Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မယ်ဝါး ချက်ချင်ရာ ချက်တဲ့ဟင်း – KZ’s ထမင်းဆိုင်

ဇီဇီApril 28, 20141min177851

ပထမဆုံး ဝါး ကို သတိထားမိတာက သူ့ကော်မန့်တွေက ရီရလို့။

နောက်တော့ ဖဘမှာတွေတော့ ရုပ်တည်နဲ့မို့ ဝါး လို့ မထင်ဘူးးး

ဂီ မိတ်ဆက်ပေးပြီးမှ ပြောလိုက်တဲ့စကားတွေဆိုတာ။

အဲတုန်းက ကိုဖက်ရယ်၊ ဂီရယ်၊ ကျောက်ရယ်၊ ဝါးရယ်၊ ကျနော်ရယ် နေ့တိုင်း စကားပြောဖြစ်တယ်။

ကျနော်ဖြင့် အဲတုန်းက စာမေးပွဲဖြေနေလို့ စာကျက်ရမှာကို အဲဒီ စကားဝိုင်းကို စွဲလန်းလွန်းလို့ စာကိုအမြန်ကျက်ပြီးမှ သွားရတယ်။

ဝါး ကို ချစ်တာက အတွေးအခေါ်က  မိန်းမ မဆန်လို့။

စိတ်ရော စကားပြောရောက ပွင့်လင်းရှင်းလင်းလို့

ကျနော့ကိုလည်း ချစ်လို့ (ထင်ရတာပဲ)။  :mrgreenn:

 

ကဲ။
ဝါး/ဝိုး/ဝူး/ဝေါင်း/Wow   ခေါ်ချင်သလိုသာခေါ် ဂဇက်စီလင်ဒီးရွန်း ရဲ့ အလှတရားကတော့ လျော့ပါးသွားမှာ မဟုတ်ပါဘူးးး
ရွာ ဗန်းကိုင် အပျိုကြီး က အချစ်စမ်းထားတဲ့ ဟင်းစပ် တွေ တင်ပါမယ်။
စားရဲသူများ စားကြပါ။

