Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁၃ ( Dunedin ) ။

Foreign ResidentApril 30, 201420min55511

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၁၃ ( Dunedin ) ။

 

၁၆ – ၁၂ – ၂၀၁၃ ။

 

ဒီနေ့ မနက်မှာတော့ Port Chalmer ဆိုတဲ့ ဆိပ်ကမ်းမြို့လေးမှာ သင်္ဘော ကပ်ပါတယ် ။

အဲဒီ Port Chalmer ကနေမှ သွားလည်ရမယ့် Dunedin မြို့လေးကို ၁ဝ မိုင်လောက်သွားရမှာပါ ။

 

13 နယူးဇီလန် နိုင်ငံ Port Chalmer ဆိပ်ကမ်း မှာ ကုန် တင်ချ လုပ်နေတဲ့ သင်္ဘောကြီး ။

13 နယူးဇီလန် နိုင်ငံ Port Chalmer ဆိပ်ကမ်း မှာ ကုန် တင်ချ လုပ်နေတဲ့ သင်္ဘောကြီး ။
13 နယူးဇီလန် နိုင်ငံ Port Chalmer ဆိပ်ကမ်း မှာ ကုန် တင်ချ လုပ်နေတဲ့ သင်္ဘောကြီး ။

 

13 နယူးဇီလန် နိုင်ငံ Port Chalmer ဆိပ်ကမ်း မြို့လေး ။

13 နယူးဇီလန် နိုင်ငံ Port Chalmer ဆိပ်ကမ်း မြို့လေး ။
13 နယူးဇီလန် နိုင်ငံ Port Chalmer ဆိပ်ကမ်း မြို့လေး ။

 

ကြုံလို့ တစ်ခု ပြောပြရရင် ၊ အဘတို့ သင်္ဘောထဲမှာ ၊

သိချင်တာ ရှင်းချင်တာ ရှိရင် ၊ Guest Relation Counter မှာမေးလို့ရပါတယ် ။

အဲဒီမှာ မေးစရာ staff တွေကော ၊ ကမာ္ဘ့ နိုင်ငံကြီး ၁ဝ နိုင်ငံလောက်က ၊

ဘာသာစုံ နှင့်ရေးထားတဲ့ သတင်းစာတွေလဲ ၊ အစုံပေါင်းများစွာ ချထားပေးပါတယ် ။

 

အဘတို့ အခန်းထဲက TV မှာလည်း ၊

နိုင်ငံတကာက BBC ၊ CNN စသဖြင့်သော Channel တွေ အပြင် ၊

သင်္ဘောက သီးသန့် ထပ်လွှင့်ပေးတဲ့ ၊ Weather, Navigation, Information,

Entertainment စသဖြင့် သော Channel တွေလည်း ထပ်လွှင့်ပေးပါတယ် ။

 

အဲဒီ အပြင် ၊ အဘတို့ အခန်းတွေထဲကော သင်္ဘော နေရာအနှံမှာပါ ၊

Wifi Internet ရပါတယ် ။ Connection & Speed လဲ တော်တော်လေး ကောင်းပါတယ် ။

အဟင့် ၊ အလကားတော့ မရပါဘူး ။ Internet Package သပ်သပ် ထပ်ဝယ်ရပါတယ် ။

Internet မိနစ် ၉ဝ ကို ဒေါ်လှ ၅ဝ ပေးရပါတယ် ။ ဈေးကြီး ပါတယ် ။

( အီးးးးးးး ။ အဲဒီမှာ အဘ လည်း Internet ဖိုးတင် ၊ ဒေါ်လှ ၁၀ဝ မြောက်သွားပါတယ် )

 

ထားပါတော့ ၊ အဲဒီတော့ကာ ၊ အဘတို့က နောက်နေ့ ရာသီဥတု အခြေအနေကို ကြိုသိနေပါတယ် ။

နောက်နေ့ သွားမယ့် နေရာမှာ ရာသီဥတု အခြေအနေကောင်းရင်တော့ ၊

Shore Excursion Counter မှာသွားပြီး နောက်နေ့အတွက် လက်မှတ်ဝယ်ကြတာပေါ့ ။

 

13 သိချင်တာ ရှင်းချင်တာ ရှိရင် ၊ Guest Relation Counter မှာမေးလို့ရပါတယ် ။

13 သိချင်တာ ရှင်းချင်တာ ရှိရင် ၊ Guest Relation Counter မှာမေးလို့ရပါတယ် ။
13 သိချင်တာ ရှင်းချင်တာ ရှိရင် ၊ Guest Relation Counter မှာမေးလို့ရပါတယ် ။

 

13 နောက်နေ့ ရာသီဥတု အခြေအနေကောင်းရင် Shore Excursion Counter မှာသွားပြီး လက်မှတ်ဝယ်ကြတာပေါ့ ။

13 နောက်နေ့ ရာသီဥတု အခြေအနေကောင်းရင် Shore Excursion Counter မှာသွားပြီး လက်မှတ်ဝယ်ကြတာပေါ့ ။
13 နောက်နေ့ ရာသီဥတု အခြေအနေကောင်းရင် Shore Excursion Counter မှာသွားပြီး လက်မှတ်ဝယ်ကြတာပေါ့ ။

 

အဘတို့ ကြိုသိထားရတဲ့ Weather Information တွေအရတော့ ၊

ဒီနေ့ဟာ Dunedin မှာ တစ်နေ့လုံး မိုးဖွဲဖွဲလေး ရွာနေမှာပါ ။

 

ဒါကြောင့် ၊ နေ့တိုင်း မြို့တိုင်း ထွက်လည်ခဲ့ရလို့ ပင်ပန်းနေတာ ရော ၊

မိုးရွာကြီးထဲ စိုစိ စိုစိ နှင့် အပြင်ထွက်ဖို့ ဖီလင်မလာတာနှင့် ရော ၊

ဒီနေ့ Dunedin ကို ထွက်မလည်ဖို့ စဉ်းစားထားပါတယ် ။

ဒီနေ့ သင်္ဘောထဲမှာဘဲ ကောင်းကောင်း နေ ၊ ကောင်းကောင်း စား ဇိမ်ခံလိုက်ဦးမယ်ပေါ့ ။

 

