Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တချို ့ . . .ယောကျာ်းတွေ. . .( ၁ )

alinsettMay 7, 20141min106137

 

((( အရင်ကတည်းက ဆရာမဂျူးရေးတဲ့ ကျွန်မတို့မိန်းမတွေ ဆိုတဲ့ ဆောင်းပါးလေးတွေ ဖတ်ခဲ့ရတယ်။

 

အဲဒီ မိန်းမတွေဘက်က အကြောင်းအရာတွေကို ဂျူးရေးသလို ကျွန်တော်လည်း ကျွန်တော်တို့ ယောကျာ်းတွေနဲ့ ပက်သက်ပြီး ကျွန်တော် မြင်မိတာလေးတွေ ရေးချင်လာတယ်လေ။

 

ရေးမယ် ဆိုပြီး တွေးထားပေမယ့် တော်တော်နဲ့ မရေးဖြစ်ခဲ့ပဲ အခုမှ စရေးဖြစ်တယ်ဆိုပါတော့။

 

ယောကျာ်းတစ်ယောက်အနေနဲ့ ကိုယ်တွေရဲ့ ယောကျာ်းသားဖြစ်မှုကို အမွှန်းတင် အကောင်းပြောတာမျိုးလည်း မဖြစ်အောင်

အဆိုးအပြစ်တွေ ကြံဖန်ပြောတာမျိုးလည်း မဖြစ်အောင် ရေးဖို့ ကြိုးစားပါ့မယ် ။

 

ကျွန်တော့် အမြင်တွေကို ပြောတာဖြစ်တဲ့အတွက် တခြားသူတွေနဲ့ အမြင်ချင်း ကွဲပြားနိုင်ပါသေးတယ်။

 

အဓိကကတော့

ကျွန်တော်က

ကျွန်တော်တို့ယောက်ျားတွေနဲ့ ပတ်သက်ပြီး ကောင်းစေလိုသောစိတ် တိုးတက်ကောင်းမွန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးပါတယ်ဆိုတာပါပဲ ။ )))

 

ကဲ စ ဆွဲပြီဗျို ့. . .

 

———————-

 

ယောကျာ်းဆိုတဲ့အထဲက တချို့တချို့သော ယောကျာ်းတွေရဲ့ သဘာဝကို ယောကျာ်းချင်းဖြစ်တဲ့ ကျွန်တော်တို့ကိုယ်တိုင် အံ့ဩယူရတာတွေ ရှိပါတယ် ။

 

တချို ့ယောကျာ်းတွေဟာ အတ္တတွေ သိပ်ကြီးတယ်ဗျ။

 

ကိုယ့်ဘက်က ဖြစ်ချင်တာကိုပဲ ဦးစားပေးပြီး ဖြစ်သင့်ရဲ့လားဆိုတာကိုတောင် မစဉ်းစားနိုင်တော့တဲ့အထိ အတ္တအမှောင်ထဲမှာ ပိတ်မိနေကြသူတွေပေါ့

 

အဲဒီလို အတ္တအမှောင်ထဲက ယောကျာ်းတွေအကြောင်း ပြောမယ်ဆိုရင် . . .ဟိုတလောက ဖတ်ခဲ့ဖူးတဲ့ သတင်းတစ်ပုဒ်ထဲက ယောကျာ်းတစ်ယောက်ကို ပြေးမြင်မိရော. . .

 

အဲဒီယောကျာ်းဟာ. . .

 

—————————————

 

နိုင်ငံခြားက သတင်းတစ်ပုဒ်ပါ။

ဘယ်နိုင်ငံက ယောကျာ်းလဲဆိုတာတော့ သေချာမမှတ်မိတော့ဘူးဗျ။ ကြာပြီ . . .ဖတ်ထားတာ ။

 

အဲဒီယောကျာ်းဟာ . . . .

အပျော်မယားအဖြစ် ရောင်းစားခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ယောကျာ်းပါ ။

 

တရားဝင် လက်ထပ်ယူခြင်းမဟုတ်ပဲ

အဲဒီ အမျိုးသမီးကို သူက

ငွေနဲ့ ဝယ်ယူ သိမ်းပိုက်ပြီး မယားအဖြစ် ပြုကျင့် ဆက်ဆံတယ်ဆိုပါတော့။

မယား ဆိုပေမယ့်မယားတစ်ယောက်ရဲ့ အခြားခံစားခွင့်

ဘာမှ မပေးပါဘူး။

 

အဓိက သူ လိုချင်တာက အဲဒီမိန်းမရဲ့ ကုတင်ပေါ်က အနေအထားပါပဲ။ အပျော်မယားဆိုတော့

သူ ့ရဲ့ သွေးသားဆန္ဒတစ်ခု ဖြည့်ဆည်းပေးရဖို့သက်သက် အသုံးချဖို့ . . .

