Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရှက်တတ်ရင် သေလို့ရတယ် @kai

မီ မီMay 12, 20141min1718111

ဘဝင်လည်းမမြင့်ရပါ ရှင်
သူရဲကောင်းတွေကိုအားကျ
သမိုင်းထဲမှာဖတ်ခဲ့ရလို့
ချေဂွေဗားရား ၊ ဟိုဆေးရီဇော် ဟိုချီမင်းပါမကျန်
လေးစားအားကျခဲ့ပါတယ်ရှင်
မြန်မာဆိုတာ သမိုင်းအဆက်ဆက်မျက်နှာငယ်ခဲ့ရတာ
မြန်မာဆိုတာ မျက်စိပိတ်နားပိတ်နေရတဲ့ဘဝ
မြန်မာဆိုတာ မျက်မှောက်ခေတ်ဆင်းရဲနုံခြာလှတာ
သိပ်သိတာပေါ့ရှင်
ရှင်တို့ပဲ သိဖို့လိုတာ
တကိုယ်ရေသက်သာချောင်ချိဖို့
နိုင်ငံခြားမှာဒေါ်လာရှာ
သက်သာတဲ့ဘဝအခြေအနေရောက်မှ
မြန်မာကိုပြန်လှည့်ကြည့်တော့
ရှင်တို့လည်းမြန်မာဖြစ်ရတာ
ရှက်နေမှာပေါ့နော်
သန်း ၈ဝ ရဲ့တစ်ရာပုံတစ်ပုံသာ
ပညာတတ်လူတန်းစေ့တာ
ကျန်တာတွေက နုံခြာဆင်ရဲ
ပျော်နေမယ်ရှင်တို့ထင်သလား
မျှော်လင့်ချက် မဲ့တဲ့ဘဝမှာ
အနူဖြစ်ကာမှ ဝဲစွဲရတဲ့ဘဝ
ရှင်တို့မို့ပြောရက်တယ်
ဘဝင်မမြင့်နဲ့ဟုတ်လား
ဘဝင်မြင့်ရအောင် လေယဉ်လည်းမစီးဖူးဘူး
လေယဉ်ပေါ်ကလည်းမကြည့်ဖူးဘူး
လေထိုး လေလျော် လေပေါ်ကလည်းမဝေဖန်ဘူး
တတ်နိုင်ရင်ပြန်လာခဲ့ကြပေါ့
ရှင်တို့ သင်ထားတဲ့ပညာ
ရှင်တို့သိတဲ့နိုင်ငံတကာ
ရှင်တို့ပေါက်တဲ့ အတွေးအခေါ်
ရှင်တို့ရထားတဲ့ဒေါ်လာ
မြန်မာတွေကိုကူထောက်ပံ့ဖို့
ရေတပေါက်ပဲဖြစ်ဖြစ်
ဆားတစ်ပွင့်ပဲဖြစ်ဖြစ်ပေါ့
အသံကောင်းဟစ်နေတာကတော့
ရှင်တို့လေ ……
ရှက်တတ်ရင် သေလို့ရတယ် ။

ဘဝင်မမြင့်ရပါရှင်
ဘာသာ ယုံကြည်မှု အလှူဒါန
ကိုယ်ကြိုက်တာကိုယ်လုပ်မှာပေါ့
ဒုသီလနဲ့ သုသီလ
ဘယ်သူ့ကိုဒါနပြုမလဲ
ဝေလာမ သုတ္တံကို ပမာထား
ဘယ်ကုသိုလ်အမြတ်ဆုံးဆိုတာ
မှားများ မှားနေလို့လားရှင်
ရှင်တို့ ကမ္ဘာကျော်သဌေးကြီးရဲ့
ဂျန်းတဲမဲန်း စတိုင်တွေ
တကယ်အားကျရင်ပြန်လာခဲ့ပါလား
သတင်းစာဆိုတာ
မြန်မာမှာလည်းထုတ်လို့ရတယ်
ရှင်တို့သိတဲ့နိုင်ငံတကာသတင်းတွေ
ရှင်တို့ရဲ့ မီဒီယာအတတ်ပညာတွေ
မြန်မာတွေကြားမှာဖြန့်ဝေကြလေ
ဒေါ်လာတော့မမှန်းနဲ့ပေါ့
စုတ်ပြတ်နေတဲ့ဘဝတွေထဲကငွေအကြွေတွေကို
သဲ့ယူဖို့တော့ မစဉ်းစားနဲ့ပေါ့
တကယ်သာမြန်မာကိုချစ်ရင်
လေထိုး လေလျော် လေပေါ်ကအော်မနေပါနဲ့
အဆိပ်မိငါးတွေစားရတဲ့ဘဝထဲ
အဟာရချို့တဲ့လို့သေဆုံးနေတဲ့ဘဝထဲ
မပြည့်စုံမလုံခြုံတဲ့ဘဝထဲ
အမှောင်ထုထဲက
လူ့အခွင့်ရေးဆုံးရှုးနေတဲ့ဘဝထဲ
အလင်းရောင်တစ်ချက်ပေးကြည့်ပါ
ရှင်တို့ပြောတဲ့ ဘတ်တာဖလိုင်းသီအိုရီကို
ကလေးတွေကိုသိအောင်လာသင်ပေးပါ
လေထဲမှာ အသံကျယ်ကျယ်အော်တာကတော့
ပဲပြုတ်သည် ဒေါ်ဂွက်ထော်လည်းတတ်တယ်
တွေးကြည့်ရင်လေ ……
ရှက်တတ်ရင်သေလို့ရတယ် ။

ဘဝင်မမြင့်ရပါရှင်
ရှုခင်းတွေ မသာယာတာလည်း
နားလည်သဘောပေါက်ပါတယ်
ဘာတခုမှထုတ်ကုန်မရှိတာလည်း
နားလည်ခဲ့ပါတယ်
ပညာရေးစံနစ်မကောင်းလို့
ကျောင်းဆရာမတွေညံ့လို့
အစိုးရအသုံးမကျလို့
ပါတီဝင်တွေ ဗျောက်သောက်ဖြစ်လို့
ပြည်ခိုင်ဖြိုးအဖွဲ့က ဖွတ်တွေများလို့
၈၈ အဖွဲ့က အင်အားနဲလို့
ဒီလိုသာ ရှင်တို့ထင်ရင်လေ
ပြန်လာပြီးဝိုင်းဝန်းကြပါလား
လခနည်းလို့
ဒေါ်လာငွေ မရနိုင်လို့
ရှင်တို့တွေ မလုပ်နိုင်တာများ
လေထိုး လေလျော် လေပေါ်မှာဆရာလုပ်တာ
တွေးကြည့်ရင်လေ ……
ရှက်တတ်ရင် သေလို့ရတယ် ။

ဟိုချီမင်းတောင်မှ
ထမင်းတနပ်လျော့စားသေးတာ
ရှင်တို့လည်းသူရဲကောင်းလုပ်ချင်ရင်
မြန်မာကိုပြန်ပံ့ပိုးကြပေါ့
ကိုယ်ကကောင်းစားပြီးမှ
ဘေးလူကိုသတောင်းစားပြောတာ
ဆံပင်ဖြူနှုတ်ရင်းအတင်တုတ်တဲ့
ဒေါ်ဘုမလည်းပြောတတ်တယ်
မြန်မာ့ထွက်ကုန်ညံ့လို့လူမသုံးတာ
ရှင်တို့သိရင် လာပြန်ထုတ်လုပ်လေ
လေထဲကပဲအော်တတ်တာများ
မိုးရာသီ ဖားလက်တက် တွေက
ပျင်းသနားတာပေါ့ရှင်
ဒုက္ခတွေခါးစည်းခံရသူကိုမှ
အပေါ်စည်းကအပြစ်တင်ရက်တယ်
တနိုင်ငံလုံးစုတ်ပြတ်နေတာ
သိသာသိ မလှောင်ပြောင်နဲ့လေ
မြန်မာစာမတတ်တဲ့
မြန်မာနိုင်ငံသားတွေရှိနေသေးတာ
ရှင်တို့လည်းသိပါလျှက်နဲ့
အင်္ဂစာမတတ်တာ
ဆန်းများနေသလားရှင်ရယ်
မြန်မာကိုတကယ်ချစ်ရင်
တိုးရစ်စ်တွေကိုမပြချင်တဲ့
စုတ်ပြတ်နေတဲ့ဘဝတွေ
နုံခြာနေတဲ့ဘဝတွေ
မွဲပြာနေတဲ့ဘဝတွေ
အကူအညီ မဲ့နေတဲ့ဘဝတွေ
ဘုန်းဘုန်းကျနေတဲ့စိတ်ဓတ်တွေ
ရှင်တို့တဖက်လောက်လာကူထမ်းလေ
ဟိုဟာ မကောင်းလို့
ဟိုဟာ ညံ့လို့
ဟိုလူ အသုံးမကျလို့
ဟိုစံနစ်က ခေတ်မမှီလို့
လေထဲက လူစွာလုပ်တာမျိုးတော့
ဗေဒင်ဆရာ ဆရာညာက
ပျင်းသနားတာပေါ့ရှင်
လေထိုး လေလျော် လေပေါ်မှာလူဇော်လုပ်တာ
စဉ်းစားရင်လေ ……
ရှက်တတ်ရင် သေလို့ရတယ် ။

111 comments

  • အိမ်လွမ်းသူ

    May 12, 2014 at 2:28 pm

    ဟ မြို့စားမင်း ကို တဲ့ ဆော်နေတာ ပဲဟ။ တားတို့က တော့ ကြောက်တက်တယ် ညော်……

    • အိမ်လွမ်းသူ

      May 12, 2014 at 3:40 pm

      မ မီမီရေ ဒီ ကိစ္စက တော်တော်ပြောရ ခက်တယ်ဗျ။ မျိုးချစ်စိတ် ဆိုတဲ့ ပေတံနဲ့ တိုင်းမယ်ဆိုရင် တော့ ပြည်ပမှာ နေပြီးအလုပ်လုပ်နေ သူတွေကို တကိုယ်ကောင်းစံ တဲ့လူတွေလို့ ထင်စရာရှိတယ်။ ဒါပေမယ် လူသားဆန်တဲ့ ပေတံနဲ့ တိုင်းရင်တော့ လူအများစုဟာ ( အများစု ) ဟာကိုယ့် ဘဝကိုယ် အဆင်ပြေပြေ အပူအပင် သိပ်မရှိပဲ ဖြတ်သန်းခြင်ကြတာကြီးပဲ။ ပုတုစဉ် လူသားရဲ့သဘာဝ ကိုယ်က အတ္တရှိတာ လူသားဆန်ခြင်း တမျိုးပဲလေ။ အမပြောတဲ့ အများအကျိုးအတွက် ကိုယ့်ဘဝကို အမှန်တကယ် ( ကိုယ့်အကျိုး နဲ့ အတ္တ လုံးဝ မပါပဲ ) အနစ်အနာ ခံတဲ့ သူဆိုတာ တစ်သိမ်းမှာ တစ်ယောက် တစ်သန်းမှာ တစ်ယောက် လောက်ပဲ ရှိတယ်လို့ ထင်တာပဲ။ ဒါပေမဲ့ အဲဒီလို လူမျိုးတွေရဲ့ စိတ်ဓတ် ခံယူချက်တွေ နဲ့ လူတွေတိုင်း ကိုလိုက်တိုင်း နေလို့တော့ လက်တွေ့ သဘာဝ ကြကြ မဖြစ်နှိုင် ဘူးထင်တာ ပဲ။ ဥပမာ အများကြီးမဟုတ်ဘူး ဗိုယ်ချုပ် အောင်ဆန်း တို့ ဒေါ်အောင်ဆန်း စုကြည် တို့ ဦးဝင်းတင် တို့ ကိုမင်းကိုနိုင် တို့လို့ သူမျိုးတွေရဲ့ စိတ်ဓတ်ရဲ့ ၁၅ ရာခိုင်နှုန်း လောက်ကိုသာ မြန်မာလူမျိုးအားလုံးရဲ့ ၃ဝ ရာခိုင်နှုန်း လောက်မှာသာရှိခဲ့ ရင် မြန်မာပြည် ဒီနေ့ ဒီလိုဖြစ်လာ လိမ့်မယ်လို့ မထင်ဘူး။ အဲဒီတော့ လက်တွေ့ကြပြီးတော့ လူအများစု လက်ခံနှိုင်တဲ့ အခင်းအကျင်းမျိုး ဖြစ်ရင် မခေါ်လဲ ပြန်လာကြ လိမ့်မယ် ထင်တာပဲ။ ပြောသလိုပဲ အမေရိကားမှာ လစာတွေ အများကြီးနဲ့ ဇိမ်ကြကြ နေနှိုင်နေတဲ့ ဆရာဝန် တစ်ယောက်ကို ခင်ဗျား မျိုးချစ်စိတ်ရှိရင် ကျုပ်တို့တိုင်းပြည်ရဲ့ နယ်ဆေးရုံလေးမှာ လာလုပ်ပါလား လစာ နှစ်သိန်းပေးမယ် ဆိုရင်တော့ လက်တွေ့မကြ တဲ့ ကိစ္စ ပဲဖြစ်လာ မှာပဲ။ စကားမစပ် အမ က ၈၈ က မမီးမီး တော့မဟုတ်ပါဘူး နော်။ ကျော်က အဲဒိ တယောက်ကို စိတ်ဓတ်ပိုင်းမှာ တင်လေးစားတာ မဟုတ် သူရဲ့ မျက်နာကြကိုပါ လွှတ်ကြွေတာ ဗျ။ ဟီး။။။။.

  • Mr. MarGa

    May 12, 2014 at 2:31 pm

    အင်းးး ထမင်းတစ်နပ်လျှော့စားဖို့ပြောတဲ့ ဟိုဝန်ကြီးက ဟိုချီမင်းလမ်းစဉ်လိုက်ခိုင်းတာဖြစ်ရမယ် :mrgreenn:

  • ကေဇီ

    May 12, 2014 at 2:33 pm

    ဘူသူသေသေ မွင်းငါးစားရရင် တော်ပါပြီ။
    :sar:

    သိပ်စိတ်မကြီးပါနဲ့ မီမီရယ်။
    အစိတ်လျှော့ပါ။
    အဲလေ စိတ်လျှော့ပါ။

    :mrgreen:

  • koko

    May 12, 2014 at 2:42 pm

    ရေးချင်တာကြာပေါ့ အဲလိုမျုးိ
    ဘယ်လိုများ ချေပမလဲနော်

  • alinsett (gazette)

    May 12, 2014 at 3:02 pm

    ဘာမှ ပြောတော့ဘူး
    ဟိုဦးကြောင်ကြီး ရန်ပြန်တွေ ့မှာ ကြောက်လို့

    :mrgreen:

  • Nyo Win

    May 12, 2014 at 3:03 pm

    အဲ့..အယ်..အဲ….ဘာပြောရမှန်းတောင်မသိဘူး. 🙂
    စကားမစပ်…………ဒါလည်းမှန်သလိုလိုပဲ

  • kai

    May 12, 2014 at 3:15 pm

    စာက..
    တော်တော်… တော်တော့်ကိုကောင်းပါတယ်..။
    သာဓုဗျာ..။

    ဆိုတော့..
    အရင်နှစ်တွေက.. ပြန်လာလို့မှမဖြစ်နိုင်လောက်အောင်.. ပိတ်ဆို့တာတွေရှိနေတာကိုး..
    အခုတော့.. ခေတ်တော်တော်ပြောင်းပါပြီ..။
    ပြန်လာလုပ်နိုင်တဲ့အခြေအနေတွေရှိလျှက်မှ.. မပြန်ကြပဲ.. အပြင်ကအော်နေကြတာဘယ်ကောင်းမလဲပေါ့..
    ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်ပေါ့…။

    စကားအတင်းစပ်..
    အခု.. ကျုပ်ကဘာတွေဘယ်လို.. လုပ်နေတာလို့.. ထင်တာလည်းဟင်င်င်.. :mrgreen:

    မှတ်ချက်။ ။ (နောက်များမှ) :buu:

