အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁ဝ ( Wellington ) ။
အဘဖေါ ရဲ့ နယူးဇီလန်သွား
Cruise တောလား – ၁ဝ ( Wellington ) ။
အဘ လည်း ဒီရက်ပိုင်း နည်းနည်းလေး အလုပ်ရှုပ်နေတာကြောင့် ၊
ဒီ နယူးဇီလန် Cruise ဘက် သိပ်မရေးနိုင် ဖြစ်သွားတယ် ။
ကိစ္စ ကတော့ ဗီဇာ ကိစ္စ ပါကွယ် ။
ဘယ်က စဖြစ်သလဲ ဆိုရင် ၊ ထုံးစံအတိုင်း အဘ ရဲ့ ပဲ့ကိုင်ရှင် မဟေသီ ရယ်ပေါ့ ။
အဘ တို့ရဲ့ လာမယ့် အမေရိက ခရီးစဉ်မှာ ၊
နိုင်ယာဂရာ ရေတံခွန် Niagara Fall ကို အမေရိက ဘက်က ကြည့်တာ သိပ်မလှလို့တဲ့ ၊
အဲဒါ ပိုလှတဲ့ ကနေဒါ ဘက်က ပါတ်ကြည့်တဲ့ ခရီးစဉ်ကို ရွေးတော်မူတယ်လေ ။
ကနေဒါ ဘက် တိုရွန်တိုမှာ ၂ ည အိပ်ပြီးမှ အမေရိက ကို ပြန်ဝင်တော်မူ မတဲ့ ။
သူ ကတော့ ဩဇီ နိုင်ငံသားဆိုတော့ ၊ ဘာမှ ဒုက္ခ မရှိဘူးလေ ။
ဩဇီ နိုင်ငံသားဆိုတော့ ၊ ကနေဒါ က ဗီဇာ မလို ။
အမေရိက က ESTA ဆိုတဲ့ အမေရိက ရဲ့ Immigration Web Page မှာ ၊
Register Fee = 14 $ ပေးပြီး စာရင်းသွင်း Register လုပ်လိုက်တာ ၊
၁ဝ မိနစ် လောက်ဘဲ ကြာတယ် ၊ အမေရိက ကို ၂ နှစ် Multiple Entry Visa ရလာရော ။
အဘ မှာကတော့ ဂုဏ်ယူဖွယ်ရာ အနီရောင် ရွှေ Passport ကြီးနှင့် ဆိုတော့ ၊
ကနေဒါ ဗီဇာ ကော ၊ အမေရိက ဗီဇာ ပါ လျှောက်ရပေတာပေါ့ ။
( ဒါတောင် အဘ က ဩဇီ PR sticker ကြီးနှင့် Sydney ကနေ လျှောက်ပေလို့ ။
ရန်ကုန် ကနေသာ ဒီ ကနေဒါ ၊ အမေရိက နှစ်နိုင်ငံလုံးသာ ဗီဇာ လျှောက်ရရင် ၊ ရူးမယ် )
ဩဇီ PR sticker ကြီးနှင့် Sydney ကနေ ဗီဇာ လျှောက်ရတာ ၊ မခက်ပါဘူး ။
ကနေဒါ ဗီဇာ ကတော့ Visa Office မှာ Application တင်ရုံဘဲ ၊
အမေရိကန် ဗီဇာ ကတော့ ၊ လူတွေ့ပြီး နဲနဲပါးပါးမေးတယ် ၊ ဒါပါဘဲ ။
Application တင် ခဲ့ပြီး ၂ ပါတ် ၃ ပါတ် လောက်နေ ဗီဇာ ရတာပါဘဲ ။
ပြဿနာ က ၊ အဘ က အမေရိက ကို ၂ ခါ ဝင်ရမှာလေ ။
ပထမ နယူးရောက်ကို အစ မှာ တစ်ခါဝင်မယ် ၊ အမေရိက မှာ လျှောက်လည်တယ် ။
နောက်တော့ ကနေဒါ ဘက် တိုရွန်တို ကို တစ်ခါ ထပ်ထွက်မယ် ။ ကနေဒါ မှာ လျှောက်လည်မယ် ။
ပြီးတော့မှ ၊ နိုင်ယာဂရာ ရေတံခွန် Niagara Fall နားက Thousand Islands Bridge ကနေ ၊
အမေရိက ကို နောက်တစ်ခေါက် ထပ်ဝင်မှာလေ ။ စုစုပေါင်း ၂ခါ ဝင်မှာရယ် ။
လူတွေ့မှာတုန်းကလဲ အဘ သေချာ ပြောခဲ့ပါတယ် ။
အမေရိက ကို ၂ ခါ ဝင်မှာမို့လို့ ၊ Double Entry ပေးပါ ဆိုတာ ကို ၊
အဘ ဆီကို Passport ပြန်ပို့လိုက်တော့ ၊ Single Entry ဖြစ်နေပါလေရော ။
အဲဒီမှာ ၊ သွားခါနီး လာခါနီးမှ ၊ အဘ လဲ ပြာယာ ပြီး ၊ အမေရိက သံရုံး / ကောင်စစ်ဝန် ရုံး ကို ၊
အကျိုး အကြောင်း အထောက် အထားတွေ နှင့် ပြန် တင်ပြ တောင်းခံရတော့တာပေါ့ ။
အဲဒါတွေ ပြန် လုပ်ရတာ နှင့် တစ်လ လောက် ထပ်တိုး အလုပ်ရှုပ် သွားတာပေါ့ ။
တော်ပါသေးတယ် ၊ အခုတော့ အချိန်မှီ Double Entry Visa ရသွားပါပြီ ။
အဲဒီ ကနေဒါ ဗီဇာ နှင့် အမေရိက Double Entry ဗီဇာ နှစ်ခု လုပ်တာ ၊
အဘ လည်း ဩဇီ ၄၀ဝ လောက် မြောက်သွားတယ်လေ ။
မဟေသီ ရဲ့ ကောင်းမှုပေါ့ ။ သူ ကတော့ ၁၄ ဒေါ်လာ ဘဲ ကုန်တာရယ် ။
၁၄ – ၁၂ – ၂၀၁၃ ။
ဒီနေ့ မနက် ရ နာရီလောက်မှာ Wellington ဆိပ်ကမ်းကို ကပ်တယ်လေ ။
အဘတို့ရဲ့ သင်္ဘော ရှေ့မှာတော့ Holland America Line က ၊
ခရီးသည်တင် Cruise သင်္ဘောကြီး ” Oosterdam ” ကပ်ထားတာတွေ့ရပါတယ် ။
Wellington ဆိပ်ကမ်း ဘေးနား မှာတော့ ၊ ” West Pac Stadium ” အားကစားကွင်းကြီးကို တွေ့ရပါတယ် ။
Wellington မှာတော့ အဘတို့က Wellington Panorama ခရီးစဉ်ကို ဝယ်ထားတယ်လေ ။
အဲဒီ ခရီးစဉ် က မနက် ၉ နာရီခွဲလောက်မှ စ ထွက်မှာ ဆိုတော့ ၊
မနက်စာ Breakfast ကို သင်္ဘောက Buffet Restaurant မှာ အဝ ဆွဲလိုက်ပါတယ် ။
10 Holland America Line က ခရီးသည်တင် Cruise သင်္ဘောကြီး “ Oosterdam “