ငွေနဲ့ ဝယ်ထားတဲ့မယား ။

 

ဖြစ်ပုံက အဲဒီအမျိုးသမီးက ဒီလူရဲ့ လက်ထဲက ထွက်ပြေးတာ။

လွတ်မြောက်ဖို့ အကြိမ်ကြိမ်ကြိုးစားပြီး ထွက်ပြေးပေမယ့်

ပြေးတိုင်း ပြန်မိနေပါလေရော ။

 

ပြန်မိတော့ ပိုနှိပ်စက်တာပေါ့။ ဒီတော့ ပို ပြေးချင်တာပေါ့။

ဒီလိုနဲ့ တစ်နေ့ကျတော့ ထွက်ပြေးရာမှာ. . . .

ပြန်မိတယ် ။

 

အဲဒီတစ်ခေါက်မှာတော့ ယောကျာ်းဖြစ်သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ် ။

 

ဒီလောက် ထွက်ပြေးချင်နေရင် အခု မပြေးနဲ့ ။

နင် ပြေးရင် နင့်အစား မိန်းကလေးတစ်ယောက်မွေးပေးခဲ့ပြီးမှ ထွက်သွား တဲ့ ။

 

အဲဒီ ဆုံးဖြတ်ချက်ကို ချလိုက်တဲ့ ယောကျာ်းဖြစ်သူကိုလည်း အံ့ဩတယ် ။

 

လက်ခံပြီး သမီးတစ်ယောက် မွေးပေးခဲ့ပြီးမှ ထားခဲ့နိုင်တဲ့ အမျိုးသမီးကိုလည်း အံ့ဩမိပါတယ် ။

 

—————————————

 

ဒီနေရာမှာ ကိုယ့်သမီးတစ်ယောက်လုံးကို ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီးကို ‘ မိခင်စိတ် ‘ ဘယ်နားရောက်သွားလဲ လို့ မေးချင်တာကလွဲရင် တခြား ပြောစရာ သိပ်မရှိပါဘူး။

 

ဒီသမီးကလေးဟာ သူ မချစ်တဲ့ မသတီစရာ ယောကျာ်းတစ်ယောက်ရဲ့ (မလိုချင်ပဲ မွေးလိုက်ရတဲ့) သွေးဆိုတော့ နာကျည်းချက်နဲ့ စွှန့်လွှတ်နိုင်ခဲ့တာ ထင်ပါရဲ့။

 

ပြောချင်တာက ယောကျာ်းဆိုတဲ့ ဟိုလူရဲ့ အပိုင်းပါ ။

 

အဲဒီကလေးမလေးဟာ တကယ်တော့ အပျော်မယားနဲ့ ရသည်ဖြစ်ဦးတော့ . . .

သူ ့သမီးပါ။

ဘာပဲဖြစ်ဖြစ် သူ့သွေးသား သူ့သမီးပါ။

 

အဲဒီကလေးမလေး ကြီးလာရင် သူ ဘာလုပ်မှာလဲ။

 

မသင့်တော်တာတစ်ခုခု လုပ်ဖို့ ရည်ရွယ်ချက်ရှိနေပါလိမ့်မယ်။

ဆက် မတွေးရဲစရာပါ ။

 

အဲဒီလို ယောကျာ်းမျိုးရဲ့ စိတ်အခြေအနေကျတော့ ဆက်မတွေးရဲလောက်အောင်ကို အတ္တ ကြီးတာပါ ။

 

သူ ဖြစ်ချင်တဲ့ ဆန္ဒတွေအောက်မှာပဲ နစ်မြုပ်နေတဲ့ . . .

အသိဉာဏ်မဲ့ ယောကျာ်းမျိုး လို့ စွပ်စွဲသင့်ပါတယ် ။

 

************************

 

ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော ကိုယ့်သမီးကို ပြန်ပြီးး မတော်မတရားပြုကျင့်တယ်ဆိုတဲ့ အဖေတချို ့အကြောင်း မှုခင်းသတင်းတွေ ဖတ်မိတိုင်း

ကျွန်တော်တော့ စိတ်ပျက်မိတယ် ။

 

ယောကျာ်းတွေထဲမှာ

အဲဒီလို ယောက်ျားစားမျိုးတွေ (တစ်ယောက်ပဲဖြစ်ဖြစ်) ရှိနေတာဟာ တခြားသော ယောကျာ်းကောင်းထုကြီး

အတွက် နစ်နာပါတယ်။

 

ယောကျာ်းတွေထဲမှာ အဲ့ဒီလို ယောကျာ်းတွေလည်း ရှိနေပါလားဆိုတဲ့ အသိ သိနေရတာကိုက စိတ်ပျက်စရာကောင်းလှပါတယ်။

 

အတွေ ့အထိ သာယာမှုနောက်

အသိဉာဏ်မဲ့စွာ အရှက်သိက္ခာမဲ့စွာ လိုက်ပါသွားတတ်တဲ့

အဲဒီလို ယောကျာ်းစားတွေကို သနားရမှာလား ။

 

တစ်ခဏတာလေး သာယာမယ့် ဆန္ဒအတွက်

သိက္ခာနဲ့ အလဲအထပ်

လုပ်သင့် / မလုပ်သင့် ဆိုတာလေးတောင် မတွေးနိုင်ရှာတဲ့ အတွက် သနားလိုက်ရမလား ။

ဟေ့အေးးး

ဒေါသလည်း ထွက်သင့်သေးတယ် ။

 

ဘာပဲဖြစ်ဖြစ်

အဲဒီလို

ဆန္ဒကို သိက္ခာနဲ့ ပက်ပက်စက်စက်အလဲအထပ်လုပ်တတ်တဲ့ ယောကျာ်းမျိုးတွေအကြောင်း မကြားလို မမြင်လို မတွေ ့လိုဘူး

အထူးသဖြင့်. . .

