Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရေကစားဟန်

ခင္ခApril 8, 20141min74320

ရေကစားဟန်

 

ထူးပို့ ထူးပို့ တေးသံ

မြူးစို့ မြူးလို့ သင်္ကြန်

ပိတောက်ဝေဝေ ပွင့်ဖူးပြန်

နွေအလှ ရေကစားကြဟန်

သပြေခက်နဲ့ ငွေဖလားသဏ္ဍန်

ဟိုး အတိတ်ဆီကအမှန်

နောက်များတော့ နို့ဆီခွက်နဲ့

ခွက်စောင်းခုတ်ပြန်

အခုများတော့ မဏ္ဍပ်ကယ်ထိုး

မီးသတ်ပိုက် တစ်မျိုးနဲ့

ကျောစုတ်အောင်ထိုးသမို့

ရေကစားကြတဲ့ အခါသင်္ကြန်

အမလေး တ ရမဟဲ့ ဧကန်။

 

ခင်ခ။

20 comments

  • snow smile

    April 8, 2014 at 7:00 pm

    အ ခု လမ်း တွေ မှာ ကြွပ် ကြွပ် အိတ် ကို ရေ ထဲ့
    တင်း နေ အောင် ချည် လိုက် ပြီး
    ကား တွေ ထဲ ကို အား နဲ့ ပြစ် တာ
    ၆ ရက် နေ ့ က ရွှေ ပြည် သာ ဘက် မှာ လေ
    နား တွေ မျက် စိ တွေ များ ထိ ရင် ဒု က္ခ

    • ခင် ခ

      April 9, 2014 at 11:18 am

      ရေဘောလုံး ရေသလပ်စတစ်လုံး ကတော့ အတော်အန္တရာယ်များပေတာပါဘဲ snow smile ရေ။

  • ကျော်စွာခေါင်

    April 9, 2014 at 12:31 am

    ကိုခ…ရေ
    ကျနော်တို ့နိုင်ငံရဲ ့ယဉ်ကျေးမှုတွေ တစ်ဖြည်းဖြည်းချင်း အရိုင်းဆန်လာတာ ဝမ်းနည်းတယ်ဗျ..။

    • ခင် ခ

      April 9, 2014 at 11:21 am

      အမှန်ပါဘဲ ကိုကျော်စွာခေါင်ရေ အခုခေတ်သင်္ကြန်က သောက်စား ပျော်မြူး အဖော်အချွတ် အပြိုင်ကြဲတဲ့ ပွဲတော်ကြီးကိုဖြစ်လို့။

  • kai

    April 9, 2014 at 5:40 am

    လွတ်လပ်စွာသူတပါးကို ထိခိုက်စော်ကားတဲ့..ပွဲကြီးဖြစ်မှန်းမသိဖြစ်သွားပုံရပါတယ်..။
    ကုလားတွေရဲ့ယဉ်ကျေးမှုပွဲကို.. ဗမာတွေယူသုံးပြီး.. မွတ်စလင်တွေကိုရန်ရှာတဲ့အဓိကရုန်းပွဲမဖြစ်အောင်… ဒီနှစ်တော့.. (အထူး)သတိထားကြရမှာပါ..။
    ပြောရရင်.. ခေါင်းဆောင်ကောင်းသာရှိရင်.. သူကအစိုးရဖွဲ့ဖြစ်နေရင်..
    .. ဒီမြန်မာ့သင်္ကြန်ပွဲဟာ..တလထဲ.. နိုင်ငံခြားသား ၁သန်းလောက်ဝင်ချလာအောင်..လုပ်လို့ရတဲ့.. ပွဲဖြစ်နိုင်တာပေါ့…။
    တယောက်ဒေါ်လာ၁ထောင်ပဲသုံးတယ်ထား.. ၁ဘီလီယံမြန်မာပြည်ထဲဝင်လာမှာ…

    အဲဒီငွေက.. အောက်ခြေနဲ့..အလယ်တန်လူတွေထဲအဓိကရသွားမှာမို့.. တိုင်းပြည်စီးပွားရေးကို..တိုက်ရိုက်သက်ဆိုင်စေမှာပါပဲ..

    အင်း..
    နှစ်၁၀၀ဝ ကျိန်စာ… :mrgreen:

    • ခင် ခ

      April 9, 2014 at 11:24 am

      အခုတော့ ဒါလည်းအတွေးပါဘဲပေါ့ သဂျီးရေ။

  • Mr. MarGa

    April 9, 2014 at 9:35 am

    ဒီခေတ်မှာ အရိုင်းနဲ့ အယဉ် အားပြိုင်တာ များနေတာမို့
    အသံတိတ် ရိပ်သာဝင်ပါကြောင်း
    ဒါပေမင့် ပြောင်းနိုင်ဦးမယ် တွေးမိသေးရဲ့

    • ခင် ခ

      April 9, 2014 at 11:32 am

      အသံတိတ် ရိပ်သာဝင်မယ်ဆိုတော့ ဝစီပိတ်ကျင့်စဉ်လား ဦးမာဃ။

  • သင်္ကြန်ဆို အိမ်ရှေ့မှာပဲ ရေပက်တယ်.. အပြင်ထွက်လည်ရင်လည်း ဝတ်တဲ့အဝတ်အစားကို အသေအချာရွေးရတယ်.. ကိုယ်က လုံလုံခြုံခြုံဝတ်ပါလျက်နဲ့ကို ကြယ်သီးပြုတ်ထွက်အောင် ပက်ကြတာ.. အရမ်းသတိထားရတယ်.. ခေါင်းကို အတင်းငုံ့.. ဦးထုပ်ကို လက်တစ်ဖက်နဲ့ဖိ.. အကျီကို လက်တစ်ဖက်နဲ့ဖိ.. အဲ့လိုမျိုး နေရတာ.. ကိုယ်က ဆိုင်ကယ်နောက်က ထိုင်စီးတာဆိုပေမယ့် ဆိုင်ကယ်မောင်းတဲ့သူငယ်ချင်းကိုလည်း သတိပေးရသေးတယ်.. နယ်မြို့လေးမှာတောင် အရမ်းအန္တရာယ်များတယ်.. အခုတော့ ရိပ်သာပဲ သွားနေတော့တယ်.. 🙂