😀

~~~~~~~~~~~~~~~~~~~~

ကျွိကျွိက ဟင်းချက်ခိုင်းနေတာ တော့ကြာပါပြီ။ ဒါပေသိ ကိုယ့်အ ကြောင်းကိုယ်သိလို့ ဆင်ခြင်နေတာ။ ငယ်ထဲက အိမ်ကချက်တာ စား ရန်ကုန်မှာ ကွကိုယ်နေဖြစ်တော့လဲ ထွေထွေ ထူးထူး သိပ်ချက်စားဖြစ်တာမရှိပေမဲ့ ကြိုက်လာရင် သိပ်မစင်းစားပဲစားတာရယ် (ဟင်း ပြောပါတယ်) တစ်ခါ သူငယ်ချင်းတ ယောက် ကြော်ကြွေးတဲ့ ကြက်ဟင်းခါး သီးစား ကောင်းလို့ ဆိုပီး ခုထိ ကြက်ဟင်းခါးသီး တခါဝယ် အကြီး သုံးလုံးလောက်ကို ဒယ်အိုး တပြည့် ကျော်ပီး အိုက်ဟင်း တမယ်ထဲ သုံးရက်လောက် ဆက်စားတာရယ်။ နောက်ရက်ကျ ဈေးကို ခေါက်တုံ့ခေါက်ပြန် သုံးခါလောက် ရှောက် ကြက်ဟင်းခါးသီးသည်နား ဝေ့လယ် ဝေ့လယ် လုပ်နေသေး။ ကြက်ဟင်းခါးသီး ချည်းဆက်တိုက် မဖြစ်သေးပါဘူး ဆိုပီး ဝယ်ပီးပြန်လာတာ ဂွေးတောက်ရွက်နဲ့ မှို။ အိုက်တော့ သေမှာ မကြောက်သူများ အနော်ချက်တဲ့ဟင်းကို ချင့်ချိန်စားဂျပါကုန်။

တင်္နလာ

နွေဆိုတော့ အရည်သောက်လေး ကောင်းတယ် ကင်ပွန်းချဉ် ပဒတ်စာဟင်းချို ပုဇွန်ကြော် ပုဇွန်ငါးပိချက်

ဝယ်လာတဲ့ ပုဇွန်ကို သုံးပုံ နှစ်ပုံလောက်ကို ကြက်သွန်နီ အကွင်းလိုက်နဲ့ ကြက်သွန်ဖြူ ဒါးပြားရိုက်ပီး အချိုပဲ ကြော်ပါမယ်။

ပိုတဲ့ ပုဇွန်ကို ထောင်းပီး ဟင်းချိုထဲနဲနဲထဲ့။ရေဆူ အောင်တည်ပီး ထောင်းထားတဲ့ ပုဇွန်နဲနဲ ထဲ့။ ကြက်သွန်နီတစ်လုံး အကွင်းလိုက်လှီးပီး ထဲ့ပါမယ်။ အနော်က စီးတီးမတ်က ပုဇွန်ခြောက်မှုန့် ထောင်းပီးသားပါ ဝယ်ထားတတ်တော့ အာ့နဲနဲ ထဲ့ပါမယ်။ ဆား ဟင်းခတ်မှုန့် ထဲ့ပီး ရေဆူရင် သင်ထားပီးသား ကင်ပွနးချဉ်နဲ့ ပဒတ်စာ ထဲ့လို့ရပါပီ။ ပုဇွန်ငါးပိချက်အတွက် ငါးငပိရည်ကို ကောင်းကောင်းဆူအောင်ကြို အရိုးစစ်ထားပါမယ်။ ပြီးရင် ကြက်သွန်အဖြူ အနီ ထောင်းထားတာကို ဆီသတ် ထောင်းထားတဲ့ ပုဇွန်ထဲ့ ငါးပိရည်လောင်းထဲ့ ငရုပ်သီးစိမ်းနဲ့ ပင်စိမ်းကို ကပ်ကျီးနဲ့ ညှပ်ပီးထဲ့ပါမယ်။

အင်္ဂါ

ဟီးးး လာပါပီ အနော့် ဖေးဘရိတ် ကြက်ဟင်းခါးသီးကြော် ငါးခူကြော် ပဲနီလေးဟင်းချို

ကြက်ဟင်းခါးသီးကို လှီး ဆားနယ် တစ်ရေ လောက်ညှစ်ထုတ် ပီး ကြက်သွန်ဖြူနီ ထောင်းထားတာ ဆီသတ် ပုဇွန်ခြောက်မှုန့်နဲ့ကြော်တာပါ။ ငါးခူကြော်တာ အထွေအထူး ပြောစရာ မရှိပေမဲ့ ပဲနီလေးဟင်းချိုကို အနော်ဆီ မသတ်ရင်မစားတတ်ပါဘူး။ ပဲနီလေးနူးအောင်ပြုတ်ပီး ဒယ်အိုးထဲမှာ ဆီထဲ့ ဆနွင်းထဲ့ ကြက်သွန်နီ လှီးထားတာကို တော်တော်လေး အနီရောင် သန်းတဲ့အထိ ဆီသတ်ပီးမှ ပဲအိုးထဲပြန်လောင်းထဲ့ ဆူအောင်ပြန်တည်ပါတယ်။

