မြန်မာပြည်ကနေ နိုင်ငံတကာကို ထုတ်လုပ်တင်သွင်းလိုက်ပါတယ်…
ကျွန်တော်တို့ မြို့တစ်မြို့လုံးလဲ ဖိုင်ဘာကြိုးမြုပ်ဖို့ဆိုလား…အိမ်ရှေ့တွေမှာ တူးဆွသွားလိုက်တာ တစ်မြို့လုံး ဗွက်ထသွားတာပါပဲ…
မြို့လူထုလဲ စိတ်တွေကိုညစ်လို့…
တကယ်လို့များပေါ့…
ဆက်သွယ်ရေးက စည်ပင်သာယာနဲ့ပေါင်းပြီး…
ဖိုင်ဘာ မြုပ်ဖို့ တူးဖို့လုပ်ရင်း တခါထဲတွဲပြီး ရေစီးရေလာကောင်းအောင် ရေနှုတ်မြောင်းတွေ တူးဖော်ပေးသွားရင် မြို့လူထု ဘယ်လောက်များ ကျေးဇူးတင်လိုက်ကြမလဲဆိုတာ…
…………………………………
စဉ်းစားမိတာလေး ပြောပြတာပါ…..
…………………………………
ဒီလိုပါပဲ….
ဟိုတနေ့ ရန်ကုန်ကနေ အမြန်လမ်းအတိုင်း ပြန်လာတော့….
လမ်းမြေသားဖို့ ရန်အတွက် လမ်းဘေးမြေကြီးတွေ ဖြစ်သလို တူးထားတာတွေ တွေ့တော့လဲ စဉ်းစားမိသေးတယ်…
ဪ…
လမ်းအတွက် မြေသား တူးတာများ ဒီလို ပစ်စလက်ခတ် မတူးပဲ…ရွာတွေ ရှိတဲ့ ပတ်ဝန်းကျင်မှာ စနစ်တကျ ရေကန်လိုမျိုးတူးပြီး ထွက်တဲ့ မြေသားကိုမှ လမ်းခင်းလိုက်ရင်….
ရွာသူရွာသားတွေလဲ တစ်နှစ်ပတ်လုံး မဟုတ်တောင် ထိုက်သင့်သလောက်တော့ ရေသုံးလို့ ရမယ်…လမ်းဘေး ရှုခင်းတွေလဲ ဒီလို ရုပ်ပျက်ဆင်းပျက်ကြီး မမြင်ရတော့ဘူး…
ကုန်ကျစရိတ်ကတော့ ဒါ ဒါပဲ …သိပ်ထူးပြီး ကုန်မှာ မဟုတ်တော့ဘူး…
အကျိုးရှိတာမှာ အကွာကြီးကွာသွားမှာ…လို့….
…………………………………..
စဉ်းစားမိတာလေးတွေ ပြောပြတာပါ….
……………………………………
…………………………
ထပ်ပြီး စဉ်းစားမိတာ ပြောပြရမလား….?????
…………………………..
ထပ်ပြီး စဉ်းစားမိတာကတော့…..
ငါကိုယ်က ပိန်းပြီး ပေါက်တတ်ကရတွေ တွေးမိတာပါ…
ဒင်းတို့ ဒီလောက် စဉ်းစားတတ်…ဆင်ခြင်တတ်…တွေးခေါ်တတ်…မျှော်မြင်တတ်နေမှတော့…
အခုချိန်ဆို….
စင်္ကာပူတို့…မလေးရှားတို့…ယိုးဒယားတို့ကကောင်တွေကို ဒီခေါ်ပြီး အလုပ်သမား လုပ်ခိုင်းနေရလောက်ပြီလို့….
……..
အခုတော့ မြန်မာပြည်ကနေ နိုင်ငံတကာကို ထုတ်လုပ်တင်သွင်းလိုက်ပါတယ်…
…………….
…………..
အိမ်ဖော်…..တဲ့….
………….
