“ကျွန် မ စာ ကူး ချ ဘူး သည်”
“ကျွန် မ စာ ကူး ချ ဘူး သည်”
ကျွန် မ မှာ စာ ရေး ချင် သော ပိုး က အခု တစ် လော ထ နေ ၏။
ဘာ ရေး ရ မှန်း လဲ မ သိ။
ဗဟုသုတက လဲ မကြွယ် ဝ။
စာ မ ဖတ် ဖြစ် တာ လဲ ကြာ ပြီ။
အရင် ဖတ် ပြီး သား တွေ ကို ပြန ်ကိုး ကား ရ အောင် လဲ ဘာ မှ
ခေါင်း ထဲ မှာ မရှိ တော့။
ဘဝ ကျဉ်း ကျဉ်း လေး ထဲ မှာ နေသူ မို့ ဘာ မှ လဲ သိပ် မ သိ။
ဘာသာရေး
နိုင်ငံ ရေး
လူ မူ့ ရေး
ကျန်း မာ ရေး
စီး ပွား ရေး
အချစ် ရေး
အိမ် ထောင် ရေး
ဘာ ရေး ရင် ကောင်း မ လဲ စဉ်း စား ကြည့် မိ ၏။
တကယ် ချ ရေး ကြည့် တော့ ကျွန် မ ဘာ မှ ရေ ရေ ရာ ရာ မသိ။
ကျွန်မသိ သည် မှာ အပေါ်ယံ မျှ သာ။
ရွာထဲ မှာ ကျွန် မ ကြိုက် သော စာ ရေး သူ အများ အပြား ရှိ လေသည်။
လေး စား မိ ၏။
အချို့ မှာ သာ း သမီး အရွယ် ။
တကယ် တော် လှ ပေ၏။
ထို ကဲ့ သို့ ရေး တတ် ချင် လှ ၏။
နောက် ဆုံး မေ တာ့ ကိုယ့် အ ကြောင်း က လွဲ ပြီး ဘာ မှ မသိ သူ ပီ ပီ
ကိုယ့် ဘဝ ဇာတ ်လမ်း ကို သာ ချ ရေးမ ိပါ တော့ သည်။
တန် ဘိုး ရှိ သော အချိန် များ ထဲ မှ နေ၍ ကျွန် မ ရေး သော စာကို
အချိန် ပေး ၍ ဖတ် ခြင်း အ တွက် တကယ့်ကို ကျေး ဇူး တင် မိ ပါ သည်။
*********************************************************
“ သမီး ကြီး လာ ရင် ဘာလုပ် မ လဲ”
.စး။ဖေ ဖေ အ ပါ အဝင် အား လုံးက အမြဲတမ်း မေး တဲ့ အ ခါ တိုင်း
ကျွန် မ ဖြေ ခဲ့ တာ က
“အင် ဂျင် နီ ယာ မ ကြီး လုပ် မယ်”
၁ဝ တန်း ရောက် တဲ့ အထိ ကျွန် မ ကြွေး ကြော် ခဲ့ တဲ့ စကား။
ငယ် ငယ် က တဲ က စာ သိပ် မညံ ့ တ့ ဲ သူ မို့ ကိုယ် ့ ကို ကိုယ် လဲ ဖြစ် မည် ထင် သည်။
တကယ် ၁ဝ တန်း တက် တဲ့ အ ခါ မှာ တော့ စာ ကျက် ရ သည် ထက်သူငယ်ချင်းများနှင့် အတူ ကျူ ရှင် တက် ရ သည် ကို ပို ပျော် လာ သည်။
ကျွန် မ တို့ ခေတ် က ကျူ ရှင် ခေတ်။
ကျူ ရှင် ရှိ ရာ ကို ကိုယ် က လိုက် တက် ရ တဲ ့ ခေတ်။
ဘာ သာ စု ံ ကျူ ရှင် လိုက် တက ်သည်။
ဘယ် တော့ မှ တစ ်ယောက် ထဲ မ သွား ခဲ့ ရ သူ က
ကျူ ရှင် ပေါင်း စုံ ကို တစ် ယောက် ထဲ သွား တက် ရ တာ ကို အရမ်း ပျော် သည်။
ကျူ ရှင် မ တက် ခင် မုန့် တွေ လျှောက် စား ။
ကျူ ရှင် ထဲ မှာ သံပြိုင် သံ ချပ် ထုးိ လျင် အော် နိုင် ရန်။
(သံ ချပ် ထိုး တယ် ဆို တာ ကျူ ရှင် မှာ ဆ ရာ တိုင် ပေး တာ ကို သံ ပြိုင် ဝိုင်း အော် ကြ တာ ကို
ဆို လို တာ ပါ။)
ကျူ ရှင်တွင် ဆရာ သင် သ မျှ ငယ် သံ ပါ အောင် အာခေါင် ခြောက်အောင် အော် ပြီး သကာ လ
ကျောင်း လွှတ် ချိန် တွင် မတော့ ကျွန် မ ဘိုက် ထဲ မှာ ဘာ မှ မရှိ ဆာ လ ာ ပြီ။
စားချင် တာ ထပ် စား သည်။
ဘယ် လောက် ပျော် စ ရာ ကောင်း တဲ့ ဘဝ လဲ။
ကျူ ရှင် တွေ က လဲ စနေ တ နင်္ဂ နွေ ဆို မ နက် မိုး လင်း က တည်း က ထွက် လျှင်
ည နေ မှ အိမ် ပြန ်ရောက် သည်။
အိမ် ရောက် တာ နဲ့ အိပ်။
နောက် နေ့ မနက် ကျူ ရှင် တက်။
ကျောင်း သွား တက်။
စာ ကို ဟန် ပြ လောက် ကျက် နဲ့ စာ ေ မး ပွဲ ကြီး နီး လာ ပါ ပြီ။
စာ မေး ပွဲ ကြီး နီး လာ တော့ ကြောက် လာ သည်။
စာ က ေ ရ ေ ရ ရာ ရာ ဘာ မှ မ ရ။
ကိုယ့် ကို ကိုယ် လည်း သိ သည်။
ကျက် လိုက် မေ့ လိုက် နဲ့ ဖြစ ်နေပြီ။
တွက် လိုက် မေ့ လိုက် နဲ့ ဖြစ် ချေ ပြီ။
အဲ လို ဖြစ ်နေ လို့ စာ ကို ဖိ ကျက် သ လား ဆို တော့ လည်း မဟုတ်။
ခေါင်း ဆေး မယ် ဆို ကာ ကျူ ရှင် ပြေး ပြီး ရုပ် ရှင်ကြည့် ၏။
ကျွန် မ တို့ သူ ငယ် ချင်း အုပ် စု မှာ ကျွန် မ အငယ် ဆုံး။
ပြော ရ မယ် ဆို လျင် စာ လည်း သူ တို့ ထက် ရ သည်။
သချင်္ာ များ မ တွက် ခိုင်း နဲ့ ကျွန် မ အ ရင် ဆုံး ပြီး သည်။
မှန် လဲ မှန် သည်။
အဲ ဒီ တော့ အ ငယ် ဆုံး ပေ မယ့ ် ကျွန် မ က အုပ် စု ထဲ မှာ ဆရာ ကြီး။
ဆ ရာ ကြီး လဲ တစ် နှစ် လုံး ဟေး လား ဟာ း လာ း လုပ် နေ ပြီး
စာ မေး ပွဲ နီး တော့ မျက် ပြူး ဆန် ပြာ ဖြစ ်လေ ပြီ။
တစ်နှစ် ပါတ် လုံး ဆရာ ကြီး လုပ် ခဲ့ သမျှ စာ မေး ပွဲ နီး လေ လေ
အလို လို နောက် လိုက် ဖြစ် လေ လေ ဖြစ် သွား တော့၏။
သူငယ်ချင်း တွေ ပြော သမျှ အ ကုန် လိုက် လုပ် တော့၏။
ဗေဒင် ဆရာပေါင်း စုံ ထံ ရောက်၏။
ရှိ သမျှ မုန့် ဘိုး အား ဗေဒင် ဆရာထံ ပ သ ရ ၏။
ပြောသမျှ ယတြာအ ကုန် လိုက် ချေ၏။
ယတြာ ချေ ရန် အတွက် ဟု ဆို ကာ ကျောင်းပြေး ပြီး တိရိစာ္ဆန် ရုံ သွား ကာ
အ ကောင် ပေါင်း စုံ ကို အ စာ ကျွေး ၏။
စာကို မကျက် ။
ဂါထာပေါင်းစုံ ကျက်လေ၏။
ဘုရား မှန် မှန် ကန် တော့ လေ၏။
ဆ ရာ ဆရာမ များကို မေတ္တာ ပို့ လေ၏။
ကု သိုလ် ကောင်း မူ့ ပြု ရ မယ် ဆို ကာ ကျောင်း ပြေး ပြီး ဘု ရား သွား
ပြန် ၏။
အနှီ ကိစ္စ များ ကို စာမေးပွဲ နီး ချိန် မှ စ ၍ အောင်စာရင်း မထွက် ခင် အချိန် အ ထိ
ကြိုး ကြိုး စား စား ပြု လုပ် ကြ လေ၏။
ကျောင်း မှာ ကျူ ရှင် မှာ စာ မေး ပွဲ ဘယ် နှစ် ရက် သာ လို တော့ သည် ပြော ရင်
တစ် ယောက် မျက ်နှာ တစ် ယောက် ကြည့် ကာ သက် ပြင်း ကိုယ် စီ ချ ၏။
ထိုသို့ နည်း ပေါင်း စုံ သုံး ပြီး သကာလ အောင်စာရင်း ထွက် လေ သော် တစ် အုပ်စုလုံးစာမေးပွဲကျလေ၏။
ကျွန် မ ဖေ ဖေ က မ ဆူ ပါ။
(ကျွန် မ မေ မေ က ရ တန်း ကတည်း က နှ လုံး ရော ဂါ နဲ့ ဆုံး သွား ပြီ မို့
ဖေ ဖေ သာ ရှိ တော့ သည်)
အ ရမ်း အ လုပ် များ သော ဖေ ဖေ နှင့် ကျွန် မ တို့ ကို ထိန်း သိမ်း ရန် လာ နေ သော
အရမ်း သေ ဘာ ကောင်း သည့် အံ တီ တို့ အုပ် ထိမ်း မူ့ အ ကြား ကျွန် မတို့
မောင်နှစ် မ တ တွေ လွတ် လပ် ရေး ရ နေ ၏။
ဖေ ဖေ က ကျွန် မ တို့ ကို