ဗုဒ္ဓဟူး

ကြက်သားဆီပြန် ဂွေးတောက် ရွက်ဟငိးချို ကဇွန်းရွက်ကြော် (အမှန်က မှိုကဇွန်းကြော်ချင်တာ ပိတ်သတ်ကြီး အားနာလို့ ) 😛

ကြက်သားကို ဆား အရောင်တင်မှုန့် မဆလာ ဂျင်းကြက်သွန်ဖြူ ဟင်းခတ်မှုန့် တု့ိ နယ်ပီး နှပ်ထားပါမယ်။ ပြီးရင် ကြက်သွန်နီလှီးထဲ့ ဆီလောင်းထဲ့ ပီး မီးအေးအေးနဲ့ ဆီပြန်အောင် လုံးချက်ပါမယ်။

ပုဇွန်ခြောက်မှုံ့ ကြက်သွန်နှီအကွင်းလိုက်လှီးထဲ့ပီး ရေဆူအောင်တယ်ပါမယ်။ ရေဆူရင် ဂွေးတောက်ရွက်ထဲ့ ဂွေးတောက် ရွက်ပေါ်က ဆီစိမ်းလေး နဲနဲ ဆမ်းပီး ဆူအောင်ပြန်တယ်လိုက်ရင် ဂွေးတောက်ရွက်က စိမ်းအိသွားပီး ပိုစားလို့ ကောင်းပါတယ်။

ကဇွန်းရွက်က အထွေအထူး ပြောစရာမရှိ

ကြာသပတေး

ဆူးပုတ်ရွက်နဲ့ ကြက်ဥ/ဘဲဥကြော် ပဲကြီးနှပ် ပုဇွန်ချဉ်သုတ်

အာဟိ ဇာတိကပြလာဘီ။ ဒီတစ်နေ့တော့ ချက်ချင်ရာ ချက်မဟယ်။

သောကြာ

ငါးကြင်းခေါင်းနဲ့ ချဉ်ပေါင် ချက်ပါမယ်။ နံနံပင် ငုပ်သီးစိမ်းလေးအုပ်ပီး။

ငုပ်သီးအလှော်မှုန့်ကို ကြက်သွန်ဖြူ ဆား ဟင်းခတ်မှုန့်နဲ့ ထောင်းပီး ဆီစိမ်းလေးဆမ်းထားပါမယ်။

နောက် ဒေါ်မြရင် ဝက်/ကြက်အူချောင်းကြော်

စနေ

ဇရစ် ရိုး ကင်ပွန်းချဉ်ကို ငါးကျဉ်းခြောက်နဲ့ ကြော်ပါမယ်။ ဆိတ်သားနဲ့ အာလူးချက်ပါမယ်။ ဗာလချောင်ကြော် ကြော်ပါမယ်။

ဆိပ်သားကို မညှီဆောင် အသားဆိုင်မှာ ရောင်းတဲ့ ဆိတ်မဆလာနဲ့ ဂျင်းများများထောင်းပီး ရရင် ဒိန်ချဉ်နဲ့ပါ နှပ်ပီးမှချက်ပါ။ အာလူးကို ဆား နဲ့နယ် ပေါ်ကြောတင်းအောင်ကြော်ပီးမှ ဟင်းထဲ ထဲ့ပါ။

တနင်္ဂနွေကတော့ အထူးအစီအစဉ်

အုန်းနို့ခေါက်ဆွဲပါ

ငါးဖယ်ကိုကြော်ပီး သတ်သတ်ထား ဘဲဥပြုတ် အခွန်နွာ စိတ်ထားပါမယ်။

ကြက်သားကို အပေါ်ကနညိးအတိုင်းဆီပြန်ချက်ပါတယ်။ အုန်းနို့ကို ဆူအောင်ပြစ်ပြစ်လေးတယ်။ ကြက်ခြေ ထောက်ခေါင်း တွေကို ပိုဝယ်လာပြီး ဟင်းထဲ ထဲ့ မချက်ပဲ အုန်းနို့ ထဲ ထည့်ပြုတ်ပါမယ်။ ကုလားပဲ အစိမ်းမှုန့် ကို ရေအရင် ပျော် အောင်ဖျော်ပီးမှ အုန်းနို့ရည် ထဲထဲ့ပါမယ်။

ခေါက်ဆွဲပြင်ရင် အုန်းနို့ ဟင်းရည်ထဲ့ ပီး ကြက်သားဟင်းထဲ့ ငါးဖယ် ဘဲဥ ထဲ့ပြီး ပြင်ရပါတယ်။

နေ့ခင်း ခေါက်ဆွဲ မစားချင်ရင်ပဲ ဖြစ်ဖြစ် အုန်းနို့ မစားတဲ့ သူပဲ ဖြစ်ဖြစ် ထမင်းအိုး တစ်လုံးတည်ထားပီး ကြက်သားနဲ့ စားလို့ရပါတယ်။

ခွန်နှစ် ရက်လုံး အနော်ချက်တာစားပီး အသက်ရှိသေး ဆိုရင် နောက်ထပ်ချက်ကြွေးပါအူးမယ်

😛

