Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တချို ့. . . ယောက်ျားတွေ. . .( ၂ )

alinsettMay 9, 20141min67817

 

ယောကျာ်းတွေနဲ့ ပတ်သက်ပြီး ဟိုတို့ ဒီတို့

တွေးတော ရေးပြောနေမိတာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုများ ဖြစ်နေပြီလား လို့ လည်း တွေးမိပါသေးတယ် ။

 

ဒါပေမယ့် ကိုယ်ကလည်း ကောင်းစေလိုတဲ့ ဆန္ဒနဲ့ ရေးမိတာပဲလေ ဆိုတဲ့ စိတ်ကလေးနဲ့ . . .ရေးတာပါ။

 

ပြီးတော့ ကိုယ့်မျက်လုံးထဲမှာ အမြင် ကန့်လန့်ဖြစ်သွားပြီ ဆိုရင် ပြောချင်လာတာ လျှာပါ ယားလာရော ။

 

စကားအဖြစ်

အသံနဲ ့ပြောဖို့ကျတော့ နားထောင်ပေးသူက ရှိဦးမှ။

ရှိဦးတော့ ကိုယ်က စကားကို အမြီးအမောက် တည့်အောင် သိပ်မပြောတတ်။

ဆိုတော့ လက်ကပါ ယားလာရော ။

 

ဒါနဲ့ပဲ ကျွန်တော်တို့ ယောကျာ်းတွေ ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရေးမိပြန်ရော ဆိုပါတော့. . .။

(အဲဒီ ကျွန်တော်တို့ယောက်ျားတွေ ဆိုတဲ့ ခေါင်းစဉ်ကိုလည်း ‘တချို့ ယောက်ျားတွေ ‘ လို့ ပြောင်းလိုက်ပါတယ်။)

 

ဒီတော့ ဒီအတွေး ဒီအရေးကို

ဖတ်တဲ့သူဘက်က ဖတ်ပြီး အကျိုးရှိမှာလား

ဖတ်ပြီး အတွေးတစ်ခုခု အသိတစ်ခုခု ပြန်ပြောပြဝေမျှ ဆွေးနွေးစရာတစ်ခုခု ရနိုင်ပါ့မလား ပေါ့။

စဉ်းစားတယ် ။

 

တစ်ခုခု ရစေချင်လို့ ရေးသားနေမိပေမယ့် ကျွန်တော့်အရေးအသား ညံ့ဖျင်းသွားလို့ ဘာမှ မရလိုက်ဘူးဆိုလည်း . . .

‘သူရ’ ဆိုတဲ့ ချာတိတ်ကလေး

လက်ယားလို့ ရေးတဲ့စာအဖြစ်ပဲ မှတ်ပေးကြပေါ့ဗျာ။

 

အင်းးးးး

ဒီစကားက မာနကြီးရာများ ရောက်သွားသလား. . .

 

ဟုတ်တော့ ဟုတ်တယ်။

 

ကျွန်တော်တို့ ယောက်ျားတချို့ဟာ မာနကြီးကြတယ် ။

တချို ့ယောက်ျားတွေပေါ့ ။

 

တချို့က ဘာမှ ထူးထူးထွေထွေမရှိပဲနဲ့လည်း. . .

ယောက်ျားမာနဆိုပြီး ကြွေးကြော်နေတတ်တာမျိုး. . .

 

မာနတောင် ‘မိန်းမမာန’ ဆိုတဲ့ စကားလုံးထက် ”ယောက်ျားမာန” ဆိုတာက ပို ကိန်းကြီးခန်းကြီး နေတာသာကြည့် ။

 

ဟုတ်တယ် ။

 

ယောက်ျားတွေဟာ မာနကြီးကြတယ် ။

 

မာနကြီးတယ်ဆိုတာလည်း ကြီးလောက်စရာတွေက ရှိနေတာကိုး ။

 

သာမန်အားဖြင့်. . .

ယောက်ျားတွေဟာ မိန်းမတွေထက် ဗဟုသုတ အတွေ ့အကြုံတို့ဘာတို့မှာ သာတဲ့သဘောရှိပါတယ် ။

(ယေဘုယျသဘောပြောခြင်းပါ)

 

‘သာ’ တယ် ဆိုတာလည်း ဖြစ်တည်မှုအရ အခွင့်အရေး ပိုရသလိုတွေလည်း ရှိနေတာကိုး။

 

ခရီးတစ်ခု သွားတာကအစ. . .