“ စာ မ ကျက် ဘူး လား “လို့ ဘယ် တော့ မှ မေး သူ မ ဟုတ်။
“ လူ ဆို တာ ကိုယ် ဘာ လုပ် ရ မ လဲ ဆို တာ ကိုယ် သိ ရ မယ်။
ကိုယ့် တာ ဝန် ကိုယ် ကျေ ရ မယ် “
လို့ သာ ပြော တတ် သူ။
ကျွန် မ တို့ မှာ ကား ဖ ခင် ကြီး ထင် သ လောက် အ တွေး အခေါ်
မြင့် မား သူ များ မဟုတ် လေ တော့
“ငါ တို့ အ ဖေ က စာ မေး ပွဲ ကျ လဲ မ ဆူ သ ဘော ကောင်း လှ သည်”
ဟူ ၍ သာ ထင် မှတ် မိ၏။
အောင် စာ ရင်း ထွက် ပြီး ကျ သည် ဆို တာ သိ သည့် အချိန်မှ စ ၍
စာ ပြန် ကျက် ၏။
အင် ဂျင် နီ ယာ လုပ် မည် ဟု ကြွေး ကြော် ပြန ်၏။
တကယ် တမ်း ကျောင်း များ ပြန ်ဖွင် ့ ပြီး ကျောင်း ပြန် တက် ကြ သည့် အ ချိန် မှာ တော့
စာ ကျက် ခြင်း ဆို တာ တစ် ခါ တစ် ရံ မှ သာ ။
မ နက် မိုး လင်း က တည်း က
ကျူ ရှင် နဲ့ ကျောင်း ဆက် လိုက် တာ အိမ် ပြန် ရောက် ထ မင်း စား ပြီး
မောင် နှစ် မ တစ် တွေ မီး ကုန် ယမ်း ကုန် က စား ကြ လေ၏။
ပြီး တာ နဲ့ အိပ ်ပေ တော့ ၏။
စာ မေး ပွဲ ကြီး နီး တော့ ထုံး စံ အ တိုင်း ပင်။
အ ထူး ထုတ် စာ အုပ် မှန် သ မျှ ဝယ်။
အ နီး ကပ် ဆို တာ တွေ မှန် သ မျှ လိုက် တက်၊
အ နီး ကပ် တက် လိုက် ရင် ဘဲ စာ တွေ ချက် ခြင်း ရ ပြီး ဂုဏ် ထူး တွေ
ထွက် မ လို လို စိတ် က ထင် ထား မိ၏။
ကျူ ရှင် တွေ မှာ လဲ လူ က အ ပြည့် နေ က ပူ ပူ အ သက် ရှု လို့ တောင် မ ဝ။
ချွေး စော် နံ မူး နောက်၊
သံပြိုင်အော်ဟစ်။
အိမ် ပြန်ရောက် တော့ ခဏ ဆို ပြီး အိပ် လိုက်ရင် မိုး လင်း မှ နှိုး စက် အကူ အ ညီဖြင့် ထ ရ ၏။
နုှိး စ က် ကို ( ၄) နာရီ ပေး ထား ၏။
အ သံ မြည် လျှင် ၄ နာရီ ၃ဝ သို့ ပြန ်ထား ၏။
မြည် ပြန် လျှင် ( ၅) နာ ရီ သို့ ပြန် ပြောင်း ၏။
နာ ရီ ဝက် တစ် ခါ နှိုး စက် ပေး ရင်း ပြင် ရင်း ဖြင့်
ကျူ ရှင် သွား ချိန် ( ရ ) နာ ရီ ထိုး တော့ ၏။
မ ထ ၍ မဖြစ် တော့ ။
အဲ ဒီ တော့ မှ ကျူ ရှင် သွား ၏။
နှစ် စ က အင် ဂျင် နီယာဆို ပြီး ကြွေး ကြော် လာ သ မျှ
နှစ် လည် လောက် ပ ထ မ အစမ်း ဒုတိယ အစမ်း ဖြေ ပြီး တဲ့ အချိန် မှာ
ကိုယ့် အ ခြေ အ နေ ကိုယ် သိ ပြီး (၆၀) လောက ်ဆို တော် ပါ ပြီ ဖြစ ်လ ာ ၏။
စာ မေး ပွဲ ကြီး နီး လာ ချိန် မှာ တော့ ( ၄၀)နဲ့အောင် လဲ ဖြစ ်ပါ တယ်
ဖြစ ်သွား ပြန ်၏။
ထိုသို့ဖြင့်
တစ် အုပ် စု လုံး ထုးံ စံ အ တိုင်း ကျ ပြန ်ပေ ၏။
၂ နှစ် ကျ လေ သော် ကျောင်း ထွက် ရ လေ၏။
ထို နှစ် အပြီး တွင် တော့ မည် သူ က မျှှ
“ သမီး ကြီး ရင် ဘာလုပ် မ လဲ” မ မေး တော့။
ကိုယ် က လဲ မေး မှာ တောင် ခပ် ကြောက် ကြောက်။
ဘာ ဖြေ ရ မှန်း မ သိ ၍ ဖြစ် သည်။
သူ ငယ် ချင်း တွေ နဲ့ မ တွေ့ ရ တာ ကတော့ ဆိုး သည်။
အ ဆက် အသွယ် မ ရ။
ယ ခု ခေတ် လို Hand Phone တွေ ဘာ တွေ ပေါ နေ ရင် တော့
ဒီေ လာက် စိတ် ညစ် ရ မည် မဟုတ်။
ဘာ မှ လဲ လုပ် စရာ မ ရှိ။
ကာ တွန်း ဖတ် ဝတ္တု ဖတ်
မောင် နှစ် မ တစ် တွေ ဆော့ ကြ။
အဲ့ သလို နဲ့ အချိန် တွေ ကုန် သည်။
ကျွန်မ အစ် ကို က လဲ ဆယ် တန်း မ အောင်။
ကျွန် မ က လဲ ဆယ် တန်း မ အောင် ဆို တော့ ဖေ ဖေ က ဧည့် သည် လာ ရင်
“ကျွန် တော့် သား နဲ့ သမီး က တော့ ကျွန် တော် ကို မ မှီ
၂ ယောက် ပေါင်း အတန်း ( ၂၀) “လို့ ပြော တဲ့ အခါ တိုင်း
ကို ကို ကြီး က တော့ ဘယ် လို နေ တယ် မ သိ။
ကျွန် မ က တော့ ရှက် လိုက် သည် ဖြစ် ခြင်း။
ကျွန် မ က တကယ် တော့ တက္ကသိုလ် အ ရမ်း တက် ချင် နေသည်။
စာ တွေ အရမ်း ဖတ် တော့ ဘွဲ့ နှင်း သဘင် ၊သစ်ပုတ်ပင်၊
စာကြည့် တိုက၊် အ ဓိပတိလမ်း၊ဂျဒ် ဆင်၊
ဦး ချစ် ဆိုင်၊ဦးယမ်း ဘီ လူး ဆိုင် ဆို တာ တွေကို သွား ကြည့် ချင် သည်။
တက္ကသိုလ် တက် နေ တဲ့ ဆွေမျိုး နီးစပ် အမ တွေ က လိုက် ခဲ့ လို့ ခေါ်ပေ မယ့်
အပြင် လူ တစ် ယောက် အ နေ နဲ့ မဝင် ရဲ ။
သွား လဲ မ သွား ချင်။
အဲ သ လို ဖြစ ် နေ တုန်း လူ သိ ရှင် ကြား အရှက်ကွဲ ရမယ့်
က ိစ္စတစ် ခု ဖြစ ်လာ လေ ၏။
တ က္က သိုလ် တက ်နေ သော အမ တစ် ယောက် အိမ် လာ ပြီး
ချက် ခြင်း ပြန ်မယ် လုပ် ၏။
ကျွန် မ က ဘာ လို ့ လဲ လို့ မေး တော့ သူ က မန်း လေး သူ ပီ ပ ီ
“ကျောင်း မှာ ဖန် ဖဲ ရား ပွဲ ရှိ လို့ “ ပြော ပြီး ပြန် သွား လေ ၏။
ကျွန်မ စဉ်း စား ၏။
“ ဖန် ဘု ရား “ ဆို ပါ လား။
“ဘယ် လို ဘု ရား လဲ။
ဘာ အရောင် လဲ။
အကြီး ကြီး လား အ သေး လား။
ဘုရားပွဲ ဆို တော့ ရ ဟတ် တွေ၊ ချား တွေ ၊ အငြိမ့် တွေ ဇာတ် တွေ နဲ့
မုန် ့သည် တွေ လဲ အများ ကြီး တော် တော် ပျော် စ ရာ ကောင်း မှာ။
ငါ သာ တ က္ကသိုလ် တက် ရ ရင် ဖန် ဘုရား ပွဲ ငါ ပျော် နေရ မှာ။
သူ တောင် မှ အိ န္ဒြေ မရ ချက် ခြင်း ပြန် သွား တယ် ဆို တော့ ပျော် စ ရာ ကြီး မို့ နေမှာ”
စ တဲ့ အ တွေး တွေ နဲ့ ၁ဝ တန်း မ အောင် ခဲ့ ခြင်း အ ပေါ် အ ကြီး အကျယ် မ ကျေ မ နပ် ဖြစ ်မိ ၏။
ထို ဘုရားပွဲ အား အလွန် သွား ချင် မိ ၏။
နောက် တစ် ပါတ် အ မ လာ ၏။
“မမ ဘု ရား ပွဲ အ ကြောင်း ပြော ပြ ပါ “ လို့ မေး မိ ၏။
“ ဘယ် ဘု ရား ပွဲ “လဲ လို့ သူ က ပြန် မေး၏။
“ဟို တစ် ပါ တ် က လေ ဘု ရား ပွဲ ရှိ လို ့ ဆို ပြန် သွား ပြီး တော့၊
ပြော ပြ သိ ချင ်တယ် “ ကျွန် မ ပြော ၏။
“ ဟဲ့ ဘာ ဘု ရား ပွဲ လဲ“
“ ဖန် ဘု ရား ပွဲ ဆို မမ ဘဲ ပြော သွား တာ လေ “
သူ ရီ ၏။
အကျယ်ကြီး ရီ၏။
မရပ် မ နား ရီ၏။
“(Fund Fair) လုပ် တာ ပါ ဟယ်။
ငါ က ဖန် ဘု ရား လို့ မ ပြော ပါ ဘူး” ဆို ကာ ပြော ပြီး ရီ၏။
ကျွန် မ က လည်း အူ ကြောင် ကြောင် နှင့် လိုက် ရီ၏။