နောက် အဓိကကျတဲ့ ၊ Shore Excursion မထွက်ဖြစ်ရတဲ့ အကြောင်း တစ်ချက်ကတော့ ၊

အဘတို့ အခုကပ်မယ့် Port Chalmer ဆိပ်ကမ်း ၊ သင်္ဘောဘေးမှာတင် Free Wifi ရတယ်တဲ့ ။

ဟီ ဟိ ၊ Free Free ရတုန်း ၊ Face Book ပေါ်မှာ ပုံလှလှလေးတွေ တင်ပစ်လိုက်ဦးမယ် ၊ ဟီ ဟိ ။

 

13 အဘတို့ အခုကပ်မယ့် Port Chalmer ဆိပ်ကမ်း ၊ သင်္ဘောဘေးမှာတင် Free Wifi ရတယ်တဲ့

13 အဘတို့ အခုကပ်မယ့် Port Chalmer ဆိပ်ကမ်း ၊ သင်္ဘောဘေးမှာတင် Free Wifi ရတယ်တဲ့
13 အဘတို့ အခုကပ်မယ့် Port Chalmer ဆိပ်ကမ်း ၊ သင်္ဘောဘေးမှာတင် Free Wifi ရတယ်တဲ့

 

 

ဒီနေ့ မိုးရွာကြီးထဲ Dunedin မြို့ထဲကို Excursion မထွက်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ ၊

သင်္ဘော ပေါ်မှာ ဘယ်လို ဇိမ်ခံမလဲ ဆိုတာကို စဉ်းစားမိပါတယ် ။

 

ပထမ ဦးဆုံး ခေါင်းထဲ ဝင်လာမိတာက ထုံးစံအတိုင်း အစား ပါဘဲ ။ ဟဲ ဟဲ ။

သင်္ဘောပေါ်မှာက ပိုက်ဆံ ထပ်မပေးရဘဲ Free စားလို့ရတဲ့ Restaurant တွေ ရှိသလို ၊

ဈေးကြီးတဲ့ အထူး အစားအစာ နှင့် ဝန်ဆောင်မှု ကိုပေးပြီး ၊

ပိုက်ဆံ သပ်သပ် ကို ထပ်ပေးရတဲ့ Specialty Restaurant တွေလဲ ရှိပါတယ် ။

 

ဒါတွေက အဘ အခန်းထဲက TV မှာ ပြထားတဲ့ အကျဉ်းချုပ် Restaurant Information တွေပါ ။

 

ဒါကတော့ အဘတို့ နေ့တိုင်း စားဖြစ်နေတဲ့ Ocean View Buffet Restaurant ပါ ။

သူက ပိုက်ဆံ သပ်သပ် ထပ်ပေးစရာ မလိုပါဘူး ၊ Free ပါ ။

Breakfast ကော ၊ Lunch ကော ၊ Dinner ကော ရပါတယ် ။

 

13 ဒါကတော့ အဘတို့ နေ့တိုင်း စားဖြစ်နေတဲ့ Ocean View Buffet Restaurant ပါ ။

13 ဒါကတော့ အဘတို့ နေ့တိုင်း စားဖြစ်နေတဲ့ Ocean View Buffet Restaurant ပါ ။
13 ဒါကတော့ အဘတို့ နေ့တိုင်း စားဖြစ်နေတဲ့ Ocean View Buffet Restaurant ပါ ။

 

ဒါကတော့ Silk Harvest Restaurant ပါ ။ အာရှစာ Asian Cuisine အဓိကပါ ။

ပိုက်ဆံ သပ်သပ် ထပ်ပေးရတဲ့ Specialty Restaurant ပါ ။

လူ တစ်ဦး ကို ဒေါ်လှ ၃ဝ စီ သပ်သပ် ထပ်ပေးရမှာပါ ။

( စားပြီးရင် Tip Money လဲ ထပ်ပေးသင့်ပါသေးတယ် )

 

13 ဒါကတော့ Silk Harvest Restaurant ပါ ။ အာရှစာ Asian Cuisine အဓိကပါ ။

13 ဒါကတော့ Silk Harvest Restaurant ပါ ။ အာရှစာ Asian Cuisine အဓိကပါ ။
13 ဒါကတော့ Silk Harvest Restaurant ပါ ။ အာရှစာ Asian Cuisine အဓိကပါ ။

 

ဒါကတော့ Murano Restaurant ပါ ။ Dinner ဘဲ ရပါတယ် ။

ပြင်သစ် စာ Contemporary French Cuisine အဓိကပါ ။

ပိုက်ဆံ သပ်သပ် ထပ်ပေးရတဲ့ Specialty Restaurant ပါ ။

လူ တစ်ဦး ကို ဒေါ်လှ ၄၅ စီ သပ်သပ် ထပ်ပေးရမှာပါ ။

( စားပြီးရင် Tip Money လဲ ထပ်ပေးသင့်ပါသေးတယ် )

သင်္ဘောပေါ်မှာတော့ ဈေးအကြီးဆုံး Restaurant ပါဘဲ ။

 

13 ဒါကတော့ Murano Restaurant ပါ ။ ပြင်သစ် စာ Contemporary French Cuisine အဓိကပါ ။

13 ဒါကတော့ Murano Restaurant ပါ ။ ပြင်သစ် စာ Contemporary French Cuisine အဓိကပါ ။
13 ဒါကတော့ Murano Restaurant ပါ ။ ပြင်သစ် စာ Contemporary French Cuisine အဓိကပါ ။

 

ဒီနေ့ကတော့ သင်္ဘောပေါ်မှာ ဇိမ်ခံမယ့်နေ့ ဆိုတော့ ၊

အရင်စားနေကျ ပိုက်ဆံ ထပ်မပေးရဘဲ Free စားလို့ရတဲ့ Restaurant တွေ အစား ၊

ပိုက်ဆံ သပ်သပ် ထပ်ပေးရတဲ့ Specialty Restaurant တစ်ခုခုမှာ စားဖို့ စဉ်းစားမိပါတယ် ။

 

အဲဒီထဲမှာမှ ၊ သင်္ဘောပေါ်မှာ ပိုက်ဆံ ( အလိုက် ) ပေးရတာ အများဆုံး / ဈေးအကြီးဆုံး ၊

