သင်္ကြန်မုန့်ဖိုး

ခင္ခApril 8, 20141min49721

သင်္ကြန်မုန့်ဖိုး

 

ကလေးဘဝ ငယ်စဉ်တုန်းက

” ဖေကြီး တားတားကို သင်္ကြန်မုန့်ဖိုးပေး “

” အေးသား ရော့ သုံးဆယ်”

” ဟင် ဖေကြီးကလည်း သားက သင်္ကြန်ရေပက်ဖို့ ရေခွက်ဝယ်ရအုံးမယ့်ဉ္စာကို သုံးဆယ်ထဲနဲ့”

” ဟေ မလောက်ဘူးလား ရော့ ငါးဆယ်ယူသွားကွာ “

 

မူလတန်းကျောင်းသား ကလေးဘဝအရွယ်တုန်းက

” ဖေကြီး သားကို သင်္ကြန်မုန့်ဖိုးပေးအုံးနော်”

” ရော့သား သုံးရာ “

” ဟာ ဖေကြီးကလည်း ကျောပိုးလွယ်တဲ့ရေဗူးနဲ့ ရေပက်ပိုက်လေးက နှစ်ရာဆိုတော့ သားသုံးဖို့ဘယ်ကျန်တော့မလဲဗျ”

” ဒါဆိုလည်း သုံးရာထပ်ယူသွားကွာ”

 

အလယ်တန်းကျောင်းသား အရွယ်လောက်တုန်းက

” ဖေကြီး သင်္ကြန်ရောက်ရင် လမ်းထိပ်ကမဏ္ဍပ်မှာ သားရေသွားကစားချင်တယ်”

” ကိုယ့်လမ်းထိပ်ဘဲ သွားကစားပေါ့ “

” အဲဒီမဏ္ဍပ်က သားတို့လမ်းထဲက လူငယ်တွေစုပြီးလုပ်မှာမို့ ပိုက်ဆံတော့ထဲ့ရမှာ ဖေကြီး”

” ဒါဆိုလည်း သင်္ကြန်မုန့်ဖိုး သုံးထောင်ပေးမယ်လေ “

” ဖေကြီးကလည်း မဏ္ဍပ်အတွက် တစ်ယောက် နှစ်ထောင်စီစုတဲ့ထဲ ထဲ့လိုက်တော့ သားမုန့်စားဖို့ ကျန်တော့ဘူးလေ”

” ဒါဆိုလည်း နှစ်ထောင် ထပ်ယူသွားပေါ့ကွာ “

 

အထက်တန်းကျောင်းသား လူပျိုအရွယ်

“ဖေကြီး ဒီနှစ် သင်္ကြန် သားတို့ သူငယ်ချင်းတွေကားနဲ့လည်ချင်လို့ သင်္ကြန်မုန့်ဖိုး ဘယ်လောက်ပေးမှာလဲဟင်”

“သုံးသောင်း ယူသွားကွာ “

” ဖေကြီးကလည်း သားတို့က အကျ၊ အကြတ်၊ အတက် သုံးရက်တောင်လည်မှာလေ ပြီးတော့ ထမင်းကလည်း နေ့ခင်းနားတဲ့ဆီမှာဝယ်စားရမှာလေ”

” ဒါဆိုလည်း နှစ်သောင်း ထပ်ပေးလိုက်မယ် အရမ်းမိုးမချုပ်ခင်တော့ အိပ်ပြန်ရောက်အောင်လားနော်”

” စိတ်ချပါဖေကြီးရာ “

 

ဒီလိုနဲ့ ကျောင်းတွေပြီးမြောက်လို့ အလုပ်ထဲရောက်ကာ ဘဝခရီးဝယ် ရုန်းကန်လှုပ်ရှားကြရပြီး အိမ်ထောင်တွေကျပြီးသောအရွယ် အချိန်အခါတစ်ခုဝယ်

” မောင် ပြန်လာတာကိုမျှော်နေတာ၊ မောင် မောလာလား ရေးအေးလေး ခတ်ပေးမယ် ရေအရင်သောက် လိုက်နော်”

” အေး ရေတစ်ခွက်လောက်တော့ အမောပြေသောက်မယ်လေ ဒီမှာ မောင်တို့ကုမ္မဏီက သင်္ကြန်အကြို Bonus စာအိတ် “