ရဲရဲဝံ့ဝံ့ တစ်ယောက်တည်းလည်း သွားနိုင်တယ် ။

 

မိန်းမတွေကျတော့. . .

အသွားမတော်တစ်လှမ်း ဆိုပြီး

ချင့်ချိန်ရတာတွေ အများကြီး။

 

မိန်းမခန္ဓာကိုယ်နဲ့ မစမ်းသပ်သင့်တဲ့

အတွေ ့အကြုံတွေ ဘာတွေ ညာတွေ အများကြီး ။

အမှားတစ်ချက်နဲ့ ဘဝပျက်သွားစေလောက်တဲ့ အတွက်. . .

ယောက်ျားတွေလောက် မိန်းမတွေမှာ လေ့လာလိုက်စားခွင့်မရတာတွေရှိပါတယ် ။

 

ပြီးတော့ သာမန်အားဖြင့်. . .

ကွားခြားတာတစ်ခုက

ယောက်ျားတွေက နယ်ပယ်တစ်ခုကို လေ့လာတဲ့အခါမှာ ဗဟုသုတရစေရန်. . .

အဲ့ဒီထက် ပိုပြီးတော့ အဲဒီဗဟုသုတတွေကို အသုံးချရန်. . . တတ်ကျွမ်းရန်ဆိုတဲ့ ဦးတည်ချက်မျိုးနဲ့ လေ့လာတတ်မြောက်ပါတယ်။

(မိန်းမတွေကတော့ နောက်လိုက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လေ့လာရေး သင်ယူရေး နည်းလှပါတယ်။ လေ့လာရင်လည်း အပေါ်ယံဆန်ပါတယ်။

ဒါက ကျွန်တော်တို့ရပ်ကွက်ထဲက မိန်းကလေးတော်တော်များများ ဖြစ်နေတာကို ကြည့်ပြောတာပါ။)

 

ယောက်ျားတွေက ကိစ္စတော်တော်များများမှာ မိန်းမတွေထက် ခရီးပေါက်နိုင်တယ် ။

အဲဒီ ခရီးရောက်တာနဲ့ပဲ တချို့(တချို ့)သော ယောက်ျားများက ကိုယ့်ကိုကိုယ် အထင်ကြီးတတ်ပါတယ် ။

 

” ငါ ” ဆိုတဲ့ ”အထင်”နဲ့ စိတ်ကြီးဝင်ပြီး တော်ရုံကို အထင်သေးနေတတ်ပါတယ်။

 

မာနကြီးသွားတယ်ပေါ့။

 

ငါ လုပ်နိုင်တယ်။

ငါ သိတယ် ။

ငါ တတ်တယ် ဆိုတဲ့ . . .စိတ်နဲ့ မာနတွေ တလူလူ မိုးပေါ်ပျံတတ်နေပါလေရော။

 

(တချို့ကို ပြောတာပါ။ အကုန်လုံးတော့ မဟုတ်ပါဘူး။)

 

ကျွန်တော်နဲ့

ဆုံတွေ ့ဆက်ဆံနေရတဲ့ ယောက်ျားတွေထဲမှာ ဘာမှ မဟုတ်ပဲနဲ့ မာနကြီးနေတဲ့

ယောက်ျားတွေရော . . .

တခုခု ‘ ဟုတ် ‘ နေလို့ မာနကြီးနေတာတွေရော. . .

 

မှတ်မှတ်ရရ (တစ်ယောက်မက) ဆိုရင် . . .

တရားပွဲမှာ တရားနာတာ . . .

တရားဟောမယ့် ဆရာတော်ကို ရှိခိုးကန်တော့ခြင်းလည်း မလုပ်ဘူး။

 

တရားဟောနေတဲ့ ဆရာတော်ကို အကဲဖြတ်နေတဲ့ ဟန်နဲ့ ထိုင်ကြည့်နေတာ. . .

ဒီဆရာတော် ဘယ်လောက် သိလို့လဲ. . .

ဘယ်လောက်တတ်လို့လဲ. . .

ပြောနေရင်းနဲ့ ဘယ်နေရာ မှားသွားမလဲ ဆိုတာတွေကို

ထိုင် အကဲဖြတ်နေတဲ့ပုံစံ ထင်းလို့ . . .

 

ကျွန်တော်တို့ ရပ်ကွက်ထဲကပါ။

အဲဒီလူကြီးဟာ. . .