10 Wellington ဆိပ်ကမ်း ဘေးနား မှာတော့ ၊ West Pac Stadium အားကစားကွင်းကြီးကို တွေ့ရပါတယ် ။

10 Wellington မှာတော့ အဘတို့က Wellington Panorama ခရီးစဉ်ကို ဝယ်ထားတယ်လေ ။

10 မနက်စာ Breakfast ကို သင်္ဘောက Buffet Restaurant မှာ အဝ ဆွဲလိုက်ပါတယ် ။

Wellington ဆိပ်ကမ်း မှာတော့ ၊ တရုတ်ပြည် ကို Export လုပ်ဖို့ ၊
သစ်လုံးတွေ အများကြီး ပုံထားတာ မီးခြစ်ဆံလေးတွေ ကျနေတာဘဲ ။
ဓါတ်ပုံထဲမှာ မြင်ရတဲ့ ကရိန်းကြီး ၂ ခု ကတော့ ၊ သင်္ဘောတွေ ပေါ်က ၊
Container တွေကို ၊ အတင်အချ လုပ်တဲ့ Gantry Crane လို့ ခေါ်ပါတယ် ။
10 တရုတ်ပြည် ကို Export လုပ်ဖို့ ၊ သစ်လုံးတွေ အများကြီး ပုံထားတာ မီးခြစ်ဆံလေးတွေ ကျနေတာဘဲ ။