” ဟင် မောင်ကလည်း …………….. လေးဘဲရတာလား၊ မောင့် အမေကရိပ်သာဝင်ချင်လို့ လိုက်ပို့ရအုံးမှာ သားကြီးက မဏ္ဍပ်မှာ(၂)ရက် ရေသွားကစားချင်လို့ တစ်ရက်နှစ်သောင်းနဲ့  လေးသောင်းကကုန်အုံးမယ်၊ အငယ်မက အကြိုနေ့ကျ ဓမ္မာရုံမှာ ဥပုဒ်စောင့်တဲ့သူတွေကို အချိုရည်လေးကပ်ချင်လို့ အချိုရည်ပုလင်းတွေက ဝယ်ပေးရ အုံးမယ်၊ ဒီကြားထဲ အဖေက ဒီနှစ်ရဟန်းဝတ်မှာဆိုတော့ သိမ်ဆင်းလောင်းဖို့ အလှုပစ္စည်းလေး ဘာလေး ဝယ်လိုက်ရင် မောင် ကုမ္မဏီ Bonus က လင်မယားနှစ်ယောက် သင်္ကြန်တွင်းတောင် ထမင်းကိုရေ စမ်းပြီး သင်္ကြန်ထမင်းဆိုပြီး စားရတော့မယ်နော်”

ကျုပ်ဘာဆို ဘာမှပြန်မပြောနိုင်ဘဲ မိန်းမကို ငေးကာစိုက်ကြည့်ရင်း ငယ်တုန်းက သင်္ကြန်မုန့်ဖိုး ပေးတာ နည်းတယ်လို့ပြောခဲ့တိုင်း ထပ်ပေးခဲ့တဲ့ အဖေ့ကို တမ်းတလွမ်းလျှလျှက်………………။

 

ခင်ခ။

21 comments

  • ကေဇီ

    April 8, 2014 at 3:02 pm

    ဒေါ်လှ ၅၀ဝ လောက်ပေးးပါ
    😀

    • ခင် ခ

      April 8, 2014 at 3:23 pm

      ကျွန်တော်သိတာ ဒေါ်လှ တစ်ယောက်ထဲမို့ ဒေါ်လှ ၅၀ဝ လိုက်ရှာစုဖို့တော့ မလွယ်ဘူးဗျ ဒေါ်ကေဇီရ။

  • alinsett (gazette)

    April 8, 2014 at 3:27 pm

    တချို ့ကုမ္မဏီတွေ သင်္ကြန်အကြို Bonus ပေးတာတွေ ့တိုင်း…
    အခု လုပ်နေတဲ့အလုပ်က..ဘာမှ မပေးတာကို ဝမ်းနည်းနေတာ..။
    အဟိ..
    အမှန်က.. တရုတ်နှစ်ကူးရင်.. အထုပ်လိုက်အထည်လိုက် ပေးထားတာကိုး…

    😆

    • ခင် ခ

      April 8, 2014 at 3:34 pm

      ဒါဆို ဒီတစ်ခါ တရုတ်နှစ်ကူးရောက်ရင် မောင်အလင်းဆက်ကို အထုပ်အထည်နဲ့ လာဖမ်းမယ်။

  • kai

    April 9, 2014 at 7:18 am

    ဟိုဖက်က..ပြောလာခဲ့တာဒီဖက်မယ်ဆက်မယ်..
    တိုင်းပြည်တပြည်မှာ.. အလုပ်အားရက်ပေးတယ်..။ ပွဲတော်ရက်ပိတ်တယ်ဆိုတာ.. အိမ်မှာထိုင်ခိုင်း.. ရတဲ့ငွေတွေ ဘဏ်ထဲထည့်သိမ်းခိုင်းတာမဟုတ်ပေဘူးဗျ..။
    ငွေတွေ..ဘိုးနပ်စ်တွေထုတ်ပေးလိုက်ပြီးရင်.. အဲဒီငွေတွေသုံး(သုံး)ခိုင်းတာဖြစ်ပါတယ်…

    ငွေသုံးတဲ့နေရာမယ်.. အဲဒီပျော်ပွဲနဲ့ဆိုင်တာမှာ သုံးခိုင်းတာ..။ ရည်ရွယ်ရတာဖြစ်ပါတယ်..။
    ဒါမှ ပွဲတော်ရက်မှီပြီး စားရသောက်ရဝင်ငွေရတဲ့ လူတန်းစားတခု.. အလုပ်အကိုင်သစ်တွေပေါ်လာမယ်..။
    ဒီလိုနဲ့.. တိုင်းပြည်ငွေလည်မယ်..။ အလုပ်အကိုင်သစ်တွေပေါ်မယ်..။
    ဒီလိုနဲ့..အသစ်တွေဖန်တီးမယ်..။ နောက်နောင်ပွဲတော်မှာ အပြိုင်အဆိုင်နဲ့..အလုပ်အကိုင်သစ်တွေစဉ်းစားမယ်..။ ရင်းနှီးမြုတ်နှံမယ်..။ လူသား..လုနေမှုဘဝတွေရှေ့ဆက်လျှောက်ကြမယ်ပေါ့…။