~~~~~~~~~~~~~~~~~~~~~~

ကဲ တွေ့လားးးး သေချင်လောက်အောင်ကို ဟင်းချက်တော်တယ်ဆိုတာ ယုံပြီဟုတ်??

:chit:

51 comments

  • Mr. MarGa

    April 28, 2014 at 10:08 am

    ဟီးးး ဒီတစ်ခါတော့ အနော် နတ်သမီးတွေချက်တာပဲ စားတော့မယ် လို့
    အာဟိ

    • Wow

      April 28, 2014 at 10:25 am

      နာ့ဟင်းစားပီး နိ နတ်ပြည်သွားလို့ရဘီ သဂျားပု.. ဗီဇာမလိုဝူး :mrgreen:

      • Mr. MarGa

        April 28, 2014 at 10:30 am

        မီဟုတ်လဲ နတ်ပြည်မှာပဲဆိုတော့ ဂျီးဒေါ်ဝေါင်းကိုသာ နတ်ပြည်လာခွင့် ဗီဇာပိတ်ထားမယ်လို့ တွေးထားပါဂျောင်းးး

        အဲ… နာ့ ဂျီးဒေါ်ဆွိကိုတော့ အဲဗား ဝဲလ်ကမ်း အာဟိ :mrgreenn:

        • ကေဇီ

          April 28, 2014 at 11:05 am

          နာ့ ကို ဝဲလကမ်း ဆိုရင်
          နာ့ အချစ်တော်တွေရော၊
          အချစ် စ/ဦး/လယ်/နှောင်း/နောက်ဆုံး တွေရောကိုပါ ဝဲလကမ်းရမယ်။ အာဟိ :mrgreenn:

  • alinsett (gazette)

    April 28, 2014 at 10:22 am

    သောကြာနေ့ အစားအစာလေးကို
    အခု တနင်္လာနေ့မှာ စားချင်နေတယ်

    🙂

  • Wow

    April 28, 2014 at 10:29 am

    ချွိချွိရယ် ဂလောက်ချစ်တာကို ထင်တာပဲရယ်လို့….
    လက်ထပ်ခွင့်တောင် တောင်းထားဒါဂို… :mrgreen:

    • ကေဇီ

      April 28, 2014 at 11:03 am

      ဒီက မိန်းခေးးဆိုတော့ မင်ဂါ စရိတ်စုရသေးတယ်လေ။
      ပြီးရင် ဟို ၂ ယောက်လိုပဲ ဂါဝန် ဆင်တူဝတ်ပြီး ဆောင်ကြမယ်။
      ဒီကြားထဲ ခြေများမယ် မကြံနဲ့။

      :mrgreen:

      • Wow

        April 28, 2014 at 11:41 am

        တစ်ခါထဲပါ…. :mrgreen:

  • Ma Ei

    April 28, 2014 at 10:29 am

    ကင်မွန်းချဉ် နဲ့ ပဒတ်စာ ဟင်းချို
    ဇရစ်ရိုး နဲ့ ကင်မွန်းချဉ် ဆို ကြော်ကြော် ချက်ချက် ကြိုက်ပြီးသားဘဲ…
    ကြက်ဟင်းခါးသီးကို ပုဇွန်ခြောက်လေးနဲ့ ကြော်လဲကြိုက်တယ်…
    ဂွေးတောက်ရွက်ဆို ဟင်းချိုမက ရေနွေးဖြောတို့တာလေးလဲ ကြိုက်တာဘဲ…
    ဒီတစ်ပါတ်ကတော့ ချက်ချင်ရာချက်တယ်သာပြောတယ်
    အကြိုက်တွေချည်း ဖြစ်နေပါရော…

    • Wow

      April 28, 2014 at 10:52 am

      ဟုတ်တယ် မွအိ… ဆင်းရဲဇာတာ ပါတယ်ပြောရမလား… သားကြီး ငါးကြီးထက် အိုက်လို စုံနဖာစီလေးတွေ ပိုကြိုက်တယ် :kwi:

  • weiwei

    April 28, 2014 at 10:38 am

    အစားပျက်နေတုန်း ဒီလိုဟင်းစပ်တွေ့လိုက်တာ သွားရည်တောင်ထွက်လာသလိုမျိုး စားချင်စိတ်ပေါက်သွားတယ် …
    ဂွေးထောက်ရွက်ဟင်းချိုကို ကြက်ရိုးပြုတ်နဲ့ချက်ရင် ပိုစားကောင်းတယ် ..
    ဂွေးထောက်ရွက်ကို ပါးပါးလှီးပြီး ကြက်ဥနဲ့ ကြော်တာလဲကြိုက်တယ် ..
    ဘာလို့လဲမသိဘူး .. တက်စာတွေကို အကုန်ကြိုက်တယ် ..

    • ကေဇီ

      April 28, 2014 at 11:14 am

      တူတူပဲ ဝေ။
      တက်စာ စားပြီး အိပ်ပျော်တာကိုကြိုက်တယ်။
      ပြန်မနိုးမှာတော့ ကြောက်သားကလားးးး
      :hint:

  • TNA

    April 28, 2014 at 11:44 am

    ဟိုနေ့က သတင်းကြားကတဲက အသက်ငင်နေဒါ :mrgreen: နွေနေပူမှာ လုပ်ကြံခံနေရတာ နှစ်ပါတ်ချိ ဘီတော့။ ဟိုဗေတားဟာကိုဖြတ်တောက်စစ်ဆွက်စားနေဒုန်း ဟောဒ ဝုန်းတယောက်က ထပ်ဆင့် လိုက်လေတော့ အောင်မယ်သေး မသေကံကောင်း ကိုသံချောင်းပေါ့ 🙂 လိုက်လဲလိုက်တဲ့ အတွဲ။ ဒီအတွဲကို ပြန်လုပ်ကြံဖို့ စင်းဇားထားဒယ်။ :byee:

    ဒါပေသိ အမလဲ ကြက်ဟင်းခါးသီးကိုတအားကြိုက်တယ်။ တခါတည်းများများကြော်ထားပြီး အဲလိုပဲ နှစ်ရက်သုံးရက်ဆက်စားတာ။ အဲ့ဒါတခွက်ပါရင် အခြားဘာဟင်းမှမလိုတော့ဘူးရယ်။ သများက တခါကြော် ခြောက်လုံးလောက်ကြော် တာရယ်။ 😀 ကြော်ရင် အခြောက်ကြော်တာမို့ ဗူးနဲ့ကို သိမ်းပြီးစားတာ။ ခုတောင်ပြောရင်းစားချက်လာပြီ။ နောက်နေ့ချက်စားလိုက်အုံးမယ်။ အပိုရီး အဲလေ အပျိုရီးချက်တဲ့ ဟင်းစပ်တွေကိုတော့ ဟိုဗေတားဟာလိုပဲ လိုအပ်သည်များဖြတ်တောက် စားပါမည့်အကြောင်း :sar:

    • ကေဇီ

      April 28, 2014 at 12:17 pm

      ဟမ်။
      အတွဲ လားးး
      ဘာ အတွဲတုန်းဟမ်?
      တက်စာ အတွဲလားးး
      ခု ခိ ခု ခိ

      :mrgreenn:

      • Wow

        April 28, 2014 at 12:57 pm

        မားဆွေ အနေအထိုင် မတတ်ပြန်ဝူးထင်ဒယ်….
        ဟင်းကောင်းကောင်း မချက်တာဂို ပေါတာဘာာာာ :mrgreen:

      • TNA

        April 28, 2014 at 1:21 pm

        တိဝူး တွဲတော့တွဲပေးလိုက်ဘီ။ ကွ့ကိုယ်ကျိသာလုပ်တော့။ 😀 ။ တက်စာအတွဲဆိုလဲ မဆိုးဘူးဘဲ။ အဟိ။ တူဒို့ချိန်းပီးမြန်းလုပ်ကျံဒလားလု့ိသဒယဖစ်မိဒယ်။ :mrgreen:

        • ကေဇီ

          April 28, 2014 at 1:25 pm

          ကတောက်!!
          ဗေတားတော့ တွေ့ကြသေးတာပေါ့။
          ဝါး က နာ နဲ့ လက်ထပ်တော့မှာကို ။. :mrgreen:
          နာ့ ကို သွေးတက်စာတွေနဲ့ လုပ်ကြံနေတာကိုးးး
          သေချာပါပြီလေ။။
          ယောက်ခမွ သများကို ပစ်မထားပါနဲ့။ :mrgreen:

        • TNA

          April 28, 2014 at 3:39 pm

          အိုက်ဒါဂျောင့်ပေါင်းလုပ်ကျံဒယ်လို့ သံဒယဖစ်ပါတယ်ရှို့

  • kyeemite

    April 28, 2014 at 11:53 am

    အဲ့ ဟင်းစပ်တွေ အကုန်ကြိုက်ပါဂျောင်း နဲ့ ကြက်ဟင်းခါးသီးကြော်လည်း အလွန်ကြိုက်ပါတယ်…
    အာတီဝိုး ဟင်းတွေ စားပီးရင်တော့ ဆေးသောက်ထားမှစိတ်ချရမယ် 😛

    • ကေဇီ

      April 28, 2014 at 6:29 pm

      ဒီ တစ်ပတ် အနော့ ထမင်းဆိုင်ကို သွေးကျဆေးလေးနဲ့ တွဲဖွင့်ပေးပါ့မယ် မိုက်မိုက်ရယ်..