( တစ်ယောက် ၄၅ ဒေါ်လှ စီ ထပ်ပေးရတဲ့ ) Murano ဥရောပ စတိုင် Restaurant မှာ ဘဲ ၊

ဒီနေ့ ညစာကို သွားစားကြဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

 

( အဟင့် ဟင့် ဟင့် ၊ ပိုက်ပိုက်တွေတော့ ကုန်ပါဘီကွယ် ။ အီး ဟီး ဟီး ။

အမှန် မတော့ ၊ အဘတို့ ဘဝတွေ မလဲ ၊ ပိုက်ပိုက် ပါးရှားတဲ့ ဘဝတွေပါကွယ် ။

ဒါပေမယ့် ၊ တစ်ခါတစ်လေ ဆိုတော့လဲ ၊ ဖြစ်ချင်တာ ဖြစ်ပေစေတော့ ကွယ် ။

ဟယ် ၊ ပိုက်ပိုက် ဆိုတာ ရှိ ပူရသေး ၊ ကုန်မှအေးတဲ့ အမျိုးပေကဘဲ ။ ငိ ငိ )

 

ကဲ ၊ အစား ကိစ္စတော့ ပြီးပြီ ၊ ဒီနေ့ ပြမယ့် Entertainment ပွဲတွေထဲက ၊

Illusionist Adam & Selina တို့ရဲ့ ည ရ နာရီ မျက်လှည့်ပွဲကိုသွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

အဲဒီတော့ Murano Restaurant ကို ည ၈ နာရီ မှ Dinner စားမယ်လို့ Book လုပ်လိုက်ပါတယ် ။

 

13 Illusionist Adam & Selina တို့ရဲ့ ည ရ နာရီ မျက်လှည့်ပွဲကိုသွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

13 Illusionist Adam & Selina တို့ရဲ့ ည ရ နာရီ မျက်လှည့်ပွဲကိုသွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
13 Illusionist Adam & Selina တို့ရဲ့ ည ရ နာရီ မျက်လှည့်ပွဲကိုသွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

 

နောက်ထပ် ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားကြည့်တော့ ။ ဟဲ ဟဲ ၊ ရေကူးရမယ်လေ ။

သင်္ဘော ရဲ့ ရေနွေး ရေကူးကန်တွေမှာ အခုထိ ရေမကူးရသေးဘူး ။

အထူးသဖြင့် သင်္ဘော ရဲ့ Whirl Pool လို့ခေါ်တဲ့ ရေနွေး Jacuzzi ထဲ မစိမ်ရသေးဘူး ။

 

အဲဒီတော့ကာ ၊ ဒီနေ့တော့ နံနက်စောစော ထပြီး အပြင်ထွက်ဖို့ ၊

အလောသုံးဆယ် ပြင်စရာ မလိုဘဲ ၊ သင်္ဘောကြီး Dunedin ဆိပ်ကမ်းကပ်တာကို ၊

အေးအေးဆေးဆေး Breakfast စားရင်း ဇိမ်ခံ ကြည့်နေလိုက်တယ် ။

 

13 သင်္ဘောကြီး Dunedin ဆိပ်ကမ်းကပ်တာကို ၊ အေးအေးဆေးဆေး Breakfast စားရင်း ဇိမ်ခံ ကြည့်နေလိုက်တယ် ။

13 သင်္ဘောကြီး Dunedin ဆိပ်ကမ်းကပ်တာကို ၊ အေးအေးဆေးဆေး Breakfast စားရင်း ဇိမ်ခံ ကြည့်နေလိုက်တယ် ။
13 သင်္ဘောကြီး Dunedin ဆိပ်ကမ်းကပ်တာကို ၊ အေးအေးဆေးဆေး Breakfast စားရင်း ဇိမ်ခံ ကြည့်နေလိုက်တယ် ။

 

အံမယ် ၊ မိုးရွာကြီးထဲ အပြင်ထွက်မယ့်သူတွေကလည်း အများသားဗျ ။

တစ်ချို့တွေက ဒီကနေ ရထားစီးပြီး ထွက်သွားကြမှာဗျ ။ မနက်ဖြန်ကျမှ ၊

Dusky, Doubtful, Milford Sounds ဘက်ကနေ သင်္ဘောပေါ် ပြန်တက်ကြမှာဗျ ။

 

Express ရထားကြီး က ၊ သင်္ဘောက ခရီးသည်တွေ တက်ဖို့ ၊

ဘူတာ မရှိပေမယ့် ၊ သင်္ဘော ဘေးနားထိကို လာရပ်ပေးတယ် ခမျ ။

( ဪ ၊ ပိုက်ပိုက် ၊ ပိုက်ပိုက် ၊ တယ် တန်ခိုး အစွမ်း ကြီးမားလှပါပေ့ကွယ် )

 

13 Express ရထားကြီး က ဘူတာ မရှိပေမယ့် ၊ သင်္ဘော ဘေးနားထိကို လာရပ်ပေးတယ် ခမျ ။

13 Express ရထားကြီး က ဘူတာ မရှိပေမယ့် ၊ သင်္ဘော ဘေးနားထိကို လာရပ်ပေးတယ် ခမျ ။
13 Express ရထားကြီး က ဘူတာ မရှိပေမယ့် ၊ သင်္ဘော ဘေးနားထိကို လာရပ်ပေးတယ် ခမျ ။

 

မနက်စာ ကို အေးအေးဆေးဆေး ဇိမ်ဆွဲစားပြီးတဲ့ နောက်မှာတော့ ၊

အဘ ရဲ့ Lap Top လေးကိုပိုက်ပြီး ၊ သင်္ဘော ဘေး ကပ်ရက် ဆိပ်ကမ်းပေါ်က ၊

Free Wifi အဆောက် အဦးလေးကို သွားလိုက်ပါတယ် ။

 

အောင်မယ် ၊ သူက Wifi / Internet အလကားသာပေးနေတာ ၊

အထဲမှာ ခုံ နှင့် ၊ စားပွဲ နှင့် ၊ ပလပ်ပေါက်နှင့် ၊ အပူပေးစက် Heater နှင့် ၊

အကျအန ကို လုပ်ပေးထားတာ ခမျ ။

 