  • ခင် ခ

    May 12, 2014 at 3:17 pm

    ” ပြည်ပအားကိုး ပုဆိန်ရိုး
    အဆိုးမြင်ဝါဒီများ ဆန့်ကျင်ကြ။”
    အရင်မမြင်ချင်အဆုံး လမ်းဆုံတွေမှာ ဖတ်ခဲ့ရ
    အရင်မကြားချင်အဆုံး တီဗွီတွေ ဇာတ်လမ်းခွေတွေမှာ ကြားနေရ
    ဟော အခု အကြောင်းမညီညွှတ်လို့ ဘောင်းဘီချွတ်ကြပြီးတော့
    အဲဒီပြည်ပ နိုင်ငံတွေ တစ်နိုင်ငံပြီးတစ်နိုင်ငံ လှည့်လည်ကာသွား ဒို့နဲ့ပေါင်းလုပ်မလားပြောတာတစ်မျိုး ဒို့အကြွေးတွေလျှော်ပါလားတစ်သွယ် ဒို့တွေကိုကူညီပါလို့ဆိုနေကြတယ်လေ။
    ဒါကြောင့် အစားကိုကုန်အောင်စား စကားကိုအကုန်မကြွားနဲ့လို့ ရှေးလူကြီးများဆိုခဲ့ဖူးတာပေါ့။
    ကာတွန်းတစ်ခုဖတ်ဖူးသလိုဆို
    လူတစ်ယောက်က ဖုန်းနဲ့ပြောနေတာ ” မင်းတို့တွေ ဒီတရုတ်တွေဘဲအားကိုးနေကြတာပြောကို မပြောချင်ဘူး ငါ့သဘောဆို အဲဒီတရုတ်တွေနဲ့ စကားကိုမပြောချင်ဘူး အဲဒီကောင်တွေကို သောက်မြင်ကိုကပ်တယ်”
    ဒါပေမယ့် သူပြောနေတာတရုတ်ထုတ်ဟန်းစက် HUAWEI နဲ့ ဆိုသလိုဖြစ်နေတာမျိုးလေ။
    အခုလည်း ဒေါ်မီမီ က သဂျီးထောင်သောဤဝက်ဆိုက်တွင် သည်သဂျီးနဲ့ ဘယ်သို့ညာသို့ ဆိုလေသဗျို့။

  • ROssI

    May 12, 2014 at 3:26 pm

    အင်း… သာမီးရယ်…
    နည်းနည်းလေး လေ့လာပြီးမှ ပြောပါ့လား…
    (ဒီနေရာမှာ အူးခိုင်ကို ရှေ့နေလိုက်တယ် ဆိုချင်ဆို)
    သာမီး သိထားဖို့ လိုတာ ပြောမယ်နော
    ခညားလေး ရော နိုင်ငံရပ်ခြားမှာ … ရပ်တည်နေထိုင်နေပြီး ..
    ကိုယ့်အလုပ်နဲ ကိုယ် .. ကိုယ့်ဝင်ငွေနဲ့ကိုယ် ..တဖဲ့ တခြမ်း အကုန်အကျခံပြီး
    မြန်မာတွေအတွက်… ချန်နယ် တခုပေါ်ပေါက်အောင် ဆောင်ရွက်မလား ဆိုတာ ဖြေကြည့်ပါကွယ်…

    သည်အတွက် ကုန်ကျစားရိတ် နဲ့ … ခေါင်းခံဖြေရှင်းရတဲ့ တာဝန်ယူမှုအပိုင်းနဲ့ …အတော်ကြီးကို
    (ကိုယ့်ထမင်းကို်ယ်စားပြီး) လုပ်ထားတာဖြစ်ရဲ့ဗျား…

    ဝေဖန်တယ်.. လေကန်တယ် ဆိုတာက တပိုင်းနော…
    ညီမ စဉ်းစားကြည့်…ဘာကြောင့်ဝေဖန်တယ် ဆိုတဲ့အပိုင်း…
    ကောင်းစေချင်လို့ ဖြစ်စေချင်လို့ပေါ့ဗျာ…

    တကယ်တမ်း ကဲ့ရဲ့ ရှံ့ချ ပြစ်တင် ဝေဖန်ချင်ရင်…
    ခုလို ခညားတို့ ကျနော်တို့တောင် မြင်ရမယ်မဟုတ်..
    သွသူ ဘိုလိုရေးပြီး ဘိုဆိုက်တွေ ရုံးတွေ သွားပို့မပေါ့…

    သည်လိုပြောလို့ ..အူးခိုင် ဖန်ဂျီး ပဲ လို့တော့ မထင်စေချင်ဘူး …
    ဘဝမှာ တူညီတာတွေ ရှိသလို မတူညီတာတွေ လည်း တပြွတ်ကြီးဗျ…
    ဘာသာရေး နဲ့ နိုင်ငံရေးမှာ ..အဲ့သည့်ဘီးကျဲက ကွကိုယ် ဗီလိန်ရာထူး ခံယူပြီး
    ကောင်းရင်ပြီးရော မုန်းချင်မုန်းကွာ ဆိုတာမျိုး …လုပ်တတ်သေးရဲ့…
    (တခါတခါမှာ ..အစွန်းရောက်တယ် မြင်တယ်)

    နောက် သူ့ ဒီဇိုင်းတွေကို ခံစားလို့မရဘူးရယ်..
    (ကိုယ်တိုင်လည်း ရေးနေဖြစ်တော့) အဲ့ သည့် ဘိုးတော်ရဲ့
    အတွေးအခေါ်ကို ဘာက ပိတ်ဆို့ထားသလဲတော့ မသိ …
    သူရေးလိုက်တာတိုင်း …. မြင်ရတာ ရီချင်ရဲ့…ကွယ်..
    သူ့ လိုဂို ကြည့်ပါလား .. မန်ဒါလီ ဖင်ကောက်လေး…

    ထားပါတော့ဗျာ .. မည်သို့ပင်ဆိုစေကာမူ …
    သဘောတူတာ သဘောမတူတာ တွေ အားလုံးက
    ပါဆင်နယ် အခွင့်အရေးတွေပါ… ဆွက်ဖက်ဖို့ အကြောင်း လုံးဝရယ်မရှိ…
    အဲ ..တခုပဲ … သည် ရွာ ..သည်နေရာ နဲ့ သည် ပလက်ဖောင်း
    မပျက်ရလေအောင် မပျောက်ရလေအောင် ..တတ်နိုင်သမျှတော့
    ဝိုင်း ဝန်းနေကြတဲ့ ငပိန်း တချို့ ရှိတယ်ဆိုတာပြောပြချင်လို့ပါ…

    P.S / တောင်းပန်လိုက်ပါ…။ နောက်ပြီး လေ့လာကြည့်ပါ…။
    ဆိုက်ပိုင်ရှင်ကို မဆဲရဘူး မပြောဘူး ..ဆဲချင်ရင်တော့ ..သေချာ သိဖို့ ကိုယ့်ဘက်က
    ပိုင်နိုင်ဖို့တော့ လိုတယ်မလား …။

    စကားမစပ် .. သဂျိုင်ခီး … ခညာ့ကို ကနောင်မင်းသား ဂွေးဇိပဲဗျာ …
    ခညာ့ ဘိရုမာပြည်မယ် မီဒီယာလုပ်မယ်ပြောထားတာ ..အတော် ကြာနေဘီ…
    ဟို သင်္ကြန်ပြီး သည်သကြန်ပြီးနဲ့… ဟွန့် ..။

    • ကေဇီ

      May 12, 2014 at 3:30 pm

      ငါးကြင်းဆီနဲ့ ငါးကြင်းကြော် (စားချင်လာပြီ)
      တဂျီး ပိုက်ဆံက ကိုယ့်ကို ဖဲ့ဖို့ ပိုက်ဆံပေးထားရတလိုပဲနော်။
      အဲ့ တစ်ချက်တည်းနဲ့ကို…………………

      တဂျီးရယ် ရှက်တတ်ရင် တေရို့ရဘီ။
      :mrgreen:

      ငိငိငိ။
      စေတနာမပါပဲ တိုင်းပြည်အုပ်ချုပ်နေတာတောင် အဲဒီလူတွေကို လက်ခံနေနိုင်ကြသေးတာပဲ။
      ဘာမှ မလုပ်ပေးနိုင်တဲ့သူဆီက စေတနာစကားထွက်လာရင်ကို ကျေးဇူးတင်ရဦးမှာပါနော့။

      😀

  • kai

    May 12, 2014 at 3:27 pm

    ဒုက္ခသည် အလွမ်း- မောင်သင်းခိုင်
    W.H.Auden “Refugee Blues”

    ဟောသည် မြို ့တော်ကြီးမှာ ဝိညာဉ်ဆယ်သန်း ရှိတယ်လို ့ပြောကြတယ်
    တချို ့က တိုက်ကြီးတာကြီးတွေမှာ နေကြတယ်၊ တချို ့က တွင်းတွေထဲမှာ နေကြတယ်၊
    ဒါပေမယ့် အဲဒီမှာ ငါတို ့အတွက် နေရာမရှိဘူး အချစ်ရယ်
    အဲဒီမှာ ငါတို ့အတွက် နေရာမရှိဘူး။

    တစ်ချိန်တုန်းက ငါတို ့မှာ တိုင်းပြည်ရှိတယ်၊
    အဲဒီ့တိုင်းပြည် ကောင်းမွန်တယ်လို့ ငါတို့ထင်ခဲ့တယ်
    ကမ္ဘာ့မြေပုံထဲကို ကြည့်လိုက်စမ်း၊ အဲ့ဒီတိုင်းပြည်ကို မင်းတွေ ့လိမ့်မယ်
    အဲဒီနေရာကို ငါမသွားနိုင်တော့ဘူး အချစ်ရယ်
    အဲဒီနေရာကို ငါတို ့မသွားနိုင်တော့ဘူး။

    ရွာထဲက ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ယူးပင်အိုကြီး တစ်ပင်ရှိတယ်
    နွေဦးပေါက်တိုင် ယူးပင်အိုကြီးဟာ ပွင့်သစ်တွေ ဝေနေကျပေါ့
    ပတ်စ်ပို့ဒ်အဟောင်းတွေကတော့ အဲသလို မလုပ်နိုင်ဘူး အချစ်ရယ်
    ပတ်စ်ပို့ဒ်အဟောင်းတွေကတော့ အဲသလို မလုပ်နိုင်ဘူး ။

    ခင်ဗျားမှာ ပတ်စ်ပို ့ဒ်မရှိတော့ဘူးဆိုရင် ခင်ဗျားဟာ တရားဝင် သေဆုံးသွားပြီ
    စားပွဲကို လက်သီးနဲ့ထုပြီး ကောင်စစ်ဝန်က ပြောတယ်
    ဒါပေမယ့် ငါတို့ဟာ အခုထိ အသက် ရှင်နေတုန်းပါပဲ အချစ်ရယ်
    ငါတို့ဟာ အခုထိ အသက်ရှင်နေတုန်းပါပဲ။

    ကော်မတီတစ်ခုဆီကို သွားတွေ ့ခဲ့တယ်
    ထိုင်ဖို ့ကုလားထိုင်ပေးတယ်
    နောက်နှစ်ကျရင် ပြန်လာပါတဲ့၊ ငါ့ကို ယဉ်ယဉ်ကျေးကျေး ပြောပါတယ်
    ဒါပေမယ့် ဒီနေ ့ငါတို ့ဘယ်ကို သွားရမလဲ အချစ်ရယ်
    ဒီနေ ့ ငါတို ့ဘယ်ကိုသွားရမလဲ။

    လူထုအစည်းအဝေးကို သွားခဲ့တယ်၊ တရားဟောတဲ့လူက ရပ်ပြီး ပြောနေလိုက်ပုံများ
    သူတို ့ကို ဝင်ခွင့်ပြုမယ်ဆိုရင် ကျုပ်တို ့ပေါင်မုန် ့ခွဲတမ်းတွေ သူတို ့ခိုးမှာပဲ
    သူပြောနေတာ မင်းနဲ ့ငါ့ကိုအချစ်ရယ်
    သူပြောနေတာ မင်းနဲ ့ငါ့ကို ။

    မိုးကောင်းကင်ထဲက ထစ်ချုန်းသံတွေကိုကြားခဲ့ရတာ ငါ တွေးမိတယ်
    အဲ့ဒါ ဥရောပပေါ်က ဟစ်တလာပေါ့
    ပြောနေလိုက်ပုံက ဒင်းတို ့တတွေ မုချသေရမတဲ့
    ငါတို ့ဟာ သူ ့ရဲ ့စိတ်ထဲမှာ ရှိနေခဲ့တယ် အချစ်ရယ်
    ငါတို ့ဟာ သူ ့ရဲ ့စိတ်ထဲမှာ ရှိနေခဲ့တယ် ။

    ပင်အပ်နဲ့တွယ်ချိတ်ထားတဲ့ ဂျာကင်ကိုဝတ်ထားတဲ့
    အမွေးစုတ်ဖွားဖွား ခွေးတစ်ကောင်ကို မြင်ခဲ့ရ
    တံခါးဖွင့်ပြီး ကြောင်တစ်ကောင် ဝင်သွားတာ မြင်ခဲ့ရ
    ဒါပေမယ့် သူတို့ဟာ ဂျာမန်ဂျူးတွေမဟုတ်ဘူး အချစ်ရယ်
    သူတို့ဟာ ဂျာမန်ဂျူးတွေ မဟုတ်ဘူး ။

    သင်္ဘောဆိပ်ကို ဆင်းသွားပြီး ဘောတံတားပေါ်မှာ ရပ်နေခဲ့တယ်
    လွပ်လပ်နေသလို ငါးတွေ ရေကူးနေတာ မြင်ခဲ့ရ
    ဆယ်ပေလောက်ပဲ ဝေးပါတယ် အချစ်ရယ်
    ဆယ်ပေလောက်ပဲ ဝေးပါတယ် ။

    သစ်တောထဲကို ဖြတ်ပြီး လျှောက်ခဲ့တော့ သစ်ပင်ပေါ်မှာ ငှက်ကလေးတွေကို တွေ ့တယ်
    သူတို ့ အေးအေးဆေးဆေး သီချင်းဆိုလို့၊ သူတို ့မှာ နိုင်ငံရေးလည်း မရှိဘူးလေ
    သူတို့ဟာ လူသားမျိုးနွယ်တွေမှ မဟုတ်ဘဲအချစ်ရယ်
    သူတို့ဟာ လူသားမျိုးနွယ်တွေမှ မဟုတ်ဘဲ ။

    ပြူတင်းပေါက်တစ်ထောင် တံခါးပေါက်တစ်ထောင် အထပ်တစ်ထောင်ရှိတဲ့
    အဆောက်အဦကြီး တစ်ခုကို အိပ်မက်ထဲမှာ ငါတွေ ့ခဲ့ရတယ်
    ငါတို့ဟာ တစ်ခုမှ မဟုတ်ဘူး အချစ်ရယ်
    ငါတို့ဟာ တစ်ခုမှ မဟုတ်ဘူး ။

    နှင်းတဖွဲဖွဲကျနေတဲ့ လွင်ပြင်ကြီးထဲမှာ ရပ်ခဲ့တယ်၊
    စစ်သားတစ်သောင်း ဟိုဒီ ချီတက်နေလေရဲ ့
    မင်းနဲ့ငါ့ကို ရှာနေကြပါလား အချစ်ရယ်
    မင်းနဲ ့ငါ့ကို ရှာနေကြပါလား ။ ။

    မောင်သင်းခိုင်
    W.H.Auden “REFUGEE BLUES”
    ==
    Refugee Blues

    Say this city has ten million souls,
    Some are living in mansions, some are living in holes:
    Yet there’s no place for us, my dear, yet there’s no place for us.

    Once we had a country and we thought it fair,
    Look in the atlas and you’ll find it there:
    We cannot go there now, my dear, we cannot go there now.

    In the village churchyard there grows an old yew,
    Every spring it blossoms anew:
    Old passports can’t do that, my dear, old passports can’t do that.

    The consul banged the table and said,
    “If you’ve got no passport you’re officially dead”:
    But we are still alive, my dear, but we are still alive.

    Went to a committee; they offered me a chair;
    Asked me politely to return next year:
    But where shall we go to-day, my dear, but where shall we go to-day?

    Came to a public meeting; the speaker got up and said;
    “If we let them in, they will steal our daily bread”:
    He was talking of you and me, my dear, he was talking of you and me.

    Thought I heard the thunder rumbling in the sky;
    It was Hitler over Europe, saying, “They must die”:
    O we were in his mind, my dear, O we were in his mind.

    Saw a poodle in a jacket fastened with a pin,
    Saw a door opened and a cat let in:
    But they weren’t German Jews, my dear, but they weren’t German Jews.

    Went down the harbour and stood upon the quay,
    Saw the fish swimming as if they were free:
    Only ten feet away, my dear, only ten feet away.

    Walked through a wood, saw the birds in the trees;
    They had no politicians and sang at their ease:
    They weren’t the human race, my dear, they weren’t the human race.

    Dreamed I saw a building with a thousand floors,
    A thousand windows and a thousand doors:
    Not one of them was ours, my dear, not one of them was ours.

    Stood on a great plain in the falling snow;
    Ten thousand soldiers marched to and fro:
    Looking for you and me, my dear, looking for you and me.
    WH Auden

    • pooch

      May 12, 2014 at 6:45 pm

      ဘာမှလာ​ပြောမ​နေနဲ့သူကြီး ဒီပို့စ်​ကိုဒီလထုတ်​သတင်​းစာမှာ ထည်​့​ပေးပါ
      ရှက်​တတ်​ရင်​​သေလို့ရတယ်​​နော်​ ;’P

      • kai

        May 12, 2014 at 11:24 pm

        ဧဝရတ်တောင်တက်အဖွဲ့တွေပြန်လာတာ သတင်းကြားကတည်းက.. တောင်တက်လုံမတယောက်.. ခြေထောက်ပျောက်ပြီး ပေါက်သွားသလားလို့.. သတိရမိသေး..
        .. ကျန်းခံသာလို့မာသေးတယ်ပေါ့..။

        ဘာပဲဆိုဆို.. မီမမရဲ့ကဗျာစပ် အဓိပ္ပါယ်ထိဟတ်သဗျ..။ :mrgreen:

        • pooch

          May 13, 2014 at 12:02 am

          လဝက်​ကြာတယ်​ ​တောင်​ထိပ်​ထိလည်​း​ရောက်​ခဲ့တယ်​ အတင်​း​တွေ​ရော သတင်​း​တွေ​ရော အများကြီးပဲ ကဲ တပုံကိုဘယ်​​လောက်​​ပေးမှာလဲ ​ပြော ;P
          ဒီရက်​ပိုင်​း နားရက်​ရလို့ ဂျ​လေရိုက်​​နေတာ

        • kai

          May 13, 2014 at 12:28 am

          အဲဒီတောင်တက်ဆောင်းပါး.. ဒီမှာအမြည်းတင်ပေးပါလား..
          နောက်လကျ..သတင်းစာထဲထည့်မယ်လေ..