ပြီး မှ သူ က ကျောင်း ပျော်ပွဲ ရွှင် ပွဲ လုပ် တာဖြစ် တဲ့ အကြောင်း ရှင်း ပြ ၏။
ကျွန် မ ကို ရှင်း ပြ ရုံ မ က အိမ် ရှိ လူ ကုန် မန်း လေး ရှိ လူ ကုန်
သူ တို့ ကျောင်း က သူ ငယ် ချင်း များ ပါ အ ထိ ကျွန် မ ကြောင် ကွက် ကို
ရှင်း ပြ ၏။
အမြင်ကတ်စ ရာ။
သူ မို့ မ မော နို်င် မ ပန်း နိုင်။
ကြား တဲ့ သူ တိုင်း ကလဲ ငြိမ်ငြိ်မ် နား မ ထောင်။
အိမ် ကို တ ကူး တက ဖုန်း ဆက် ၍ သော်၎င်း။
အိမ ်တိုင် ယာ ရောက် လာ ၍ သော ၎င်း
“ဖန် ဘု ရား ပွဲ လိုက် အုံး မလ ား “ ဟု ကျွန် မ အား
နိုင် ကွက် တစ ်ခု ပ မာ စ လေ တော့ ၏။
အ ဆိုး ဆုံး ကား ကျွန်မ အစ် ကို။
စ ကား များရ ပြီ ငြင်း ပြီ ဆို လျင် ကျွန် မ ကို
“ဖန် ဘု ရား ပွဲ လိုက် မလ ား “ ဟု နောက် ဆုံး ပိတ် စကားဖြင့် အနိုင် ယူ လေ တော့၏။
ထို စကား ကြား သည် နှင့် ကျွန် မ ဆက် မ ငြင်း နိုင ်တော့ ဘဲ ငို တော့ လေ သတည်း။
အခြား အခြား သော အ ကြောင်းများ စွာ တို ့ ရှိ နေ သေး သည်။
ထား ပါ တော့။
ကျွန် မ ထို နှစ် က ဘာ ကျူ ရှင် မှ မ တက် တော့။
စာ မေး ပွဲ အောင် ချင် သည်။
စာ ကို ဘယ် လို ကျက် ရ မည် ဆို တာလဲ သိ နေခဲ့ ပြီ။
ကျက် စာ များ ကို ရေး ကျက် ၏။
တွက် စာ များ ကို ချ တွက် ၏။
မေး ခွန်း ဟောင်းများကို ေ လ့ လာ ၏။
အချိန် တိုင်း မျက်စေ့ ဖွင့် သည် အချိန်မှ စ ၍ စာ ကို ရွတ် နေ ၏။
အိပ်ယာထဲ ဝင် လျင် မ အိပ ်သေး သည့် အ ချိန် အ ထိ စာ ကို ရွတ်၏။
တစ် ရေ း နိုးသည့် အချိန် တွင် လည်း ရွတ် ၏။
မေ့ နေလျင် ချက် ခြင်း ထ ပြီး မီး ဖွင့် ကာ စာ အုပ် ယူ ပြီး ပြန ်ကြည့်၏။
ရည ် ရွယ် ချက် က စာ မေး ပွဲ အောင် ရန် ။
(၄၀) ရလျင် တော်ပြီ။
တ ကယ် တော့ စာ မေး ပွဲ နီး လာ ချိန ်တွင် စ ာေ တွ အား လုံး နီး ပါး ကျွန်မ ရ နေပြီ။
စိတ် မ ချ သေး။
အ ထူး ထုတ် တွေ ဝယ် ဖတ်၏။
ဒု တိ ယ နှစ် စာ မေး ပွဲ ကျ သည် မှာ သမိုင်း ဘာ သာ ကြောင့်။
( ၃၆) မှတ် နှင့် ကျ သည်။
သ မိုင်း စစ် သည် ဆရာ မ တွေ ကို ထို အချိန် က ငြိုငြင် မိ သည်။
( ၄) မှတ် ထဲ ကို တိုး မ ပေး ရ ကောင်း လား ဟု
ဆရာ မ တွေ ကို မေတ္တာပွား၏။
သ မိုင်း ကို ဆ ရာ (၂) ယောက်( ၃) ယောက် ၏ စာအုပ် တွေ ဝယ် ဖတ် ၏။
စာ မေး ပွဲ ဖြေ ပါ ပြီ။
အ ပြင် ဖြေ တို့ ထုံး စံ အ တိုင်း စာ မ ကျက် လာ သူ က များ လေ ၏။
သူ များ ကို မကြည့် နိုင်။
ကိုယ့် ဘာ သာ ကိုယ် ကြုံး ရုန်းပြီး ဖြေ နေ ၏။
ဒု တိ ယ နေ့ အ င်္ဂ လိပ ်စာ။
တ ရွှတ ်ရွှတ်နဲ့ ခေါ်၏။
ဘေး က အ မကြီး။
ဆ ရာ အ လစ ်တွင် ပြ လိုက် ၏။
တ တိ ယ သချင်္ာ နေ့။
မေး ခွန်း ကြည့် လိုက် လျင် အကုန် ဖြေ နိုင်မှန်း သိ၏။
Choice လုပ် ထား ခိုင် းသည့် အပုဒ် တွေ ပါ ရ နေ၏။
စ စ ချင်း တွေ့ တဲ့ ( ၄) မှတ် တန် ( ၂) ပုဒ် က ဉာဏ် စမ်း။
ထား ခဲ့ ပြီး ကျန် အပုဒ် တွေ ဖြေ၏။
ဘေး မှ တ ရွှတ် ရွှတ် နှင့် ခေါ် ၏။
ခ ဏ လို ့ ပြော ပြီး ဆက် ဖြေ ၏။
နောက် အ ဖြေ လွှာ စာ ရွက် ထပ် တောင်း ပြီး သည့် အချိန်
ပ ထ မ အ ဖြေ လွှာ ကို ပေး လိုက် ၏။
ဆ ရာ မ က ငိုက် နေ လေ သည်။
အား လုံး ဖြေ အ ပြီး ( ၄) မှတ် တန် အ ပုဒ် တွေ စဉ်း စား ချ တွက် နေ တုန်း
တ ခြား တ ဖက် မှ လှမ်း တောင်း ပြန် လေ၏။
ပေး လိုက်သည်။
ဘာ အ ဖြေ လွှာ မှ မရှိ တော့။
ခုံ ပေါ် မှောက် အိပ ်နေ၏။
ကျ မ သိ သည် ဖြေ ပြီး သောအပုဒ်အားလုံးမှန်၏။
( ၄) မှတ် တန် ကို စဉ်း စား နေ လေ၏။
အချိန် ပြည့် တော့ မည် အော် သံ ကြား မှ ကျွန် မ အ ဖြေလွှာ စာ ရွက်
ကျွန် မ ဆီ ပြန် ရောက် ၏။
က မန်း က တန်း ဖြေ မယ် အ လုပ် ဘဲလ် တီး ပြီ။
ရ သ လောက် ဖြေ လိုက် ၏။
နောက် နေ့ တွေ လဲ ထို နည်း ၄င်း။
ကျွန် မ ဖြေ ရ န် ကျ န် သေး သည်။
ဖြေ စရာ အဖြေ များ ကို လည်း သိ ၏။
သူ များ တွေ ကူး ဘို့ အချိန် မ ရ မှာ စိုး သည်။
ကျွန် မ မျှော် လင့် ထား သ လို (၄၀) ကျော် ပြီ ဆို တာ လဲ သိ တော့
သူ တို့ ကို ပေး ကူး ခွင့် ရ တာ ကို ပင် ကျွန် မဝမ်း သာ နေ သည်။
ကံ ကောင်း ချင် တော့ အခန်း စောင့် ဆ ရာ မ တွေ က လည်း
အ ရှေ့ မှာ ငိုက် နေတ ာ များ သည်။
ကျွန် မ ကြောက် သော သ မိုင်း နေ့ ရောက် လာ ပါ ပြီ။
မေး ခွန်း စာ ရွက် ကို ကြည့် လိုက် သည်။
မျက် လုံး တွေ ပြာ သွား ၏။
ခြေ တွေ လက် တွေ တုန်လာ၏။
၁၂ မှတ် ခွဲ တန် ဆို ပြီး ကျက် လာ သည့် နှစ ်စဉ် နှစ် တိုင်း ၁၂ မှတ် ခွဲ တန် မေးခွန်း။
Short question တွင် သာ မေး လေ့ ရှိ သော ခေါင်း စဥ ်ေ တွ က ၂၅ မှတ် တန် အပုဒ်
တွေ ဖြစ ်နေ ခြင်း။
၄ ပုဒ် ဖြေ ရ မည် ဆို တော့ အ ကုန် လုံး ဖြေ တာ တောင် မှ ၅ဝ ဘိုး မျှ သာ။
အ မှတ် လျှော့ တာ နဲ့ ဆို လျင် ငါ တော့ ကျ ပါ ပြီ ဆို ပြီး ငိုချင် လာမိ၏။
မေး ခွန်း ဖတ် တာ များ မှား သလား ဆို ပြီး အထပ် ထပ် အ ခါ ခါ ပြန် ဖတ်၏။
ဒီ အတိုင်း ပင်။
၁၅ မိနစ ်လောက ်ထိ မ ဖြေ ရ သေး။
စာ မ ဖြေ နိုင် တော့ မှ ဘေး က လူ တွေ လှမ်း ကြည့် မိသ ည်။
ဘေး က မမ က တော့ ငုတ် တုတ်။
ကျွန်မ အ ခြေ အ နေ ကို ကြည့် ပြီး သူ ပါ အား ငယ် လာ ပုံ ရ သည်။
မ ရ ဘူး လား ဆို တဲ့ အမူ အယာ နဲ့ လှမ်း မေး သည်။
ကျွန် မ ခေါင်း ခ ါ ပြ လိုက် သည်။
သူ အ တော် ဝမ်း နည်း သွား ပုံ ရ လေ သည်။
ကျ မ အဖြေ လွှာ တွင် ခဲ တံ ဖြင့် မျဉ်း ကြောင်း ကျဲ ကျဲ လေး တွေ
လိုက် တား သည်။
ပြီး တော့ မှ ဖြေ သည်။
သ မိုင်း က ( ၂) နာရီ မေး ခွန်း။
ပုံ မှန် ဖြေ လျင် အချိန် မ လောက် တတ်။
ဖြေ ရ မယ့် မေး ခွန်း တွေ က တို တို လေး ဖြစ် နေတာ မို့