လွဲမှားတဲ့ ကာမအာရုံတွေ ကျူးလွန်ခြင်းကို အပြစ်ကြီးတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ဟောဒီတိုင်းပြည် ဟောဒီလူမျိုး ဘာသာ ဟောဒီလူမှုရေး ပတ်ဝန်းကျင်မှာ လုံးဝ မရှိသင့်တဲ့ ယောကျာ်းမျိုးတွေပါ ။

 

ဘာကြောင့်များ ရှိနေပါလိမ့်။

 

အဲဒီယောကျာ်းတွေ

အဲဒီလို ပြုမူကျင့်ကြံမိတာဟာ ဆင်ခြင်နိုင်စွမ်း မဲ့လို့လား။

 

အခြေအနေပေးလို့လား။

 

ကျွန်တော် ထင်တာတော့ ဆင်ခြင်နိုင်စွမ်းမရှိလို့ အသိဉာဏ် မဖွံ ့ဖြိုးလို့ လို့ပဲ ထင်ပါတယ် ။

 

(မုဒိမ်းမှုကျူးလွန်မှုတွေဟာ မြို့ကြီးတွေမှာထက် အသိဉာဏ်ကအစ အရာရာ

မဖွံ ့ ဖြိုးတဲ့ ယောကျာ်းအများစု ရှိရာ တောနယ်ဘက်တွေမှာ ပိုအဖြစ်များသလား လို့ ။)

 

အခြေအနေပေးတိုင်း မှားရလောက်အောင် ယောကျာ်းတိုင်းကမှ

အသိဉာဏ် မမဲ့တာ။

 

အခြေအနေ ဘယ်လောက်ကြီး ပေးနေပါစေ . . .

ဆန္ဒတွေ ဘယ်လောက်ပဲ ပြင်းပြနေပါစေ. . .

မဖြစ်သင့်တာကြီး ဖြစ်မသွားဖို့တော့ ထိန်းချုပ်နိုင်စွမ်း ရှိရမှာပေါ့။

အဲ့ဒါမှ ယောကျာ်းလေ ။

 

ယောကျာ်းပီသခြင်းဆိုတဲ့ အရည်အချင်းသတ်မှတ်ချက်ထဲ အသိဉာဏ်ရှိရှိ ထိန်းချုပ်နိုင်စွမ်းရှိခြင်း ဆိုတဲ့ အချက်ကို ထည့်ထားရပါမယ်။

 

ကျွန်တော်တို့ ယောကျာ်းတွေ. . .

ကိုယ်ကျင့်သိက္ခာအတွက်ပါ။

 

************************

 

လေးစားစွာဖြင့်

 

အလင်းဆက်(Gazette)

 

4 . 5 . 2014 / 11 : 25 AM

 

မရမ်းကုန်း

 

37 comments

  • ကေဇီ

    May 7, 2014 at 1:08 pm

    အဲဒီလိုလူမျိုးကျ ယောင်္ကျား စာရင်းမပြောနဲ့ လူစာရင်းသွင်းပြီးကို မပြောသင့်တာမို့ မပြောတော့ပါဘူးးး
    .
    .
    .

    နောက်ပြီးးးး အဲ! ခု ပြောမှာကတော့ ဆရာဝန်တွေမှ ပိုရှင်းပြနိုင်မလားမသိ။ 🙄

    သွေးလျှောက်တာ က
    အပေါ်ကို လျှောက်ရင် ဆင်ခြင်တုံ့တရားက ထိမ်းသွားနိုင်တယ်တဲ့! :mrgreenn:
    အောက်ကို လျှောက်ရင် တော့ အဲဒီ အမှုဖြစ်တာပေါ့။ ဟေးဟေးဟေးး :mrgreenn:

    ဆိုလို တာ က ဝမ်း ဒါရိုက်ရှင်းပဲ သွေးလျှောက်တယ်။ :mrgreenn:

    ဒါကြောင့် ယောင်္ကျားတစ်ယောက် ကို စိတ်ချလက်ချ ယုံမှတ်မထားသင့်ဘူးးး ဆိုတာပါပဲ။
    :boss:
    .
    .
    .
    .