      😀

  • Crystalline

    April 28, 2014 at 12:01 pm

    ကြက်ဟင်းခါးသီးကြိုက်ဖူး… ခါးလို့… ဒါပေမယ့် ဟိုတလောက ဦးကျောက်နည်းကို ဝက်သားများများနဲ့တစ်ခါ… TLC ချယ်နယ်မှာလာတဲ့ ဂျပန်တွေကြော်သလို ကြော်စားတာ တစ်ခါ.. ကောင်းသား… သူတို့ကြော်တာက ကြက်ဟင်းခါးသီးကို တို့ဖူး..ဝက်သား..ခရမ်းချဉ်သီး.. ကြက်ဥနဲ့ကြော်တာ… ကိုယ်ကြော်တော့ မေ့ပြီး ဝက်သားကျန်ခဲ့တယ်.. တို့ဖူးအစားပဲပြားထည့်တာ.. ခပ်စိမ်းစိမ်းလေးပဲ.. စားကောင်းတယ်… ဝါး/ဝူး/ဝိုး/ဝေါင်းက အုန်းနို့ခေါက်ဆွဲချက်တာရှယ်ထင်တယ်… သူများလည်း အုန်းနို့ခေါက်ဆွဲကောင်းကောင်းဆို အရမ်းကြိုက်တယ်… ကြက်သွန်စိမ်းအများကြီးထည့်စားတယ်..အခုအရမ်းပူနေလို့ အခုတောင့်ရှောင်ထားတယ်.. လူကလည်းအဖုပေါက်နေလို့… ပြောရင်းစားချင်လာပြီ.. :sar:

    • Wow

      April 28, 2014 at 12:54 pm

      အုန်းနို့ခေါက်ဆွဲကို အုန်းသီးနဲရင် တယ်မကြိုက်ဝူး… အုန်းနို့ပစ်ပစ် ရှယ်ဆိမ့်နေမှ စားတာရယ်… နို့စိမ်းခေါက်ဆွဲ ဆို လုံးဝခံတွင်းမတွေ့ ညှီလို့… :mrgreen:

  • ROssI

    April 28, 2014 at 12:10 pm

    ဒညင်းသီး အုန်းနို့ဆမ်း မပါဘာ့လား……

    • ကေဇီ

      April 28, 2014 at 12:16 pm

      အေးလေ။
      တက်စာထဲ အဲဒါ အကြိုက်ဆုံးကို၊..
      😀

  • အနော်လည်း တက်စာ ခွေဇီ.. (မှတ်ချက် – ငါးသလောက် နဲ့ ပဲပုပ် မပါ)

    တစ်ခါသား စနေနေ့မှာ ကြက်ဟင်းခါးသီးချက်စား
    တနင်္ဂနွေနေ့မှာ ဒညင်းသီးဆယ်လုံးလောက် ပြုတ်ပြီး ထောင်းတာကို ဆီနဲ့ဆားနဲ့ တို့စား၊ အိမ်အောက်က ဒူးရင်းသီးသည်တွေ့လို့ တစ်လုံးဝယ်စား ….
    မိုးတွေက ရွာရွာ နဲ့
    တစ်ပတ်လောက် သေလုမျောပါး ခံစားလိုက်ရပါလေရောလား…

    ဒါမယ့်လည်း အခုကျတော့ စားချင်လာပြန်ရော.. ဟိ
    အကြောတက်ရင် နှိပ်ပေးမယ်ဆိုလား.. :mrgreen:

    • ကေဇီ

      April 28, 2014 at 12:36 pm

      ဂစ်။
      ကောင်းလိုက်တဲ့ ကံ!
      :mrgreenn:

      ဝါး ကြားလားးး
      နာ့ ကို ချက်ကျွေးမယ်ဆိုရင် အဲလို ဇက်ကြောလေးပါဆွဲပေးဖို့ ပြင်ထားနော်။

      😀

      • Wow

        April 28, 2014 at 12:51 pm

        မရိုစီပေါတဲ့ ဒညင်းသီးအုန်းနို့ဆမ်းနဲ့ အမွန်ပေါတဲ့ ဒွင်းသီး ကို ဆက်ဆွဲပီးမှ ကောင်းသေးတယ် ဆိုရင် နှိပ်ပေးမယ်နော် :mrgreen:

  • ခင် ခ

    April 28, 2014 at 2:22 pm

    Wow ကဘဲ အမြန်ချော နဲ့ ပို့ချင်တာလား
    ဖော်ကောင် ဒေါ်ကေဇီကဘဲ အမြန်ချော နဲ့ ချိတ်ထားတာလားကွယ်
    ပူပြင်းတဲ့ ဒီရာသီ ခါတော်မှီ ဟင်းချက်ဖွယ်တွေပါဘဲနော်။
    အကြံတစ်ခုတော့ ပေးခဲ့ပါရစေ စာဖတ်ပရိတ်သတ်ရေ
    အထက်ပါ ဟင်းချက်များအတိုင်း စားသောက်ကြမယ်ဆိုရင် သံပရာရည် ချဉ်ချဉ်လေးတစ်ခွက်တော့ သောက်ဖြစ်အောင်သောက်နော်…………။