အထဲမှာလည်း Free Wifi ကို ဝိုင်းသုံးနေတဲ့ လူ ၃ / ၄ဝ လောက်ရှိသဗျ ။

လူ ၃ / ၄ဝ လောက် ဝိုင်းသုံးကြတော့လည်း Internet Speed က သိပ်မစွံဘူးပေါ့လေ ။

Mail လေး ဖွင့်တာ ၊ စာပြန်တာလောက်ကတော့ အဆင်ပြေပေမယ့် ၊

Face Book ပေါ်ကို ကိုယ့် ခရီးသွားပုံတွေ တင် ( ကြွား ) ဖို့က သိပ် အဆင်မပြေဘူးရယ် ။

 

အဲဒါနှင့် ဘဲ ၊ Free Wifi ကို ၂ / ၃ နာရီလောက်ဘဲ သုံးပြီးတော့ ၊

သင်္ဘောပေါ်ကို ပြန်လာခဲ့ပါတယ် ။

ဟဲ ဟဲ ၊ ရေကူးမယ် ။ Whirl pool / Jacuzzi စိမ်မယ်လေ ။

 

ဒါက သင်္ဘောပေါ်က Outdoor Heated Swimming Pool အပြင် ရေကူးကန် ။

ဘေးနားက အဝိုင်း ကန်လေး လေးခုက Heated Whirl Pool ။

သူက Jacuzzi အကြီးစား ။ အထဲဝင် ခလုပ်ဖွင့်လိုက်တာနှင့် ၊

ရေအောက် Direction ပေါင်းစုံကနေ ရေပန်းနှင့် ဝိုင်းထိုးပေးတယ် ။

ရေနွေး နှင့်ဆိုတော့ အကြောအချင်ပြေ အညောင်းပြေစေတယ် ။

 

အဲဒီ Whirl Pool ဘေးနားက Crane နှင့် ထိုင်ခုံ အတွဲလေးကတော့ ၊

မသန်စွမ်းတဲ့ Handicapped တွေ ၊ အရိုးအဆစ်နာ ရောဂါ ခံစားရတဲ့သူတွေ ၊

ရေကူးကန် နှင့် Whirl Pool ထဲ ရေဝင်စိမ်လို့ရအောင် တပ်ပေးထားတာ ။

 

13 ဒါက သင်္ဘောပေါ်က Outdoor Swimming Pool အပြင် ရေကူးကန် ။

13 ဒါက သင်္ဘောပေါ်က Outdoor Swimming Pool အပြင် ရေကူးကန် ။
13 ဒါက သင်္ဘောပေါ်က Outdoor Swimming Pool အပြင် ရေကူးကန် ။

 

ဒါက သင်္ဘောပေါ်က Indoor Heated Swimming Pool အတွင်း ရေကူးကန် ။

အပြင်ဖက်မှာ ရာသီဥတု အရမ်း အေးနေလို့ရှိရင် အတွင်းမှာ ကူးဖို့အတွက်ပေါ့ ။

သူ့ဘေးမှာလည်း Heated Whirl Pool တွေ ရှိတယ် ။

 

13 ဒါက သင်္ဘောပေါ်က Indoor Heated Swimming Pool အတွင်း ရေကူးကန် ။

13 ဒါက သင်္ဘောပေါ်က Indoor Heated Swimming Pool အတွင်း ရေကူးကန် ။
13 ဒါက သင်္ဘောပေါ်က Indoor Heated Swimming Pool အတွင်း ရေကူးကန် ။

 

အဘ တို့ ကူးမယ့်အချိန်က နေ့လည် ၁၁ နာရီလောက်ပေမယ့် ၊

အပြင်မှာ မိုးဖွဲဖွဲလေးတွေ ကျနေပြီး ၊ အတော်အေးနေတာနှင့် ၊

လေနွေး Heating လွှတ်ထားတဲ့ Indoor အတွင်း ရေကူးကန်မှာဘဲ ကူးလိုက်ပါတယ် ။

 

ရေ ခဏ ကူး ( ဆော့ ) ပြီးတဲ့အခါမှာတော့ ၊

Heated Whirl Pool / Jacuzzi မှာ သွားပြီး ရေနွေး အနှိပ်ခံလိုက်ပါတယ် ။

 

Whirl Pool မှာ နာရီဝက်လောက် ရေနွေး အနှိပ်ခံပြီးတဲ့ အခါမှာ ၊

အကြောအချင်တွေ တော်တော်ပြေသွားပြီး ၊ အညောင်းလဲ တော်တော်ပြေသွားပါဘီ ။

နေ့လည်စာ စားရမယ့် အချိန်ကိုရောက်နေပြီမို့ ၊

အခန်းထဲလဲ  ပြန်မသွားချင် ၊ အဝတ်လဲ ပြန်မလဲချင် တာနှင့်ဘဲ ၊

အလွယ်တကူ ရေစို အဝတ်တွေ အပေါ်က ၊ Pajama အင်္ကျ ီ အုပ်ဝတ်ပြီး ၊

ရေကူးကန် ဘေးနားက Aqua Spa Cafe မှာဘဲ နေ့လည်စာ စားလိုက်ပါတယ် ။

 

13 Heated Whirl Pool  ( Jacuzzi ) မှာ နာရီဝက်လောက် ရေနွေး အနှိပ်ခံလိုက်ပါတယ် ။

13 Heated Whirl Pool  ( Jacuzzi ) မှာ နာရီဝက်လောက် ရေနွေး အနှိပ်ခံလိုက်ပါတယ် ။
13 Heated Whirl Pool ( Jacuzzi ) မှာ နာရီဝက်လောက် ရေနွေး အနှိပ်ခံလိုက်ပါတယ် ။

 

13 ရေကူးကန် ဘေးနားက Aqua Spa Cafe မှာဘဲ နေ့လည်စာ စားလိုက်ပါတယ် ။

13 ရေကူးကန် ဘေးနားက Aqua Spa Cafe မှာဘဲ နေ့လည်စာ စားလိုက်ပါတယ် ။
13 ရေကူးကန် ဘေးနားက Aqua Spa Cafe မှာဘဲ နေ့လည်စာ စားလိုက်ပါတယ် ။

 