          သူဌေးဆီက ပြန်မဝယ်နိုင်ပါဘူး..။
          ခရီးစရိပ်ထပ်ရချင်ရင်.. တိုးရစ်ဇင်ကုမ္မဏီဆီက.. ကော်မရှင်ယူပေါ့…။ :mrgreen:

          ဆောင်းပါးဖတ်မိတဲ့.. အမေရိကန်တွေတောင်လာတက်နေကြမှာ မြင်ယောင်သေး..။

  • black chaw

    May 12, 2014 at 3:43 pm

    ရှက်တတ် မရှက်တတ် နှစ်ရပ်များစွာ သတ္တဝါ
    ချမ်းသာကိုယ်စိတ် မြဲပါစေ…။
    အင်း…ကျောင်းအစ်မကြီး စိတ်လျှော့ပါကွယ်…။

  • အာဂ

    May 12, 2014 at 4:12 pm

    ကြည့်လို့ကောင်းမယ့်ပွဲပဲ..ဗျာ..။

  • lu lu

    May 12, 2014 at 4:39 pm

    အားလားလား :mrgreen:
    တယ်ဆော်တဲ့စာပါလား
    မိုက်တယ်ဗျို ့
    ဘာမှဝင် မ ပြောတတ်တော့ပါဘူး
    😀

  • alinsett (gazette)

    May 12, 2014 at 5:36 pm

    ရလဲ့
    ဒီပိုစ့်က စတစ်ကီဖြစ်ပြီး ရွာထိပ် ချိတ်သွားပါပေါ့
    အင်းးးးးး
    ရှက်တတ်ရင် သေလို့ရပြီ. . .
    ရှက်စရာဖြစ်သွားသူ/ ရှက်တဲ့သူ သေ. . .
    မရှက်တတ်ရင်တော့ သေမနေပါနဲ့တော့ဗျာ

    :mrgreen:

  • Ma Ma

    May 12, 2014 at 8:24 pm

    ထိထိမိမိပြန်ရေးနိုင်လို့……….
    ဒီလို စာမျိုးကိုလည်း ကြိုဆိုပါတယ်။ 😀

  • San Hla Gyi

    May 12, 2014 at 10:54 pm

    ကြိတ်လိုက်စမ်း ငါ့နှမ ဘယ်သူက ညည်းကို ဘာပြောပြော ကြောက်မနေနဲ့။ ကာယကံရှင်ကိုယ်တိုင်က ညည်းကို စိတ်မဆိုးလို့ စတစ်ကီ ပေးထားတာ။ ကျုပ်တောင် အားကျလာပြီ။ အဲလိုပဲ သဂျီးက သိပ်သဘောထားကြီးတာ။ ကျုပ်ကို သူကိုယ်တိုင် ပြောဖူးတာ သူ စိတ်မဆိုးတတ်ပါဘူး ဆဲရင်တောင် စိတ်မဆိုးတတ်ပါဘူးတဲ့ ညည်းကဗျာကတော့ အယားပြေပဲ ရှိတယ်။ အားလုံး ဝိုင်းဆဲတောင် မောင်ကြီးက ညည်းဘက်က ရပ်တည်ပေးမှာ။

  • tun swe

    May 13, 2014 at 3:16 am

    ကျွန်​​တော်​တို့ တ​တွေလဲ ​နေရာတကာ အနိူင်​ကျင်​့ ခံရတာ
    များလွန်​းလို့ လစ်​ရင်​လစ်​သလို ရရင်​ရသလို online ထဲမှာ
    ရန်​ဖြစ်​ပြီး စိတ်​​မော်​​ဖြေ ​နေကြ ရတာပါ.

    ပြည်​သူ အများစု ကလဲ အနိူင်​ကျင်​့ခံရတာ များလာ​တော့

    ကိုယ်​့ခွင်​ထဲ​ရောက်​လာရင်​ လာထားပဲ သိသိကြီးနဲ့ သတိမထားမိပဲ

    လုပ်​​နေမိကြတယ်​ အဲဒီမှာ သ​ဘောထား ကြီးတဲ့ လူက​တော့

    နားလည်​မူ့ရှိစွာ နဲ့ မသိသလို ​နေ​ပေးပြီး စိတ်​ထဲမှာ​တော့ သူ့ကို

    သနား​နေမိကြပါတယ်​ ဒါကလည်​း ကိုယ်​့ အတိုင်းအတာလေး
    တခုတော့ ရှိကြမှာ ပါ.

    ဘာပဲပြောပြော သခင်မျိုးဟေ့ ဒို့ဘားမန်း လို့ အော်တာ မကြိုက်ဆုံး

  • TNA

    May 13, 2014 at 11:52 am

    ဟဲ့ပလုတု။ ဒဂျီးတို ကံဇာတာ စန်းလဂ်တက်နေဘာလား။ သတင်းစာဒွေထဲလဲပါ။ ခုလဲပါ။ ယတြာချေ ပါဒဂျီး :mrgreen:

  • ဦးကြောင်ကြီး

    May 13, 2014 at 11:57 am

    အရမ်းတော်တဲ့ မီမီနဲ့လုလုကို ဆားချဉ်တယ်…

  • padonmar

    May 13, 2014 at 1:17 pm

    သဂျီး လဲမသေသေးရင် မရှက်တတ်လို့ပေါ့နော်။
    နာနာသာပြော၊ မြန်မာပြည်ကို ပြန်လာမယ်လာမယ်နဲ့ ပုံပြောပြောနေဒဲ့လူဂျီး။
    သဂျီးကို နှိပ်ကွပ်ဖို့ဆို ပုန်းနေတဲ့ မယ်ပုတောင် ထွက်လာပြီ။
    ဒို့ရွာသူားတွေ ညီထှာ။

  • မီ မီ

    May 13, 2014 at 2:06 pm

    Rossi

    ကျွန်မ မှားတယ်လို့ပြောချင်တာလားရှင့်
    Kai ဆိုတာ သတင်းစာတိုက်နဲ့ဒီဝဘ်ဆိုက် ပိုင်ရှင်ပေါ့နော်
    ကျွန်မတကယ်မှားရင် တောင်းပန်ဖို့ဝန်မလေးပါဘူး
    ကျွန်မ အနေနဲ့ သူဘာတွေအကျိုးပြုထားတယ် မြန်မာတွေတွက်ဘယ်လိုစွန့်လွှတ်နစ်နာခံတယ်မသိနိုင်ပါဘူး
    ရှင်တို့တွေက လေယဉ်ပျံနဲ့ မြန်မာပြည်ကိုကြည့်နေစဉ်မှာ
    ကျွန်မတို့က ဒူးလောက်နစ်တဲ့ဗွက်ထဲမှာ စာသင်ဖို့ကျောင်းကိုသွားရတာပါရှင် ။
    ကျွန်မတို့က မော့ကြည့်ရတဲ့လူတန်းစားပါ
    ငုံ့ကြည့်ရတဲ့ ရှင်တို့လောက်ပညာမတတ်ပါဘူး
    မြန်မာငွေ သောင်းဂဏန်းလောက်နဲ့ ရန်ကုန်နားက တောကျကျနေရာမှာဆရာမလုပ်နေရတာပါ။
    ကျူရှင်သင်တဲ့ဆရာမလည်းမဟုတ်ပါဘူး
    ကလေးတွေက ဆင်ရဲလွန်းလို့ ကျူရှင်လည်းမသက်နိုင်ပါဘူးနော်
    လစာမလောက်လို့ ကျောင်းဈေးရောင်းတဲ့ဆရာမပါ
    တခါတရံမှာ ပစ္စည်းမဲ့ ဒေါသတွေဖြစ်တတ်တာဆန်းလားရှင့်
    ကျွန်မတို့က ဒုက္ခတွင်းထဲမှာ ရုန်းနေရတာကိုယ်တွေ့အများကြီးပါ
    ရှင်တို့တွေက တောနေလူတန်းစားပညာမဲ့တွေကိုပြောတော့ ကျွန်မစိတ်နာတယ်
    ကျွန်မ လစာနဲ့အွန်လိုင်းကို မသုံးနိုင်ဘူးရှင့်
    တစ်လကို ၅၀၀ဝ ဖိုးပဲ သုံးခွင့်ရှိတာပ်နော်
    အဲဒါမို့လို့ ပြန်မပြောနိုင်တာ မဆွေးနွေးနိုက်တာ ခွင့်လွှတ်ကြပါ
    ကျွန်မ ထေရဝါဒဗုဒ္ဓဘာသာဝင်ပါ
    ကျွန်မ ရိုင်းသွားရင်တောင်းပန်ပါမယ်
    ကျွန်မအားလုံးကိုမလေ့လာနိုင်ပါဘူးနော်
    ပိုက်ဆံရယ် အချိန်ရယ် ရှားပါးတယ်
    ရှင်တို့လို အင်္ဂလိပ်စာတွေနိုင်ငံတကာအသိပညာတွေမကျွမ်းကျင်ပေမဲ့
    ကျွန်မတို့တတ်သလောက်လေးတွေတော့ ကျွန်မကလေးတွေကိုသင်ပေးနေပါတယ်
    အလုပ်မရှိလို့ ဆရာမလုပ်ဖြစ်တာပေမယ် ဆရာမဖြစ်လာတော့ တကယ့်ဆရာစိတ်ဝင်မိပါတယ်
    ကွိန်မတို့လိုပညာ ဥစ္စာဆင်ရဲတာတွေကလေးတွေကိုမဖြစ်စေချင်ပါဘူးနော်
    ရှင်တို့လို နိုင်ငံတကာဝင်ဆန့်တဲ့သူတွေဖြစ်လာစေချင်တာပဲ
    ဒီကလေးတွေနောက်တချိန်မှာ ဖြစ်လာဖို့မျှော်ရင် း ကျွန်မတို့က
    ဗွက်တောထဲကကျောင်းမှ စာသင်နေရတာပါရှင်
    ဒီဝဘ်ဆိုက်ကို အချိန်တိုင်းမဖတ်နိုင်ပါဘူး
    သုံးရက်တစ်ခါ လောက်ပဲလာဖတ်နိုင်ပါတယ်
    မျက်ရည်ခံထိုးပြီးငိုပြနေတာလို့မထင်ပါနဲ့
    ခြားနားတဲ့ဘဝတွေမှာ အမြင်မတူ ခံစားချက်မတူတာတွေသ်ိစေချင်လို့ပါနော်
    ဆင်းရဲတာ ပညာတတ်ခွင့်နဲပါးခဲ့တာ မရှက်ပါဘူးရှင်
    တိုင်းပြည်မှာအများစုဆင်းရဲနေတာပဲ
    လေထဲမှာ စတားလုပ်နေတာတွေကို မုန်းလို့ပါ
    မနက်ပဲပြုတ် ည ဘဲဥ ဆိုတာ ကျွန်မတို့လူတန်းစားတွေ အသားကျနေပြီ
    နေ့လည်စာ အသားဟင်းပါရင်လည်း မိသားစုညနေစားဖို့ချန်ထားပြီး
    အငတ်ခံဟန်ဆောင်ဘဝကိုရှင်တို့နားမလည်ပါဘူးနော်
    kai ဆိုတာ ဘောစိဖြစ်လို့တောင်းပန်မှာမဟုတ်ဘူး
    ကျွန်မ မှားတာတွေ သူမှန်နေတာတွေ ထောက်ပြကြပါ
    ကျွန်မ ကန်တော့ပြီးတောင်းပန်လိုက်ဦးမယ်
    မြန်မာပြည်မှာကျန်နေတဲ့ သန်၈ဝ လူထုက မိုက်ရိုင်းတယ်ဖြစ်မစိုးလို့
    မမှားဘူးဆိုရင်တော့ မတောင် းပန်နိုင်တာ ကြိုက်သလိုထင်ပါနော်
    သူဌေးတွေကို လေးစားအားကျပါတယ်
    ကြောက်ပြီး သနားခံဖို့တော့ အမေကသင်မထားဘူးရှင့်

    ကိုစံလှကြီး
    ကျေးဇူးတင်ပါတယ်ရှင်
    ကျွန်မစားရိတ်ချွေတာရလို့ပြန်မပြောနိုက်တာနားလည်ပေးပါနော်

    လေးစားရပါသော မန်ဘာများရှင့်
    ကျွန်မ ရိုင်းပျတာတွေရှိပါက ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်။
    ပြန်လည်ဆွေးနွေးခြင်မပြုနိုင်သည်များကိုလည်း နားလည်ခွင့်လွှတ်ပါရန်
    လေးစားရိုသေစွာ တောင်းပန်အပ်ပါသည် ။

    • ROssI

      May 13, 2014 at 2:32 pm

      အောင်မယ်ငိ…
      ဒုက္ခ… င ကိုယ်က အာချောင်မိတာပါ..ဟုတ်ဘာဒယ်
      သာမီးရယ်… သဒင်းစာတိုက် ဝက်ဆိုက် ပိုင်ရှင် ဖြစ်ရုံနဲ့လည်း သာထိန်း မခေါ်နိုင်ပါဘု
      သာထိန်းမည်ကာမတ္တ ဖြစ်လည်းဗဲ သည်အလုပ်ကို မလုပ်နိုင်ပါဘူး..
      ဂဇက် သမိုင်းကိုပြန်ကြည့်ပြောရမလိုပါပဲ…
      ့မြန်မာတွေအတွက် (အထူးသဖြင့်) အဝေးရောက်မြန်မာတွေအတွက် …မြန်မာ့အသံ စစ်စစ် …လုပ်ပေးထားလို့ ..ကျေးဇုပါ
      ပြောချင်တာရယ်… (တကယ်က ကိုယ့်တိုင်းပြည်ကိုယ် စွန့်ခွာ အသက်မွေးရတဲ့ ဗမာတွေဘဝက … ပုံဝတ္ထုတွေထဲကလို မချိုဘူးရယ်)

      လစာ-အလုပ်အကိုင် နဲ့ ..စိန်ခေါ်မှုတွေ အတွက်
      ဝေဖန်ထောက်ရှုဖို့ …လှုံ့ဆော်ဖို့ … လိုတယ် ထင်တဲ့ အုပ်တချပ် ဖြည့်ကြည့်တာခည…
      သည်ထဲမယ်.. ကျနော်တို့ … အားနေ ဝေဖန်နေဖဲ့နေ သမနေတဲ့ စာတွေချည်း ရေးနေသလား..
      ဆိုတာ ရှာဖတ်ကြည့်ပြီးမှ ပြောစေချင်တယ်ဗျာ..

      အပေါ်က ဟိတ်လူဒွေ … သိရင် သိသလောက်ပြောဂျလေဗျာ…။
      ပြောင်နေသလိုဗဲ..မှတ်တယ်..
      ဒါဟာ … ဟို မန်ဒါလီဖင်ကောက်လေးကို ဖဲ့လို့ နာနေတာမဟုတ်…
      ရေးလက်ကောင်းတယောက် … အထင်-အမြင် လွဲပြီး သုံးသပ်မှု လွဲမှာ
      ရွာမှာ မနေမှာ စိုးရိမ်လို့ ပြောတာပါ …. ။

      P.S .. မမယ်ပု ကို ချဉ်ကြောင်း လက်ဆင့်ကမ်းပေးပါလေ..။
      ဒချိ ..အခါ၄ယာ

    • kai

      May 13, 2014 at 3:09 pm

      ကဲ..ကဲ. ကျုပ်ပဲဝင်ရှင်းပြပါ့မယ်..
      ပထမ…
      မီဆရာမ ပြန်တဲ့စာ.. “သိပ်လည်း ဘဝင်မမြင့်ကြပါနဲ့..” က.. ကျုပ်ရေးတဲ့စာမဟုတ်ပေဘူးဗျ..။ ဟင်းဟင်း..
      အဲဒါ.. အောက်ကလင်ခ့်ကသူရေးတာကို တင်ပေးတာပါ..။ ကရက်ဒစ်ရေးပေးထားတာ.. ဆရာမမျက်စိလျှမ်းသွားတာဖြစ်ပါလိ့မ်မယ်..။
      (Credit: Kogyimind Mind https://www.facebook.com/kogyimind.mind/posts/418349204976592)

      ဒုတိယ..
      ကျုပ်ကိုဆဲလို့… ရေးလို့စိတ်မဆိုးသလို.. ဝမ်းလည်းမသာပါဘူး..။ အဲဒီကွန်ပြူတာ ကီးဘုတ်ကပြောတဲ့ ဒစ်ဂျစ်တွေကနေပြောင်းပြတဲ့စာ(ဒစ်ဂျစ်)တွေအပေါ်ခံစားချက်ပြင်းပြင်းမရှိပါဘူး..။
      ရေးလက်ကောင်းက.. ကဗျာလှလှ..အဓိပ္ပါယ်ကျကျစပ်လို့.. ကြိုက်လို့.. စတစ်ကီပေးထားတာပါ..