7 comments
ကထူးဆန်း
March 22, 2014 at 3:10 pm
ကိုဂျော်နီ
သူတို့ စဉ်းစားတတ်…ဆင်ခြင်တတ်…တွေးခေါ်တတ်…မျှော်မြင်တတ်နေ၍
အခုချိန်ဆို….သူတို့
စင်္ကာပူတို့…မလေးရှားတို့…ယိုးဒယားတို့ မှာ သူဌေးကြီးများ လုပ်ကာ သွားနေနိုင်၏ ။။။။။။။။။။။။။။။။။။။။။။။။။
ကျန ်ပြည်သူတွေကတော့ ……………… ပြောသလိုပါဘဲ ….။။။။
👿 👿
Ma Ma
March 22, 2014 at 3:19 pm
ဘာကို ဘယ်လိုမန့်ရမှန်းတောင် မသိတော့လောက်အောင်ပါပဲ ကိုဂျော်နီလမ်းလျှောက်….. အဲ ကိုဂျော်နီသမင်ရေ.။ 🙂
ဘရန်းဒက် ကေဇီ
March 22, 2014 at 3:31 pm
အင်းလေ
အိမ်ဖော်ပွဲစား နာမည်ရော သိတယ်ဟုုတ်??
ဥသေးစိမ် တဲ့
:hint:
Ma Ma
March 22, 2014 at 3:40 pm
ဆိုးကော ဘရန်းဒက်ကေဇီ (ခွက်ဒစ်တူ ကေဇီ)
alinsett (gazette)
March 22, 2014 at 4:42 pm
ဟုတ်တယ်
ဘာပြောရမှန်း ကို မသိတော့. . .
. . .
🙂
Paing Lay
March 23, 2014 at 10:22 am
အနော်တို့ ဒေသက မြို့အဝင်က ချောင်းဆိုရင် အမှိုက်တွေ ဒိုက်တွေပိတ်ပြီး မြောင်းသာသာပဲ ရှိတော့ကြောင်း နောက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှုးက အမှိုက်ကားလွတ်ပြန်တော့ လာတဲ့ အမှိုက်ကားကလည်း ခေါင်းလောင်းလည်းမတီး မောင်းရင်လည်း လူငယ်တွေ ဒုန်းမောင်းတဲ့ ဆိုင်ကယ်တွေနဲ့ နင်လား ငါလားအောက်မေ့ရတယ်။ ဒီတော့ အနော်တို့ မိဘပြည်သူတွေကတော့ ထုံးစံအတိုင်းချောင်းထဲသို့ပေါ့ဂျာ……..တော်သေးဘီ(ခွက်ဒစ်တူ အဘဖော) 😀
ရဲစည်
March 23, 2014 at 1:53 pm
ဖိုက်ဘာကြိုးနဲ့ ရေနှုတ်မြောင်း ၄ပေအကွာ တူးပေးရပါတယ်။ကပ်တူးလို့ မရပါဘူး။ရေနှုတ်မြောင်းဆယ်လို့ ဖိုက်ဘာကြိုးပေါက်ရင် ဆက်သွယ်ရေးလည်းနှေး ပြင်ဆင်စားရိတ်လဲ အတော်ကုန်ပါမယ်။
လမ်းမြေသားခင်းတာက မြေမာအနေအထား မြေနီကို ခင်းရပါတယ်။ ရွာမြေလယ်မြေကို တူးခွင့်မရှိပါ။ အလှမ်းဝေးသွားရင် ဘက်ဟိုးက တစ်ဂျူတီ ၃သိန်းခွဲမို့ ပိုကုန်ပါလိမ့်မယ်။ ရေကန်တကန် ဖြစ်အောင်တူးပေးနိူင်ပေမဲ့ ထိန်းသိမ်းမှု၊ စောင့်ကြပ်မှုလိုပါတယ်။ ကလေး/လူကြီး ရေဆင်းကူးရင် သေနိူင်ပါတယ်။
အိမ်ဖော်ကတော့ မလေးလို နိူင်ငံမှာ တရားမဝင်လုပ်တာထက်စာရင် ဥပဒေကောင်းတဲ့ ဟောင်ကောင်က အတန်ငယ် စိတ်ချရပါတယ်။ မျက်စိပွင့် နားပွင့်ပီး ဖိလစ်ပိုင်လို အခြေခံလူတန်းစား ဘဝမြင့်မားနိူင်ပါတယ်။
မတူတဲ့အတွေးနဲ့ တွေးပီး ရေးကြည့်တာပါ။