အချိန် တွေ ပို မှန်း သိ နေ တာ မို့ လျောက် လုပ် နေ ခြင်း မျှသာ။
ပြီး တော့ စာ ကို ကျဲ ကျဲ လေး နဲ့ တစ် လုံး ခြင်း လှ လှ လေး ရေး သည်။
အထူး ထုတ် ဝယ် ဖတ် ထား စဉ် က ဆရာ (၃) ယောက် ၏
မ တူ ညီ သော အ ချက် တွေ ကို အကုန် ထည့် ရေး သည်။
အဲလို အကုန် ရေး တာ တောင် မှ (၂၅)မှတ် တန် တစ် ပုဒ် ကို (၂) မျက်နှာမပြည့်။
ခ ဏ လေးနဲ့ ပြီး သွာ း သည်။
ဖြစ ် ချင် တော့ သ မိုင်း နေ့ က နောက် ဆုံး ဆို တော့ ဆရာ ဆရာ မ တွေ
ပို လှုပ် ရှား ကြ သည်။
ကော် ရစ် ဒါ စောင့် သော ဆ ရာ မ တွေ က ပါ အတန်း ထဲ အထိ ဝင်သည်။
အ ရင် နေ့ ကေ တွ လို လှုပ် ရှား ၍ မ ရ တော့။
ကျွန် မ ဘေး က မမ တွေ ကို ကို တွေ က လည်း အ ခြေ အနေ မ ကောင်းမှန်း သိလို့
တရွှတ် ရွှတ် မ လုပ် ရဲ တော့။
ကျွန် မ လည်း စိတ ်ဓါတ် ကျကျ နဲ့ ပင် အချိန် ကုန် သည် အ ထိ အ တန်း ထဲ မ နေ တော့။
အဖြေလွှာ အပ် ပြီး ထွက် လာ ခဲ ့သည်။
တနွေ လုံး ယူ ကျုံး မ ရ ဖြစ ်မိ ၏။
သ မိုင်း မေး ခွန်း တစ် ခု လုံး လည်း ကျွန် မ အမှတ် တွေ တွက် ထားသည်မှာရ စ ရာ မ ရှိ။
အိပ် မက် လည်း အမြဲ တမ်း မက် သည်။
သ မိုင်း ( ၃၆) မှတ် နှင့် ထပ် ကျသည်ဟု။
စာ မေး ပွဲ ဖြေ နေ သည် ဆို ပြီး မက်သည် ့အိပ် မက် က တော့ အသက် ( ၄ဝ )ကျော် သည် ထိ။
(၁၀)တန်းမှ စာ များ ကို အတော် များ များ ကျွန် မ နှစ် ပေါင်း များ စွာ ကြာသည် ထိ မှတ် မိ နေသေး သည်။
အထူး သဖြင့် ပ ထ ဝီ သမိုင်း ဘော ဂ မြန် မာစာ။
အဲ သလို နဲ့ အောင် စာရင် း ထွက် ချိန် ရောက် လာ ပါ ပြီ။
တ ကယ် တော့ နက် ဖြန် အောင် စာ ရင်း ထွက် မည် မှန်း မ သိ ။
ဟို နေ့ ထွက် မယ် ဒီ နေ့ ထွက် မယ် နဲ့ သာ ကြာ နေ တာ။
ပြီး တော့ လဲ မထွက ်ဆို တော့ ရိုး နေ တာ လဲ ဖြစ် နိုင်သည်။
ည (၁၂) နာရီ လောက် ကျွန် မ ဆ ရာ အိမ် ကို လာ နိုး သည်။
သ မီး စာ မေး ပွဲ အောင် တယ် သ ချင်္ာ နဲ့ သမိုင်း ဂုဏ် ထူး တဲ့။
စာ မေး ပွဲ အောင် ရင် ကျိန်း သေသချင်္ာ ဂုဏ ်ထူး ထွက် သည်
ဆို တာ က တော့ ကျွန်မ သိ သည်။
သမိုင်း က တော့ ဘယ် လို မှ မဖြစ် နို်င်။
မယုံသေး။
ဆရာ က လဲ လိမ် ပြော မှာမ ဟုတ်။
ငါ ဘယ် နှ့ ဲ ကျ မယ် ထင် တဲ့ သ မိုင်း ဂုဏ် ထူး ထွက် သလဲ ဆို တာ စဉ်း စား လို့ိုကိုမ ရ။
အိပ် မ ပျော်။
မ နက် အစော ကြီး အောင် စာ ရင်း သွား ကြည့် ၏။
တစ် ကျောင်းလုံး အ တွက် အောင် စာ ရင်း က တစ် ရွက် ထဲ။
အဲ ဒီ စာ ရွက ်တောင် အပြည့် မ ပါ။
( ၂) ဘာ သာ ဂုဏ် ထူး ထွက် သူက ကျွန် မတစ် ယောက် ထဲ။
ပျော် လိုက် သည် ဖြစ် ခြင်း။
ကျွန် မ ဖေ ဖေ ့ ကို နုှးိ ပြော လိုက် သည်။
တစ် ခါ မှ အ စော ကြီး မ ထ ဘူး သော ဖေ ဖေ သည် ဖုန်း တွေ
မ နား တမ်း ဆက် ပြီး ကြွား ပေ တော့ ၏။
၂ နှစ် ကျ ထား ဘူး သည် ဆို တာ ကို ဖေဖေ မေ့ သွား လေ ရော့ သ လား။
၂ ယောက် ပေါင်း အတန်း ၂ဝ ဆို သည့် စကား သူ မပြောခ ဲ့ ဘူး သလို။
ကျွန် တော် ့ သမီး ဆို တာ က အများ ဆုံး စ ကား လုံး။
အိပ် ပျော် နေ သော ကို ကို ကြီး ကို လည်း
“ဟေ့ ကောင် င တုံး ထစမ်း
မင်း ညီ မ ဂု ဏ် ထူး ၂ ဘာသာ နဲ့ အောင်သွား ပြီ ”
ဆို ပြီး ငေါက် ငမ်း ၏။
“ဘာ မှ အသုံး မကျ ဘူး” ဆို ပြီး မာန်မဲ၏။
ကျွန် မ က တော့ သူ ့ ကို ကြည့် ပြီး ဝမ်း သာ ၏။
“ ငါ့ ကို ဖန် ဘု ရား ပွဲ သွား မ လား မေး ကြည့် သိ မယ်” ဆို သော
အ နိုင် ရ သည့် အကြည့် နှင့် စပ် ဖြဲ ဖြဲ ကြည့် ၏။
သူ က ဆယ် တန်း မ အောင် သေး။
သူ့ အ ကြောင်း သူ သိ သဖြင့် ထိုနှစ် က မ ဖြေ ပါ။
ထို နေ့ မှ စ ၍ ကျွန် မ သည် မောင်နှစ်မ များ အကြား တွင်
ဆရာ ကြီး တစ် ဆူ ဖြစ ်သွား လေ၏။
တက္ကသိုလ် ဝင် ခွင့် ဖောင် တွေ ဖြည့် ရ ပြီ။
ကျွန် မ နှစ် ခု သာ ဖြည့် ၏။
RIT နှင့် Eco။
တ ကယ် တက် ခွင့် ရ တော့ Eco ။
ဘာ ဘဲ ရ ရ ကျွန် မ ပျော် သည်။
ကျွန် မ တက် ချင် သော တ က္ကသိုလ် တက် ခွင့် ရ လေပြီ။
သို့ သော် တစ် ပါတ်မျှ အကြာ တွင် ကား ကျွန် မ
ပျှော် ရွှင် ခြင်း ဂုဏ်ယူခြင်း စသည် တို့ ပျောက် ဆုံး သွား လေ၏။
ကျောင်း သွား မ တက် တော့။
အ ကြောင်း ရင်း က တော့
တ နေ့ ကျွန် မ ဘေး က သူငယ် ချင်း က
“ငါ တို့ က ( ၁) မှတ် ထဲ နဲ့ အီကို လာ တက် ရ တာ။
ယောက်ျား လေး ဆို စက်မူ့ ဝင် တယ်။
အဲ ဒီ တစ် မှတ် ထဲ နဲ့ အီ ကို တက် နေ ရ တာ” ဆိုတဲ့ စကား။
တ ကယ် တော့ အီ ကို သာ တက ်နေ သည် RIT အမှတ် ဘယ် လောက် နဲ့
ကျန် ခဲ့ လို့ အီ ကို တက် နေ ရ တာ လဲ ဆို တာ ကျွန် မ မ သိ။
RIT ဝင် ခွင့် မိန်း ကလေး က အ မှတ် များ သည် ဆို တာ တော့ သိ သည်။
ထို(၁)မှတ် ကြောင့် ဆို တဲ့ စ ကား ကို ကျွန် မ တော် တော် ခံ စာ း ရ သည်။
ငါ တော် တော် ညံ့ ပါ လား ဆို တဲ့ အ တွေး။
ဖြေ ဘို့ ကျန် ပါ သေး ရဲ့ နဲ့ သူ များ ကို အ ဖြေ လွှာ ပေး မိခြင်း။
ထို သူ တွေ အောင် သွား ရင် တစ် မျိုး။
အ ခု တော့ ထို သူ တွေ က လဲ မ အောင် ကျွန် မ လဲ တက် ချင် တာ မ တက် ရ။
(၄) (၅) မှတ် လောက် ဆို ရင် လဲ ဖြေ သာ သေး သည်။
(၁) မှတ် ထဲ နဲ့ ဆို တော့ ဘယ် လို မှ နေ လို့ ထိုင် လို့ မ ရ။
တကယ့် ရည် ရွယ် ချက် က( ၁၀) တန်း အောင် ရုံ မျှ သာ။
ကျွန် မ ကိုယ် ကျွန် မလဲ အင် ဂျင် နီ ယာ တော့ မဖြစ် နိုင် တော့ လို့ ထင် မိ တာ လဲ အမှန်။
တ ကယ် တော့ စာ တကယ် ကျက် ပြီ ဆို တဲ့ နှစ် မှာ
ကျွန် မ က ရည် ရွယ် ချက် မြင့်မြင့် မ ထား မိ ခဲ့ခြင်း။
စိ တ်ထဲ မှာ စွဲ နေ တာ က စာ မေး ပွဲ အောင် ရင် ရ ပြီ။
တ ကယ် အောင် စာ ရင်း ထွက် ပြီ။
အမှတ် က မှီ နိုင် တယ် ဆို တဲ့ အခါ မှာ တော့ ကျွန် မရဲ့ ရည် မှန်း ချက် က