    • Wow

      April 28, 2014 at 2:38 pm

      ဓာတ်ဆေးဆြာလဲ ရောက်ပီဆိုတော့ တရားနာပိတ်သတ်… စိတ်ချလက်ချ စားလို့ရပါဘီ… :mrgreen:

  • ကူမားရ်

    April 28, 2014 at 2:47 pm

    မွူသဲနော် ဗေတားကို လုပ်ကြံ ထားတာ သိတယ်…
    ဟိုနှစ်ယောက်လဲ အလိုတူ အလိုပါ,..
    ဟင်းတွေတော့ အရမ်းကြိ ုက်တယ် ဒါပေသိ ချက်တဲ့ လူကြောက်လို့ .,
    ဒွင်းသီးလေးတော့စားချင်သားခိ,

    • ကေဇီ

      April 28, 2014 at 6:32 pm

      လူကြောက်တယ်လည်း ပြောသေးးး
      ဒွင်းသီးလည်း စားချင်တယ်ပြောသေးး
      ဝါးရဲ့ နောက် နာမည်ပြောင်တစ်ခု က ဒွင်းသီးလေ မသိဘူးလားး
      :mrgreenn:
      ခုခိ ခုခိ။
      ရွာ့ သက်တော်ရှည် အမတ်နဲ့ လုရဦးတော့မယ်။
      ဗေတားကတော့။

      😀

  • snow smile

    April 28, 2014 at 3:22 pm

    အဲ့ ဒီ့ ဟင်း တွေ ချက် ကျွေး မယ် ဆို ရင်
    ကောင်း မှာ ဘဲ
    အ ကုန် ကြိုက် တယ်
    ဂွေး တောက် နဲ့ မှို က မ တဲ့ ဘူး လား

    • Wow

      April 28, 2014 at 4:12 pm

      ဂွေးတောက်ကို ကြက်ခြေထောက်နဲ့ပြုတ်… မှိုက ကန်ဇွန်းနဲ့ရော ပီး ရင် ငုပ်သီး စိမ်းလေးတွေ ထောင်းထဲ့.. ငုပ်သီးစိမ်းနဲ့ ကန်ဇွန်းရွက်က အဆိပ်ပြေဒယ်လေ မွပြုံး….
      စားပီး ဘာမှ မဖြစ်ရင် ပြန်လာခဲ့အူးနော် :mrgreen:

      • snow smile

        April 28, 2014 at 5:02 pm

        ပြန် လာ မယ်
        ဘာ တွေ ထပ် ကျွေး မှာ လဲ

        • Wow

          April 29, 2014 at 8:41 am

          ဂွေးတောက်နဲ့ မှိုစားပီးမှ ဘာမှ မဖြစ်သေးရင် ဆူးပုတ်၊ ပဲကြီး၊ တညင်းသီး၊ အုန်းနို့ခေါက်ဆွဲ၊ ဒွင်းသီး အညားကြီးရှိသေးတယ်…
          အလဂါး ချစ်လို့စတာ.. တက်စာတွေကို မတက်အောင် ချက်ကျွေးမာပေါ့… :mrgreen:

  • Ma Ma

    April 28, 2014 at 3:55 pm

    ဂျီးဒေါ်ဝါးရဲ့ စုံစီနဖာလေးတွေကလည်း စားချင်စရာတွေချည်းပဲ။
    အိမ်ထမင်း အိမ်ဟင်းဆိုတာ ဒီလိုမှ ပီပြင်တယ်။

    ထမင်းဆိုင်ဘယ်လောက်ကောင်းကောင်း အိမ်ထမင်းဟင်းကို မမီဘူးဆိုတာ ဂျီးဒေါ်ဝါးက လက်တွေ့ပြလိုက်တာ။

    ကြက်ဟင်းခါးသီးနဲ့ ဂွေးတောက်ရွက်ကို ကြိုက်တာချင်းတူတယ်။
    ဧည့်သည်လာလုပ်လို့ရမားးးးးးး 😀

    • Wow

      April 28, 2014 at 4:05 pm

      ရဒယ်မွ… အတူစားပီး အတူ တက်ပီး အိပ်ကျဒါပေါ့ :mrgreen:

  • ဦးကျောက်ခဲ

    April 28, 2014 at 7:14 pm

    မယ်ဝေါင်းနဲ့ ဇာတိတူလို့လားမသိ ၊ အဲဂလို စုံစီနဖာတွေပဲ စားချင်တယ်…
    ကြက်ဟင်းခါးသီးကို ဝက်သုံးထပ်သား သေးသေးတုံးထာလေးနဲ့ကြော်… ရှယ်ပဲ
    😀