      တတိယ..
      ကျုပ်ကဘောစိမဟုတ်သလို.. အခြေခံလူတန်းစားဘဝကိုလည်း… မေ့နေသူမဟုတ်ပါဘူး..
      အောက်ခြေကနေ.. ဘဝကိုကိုယ်တိုင်ရုန်းလာတဲ့.. မီဒီယာသမား၊ အယ်ဒီတာ၊ စာသမား.. အနုပညာရှင်ပါ..။

      စတ္ထုထ္ထ…
      မြန်မာနို်င်ငံပြင်ပမှာ… အလုပ်လုပ်နေကြတဲ့..မြန်မာတွေဘဝဟာ.. မီဆရာမပြောတဲ့..ဒူးလောက်ဗွက်ဖြတ်လျှောက်တာလောက်တော့.. ရီတာပေါ့..ရီတာပေါ့.. .တွေအများကြီးပါ..။
      သိပ်လည်းမထင်ပါနဲ့နော..။
      ကျုပ်လည်း.. ၂ဝထပ်တိုက်ခေါင်မိုးကနေ တွဲလောင်းခိုပြီး ဆောင်းရာသီချမ်းချမ်းထဲ.. မှန်သုပ်ဖူးသလို… တိုကျိုတာဝါဘေး.. မြို့လည်ခေါင်မှာထိုးရပ်နေတဲ့ ထရပ်ကားအောက်ထဲဝင်ပြီး.. ကားပြင်ဖူးသဗျ…။
      နယူးယောက်မြို့လည်ခေါင်မှာ.. ဗိုက်နာနေလျှက်အိမ်သာရှာမရပဲ.. ၁ဝနာရီလောက်လဲ.. ပေနေဖူးခဲ့သဗျ..။
      ထိုင်း.. မလေးကလူတွေ တချို့ကတော့ ပိုဆိုးတယ်..။
      တကယ်ကို..ပိုဆိုးကြရှာပါတယ်…။

      အဲဒီဘဝတွေ..အတွေ့အကြုံတွေ.. အတွေးအခေါ်တွေ… ဒီထဲလာချပြ.. ပြည်တွင်းပြည်ပ..ရောက်နေသူရှိသူမြန်မာအပေါင်း.. မေတ္တာပေါင်းကူး.. အသိဖလှယ်.. ပျော်ကြ.. ကိုယ်ကောင်းအောင်လုပ်ကြ.. လိုချင်တာယူကြ..မလိုတာပစ်ကြ…ပေါက်ကွဲကြ.. ဖေါက်ခွဲကြ.. အဲလိုသွားဖို့.. ဒီဆိုက်ထားတာ.. ရည်ရွယ်ရင်းဖြစ်ပါကြောင်း…

      မှတ်ချက်။ ။ မြန်မာပြည်လူဦးရေက.. သန်း၆ဝကျော်မှန်းတာနော..။ သန်းခေါင်စာရင်းထွက်ရင်.. ဘယ်လောက်လည်းမသိရသေးပေမယ့်… သန်း ၅ဝမကျော်လောက်ဖူး… ထင်ကြောင်း…။ :mrgreen:

    • Aye Lwin Oo

      May 13, 2014 at 5:38 pm

      မမီမီ ရေ
      လက်သည်းဆိတ်ရင် လက်ထိပ်နာတတ်တဲ့ အမျိုးသမီးတစ်ယောက် ဂဇက်ထဲဝင်လာတာ အရမ်းဝမ်းသာစရာပါ။
      အရင်တုံးက စူးရှ နူးညံ့တဲ့ စာဖွဲ့လေးတွေဖတ်ရတော့ သိပ်ကို ကျေနပ်မိခဲ့ပါတယ်။
      ဒါပေမဲ့ “ မြန်မာဆိုတာ” မှာ “ မန္တလေးဂေဇက်ထဲမှာတော့ လူတစ်စုကလှောင်ပြောင်နေကြတယ် ” လို့ရေးတာတွေ့လိုက်တော့ အံ့အားသင့်မိတယ်။ အခု Post ကို ဖတ်ရတဲ့အခါ ရေးသင့် မရေးသင့် တော်တော်စဉ်းစားပြီး ရေးမိပါတယ်။ ဝေဖန်တာမဟုတ်ပါ။ ခံစားမိတာကို ပြောပြတာပါ။

      မမီရေ
      ၁၉၈၈ ခုနှစ် တစ်နှစ်လုံး ကျွန်တော် ဂျပန်မှာ သင်တန်းသွားတက်ရပါတယ်။ ဝန်ထမ်းအနေနဲ့ပါ။ ၈၈ခုနှစ် စက်တင်ဘာမှာ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာ Summer Olympic လုပ်ပါတယ်။ ကျွန်တော်တို့ ဖွင့်ပွဲကနေ ပိတ်ပွဲအထိ TV မှာ အာလုံးကြည့်ရပါတယ်။ ကျွန်တော်တို့နိုင်ငံက အရေးအခင်းဖြစ်နေတော့ ဖွင့်ပွဲတုံးက မမြင်ခဲ့ဘူးထင်ပါတယ်။ စုစုပေါင်း ၃ယောက်ဘဲလာတယ်လို့ တွေ့ရတယ်။ ပိတ်ပွဲမှာ တကမာ္ဘလုံးကလူတွေ သူတို့နိုင်ငံကအလံတွေဝှေ့ရမ်းပြီး ကွင်းထဲမှာ ပြေးကြ၊ လွှားကြ၊ ပျော်ကြပေါ့ ဗျာ။ ကျွန်တော့်နိုင်ငံက အလံကိုရှာပါတယ်။ မတွေ့ရပါဘူး။ ကျွန်တော်နဲ့အတူ နိုင်ငံခြားသားကျောင်းသား၅ယောက်၊ ၆ယောက်လောက် ကြည့်နေကြတာပါ။
      မမီ
      ကျွန်တော် ဒီနိုင်ငံခြားသား တစိမ်းတွေကြားထဲမှာ မျက်ရည်ကျခဲ့မိပါတယ်။ ငိုခဲ့ပါတယ်။ တကယ်ပါ။ လူမှန်းသိကတဲက အခု ၅၅နှစ်အရွယ်ထိ တစ်ကြိမ်ထဲကျခဲ့ဘူးတဲ့မျက်ရည်ပါ။ တကမာ္ဘလုံးပျော်နေနိုင်တဲ့အချိန်မှာ ကျွန်တော့်နိုင်ငံသား၊ ကျွန်တော်တို့ သွေးသားတွေ မပါနိုင်ခဲ့ဘူးလေ။ ရင်ထဲ ကြေကွဲမိလို့ ကျတဲ့ မျက်ရည်ပါ။
      မြန်မာဖြစ်ရတဲ့အတွက် ကျွန်တော် ဘယ်သူ့ကို ဘာပြောနိုင်မှာလဲ မမီမီ။

      မမီမီရေ။
      ကျွန်တော် ၁၉၉၅မှာ အင်္ဂလန်ကို ဒုတိယအကြိမ်ရောက်ခဲ့ပါတယ်။ စင်္ကာပူကနေ မန်ချက်စတာကို Night Flight စီးရတာပါ။ အင်္ဂလန် မရောက်ခင် Paris မှာ ခရီးသည် ဝင်ခေါ်စရာရှိပါတယ်။ အဲဒီမှာ သပိတ်မှောက်နေလို့ ဘယ်လ်ဂျီယံကို သွားပြီးစောင့်ပါတယ်။ လိုက်မဲ့ ခရီးသည်တွေကို Singapore Airline က ပြင်သစ်ကနေ ခေါ်လာပေးပါတယ်။ ဘယ်လ်ဂျီယံမှာ ၂နာရီခွဲလောက်စောင့် ရမှာဖြစ်လို့ Singapore Airline က ကျွန်တော်တို့အားလုံးကို မနက်စာကျွေးဖို့နဲ့ Sightseeing ပြဖို့ လေဆိပ်အပြင်ကို ထွက်ဖို့ပြောပါတယ်။ လေဆိပ်အပြင်ထွက်တော့ Immigration ဖြတ်ရတာပေ့ါ။ အားလုံးရယ်ကြ မောကြ၊ ပျော်ပျော်ပါးပါး ထွက်ကြတာပေါ့။ ကျွန်တော်တို့အုပ်စု (၅ယောက်ပါ) ကို ပေးမထွက်ပါဘူး။ Regional Manager က လာတောင်းပန်ပါတယ်။ Immigration Officer က စကားလေး၃လုံးဘဲပြောပါတယ်။ ရင်ဝအကန်ခံလိုက်ရသလိုဖြစ်သွားပြီး မျက်စိထဲ ပြာသွားပါတယ်။
      ” MYANMAR NOT ALLOWED” တဲ့။
      မမီ
      အမေရိကားမှာ ကျွန်ခေတ်တုံးက စာတမ်းချိတ်ထားတာလေး မျက်စိထဲ သွားပေါ်ပါတယ်။
      ” Negroes and dogs not allowed. ”
      မြန်မာဖြစ်ရတဲ့အတွက် ကျွန်တော်တို့ကို မယုံတာ ဘယ်သူ့ကို ဘာပြောနိုင်မှာလဲ မမီမီ။

      မမီမီရေ။
      ကျွန်တော် အီတလီနိုင်ငံ La Spezia ဆိုတဲ့ ကမ်းခြေမြို့လေးကိုရောက်ဘူးပါတယ်။ Rome မှာ transit လုပ်တော့ ဘာမှမဖြစ်ပါဘူး။ La Spezia လေဆိပ်ဆင်းပြီး Immigration ဖြတ်တော့ ကျွန်တော်တို့ကို ပေးမဝင်ပါဘူး။ အခန်းတစ်ခန်းထဲ ထိုင်ခိုင်းထားပါတယ်။ ကျွန်တော်တို့မှာ Visa ပါပါတယ်။ ခရီးသည်တွေအားလုံးကုန်ပြီးမှ ကျွန်တော်တို့ကိုခေါ်ပြီး PP ကို ဖင်ပြန်ခေါင်းပြန်စစ်၊ ဓာတ်ပုံနဲ့ လူကို အကြိမ်ကြိမ်တိုက်ကြည့်၊ ဘာကြောင့်လာသလဲကလဲ ၃၊ ၄ခါမေး၊ ဖုန်းတွေကလည်း ဟိုဆက် ဒီဆက်နဲ့၊ နောက်ဆုံး ၁နာရီနီးပါးကြာ ပြီးမှ လေဆိပ်အဝင်တုံးထုပေးပါတယ်။ ကျွန်တော်တို့က အစိုးရဝန်ထမ်းတွေပါ။ ဘာလို့ မယုံကြတာလဲဗျာ။
      ဒါပေမဲ့
      မြန်မာဖြစ်ရတဲ့အတွက် ကျွန်တော်တို့ကို မယုံတာ ဘယ်သူ့ကို ဘာပြောနိုင်မှာလဲ မမီမီ။

      မမီမီရေ။
      ကျွန်တော်စင်္ကာပူ Sembawang Shipyard မှာ အလုပ်လုပ်ခဲ့ဘူးပါတယ်။ ကျွန်တော့ကုမ္ပဏီက Owner Contract ပါ။ Owner Inspector တစ်ယောက် အသစ်လဲတော့ ကျွန်တော့်ကိုခေါ်ပြောပါတယ်။
      “ မင်းတို့ဗမာတွေ (burmese လို့ပြောလို့ပါ) လူလိမ်တွေချည်းဘဲ။ အရင်လူကိုလိမ်လို့ရမယ်။ ငါ့ကိုတော့ ညာလို့မရဘူး။ ”
      မမီရေ
      ဘာဖြစ်လို့ ကျွန်တော်တို့ကို အဲ့လိုထင်တာလဲဗျာ။ ကျွန်တော် အစည်းအဝေးမှာ Proj Director ကို ဒီလူက ကျွန်တော်တို့ကို ဒီလိုဘဲ prejudge လုပ်တယ်။ ကျွန်တော် သူနဲ့ ဆက်မလုပ်နိုင်ဘူးလို့ ပြောတော့မှ လူလဲပေးပါတယ်။
      ဒါပေမဲ့
      မြန်မာဖြစ်ရတဲ့အတွက် ကျွန်တော်တို့ကို မယုံတာ ဘယ်သူ့ကို ဘာပြောနိုင်မှာလဲ မမီမီ။

      မမီမီရေ။
      ကျွန်တော်တို့မြန်မာတွေဟာ မိသားစုကိုချစ်တဲ့၊ ကိုယ့်ရပ်ရွာကိုချစ်တဲ့၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တဲ့ နှလုံးသားတွေ ရှိကြပါတယ်။ နိုင်ငံအတွက်၊ လူမျိုးအတွက်ဆိုရင် နှလုံးသားနဲ့ ခံစားတတ်ကြပါတယ်။ နိုင်ငံခြားထွက် အလုပ်လုပ်နေကြရတဲ့ မြန်မာအများစုဟာ ကျွန်သဘောက်တွေလို အဆူခံ၊ အဆဲခံ၊ အငြိုငြင်ခံ ပြီးဝမ်းစာရှာရင်း ချဉ်ပေါင်ဟင်း၊ ငပိရည်နဲ့ တို့စရာကို လွမ်းဆွတ်နေကြသူတွေပါ။

      ဂဇက်ထဲက ကျွန်တော်တို့ ပြောကြ၊ ရေးကြတာတွေဟာ ကဲ့ရဲ့ ရှုတ်ချပြီး လှောင်ပြောင်တာမဟုတ်ရပါ။
      ခံစားရတာတွေကို မချိတင်ကဲဖြစ်ရလို့ သရော်ပြောင် ပြောင်ကြတာပါ။ ဖြစ်စေချင်တာတွေကို သတိပြုမိကြအောင် ဆန့်ကျင်ဖက်ရေး တာလဲ ဖြစ်ပါတယ်။

      မမီမီရေ။
      သူကြီး(မြို့သူကြီးပေါ့ဗျာ) ကို personal အရ ပေါက်ကွဲပြတာကို ကျွန်တော်မဝေဖန်ပါ။ ကိုယ့်ခံစားချက်အရ ခံစားနိုင်ပါတယ်။
      ဒါပေမဲ့
      နိုင်ငံခြားထွက်သူတွေ ကိုယ့်နိုင်ငံ ပြန်မကြည့်ကြဘူးရယ်လို့ အာဃာတစိတ်ဖြစ်မယ်ဆိုရင် . . .
      ကိုယ့်နိုင်ငံထဲမှာ “ ဘယ်သူသေသေ၊ ကိုယ်သာ မာချင်တဲ့ ကိုငတေ ” များကို ပိုပြီး ပေါက်ကွဲဖို့ သင့်ပါတယ်။