တရားတော်တွေကို မွှေနှောက် ချောက်ချားနေတဲ့သူပါ။

လေ့လာမှု အားကောင်းတယ်ပေါ့။

တရားနဲ့ ပက်သက်ပြီး စာအုပ်ကြီးတွေ တော်တော်များများကို အထူလိုက်ကြီး မျိုချ ခဲ့ပြီးသူဆိုပါတော့. . .

 

တရားတွေဘာတွေ လေ့လာအားကောင်းသလောက်တရားမရပဲ မာနတွေတလူလူတက် ကျန်တဲ့လူတွေထက်

သူက အများကြီးသာတယ် ပိုသိတယ် ပိုတတ်တယ် ဆိုတဲ့ စိတ် ဖြစ်နေတာနေမှာ ။

(တရားသာ တကယ်သိရင် အဲဒီလို ဘယ်ဖြစ်လိမ့်မလဲ)

 

တချို့ယောက်ျားတွေက လက်အုပ်ချီဖို့တောင် ဝန်လေးကြတယ်။

 

တော်ရုံတန်ရုံလောက်ကို လက်အုပ်ချီ ကန်တော့မနေဘူး။

(တမျိုးကောင်းတာက

အဲဒီ တော်ရုံလူ မကန်တော့တတ်တာက ၃ရ မင်းတို့ ဘာနတ်ညာနတ်တို့ ဘာဘိုးတော် ညာဘိုးတော်တို့ကို မကိုးကွယ်တော့ဘူး။ မိန်းကလေးတော်တော်များများကတော့ ထစ်ခနဲရှိ လက်အုပ်ချီလိုက်ဖို ့ဝန်မလေး။)

 

အစွန်းရောက်တဲ့အခြေအနေမှာ

တော့ ဘုန်းကြီးတောင် အထင်မကြီးဘူးလို့ မြင်ရင် ကန်တော့ဖို့ ခက်ခဲသွားပါလေရော. . .

 

ကိုယ့်မာနနဲ့ကိုယ် ကြွယ်ဝနေတာပေါ့။ တော်ရုံလူတွေကို အထင်မကြီးတော့ပဲ ကိုယ့်ကိုယ်ကိုပဲ အထင်ကြီးသွားတာ ။

 

အခြေခံအသိအနေနဲ့. . .

ယောက်ျားဖြစ်ရတာက မိန်းမဖြစ်ရတာထက်

သာတယ် ပိုမြတ်တယ်ဆိုတဲ့အတွေး

မြန်မာ့ထုံးတမ်းစဉ်လာ

အယူအဆကလည်း

ရှိလေတော့

အဲဒီ ပိုမြတ်တယ်ဆိုတဲ့အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်သွားတတ်တာပါ။

 

ကျွန်တော်ကတော့. . .

အဲဒီလို မာနတွေတလူလူနဲ့ ‘ငါကမြင့်မြတ်တဲ့ ယောက်ျားကွ’

ဆိုပြီး ကိုယ့်ကို ကိုယ်အထင်ကြီး ဘဝင်မြင့်နေရုံသက်သက် ယောက်ျားတစ်ယောက်ထက် ပိုမြတ်တဲ့ မိန်းမတစ်ယောက်ရှိတယ်လို့ ယူဆပါတယ် ။

 

အဲဒီယောက်ျားထက် မြတ်တဲ့မိန်းမက

သူ ့ကိုမွေးဖွားခဲ့သော

သူ ့မေမေပါ။

 

ဟုတ်ပါတယ် ။

 

ယောက်ျားဖြစ်ရုံနဲ့ မာနကြီးနေလို့မရဘူး။

မာနကြီးနေတာဟာ အပိုပဲ။

အဓိပ္ပါယ်မရှိဘူး ။

 

တကယ် မြင့်မြတ်သော ယောက်ျားဖြစ်ဖို့ . . .

 

ယောက်ျားကောင်း ဖြစ်ဖို ့ ကြိုးစားနိုင်မှ. . .

ယောက်ျားဘဝ ရတာ. . . အကျိုးရှိမှာပေါ့ ။

 

မာနမကြီးသော. . .

အနှစ်သာရ ရှိသော . . .

တကယ့်

ယောက်ျားကောင်းတစ်ယောက်

ဖြစ်ဖို့. . .

ကျွန်တော်တော့ . . .