    ပြန်ပြောရရင်…
    မြန်မာပြည်မယ်.. သင်္ကြန်ကို..သတ်နေကြတာ..။ တိုင်းပြည်ကိုဖျက်နေကြတာ… ကိုယ်တိုင်တွေပါပဲ..။
    ဘယ်ကဘယ်လို.. ဘုရားရှင်လက်ထက်နဲ့..ဗုဒ္ဓဘာသာသမိုင်းမှာမရှိဘူးတဲ့.. တရားစခန်းသွင်းယဉ်ကျေးမှုကြီးထွန်းကားလာမှန်းမသိ…။

    အို..ဘယ့်..
    ကျိန်စာ..။ :buu:

    • surmi

      April 9, 2014 at 10:07 am

      ဟို ဘက်ကဟာ မယူလာကြေးနော
      ကိုစံလှကြီးကို တိုင်ပြောလိုက်ရမလား :kwi:

      • Wow

        April 9, 2014 at 10:50 am

        တဂျီးကို ရာထူးချပီး အူးစံလှဂျီးကို ရာထူးတိုးပေးလိုက်ရင် ရွာပိုငြိမ်မယ်ထင်ဒယ်နော် :mrgreen:

    • ခင် ခ

      April 9, 2014 at 11:06 am

      သင်္ကြန်ကာလ တရားစခန်းဝင်ကြတာ အခုနောက်ပိုင်း ပိုပြီးများပြားကာ ဖက်ရှင်တစ်ခုလိုဖြစ်နေတယ်လို့ သဂျီးလိုဘဲ တစ်ချို့လည်းယူဆကြပါတယ်၊ တကယ်တရား ရတာ မရတာထက် ဗုဒ္ဓတရား၏ အနှစ်သာရကို တရားအဖြစ်သိသွားတဲ့သူတွေ အတွက်တော့အကျိုးများစေမှာပေါ့ သဂျီးရယ်၊ ဘယ်အရာဘဲဖြစ်ဖြစ် ယူတတ်ရင်ရပေမယ့် မယူတတ်ကြရင်တော့ အညောင်းအညာစွဲ အချိန်ကုန်တာပါဘဲလေ။
      မြန်မာပြည် အလုပ်လုပ်သူ လူဦးရေ အတော်များများအတွက်တော့ သဂျီးပြောသလို ရတာလေးသုံးစွဲဖို့ဆိုတာ ဝန်လေးတတ်ကြပါတယ် ဘာလို့လဲဆိ်ုတော့ မြန်မာပြည်၏ စီးပွားရေးနှင့် အလုပ်အကိုင်ဝင်ငွေဆိုတာ နောက်နေ့တွေအတွက် အာမခံချက် မရှိနိုင်လောက်အောင်အခြေအနေမှာဘဲ ရှိနေစဲမို့ပါ။
      ဒါပေ့သည့် သဂျီး၏ ကွန်မန့်ပါအတိုင်း နောင်တစ်ချိန်ဖြစ်ခဲ့ရင်တော့ မြန်မာပြည်အခြေအနေ တိုးတက်ကောင်းလာပြီသာ မှတ်ရပေမယ်ဗျို့။

    • သူ ကြီး ရေ မြန် မာ ပြည် မှာ သ င်္ကြန် ဆို တာ လူ တွေ ငွေ အသုံ ဆုံး ကာ လ ပါ ဘဲ။

      သ င်္ကြ န် မ တိုင် ခင် မတ် လ ဆန်း က တည်း က ဈေး သည် တွေ ဈေး ရောင်း ကောင်း ကြ ပါ တယ်။

      သူ ကြီး တစ် နှစ် လောက် မန်း လေး သင်္ကြ န် ကို လာ ခဲ့ ပါ လာ း ဗျာ။

      လူ တွေ ငွေ သုံး မသုံး သိ ရ အောင် လို ့ ပါ။

      တ ရား စ ခန်း ဝင် ကြ တာ က တော့ ကိုယ် ့ သဘော နဲ့ ကိုယ် ဝင် ကြ တာ ပါ။

      ဒီ တ ရား စ ခန်း ဝင် တာ ကတော့ ဒီ ဘက် နှစ် တွေ မှာ ခေတ် စား လာ တာ ပါ။

      တ ရား စခန်း မ ဝင် မ နေ ရ ဆို ပြီး သတ် မှတ် ထား တာ မ ဟုတ် ဘူး ဆို တော့

      သူ ့ ကိုယ် တိုင် စိတ် ကြ ိုက် ရွေး ပြီး လုပ် တာ ကို ဘာ မှ သွား ပြော လို ့ မ ရတာ အမှန် ပါဘဲ

      အဲ ဒါ က လည်း သူ့ ရွှေး ချယ် ပိုင် ခွင့် ပါ ဘဲ

  • Shwe Ei

    April 9, 2014 at 10:54 am

    အမ်မငီး စာဖတ်နေရင်း ဝမ်းနည်းလွန်းလို့ မျက်ရည်တေတောင် ဝဲလာတယ်…

    Bonus ဆိုတဲ့ အသံကြားတိုင်း ငိုချင်တာပါဆိုမှ :'(

    ဒီအရွယ်ကျမှ သဂျန်မုန့်ဖိုး အမေ့ဆီပြေးတောင်းဖို့ကလဲမဟုတ်…..