      ဒဂျီးပြောသလို ပြောရရင်
      စိတ်မဆိုးစေလို

    • San Hla Gyi

      May 13, 2014 at 6:09 pm

      အင်း မမီမီရေ တောင်းပန်တယ် ဆိုတာတော့ မှားတဲ့လူက တောင်းပန်ရတာပဲဗျာ။ ကျုပ် စိတ်ထင် မမီမီက တောင်းပန်ရလောက်အောင် မမှားပါဘူး။ မတောင်းပန်ပါနဲ့။ သဂျီးခိုင်ကိုဆိုရင် ပိုတောင်းပန် မနေနဲ့။ ဘာလို့လည်းဆိုတော့ သူက မှားတာပါ။ သူက တောင်းပန်ရမှာ။ တောင်းပန်တာတောင် စာတစောင် ပေတဖွဲ့နဲ့ ဆောင်းပါးရေးပြီးကို တောင်းပန်ရမှာ။ သူ စော်ကားထားတာက စာတစောင် ပေတဖွဲ့နဲ့ပဲ။ ကဲပါ အားလုံးသိရအောင် ကျနော် တခု ပြန်ပြောပါမယ်။ မမီမီတင်မဟုတ် အားလုံးကို ပြောနေတာပါ။ အခုမှ ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ မ pooch လည်းနားထောင်ပါ။ မ pooch က ကျနော့်အထင်ပေါ့လေ နည်းနည်းများ သမာသမတ် ပိုဖြစ်သလားလို့ပါ။ ကျုပ် ဟိုတုန်းကတည်းက စိတ်ထဲက နည်းနည်း သဘောကျချင်သလို ဖြစ်တဲ့ လူသုံးယောက် ရှိဖူးတယ်။ ကိုပေ မ pooch နဲ့ ကိုကြောင်ကြီးပါ။ ဘာကြောင့်မှန်းမသိ သဘောကျသလို ဖြစ်တယ်။ ဒီနေ့မှ စာရေးတယ်ဆိုတာ လူမမြင်ရလို့ စာထဲက မြင်နေရတဲ့ သဘောထားနဲ့ အပြင်က တကယ့်လူ တထပ်တည်း ကျပါ့မလားဆိုတာ သံသယ ဖြစ်လာတယ်။ ထားတော့လေ လိုရင်း ပြောကြစို့ရဲ့။
      သဂျီးခိုင် မှားသလား။ မှားတာပေါ့ အကြီးအကျယ်ကို ခဏ ခဏ မှားတယ်။ အားလုံး ညာဘက် ကော်လံဒေါင့်က စည်းကမ်းချက် နံပါတ် ၆ ကို ဖတ်ကြည့်ပါ။ “လူမျိုးရေး ဘာသာရေး အသားအရောင် ခွဲခြားမုန်းတီးမှု ဖြစ်စေသော စာများ မတင်ရ” တဲ့။ ကဲ ဆက်ကြည့်ရအောင်။
      နာနာ(သံတွဲ) ဆိုသူ ရေးတဲ့ မြန်မာ မွတ်စလင် ပြည်သူများအား မုန်းတီးသူများသို့ ဆိုတဲ့ ပို့စ်ထဲမှာ သဂျီးက ဒီလို ပြောတယ်။ “အလှူလုပ်တာတောင် မွတ်စလင်တွေပါ စားလို့ရအောင် ဟာလာဆိုင်က ကြက်သားရှာဝယ်ပြီး အဲဒါနဲ့ ဟင်းချက်ပြီး အလှူလုပ်တယ်။ စေတနာလည်း ရှိတယ်။ ကိုရမ်ကျမ်းမြတ်လည်း လွန်ခဲ့တဲ့ အနှစ် အစိတ်လောက်ကတည်းက မိတ်ဆွေဗလီဆရာဆီက ဌားပြီးဖတ်ဖူးတယ်။ ကိုရမ်က တချို့စာတွေလည်း အလွတ်ကျက်ခဲ့ဖူးတယ်။” ကဲ ဘယ်လောက်အထိ သိမ်မွေ့တဲ့ လေသံလည်းဆိုတာကြည့်။ အသေးစိတ် ဖတ်ချင်ရင် http://myanmargazette.net/117786 ကိုသွား သဂျီးကွန်မန့်က ဒုတိယကွန်မန့်ပဲ။ ရှာရတာ မခက်ဘူး။ ရေးတဲ့ရက်စွဲက April 26 2012 ပါ။
      နောက်တခါ ထပ်ပြောတာက ကိုရင်မောင်ရေးတဲ့ ပို့စ်ဖြစ်တဲ့ မြန်မာတွေ ကုလားလို့ ဘာလို့ ခေါ်ကြတာလည်း ဆိုတဲ့ ပို့စ်ထဲမှာ ပြန်ဖတ်ကြည့်။ ဆောင်းပါးရှင်က ကုလားလို့ ခေါ်ရခြင်း အကြောင်းကို တိုတိုလေးရေးတယ်။ ကိုရင်စည်သူက ကွန်မန့်ရေးတယ် “သူတို့ချင်းတောင် ကုလားလို့ ပြန်ခေါ်နေတာပဲ ကုလားကို ကုလားခေါ်တာ မကြိုက်ရင်တော့ ကုလားဆို မဆလာလို့ ခေါ်မယ်”
      သဂျီးက အောက်မှာ ကွန်မန့်ပြန်ရေးတယ်။ “ကာယကံရှင်တွေက မကြိုက်ရင် မခေါ်ဖို့ပါပဲ။ မကြိုက်ပါဘူး ဆိုတာကို ခေါ်တာ (ဒါမှမဟုတ်) ခေါ်ဖို့ ကြိုးစား အကြောင်းပြတာဟာ မျှတတဲ့ ဖြစ်တည်မှု မဟုတ်ပါဘူး။ တရားမျှတတာကို ချစ်ရင် ကိုယ်ကလည်း တရားမျှတရပါမယ်။” ကဲ ဘယ်လောက် စကား ချိုသလည်း။ အသေးစိတ် ဖတ်ကြည့်ရင်တော ့http://myanmargazette.net/127811 ကိုသွား သဂျီးကွန်မန့်က ၂၈ ခုမြောက်ကွန်မန့်ပဲ။ ရက်စွဲက Jun 5 2012 ပါ။
      ဒါဆို သဂျီးကိုယ်တိုင်ရော ဘယ်လိုနေသလည်း ပြန်ကြည့်ရအောင်။ အရောင်ရင့်မှတ်တမ်း ဖေဖော်ဝါရီ ၂၀၁၄ ပါ။ သဂျီးကိုယ်တိုင်တင်တဲ့ ပို့စ်နော်။ သူရေးတဲ့ ကွန်မန့်က “ကုလား ဟိန္ဒူတွေဟာ နွားသားမစားပေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးကြတာမို့ သူတို့ဘဝ လူနေမှု အတွေးအခေါ် ဉာဏ်ရည်မကျဆင်းပါ။ ကော်ပီကတ် အဲ ကော်ပီနွားမြန်မာတွေကတော့” အဲ အဲဒီကွန်မန့်ကို ပြောချင်တာပါပဲ။ သူကိုယ်တိုင် ရေးတဲ့ ပို့စ်ထဲမှာ နွားမြန်မာတွေလို့ သိမ်းကျုံးခေါ်ပြီး တမျိုးသားလုံးကို နွားနဲ့နှိုင်းပြီး စော်ကားလိုက်ပါတယ်။ အသေးစိတ် ဖတ်ချင်ရင်တော့ http://myanmargazette.net/193357 ကိုသွား အဲဒီမှာ ရှိပါတယ်။ သိပ်မကြာသေးပါဘူး။ ကဲ မမီမီရေ ညည်းတောင်းပန်စရာ မလိုပါဘူး။ သူက တောင်းပန်ရမှာပါ။ အားလုံးရှေ့မှာ မေးပါတယ်။ ကိုယ်တိုင်ကျတော့ သူများ ကုလားလို့ ခေါ်တာကိုတောင် မကြိုက်လို့ မခေါ်ပါနဲ့ ပြောပြီး ကိုယ်ကျတော့ သူများလူမျိုးကို ဘာလို့ နွားလို့ သိမ်းကျုံးပြီး ခေါ်ရတာလည်း။ အလွန်ရိုင်းစိုင်းတဲ့ စော်ကားမှု ဖြစ်ပါတယ်။ ကျုပ်တော့ မြန်မာလူမျိုးဆိုတော့ အဲဒီစကားကို နာပါတယ်။ ကိုယ်တိုင် အဲဒီလို အခေါ်ခံရတာကို နာရကောင်းမှန်း မသိရင်တော့ တကယ့် သူပြောတဲ့ အကောင်လုံးလုံး ဖြစ်မှာပါ။ မမီမီရေ မမီမီလုပ်ရမှာက အဲဒီလို လုပ်တဲ့အတွက် မြန်မာတွေကို သီးသန့် ဆောင်းပါးရေးပြီး တောင်းပန်ခိုင်းဖို့ပါ။ အကြံပြုရင်လည်း ကုလားတွေတုန်းက လေချိုလေးနဲ့ ပြောသလို မြန်မာတွေကိုလည်း စော်ကားတဲ့ အသုံးအနှုန်း သုံးဖို့မသင့်ပါ။
      ကျုပ်က စေတနာနဲ့ လုပ်တာလို့ ပြောဖို့ မစဉ်းစားပါနဲ့။ ခင်ဗျားရင်ထဲက စိတ်ကတော့ ခင်ဗျားပဲ သိမှာဆိုတော့ ဘယ်သူမှ မမြင်ရပါဘူး။ တချို့တွေ ခင်ဗျားကို respect မပေးဘူးဆိုတာ ခင်ဗျားကိုယ်တိုင် သူတို့ကို စော်ကားခဲ့လို့ပါ။ လူကို တယောက်ချင်း နာမည်တပ် ဆဲတာထက် လူမျိုး သို့မဟုတ် ဘာသာနဲ့ နှိုင်းဆဲတာက ပိုနာတတ်ပါတယ်။ ဒါ စော်ကားမှုထဲက တခုပဲ ရှိပါသေးတယ်။ နောက်ထပ် ဒါမျိုးတွေ အကြိမ်ပေါင်းများစွာ သူ ကျူးလွန်ခဲ့တယ်။ တခါတလေ လုပ်မိတာ မဟုတ်ပါဘူး။ ဒေါသအလျောက် လူတယောက်ချင်း ရန်ဖြစ်လို့ တိုင်းတာမျိုး မဟုတ်ပါဘူး။ အကြိမ်ကြိမ်ပါ။ အဲဒါ ဘာကြောင့်များလည်း။ မြန်မာတွေ သူ့ကို ဝင်မေးနိုင်ပါတယ်။ အဲဒီ ကွန်မန့်တွေ အားလုံးကို ဖျက်ပစ်တောင် ကျနော့်မှာ အပိုသိမ်းထားတာ ရှိပါတယ်။ မမီမီ လိုချင်ရင် ကျနော်ပေးနိုင်ပါတယ်။

      • kai

        May 14, 2014 at 1:38 pm

        ဒီထဲကစာကိုယ်ကို… ကိုရင်စံခမြာ.. ၃ခါ.. ပို့စ်၃နေရာမှာ.. “ကော်ပီကက်”… အဲ…အဲ.. “ကော်ပီနွား”.. အဲ..(ဒါလည်းအထကောက်ဦးမယ်..)” ကော်ပီစံ”လုပ်ပြီး..(မဖြစ်သေးပါဘူး)..” ကော်ပီ” လုပ် ကူး.. ပြန်ရေးထားပါတယ်ကွယ်..

        အာဟိ..။ :mrgreen:

        မှတ်ချက်။ ။။ ကော်ပီကက်.(copycat)
        cop·y·cat (kŏp′ē-kăt′) Informal
        n.
        One that closely imitates or mimics another.
        v. cop·y·cat·ted, cop·y·cat·ting, cop·y·cats
        v.intr.
        To act as an imitator or mimic.
        v.tr.
        To imitate closely; mimic.
        adj.
        Closely imitating or following another: a copycat version of a successful product; a copycat crime.

        The American Heritage® Dictionary of the English Language, Fourth Edition copyright ©2000 by Houghton Mifflin Company. Updated in 2009. Published by Houghton Mifflin Company. All rights reserved.

  • Paing Lay

    May 13, 2014 at 3:19 pm

    အနော်တို့ တိုင်းပြည်ကတော့ နာနာဘာဝတွေဘယ်လောက်ဖြဲခြောက်ခြောက်မကြောက်တော့တဲ့ အခြေအနေဖြစ်နေပါပြီ ဘာကြောင့်လဲဆိုတော့ အဲဒီထက်ကြောက်စရာကောင်းတာတွေက တစ်စတစ်စနဲ့ ကြီးထွားလာနေပြီလေ 🙁

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 13, 2014 at 4:32 pm

    . မြန်မာပျီမှာက ဟင်းမကောင်းဘူးလေ မီးမီးရဲ့

  • ပလာ တာ

    May 13, 2014 at 8:53 pm

    ကုလားကိုကုလားလို.မခေါ် ရင်
    ဘယ်လိုခေါ်ရင်ကောင်းမလဲ

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 13, 2014 at 9:13 pm

      . မင်းမေဆောက်ပတ်လို့ခေါ်လေ
      . စမ်းကျိဇမ်း
      . မင်းမေစောက်ပတ်

  • koko

    May 13, 2014 at 11:41 pm

    ဒူမှ ဘာမှ မပြောကြတော့ပါလား
    ဟုတ်ပါတယ် စေတနာထက် နိမ့်ချ မှုအငွေ့အသက်ကို ခံစားရပါတယ်။ Member များကတော့ ငါ ပါနေလို့ အဲလိုပြောတာ တယ်ကြိုက်မှာ မဟုတ်ပါဘူး။
    မမီးမီး မလေ ျာ့လိုက်နဲ့ အသနားခံ စာတွေတင်စရာလဲမလိုဘူး။