ပြန ်ပြီး ပေါ် လာ သ လို လို။
အီ ကို ဘဲ ရ တယ် ဆို လဲ ဘာ မှ သိပ် မ ခံ စား။
အခု မှ ရင် ထု မ နာ ဖြစ ်မိသည်။
ပ ထ မ ကိုယ့် ကို ကိုယ် အပြစ် တင် သည်။
ဒုတိယ ပညာ ရေး စံ နစ် ကို အပြစ် တင် သည်။
ယောက်ျား လေး နဲ့ မိန်း ခ လေး
စာ ကျက် တာ ခြင်း အတူတူ၊
မေး ခွန်း ခြင်း အ တူ တူ။
ဖြေ ရ ချိန် ခြင်း အ တူ တူ။
အောင် မှတ် ခြင်း အ တူ တူ။
ဂုဏ် ထူး မှတ် ခြင်း အ တူ တူ။
ဖြစ် ပါ လျက် နဲ့
အသက် မွေး ဝမ်း ကျောင်း တက္က သိုလ် ဝင် ခွင့် ကြ မှ
မိန်း က လေး တွေ ကို ဘာ လို့ အမှတ် မြှင့် ထား ရ တာ လဲ။
ဟုတ် ပါ ပြီ မိန်း က လေး မို့ လို့ အမှတ် မြှင့် ပြီး ခေါ် ထား တ ာ ဆို ရင်
ထို အမှတ် ဖြင့် ဝင် ခွင့် ရ သော မိန်း က လေး များ ကို
ပ ထမ နှစ် စာ မေး ပွဲ မှာ အ မှတ် ( ၂၀) နဲ့ အ အောင် ပေး သ လား။
ဂုဏ် ထူး ကို ( ၆ဝ ) မှတ် နဲ့ ပေး မ လား
ကျွန်မ တွေးရင်း လုံး ဝ မ ကျေ နပ်ပါ။
ကျောင်း သွား မ တက် တော့။
၃-၄ ရက် နေ တော့ ကျွန် မ ကျောင်း မ တက် တာ ဖေ ဖေ သိ သွား သည်။
ေ ဖ ေ ဖ မေး သည်။
ကျွန် မ ပြော ပြ သည်။
ဒါ ပေ မယ့် (၁၀)တန်း က ကိုယ့် အ မှတ် ဘာ ကြောင့် နည်း သွား သည် ဆို တာကို တော့ မပြော။
ပြော လို့ မဖြ စ် ဆို တာလဲ သိ တာ ကိုး။
ဖေ ဖေ တစ် ခွန်း သာ ပြော ပါ သည်။
“ဖေ ဖေ က သမီး ကို ဘွဲ့ ရ စေ ချင် တယ်။
တကယ် ဆက် မ တက် တော့ ဘူး လား ။
သေချာ စဉ်း စား ပါ” တဲ့။
နောက် နေ့ က စ ပြီး ကျွန် မ ကျောင်း ပြန် တက် ပါ သည်။
ယူ သွား တဲ့ ထ မင်း ချိုင့် မ နက် ကျောင်း ရောက် က တည်း က စား လိုက် သည်။
ပြီး လျင် တစ် ချိန် လောက် တက် ပြီး တာ နဲ့ လူ က အိပ် ငိုက် လာ တော့
နား ေ န ခန်း ထဲ လွယ် အိတ် လေး ခေါင်း အုံး လုပ် ပြီး အိပ် ၏။
ထ မင်း စား ချိန် သူ ငယ် ချင်း တွေလာ နှိုး မှထ၏။
ဘိုက ်ကဆာ လာ ပြန် တော့ ကင် တင်း ထို်င် ပြီ။
သူ ငယ် ချင်း ထ မင်း ဘူး ရော မှာ ထား တာ တွေ ရော ထပ် စား ၏။
နေ့ ခင်း တစ် ချိန် လောက် လိုက် တက် ၏။
အ တန်း ထဲ တွင် မ နေ နိုင်။
စာ သင် နေ ကျ မ ဟုတ် တော့ ဘာ တွေ သင် နေ မှန်း ကို မသိ။
နား မ လည် တော့ ပျင်း လာ ၏။
ပျင်း လာ တော့ စာ ကြည့် တိုက် သွား စာ အုပ် ငှား ၏။
နား နေ ခန်း ထဲ အိပ် လိုက် ထိုင် လိုက် ပုံ စံ မျိုး စုံ နှင့် ဇီး ထုပ် မျိုး စုံ စား ရင်း စာ ဖတ် ၏။
ည နေ ကျောင်း လွှတ် အိမ် အပြန် တာ မွေ ထိပ်က မုန့် ဟင်း ငါး
ဝင် ဆွဲ သွား သေး ၏။
တစ် နှစ် လုံး မပျက် မကွက် ကျောင်း အိပ် ကျောင်း စား လုပ် ပါ လေ၏။
စာ မေး ပွဲ နီး လာ ပြီ။
လက် ချာ လိုက် တာ က စာ အုပ် တစ် အုပ် ထဲ တွင် ဘာသာ စုံ ကူး ရေး ထား ၏။
ကိုယ် လက် ရေး ကိုယ် ပြန် မ ဖတ် တတ်။
စာတစ် အုပ် လုံး အတွန့် တွေ ချည်း။
စာအုပ် တစ် အုပ် လုံး မှာ ECG အဖြေ စာ ရွက် အလား အောက် မေ့ရ သည်။
ဆရာဝန့် လက် ရေး ကျွန် မ ကို မမှီ။
သူငယ် ချင်းတွေ ကို ငါ ဘာ ရေး ထား တာလဲ ဟင် လို့ မေးကြည့် တော့
“ နင့် လက် ရေး နင် တောင် မ ဖတ် တတ် တာ ငါ တို့ ဘယ် လို သိ မှာလဲ”
ဆို ပြီး ပြန ်ငေါက် ခံ ရ ၏။
ခက် ချေပြီ။
စာ တွေ အကုန် ပြန ်ကူး ဘို့ က လဲ အချိန်မ ရှိ။
ကျူ ရှင် တက် မယ် ဆို ပြီး ကျူ ရှင် ခ လိမ် တောင်းပြီး မုန့် ဝယ် စား။
ကျူ ရှင် မ တက် တော့ လဲ ဘာ spot မှ မ ရ။
တစ် အုပ် လုံး ကျက် ရ မည်။
တွက် ရ မည်။
အဲဒီ အချိန် က မိတ္တူ ကူး ဘို့ လဲ သ တိ မရ။
မိတ္တူ ကူး ခ ဈေး ကြီး လို့ နိုင် တာ လဲ ဖြစ်နိုင်သည်။
နောက်ဆုံးေ တာ့ သူ ငယ် ချင်း ကို အား ကိုး ရ သည်။
ကျွန်မ သူ ငယ် ချင်း (၂) ယောက်မှာ အ တော်ကို ရိုး လှ သည်။
ဘယ် လောက် ရိုး သလဲ ဆို
တစ် နေ့ ကျောင်း ရှေ့ က (Hi) မှာ ထိုင် တော့
“ဘာ စား မ လဲကြေး အိုး သောက် မ လား” မေး တော့
“ ကြေး အိုး ဆို တာ ဘာလဲ “တဲ့။
“ သူ လုံး ဝ မ သ ိ“တဲ့။
ကျွန် မ က ဒါ ကို သဘောကျ ပြီး အကျယ် ကြီး ထ ရ ီ သည်။
ဘေး က ဝိုင်း များ က လှည့် ကြည့် ကြ သည်။
သူ လဲ အတူ ရော ရီ သည်။
ပြီး မှ
“နင်က လဲ တိုးတိုး ရီ ပါ ဟယ်
ငါ ကြေး အိုး မ သိ တာ လူ တွေ သိ ကုန် ပ ါမယ် “တဲ့။
သူ ပြော ကာ မှ ကျွန်မ အကျယ် ကြီး ရီ သည်။
တ ကယ် တော့ လူ တွေက အကျယ် ကြီး ရီ လို့ သာ လှည့် ကြည့်ကြ ခြင်း။
ဘာေ ကြာင့် ရီမှန်း မသိ။
နောင် တ ချိန် မှ ကျွန်မ က သူ့ အပေါ် ရီ ခဲ့ ခြင်း အ ပေါ် အ ရမ်း အား နာ မိ သည်။
တ ကယ် လဲ တက္ကသိုလ် ရောက် သည် အ ထိ ကြေးအိုး ကို သူ မစား ဘူး ခဲ့။
နောက် တစ ်ယောက်က တော့ သူ သမ္မတရုံ ကို မ သိ ပ ါ တဲ့။
“ နင် ဒီ လောက် အ ရ သ လား
လာ ငါ လိုက် ပြ မယ်
ရုပ် ရှင် သွား ကြည့် မယ် “ဆို ကာ ဘတ်စ် ကား စီး ပြီး မြို့ ထဲ သွားကြ ၏။
မြို့ ထဲ ရောက် တော့ သမ္မတ ရုံ ရှာ မတွေ့။
ကျွန် မ က လဲ အိမ် က ဖေ ဖေ နဲ့ သာ သွား နေ ကျ။
တကယ် တော့ ဘယ် လို သွား ရ တယ် ဆို တာ လဲ သိသူ မ ဟုတ်။
သူ များ ကို လဲ မ မေး ရဲ။
ခပ် တည် တည် နှင့် လျောက် လိုက် ကြ သည် မှာ တမြို့လုံး အနှံ့။
ဗိုလ်တစ် ထောင် မှ လ သာ
လသာ မှ ဗိုလ် တစ် ထောင်
အောက် လမ်း အတိုင်း လျောက် ကြ လေ ၏။
သ မ္မ တရုံ တင် မ က ဘာ ရုပ် ရှင် ရုံ မှ မ တွေ့။
လျှောက်လိုက် မော လိုက် မုန့် ဝယ် စား လိုက်။
အ ရှေ့ လျှောက် လိုက် အ နောက်လျှောက် လိုက် နဲ့
တကယ်တော့ အပေါ်လမ်း အောက် လမ်း ရှိ တယ် ဆို တာ ကျ မ မသိ။
ဆက် မ လျှောက် နိုင် သည့် အဆုံး အိမ် ပြန် မယ် လုပ် တော့ လဲ ကား မစီး တတ်။
မြို့ ထဲ က မာ လာ ဆောင် အ ထိ ပြန်စီး။