    ငိုပရဇီ……

    • ခင် ခ

      April 9, 2014 at 11:14 am

      ကျွန်တော်ရန်ကုန်လှည်းတမ်းမှာနေတုန်းကတော့ ရေသန့်ဗူး၊ အချိုရည်ကို အားလူးကြော် ငါးမုန့်ကြော် အထုပ်လေးတွေတွဲပြီး လမ်းထိပ်မှာစားပွဲလေးခင်းကာရောင်းတာဘဲ မရွှေအိရေ အမြတ်လည်းရ အပျိုချောတွေကိုလည်း ရေလောင်းခွင့်ကြုံမို့ အတော်အဆင်ပြေတာမို့ ဖေမေဆီက မုန့်ဖိုးတောင်းစရာ မလိုဘူးပေါ့ဗျာ။

      • Shwe Ei

        April 9, 2014 at 2:38 pm

        သများတို့လဲ သဂျန်တွင်းကားငှားလည်ရင်း ရေသန့်ဗူးရောင်းမလား စိတ်ကူးနေတာ (ဒဂယ်ရီးကြံစည်နေတာ) 🙂

  • surmi

    April 9, 2014 at 1:13 pm

    ဘာဝတ်နဲ့ပဲဖြစ်ဖြစ် တရားအားထုတ်ဖို့က အဓိကပါပဲ၊ ဒါပေမယ့် အမျိုးသမီးတွေအနေနဲ့ ဘိက္ခူနီသာသနာ (အမျိုးသမီးရဟန်း) ကွယ်ပြီးတဲ့နောက် ရဟန်းဝတ်ဖို့ အခွင့်မရကြတော့ဘူး၊ ဒါကြောင့် အမျိုးသမီးတွေဟာ ရဟန်းအဖြစ်ကို တောင့်တပြီး အမျိုးသမီးရဟန်းနဲ့ အသွင်တူတဲ့ သီလရှင်ပဲ ဝတ်ကြရတယ်၊ လူဝတ်ကြောင်ဘဝကို စွန့်လွှတ်ပြီး တရားအားထုတ်လို့ ခုဘဝမှာ တရားထူးရပြီး ကျွတ်တမ်းဝင်ချင်ဝင်၊ မဝင်ရင်တောင်မှ နောက်ဘုရားသာသနာမှာ ရဟန်း ဒါမှမဟုတ် ရဟန်းမ ဖြစ်နိုင်တဲ့ ပါရမီမျိုးစေ့တော့ ပါသွားနိုင်ပါတယ်”

    တရားအားထုတ်ဖို့ ကျောင်းကို လာပြီဆိုကတည်းက လက်ချည်းလာတာမဟုတ်ဘဲ လှူဖို့ လှူစရာပစ္စည်းတွေ ယူလာခဲ့တယ်။ အဲဒီကတည်းက ကုသိုလ်စိတ်တွေ ဖြစ်နေပြီး တကယ်လှူတဲ့အခါကျတော့ ဒါနပါရမီကို ဖြည့်ဆည်းပြီး ဖြစ်တယ်။

    တရားအားထုတ်တဲ့ရက်အတွင်းမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလ စောင့်ထိန်းရတယ်။ ဒါ့အပြင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ တံခါးခြောက်ပေါက်ကိုလဲ ကိလေသာတွေ မဝင်အောင် စောင့်ထိန်းရတယ်။ နောက်ပြီး သီလရှင်ဝတ်နဲ့ဆိုတော့ ဣန္ဒြေကို ပိုပြီး ထိန်းသိမ်းရတယ်။ ဒါဟာ သီလပါရမီကို ဖြည့်ကျင့်တာပဲ။

    တရားအားထုတ်တယ်ဆိုတာ ကာမဂုဏ်အာရုံတွေကို တွေးတောကြံစည်မှု၊ နှိပ်စက်ညှင်းပန်းလိုမှု၊ ပျက်စီးစေလိုမှုဆိုတဲ့ အလိုဆိုးတွေက ထွက်မြောက်အောင် လုပ်နေရတာ၊ ဒါကြောင့် တရားအားထုတ်နေတဲ့အခါမှာ နေက္ခမ္မပါရမီနဲ့ ပြည့်စုံတယ်။