နေ့လည်စာ စားပြီးတဲ့အခါမှာတော့ ၊ အခန်းကို ဘဲ ပြန်ပြီး ၊

နေ့လည် တရေးတမေါ အိပ်လိုက်ပါတော့တယ် ။

 

အိပ်ရာက နိုးတာနှင့် ပြင်ဆင်ပြီး ၊

Illusionist မျက်လှည့် ဆရာ Adam & Selina တို့ရဲ့ မျက်လှည့်ပွဲကို သွားကြည့်ပါတယ် ။

 

13 Illusionist မျက်လှည့် ဆရာ Adam & Selina တို့ရဲ့ မျက်လှည့်ပွဲကို သွားကြည့်ပါတယ် ။

13 Illusionist မျက်လှည့် ဆရာ Adam & Selina တို့ရဲ့ မျက်လှည့်ပွဲကို သွားကြည့်ပါတယ် ။
13 Illusionist မျက်လှည့် ဆရာ Adam & Selina တို့ရဲ့ မျက်လှည့်ပွဲကို သွားကြည့်ပါတယ် ။

 

မျက်လှည့်ပွဲ အပြီးမှာတော့ ၊ ည ၈ နာရီ ၊

Murano Restaurant မှာ Dinner စားရမယ် အချိန် ရောက်ပါပြီ ။

 

Murano Restaurant ထဲမှာတော့ ဥရောပ စတိုင် မီးမှိန်မှိန်ဘဲ ထွန်းထားပါတယ် ။

တစ်နေရာမှာတော့ စန္ဒယားကြီး နှင့် ဖျော်ဖြေတဲ့ အဖွဲ့တစ်ဖွဲ့လည်း ရှိနေပါတယ် ။

 

13 Murano Restaurant ထဲမှာတော့ ဥရောပ စတိုင် မီးမှိန်မှိန်ဘဲ ထွန်းထားပါတယ် ။

13 Murano Restaurant ထဲမှာတော့ ဥရောပ စတိုင် မီးမှိန်မှိန်ဘဲ ထွန်းထားပါတယ် ။
13 Murano Restaurant ထဲမှာတော့ ဥရောပ စတိုင် မီးမှိန်မှိန်ဘဲ ထွန်းထားပါတယ် ။

 

13 တစ်နေရာမှာတော့ စန္ဒယားကြီး နှင့် ဖျော်ဖြေတဲ့ အဖွဲ့တစ်ဖွဲ့လည်း ရှိနေပါတယ် ။

13 တစ်နေရာမှာတော့ စန္ဒယားကြီး နှင့် ဖျော်ဖြေတဲ့ အဖွဲ့တစ်ဖွဲ့လည်း ရှိနေပါတယ် ။
13 တစ်နေရာမှာတော့ စန္ဒယားကြီး နှင့် ဖျော်ဖြေတဲ့ အဖွဲ့တစ်ဖွဲ့လည်း ရှိနေပါတယ် ။

 

Murano Restaurant ကတော့ ဈေးကြီးတဲ့ Restaurant ဖြစ်တာမို့ ၊

အဘ တို့ စားပွဲ တစ်ခုစီမှာ Waiter တစ်ယောက်စီက တာဝန်ယူပါတယ် ။

အဘ တို့ စားပွဲ ရဲ့ Waiter နှင့် မိတ်ဆက်ပြီးတဲ့ အခါမှာတော့ ၊

Menu ထဲက 3 Course ဟင်းပွဲတွေကို ရွေးကြပါတယ် ။

 

အဘ သူတို့ရဲ့ ဟင်းနာမည်တွေကို သိပ်တော့ မမှတ်မိတော့ပါဘူး ။

အဘကတော့ ( ဈေးကြီးပေးပြီး စားရတာနှင့် တန်အောင် ၊ ဟီ ဟိ ) ၊

နာမည်ကျော် Caviar ကာဗီယာ ငါးဥ Topping လုပ်ထားတဲ့ Salmon Fish Cake ရယ် ၊

Lobster ပုဇွန်ထုပ်ကြီး နှင့် Mashed Potato ပါတဲ့ အတွဲ မှာလိုက်တာပါဘဲ ။

 

အဲဒီမှာ ၊ အဘတို့ ဝိုင်းကို ကိုင်တဲ့ စားပွဲထိုးလေးက ၊

အဘတို့ ဝိုင်း ဘေးနားကို မီးဖိုလေး နှင့် ဟင်းအဆာ ပလာတွေ ယူလာပြီး ၊

စားပွဲဘေးမှာ ကပ်ပြီး ၊ သူ ကိုယ်တိုင် ထ ချက်တော့တာပါဘဲ ကွယ် ။

အင်း ၊ သူက စားပွဲထိုး တင်မကဘူး ၊ စားဖိုမှူး Cook လဲ လုပ်ပေသကိုး ။

 

13 အဘတို့ စားပွဲဝိုင်း ဘေးနားကို မီးဖိုလေး ယူလာပြီး ၊ သူ ကိုယ်တိုင် ချက်တော့တာပါဘဲ 1 ။

13 အဘတို့ စားပွဲဝိုင်း ဘေးနားကို မီးဖိုလေး ယူလာပြီး ၊ သူ ကိုယ်တိုင် ချက်တော့တာပါဘဲ 1 ။
13 အဘတို့ စားပွဲဝိုင်း ဘေးနားကို မီးဖိုလေး ယူလာပြီး ၊ သူ ကိုယ်တိုင် ချက်တော့တာပါဘဲ 1 ။

 

13 အဘတို့ စားပွဲဝိုင်း ဘေးနားကို မီးဖိုလေး ယူလာပြီး ၊ သူ ကိုယ်တိုင် ချက်တော့တာပါဘဲ 2 ။

13 အဘတို့ စားပွဲဝိုင်း ဘေးနားကို မီးဖိုလေး ယူလာပြီး ၊ သူ ကိုယ်တိုင် ချက်တော့တာပါဘဲ 2 ။
13 အဘတို့ စားပွဲဝိုင်း ဘေးနားကို မီးဖိုလေး ယူလာပြီး ၊ သူ ကိုယ်တိုင် ချက်တော့တာပါဘဲ 2 ။

 