    • San Hla Gyi

      May 14, 2014 at 10:07 pm

      အင်း koko ရေ
      ခင်ဗျားနဲ့ ကျနော်တော့ မသိပါဘူး။ အားလုံးတိတ်နေချိန်မှာ မှန်တဲ့ဘက်က ဝင်ပြောပေးလို့ ကျေးဇူးတင်ပါတယ်။ ခင်ဗျား အကောင့်နာမည်ကြီးကလည်းဗျာ ကိုကို ဆိုတော့ လျှာယားလိုက်တာ။ ယောကျာင်္းချင်းတောင် ကျုပ် ခေါ်ရတာ လျှာယားသလိုပဲ။ ထားတော့ အရေးကြီးတာ ပြောကြစို့။
      ဘယ်သူက ဘာဝင်ပြောမှာလည်း ဆရာရဲ့။ ခင်ဗျား မြင်တဲ့အတိုင်း အယ်ဒီတာ kai ဆိုရင် အဲဒီလို လက်ဆုပ်လက်ကိုင်နဲ့ မိတာတောင် အားလုံးက မသိချင်ယောင် ဆောင်နေကြတာပဲဗျာ။ အစကတည်းက ဒီအတိုင်းပါပဲ။ ပြောလည်း နာကြဦးမယ်။ အဲဒီတော့ koko ရေ ရာထူးရှိတဲ့လူနဲ့ ပေါင်းစားတဲ့ ခရိုနီတွေကို အပြစ်မတင်နဲ့ပေါ့။ ဒီထဲက တိတ်နေတဲ့ တချို့လည်း အစက အပြစ်တင်ဘူးပါတယ်။ စဉ်းစားကြည့်ပေါ့ အယ်ဒီတာလို နေရာတောင် မှားနေတာ မပြောဝံ့ရင် ကိုယ်သာ ခရိုနီနေရာ ရောက်ရင်လည်း ကိုယ်လည်း သူတို့ထက် ဆိုးမှာလားဆိုတာ တွေးကြည့်ကြပေါ့။
      အပေါ်က သဂျီးခိုင် ရေးနေတဲ့ ကွန်မန့်ကို ကြည့်စမ်း။ သူ့မှာ သနားစရာဗျာ။ သူ မြန်မာတွေကို “ကော်ပီနွားမြန်မာ” တွေလို့ ပီပီသသကြီး ခေါ်တာကို မဝံခံရဲရှာဘူး။ ခင်ဗျားလည်း ကွန်မန့် ဖတ်ပြီးသားပဲ။ သူ့လေသံက စာနာတဲ့ လေသံမှ မဟုတ်မှ။ နှိမ့်ချတဲ့ လေသံ ဒီလောက် ထင်ရှားနေတာကို ဘယ်သူက ပြောရဲခဲ့သလည်း။ အခုလည်း လူလည် လုပ်ပြီး စကားမှားသလိုလို ဘာလိုလိုနဲ့ ကော်ပီကတ်ဆိုတဲ့ အဓိပ္ပါယ်ကို အင်္ဂလိပ်လို လိုက်ရှင်းပြနေတယ်ဗျို့။ သူခေါ်တာ ကွန်မန့်ထဲမှာ “ကော်ပီနွားမြန်မာ” တွေလို့ ပီပီသသကြီး တမျိုးသားလုံးကို နွားနဲ့ နှိုင်းပြီး ခေါ်ခဲ့ပါတယ်ဗျာ။ ကျနော် သူများ အယူဝါဒကို လေးစားပါတယ်။ ကျုပ်ကို မတိုက်ခိုက်ရင် ကျုပ်က မတိုက်ပါဘူး။ သဂျီးခိုင် သူ့ဘာသာသူ ကိုရမ်ကျမ်းမြတ်ပဲ အလွတ်ကျက်ကျက် အိမ်မှာပဲ ဟာလာဆိုင်က အော်ဒါမှာပြီး အလှူလုပ်လုပ် ဒါ သူ့ကိစ္စပါ။ သူကိုယ်တိုင် ပြောခဲ့တာပဲလေဗျာ။ တရားမျှတတာကို ချစ်ရင် ကိုယ်ကလည်း တရားမျှတရပါမယ်တဲ့။ ဟော ကြည့် သူရော တရားမျှတခဲ့သလား။ အခုထိကြည့်ဦး ဒီလောက် လက်ဆုပ်လက်ကိုင်နဲ့ မှားတာ မိနေတာတောင် တောင်းပန်ပါ့မယ် ဆိုတဲ့ စကား တခွန်းထွက်မလာဘူး။ အဲဒီလူဟာ သူများကျရင်တော့ လွန်တဲ့လူက တောင်းပန်ရမယ် ဘာညာနဲ့ ဆရာကြီး လုပ်တာဗျို့။
      သူဟာ တကယ်တော့ ဒီပို့စ်ပိုင်ရှင် မိန်းကလေးလောက်တောင် သတ္တိမရှိရှာဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်ကိုယ်တိုင် ရေးထားတဲ့ နှစ်ပေါင်း အစိတ်လောက်ကတည်းက ကိုရမ်ကျမ်းမြတ် အလွတ်ကျက်ပြီး အိမ်မှာဆို ဟာလာဆိုင်က အော်ဒါမှာပြီး အမြဲတမ်း အလှူလုပ်တယ် ဆိုတဲ့ ကွန်မန့်ကို သူဘာသာသူ ဖျက်ပစ်တယ်ဗျာ။ မနေ့ညက အထိ ရှိသေးတယ်။ နောက်ပြီး ဒီပို့စ်ပိုင်ရှင် မိန်းကလေးက သူကိုယ်တိုင် ပြောတယ်။ သူမှားရင် မှားတာထောက်ပြပြီး သဂျီးခိုင် မှန်တာတွေ ထောက်ပြပါ။ ကန်တော့ပြီးတောင် တောင်းပန်မယ်တဲ့။ ဟော ဘယ်လောက် ကိုယ့်ကိုကိုယ် ဝန်ခံရဲတဲ့ သတ္တိရှိသလည်း။ သဂျီးခိုင်ကြည့် သူမှားတာ မြန်မာတွေကို နွားတွေလို့ သိမ်းကျုံးပြီးခေါ်တာ ဒီလောက် လက်ဆုပ်လက်ကိုင်နဲ့ ပေါ်နေတာ တောင်းပန်မယ် တခွန်းပြောတာ တွေ့လား။ မှားတာလေးတွေကိုတောင် သူများ မမြင်အောင် လိုက်ဖျက်သေးတယ် ဒါလားကွ လစ်ဘရယ် ဒီမို လူ့အခွင့်အရေးသမား။ ဒီ မိန်းကလေးက လိုနေတာက ဘာမှ ကျမ ဆင်းရဲတယ် သဂျီးခိုင် ချမ်းသာတယ်တွေ ငိုပြစရာ မလိုဘူး။ အဲဒါ ပါစင်နယ်တွေ။ သူလုပ်ရမှာက သဂျီးခိုင် ရှင် ကျမလောက်တောင် သတ္တိမရှိဘူးလား။ ရှင်ယောကျာင်္းဆို။ ကိုယ့်အမှားကိုယ် ဝန်မခံရဲဘူးလား။ သွားပြီ။
      ဒီမိန်းကလေးက အမှန်မှာ မကြာခဏ လာပြီး သဂျီး သူမှားတာကို မရှင်းပြမချင်း မတောင်းပန်မချင်း ဒီပို့စ်ကို စတစ်ကီ မဖြုတ်ပါနဲ့လို့ ပြောထားရမှာ။ ဖြုတ်တာနဲ့ သဂျီးခိုင်ကို သူနာမည်တပ်ပြီး ခေါ်လိုက်ရုံပဲ။
      ကျနော်က သူ့ကို သိက္ခာချနေတာ မဟုတ်ပါဘူး။ ကိုယ်မှားနေတာ ကိုယ်ဝန်ခံပါ။ တောင်းပန်ပါ။ ပြောရဲတဲ့လူ သိပ်မရှိတာနဲ့ ရူးချင်ယောင် မဆောင်ပါနဲ့လို့ ပြောတာ။ ရှက်တတ်ရင် သေလို့ရတယ်လို့ ကောင်မလေးက သူ့ကို ဒါကြောင့် ပြောသွားတာ။
      သူက ဗုဒ္ဓဘာသာကိုလည်း အများကြီး စော်ကားခဲ့သေးတယ်။ သက်သေရှိလို့လား မေးရင် ရှိပါသော်ကောဗျာ။ နမူနာတခုပဲ ပြမယ်။ ဝင်းပြုံးမြင့်ရေးတဲ့ မိန်းမသားဘဝ ဆိုတဲ့ ပို့စ်ထဲမှာ သူရေးတဲ့ ကွန်မန့်က ဒီလို။ “စီပွားရေးပိုင်း မိန်းမတွေ နေရာရတာက ယောကျာင်္းတွေက အလုပ်မလုပ်ပဲ သာသနာ့ဘောင် ခိုလှုံကြတာကိုး။ အလုပ်မလုပ်ကြတော့ ထိုင်စားလို့ရအောင် အဲ ကုန်ထုတ်လုပ်မှုလေးလည်း ရှိအောင် ဒီလိုပဲ မိန်းမတွေကို ညာခိုင်းထားရသပေါ့ ကွိ ကွိ” အဲဒါသာ သွားဖတ်ပေတော့။ မြန်မာနိုင်ငံက ထေရဝါဒ ရဟန်းတော်တွေကို အလုပ်မလုပ်ပဲ သာသနာ့ဘောင် ခိုလှုံတယ်ဆိုပြီး စော်ကားလိုက်တယ်။ ဘယ်မှာ ဖတ်ရမလည်း ဆိုတော့ http://myanmargazette.net/151934 မှာသွားဖတ်နိုင်တယ်။ အဲဒီလိုဟာတွေ နောက် အများကြီး ရှိသေးတယ်။ အဲဒါက သူနဲ့ ဘာဆိုင်လည်း။ ရဟန်းတော်တွေ သာသနာ့ဘောင်ပဲ ခိုလှုံ ခိုလှုံ လူတွေက ဆွမ်းပဲကပ်ကပ် သူ့အပူလား။ ကိုရမ်ကျမ်းမြတ်ကျက်ပြီး ကိုယ့်ဟာကိုယ် အေးအေး မနေဘူး။ မကြိုက်ရင် မကြိုက်တဲ့ တယောက်ကို နာမည်တပ်ပြီး ဘာကြောင့် မကြိုက်ဘူး ပြောပါလား။ သူများဘာသာကို ဘာမှ စော်ကားစရာ မရှိဘူး။ အဲဒီလိုလူ။
      သဂျီးခိုင် ကိုရမ်ကျမ်းမြတ် အလွတ်ကျက်တယ်လို့ သူကိုယ်တိုင် ပြောတဲ့ ကွန်မန့်ကို မဖတ်လိုက်ရတဲ့လူတွေ ဖတ်ချင်ရင် သူဖျက်လိုက်တဲ့ ကွန်မန့်တွေ ဖတ်ချင်ရင် sanhlagyi@gmail.com ကိုသာ စာပို့လိုက်ကြပါ။ ဘာဖတ်ချင်သလည်း ဆိုတာသာပြော။ အရင်ပို့တဲ့လူ အရင်ဖတ်ရမယ်။ နောက်မှ ပို့ရင် နောက်မှ ဖတ်ရမယ်။ လုံးဝ သက်သေ မရှိပဲ သူ့လို လျှောက်မပြောဘူး။ သူနဲ့လည်း မိတ်ပျက်စရာ မလိုပါဘူး။ ဘာမှ မပြောပဲ အီးမေးသာ ပို့လိုက်ပါ။ ကျုပ်ကို ဘယ်သူက စာပို့တယ်ဆိုတာ လုံးဝ မပြောဘူးလို့ ကတိပေးတယ်။
      မီမီရေ နင့်နောင်ကြီးကို စာသာပို့နော်။ ကျုပ်ကို တပတ်လောက် မတွေ့ဘူးဆိုရင် သဂျီးခိုင် မရိုးမသားလုပ်တယ် ဆိုပြီး မြန်မာဟတ်ကာတွေ ဆိုင်ဘာတပ်မတော်လို့လည်း ခေါ်တဲ့ လူတွေကို သွားသာတိုင်။ ရိုးရိုးသားသား အထောက်အထားနဲ့ ရေးနေတဲ့ မြန်မာ စာရေးဆရာ တယောက်ကို မူဆလင် သဂျီးက အနိုင်ကျင့်ပါတယ် ဆိုပြီး သတင်းသာဖြန့်ပစ် ကြားလား ငါ့နှမ။

  • etone

    May 14, 2014 at 1:25 am

    ့ရို့ ရို့ … ရို့ရို ့ … စည်စည်ကားကား ပြန်ဖြစ်တော့မယ် အနေထားပဲ ….. ။
    သဂျီး ရဲ့ … အကွက် (ပွေးကွက် မဟုတ်ပါ 😀 ) တွေကြောင့် …. ရွာရီး … အဲအဲ .. မြို့ရီး စည်ကားပေဦးတော့မယ် …. ခွိ

    အတည်ရေးမြီ …
    တကယ်ဆို …. နိုင်ငံခြားထွက် အလုပ်ရှာလုပ် ကိုယ့်ဝမ်းကိုယ်ကြောင်းတာ မျိုးချစ်စိတ်မရှိတာ ကိုယ်လွတ်ရုန်းတာမှ မဟုတ်ပဲ …. အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရွေချယ်မှုနဲ့ ကိုယ် ရပ်တည်ကြရတာပါပဲ …. နိုင်ငံတွင်းနေသူတွေထဲမှာတောင် အနစ်နာခံပြီး လုပ်နေတဲ့ လူအရေတွက် လက်ချိုးရေစာလောက်ပဲရှိတယ် … ။ တကယ်တော့ ဘယ်သူ ဘာလုပ်တယ် ဘာဖြစ်နေတယ်ဆိုတာကြည့်နေတာထက် … ကိုယ်တိုင်က ဘာလုပ်တယ် ဘာအကျိုးပြုနေသလဲ ဆိုတာကသာ အရေးကြီးပါကြောင်း ….. :mrgreen:

  • Wow

    May 14, 2014 at 9:11 am

    ကောင်းဒယ်…… :mrgreen:

    ပဒေါင်မကြီး Gold Roast ကော်ဖီကြော်ငြာတာကို ပြောတာပါ.. :mrgreen:

  • kyeemite

    May 14, 2014 at 1:18 pm

    အော်..ရွာထဲမရောက်တာကြာလို့…ဒီနေ့မှဝင်ကြည့်ပါတယ်…တိုက်ပွဲပြင်းထန်နေပါလား
    အသာစောင့်ဖတ်မှပါလေ…ဗရုပ်သုတ်ခ…အဲအဲ..ဗဟုသုတရတာပေါ့ 😀

  • koko

    May 14, 2014 at 2:03 pm

    ကိုယ်ယုံကြည်ရာကိုလွတ်လပ်စွာ ပြောရဲဖော်ထုတ်ရဲခြင်းဟာ ဒီမိုကရေစီဆိုလားပဲ။

  • Crystalline

    May 14, 2014 at 2:10 pm

    OMG! Seriously! :mrgreenn:

      • ကေဇီ

        May 15, 2014 at 7:49 am

        အာ့ကြောင့် နာ ဒီဘက်မလာရဲပဲ ဟိုဘက်မှာပဲ ဒွင်းသီး နွှာစားနေပါပေါ့လို့။

        :mrgreen:

        • Wow

          May 15, 2014 at 8:40 am

          ဟိုဘက်မှာ တစ်ဗုတ် ရှိသေးတယ် ခြေမချရဲ… အဲလေ… ကီးဘုတ်မနှိပ်ရဲလို့ ပတ်ပတ် ချောင်းပြီး ပြန်ထွက်လာဒါ :hee:

          BTW နိ အဗာတာအသစ်က အင်းကျီအနီနဲ့ ရထားတဲ့ အနီနဲ့ ကွက်တိ… :mrgreen:

        • ကေဇီ

          May 15, 2014 at 9:12 am

          ကတောက်!
          နေပါစေ …..
          နီပါစေ။
          ယတြာချေထားရတာ။
          နောက်တစ်ပတ် ကိုကြီးခ စလုံးလာမှာပါ။
          နာ့ ဆုရ နာရီလေး ပါလာတော့မှာပါ။
          အဲ့ကျမှ နောက်ပြိုင်ပွဲ ကျင်းပခိုင်းဦးမှာပါ။
          :mrgreen:

          နိ နှုတ်ခမ်းနီကြီးကရော ဘာရောင်မို့လို့တုန်းးး ဟွန့်!!
          :byee:

          .
          ..

          .
          .
          ..BTW….
          ကြီး ၃ ကြီးမှာ ကြီး ၂ ကြီး ကို ပိုင်ထားတာ ဆိုတော့ ခေသူမဟုတ်!!
          😀

  • ဝင့်ပြုံးမြင့်

    May 14, 2014 at 11:10 pm

    မီမီ ပြောတာတွေ အကုန်မှန်ပါတယ် သဂျီး။ ဒါကြောင့် မြန်မာပြည်ပြန်လာပြီး ဂဇက်ရွာသူရွာသားတွေရဲ့ အကျိုးပြုစာပေများအား ထုတ်ဝေပေးရန် တောင်းဆိုပါတယ်။ ပိုက်ပိုက်အများကြီးသယ်လာပါ သဂျီး။ သဂျီးသယ်လာတဲ့ ပိုက်ပိုက် အားလုံးပြောင်စင်သွားအောင် ကြော် အပါအဝင် ရွာသူရွာသားအားလုံး တာဝန်ယူဆောင်ရွက်ပေးပါမယ်။ သိပ်မကြာစေရပါဘူး။ စိတ်ချပါ သဂျီး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 15, 2014 at 8:53 am

    . ကျ ုပ်အထင် သဂျားမင်းသါ ဗမာနိုင်ငံအပေါ်
    . ရွှေမိုးငွေမိုးတွေ ရွာချပေးလိုက်ရင်
    . သဂျီး ကွိုင်မတက်နိုင်ဘူး
    . ဆိုတော့ဂါ
    . သဂျားမင်းကို ဆပ်ဒတ်လိုက်ဖုံးနဲ့ ညှိကျိဘါလါး သဂျီးမင်း

    • kai

      May 15, 2014 at 9:12 am

      သိကြားလိမ်
      **********

      နန်းမေရုပြာသာဒ်၊
      လမ်းဖြတ်တဲ့ ဣန္ဒာ၊
      ကမ်းသတ်လို့ နှိမ်ရှာတယ်၊
      အလိမ္မာလွန်သား၊
      ထောက်လှမ်းချက် သုဓမ္မာဝယ်၊
      ခုအခါ လစ်ကြသလား။

      ဘုရားက သိကြားကို မှာတယ်၊
      ဌကထာ ရှိသား၊
      သာသနာ ငါထားငဲ့၊
      မမှားအောင် စေ့ဆော်၊
      မကောင်းသူ့ ကောင်းသူတို့ကို၊
      ကြောင်းယူလို့ ဆန်းစစ်ကာမျှော်။

      ဝိမလနန်းသစ်ပေါ်မှာ၊
      သန်းရှစ်ဖော် ရွေများနှင့်၊
      ဘုရားကို နှစ်ရစ်လိမ်၊
      ညစ်တဲ့မာဃိန်၊
      ပစ်ရှာမယ့် ဝရဇိန်ငယ်၊
      ပန်းထိမ်မှာ ပြင်တုန်းထင့်လေး။

      စလေဦးပုည

      • kai

        May 15, 2014 at 9:14 am

        ဝိမလနန်းသစ်ပေါ်မှာ၊
        သန်းရှစ်ဖော် ရွေများနှင့်၊
        ဘုရားကို နှစ်ရစ်လိမ်၊

        နေပူတော်မှာနန်းသစ်ထောင်တဲ့.. ဘိုသန်းရွေကို ..နမိတ်ဖတ်ပြောထားသလားတောင်ထင်ရတယ်.. :mrgreen:

  • naywoon ni

    May 15, 2014 at 10:41 am

    ဟ ဖဲ့တယ်​ကွ ငင်​ သူ့ဖဲ့တာကို မြို့ပိုင်​မင်​းက စတစ်​ကီ တပ်​​ပေးထားတယ်​။ ငါလဲ ဖဲ့ဦးမှ စတစ်​ကီ ရ​အောင်​ ။ ဒီမြို့ထဲက စပျစ်​သီး တစ်​လုံးလုံး​တော့ ဖဲ့ဦးမှ ။ မြို့ပိုင်​မင်​း​တော့ မဖဲ့ ​တော့ပါဘူး ။ ဟိုက ဖြဲထားတာ ​တော်​​တော်​ပြဲ​နေ​လောက်​ပီ ။

  • အဟဲ.. အနော်တောင် မြန်မာပြည်မှာ တိုက်ခန်းလေးတစ်လုံးရဖို့ နိုင်ငံဂျားမှာ အလုပ်သွားလုပ်ပြီး ပိုက်ပိုက်စုရင် ကောင်းမလား စင်းဇားသေးဒယ်.. အနော့် ၈၈ က အသွားဗူး ဆိုလို့… :mrgreen:

    • ကေဇီ

      May 15, 2014 at 11:43 am

      အဲဒီဟာက ခက်တာပေါ့အေ။
      အရင်က ကျုပ်တို့ ကို မှိုင်းတိုက်ထားတာများးးးးး :mrgreenn:

      နိုင်ငံခြားထွက်ရင် ဘဝပျက်ရင် ပျက် (ပေါ်လစီကားထဲမှာ)
      စလုံးထွက်လာတဲ့ အိမ်သာကျော်ဇင်ကို တရုတ် ဘော့(စ) က ကြံစည်လို့ ဘွပျက်တာတို့ ဘာတို့။ :mrgreenn:

      ဒါမှမဟုတ်ရင် မတရား ကြီးပွါးချမ်းသာလာ (မြန်မာကားထဲမှာ)
      ဟင့်! ပြန်လာတာနဲ့ ကမ်ပနီကြီးတန်းထောင်ပြီး ဦးစီးတော့တာ။ :mrgreenn:

      အဲလိုတွေပဲ မြင်ဖူး ထင်ဖူးကြတာ။
      ဘယ် နိုင်ငံ က အစိုးရကမှ သူ့ဝင်ငွေထွက်ငွေ မျှခြေကို အပျက်မခံဖူးရယ်။
      သူတို့ ဆီက ရှာထားတဲ့ ပိုက်ဆံ အလုံးအရင်းလိုက် ဘယ်ကိုမှ အပါ မခံဖူးးးး။
      သူတို့ ကို တန်အောင်ပြန်ပေးရ တာချည်းပဲ။
      ငွေ ဈေးကွာလို့သာ ဒီပိုက်ဆံက အပိုထွက်လာတယ်ပဲ ပြောရတာ။
      ဒါတောင် တို့ နိုင်ငံက ဈေးနှုန်းတွေက ကဘာ့ အဆင့်မှီနော်။ တခြားဟာသာမမှီတယ်။
      :hint:

      တို့ နိုင်ငံက လူဂျီး သားသမီးတွေကလွဲရင် …..
      နိုင်ငံခြားထွက်ပြီဟေ့ဆို ပင်ပန်းတဲ့ လူချည်းပဲ။
      တနည်းမဟုတ်တနည်း အနှိမ်ခံရဖူးတဲ့ သူချည်းပဲ။

      ဝန်ကြီး သားသမီးတွေလို ကွန်ဒိုပေါ်ကနေ ဝီစကီလေးသောက်ပြီး အင်တာနက် သုံးပြီး အော်ချင်ရာ အော်နေတဲ့သူ တစ်ယောက်မှ မရှိဘူးးး။
      ဒုက္ခ ခံဖူးပြီးမှ “”ဪ သူများဆီမှာ ဒီလိုပါလားးး ကိုယ့်နိုင်ငံမှာ ဒီလိုဖြစ်ရင် ကောင်းမှာပဲ”” ဆိုတဲ့ စိတ် အနည်းအများကို ရှိတယ်။

      အပန်းဖြေခရီးရှည်မဟုတ်ပဲ ဘယ်သူမှ မိဝေးဘဝေး မျက်နှာငယ်ခံ သူများနိုင်ငံ မလာချင်ကြ မနေချင်ကြပါဘူးးး
      မလွှဲမရှောင်သာလို့ အဲဒီဘက်မှ ဘာမှ လုပ်မရတဲ့ စံနစ် တစ်ခုကြောင့် ထွက်လာရတဲ့သူချည်းပါပဲလေ။
      :hint:

      ကို အေးလွင်ဦး ပြောသလိုပဲ။

      နိုင်ငံခြားထွက်သူတွေ ကိုယ့်နိုင်ငံ ပြန်မကြည့်ကြဘူးရယ်လို့ အာဃာတစိတ်ဖြစ်မယ်ဆိုရင် . . .
      ကိုယ့်နိုင်ငံထဲမှာ “ ဘယ်သူသေသေ၊ ကိုယ်သာ မာချင်တဲ့ ကိုငတေ ” များကို ပိုပြီး ပေါက်ကွဲဖို့ သင့်ပါတယ်။
      :hint:

      😥

      • TNA

        May 15, 2014 at 3:44 pm

        သဂျီးက မိုးသီးဇွန်တို့လို နိုင်ငံကယ်တင်မယ်ဘာပုတယ် ညာပုတယ်ဆိုပြီးပြန်မှမလာတာကိုး။ အန်တီဒုံပိုစ့်ထဲကလိုပဲ သူများအပစ်ပြောနေပြီး ကိုယ်တိုင်ကော အပစ်ကင်းပါရဲ့လားဆိုတာလေး လဲပြန်တွေးဖို့လိုသလို လက်ရှိတာဝန်ရှိသူတွေဟာ နိုင်ငံခြားရောက်မြန်မာတွေမဟုတ် ပဲ မြန်မာနိုင်ငံထဲက အုပ်ချုပ်သူတွေ၊ သူတို့ကိုအမှီပြုပြီး လူထုဂုတ်သွေးစုတ်နေသူတွေကို တာဝန်ယူခိုင်းရမှာပါ။ တိုင်းပြည်မှာရှိသမျှခွာစားပြီးချွတ်ချုံကျအောင်လုပ်သွား တာ နိုင်ငံခြားရောက် မြန်မာတွေမဟုတ်ပဲ တိုင်းပြည်တွင်းမှာရှိနေတဲ့ လုပ်ပိုင်ခွင့် အာဏာအပြည့်ရှိသူတွေပါ။

  • ရွှေတိုက်စိုး

    May 15, 2014 at 12:35 pm

    ဆရာမကို လေးစားပါတယ်ဗျာ…. ပစ္စည်းမဲ့မာနတော့ ရှိကြမှာပဲလေ…. ကိုယ်ထူကိုယ်ထနိုင်ငံကြီးမှာ ဒဏ်တွေရှိခဲ့တာကိုးဗျ…..
    ကျွန်တော်အမေကပြောဘူးတယ်…. သူများကို တစ်ခုခု ဝေဖန်နေတာတွေ.ရင် ကိုယ့်လှည်းကိုမောင်း လို.ပြောနေကျ..
    အဲဒါဘာလဲဆိုတော့.. လှည်းမောင်းလာတဲ့သူတစ်ယောက်က သူများလှည်း လမ်းဘေးမြောင်းထဲ ကျနေတာကို လက်ညှိုးထိုးပြီး ဘယ်လိုမောင်းပါလား.. ဘယ်လိုဖြစ်တယ်..ဆိုပြီးပြောနေတုန်း သူလှည်းလဲ မြောင်းထဲ ကျပါလေရောတဲ့….. ဆရာမမီ ပြောတဲ့သူတွေကလဲ အဲလိုလူတွေပဲနေမှာပေါ့…..

    ရှင်တို့တွေက လေယဉ်ပျံနဲ့ မြန်မာပြည်ကိုကြည့်နေစဉ်မှာ
    ကျွန်မတို့က ဒူးလောက်နစ်တဲ့ဗွက်ထဲမှာ စာသင်ဖို့ကျောင်းကိုသွားရတာပါရှင် ။
    ကျွန်မတို့က မော့ကြည့်ရတဲ့လူတန်းစားပါ
    ငုံ့ကြည့်ရတဲ့ ရှင်တို့လောက်ပညာမတတ်ပါဘူး
    မြန်မာငွေ သောင်းဂဏန်းလောက်နဲ့ ရန်ကုန်နားက တောကျကျနေရာမှာဆရာမလုပ်နေရတာပါ။
    ကျူရှင်သင်တဲ့ဆရာမလည်းမဟုတ်ပါဘူး
    ကလေးတွေက ဆင်ရဲလွန်းလို့ ကျူရှင်လည်းမသက်နိုင်ပါဘူးနော်
    လစာမလောက်လို့ ကျောင်းဈေးရောင်းတဲ့ဆရာမပါ
    တခါတရံမှာ ပစ္စည်းမဲ့ ဒေါသတွေဖြစ်တတ်တာဆန်းလားရှင့်
    ကျွန်မတို့က ဒုက္ခတွင်းထဲမှာ ရုန်းနေရတာကိုယ်တွေ့အများကြီးပါ
    ရှင်တို့တွေက တောနေလူတန်းစားပညာမဲ့တွေကိုပြောတော့ ကျွန်မစိတ်နာတယ်
    ကျွန်မ လစာနဲ့အွန်လိုင်းကို မသုံးနိုင်ဘူးရှင့်

    ဒီစာလေးနှစ်ကြောင်းသုံးကြောင်းလောက်နဲ. ရှက်တတ်ရင်သေလို.ရတယ် ဆိုတာ… သိသာနေပါပြီဗျာ…
    အဲ…. ဒါပေမယ့်.. မရှက်တတ်လို.လဲ ဒီလိုပြောနေကြတာပဲလေ.. သေမှာတော့ဟုတ်ဘူးဗျ…..

  • myat pearl phyu

    May 15, 2014 at 1:32 pm

    ရွာထဲမရောက်တာကြာပြီ … ဒိနေ့ သတိလေးရလို့ ရွာထဲကလစ်တစ်ချက်အဝင်မှာ ဒီပို့စ်ကြီးဖတ်လိုက်တာ..
    ခေါင်းမူးတွားရယ်..မန့်တွေလည်းအားလုံးဖတ်ရယ်…ကဖီသောက်လိုက်ဦးမယ်..
    ဆရာမရယ်..စိတ်လျော့ပါ..
    ဘယ်သူမပြု မိမိမှုပါလို့…
    စကားအတင်းဆက်..ပိုစ့်လေး ကော်ပီကူးပီး ရှယ်မယ်နော်…

  • ရွှေညာသား

    May 15, 2014 at 2:48 pm

    ပထမဦးဆုံး ပြောချင်တာကတော့ မမီမီကို ဂုဏ်ပြုပါတယ်ဆိုတာပါ။
    ကျွန်တော့်ကို မမီမီသိချင်မှလည်း သိပါလိမ့်မယ်။
    ကျွန်တော်က ရွာသားဟောင်းတစ်ယောက်ပါ။
    မှတ်မှတ်ရရပြောရရင် သူကြီးအပါအဝင် ရွာသား တစ်ချို့နဲ့ပြသနာဖြစ်ပြီးထွက်သွားတဲ့သူပါ။
    ကျွန်တော့်ခေတ်တုံးက လက်ကျန်ထဲမှာ ကိုပေါက် ၊ ကိုနေဝန်းနီ ၊ ကြောင်ဝတုတ်နဲ့ အချို့ချို့သော
    တွေပဲကျန်ပါတော့တယ်။
    ကျွန်တော်ရှိတုံးက အန်တီဒုံ တို့ စာရေးကောင်းတဲ့ကိုခေါင်တို့
    အခု Gazette ထဲမှာ အားကြိုးမာန်တတ်လုပ်နေတဲ့ အလက်ဆင်းတို့ မရှိသေးတာသေချာတယ်။
    ဒါပေမဲ့ ကျွန်တော်ရွာကို ပြန်မလာဖြစ်တော့တာလည်း အခုမမီမီဖြစ်သလိုပါပဲ။
    ကျွန်တော်က သတင်းဝါသနာပါတော့ အစိုးရဝန်ထမ်းမကောင်းတာတွေကို စုံစမ်းတယ်
    နောက်ရေးတယ် ဒီကြားတဲ ဗုဒ္ဒမြတ်စွယ်တော်လိုမျိုး တရုတ်တွေခုတုံးလုပ်ပြီး
    စီးပွားရှာတာတွေ နောက် ရေနွေးငွေ့ရထားတွဲတွေယူသွားတာတွေကို ရေးရင်းနဲ့ Post တစ်ခုမှာ
    သူကြီးကိုခင်လို့စလိုက်တာ
    သူကြီးဥကိုင် လို့ခေါ်လိုက်တာကို
    သူကြီးကကျုပ်ဆဲပါတယ်ဆို စွပ်စွဲတယ်။ပြောရရင် အဲဒီ့ Post မှာ မ etone တစ်ယောက်ပဲ ရယ်ရယ်
    မောမောထောက်ခံတယ်။
    အခုကိုစံလှကြီးလိုမျိုး အထောက်အထားနဲ့မပြနိုင်တော့ပေမယ့် စိတ်မကောင်းဖြစ်ရတယ်။
    နောက် အပြန်အလှန်ပြောကြရင်းနဲ့
    ရှုံနိမ့်မှု့များနဲ့လူက ဝင်ပြီးသူကြီးကို ကျွန်တော့်ကပြသနာရှာတယ်ဆိုပြီး စိန်ခေါ်ပါတယ်။
    အဲဒီတော့ ကျွန်တော်စဉ်းစာမိသွားတာက ကျွန်တော်မှန်တယ်ထင်တယ်ဆိုရင်တောင်မှ
    သူတို့အသိုင်းအဝိုင်းကလက်ခံမှာမဟုတ်ဘူးဆိုတာသိလိုက်ပြီး ကျွန်တော့်ကြောင့် ရွာဆူရ
    တယ်ဆိုတဲ့ ရှုံးနိမ့်မှုများနဲ့လူ အပါအဝင်သူကြီး လေးလေးစားစား တောင်းပန်လိုက်ပါတယ်။
    ကိုယ်က နာမည်ပြောင် ဥကိုင် လို့ခေါ်တာထားတာကို ။
    ဒါပေမဲ့ ရှုံးနိမ့်မှု့များနဲ့လူနဲ့ ဖြူစိုင်းလူ နဲ့ တစ်ယောက်ထဲလားမသိပေမယ့် ကျွန်တော့် သူ့စာအရေးအသား
    တွေကိုကြိုက်တယ်။ဝင်ပြောတာကို စိတ်လုံးဝ(လုံးဝ) မဆိုးပါဘူး။
    အမြဲလည်းဖတ်တယ်။ပြီးတော့ အလင်းဆက် အန်တီဒုံ ၊ ဝင့်ပြုံးမြင့် ၊ ကိုခေါင် အဘနီ
    စတာတွေကိုမပျက်အကွက် (အားလုံးနီးပါဖတ်ပေမယ့် ) Foreign Resident လို့ခေါ်တဲ့ သင်္ဘောသားအို
    မြန်မာပြည်ပေါက်တရုပ်အိုကြီး ရဲ့ မြန်မာဖြစ်ရတာမသိမသာနှိမ်တဲ့ စာတွေရယ် ။
    သူသွားနိုင်တိုင်ရေးတဲ့ တောလားတွေ နောက် စဉ်းစားကြစေလိုပါတယ်။တွေကို ဖတ်ပေမယ့် နှိမ်သလိုခံစားရပါတယ်။
    ဒါပေမယ့် ရိုးသားစွာပြောတာနော် (အဆဲခံရဦးမှာပါ) မကြိုက်ပါဘူး။
    နော်ကသူကြီး အချင်ချင်းစတာကို ဆဲပါတယ်ပြောတာခံရတော့ ဝင်ပြောတဲ့ ကိုရှုံးအမြင်တော့ ကျွန်တော်
    ငပွကြီးဖြစ်တော့ ရွာကို ကြောခိုင်းခဲ့တာ နှစ်ကြာခဲ့တာပါ။ဒါပေမယ့် အမြဲ ဝင်ဖတ်ပါတယ်။ကိုခေါင့် Post
    တွေဆို စုတောင်ထားသေးတယ်။
    ကိုစံလှကြီး ပြောတာအထောက်အထားပါတော့ ကောင်းပါတယ်။ကျွန်တော်ဘယ်သူ့မှမမုန်းပါဘူး။
    ကိုရှုံးကိုလည်း ဝင်ပြောလိုက်မှ ကျွန်တော်သတိကပ်သွားရပြီး ဪ ငါသူတို့ထဲမှာ တစ်စိမ်းပါလား
    သိလိုက်ရတော့ စိတ်မကောင်းစွာနဲ့ ထွက်ခဲ့ရတာပါ.။
    ပြောရရင် သူကြီးနဲ့ကျွန်တော် ဆော်ဖူးခဲ့ပေမယ်လည်း စိတ်ထဲမှာ ဘယ်လိုမှမဖြစ်ပေမယ့်
    မကောင်းတအားကြီးမပြောစေချင်ပါဘူး။
    နောက် သခင်မျိုးဟေ့ ဒို့ဘားမန်းကြီးကိုလည်း မကြိုက်ပါဘူး။
    မြန်မာပြည် ဆင်းရဲပါတယ်ဆိုတာကို အားလုံးသိနေကြတာပါ ဒါပေမယ့် ဒီလိုမပြောသင့်ဘူးထင်တာပါ။
    နောက် သူကြီးပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် မှားရင် သတ္တိရှိရှိတောင်းပန်ရပါမယ်။
    ကိုစံလှကြီး ၊ မမီးမီးတို့ပြောတာ ထောက်ခံပါတယ်။
    ပွဲဆူလို့ ဆွမ်းကြီး ဝင်လောင်းတာမဟုတ်ပါ။
    နောက်နောင်လည်း ဖတ်နေဦးမှာ ဖြစ်ပေမယ့် ရွာထဲဝင်မလာပါဘူး။စိတ်ချပါ။
    ဆဲချင်လည်း ဆဲကြပါ။ပြန်မပြောတော့ပါဘူး။
    ရွာမှာနေနေကြတဲ့သူတွေကို လေးစားပါတယ်။
    အားလုံး ပျော်ရွှင်ကြပါစေ။
    ( ဆက်ဦးမယ် ကျန်သေးတယ် )
    စကားမစပ် မမီမီ ကျွန်တော်သာ မမီလို် ကိုစံလှကြီးလို နောက်တန်းကောင်းကောင်းရှိခဲ့ရင် ဆက်ကန်မယ်ဗျာ

    ရွာသားဟောင်း ရွှေညာသား

    • surmi

      May 15, 2014 at 3:31 pm

      အဟမ်းးးးးးး
      မှတ်မိပါတယ်ကိုညာသားရယ်
      ခင်ဗျားတို့ဖြစ်ပြီးမကြာခင်ဘဲ ကျုပ်ပို့စ်တစ်ခုတောင်ရေးခဲ့ပါသေးဗျာ
      ဆိုတော့ ……
      ဘာပဲဖြစ်ဖြစ် ဒီလိုဘဲငြင်းကြ စိတ်ဆိုးကြပေမယ့်
      ပြီးသွားတာပါပဲ
      အခုလိုပြန်တွေ့ရတာဝမ်းသာတယ်နော
      ရောက်လက်စနဲ့ နေပါဦးဗျာ
      ကျုပ်လည်းကွန်မန့်မပေးဖြစ်ပေမယ့် ဖတ်ဖြစ်ပါသေးတယ်