    တရားအားထုတ်တဲ့အခါမှာ ဝီရိယဓာတ် အများကြီး လိုပါတယ်။ အများကြီး ကြိုးစားရတယ်။ မနက်လေးနာရီက စပြီး ညကိုးနာရီအထိ စားချိန်သောက်ချိန် ကိုယ်လက်သန့်စင်ချိန်မှအပ တနေ့လုံး တရားအားထုတ်ရတယ်။ အားထုတ်တဲ့အခါမှာလဲ ပျင်းပျင်းရိရိအားထုတ်မယ်ဆိုရင် ကိလေသာရင်လဲ ဝင်မယ်၊ အိပ်ပျော်ချင်လဲ အိပ်ပျော်သွားမယ်။ ဒီလို မဖြစ်ရအောင် အမှတ်ကို စိပ်နိုင်သမျှ စိပ်အောင် ဝီရိယထားပြီး ရှုမှတ်အားထုတ်ရတယ်။ ဒါကြောင့် ဝီရိယပါရမီကို ဖြည့်ဆည်းရာ ရောက်တယ်။

    တရားအားထုတ်ရင် အရင်က မသိရသေးတဲ့ အသိဉာဏ်တွေ တရားအတွေ့အကြုံတွေ ရမှာ မလွဲဘူး။ အဲဒီ အသိဉာဏ်ထူးတွေကို ရတာဟာ ပညာပါရမီနဲ့ သက်ဆိုင်တယ်။

    တရားအားထုတ်တဲ့အခါ ညောင်းတာ နာတာ ပူတာ ကိုက်ခဲတာ အနေခက်တာတွေကို တွေ့ရမယ်။ ဒါတွေကို သည်းခံရတယ်။ နောက်ပြီး သီလစောင့်ထားလို့ ညစာမစားရတဲ့အခါ ဆာလောင်မယ်။ ကိုယ့်အိမ်ကိုယ့်ယာမှာလို နေရထိုင်ရတာ အဆင်ပြေချင်မှ ပြေမယ်။ ဒါတွေကိုလဲ သည်းခံရတာပဲ။ အဲဒီအခါမှာ ခန္တီပါရမီနဲ့ ပြည့်စုံတယ်။

    တရားအားထုတ်တယ်ဆိုတာ အမှန်တရားကို ရှာဖွေတာ၊ သစ္စာတရားကို ရှာဖွေတာ။ အားထုတ်တဲ့အခါ ရုပ်တရား နာမ်တရားတွေကို ကွဲကွဲပြားပြား သိလာတယ်။ အဲဒီ ရုပ်နာမ်တရားတွေရဲ့ ဖြစ်မှုပျက်မှုအမှန်တွေကို သိလာတယ်။ အဲဒီလို အမှန်တရားတွေကို သိလာရင်းနဲ့ပဲ ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ)၊ ဆင်းရဲခြင်း ဖြစ်ကြောင်းအမှန်တရား (သမုဒယသစ္စာ)၊ ဆင်းရဲချုပ်ရာအမှန်တရား (နိရောဓသစ္စာ)၊ ဆင်းရဲချုပ်ရာသို့ရောက်ကြောင်းအမှန်တရား (မဂ္ဂသစ္စာ)တွေကို ကိုယ်ပိုင်ဉာဏ်နဲ့ သိသွားမယ်။ ဒီတော့ တရားအားထုတ်ခြင်းဖြင့် သစ္စာပါရမီကို ရင့်သန်စေတယ်။

    တရားအားထုတ်တဲ့အခါ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ရတယ်။ တနာရီထိုင်မယ်လို့ စိတ်ဆုံးဖြတ်ထားရင် တနာရီအပြည့်ထိုင်ရတယ်။ တနာရီမပြည့်မချင်း မထဘူး။ အရှုမှတ်ခံ အာရုံနဲ့ ရှုမှတ်တဲ့ စိတ် တထပ်တည်းကျနေအောင် ရှုမှတ်မယ်လို့ ဆုံးဖြတ်ချက် ချတယ်။ ဒီလိုဆုံးဖြတ်ချက်အတိုင်း လုပ်လို့ အဓိဋ္ဌာန်ပါရမီနဲ့လဲ ပြည့်စုံတယ်။

    တရားအားထုတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို မေတ္တာရှိလို့ မေတ္တာထားပြီး ပြုလုပ်တာဖြစ်တယ်။ ရှုမှတ်နေတဲ့အခါမှာလဲ စိတ်ထဲ လိုချင်မှု (လောဘ)၊ စိတ်ဆိုး အမျက်ထွက်မှု (ဒေါသ)၊ မသိမိုက်မဲမှု (မောဟ)ဆိုတဲ့ မကောင်းတဲ့သဘောတွေ ဝင်မလာဘူး။ ဒေါသမဖြစ်ဘူးဆိုရင် အဒေါသ (မေတ္တာ) ဖြစ်နေတာပေါ့။ တရားအားထုတ်နေချိန်မှာ သူတပါးကို နှိပ်စက်ညှင်းပန်းလိုတဲ့စိတ်၊ ပျက်စီးစေလိုတဲ့စိတ်တွေ ဝင်လာရင်လဲ ရှုမှတ်ပြီး ပယ်ထုတ်ပစ်တယ်။ အဲဒီအခါမှာ အဒေါသ (မေတ္တာ) ဓာတ်တွေ အစားဝင်လာလို့ မေတ္တာပါရမီနဲ့ ပြည့်စုံနေတယ်။

    တရားအားထုတ်တဲ့အခါ ကောင်းတဲ့ ချမ်းသာတဲ့ အတွေ့တွေလဲ တွေ့ရမယ်။ စိတ်ထဲမှာ ကြည်နူးနှစ်သိမ့်တာတွေလဲ တွေ့ရမယ်။ မကောင်းတဲ့ ဆင်းရဲတဲ့ အနေခံခက်တဲ့ အတွေ့တွေလဲ တွေ့ရမယ်။ ဒီလိုတွေ့ပေမယ့် အကောင်းအဆိုး နှစ်မျိုးစလုံးအတွက် ဘယ်ဖက်မှ မလိုက်ဘဲ သည်းခံရတယ်။ ဝိပဿနာဉာဏ် ရင့်သန်လို့ သင်္ခါရုပေက္ခာဉာဏ်ကို ဆိုက်ရောက်ပြီဆိုရင်တော့ သင်္ခါရတရားတွေ ဖောက်ပြန်ပြောင်းလဲတာကို ဘယ်လိုပဲတွေ့တွေ့ စိတ်လှုပ်ရှားမှု မဖြစ်တော့ဘဲ စိတ်ကို အညီအမျှထားတော့တယ်။ ဒါကြောင့် ဥပေက္ခာပါရမီနဲ့ ပြည့်စုံတယ်။

    “ဒီလို ပါရမီဆယ်ပါးကို အပြည့်အစုံ ဆည်းပူးနိုင်ခွင့်ရတာမို့ တရားအားထုတ်တာဟာ အလွန် အင်မတန် အကျိုးများတယ်။ ဒီဘဝမှာ မဂ်ဖိုလ်မရသေးတောင် စိတ်ငြိမ်းအေးမှုကို ဖြစ်စေနိုင်တယ်။ တကယ်ကြိုးစားအားထုတ်မယ်ဆိုရင် ဝိပဿနာဉာဏ်တမျိုးမျိုးကို ဆိုက်ရောက်မှာပါပဲ။ ဝိပဿနာဉာဏ်တွေ တဖြည်းဖြည်း ရင့်သန်ပြီဆိုရင် မဂ်ဖိုလ် နိဗ္ဗာန်ဟာ မဝေးတော့ပါဘူး။

    သဂျီးက ဟိုဖက်ကဟာဒီဘက်ဆွဲလေတော့
    ကျနော်လည်း ဆွဲခဲ့ပြီဗျာ 🙂
    ဆရာတော်ရှင်ပညာသီဟရဲ့ ဆောင်းပါးကနေကူးပါတယ် ။
    သဂျီးစက ားအရ အဟုတ်မှတ်နေရင် ဓန္မအန္တရယ် ဖြစ်ဖို့အကြောင်းရှိလို့ ပါ ။
    တရားအားထုတ်ခြင်းဆိုသည်မှာ အတ္တကိလမထအနုယောဂ လို့ထင်နေပြီး
    ကာမသုခံအနုယောဂ တွေချည်း ကျင့်ခိုင်းနေလို့ပါ။

    • kai

      April 9, 2014 at 1:55 pm

      ကျုပ်လည်းထပ်ဆွဲတယ်ဗျာ..။
      ထေရာတွေရဲ့စာဆီကတော့မဟုတ်..ဘိုလို..အင်္ဂလိပ်လိုဆီက…။
      ( ငြင်းခုန်ခြင်းရဲ့အနုပညာပါနော.. စိတ်မတိုကြေး.. :mrgreen: )
      ပိုသိချင်ရင်..
      http://www.bodhitales.org/the-first-meditation.php
      =
      What truth did Siddhartha Gautama learn from his meditation and ascetic practice?
      In: Buddhism [Edit categories]
      Answer:
      The Buddha, Siddhartha Gautama, was searching for the answer to why people suffer, probably better described as why people are dissatisfied with life. What he learned was this:

      1) There is suffering (discontentment, unhappiness) in the world.
      2) There are specific causes of this suffering. Suffering is caused by our desires and our self-centeredness.
      3) There is a state (a mindset, a way of life) where suffering ceases.
      4) There is a path (actions, practices) to attain this state of freedom from suffering.