    .
    .
    အမီး က ပို့(စ) ပိုင်ရှင်ပြောလို့ လိုက်ပြောမိတာပါ ပိတ်သတ်ကြီးးး
    ဆဲရင် သူ့ကိုပဲ ဆဲကြပါ။
    :mrgreen:

    • alinsett (gazette)

      May 7, 2014 at 1:14 pm

      အဟိ
      ယောကျာ်းတွေ အကုန်လုံးကို သိမ်းကြုံးပြောတာမှ မဟုတ်တာကွယ်

      တချို ့ ဆိုးဆိုးတွေကို ပြောတာပါ။

      အဆဲရဗူးနော် ပိတ်တပ်ကြီးးး

      :mrgreen:

    • တိမ်မည်း

      May 7, 2014 at 1:58 pm

      ယောကျာင်္းတစ်ယောက် ကို စိတ်ချလက်ချ ယုံမှတ်မထားသင့်ဖူးဆိုတာ လက်ခံပါတယ်။

      မိန်းမဆို စိတ်ချလက်ချ ထားသင့်တယ်ပေါ့နော်………….

      တောင်တောက မသာဖူး ဆိုလို ့ မေးကြည့်တာပါ…….

      • ကေဇီ

        May 7, 2014 at 2:01 pm

        အဲလာကတော့ မိန်းမတွေ အကြောင်း ပို့(စ) တင်မှ ပြောကြတာပေါ့။
        :boss:

        • alinsett (gazette)

          May 7, 2014 at 2:08 pm

          တင်မှာလားဟင်

          တင်သင့်တယ်။

          ဒါမှ အပြန်အလှန်သဘောနဲ့ မျှတမှာ
          အဟိ

          :mrgreen:

        • ကေဇီ

          May 7, 2014 at 2:13 pm

          အင်။
          သများတို့ က ကိုယ့်ပေါင်ကို လှန်ထောင်းတာ ဝါသနာမပါဘူးးး
          ဆွမ်းကြီးပဲ ဝင်လောင်းတတ်တာ။

          :mrgreen:

  • တိမ်မည်း

    May 7, 2014 at 2:16 pm

    အဲ့လို လူမျိုး တွေက တကယ်ဆို ဆိုးဝါးလှပါတယ်။
    ကလေး သူငယ်မပြောနဲ ့ အရွယ်ရောက်ပီးသား မိန်းကလေး ဆိုရင်တောင် မဖြစ်သင့်ပါဖူး။

    မုဒိန်းမှူကို လူသတ်မှူလောက်နီးနီး ထားသင့်တယ်လို ့ထင်ပါတယ်။ ဖြစ်နိုင်ရင် သေဒဏ်ပေးသင့်တယ် လို ့ယူဆတယ်။

    ဟို နွားနို် ့သောက်ဖို ့ပြောတဲ့လူကြီးက နိုင်ငံရေးသမားတွေ လွတ်တဲ့အချိန်တုန်းက လူသတ်သမား မုဒိန်း စသဖြင့်… တကယ့် ရာဇဝတ်မှူ ကျူးလွန်ထားသူတွေ အများကြီး ပြန်လွတ်လာတယ်လို ့သိရပါတယ်….

    နိုင်ငံရေးသမားတွေကို ပြန်လွတ်ပေးတာ…. ဝမ်းသာပေမယ့်…. အခုလို ့ ပိုးမွားတွေ ပါလာတာကိုတော့ တကယ် မနှစ်မျိုု ့ပါဖူး….

    ဘာကြောင့် ဒီလို ဖြစ်လဲလို ့ မေးရင်တော့ ယဉ်ကျေးမှူ ကြောင့်လို ထင်ပါတယ်…
    ထိန်းချုုပ်မှူ အားများလွန်းလို ့ ပေါက်ကွဲတယ်လို ့မြင်ပါတယ်။
    ပီးတော့ တခြား နည်းတွေနဲ ့ အပျော်မရှာတက်တာလည်း ပါပါတယ်….

    ဥပမာ ကိုရီးယားမှာဆို ဂျပန်မှာဆို သူတို ့လည်း အာရှသားပေပဲ… သို ့ပေသိ အဲ့လို ကိတ်စမှာ ရေလည် သောင်းကျန်းဆိုပဲ…. ဒါဆို သူတို ့က ဦးဏှောက်ဆင်ခြင်နိုင်စွမ်း မရှိတော့ဖူးလား…

    သိပ်တော့ မပြောတက်ဖူးရယ်…
    အခုတော့ ဒီလောက်ပါပဲ….

    • ကေဇီ

      May 7, 2014 at 2:34 pm

      သောင်းကျန်းတာနဲ့ အသိညာဏ် ရှိတာ မရှိတာနဲ့ မဆိုင်ဘူးလေ။

      သောင်းကျန်းရမဲ့ နေရာ/လူ/ အဖြစ်အပျက် ရွေးချယ်မှု က တော့ အသိညာဏ်တို့ ဆင်ခြင်ညာဏ်တို့နဲ့ ဆိုင်သွားပြီထင်တယ်။

      • alinsett (gazette)

        May 7, 2014 at 2:44 pm

        ဟုတ်ပါတယ်။
        သောင်းကျန်းတာကလည်း ဖြစ်သင့်တဲ့သောင်းကျန်းမှုနဲ့
        မဖြစ်သင့်တဲ့ သောင်းကျန်းမှု ကွဲပြားပါသေးတယ်။