10 ဆိပ်ကမ်း အလုပ်ရုံထဲမှာ ၊ Container တွေကို စီ တဲ့ ၊ ထပ်တဲ့ ၊ Transtainer Crane တွေပါ ။

10 အဘ တို့ သွားမှာ ဒီ ကားကြီးတွေ နှင့်ပေါ့ ။

မနက် ၉ နာရီခွဲ မှာတော့ အဘ တို့ Wellington Panorama ခရီးစဉ် စထွက်ပါတယ် ။
Wellington မြို့ဟာ Tasman ပင်လယ် ကမ်းနားမှာတည်ရှိတဲ့ ချစ်စရာ မြို့လေးပါ ။
အဘတို့ကို Tasman ပင်လယ် ကမ်းနားလမ်း တစ်လျှောက် လှည့်လည် ပြသပါတယ် ။
Tasman ပင်လယ် ကမ်းနားက မြင်ကွင်းလှတဲ့နေရာတွေမှာ ဓါတ်ပုံ ရိုက်ဖို့ ကား ခဏရပ်ပေးပါတယ် ။
10 အဘတို့ကို Tasman ပင်လယ် ကမ်းနားလမ်း တစ်လျှောက် လှည့်လည် ပြသပါတယ် ။

10 Wellington ကမ်းနားလမ်း တစ်လျှောက် က အိမ်လေးတွေ ။

10 Wellington မြို့ Tasman ပင်လယ် ကမ်းနား တစ်နေရာ ၊ ဟိုဖက် ကမ်းကနေ ရိုက်တာ ။

ပင်လယ် ကမ်းနား ပြီးတော့ ၊ Wellington မြို့ကို အပေါ်ကနေ မိုးထားတဲ့ ၊
Mount Victoria တောင် ပေါ်ကို ကားနှင့်ဘဲ တက်ကြပါတယ် ။
Mount Victoria တောင် ပေါ်ကနေ တစ်မြို့လုံးကို စီးမြင်နေရပါတယ် ။
Wellington မြို့ ဟာ တောင်ကုန်းတွေကြားမှာရှိတဲ့ ပင်လယ် ဆိပ်ကမ်းမြို့လေး ဖြစ်ပြီး ၊
သဘာဝ ပါတ်ဝန်းကျင် ကို ထိမ်းသိမ်းထား နိုင်သေးပုံရတဲ့ အတွက် ၊
သစ်ပင် တောတောင်တွေ ထူထပ်နေသေးပြီး ရှုခင်းတွေဟာ စိမ်းစို လှပနေပါတယ် ။
10 Wellington မြို့ Mount Victoria တောင်ထိပ်ပေါ်မှာ ၊ အမှတ်တရ ။

10 Wellington မြို့ Mount Victoria တောင်ထိပ်ပေါ်က ရှုခင်းတွေ 1

10 Wellington မြို့ Mount Victoria တောင်ထိပ်ပေါ်က ရှုခင်းတွေ 2

10 Wellington မြို့ Mount Victoria တောင်ထိပ်ပေါ်က ရှုခင်းတွေ 3
ပုံ ၃ ရဲ့ ညာဘက် အစွန်မှာ အဘတို့ သင်္ဘောကြီးကပ်ထားတာကို တွေ့ရပါမယ် ။