မာလာဆောင် ရောက် မှ ( ၅၀)ကား ပြန်စီး။
အဲ သလို နဲ့ အိမ် ပြန ်ရောက် သွား သည်။
သူ ငယ် ချင်း ခ မျာ ခြေ တို ဖိနပ်ပါး ပြီး သ မ္မ တ ရုံ ကို မ တွေ့ ခဲ့ ရ။
တကယ် တော့ ကျွန် မ တို့ သုံး ယောက် စလုံး ဘတ်စ်ကားေ ကာင်း ကောင်း မစီးတတ်။
ကျောင်းနဲ့ အိမ် အိမ်နဲ့ ကျောင်း သာ သွား တတ်သူများ။
ကျွန် မ က လွဲ လို့ ကျန် နှစ် ယောက် က အတန်းလဲ မှန် မှန် တက် သည်။
စာ ပုံ မှန် ကျက် သည်။
ကျူ တိုရီယာယ် ဘယ် တော့မှ မလွတ်။
ကျွန် မ က လဲ ကျူ တို ရီ ယာယ် မှန် မှန် ဖြေ ပါ သည်။
ကူး ချ ရ တာ ကိုး။
လွယ် လွယ် လေး ပါ။
စာမေး ပွဲ နီး တော့ သူ ငယ် ချင် း အိမ် သွား (၃)ယောက်သား စာ ကျက်သည်။
စာ တွက်သည်။
သချင်္ာ တွေ အတွက် များ သည်။
ကျွန် မ ကေ တာ့ စာ ကို မ ကူး တော့။
သူတို့ စာ အုပ် ဖွင့်ပြီး စာ တစ်ပုဒ် ကြည့် လိုက် သည်။
ရ ပြီ ဆို လျင် ကျွန် မ နား လည် သ လို အ တို ကောက် ချ ရေး သည်။
သူ တို့က စာပုံ မှန် လုပ် သူ တွေ ဆို တော့ စာ တွေ ရ နေ ပြီ။
ကျွန် မ မှာ သာ အ ချိန် မ ရှိ တော့။
စာ ကျက် ရင်း အိပ် ချင် လာ တာ က အမြဲ မို့ မအိပ် အောင် ဆို ပြီး
လက် ဘက် စား သည်။
ကော် ဖီ သောက် သည်။
တ ကယ် တော့ လက် ဖက် ကော် ဖီ ဆို တာ ကျွန် မ နဲ့ မ တည့် သော အ စားအစာ။
ပုံ မှန် ဆို စား ပြီး တာ နဲ့ ကျွန်မ မ အိပ် ချင် တော့။
တစ် ည လုံး မ အိပ်။
ရင် တွေ တုန် သည်။
မ နက် ကျ တော့ မ ထ နိုင် ဘဲ နေ မ ကောင်း ဖြစ် တော့ သည်။
တ ကယ် စာ ကျက် ဘို့ မအိပ် အောင် စား ပြီ သောက် ပြီ ဆို တော့
ဘာရင် မှ မ တုန် ဘယ် လို မှ မျက် စေ့ မ ကြောင်။
အချိန် တန် တာ နဲ့ အိပ် ပျော် သွား တော့ သည်။
အဲ ဒီ တော့ သူ များ တွေ ပြော ကြ တဲ့ မ အိပ် ဆေး ဆို တာ ကို ဝယ် သောက် သည်။
ပ ထ မ တော့ ဟုတ ်နေ သည် မ အိပ်။
၃-၄ ရက် လဲ ကြာ လာ ရော ဆေး မ တိုး တော့။
သောက် ပြီး တာ နဲ့ အိပ် သည်။
အဲ ဒီ တော့ တစ် လုံးက နေ နှစ် လုံးေ သာက် သည်။
ဆေး ဝယ် ရ တာ လွယ် လွယ် လေး။
ဆေး ဆိုင် သွား ပြီး မအိပ် ဆေး ပေး ပါ ပြော လိုက် ရုံ။
ဒီ လို ဆေး တွေ သောက် ပြီး စာ ကျက်ရသည်။
တွက် ရ သည်။
များ လိုက် တဲ့ စာ တွေ။
ဘာ spot မှ မ ထွက်။
သင် သမျှ အ ကုန် ကျက်။
အကုန် တွက်။
စာ မေး ပွ ဲ ဖြေ ပြီ။
အို ကေ နေ သည်။
တစ် ရက် ကျ ကျွန် မ ခေါင်း တွေ မူး လာ သည်။
စကား မပြော ချင် တော့။
လျှာ တွေ ပါ လေး လာ သည်။
သူ ငယ် ချင်း နှစ် လခ ယောက် က အား ပေး သည်။
ကြီုး စား ဖြေ ဘို့။
ကျွန် မ တို့ သူ ငယ် ချင် း (၃)ယောက် က ခုံနံ ပါတ် ရှေ့ ဆင့် နောက်ဆင့်။
ကျွန်မ က အ လယ် က။
ကျွန် မ က ခေါင်း စိုက် နေ ပြီ။
စ ကား လဲ မ ပြော နိုင် တော့။
အခြေ အ နေ မ ကောင်း မှန်း သိ တော့ သူ တို့ ထိုင် ခုံ တွေကို
ကျွန် မ နဲ့ နီး အောင် ရှေ့ တိုး နောက် ဆုတ် လုပ် ထား ကြ သည်။
တကယ် ဖြေ ကြ ပြီ လဲ ဆို ရော တစ် ပုဒ် တောင် မ ပြီး။
ကျွန် မ လက် တွေ မ လှူပ် ချင ် တော့။
စာ တွေ လဲ မ မှတ် မိ တော့။
ဘာ ရေး ရ မှန်း ကို မသ ိ တော့။
တ ကယ် တော့ စာ တွေ က ရ သည်။
ရေး ရင်း နဲ့ မေ့ သွား သည်။
ကိုယ် ဘာ သာ ကိုယ် ဘယ် အ ပုဒ် ဖြေ ရ မှန်း မသိ။
ထိုင်ေ နသည်။
ရှေ့ က တစ် ယောက် က လှည် ့ကြည့် သည်။
ပေတံ နဲ ့ လှမ်း ရိုက် သည်။
ဖြေ ဟု ပြော သည်။
နောက် တစ် ယောက် က လှမ်း ရိုက် ပြန ်သည်။
နောက် ကို တော့ လှည့် ကို မကြည့် ချင် တော့။
လူ က နည်း နည်း လေ းမှ မလှူ ပ် ချင်။
စာ တွေ က သုံး ယောက် အ တူ တူ ကျက် ထား တာေ တွ။
ကျွန် မ တစ ်လုံး မှ မသ ိတော့။
မ ရ ဘူး လို့ ရှေ့ က သူ ငယ် ချင်း ကို ပြော သည်။
သူ က ငါ ့ ဆီက ကူး ဆို ကာ အ ဖြေ စာ ရွက် ကို သူ ဖြေ ရင်း ကျွန် မ ကို ကူး ခိုင်း ၏။
ကျွန် မ ကူး ပါ သည်။
နောက် တော့ စာ ရွက် ကုန် သွား ၏။
ကျွန် မ ဆက် မ ရေး။
အ ဖြေ လွှာ ထပ် မ တောင်း။
သူ ငယ် ချင်း က စာ ရွက် တောင်း လို့ မျက် ရိပ် ပြ ၏။
ကျွန် မ မ လှူပ်။
နော က် တော့ သူ စာ ရွက် ထ တောင်း သည်။
ကျွန် မ အ တွက် ။
ဆရာမ လစ် သည် နှင့် စာ ရွက် လွတ် ကို ကျွန် မ ကို ေ ပး ၏။
ကျွန် မ ကူး ၏။
ဒီလိုနဲ့ အချိန် စေ့ ပြီ ဆရာမ စာ ရွက်တွေ လိုက် သိမ်း ၏။
ကျွန်မ ရှေ့ ရောက် လာ ပြီး ကျွန် မ အ ဖြေ လွှာ များ ကို စစ်၏။
စစ် ရင်း နဲ့ စာရွက် တွေကို ဟို လှန် ဒီ လှန်လုပ်၏။
ပြီး တော့ မှ
“ သ မီး နာ မယ် က ဘယ် သူ လဲ”ဟု မေး ၏။
သ မီး နာ မယ် ငါ့ နာ မယ် ဘယ် သူ ပါ လဲ စဉ်း စား ၏။
မ ရ။
“ခုံ နံ ပါတ် က ရော”
ဆရာ မ က မေး ရင်း ကျွန် မ ခုံ ပေါ် က ခုံ နံ ပါတ် အား ကြည့်၏။
မြေ ဖြ ူ နဲ့ ရေး ထား သော ခုံ နံ ပါတ် ကား
ကျွန် မ ဗြောင်း ဆန် မူ့ ကြောင့် ပျက် နေ လေ ပြီ။
ခုံ နံ ပါတ် လဲ ကျွန်မ မ သိ တော့။
အရှေ့က သူ ငယ် ချင်း က ကျွန် မ နာ မယ် နဲ့ ခုံ နံပါတ်ကို ထ ပြော ပေး ၏။
ဆရာ မက သူ့ကို လှမ်း ကြည့် တော့
“ မ နေ့ က တည်း က နေ မ ကောင်း နေတာ ဆ ရာ မ” ဟု
အ ကြောက် ကြောက် အ လန့် လန့် နဲ့ ဖြေ ၏။
တ ကယ် တော့ ကျွန် မသူ ငယ် ချင်း များ က အလွန် ကြောက် တတ်သူ။
စ ကား နည်း သူ။
သူ အ ရဲ စွန့် ပြော ခြင်း ပင်။
ဆ ရာ မ ကျွန် မ ခုံ ပေါ် အ ဖြေ လွှာ တွေ ချ သည်။
ဖြစ ်ပုံ က ဒု တိ ယ အ ဖြေ လွှာမှာ စာကူး ရင်း နဲ့ ကျွန်မ သူ ငယ် ချင်း ရဲ့ ခုံ နံ ပါတ် ရော သူ့ နာ မည်ပါ
ကျွန်မ မှား ကူး ချ မိ ခြင်း။
ဆရာမ က ခုံနံပါတ် ပြန ်ရေး ဟု ပြော သည်။
ပ ထ မ စာ ရွက် က ကျွန် မ နာ မည် နဲ့ ကျွန်မ ခုံ နံ ပါတ် ကို ပြန ်ကူး ရေး ပေး လိုက် သည်။