မချက်ခင်မှာလည်း ၊ သူယူလာတဲ့ ပုဇွန်ထုပ်ကြီး နှင့် ဟင်းအဆာပလာတွေ ကို ၊

တစ်ခုချင်းစီကို ၊ အမျိုးအစားတွေ ရှင်းပြ ၊ လတ် မလတ် ကို ရှင်းပြပြီး ၊

ဟင်းထဲမှာ ထည့်ချက်မယ့် ရှန်ပိန် ပုလင်းတွေ အမျိုးမျိုး ကိုပါ ပြပြီး ၊

အဘတို့ကို ရွေးခိုင်း ၊ အဘတို့ရဲ့ သဘောတူညီချက်ယူပါတယ် ။

 

အ ဟိ ဟိ ဟိ ၊ ရွာသူားတို့ သိတော်မူတဲ့ အတိုင်း ၊

အဘ မှာ ဟင်းချက်တာနှင့် ပါတ်သက်လို့ ၊ ကြက်ဥ လောက်ဘဲ ကျော်တတ်တာလေ ။

အရက်နှင့် ပါတ်သက်လို့လဲ ၊ အရက်ဆိုတာ ခါးတယ် ဆိုတာ တစ်ခုဘဲ သိတဲ့လူကို ။

အဲလို ၊ အဘ ရဲ့ အားအနည်းဆုံး ၂ ချက်ကိုမှ လာပြီး ရွေးခိုင်းနေတယ် ။ လူဆိုး ။

 

ဒါပေသည့် ၊ ဘယ်ရမလဲလေ ၊ အဘ ကလဲ ခေသူမှ မဟုတ်ပေဘဲ ။

အနောက်နိုင်ငံသား လူကြီး လူကောင်း ပုံစံ အယောင်ဆောင်ပြီး သကာလ ၊

” Lady First ” ဆိုပြီး ၊ အဘ မဟေသီ ဘက် ခေါင်းလေး ငဲ့ ငဲ့ပြပြီး ၊

အဘ မဟေသီ ကိုဘဲ အကုန်ရွေးခိုင်းလိုက်ပါတယ် ၊ ပြီးရော ။ ဟီ ဟိ ။

 

အင်းးးးး ၊ ပြောရမယ် ဆိုရင်တော့ ၊ အဲဒီ Caviar ကာဗီယာ ငါးဥ ကို ၊

အဘ အရင်တုန်းကလဲ ပွဲတွေမှာ စားခဲ့ဘူးတယ် ၊ နဲနဲ ညှီလို့ သိပ် မကြိုက်လှ ။

အခုလည်း ၊ အမှတ်မရှိဘဲ ၊ တန်အောင်ဆိုပြီး ဈေးကြီးတဲ့ ကာဗီယာ ငါးဥ ကို ထပ်မှာတယ် ။

ထုံးစံအတိုင်းပါဘဲ ၊ နဲနဲ ညှီလို့ သိပ် မကြိုက်လှပါဘူး ။

 

Lobster ပုဇွန်ထုပ်ကြီး ဟင်းကတော့ ကောင်းရှာပါတယ် ။ ဒါပေမယ့် ၊ နည်းတယ် ။

မချက်ခင်က ပုဇွန်ထုပ်ကြီး က တော်တော်ကြီးပါတယ် ကွယ် ။

ချက်ပြီးတဲ့ အခါမှာ အဲဒီ ပုဇွန်ထုပ်ကြီး က ၊ နဲနဲ ငယ်သွားသလိုဘဲ ။

 

အဲဒီ ပုဇွန်ထုပ်ဟင်းချက်တဲ့ အချိန်မှာ ၊

သူက ဟင်းပွဲထဲကို ၊ ရှန်ပိန် အရက် လောင်းထည့်ပြီး ၊

ဟင်းပွဲထဲမှာတင် မီးရှို့ပြရတဲ့ အခန်း တစ်ခန်း ပါသေးတယ်လေ ။

သူက ပြောပြနေရင်း မီးရှို့ပြလိုက်တော့ ၊ ဓါတ်ပုံရိုက်ဖို့တောင် မမှီလိုက်ဘူး ။

ဘယ်ရမလဲ ၊ ဘေးစားပွဲအတွက် ချက်နေတာကိုတော့ အမိအရ ရိုက်ပစ်လိုက်တာပေါ့ ။

 

13 ဟင်းပွဲထဲကို ၊ ရှန်ပိန် အရက် လောင်းထည့်ပြီး ၊ ဟင်းပွဲထဲမှာတင် မီးရှို့ပြတယ်လေ ။

13 ဟင်းပွဲထဲကို ၊ ရှန်ပိန် အရက် လောင်းထည့်ပြီး ၊ ဟင်းပွဲထဲမှာတင် မီးရှို့ပြတယ်လေ ။
13 ဟင်းပွဲထဲကို ၊ ရှန်ပိန် အရက် လောင်းထည့်ပြီး ၊ ဟင်းပွဲထဲမှာတင် မီးရှို့ပြတယ်လေ ။

 

ဟင်းပွဲတွေ စားပြီးတဲ့ အခါကျတော့ ၊ အစာပိတ် စားဖို့ ၊

Cheese မျိုးစုံ စားပွဲကြီးနှင့် ရောက်လာပါတယ် ။

ဘယ်ရမလဲ ၊ Cheese မျိုးစုံ ကို တမျိုး နည်းနည်းစီ နှင့် အကုန် မြည်းပစ်လိုက်တာပေါ့ ။

မှတ်မှတ်ရရ ၊ ပုပ်အဲ့အဲ့ အနံ့ ရှိတဲ့ Cheese တစ်မျိုးလဲ ပါတယ် ။

 

13 Caviar ကာဗီယာ ငါးဥ Topping လုပ်ထားတဲ့ Salmon Fish Cake ။

13 Caviar ကာဗီယာ ငါးဥ Topping လုပ်ထားတဲ့ Salmon Fish Cake ။
13 Caviar ကာဗီယာ ငါးဥ Topping လုပ်ထားတဲ့ Salmon Fish Cake ။

 

13 Lobster ပုဇွန်ထုပ်ကြီး နှင့် Mashed Potato ပါတဲ့ ဟင်း အတွဲ ။

13 Lobster ပုဇွန်ထုပ်ကြီး နှင့် Mashed Potato ပါတဲ့ ဟင်း အတွဲ ။
13 Lobster ပုဇွန်ထုပ်ကြီး နှင့် Mashed Potato ပါတဲ့ ဟင်း အတွဲ ။