အများကြီး ကြိုးစားရပါဦးမယ် ။

 

————-

 

အလင်းဆက်(Gazette)

 

4 / 5 / 2014 / 15 : 13 PM

 

မရမ်းကုန်း

 

 

 

 

 

 

 

 

 

 

 

17 comments

  • Mr. MarGa

    May 9, 2014 at 10:21 am

    မာန ဆိုတာ
    မကောင်းဘူး
    ဒါပေမင့်
    မာန ကို အသုံးချတတ်ရင်
    ရှေ့ကိုရောက်ဖို့ တွန်းအားပဲ
    ဆိုတော့
    ဒါပဲပြောမယ်

    • alinsett (gazette)

      May 9, 2014 at 11:23 am

      ကျနော်တော့
      တစ်ခုခု ဟုတ်နေလို့ မာနကြီးနေတာကို လက်ခံနိုင်တယ်
      ဘာမှ မဟုတ်ပဲ မာနကြီးနေတဲ့ လူတချို့ကိုတော့ ကျိမရဘူး
      အဟိ

      ကျိမရလည်း ကျိရတာပါပဲ။
      သူ ့ကို ကိုယ်က Edit လုပ်လို့မှ မရတာ
      ဒီတော့ ကိုယ့်သဘောထားကိုပဲ ကိုယ် ပြန်Edit လုပ်ရတာပေါ့။

      🙂

  • ကေဇီ

    May 9, 2014 at 10:38 am

    အဲလာမိုးက မာနဟုတ်လို့လားဟမ်?၊။ 🙄

    ယောင်္ကျားဖြစ်လို့ မာနကြီး မာန်တက်စရာမလို့ဘူးပေါ့။ :mrgreenn:
    ကွကိုယ် ဘယ်လောက် မြင့်မြတ်တယ်ထင်ထင် မက်မွန်သီးကနေ ပေါက်ဖွားလာတာမှ မဟုတ်ပဲလို့၊.

    ဘယ်ထဲကထွက်လာတာလည်း ဆိုတာသိပေါ့။ :mrgreenn:
    .
    .
    .

    အဟွာလေ။ ဘိုက်ထဲက။ အမေ့ဗိုက်ထဲက ထွက်လာတာလို့။ :mrgreenn:
    .
    .

    .
    .
    .
    .

    တမီးးး က ပို့(စ) ပိုင်ရှင် စပြောလို့ လိုက်ပြောမိတာပါ။
    ဆဲချင်ရင် သူ့ကို ဆဲကြပါ။
    😀
    .
    .
    .

    ရေးတာလည်း ကြည့်ရေးးး
    အမျိုးသားပိတ်သတ်လျော့သွားဦးမယ်။
    :boss:

    • alinsett (gazette)

      May 9, 2014 at 11:12 am

      အဟဲ

      တချို့ကို ပြောတာပါ။

      နောက်လာမယ့် အပိုင်းတွေမှာ
      အမျိုးသားတွေ ကောင်းတဲ့ သာတဲ့အချက်တွေ ရေးထားတယ်

      အဲ့ကြရင် အမျိုးသမီးများ ဆဲကြမလားမသိ

      :mrgreen:

    • Wow

      May 9, 2014 at 2:49 pm

      ဟိုနေ့က ရပ်ကွက်ထဲမာ ရန်ဖြစ်နေဂျဒါ… မိန်းမဂျီးက ယောက်ကျားဂျီးကို နင်ဘယ်က မွေးလာတယ်ဆိုတာ သိသွားအောင်ပြလိုက်မယ်တဲ့ အော်ပီးပြောနေတာ… ဘာလုပ်ပြနေလဲတော့ မကျိခဲ့ပါဝူး … အိုက်နား လူဒွေ အုံနေပီး တိုးမပေါက်လို့ :mrgreen:

      • black chaw

        May 9, 2014 at 4:48 pm

        @ ဒေါ်ဝေါင်း ;
        အိုက်လို ကွန်းမန့် မျိုးတွေ သဘောကျတာဗျ…။
        ဘာမှတော့ မဟုတ်ဘူး…။
        ဖတ်ပြီး ပြုံးစေ့စေ့ ဖြစ်သွားစေတယ်ပေါ့ဗျာ…။
        အနုပညာ ပါတယ်လို့ကို အလွန်အကျူး ချီးကျူးသွားပါတယ် ခင်ည။

  • kyeemite

    May 9, 2014 at 11:20 am

    ဘာဘာ ဘာမှ မပြောချင်တော့ဘူး
    💡 🙄

    • alinsett (gazette)