      He called these ideas the Four Noble truths. He expanded these by identifying the Eightfold Path which detailed the positive aspects that a person should cultivate in his life.

      Although most of the Buddha’s original training in meditation came during his period as an ascetic, these findings came after the Buddha abandoned the extreme practice of personal deprivation where he nearly starved himself to death by restricting his food intake to around a leaf or nut per day. Siddhartha reconsidered this path and began to follow the middle way.

      • surmi

        April 9, 2014 at 2:20 pm

        စိတ်မတို စိတ်မဆိုးဘူး စိတ်ချ :mrgreen:

        တစ်ခုပဲရှိတယ် ဟာဝေးဖုန်းနဲ့ ဖွတ်ချက်ကော်နက်ရှင်နဲ့ဆိုတော့ သိပ်မငြင်းနိုင်တာပါခင်ဗျ ။လက်ညောင်းလို့ 🙂
        သဂျီးပြန်လာရင် ပြောစမ်းပါဗျာ တစ်ပွဲလောက် လေသေနပ်ပစ်မယ် ဟဲဟဲ

        ကဲ အပေါ်ကအကြောင်းအရာနဲ့ပါတ်သက်ပြီးပြောရ ရင် .……

        ကျနော်ဟာ LA ကိုမရာက်ဖူးပါဘူး
        ဒါကြောင့် အယ်လ်အေ အကြောင်းအနည်းငယ်မျှဖတ်ရှုပြီး ဝေဖန်နေမယ် ၊
        လမ်းညွှန်နေမယ်ဆိုရင် မှန်နိုင်ပါ့မလားခင်ဗျာ ။
        စိတ်မှန်းရမ်းတုတ်သဘောသာလျှင်ဖြစ်ပါလိမ့်မယ် ။

        ဒါကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကိုလည်း မဆုတ်ကိုင်မိ ၊
        ကိုယတိုင်လည်း မဟာသတိပဌာန်အကျင့်ကိုမကျင့်သုံးဖူးသောသူတို့၏ ရေးသားမှု ပြောဆိုမှုတို့ကို
        တရားဝင် ကိုးကား၍မသင့်လျော် ပါကြောင်းးးးးးး
        ထိုကိုးကားမှုကိုလည်း လက်မခံပါကြောင်းးးးးး :mrgreen:

        • kai

          April 9, 2014 at 2:43 pm

          ပြောဖူးတယ်နော…
          တရားအကြောင်းကို..လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက.. နိုင်ငံခြားကြွတဲ့..ဆရာတော်ကြီးတွေနဲ့..တိုက်ရိုက်မေးမြန်းဆွေးနွေးဖူးတယ်ဆိုတာ…
          ဟင်းဟင်း..
          ရန်ကုန်ပြန်လာဖြစ်ရင်.. ပိဋိကတ်၃ပုံစီဒီကိုကွန်ပြူတာထဲ.. ထည့်.. ပြီးမှကိုင်ငြင်းဦးမှာ..၊
          မိုးပြာတို့.. မိုးဝါတို့နဲ့လည်း.. တွေ့ချင်သေး… ဟေးဟေး..။

          ဆိုတော့…
          ကမ္ဘာ့ဗုဒ္ဓဘာသာဝင်..ဘီလီယန်နားရှိတာမှာ.. ထေရဝါဒဝင်က..သန်းရာဂဏန်း..
          အဲဒီထဲကမှ.. မြန်မာ့ထေရဝါဒက.. သန်းဆယ်ဂဏန်းဆိုတာလေး…။ :mrgreen:

        • surmi

          April 9, 2014 at 3:03 pm

          သဂျီးရယ်
          ကျောက်ကောင်းတစ်ပွင့်ဆိုတာ
          ကျောက်အပွင့်တစ်သောင်းမှာ တစ်ပွင့်ရခဲပါတယ်
          အရေအတွက်က အဓိကလား
          အရည်အချင်းက အဓိကလားခင်ဗျာ ဟဲဟဲ
          လူများအောင်ကြော်ငြာလို့ရပါတယ် ။
          ဒီနေရာမှာ ကိန်းဏန်းသည် အရာမရောက်ပါကြောင်းးးးးး
          သဂျီး အပြစ်မြင်စရာဖြစ်နေသော ထေရဝါဒသည်လည်း
          တကယ့် ထေရသဘောမဟုတ်ပါကြောင်းးးး
          သို့သော်
          🙁