        ကိုယ့်သမီးကို ပြန်သောင်းကျန်းတာနဲ့
        သွေးမတော်သားမစပ်
        အသောင်းကျန်းခံသူကို
        ငွေနဲ့ဝယ်ယူသောင်းကျန်းတာ ကွာသလိုပေါ့။

        အင်းး
        ကျွန်တော့်ဆီမှာထက် ဆိူးတဲ့ နိုင်ငံတော့ ရှိသေးတယ်ဗျ။
        အိမ်နီးချင်းပါပဲ။
        တရုတ်မဟုတ်
        ထိုင်းမဟုတ်
        အဖြူမဟုတ်
        အဲဒီမှာဆို
        ကလေးသူငယ် အရွယ်မရောက်သေးသူတွေအတွက် လိင်ပိုင်းဆိုင်ရာ
        မတော်မတရားပြုကျင့်ခံရမှုအန္တရာယ် မသေးဘူးတဲ့။
        အရွယ်မရောက်သေးတဲ့ ကလေးမ လေးယောက်မှာ တစ်ယောက်က
        ခံရတယ် ဆိုလား
        ဟိုတလောက သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။

        🙁

      • တိမ်မည်း

        May 8, 2014 at 9:43 am

        မကေ ရေ ကျွန်တော် ပြော ချင်တာက….

        နံပါတ်တစ် မြန်မာ နိုင်ငံဟာ ရှေးရိုးစွဲလူတွေ များသလောက် ကာမ နဲ ့ပတ်သတ်ရင် ထိန်းကျတာ များတယ်…
        တနည်းအားဖြင့် အဖုံး အလုံ အုပ်ထားတဲ့ ရေနွေးအိုး သိပ်များတယ်…….
        အဲ့တော့ ပေါက်ကွဲစရာ ရှိရင် စွပ်စွဲပေါက်ကွဲပီး ချက်ချင်း ပြန်ငြိမ်သွားတဲ့သဘော ရှိတယ်…
        ကာမ မှ မဟုတ်ပါဖူး… တခြား ကိတ်စ တွေလည်း အဲ့လိုပါပဲ…..

        နောက်တချက် မြန်မာနိုင်ငံဟာ ပြည့်တန်ဆာ နဲ့ပတ်သက်လာရင် ပွင့်လင်းမှူ မရှိဖူး…..
        အဲ့ဒါကြောင့် ပြည့်တန်ဆာ အလုပ် ဟာ ရှက်စရာ လို ့မြင်ကြတယ်….. အဲ့တော့ အဲ့အလုပ်ဟာလည်း ပွင့်ပွင့်လင်းလင်း ရှိသင့်သလောက် မရျှိဖူး…. လုပ်တဲ့မိန်းကလေးတွေဟာလည်း ခေါင်းပုံဖြတ်ခံရသလို သွားမယ့် ယောကျာင်္းကလည်း အခြေအနေ ကြည့်ရတယ်….. ဆိုလိုချင်တာက မဖြစ်သင့်တဲ့နေရာတွေမှာ ပိုဖြစ်အောင် ဖန်တီးသလိုပဲ….

        နောက်တချက် ကိုရီးယား ဂျပန်နဲ ့နှိုင်းတယ်ဆိုတာက ကျွန်တော့်တို ့ဆီမှာပဲ Child Abuse ကိတ်စ ရှိတာ မဟုတ်ပါဖူး…. သူတို ့ဆီမှာလည်း ရှိတယ်…. ဒေတာ အတိအကျ မသိပေမယ့်…. သူတို ့ပိုများမယ်လို ့ ကျွန်တော် ယုံတယ်….. ဆိုချင်တာက ကျွန်တော်တို ့ထက် အသိညဏ်ဆင်ခြင်ညဏ်သာမယ်လို ့ ယေဘူယျ ယူဆ ရမယ့် သူတွေမှာလည်း အဲ့ပြသာနာ ရှိတယ်…. ကာမဟာ ကာမပဲ…. လိုချင်လာရင် ဈာန် ရထားတဲ့ ဘုန်းကြီးတောင် ဘူးသီးနှစ်လုံးကို တခြမ်းလေး မြင်မိယုံတောင် ဈာန်လျော့တယ်….

        အသိညဏ်နဲ ့လည်း မဆိုင်ဖူး ဆင်ခြင်ညဏ်နဲ ့လည်း မဆိုင်ဖူး… လူတွေရဲ့လိုချင်စိတ်ကိုက များလာတာ…. တနည်းအားဖြင့် ခေတ်က ပျက်လာတာ…..

        ကျွန်တော်ကတော့ အဲ့လို မြင်မိပါတယ်….
        မှားရင် ထောက်ပြပါနော်….
        ကျေးဇူးပဲ…..