      May 9, 2014 at 11:25 am

      အဟိ

      :mrgreen:

      နောက်တစ်ပိုင်း
      ယောက်ျားတွေရဲ့ အားသာချက်လေးတွေ ရေးပြီးရင်တော့
      တချို့ယောက်ျားတွေဆိုတဲ့ အခန်းစဉ်ကို ရပ်လိုက်ပြီ ဖြစ်ပါကြောင်းးး

      :mrgreen:

  • black chaw

    May 9, 2014 at 12:41 pm

    ယောက်ျား…မိန်းမ…အခုချိန်ထိ
    ခွဲခြားပြောနေတုန်းလား ကိုအောင်သိန်းလင်း ရယ်…။
    😀

    • alinsett (gazette)

      May 9, 2014 at 1:00 pm

      တိန်

      ခွဲခြား မပြောရတော့ဝူးလား
      အောင်သိန်းလင်းတဲ့လား. . .

      :mrgreen:

  • ဒါမယ့်ဟာ.. အကျင့်က စွဲနေတော့ ဖျောက်ရခက်တယ်ဟ..

    ဥပမာဆိုရင်.. ငါ ကိုယ်တိုင်က ယောက်ျား မိန်းမ တူတူပဲ.. လူ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထားပေမယ့်.. တကယ်တမ်းကျတော့.. “ယောက်ျားကတိနော်” တို့.. “မိန်းမကျင့် မိန်းမကြံ မကြံနဲ့” တို့ “ယောက်ျားက ယောက်ျားစကားပြော” ဆိုတာတို့ ပြောမိနေပြန်ရောဟ…

    ပြင်ဖို့ခက်တယ်..

    • alinsett (gazette)

      May 9, 2014 at 1:01 pm

      တကယ်တော့ ယောက်ျားက ယောက်ျားပါပဲ
      မိန်းမက မိန်းမပါပဲ

      🙂

  • lu lu

    May 9, 2014 at 6:16 pm

    ထစ်ခနဲရှိလက်အုပ်ချီတတ်တဲ့မိန်းက လေးတွေထဲ
    မိလု ပါဘူးလားလို ့:-) ( အဟိ ဒါ မိန်းမ မာန)
    ဘုရားက တော့ ငါ သူတပါး ကျား မ , မရှိဝူးဒဲ့
    အားလုံး က ရုပ်နဲ ့နာမ် ပဲဒဲ့ အဲဒါပဲ လက်ခံ ထားတယ်
    ကောင်းဘူးလား

    • alinsett (gazette)

      May 10, 2014 at 7:40 am

      မိလု ကတော့
      ရုပ်တုကိုးကွယ်မှုနောက် ယောင်လို့တောင် မလိုက်တဲ့ မိန်းကလေးတစ်ယောက်ပေါ့

      ဘာသာပြောင်းလာတဲ့ မိန်းကလေးတစ်ယောက်က ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ထဲထဲဝင်ဝင် ရှာဖွေ ဆောင်ယူနိုင်တာ ကို
      အသိအမှတ်ပြုထားပါကြောင်းးးး

      🙂

  • sorrow

    May 12, 2014 at 3:02 pm

    Kachin Young handsome Men’s Liberation Front ( KYHMLF ) ကချင်နုထွားကြီးများ လွတ်မြောက်ရေးတပ်ဦးကို …14ထပ် ဆာကူရာ ရွှေရင်ဆို့တောင် တွင် ယနေ့တရားဝင်ဖွဲ့စည်းလိုက်ကြောင်း …စစ်အာဏာရှင် ဖက်တီးမကြီးများကို သေတပန်သက်တဆုံး တော်လှန်မည်ဖြစ်ကြောင်း …
    လွတ်မြောက်ရေးတပ်ဦးကို တည်ထောင်သူ ကချင်နုထွားကြီးဆောရိုးမှ ..
    .လေယာဉ်မယ် ဖက်တီးမကြီးကို ပိုးကြေးပန်းကြေး
    ကျွေးမွေးရန်အသီးခွာရင်း ပြောကြားခဲ့ပါသည် ။
    REF: …အယ်ဂျားစီးယားကချင်သတင်းဌာန
    (အကြောင်းအရာ : တော်လှန်လိုသော တချို့ယောက်ျားများအကြောင်း..အာဟိ )

Leave a Reply