          ပြန်လာခဲ့မယ်ဗျာ အလုပ်ထဲမှာဖြစ်နေလို့

  • ခင် ခ

    April 9, 2014 at 3:19 pm

    တရားရိပ်သာတွေမှာ တကယ့်တရား အနှစ်သာရတွေရှိပါတယ်ဗျ၊ ဦးဆာမိရေးခဲ့သလို ကုသိုလ်တွေ ထပ်ထပ်ပွားရတာမျိုးတွေ အတွင်းစိတ်သန္တန်တွေမှာ ပြောင်းလဲပြီး တရားမွေ့လျှော်နိုင်တာတွေပေါ့ဗျာ။ ဒါပေသည့် တစ်ချို့သော တရားရိပ်သာတွေက တစ်ချို့သော တရားစခန်းဝင်သူတွေရဲ့ ပြုမူမှု့တွေက တရားရိပ်သာတွေရဲ့ အနှစ်သာရကိုညှိုးနွမ်းစေတာတွေရှိနေတော့လည်း တရားရိပ်သာစခန်းကို ဝေဖန်ကြတာပေါ့ဗျာ။
    ၂၀၁၃ ခုနှစ် သင်္ကြန်ကာလအလွန်မှာ လုံမလေးတောင် တရားရိပ်သာဝင်ပြီး တရားမပြည့်နိုင်သူတွေ အကြောင်းရေးတဲ့ပိုစ့်ဖတ်ဖူးတာမှတ်မိပါ၏။ ကိုယ့်ခန္ဓာကိုယ်မပိုင်တဲ့ အနိစ္စသဘောရှုသူ တရားစခန်းဝင် ယောယီတွေက တရားထိုင်ဖို့နေရာဦးစေပြီး နေရာဦးထားတာမသိရှာသူ ယောဂီက ထိုင်မိတော့ အပြစ်ရှာတာခံရတယ်ဆိုလားဘဲ…… အဲလို အဲလို တွေကို သီကာဖွဲ့ စီကာသွဲ့ခဲ့တာလေ။
    လုံမလေးမွန်မွန်၏ ပိုစ့်တွေပြန်လည်ဖတ်လိုသူများအတွက် စုစည်းပေးပါတယ်။
    http://myanmargazette.net/173951 ( တရားစခန်းသို့တစ်ခေါက်)
    http://myanmargazette.net/174055 (တရားစခန်းသို့ တစ်ခေါက် ၂)
    http://myanmargazette.net/174355 (တရားစခန်းသို့ တစ်ခေါက် ၃)

  • TNA

    April 10, 2014 at 10:04 am

    ဖတ်ရင်းနဲ့ အတွေးပွားစရာလေးတွေအတော်ရသွားသမို့ တွေးလိုက်အုံးမယ် ကိုခင်ခရေ။

  • kyeemite

    April 10, 2014 at 10:34 am

    အထက်တန်းကျောင်းသား လူပျိုအရွယ်
    “ဖေကြီး ဒီနှစ် သင်္ကြန် သားတို့ သူငယ်ချင်းတွေကားနဲ့လည်ချင်လို့ သင်္ကြန်မုန့်ဖိုး ဘယ်လောက်ပေးမှာလဲဟင်”
    “သုံးသောင်း ယူသွားကွာ “
    ” ဖေကြီးကလည်း သားတို့က အကျ၊ အကြတ်၊ အတက် သုံးရက်တောင်လည်မှာလေ ပြီးတော့ ထမင်းကလည်း နေ့ခင်းနားတဲ့ဆီမှာဝယ်စားရမှာလေ”
    ” ဒါဆိုလည်း နှစ်သောင်း ထပ်ပေးလိုက်မယ် အရမ်းမိုးမချုပ်ခင်တော့ အိပ်ပြန်ရောက်အောင်လားနော်”

    ကိုခ အထက်တန်းကျောင်းသားဘဝမှာတောင် သင်္ကြန်မုန့်ဖိုး ငါးသောင်းရတယ်ဆိုတော့
    တော်တော်ချမ်းသာခဲ့တာပဲ….
    ကျုပ်ကျောင်းပီးတော့ အမြဲတန်းအလုပ်မရခင်စပ်ကြား ဆည်မြောင်းဋ္ဌာနမှာနေ့စားဝင်လုပ်တာ ၆ကျပ်ခွဲနှုံး
    နဲ့တစ်နှစ်လောက်လုပ်ခဲ့ဖူးတယ်…ကွာချက် 😛
    😛

  • ခင် ခ

    April 10, 2014 at 11:54 am

    ကိုကြီးမိုက်ကလည်း တစ်နေ့ ၆ ကျပ်ခွဲနှုန်း ကာလတုန်းက ရွှေတစ်ကျပ်သားနှုန်းက ထောင်ဂဏန်းမှာဘဲ ရှိသေးတာကိုလည်း ထဲ့ပြောအုံးလေ။ ပိုက်ဆံတန်ဖိုးချင်း မတူခဲ့ပုံ။

Leave a Reply