အဲ ့ ဒီ အချိန် ထိ ကြောင် နေ တုန်း ။
ထို နေ့ က သူ ငယ် ချင်း များ က အိမ် အ ထိ လိုက် ပို့ သည်။
ဆေး တွေ မ သောက် နဲ့ ဒီ အတိုင်း စာ ကျက် ဟု တဖွ ဖွ မှာ သွား လေ ၏။
တ ကယ် လဲ ကျွန် မ ထပ် မ သောက် တော့ ပါ။
ဒါ ပေမယ့် ခေါင်း တွေ က နောက် နေ့ လဲ မ ကြည် လင်။
ထို နေ့ သည် နောက် ဆုံး နေ့။
ပေ ပါ ( ၂) ခု ဖြေ ရ မည်။
မေး ခွန်း (၂) ခု အ ဖြေ လွှာ ( ၂) ခု။
မေး ခွန်း ကြည် ့လိုက် သည်။
ရ တဲ့ အပုဒ် တွေ ဖြေ မယ့် အပုဒ် တွေ အ ရင်ဆုံး ဝိုင်းလိုက်သည်။
ဖြေသည်။
မွေး ခွန်း စာရွက် တစ် ခု ကိုင် လိုက်။
ဖြေ လိုက်။
နောက် တစ် ခု ကိုင် လိုက် ဖြေ လိုက်နဲ့ လုပ်နေ တုန်း
အခန်း စေ ာင့် ဆရာမ က “အချိန်စေ့ ခါ နီး ပြီ
သူ့ အဖြေလွှာ နဲ့သူ ့ မေးခွန်း တွဲထား ပါ”ဆိုမှ ကျွန်မ ပျား တုပ် တော့ တာ ပါဘဲ။
အရင် က တည်း က သိ ပြီး သား အဖြေလွှာ တစ် ခု စီ ဖြေရ မယ် ဆိုတာ။
မှား ဖြေ မိ ရင် အမှတ် မ ပေး ဘူး ဆို တာ လဲ ပြော ပြီး သား။
အခု တော့ ကျွန် မမှာ ဂ ယောင် ခြောက် ခြား နဲ့ ကြောင် ပြီး အ ဖြေ လွှာ တစ် ခု ထဲမှာ
ဟို မေး ခွန်း ရော ဒီ မေး ခွန်း ရာ နှစ ်ခု ပေါင်း ပြီး ဖြေ ထား မိ ၏။
ဘယ် မေး ခွန်း ထဲ ဘယ် အ ဖြေ လွှာ ထည့် ရ မည် မှန်း မ သိ။
လက ်တွေ ပါ တုန် လာ ၏။
က မန်း ကတန်း စာ ရွက် တောင်း ၏။
အ ခန်း စောင့် ဆရာ မ က အချိန် စေ့ ပြီ မ ရ တော့ ပြော၏။
(Mr Bean စာ မေးပွဲ ဖြေ သည့် ကား တွင် အချိန် စေ့ ခါ နီး လက် တုန် ခြေ တုန် ဖြစ် နေ ပုံ ကို ကြည့် မိ သည့် အခါ တိုင်း
ကျ မ ကိုယ် ကျ မ ပြန ်ကြည့် နေ ရ သလို ထင် မိ ၏)
ကျွန် မ ပျာ ယာ ခပ် နေပုံ ကို ကြည့် ပြီး ဆရာ မ က မေး သည်။
ကျွန်မ ရှင်း ပြ ၏။
ဆ ရာမ ဘာ မှ မ တတ် နိုင်။
အ ဖြေ လွှာ အပ ်တော့ နောက် ရက် မှ ဆ ရာ နဲ့ သွား တွေ့ ပါ တဲ့။
သူ ငယ် ချင်း တွေ လဲ မျက် နှာ ငယ် လေး တွေ နဲ့။
ကျွန် မ က တော့ မတ် တပ် တောင် မ ရ ပ် နိုင် တော့။
စာ မေး ပွဲ ကျ ပြီ ဆို တဲ့ အသိ။
သူ ငယ် ချင် းတွေ နဲ့ ခွဲ ရ ပြီ ဆို တဲ့ အသိ။
လူ က ဆတ် ဆတ် တုန် နေ သည်။
ဘယ် လို မှ နေ မ ရ ။
အိမ် ကို ဘယ် လို ပြ န် ေ ရာက် မှန်း မသိ။
နေ မ ကောင်းဖြစ ်ပါ တော့ သည်။
၃-၄ ရက် အ ကြာ မှာ တော့ သူ ငယ် ချင် းကို ခေါ် ပြီး ဆ ရာ ့ ကို သွား တွေ့ သည်။
အ ကျိုး အကြောင်း ရှင်း ပြ။
(မ အိပ် ဆေး တွေ သောက ်လို့ ကြောင် သွား တာ တော့ ထည် ့ မ ပြော ပါ )
ဆ ရာ ပြန် ပြော ပုံ က လဲ အား ရှိ စ ရာ
မှား ဖြေ ရင် အမှတ် မပေး ကြောင်း နဲ့ ကျန် တဲ့ ဘာသာ တွေ ရော
ဖြေနိုင် ရဲ့ လား မေး သည်။
ခုံ နံ ပါတ် အမည် ယူ ထား လိုက် သည်။
ပြန်တော့ ဟု ပြော ၏။
၁ဝတန်း အောင် စာရင်း စောင့် သည် ထက် ပို ဆိုး သော ခံ စား မူ့ မျိုး ခံ စား ရ သည်။
ကျန် ဘာ သာ တွေ အား လုံး သေ သေ ချာ ချာ ဖြေ နို်င် သည်။
သူ ငယ် ချင်း ဆီ က ကူး ချ တဲ့ ဘာ သာ က လဲ အောင် မှတ် ရ နေပြီ။
ပေ ပါ မှား ဖြေ တဲ့ ဘာသာ က လဲ အ ကုန ်လုံး လို လို မှန် အောင် ဖြေ နိုင် ခဲ့ သည်။
အ ဖြေ လွှာ တစ ်ခု ထဲ ဖြေ ခဲ့ မိ လို ့သာ။
ဆရာ တွေ ကို သတိ ရ တိုင်း မေ တ္တာ ပို့ ရ သည် မှာ အ မော။
နောင် ဒီ လို ဆေး အ စုတ် ပ လုပ် တွေ ဘယ် တော့ မှ မ သောက ် တော့ ပါ လို့
သစ္စာ ပြု ရ တာ အခါ ခါ ။
နောက် ဆုံး တော့ အောင် စာ ရင်း ထွက် လာ ပါ ပြီ။
ကျွန်မ အောင် ပါ သည်။
ဂုဏ် ထူး ( ၂) ဘာ သာ နဲ့ ပင်။
ထုံး စံ အ တိုင်း တွက် စာ နဲ့ ကျက် စာ။
သင်္ချာ နဲ့ နိုင် ငံ ရေး သိပ္ပံ။
အ ရပ် ကူ ပါ လူ ဝိုင်း ပါ ပြ ဿ နာ ပေါင်း စုံ နဲ့ ကျွန် မ က တော့ အဲ့ လို ဂု ဏ် ထူး ထွက် လို့ လဲ ထူး ဝမ်း မ သာ ပါ။
ကျွန် မဖြစ် ချင ်တာ က ထို သူ ငယ် ချင်း ( ၂) ယောက်ကို
ကျွန် မ မ ခွဲ ချင် ခြင်း မခွဲ နိုင် ခြင်း သာ ဖြစ ်တာ မို့ အ တူ တူ
ကျောင်း တ က် ရ လျင် ပင် တော် ပြီ။
ထို နှစ် က သာ စာ ေ မး ပွဲ ကျ ခဲ့ ရင် ကျွန် မ ကျောင်း ဆက ်တက်
ချင် မှ တက် ဖြစ် ပါ လိမ့် မည်။
အခု ခေတ် ဆု ပေး ပွဲ များ တွင် ပြော သည့် လေသ ံ အတိုင်း
ပြော ရ မယ် ဆို ရင် တော့ ကျ မ ဘွဲ့ တစ် ခု ရ ခဲ့ မိ သည့် အတွက်
ပ ထ မ ဆုံး ဖန် ဘုရား ကို ကျေး ဇူး တင် သည်။
ဒုတိယ ကျွန် မ ကို ကျောင်း ဆက် တက် ပါ လို့ မပြော သော် လည်း
ပြောသ ကဲ့ သို့ သော စကား ကို ပြော ခဲ့ သော ဖေ ဖေ့ ကို ကျေး ဇူး တင် သည်။
တ တိယ ကျွန် မ သူ ငယ် ချင်း နှစ် ယောက် ကို ကျေး ဇူး တင် သည်။
စတုတ္ထ သက် သက် ညှာ ညှာ စဉ်း စား ပေး ခဲ့ သော ဘာ သာ ရပ် ဆိုင်ရာ
ဆ ရာ များ ကို ကျေး ဇူး တင် သည်။
နောက် ဆုံး အ နေ နဲ့ ကတော့ ထို မျှ လောက် ရူး ကြောင် မူ းေ ကြာင် အ တွေး များ နဲ့ ကျောင်း ပြီးအောင်
စာသင်နိုင် ခဲ့ သော ကျွန် မ ကိုယ် ကျွန် မ ကျေး ဇူး တင် ပါသည်။
ကျွန် မ ရဲ့ ပ ထ မ နှစ် စာ မေး ပွဲ အကြောင်းတွေး မိ တိုင်း
သူများရဲ့ အဖြေ သာ မ က အမည် နှင့် ခုံ နံ ပါတ် ပါ ကူး ချ မိ သည် အ ထိ ဖြစ် ခဲ့ သော
ကျွန် မ လို ကျောင်း သူ မျုးိ ရှိ ခဲ့ ဘူး ပါ သ လား လို့ တွေး ရင်း ပြုံး မိ ပါ သည်။
ကျွန် မ ဘဝ တွင် ထိုတစ်ခါမျှ သာ စာ ကူး ချ ဘူး ၏။
ထို စာ ကူး ချ မူ့ ကြီး ကား ကျွန် မ ဘ ဝ တစ် သက် တာ တွင် တစ် ခါ ဆို တစ် ခါ
မ မေ့ လောက် နိုင်စ ရာ အဖြစ် အပျက် ပင် တည်း။
ထို မျှ လောက် နှင့် မ က သေး။
အမှတ် မရှိ သော ကျ မ အဖို့ ဒုတိယ နှစ် တတိယနှစ် စတုတ္ထနှစ်များတွင်လည်း
ဒုကိ္ခတ ပျား တုပ် သ ကဲ့ သို့ အဖြစ် အပျက် ပေါင်း များ စွာ ကျန် နေ ပါ သေး သည်။