  • sorrow

    May 7, 2014 at 2:41 pm

    အောင်မလေးဟဲ့ ..သများဆို..ဘိုလုပ်မလဲ …လူရှင်းရှင်းနေရာဆို ဖက်တီးမကြီးနဲ့မသွားရဲဘူး…ဟုတ်တယ်လေ..ယောက်ျားဆိုပေမယ့်…ဗလချင်းမှမတူတာ …မတော်အနိုင်ကျင့်ပါပြီတဲ့ …လက်မောင်းဖြူတုတ်တုတ်ကြီးတစ်လုံးတစ်လုံးက ကျော့် ခါးလောက်ရှိတယ်…
    အဟိဟိ ..ပေးချင်တဲ့မက်ဆေ့က .ခေါင်းစဉ်ကို ဆန့်ကျင်ကြောင်း……မိန်းမအထွားကြီးတွေအနိုင်ကျင့်လို့ ….မျက်ရည်ပေါက်ကြီးငယ်ကျနေရတဲ့ .ကံဆိုးတဲ့…ယောက်ျားနုထွားကြီးများလဲ ရှိကြောင်း..

    • alinsett (gazette)

      May 7, 2014 at 3:30 pm

      တစ်ရာမှာနှစ်ယောက်လောက်ပဲ ရှိမှာပါကွယ်

      :mrgreen:

    • ကူမားရ်

      May 8, 2014 at 11:55 am

      အေးလေ..ပြောလိုက်ညီရေးး..
      တို့ယောက်ျားတွေ…သူတို့ ကို ယုံမိလို့..တစ်ချက်မှားလိုက်တာ..တစ်ဘွလုံး..နံပြားနဲ့ ထောပတ် သုတ်..သွားရတာဒေ ဒုနဲ့ဒေး..ဆိုတာ…
      ဗလအားကိုးနဲ့ အနိုင်ကျင့်တာတို့…မူးလို့ဖြစ်ရတာ ပါတို့ဆိုတော တွေကတော့..လက်တစ်ကမ်းတင်ရယ်..

  • Crystalline

    May 7, 2014 at 2:53 pm

    ကျွန်တော်တို့ယောက်ျားတွေအကြောင်းဟတ်လား… သိချင်ဘူး… စိတ်လည်းအဝင်စားဘူး… :mrgreenn: အလင်းဆက်ပြောတဲ့ဇာတ်လမ်းတွေကြားဖူးတယ် ဆိုတာထက် ပတ်ဝန်းကျင်မှာ မြင်ကိုမြင်ဖူးခဲ့တာ… သူ့တို့ဘဝနဲ့သူတို့… သူတို့ကိုလည်း မကဲ့ရဲ့ပါဘူး.. သင်ခန်းစာပဲယူတယ်…
    အပြင်ခနရောက်တုန်းကပေါ့….. ကလေးငယ်ထပ်မွေးလို့ သမီးအကြီးဆုံးလေး.. ရနှစ်လောက်ကို အဖေနဲ့ခွဲသိပ်တဲ့ အစ်မဝမ်းကွဲကို သူ့မိတ်ဆွေအစ်မက နင်က ကလေးကိုအဲလိုမသိပ်နဲ့ပြော တာကြားဖူးတယ်… ကျမတို့..စိတ်တွေနဲ့ကတော့ အဲဒါမျိုး အကြံပေးစကားမျိုးကြားရတာ ပျော်စရာတော့ မကောင်းလှဘူး… ဟိုကလည်းစေတနာပါ.. အဲဒီစကားမျိုးကြားရတဲ့ဖီလင်က ကိုယ်တွေအတွက်တော့ တော်တော်ဆိုးတယ်…

    • alinsett (gazette)

      May 7, 2014 at 3:27 pm

      ဟုတ်တယ်
      အဲဒီလို အပြောတွေ ကြားရရုံနဲ့တောင်
      တော်တော် စိတ်ပျက်ဖို့ကောင်းတယ်
      ပြောစရာကို မလိုရမှာ
      🙁

  • kai

    May 7, 2014 at 3:16 pm

    မိဘနဲ့သားသမီး.. ထည့်ပြောနေတာထက်..
    ဘာသာရေးခေါင်းဆောင်တွေ(ဘုန်းကြီး၊ ဖာသာ၊ပါစတာ..ဗလီဆရာ စသဖြင့်)ကို ဘာလို့မေ့ထားလည်း.. မရေးထားသလည်း.. တွေးနေမိတယ်…

    စော်ကားတာတော့မဟုတ်..။
    .. ယောက်ျားဆိုတာက.. ယောကျာ်းဆိုတာဆိုတာကို.. သိသာစေဖို့ပါ..။
    သွေးသားအရင်းတော်နေရင်.. သာမန်အသိဉာဏ်ရှိသူတယောက်အတွက်.. လိင်ကိစ္စက.. ဘယ်လိုမှမဖြစ်နိုင်ပေမယ့်.. သွေးမတော်သားမစပ်.. ကျား/မထိတွေ့ညအိပ်..နေရတဲ့ကိစ္စတွေမှာ.. အင်မတန်သတိထားသင့်လှပါတယ်..။