 

13 အစာပိတ် စားဖို့ Cheese မျိုးစုံ စားပွဲကြီးနှင့် ရောက်လာပါတယ် ။

13 အစာပိတ် စားဖို့ Cheese မျိုးစုံ စားပွဲကြီးနှင့် ရောက်လာပါတယ် ။
13 အစာပိတ် စားဖို့ Cheese မျိုးစုံ စားပွဲကြီးနှင့် ရောက်လာပါတယ် ။

 

စားလို့ပြီးတဲ့အခါမှာ ၊ အဘတို့ရဲ့ စာပွဲထိုးလေးကို ၊

အဘတို့ ၂ ယောက်စာ Tip Money ၁၅ ဒေါ်လှ ပေးပြီး ပြန်လာခဲ့ပါတော့တယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

အပိုင်း ( ၁၄ ) မှာ နယူးဇီလန် ခရီးစဉ် ရဲ့ အလှဆုံး ရှုခင်းတွေ လာမကွယ့် ။

ဒါပေမယ့် ၊ အပိုင်း ( ၁၄ ) ကတော့ နဲနဲ ကြာဦးမယ်ကွယ် ။

လာမယ့် စနေနေ့ မှာ ၊ အဘ ခရီးထွက်စရာလေး ရှိလို့ ။

( ၂ ) ပါတ်လောက်ကြာမယ်ကွယ့် ။

 

 

 

11 comments

  • Mr. MarGa

    April 30, 2014 at 3:49 pm

    ဘဖောရေ
    အဲဒီ ကမ်းဘေးက အပုံကြီးတွေက သစ်လုံးတွေလားဟင်
    နည်းနည်းနောနော မဟုတ်ဘူးပဲ…
    အင်တာနက်ဖိုး ဒေါ်လှ တစ်ရာပဲ ကုန်ခဲ့တယ်ဆိုတော့ သုံးနာရီပဲ သုံးခဲ့တဲ့ သဘောပေါ့နော်
    အပိုင်း (၁၄) မှာ အလှဆုံး ပုံတွေ လာမယ်ဆိုလို့ အားတက်သွားတာ
    နောက်ထပ် (၂)ပတ်လောက် ကြာမယ်ဆိုတော့
    ဒီပို့စ်ကိုပဲ အေးအေးဆေးဆေးဖတ်ရင်း ထိုင်စောင့်တာကောင်းမယ်

    (ဒီက ကွန်နက်ရှင်နဲ့တော့ ဒီပို့စ်ကိုလဲ ပုံတက်ဖို့ နည်းနည်း စောင့်ရဦးမယ်ဗျာ)

    • Foreign Resident

      May 3, 2014 at 3:29 am

      Mr. MarGa says:
      ” အဲဒီ ကမ်းဘေးက အပုံကြီးတွေက သစ်လုံးတွေလားဟင် ”

      ဟုတ်တယ် ၊ သဂျား ရဲ့ ။
      နယူးဇီလန် ဆိပ်ကမ်း မှန်သမျှမှာ သစ်လုံး အပုံကြီးတွေ အများကြီး တွေ့ရတယ် ။
      သစ်လုံးက နယူးဇီလန် ရဲ့ အဓိက ပို့ကုန်တွေထဲက တစ်ခုဘဲ ။

      နယူးဇီလန်က တစ်နှစ် ကို သစ် 4 million cubic meter လောက် ထုတ်ပြီး ၊
      အဲဒီ အထဲကမှ 2 million cubic meter လောက် export လုပ်တယ် ။
      သစ် က ရတဲ့ငွေဟာ တစ်နှစ်ကို 4.5 Billion $ ရှိတယ် ။
      —http://www.nzfoa.org.nz/publications-5/facts-and-figures—

      ” Myanmar produces about 283,000 cubic metres of teak and
      1.98 million cubic metres of hardwood annually ”
      ” In 2011-2012, the country exported
      371,000 metric tonnes of teak and 1,789,400 metric tonnes of hardwood ”
      ( Ref; Myanmar to ban timber exports in 2014 / Eleven Media )

      ” The Environmental Investigation Agency (EIA) said
      global buyers importing 22.8 million cubic meters of logs from Myanmar in 2000-13 ”
      —eia-international.org/wp-content/…/EIA-Data-Corruption-FINAL.pdf‎—

      အစိုးရ တရားဝင် စာရင်း အရ ဆိုရင် ၊
      မြန်မာနိုင်ငံ က တစ်နှစ် ကို သစ် 2.5 million cubic meter လောက် ထုတ်ပြီး ၊
      2 million cubic meter လောက် export လုပ်တယ် ။

      မြန်မာ နိုင်ငံ ဟာ နယူးဇီလန် နိုင်ငံ ထက် အကျယ်အဝန်း ၂ဆခွဲ ပိုကျယ်ပါတယ် ။
      ( 261,227 sq mi & 103,483 sq mi )
      မြန်မာ နိုင်ငံ ဟာ နယူးဇီလန် နိုင်ငံ ထက် လူဦးရေ ၁၅ ဆ ပိုများပါတယ် ။
      ( ၆၁ သန်း & ၄ သန်း )

      ဒါပေမယ့် မြန်မာ နိုင်ငံ နှင့် နယူးဇီလန် နိုင်ငံ သစ် Export ပမာဏက အတူတူပါဘဲ ။

      မြန်မာ နိုင်ငံ နှင့် နယူးဇီလန် နိုင်ငံ ၊ အကျယ်အဝန်း လူဦးရေ နှင့် ယှဉ်ကြည့်ရင် ၊
      သူတို့ရဲ့ သစ်လုံး Export လုပ်တဲ့ နှုန်းက မြန်မာနိုင်ငံထက် အရမ်း များနေပါတယ် ။

      သူတို့ က စံနစ်တကျ ( စံနစ်တကျ ) ပြန်စိုက်နေလို့သာ သစ်တော မပြုန်းတာပါ ။
      သစ်တော မပြုန်းတော့ သဘာဝ ပါတ်ဝန်းကျင် နှင့် ရာသီဥတု မပျက်ဖူးပေါ့ ။