အဘ တို့ Mount Victoria တောင်ထိပ် ကနေ ထွက်ခွာလာပြီးတော့ ၊
The Wellington Botanic Garden ရုက္ခဗေဒ ဥယျာဉ် ကို ထွက်ခွာလာခဲ့ပါတယ် ။
အဲဒီ Botanical Garden ရုက္ခဗေဒ ဥယျာဉ်က အကျယ်ကြီး ( ၂၅ ဟက်တာ ) ပါ ။
အဘ တို့မှာ အချိန်က လည်း သိပ်မရှိလှတာမို့ ၊
ကြည့်ရလည်း လွယ်တဲ့ ၊ Lady Norwood’s Rose Garden နှင့် ၊
အပင်ငယ် နှင့် အလှပန်းပင်တွေ စုံတဲ့ ၊ ဖန်လုံအိမ်တွေကိုဘဲ အဓိက ကြည့်ဖြစ်ပါတယ် ။
အဲဒီ Botanical Garden ရုက္ခဗေဒ ဥယျာဉ်မှာ ၊ ကမာ္ဘ့ ဒေသ အမျိုးမျိုး က ၊
သစ်ပင်ပန်းပင် အမျိုးမျိုး ကို ၊ သူတို ဒေသ က ရာသီဥတု အပူချိန် နှင့် တူအောင် ၊
ဖန်လုံအိမ်တွေနှင့် Temperature & Humidity စတာတွေကို ထိမ်းပြီး စိုက်ထားတာပါ ။
တစ်နေရာထဲမှာ စုပြီးစိုက်ထားရတော့ အပင်တွေက နဲနဲ ကျပ်နေတယ်လို့ ထင်မိတယ် ။
အဘ ကတော့ မျက်စိထဲမှာ လှတယ်ထင်တဲ့ အပင် ပန်း တွေကိုဘဲ ဓါတ်ပုံရိုက်ခဲ့တယ် ။
ဒီ တစ်ခေါက်တော့ စာနည်းပေမယ့် ၊ ဓါတ်ပုံတွေ များသွားတာမို့ ၊
ဒီနေရာမှာဘဲ ခဏ နားပါရစေကွယ် ။
အဘ ဖေါ ( F R ) ။
10 The Wellington Botanic Garden ထဲက Lady Norwood Rose Garden နှင့် ဖန်လုံအိမ်တွေ ။

10 ဖန်လုံအိမ်တွေထဲက အလှ ပန်းပင်တွေ 1 ။

10 ဖန်လုံအိမ်တွေထဲက အလှ ပန်းပင်တွေ 2 ။

10 ဖန်လုံအိမ်တွေထဲက အလှ ပန်းပင်တွေ 3 ။

10 ဖန်လုံအိမ်တွေထဲက အလှ ပန်းပင်တွေ 4 ။

6 comments
ရဲရဲတောက် ကေဇီ
March 31, 2014 at 9:00 am
မေမြို့ Botanical Garden မှာတို့ ကန်တော်ကြီး တို့မှာလည်း Green House လေးတွေရှိရင်ကောင်းမယ်နော်၊။
အင်းလေ
ဝမ်းခေါင်ခေါင်ဖြစ်နေတုန်းတော့ ရွှေကျောင်းပြောင်ပြောင်ဖြစ်နေစေချင်လို့ ဘယ်ရမလဲနော့။
:hint:
Foreign Resident
March 31, 2014 at 9:55 am
ရဲရဲတောက် ကေဇီ says:
” မေမြို့ Botanical Garden မှာတို့ ကန်တော်ကြီး တို့မှာလည်း
Green House လေးတွေရှိရင်ကောင်းမယ်နော် ”
နယူးဇီလန် က ၊ အပူချိန် ထိမ်းထားတဲ့ ဖန်လုံအိမ် Green House က ၊
အပူပိုင်းဒေသ က အပင်တွေ အတွက် ထင်တယ် ၊ နဲနဲ နွေးနေတယ် ။
Hobert မှာက အန္တာတိကတိုက် က အပင်တွေကို ၊
စိုက်ပြထားတဲ့ ဖန်လုံအိမ် ရှိတယ် ။
လာမယ် ။
kotun winlatt
March 31, 2014 at 3:00 pm
အဘဖောရေ……
ရောက်ဘူးးချင်လိုက်တာ..စရိတ်စိုက်ပီးးး အလည်ခေါ်ချင်ဘူးးလားးး
ဟဲ………
Mr. MarGa
March 31, 2014 at 6:04 pm
အဲဗျ ၁ဝ တောင်ရောက်နေပြီ ကျနော် အပိုင်း ရ ပဲ ရှိသေးတယ်……
ဟီးးး နည်းနည်း ဝုန်းလိုက်ဦးမှ
ဘဖောရေ….နောက်က အပြေးလိုက်လာမယ်ဗျို့
ပြီးရင် အမေရိကကို လှည့်မယ်…. :mrgreenn:
kyeemite
April 1, 2014 at 3:44 pm
ကိုဖေါတစ်ယောက် ဘော်ဒီဝိတ်တောင်တက်လာသလိုပဲ… :mrgreenn:
စိမ်းစိုနေတဲ့ တောတောင်တွေမြင်ရတာ မျက်စိအေးလှသဗျာ….
black chaw
April 3, 2014 at 9:06 am
အားကျပေမယ့်…ရောက်ဖို့လည်းမလွယ်လို့…

ဒီလိုပဲ ကြည့်ပြီး…ပြန်ထွက်သွားပါတယ်…အဘရေ…။