  • surmi

    April 9, 2014 at 12:51 pm

    ဂျစ်ကားဗိုက်ထဲမှာလဲ လက်နက်ပေါင်းစုံ
    အိုဘယ့် သူရဲကောင်းများ 🙁

  • သ င်္ကြန် ရေ ဆို တာ အ န္တ ရာယ် ကင်း တယ် ပက် စမ်း ခင် ရ ယ် ဆို တဲ့ သီ ချင်း လေး ကို နား ထဲ မှာ

    အ လို လို ကြား လာ မိ တယ် ကို ခ ရေ

    • ခင် ခ

      April 9, 2014 at 3:38 pm

      မနှစ်ကရိပ်သာဘဲလား လုံမလေးရေ အဲဒီရိပ်သာဆို တရာစခန်းသို့တစ်ခေါက် အမှတ်(၄) မျှော်ရမယ်။

      အန္တရာယ်ကြားက သင်္ကြန်ခေတ်ရောက်မှန်းမသိရောက်နေပြီ ဦးဆာရေ။

      ကိုပေါက်ရေ သင်္ကြန်နီးလေ သင်္ကြန်သီချင်းတွေနားထောင်ကောင်းလေပေါဗျာ။

    • ကို ခ တောင် ဟို နေ့ က လှိူင်း တေး သံ သွင်း ထဲ ဝင် သွား တာ သ င်္ကြန် ခွေ ဝင် ဝယ် တာ နေ မှာ နော်

  • kai

    April 9, 2014 at 3:38 pm

    တိုးရစ်ဇင်ကုမ္ပဏီကြီးတခုခုက.. အထာလေးနဲ့.. အိနိ္ဒယဟိုလီလို..ပွဲကို..သင်္ကြန်နဲ့ရောချပြီး.. အစမ်းလုပ်ပြသင့်တယ်..။
    နို်င်ဂျံဂါးသားတွေကြိုက်မှာ..။ ကမ္ဘာ့ဓါတ်ပုံသမားတွေ အကုန်ဆင်းလာမှာ..။
    မှန်းပြောရရင်.. သင်္ကြန်ကအဲဒီ အိနိ္ဒယဟိုလီကနေနွယ်ပြီးလာတာလို့ထင်မိတယ်..။


    =
    Holi colours draw foreign tourists to India | Latest News …
    http://www.dnaindia.com › India‎
    Daily News and Analysis
    Mar 27, 2013 – Holi colours draw foreign tourists to India – A penchant for life in technicolour with a dash of herbal colours, crunchy gujias, chilled thandais and …

    • ခင် ခ

      April 9, 2014 at 3:43 pm

      ရန်ကုန်သင်္ကြန်ကိုသာ သဂျီးပြောသလို တိုးရစ်ဇင်ကုမ္ပဏီကြီးတစ်ခုခုက အစမ်းလုပ်ပြတာ အပြမတော်လို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဘီယာ ကြည်ပြာ ယဉ်ကျေးမှုတွေ ရှုမျှော်လို့မဆုံးဖြစ်မှဖြင့်ကွယ်။

    • sorrow

      April 9, 2014 at 6:54 pm

      အစိုးရပိုင်းက လုံခြုံရေးကိုတာဝန်ယူနိုင်မယ်ဆိုရင်…ကျော်လုပ်ချင်ပါတယ်ဗျ…တကယ်ကတိုးရစ်ဇင်သမားတွေက သင်္ကြန်ဆိုလက်ရှောင်ချင်ကြတယ်..အစစအရာရာဈေးကြီးနေတဲ့အပြင်..အမြတ်ကလဲမကျန်..မတော်..ပြသနာတခုခုဖြစ်ပါပြီတဲ့ ကုန်ပဏီပိတ်ရမှာ…ဟိုတစ်နှစ်ကတောင်လက်ပစ်ဗုံးနဲ့ ကပ်လွဲသွားလို့….

      • ခင် ခ

        April 10, 2014 at 11:33 am

        အဟိ မလုံ မခြုံ ရေး ဆိုရင်တော့ တာဝန်ယူနိုင်တယ်။ ဘာလို့လဲဆိုတော့ အခုခေတ်သင်္ကြန်က ပြောစရာမလိုအောင်ကို ဝတ်တတ်စားတတ်ကြလေရဲ့ဗျ sorrow ရေ။

  • TNA

    April 10, 2014 at 10:05 am

    ယဉ်ကျေးမှု့နဲပါးသွားတဲ့ သင်္ကြန်ကို မခံစားမိတော့ဘူး ကိုခင်ခရေ။ အသက်တွေလဲကြီးကုန်ပြီ။ ကလေးတွေကတော့ ရင်ခုန်စိတ်လှုပ်ရှားနေကြတုန်းပဲ။

    • ခင် ခ

      April 10, 2014 at 11:39 am

      လူငယ်အရွယ်နဲ့ သူတို့သင်္ကြန်ကတော့ ဟုတ်နေတာဘဲဗျ မသဲရေ။
      မူး ရူး ပြဲ ကွဲ အပွဲပွဲပါဘဲလေ။

Leave a Reply