      ဒါလေး တစ်ချက်ကို စေ့စေ့စပ်စပ် တွေးကြည့်လိုက်ရင်ဘဲ ၊
      ” Good Government ” ဆိုတာရဲ့ အဓိပ္ပါယ် ပေါ်လာမှာပါ ။

      • Ma Ma

        May 3, 2014 at 9:53 am

        ပိုစ့်ပိုင်ရှင်ရဲ့ ကွန်မန့်ကိုတောင် Best Commet ပေးချင်မိတော့တယ်။ 🙂

  • alinsett (gazette)

    April 30, 2014 at 4:30 pm

    အဲဒီ သဘောင်္ကြီးပေါ် ခဏဖြစ်ဖြစ် တက်ကြည့်နေချင်လိုက်တာ အဘရေ

  • ဝင့်ပြုံးမြင့်

    April 30, 2014 at 11:30 pm

    ကာဗီးယားငါးဥ ဆိုတာကတော့ ဝတ္ထုတွေထဲ ခဏခဏ ဖတ်ရလို့ မြည်းစမ်းကြည့်ချင်ပါသည်။

    • Foreign Resident

      May 3, 2014 at 1:59 am

      ဝင့်ပြုံးမြင့် says:
      ” ကာဗီးယားငါးဥ ဆိုတာကတော့
      ဝတ္ထုတွေထဲ ခဏခဏ ဖတ်ရလို့ မြည်းစမ်းကြည့်ချင်ပါသည် ”

      Ma Ma says:
      ” ငါးသလောက်ဥ၊ ပုစွန်ဥထက် ပိုစားကောင်းလား ”

      အင်းးးးးး ၊ ဘယ်လိုပြောရမယ် မသိ ။
      ကျနော်က အစိမ်းစားတာ သိပ်မကြိုက် ၊ ညှီတာ သိပ်မကြိုက် တဲ့သူမို့ ။
      ( ကျနော်က ညှီတာ မကြိုက်လို့ ၊ ကြက်ဥတောင် အနှစ်ပါ ကျက်မှ စားတတ်တာ )

      ငါးသလောက်ဥ ကျော် က ကျနော် ကြိုက်တဲ့ အစားအစာ တစ်ခုဘဲ ။
      အဲဒီ ကာဗီးယား ငါးဥက ငါးသလောက်ဥ ထက်စာရင် အလုံး တော်တော် ကြီးတော့ ၊
      သူက ငါးသလောက်ဥ လို ကျော်စားလို့ အဆင်ပြေမယ် မထင် ။
      ကာဗီးယား ငါးဥ ကို အစိမ်းဘဲ စားမှ ရမယ် ထင်တာဘဲ ။
      ဆယ်လမွန် ငါးဥ အကြီးစား အရသာမျိုးဘဲပေါ့ ။
      ငါး နံ့ နဲနဲထွက်မယ် ၊ ဆိမ့်တယ် ၊ ဒါပါဘဲ ။

  • snow smile

    May 1, 2014 at 5:44 am

    အ ပိုင်း ၁၄ ကြည့် ချင် နေ ပါ ပြီ

    • Foreign Resident

      May 3, 2014 at 2:03 am

      snow smile says:
      ” အ ပိုင်း ၁၄ ကြည့် ချင် နေ ပါ ပြီ ”

      ( ၂ ) ပါတ်လောက်တော့ သည်းခံ စောင့်ပေးပါ မ snow smile ရယ် ။
      ကျနော် က ခဏ ကြာရင် အမေရိက ၊ ကနေဒါ ခရီးစဉ် စဖို့ ၊
      လေဆိပ် ကို သွားရတော့မှာ ။

  • ကေဇီ

    May 1, 2014 at 6:15 pm

    အဲဒီ Jacuzzi ကို အရမ်းရမ်း သဘောကျတာ။
    ဒီ ရောက်ခါစ က အဲလာကို ဘာပြောမှန်းမသိဘူးးး
    သဌေးတွေ အိမ်တိုင်းမှာရှိတယ်။
    ခု သများသိပြီ။
    အဲဒါက သိပ်နေရာမယူဘူးးး
    အိမ်ဆောက်ဖြစ်ရင် ထည့်မယ်။

    😀

  • Ma Ma

    May 2, 2014 at 7:26 pm

    ကာဗီးယားငါးဥ တဲ့ မှတ်ထားမှ။
    ကြုံရင်မြည်းစမ်းကြည့်ဖို့။ :boss:

    ခုလောလောဆယ်တော့ စားဖူးတဲ့သူကိုပဲ မေးကြည့်ရအုံးမယ်။
    ငါးသလောက်ဥ၊ ပုစွန်ဥထက် ပိုစားကောင်းလား။
    ဘယ်လိုကွာလဲ။
    😀

  • kyeemite

    May 3, 2014 at 9:45 am

    ကာဗီးယားငါးဥ က ရခိုင်ဖက်က ငါးရောင် (ရခိုင်ကတော့ ငါးရင်းကုန်းလို့ခေါ်တယ်)ဥနဲ့တော်တော်ဆင်တယ်
    Foreign Resident says: သူတို့ က စံနစ်တကျ ( စံနစ်တကျ ) ပြန်စိုက်နေလို့သာ သစ်တော မပြုန်းတာပါ ။
    သစ်တော မပြုန်းတော့ သဘာဝ ပါတ်ဝန်းကျင် နှင့် ရာသီဥတု မပျက်ဖူးပေါ့ ။
    ဒါလေး တစ်ချက်ကို စေ့စေ့စပ်စပ် တွေးကြည့်လိုက်ရင်ဘဲ ၊
    ” Good Government ” ဆိုတာရဲ့ အဓိပ္ပါယ် ပေါ်လာမှာပါ ။
    အမှန်ပဲဗျာ..မြန်မာပြည်မတော့ သစ်တောက ကုန်နေပါပြီ…ရခိုင်ရိုးမ၊ ရှမ်းရိုးမ၊ အလယ်ရိုးမ…အားလုံး
    ဒုလ္လဘဝတ်ပီး လူထွက်လာသလိုပဲ….ကန္တာရဖြစ်ပါတော့မယ်…
    အိုဘယ့်…” Bad Government ”… :chee:

Leave a Reply