    ပွင့်လင်းမြင်သာတဲ့.. ခရစ်ယန်လောကမှာဆို.. ပုတ်ရဟန်းမင်းကိုယ်တိုင်.. ရှင်းနေရတဲ့အထိ.. ပြဿနာတွေဖြစ်တာပဲ..။
    ဘာသာရေးခေါင်းဆောင်ရဲ့.. မုဒိန်းကျင့်ခံရတဲ့.. သူတွေထဲ.. ယောက်ျားကလေးငယ်တွေပါပါတယ်..။
    FIRST POPE TO RESIGN IN 600 YEARS – CHILD ABUSE + …
    http://www.youtube.com/watch?v…‎
    YouTube
    Feb 11, 2013 – Uploaded by youpoliticsjersey
    FIRST POPE TO RESIGN IN 600 YEARS – CHILD ABUSE + SEXUAL HARASSMENT BENEDICT XVI – 2013 …

    အင်း..
    မြန်မာပြည်မှာလည်း.. ကျုပ်မှာ ဘကပညာရေးကျောင်းနဲ့ပါတ်သတ်တဲ့.. ကြောက်စရာအထောက်အထားတချို့ရဖူးတယ်..။
    သတင်း..တားဂက်ထားလိုက်ကြည့်မလား.. မျက်ရည်ပေါက်ပေါက်ကျသွားမယ်…။

    သတိထားမိစေဖို့ပါ..။ အထူးသဖြင့် သမီးရှင်များ… :buu:

  • TNA

    May 7, 2014 at 3:38 pm

    အဲ့ယောင်္ကျားတွေကို ယောင်္ကျားတွေကတောင် အံ့ဩတယ်ဆိုတော့ ငါလဲအံ့ဩတာမဆန်းဘူးနဲ့တူပါရဲ့။ အဲ့လိုသတင်းတွေဖတ်ပြီးငါလဲ အံ့ဩနေတာရယ်

    • alinsett (gazette)

      May 7, 2014 at 5:48 pm

      ဟုတ်ပါ့ တဲသီရယ်
      အံ့အောဇရာ
      ပီးဒေါ့
      ရွံဇရာ

      🙁

  • lu lu

    May 7, 2014 at 4:31 pm

    အင်းးးး
    ယောက်ျားတွေအကြောင်းတော့သိပ်မသိပါဘူး
    ကိုဆက်ပြောပြတဲ့ယောက်ျားလိုလူမိူးကိုတော့အရမ်း
    ရွံတယ် ယောက်ျားတိုင်းအဲလို မဖြစ် နိုင် ဘူးလို ့လဲ
    ယုံထားပါတယ် ဒါမဲ့ ဘယ်သူ ့ဘက်မှမနစ်နာစေဖို ့
    အတွက်ဆိတ်ကွယ် ရာအရပ် မှာ ယောက်ျားနဲ ့မိန်းမ
    အတူမရှိတာပိုကောင်းပါတယ် လူ ့စိတ်ဆိုတာ မှန်းရ
    ခက်တယ်လေ

    • alinsett (gazette)

      May 7, 2014 at 4:55 pm

      ဆိတ်ကွယ်ရာ အရပ်မှာဖြင့်
      ကျွန်တော်တို့ယောကျာ်းတွေက
      တပြန် ပြန်ကြောက်ရတဲ့ မိန်းမတွေလည်းး ချိဘာတေးလယ်
      ကိုယ်ဒိုင် ကြံ ုရလို ့
      မနည်း သုတ်ခြေတင်ခဲ့ရဖူးပါတယ်
      နှစ်ယောက်တစ်ယောက် ဆိုတော့ သူတို့ပြောသမျှ ထိကပါးရိကပါးစကားတွေကို မျက်နှာပူပူနဲ့ နားထောင်ပြီး
      မကြားသယောင်ပြု
      အိမ်အမြန် ပြန်ပြေးခဲ့ရဖူးတာလေ
      မိုးချုပ် ည အိမ်အပြန်လမ်းမှာပေါ့ကွယ်
      လူပြတ်တဲ့ လမ်း
      ညအမှောင်မှာမှ
      ကျနော်လို လူချောလေးက
      တစ်ယောက်ထဲ လျှောက်မိတာကိုးးး

      🙂

    • sorrow

      May 8, 2014 at 12:13 pm

      ဆိတ်ကွယ် ရာအရပ် မှာ ယောက်ျားနဲ ့မိန်းမ
      အတူမရှိတာပိုကောင်းပါတယ် …လုလုပြောတာ အလွန်မှန်….နော့်….က္ကတ္တိဝင်္က နဒီဝင်္က တဲ့ ….လူ ့စိတ်ဆိုတာ မှန်းရ
      ခက်တယ်လေ ..နော့်…အဟိဟိ

  • ROssI

    May 7, 2014 at 6:31 pm

    ခေါင်းစဉ် ပြင်ဗျာ ..
    ဒါပဲပြောချင်တယ်…

    • alinsett (gazette)

      May 7, 2014 at 7:40 pm

      မန့်ပါသဂျားရယ်
      ဒီကိစ္စ သဂျားမင်း အမြင်ကိုလည်း သိချင်ကြဘာဒယ်

      :mrgreen:

  • ko six

    May 8, 2014 at 8:53 am

    ​အော်​ ရှိတယ်​လား
    မရှိ​လောက်​ဘူးထင်​ထားတာ
    သကြားမင်​းး​တော့​မေးမ​နေပါနဲ့
    သူဂ
    တစ်​ဖက်​တည်​းနဲ့တင်​
    ၅၀ဝ တဲ့ဗျ

  • ဦးကျောက်ခဲ

    May 8, 2014 at 9:45 am

    လူပီသဖို့က အဓိကပါ ဒညင်းဝက်ရယ်…
    စလုံးကျွန်းကိုရောက်စ အဖေက သမီးကို ၊ အဖိုးက မြေးကို သတင်းတွေဖတ်ရရင်…
    အံ့ဩလွန်းလို့ ရင်ဘတ်ထဲက နှလုံးသားတောင် ခုန်ထွက်မတတ်ပဲ…
    အော်ပရာဝင်းဖရေ ပြောတာအမှတ်ရမိတယ်…
    လူဖြစ်ပြီး လူ့စည်းကမ်းနဲ့အညီ မနေနိုင်ရင် တိရိစ္ဆာန်ပဲတဲ့…
    🙁

    • alinsett (gazette)

      May 8, 2014 at 9:50 am

      ဟုတ်တယ် လေးကျောက်စ်

      လူပီသဖို့
      လူ ့ဂုဏ်သိက္ခာ မနွမ်းပါးဖို့က အဓိကပါ

  • မီ မီ

    May 8, 2014 at 1:31 pm

    အဲ့ အမှုမျိုးဖြစ်ရင် ဖြတ်ပစ်လိုက်

    ကြက်သရေတုံးတဲ့အကောင်တွေ

    • alinsett (gazette)

      May 8, 2014 at 2:37 pm

      လက်ကျူးလက်ဖြတ်
      ဘာကျူး ဘာဖြတ်
      :mrgreen:
      ကျူးလွန်ခြင်း ဖြစ်မလာအောင်ကို
      အသိတွေ ရိုက်ထည့်ထားနိုင်ရမှာ. . .

      ကျူးလွန်ပြီးမှ အပြစ်ပေးတာထက်
      မကျူးလွန်နိုင်အောင် ကာကွယ် တားဆီးနိုင်တာကမှ
      နည်းမှန်လို့ ထင်ပါတယ်

      🙂

  • kyeemite

    May 9, 2014 at 11:05 am

    သစ်ထူးလွင်မှာတက်လာပြန်ပီဟေ့….

    “ဟုမ္မလင်း၊ မေ ၁
    စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ဟူးနောင်ကျေးရွာတွင် ဧပြီလ ၃ဝ ရက်နေ့က အသက်(၇၀)ကျော် အဘိုးဖြစ်သူက အသက်(၁၅)နှစ်အရွယ် မြေးမလေးကို သားမယားအဖြစ် အဓမ္မပြုကျင့် ခဲ့သည့် ဖြစ်စဉ်တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဌာနစိတ်မှ သိရသည်။
    “ လွန်ခဲ့တဲ့ ခြောက်လကတည်းက အဘဖြစ်သူက သူ့မြေးမလေးကို သားမယားအဖြစ်အကြိမ်ကြိမ် အခါခါ ပြုကျင့်ခဲ့တာဖြစ်ပါတယ်..။ အခုဆိုရင် ကောင်းမလေးက ကိုယ်ဝန် လေးလရရှိနေပါပြီ…” ဟု ဟုမ္မလင်းမြို့မ ရဲစခန်းရှိ အမှုစစ်ရဲအရာရှိတစ်ဦးမှ ပြောပြသည်။ 👿 👿 👿

    • alinsett (gazette)

      May 9, 2014 at 11:28 am

      စိတ်လေပါတယ် သတင်းတို့ရယ်

      :kwi:

      အို. . . . အဘ တို့ရယ်. . . .

      :mrgreen:

  • အမှန်တော့ အဲဒီအမှုတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ဟိုရက်ကလေးကတင် နာ ရေးတေးတေးလေး သဘောပေါက်လိုက်တယ်..

    ဒါမယ့် အဲ့ဒါကို လစ်ဘရယ်ဆန်ဆန် ပြောရမှာဆိုတော့ နာလို ဟိုမရောက်ဒီမရောက် တစ်လစ်က သိပ်မပြောရဲဘူး ဖြစ်နေတယ်ဟ..

    ပြန်လာခဲ့မယ်ဟာ.. :mrgreen:

    • alinsett (gazette)

      May 9, 2014 at 12:22 pm

      အဟဲ

      ပြောရဲမယ့်သူတစ်ယောက်ယောက်နဲ့ ပေါင်းပြောရင်ရော

      🙂

      နာလည်း အက်ဒါတွေဖြစ်ရခြင်းအကြောင်းရင်းတွေထဲက
      ညစ်ညမ်းဖျော်ဖြေရေးတချို့အကြောင်း ပြောဦးမလို့ပဲ
      အပိုင်း လေး မှာ ရေးထားတာ

      ဒါမယ့် အပိုင်း သုံးနဲ့ တင် ရပ်တော့မယ်

      :kwi:

Leave a Reply