      ဗျို့ သဂျီး !!!¡¡¡¡
      သဂျီးအကွက်တွေမိုက်သဗျာ
      နှစ်ပေါက်အောင်ပျောက်နေတဲ့ရွာသူားတွေပြန်တွေ့ရသဗျ
      လာပြီးထွက်ကြိုပါဦး
      သဂျီးကိုတော့ ပန်းမြိုင်လယ်ကဥယဉ်မှူးဇတ်ကားထဲက
      ကိုနေအောင်နဲ့ နှိုင်းရမယ်ထင်တယ်
      တာတီးကို စည်းရုံးပုံနဲ့ တူလွန်းလို့
      :mrgreen:

    • kai

      May 15, 2014 at 4:15 pm

      ဟား..ဟား..
      ကိုရင့်ကိုမှတ်မိပါ့ဗျာ..။
      ကိုရင်လုပ်ထားတာ သိချင်ရင်.. ဂိုဂယ်မှာ” ဥကိုင်”ဆိုပြီးရှာလိုက်..ဘာမဆိုင်ညာမဆို.. ဒီရွာတန်းထွက်လာသဗျ..။ :buu:
      အနိစ္စ…။

      ဆိုတော့…
      ကျုပ်အနေနဲ့ ဒီရွာကနေဘယ်သူ့ကိုမှ ထွက်သွားဟေ့လို့မပြောသလို.. နှင်လည်းမထုတ်ပါ..။ ရွာသူားကို ဘန်းတာလည်းမရှိပါကြောင်း..။
      သဘောရှိ.. သဘောရှိ..။ :mrgreen:

    • alinsett (gazette)

      May 15, 2014 at 4:43 pm

      အင်း ကိုရွှေညာသား
      ကျနော်နဲ့ ရင်းရင်းနှီးနှီးမနေဖူးပေမယ့်
      ကျနော်တို့ရေးတာတွေကို တိတ်တိတ်ဆိတ်ဆိတ် အားပေး ခံစားပေးနေသူဆိုတော့ ကျေးဇူးတင်ပါတယ်
      ရင်းနှီးပြီးသားလို့ပဲ ယူဆပါတယ်
      ဆက်လည်း အားပေးပါဦး။

      တစ်ခုပြောချင်တာက စာဖတ်အားကောင်းပြီး ရွာသားဟောင်းဖြစ်တဲ့ ကိုရွှေညာသားကို
      ပျော်ပျော်ပါးပါးနဲ့ ရွာထဲ ဝင်နေစေချင်တာပါပဲ
      ဆွေးနွေးကြ ဝေဖန်ကြ ငြင်းခုန်ကြရင်းနဲ့ တလှေတည်းစီးတခရီးထဲ သွားကြရအောင်ဗျာ
      နွေးထွေးစွာ ဖိတ်ခေါ်ပါရစေ

      လေးစားချစ်ခင်လျက်

      ဆက်ဆက်

  • padonmar

    May 15, 2014 at 8:14 pm

    ရွှေညာသားက သူကြီးကို ဥကိုင်ခေါ်တဲ့ ကိစ္စဖတ်လိုက်မိပါတယ်။
    (ဒို့လည်း ဆင်မျောက်ခါ ညောင်ပင်ကို ဘယ်သူဘယ်အရွယ်မီလိုက်သလဲပြောတာကျနေပြီ)
    အကြောင်းအမျိုးမျိုးကြောင့် ပျောက်တတ်ကြတော့ ဒီကိစ္စကြောင့်ပျောက်သွားတယ်မထင်မိဘူး။
    ဘာကြောင့်ပဲဖြစ်ဖြစ် ရွာကို သံယောဇဉ်ရှိတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ်။
    ကျမကတော့ တခါတုံးကရေးခဲ့ဖူးသလိုပဲ
    ဒီရွာကို သူကြီးထောင်ထားပေမယ့်
    ရွာသူားတွေ ပိုင်တယ်လို့ပဲ မှတ်ပါတယ်။
    ဒါကြောင့် ပိုင်ရှင် ရွာသူားတွေ အမြဲ ဝင်ထွက်သွားလာနေစေချင်ပါတယ်။
    ပျောက်နေတဲ့ မနော၊အန်တီမိုး၊ဂျူဂျူးမ၊မှီ၊မိုချို၊ တို့ မောင်ပေ၊ကြောင်လေး၊မောင်ကင်း၊ဦးဂျစ်၊ငှက်ကြီး၊ကိုရင်စည်သူ၊ကိုအောင်၊ထိုင်ဝမ်က Don Ronaldတို့တွေကိုလည်း သတိရပါတယ်။

    • အရီးခင်

      May 15, 2014 at 8:20 pm

      ရေးးးးးးးးးးး
      တို့ အစ်မဒုံ နဲ့ တွေ့ပဟေ့။ 🙂

  • အရီးခင်

    May 15, 2014 at 8:18 pm

    ရွာကို ပြန်အလာ ရွာထိပ်က ကြိုဆိုရေး ဆိုင်းဘုတ်ကြီး နဲ့ ပါလား အရပ်ကတို့ ရေ။

    ဒါနဲ့ ဘဲ ရွာ့လွမ်းခြင်း လေးကို အသာဘေးချပြီး ဝင်ပါလိုက်ဦးမယ်။ 🙂

    အဲဒီလို ကဗျာမျိုး၊ အရေးမျိုး ဖတ်ခဲ့ဘူးတယ်။
    မြန်မာပြည် အတွင်းထဲက လူတွေ က အပြင်ရောက်လူ တွေ ကို မြင်တဲ့ အမြင် တွေမှာ မကောင်းတဲ့ ဘက်က အမြင်ပေါ့။
    တကယ်တော့ ဒီလို ခံစားနေကြတာ မမှားပါဘူး။
    သို့ပေမဲ့ မှန်တယ်လဲ မပြောလိုဘူး။
    ဝါးလုံးရှည် နဲ့ ရမ်းလိုက်သလို ဖြစ်နေတာ ကို သတိမထားမိကြဘူး ထင်ရဲ့။

    မြန်မာပြည်ထဲ မှာ အလုပ်လုပ်နေတုန်းက ကိုယ်တွေ့ ခံစားရတာလေးပါ။
    ၈၈ အရေးအပြီး လောက်မှာ သူငယ်ချင်း တစ်ချို့ နိုင်ငံ အပြင်ထွက်ကြတယ်။
    ကျောင်းတက်ဖို့ ထွက်ကြတာများပါတယ်။
    နောက် လေးနှစ်လောက် ပြီးရော သူတို့ ကျောင်းပြီးပြီး နိုင်ငံအပြင်မှာဘဲ အလုပ်ဝင်ကြတယ်။
    အဲဒီအချိန် ကိုယ်လဲ ကျောင်းပြီး ပြီး ပုဂ္ဂလိက အလုပ်တစ်ခု လုပ်နေပြီ။
    ကွန်ပျူတာ ပရိုဂရမ် တွေကို မြန်မာပြည်ဖြစ် စလုပ်ချိန် ခေတ်ပေါ့။
    နိုင်ငံခြားသွားကျောင်းတက်သူ သူငယ်ချင်း တွေ က လဲ ဟိုမှာ ပရိုဂရမ်မာတွေ ဖြစ်နေပြီ။
    အဲဒီက စပြီး မြန်မာပရိုဂရမ်မာတွေ အရမ်းတော်တာ သူများတွေ စသိလာပြီး အဲဒီ နာမည်ကောင်း ကတစ်ဆင့် နောက်လူ တွေမှာ အကျိုးများခဲ့ တာ ငြင်းမရပါဘူး။
    နောက်ပိုင်း သူတို့ ပြန်လာတိုင်း သူတို့ အတွေ့အကြုံ တွေ ကို ပြောပြတယ်။
    ကိုယ် ကလဲ ကိုယ်လိုတာတွေ အကူအညီတောင်းတယ်။
    ဒီလို တောင်းရတာ ရှက်စရာမလိုပါဘူး။ ကိုယ်ညံ့လို့ ကူခိုင်းတာမှမဟုတ်ဘဲ။
    ကိုယ့်မှာ သူတို့ရနေတဲ့ အခွင့်အရေး မှ မရနိုင်တာ။
    ဒီတော့ သူတို့ ရှိပြီးသား ရပြီးသား ဗဟုသုတ တွေ၊ ကိုယ့်အားနည်းချက် ကို ထောက်ပြ ဝေဖန်ပေးတာ ကို ဝမ်းသာအားရ ယူခဲ့ပါတယ်။
    သူတို့ ကလဲ ကိုယ့်တိုင်းပြည် ကို တတပ်တအား ပြန်ကူမ နေတာမို့ အရမ်းဝမ်းသာကြတယ်။
    ကိုယ်ကလဲ အဲဒီ ကနေ အဆင့်ကျော်တက်သွားနိုင်လို့ အများကြီး လုပ်ဖြစ်တယ်။
    ကိုယ့်ဟာကိုယ် ဟိုစမ်း ဒီစမ်း လုပ်နေရရင် အချိန်လဲ ကုန်သပါ့။

    ဒါပေမဲ့ ပြောရရင် အားလုံးတော့ မဟုတ်ပါဘူး။
    အဲဒီ၁၉၈၉ /၉ဝ လောက်တုန်းက သူများတွေဆီမှာ ကွန်ပျူတာ ကွန်ပျူတာ ဖြစ်နေချိန် မြန်မာပြည်မှာ ကွန်ပျူတာတက္ကသိုလ်မရှိသေးပါဘူး။
    လူတစ်ယောက် ဆိုရင် မြန်မာပြည် မှာ ရေးနေတဲ့ ပရိုဂရမ်တွေ ဟာဖြင့် ဘယ်လို အသုံးမကျကြောင်း၊ လုပ်နေတဲ့ စက်တွေ ဟာဖြင့် ဘယ်လို ခေတ်နောက်ကျကြောင်း ကို စကားဖြစ်တောင်မဟုတ် အဲဒီချိန်မှာ နာမည်ကြီး ကွန်ပျူတာ ဂျာနယ်ထဲ မှာ ကို အကျယ်ချဲ့ ဆောင်းပါး ရေးပြီး ပြောတာပါ။
    ပြည်တွင်းဖြစ်တွေ နိုင်ငံခြား စံချိန်မမှီဘူး လို့ ဝေဖန်တာ မှန်ပါတယ်။
    ဒါပေမဲ့ စိတ်စေတနာ မပါတဲ့၊ ကိုယ်သာသိတယ် တတ်တယ် ဆိုတဲ့ မာန်ပါတဲ့ ဝေဖန်ချက်ပါ။
    နောက်ပိုင်း အဲဒီ ဆောင်းပါးကို ပြည်တွင်းက လူတစ်ယောက် ဘဲ အဲဒီ ဂျာနယ်မှာဘဲ တစ်ချက်ခြင်း ပြန်ပြီး ရှင်းပြ ပေးပါတယ်။
    လိုတာတွေ က ကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။
    ဒါပေမဲ့ အဲဒီ ဆရာသမား ပြန်ပေါ်မလာတော့ပါဘူး။ ဒါတောင် သူက အမေရိကား မှာ အလုပ်လုပ်သူမဟုတ်။
    ယိုးဒယား မှာ လုပ်နေတာပါ။
    မပြည့်အိုး ကို မြင်ရမှာပါ။

    အတို ပြောရရင်
    မီမီ ရေ
    ဘယ်နေရာမှာဘဲ နေနေ လူပေါင်းစုံ စိတ်ပေါင်းစုံ တွေ့ရမှာပါ။
    ပြည်ပ မှာ နေပြီး နဲနဲ ကို များများ ချဲ့ ကိုယ်ကလွဲ လို့ သူများတွေ ကို ငတုန်း တွေ လို့ မှတ်နေသူတွေ ရှိပါတယ်။
    တကယ်တော့ ပြည်တွင်းမှာလဲ ဒီလို လူတွေ အပြည့် ပါမဟုတ်လား။
    ပြည်တွင်းမှာ နေပြီး ရိုးသား၊ ကြိုးစား လူ ကို လူ လိုမှတ် ပြီး အရိုအသေ ဂါရဝ ပြုသူ တွေ မရှားပါဘူး။
    တကယ်တော့ ပြည်ပ မှာလဲ ဒီ လို လူတွေ အများကြီးပါ။
    ဒီတော့ နေရာ ဒေသ ပြည်တွင်း ပြည်ပ ခွဲ မကြည့်ပါနဲ့။
    ပြည်ပ က နေပြီး ကိုယ့်တိုင်းပြည် အကျိုး အတွက် လူမသိ သူ မသိ ကြိုးစား ထောက်ပံ့ပေးနေ သူ တွေ လဲ အများကြီးပါ။
    တစ်ခုတော့ ရှိတယ်။
    သူတို့ က အသံ သိပ်မထွက်ဘူး။
    အပြင်က ဆရာ့ဆရာကြီး လို့ ကိုယ့်ကိုယ်ကို ဟန်ထုတ် ဘဝင်မြင့် နေသူများကတော့ အသံ ကျယ်တတ်တယ်။
    နေရာယူဖို့ ကြိုးစားနေတတ်တယ်။
    ဒါကြောင့် မီမီ အမြင်မှား သွားတာနေမှာပါ။

    တော်လောက်ပြီ။
    ရွာအပြန် လွမ်းချင်း သီဖို့ လုပ်ဦးမယ်။

    ခင်မင်စွာဖြင့်
    အရီး

    ဒါနဲ့ – မီမီ လို မိန်းကလေး ရွာသူ ဖြစ်လာတာ အင်မတန် ဝမ်းသာပါတယ်။
    ရွာထဲ ဒီလို လူတွေ အများကြီး လိုတယ်။
    မြန်မာပြည် အတွက်ရောပေါ့။

    PS – အရီး ကလဲ အသံ နဲနဲ ကျယ်တယ်။ LOL :-)))))

    • ကေဇီ

      May 15, 2014 at 8:37 pm

      Welcome back, A Yee Latt
      :chit:

    • ROssI

      May 15, 2014 at 8:43 pm

      မတွေ့တာကြာတော့.. မုတ်ဆိတ်ကျင်ဇွယ်တွေတောင် ဗြုတ်စဗျင်းတောင်းနဲ့ လှချင်တိုင်းလှလာပါ့လား ..အရီးရဲ့ …
      အာဟိ..

        • kai

          May 16, 2014 at 1:45 am

          အဲဒီမုတ်ဆိတ်ကို.. တီဗီထဲတွေ့တွေ့နေတာ… ဘယ်နှာတုံးလို့ထင်တာပေါ့..
          အခုမှသိတယ်..
          မင်္ဂလာပါအရီးလတ်ရေ…။
          ပို့စ်ပိုင်ရှင်… မီဆရာမကိုတောင်.. တော်တော်ကျေးဇူးတင်သွားပြီ..။
          သာဓု ၂ခုပေးမဟေ့…။

          စာမေးပွဲတွေဖြေတယ်ဆိုလို့.. ဝမ်းသာတယ်ဗျ..။
          လူဆိုတာ.. ဘယ်အချိန်ပညာဆည်းပူးပူး.. နောက်ကျရယ်တယ်မရှိလို့.. စာတဖွဲ့ပေတတန်လုပ်ပါဦးနော…။ :mrgreen:

    • surmi

      May 15, 2014 at 8:54 pm

      အိုး အိုးးး အရီးတောင်မှကိုယ်ယောင်ထွက်ပြရပါပေါ့လား
      ပြန်လာတာဝမ်းသာတယ်ဗျို့
      သဂျီးရဲ့မဟာဗျူဟာများလည်း ကောင်းလှသဗျာ 🙂

      • အရီးခင်

        May 15, 2014 at 9:03 pm

        ကေဇီ – လွမ်းပါတယ်။ 🙂
        ROssI ဆိုလို့ ဘုသူလဲ လို့။ ဒင်းကိုး။
        ကဆာမိ – ချစ်သူကို အကြွေးနော်။ 😉 စာမေးပွဲတစ်ခု ဖြေနေလို့ပါ။ ဒီ မနက်ဘဲ တစ်ခု ထပ်ပြီးသွားလို့။

  • padonmar

    May 15, 2014 at 9:46 pm

    ကျိဇမ်း
    မီမီရေ
    အရီးတောင် စာကြည့်စားပွဲက ခိုးထွက်လာရပါလား။
    ဒီရွာက ပျော်ဖို့ကောင်းပါတယ်ကွယ်။

    • ROssI

      May 15, 2014 at 11:00 pm

      အင်း..
      အာတီဒုံ ဝမ်းမသာရှာဘု..
      ဆာလုံးဗောင်း ဒွေတောင်
      ကန္နားဇီး စတိုင် တွေဖြစ်ကုန်ဘီ
      အာ..ဟိ
      ဒက်ဂလောက်..။

Leave a Reply