    • Wow

      April 30, 2014 at 8:37 am

      အနော် ကျောက်စ်ကို ဘယ်ဇာတိလို့ ပေါထားမိလဲငင်င်င်င် :mrgreen:

      • ကေဇီ

        April 30, 2014 at 9:12 am

        နိ က တစ်ယောက် တစ်နေရာ ပြောထားမိလို့လားးး

        :mrgreen:

        • Wow

          April 30, 2014 at 9:33 am

          ဘယ်အရာကိုမှ တရားသေ ဆုပ်ကိုင်မထားသော…

          မင်းဝါးသင်္ခ
          :mrgreen:

  • kyawtheinmyint

    April 28, 2014 at 8:13 pm

    ဂွေးတောက်ရွက်ဟင်းချိုအတွက် အကောင်းဆုံးဟင်းခတ်ကတော့ ပင်လယ်ငါး:(ကျနော်တို့ဘက်အခါ် ငါးဟောက်)ငါးရွှေကို အသားလွှာ စင်းကောပုံစံသေးသေးလေးတွေတုံးပီး စပါးလင်နဲ့ငရုပ်သီး စပ်စပ်လေးချက် မကျီးရည်အုပ်၊ပြီးတော ခုနက ဘေးသားတွေလွှာပီးလို့ ကျန်နေတဲ့ ခါးရိုးနဲ့အမြှီးပိုင်းကို ဂွေးတောက်ရွက်နဲ့ဟင်းချိုချက်ရင် ရှယ်ပဲဗျာ။ငါးအသားလွှာတဲ့အခါ ခါးရိုးမှာ အသားနဲနဲ ချန်လွှာပါ။နောက်တနည်း ပုစွန်ခြောက်နဲ့ ချက်တဲ့အခါမှာတော့ ပုစွန်ငါးပိ လက်ထောင်းစစ်စစ်လေးကို ဖျော်ထည့်ရင် ဂွေးတောက်ရွက်နံ့ ပျောက်ပီး ပုစွန်ခြောက်နံ့ သင်းသင်းလေးနဲ့ရှယ်ပဲ။အဲဒီနည်းတွေကတော့ ကျနော်အကြိုက်ဆုံး အမေ့လက်ရာပါ။

    • ကေဇီ

      April 29, 2014 at 7:50 am

      ကျေးဇူးတင်ပါတယ်ဗျာ။
      နောက်လည်း ဝင်ပါလည်ပါ အားပေးပါ။
      ဟင်းချက်နည်းလေးတွေကို ဒီလိုပဲ ပေးသွားပါ။
      ခုခိ ခုခိ။
      😀

      • kyawtheinmyint

        April 29, 2014 at 2:52 pm

        ဟုတ်ကဲ့ ကျေးဇူးပါပဲ ဟင်းချက်နည်းကတော့ ကြုံလျှင် ကြုံသလို comment ထဲကနေ ဝင်ရေးပါ့မယ်။

  • ဗုံဗုံ

    April 29, 2014 at 1:24 pm

    တောက်စ်…နာ ယောက်ဂျားရလို့ဂတော့….
    တောက်မြင်ကပ်တဲ့နေ့..ဒီဟင်းဒွေ
    တန်းစီချက်ကျွေးပစ်မယ်………. :mrgreen:

    • ကေဇီ

      April 29, 2014 at 1:29 pm

      ဒီ ကြိမ်းဝါးသံကြားပြီး ယူနေဦးမယ် ဘေးကလုံ။
      ဂျီးဝါး လမ်းစဉ်တွေ မလိုက်နဲ့။
      😀

      • Wow

        April 29, 2014 at 1:54 pm

        ဒီအတိုင်းတောင် မရတာ… နာ့လမ်းစဉ်လိုက်လို့ကတော့ စွံအူးမယ် :mrgreen:

  • flamingo

    April 30, 2014 at 1:44 am

    တိုဖူးနဲ့ပဲပွားကမတူဘူးထငျတယျနောျ−−−−

    • Wow

      April 30, 2014 at 8:35 am

      အေးဆို … တို့ဖူးနဲ့ ပဲပြား တစ်ခြားစီ ဖြစ်လောက်တယ်ညော် :mrgreen:

    • Wow

      May 5, 2014 at 9:15 am

      သော်လေးစားချင်ရင် ချက်ကျွေးအူးမာ.. ခေးဒွေပါခေါ်ခဲ့ 🙂

Leave a Reply