတရ)ဘဝမျိုးလေးလည်း ရချင်မိတယ်။
တိုင်းပြည်အတွက် ကိုယ့်ဆွေမျိုးသားချင်းတွေကို မကြည့် လာဘ်မစားခဲ့ပဲ အနစ်နာခံခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းလိုလူလည်းမဖြစ်ချင်ဘူး။
မိသားစုကိုစွန့် တိုင်းပြည်အတွက် ကြိုးပန်းခဲ့တဲ့၊ထောင်ထဲမှာနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အားမကျဘူး။ ဒီလိုလုပ်နေရင် ကိုယ့်မိသားစုတွေငတ်မှာကိုး..မဟုတ်ဘူးလား။
မင်းကိုနိုင်လိုလည်း ထောင်ထဲမှာ နှစ်ရှည်မနေချင်ဘူး။အရေမရအဖတ်မရ နဲ့ မိသားစုအတွက် မကြည့်ဘဲ တိုင်းပြည်အတွက် အနစ်ခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်းမုန်းမိတယ်။..
ကဲဆဲကြပါတော့နော်…။
ပုံ(အာဂ)
12 comments
alinsett (gazette)
March 20, 2014 at 5:58 pm
တိန်
မတူသော အတွေး
ဟေးဟေး
ဆဲဂျင်ဘာဘူး။
🙂
ဘရန်းဒက် ကေဇီ
March 20, 2014 at 6:04 pm
ဟဟဟ။
ရေးတတ်လိုက်တာ။
ဆဲဖို့ကို မေ့သွားသလိုလို….
:kwi:
အာဂ
March 20, 2014 at 6:07 pm
ခိခိ အဆဲခံချင်လို့ပါချိုနေမှ…မာမီပုတို့များဘယ်ရောက်နေပါလိမ့်..ခိခိ
Paing Lay
March 20, 2014 at 7:06 pm
တေဂျင်းရှိုးးးးးးးးးးးးကာလနာ……..မြွေပွေး/ဟောက် အကောင်တစ်သောင်းစုပြုံကိုက် မိလ္လာကားနဲ့ စည်ပင်ကားညှပ်ပူးညှပ်ပိတ်တိုက်………..။ 😀 ပျင်းနေမှာစိုးလို့ ထဆဲပေးလိုက်တယ်။ အာ့မျိုးပို့စ်က ဖွဘုတ်မှာ ရေးတင်သင့်ကြောင်း အကြံပြုအပ်ပါသည်။ comment တွေ ဗလပွနဲ့ တက်လာမှာ မြင်ယောင်သေး ဟေးးးးးးဟေးးးးးးးး :mrgreenn:
Myo Thant
March 21, 2014 at 11:29 am
ဆဲချင်ပေမယ့် မဆဲတတ်တာခက်တယ် ကိုကိုအာဂရယ် ၊
🙂
ခင် ခ
March 21, 2014 at 12:45 pm
ရတနာစိန်ကျောက် ဇယ်တောက်သလို ပေါများပြီး ကစားနိုင်ခွင့်ရှိမယ်ဆိုရင် ကိုအာဂလို ကျုပ်လည်း ချစ်ပလိုက်မယ်ဗျ။
မိုက်ကယ်ဂျော်နီအောင်ပု
March 21, 2014 at 3:43 pm
အဆဲခံခြင်ရင် သဂျီးလုပ်လေ
Char Too Lan
March 21, 2014 at 5:04 pm
RT%@^GEE%%#^HFYU^&**653-=hg^(%^H
ဘယ်လိုဆဲရမလဲဆိုတာလဲ ပြောထားအုံးလေ
ချက်ချင်းယီးဆိုတော့ ဆဲစရာတွေများပီး ဘလုံးဘထွေးတွေတောင်ဖစ်ကုန်ဒယ် 😀
TNA
March 21, 2014 at 8:51 pm
နင့်ကိုတော့ မဆဲချင်ဘူး။ တကယ့်လူတွေကို ဆဲရုံတင်မက သတ်ပါပစ်ချင်တယ်။ အမျိုးတုန်းသတ်လို့ရရင်ကောင်းမယ်အေရယ်။
kyeemite
March 22, 2014 at 11:38 am
ကတောက်စ်..@#$%^&*(_+!@* 😀
ကတောက်စ်..@#$%^&*(_+!@* 😀
ကတောက်စ်..@#$%^&*(_+!@* 😀
ကတောက်စ်..@#$%^&*(_+!@* 😀
:loll: :loll: :loll: :loll: :loll:
kai
March 22, 2014 at 12:21 pm
စာအုပ်တအုပ်မယ်ဖတ်ဖူးတယ်..
တရုတ်မ၂ယောက်ရန်ဖြစ်တာ..အစပိုင်းက..တရုတ်လိုအပြန်အလှန်ဆဲကြတာတဲ့..
နောက်တော့.. ဗမာလိုဆဲကြရော..
ပွဲပြီးတော့.. အဲဒီစာရေးသူကသွားမေးတာ. ဘာဖြစ်လို့ဗမာလိုပြောင်းဆဲတာလည်းဆိုတော့.. ပိုပြီးလေးလေးပင်ပင်တစ်တစ်ခွခွရှိလို့..ဆိုတာပဲ..
ဟုတ်မှာ..
တရုတ်လိုတော့မသိ..
ဂျပန်လိုမှာတော့.. ဘာကဲယားရိုးလောက်နဲ့ဂိတ်ဆုံးနေတာပဲ..။
ဦးကြောင်ကြီး
March 24, 2014 at 12:17 pm
အာဂလိုလည်း အရက်သောက်ချဉ်ဗူး
သဂျီးလိုလည်း မာမမွတ်ချဉ်ဗူး
ကပုလိုလည်း ဖြတ်ဖောက်မချုပ်ချဉ်ဗူး
ကေဇီလိုလည်း ဘဲပေါင်းမစားချဉ်ဗူး
အမ်တီဝေလိုလည်း ခြေမများချဉ်ဗူး
အမွန်လိုလည်း အံစရာတွေ့ချဉ်ဗူး
မမလေးလိုလည်း ခေါင်းမတုံးချဉ်ဗူး
မီမီလိုလည်း အရှင်ကြီးမတချဉ်ဗူး
ကြေးမုံဂျီးကိုခြစ်တယ်
ခွစ်စတယ်လေးဂိုစားမယ်
ပန်ပံကိုဖမ်းမယ်
သော်တာလေးကိုပိုင်သိမ်းမယ်
ဂါးဂါးနဲ့ကင်းကောင်ဗုံတူတက်မယ်..
ကွိကွိကွိ