လေး နှစ် ပြည့် သော် စာရင်း အင်း ပညာ ရပ် နှင့် ကျွန် မ ဘွဲ့ ရ လေ ၏။
အ ကြောင်း သိ သူ များ ရင် လေး ကြ ကုန် သ တည်း ။
မနှင်းပြုံး ရဲ့ အ မှတ် တ ရ များ
၁၃-၅-၂၀၁၄
က ဆုန် လ ပြည့် နေ့
38 comments
lu lu
May 15, 2014 at 2:23 am
ဒီပို ့စ်ဖတ်လိုက်မှ ဆယ်တန်းတုန်းက အဖြစ်တနစ်တွေပြန်ပြောင်းသတိရသွားတယ်
စာမေးပွဲဖြေခါနီးရင် ပိုအိပ်ချင် ပိုစားချင် တွေဖြစ်ပြီး ဖြေလည်းပြီးရော ရင် တွေခုန်နေတာ ငါ အောင် ပါ့မလားပေါ့ အိပ် မ ပျော်နိုင် အိမ်မက်ထဲလည်း စာမေးပွဲကျလိုကျ မေးခွန်းပျောက်လိုပျော် စာမေးပွဲချိန်ကိုနောက်ကျမှရောက်တယ်
ကမက်သေး အိပ်တောင် မအိ်ပ်ရဲလောက်အောင် ဖြစ်ခဲ့ရတာ အောင် စာရင်းထွက်မှ
ရင် ထဲကအပူလုံးကြီးကျတော့တယ် ဟီးဟီး 😀
နို ့မို ့မလွယ်ဘူး စာမေးပွဲခန်းထဲမှာကြိုးစားအားထုတ်ခဲ့တာတွေ( မျက်စပစ်ပြ ရှေ့မှာထိုင် တဲ့ငယ်ချင်းရဲ ့အ ဖြေလွှာကို အားကြိုးမာန်တက်ချောင်းကြည့် ခဲ့ )
သဲထဲရေသွန်ဖြစ်သွားမှာပေါ့ ။
ဟင်းးးးးးးးပေါ်ကုန် ပါပီတွာ 🙁
လွှာကို
lu lu
May 15, 2014 at 2:25 am
မနှင်းပြုံး ရေ အတိတ်ကိုပြန် ပြီးလွမ်းဆွတ်စေတဲ့ အတွက်
ကျေးဇူးပါ နော်
snow smile
May 15, 2014 at 3:00 pm
လာ ဖတ် တဲ့ အ တွက် ကျေး ဇူး တင် ပါ တယ် လု လု ညီ မ လေး ရေ
ကေဇီ
May 15, 2014 at 6:23 am
ရေးးးတတ်လိုက်တဲ့ နာ့ မမပြုံးးးး
ရီနေရင်းးး က နေ စိုးးရိမ် ရာ ပြီးးးတော့ မှ
ဟင်းးးချရတော့တယ်…
:chit:
အနော့် တုန်းးးက ဆေးးကို ၂ မှတ်နဲ့ ကျန်ခဲ့တာ။
အဲကတည်းးက ကျားး/မ အမှတ်ခွဲ စံနစ်ကို စိတ်နာတာ။
😥
snow smile
May 15, 2014 at 3:08 pm
တ ကယ် တော့ ရေး ချင် တာ က
ကျား / မ အ မှတ် ခွဲ လိုက် တာ ကို မ ကြိုက် တာ ရေး ချင် တာ
ရေး ရင်း နဲ့ လို ရာ မ ရောက် တော့ ဘဲ
စာ ကူး ချ တာ ကို ဘဲ ရီ စ ရာ အ ဖြစ် နဲ့ ရေး လိုက် ပါ တော့ တယ်
ခိုင် ဇာ လဲ ငယ် ငယ် က စာ တော် တာ ဘဲ
ဝါ သ နာ လဲ ပါ
ရည် ရွယ် ချက် ရှိ ရှိ နဲ့ ကြိုး စား ခဲ့ တာ ဆို ရင် တော့
အ တော့် ကို ခံ စား ခဲ့ ရ မှာ ဘဲ
surmi
May 15, 2014 at 9:06 am
တစ်ခါတလေ ရွာထဲကအပေိာ်တန်းရေးနေတဲ့စာတွေဖတ်ပြီးတွေးမိတယ်
သူတို့ဘာလို့စာရေးဆရာမဖြစ်ခဲ့ပါလိမ့် လို့
အခုလဲ
အစ်မကြီးမပြုံးရေးထားတာကိုစဖတ်မိပြီးကတည်းက
ရွာထဲကိုတော့ အမျိုးသမီးစွမ်းဆောင်ရှင်တစ်ယောက်တိုးပြန်ပြီဆိုပြီးဝမ်းသာခဲ့မိတယ်
အမှန်အတိုင်ပြောရရင် အခုရေးထားတဲပို့စ်ကို
ဆုရခဲ့တဲ့ ဆိုက်ဂျဲရိုးထက်ပိုကြိုက်မိပါတယ်
မကြာမကြာလည်းရေးစေချင်ပါကြောင်း
snow smile
May 15, 2014 at 3:16 pm
ရေး ချင် ပါ တယ် ကို ဆာ မိ ရေ
ရေး မ ရ တာ ခက် နေ တာ
:)))
alinsett (gazette)
May 15, 2014 at 10:47 am
တီနှင်းပြုံးရဲ့ အမှတ်တရတွေ ရေးပြလိုက်တိုင်း
ဖတ်မိတဲ့ ကျနော်တို့
ရသရယ် သုတရယ် မျှမျှတတခံစားရတယ်
စာရေးကောင်းတဲ့တီနှင်းပြုံး ဒီရွာထဲ ရှိနေတာ ဂုဏ်ယူစရာပါ
ဇဂါးမစပ် အန်တီမှီကြီးရဲ့ စာတွေကိုလည်း လွမ်းလိုက်ထာ
snow smile
May 15, 2014 at 3:20 pm
ဖတ် တဲ့ သူ တွေ က်ို အား နာ နာ နဲ့ ဘဲ
ရေး တတ် သ လို
ရေး လိုက် တာ ပါ ဆက် ဆက် ရယ်
မ မှီ ရဲ့ စာ တွေ တီ နှင်း ပြုံး တ ကယ့် ကို ကြိုက် ပါ တယ်
တော် တော် များ များ ဖတ် ပြီး ပြီ
သူ ့ လို ရေး တတ် ချင် လိုက် တာ လေ
ကိုပေါက်(မန္တလေး)
May 15, 2014 at 2:05 pm
မိန်းကေ လး တွေ ကို အမှတ် မြင့် ထား ပေး ရ တဲ့ အကြောင်း ကို တစ် ခါ က ဆ ရာ တစ် ဥိး ကို မေး ဘူး တယ်။ ယောက်ျားလေးက လွှတ် တဲ့ နေ ရာ တိုင် း သွား နိုင် တယ် မိန်း က လေး က မသွား နိုင် ဘူး တဲ့ ကျောင်း သား တစ် ယောက်ကို အဲ လို ဘွဲ ့ ရဘို့ သင်ပေး ရ တဲ့ စ ရိတ် ကြီး လွန်း လို့ ကျောင်း ပြီး ဘွဲ့ ရ ရင် တာ ဝန် ကျ ရ ာ နေ ရာ ကို သွား နိုင် တဲ့ ယောကျာ်း လေး ဘဲ များ များ တက် ခွင့် ရအောင် ဖန် တီး ထား တယ် လို့ ပြော တယ်။ အဲ တော့ သူ တို့ ပြော တာ ဟုတ် မ ဟုတ် အ ခု ပြန ်စဉ်း စား ကြည်ရ အောင် ဗျာ။ ဆ ရာ ဝန် -အင်ဂျင် နီယာ ကျောင်း ဆင်း လာ တဲ့ သူ တွေ ထဲက ဘွဲံ ရ ပြီး အ လုပ် ဝင် မ လုပ် တဲ့ ဦး ရေ ကျားန ဲ့ မ ဘယ် ဟာ ပို များ လဲ စာ ရင်း ကောက် ကြည့် ကြ ပါ လား။ ရွာ ထဲ အရင် ကောက် ဗျာ။ကျ နော် က တော့ ညံ ့ ပါ တယ် ဆယ် တန်း ကို အောင် တယ် ဆို ရုံ လေး အောင် လာ ခဲ့ တဲ့ သူ ပါ။
snow smile
May 15, 2014 at 3:23 pm
အဲ့ ဆ ရာ ဖြေ တာ မှား နေ တယ် လေး ပေါက်
fb ထဲ မှာ ရေး ထား ပြီး ပြီ
လေး ပေါက် ဖတ် လိုက် ပါ
အဲ့ ဒိ ့ အ ဖြေ ကျွန် မ လုံး ဝ လက် မ ခံ ပါ
ကိုပေါက်(မန္တလေး)
May 15, 2014 at 5:28 pm
မနှင်း ပြုံး ရေ ထပ် ပြော ချင် သေး တယ် အ ခု တော့ မ အား သေး။
မ ကြာ မီ ပြန် လာ မည် မျှော် ပါ
Crystalline
May 15, 2014 at 2:56 pm
မပြုံးက စာမရေးတတ်လို့တော်သေး… ရေးတတ်လို့ကတော့… ညကတည်းက ဖတ်ပြီး ရသစုံခံစားခဲ့ရတယ်.. ရီလိုက်ရတာလည်း အူနာရော.. :))
snow smile
May 15, 2014 at 3:29 pm
အေး ပါ အေ ရဲ့
တ ကယ် တော့ အ မှတ် ခွဲ တာ မ ကျေ နပ် လို ့ ရေး တဲ့ ပိုစ့် က နေ
ရေး ရင်း ရေး ရင်းဘယ့် နှယ့် ဟာ သ ဖြစ် သွား သ လဲ မ သ်ိ
ဘာ ဘဲ ဖြစ် ဖြစ် စာ ဖတ် ပြီး ရီ ရ တယ် ဆို လို ့ ပျော် မိ ပါ တယ်
ဟိုး အ ရင် နှစ် ပေါင်း များ စွာ က တော့ ကြိတ် မ နိုင် ခဲ့ မ ရ
ဖြစ် နေ တဲ့ အ ကြောင်း အ ရာ တ ခု ပါ
အ ခု တော့ အဲ့ ဒါ တွေ က ဝါး သွား ပြီး
စာ ကူး ချ တဲ့ ရီ စ ရာ အ ကြောင်း ဘဲ ခေါင်း ထဲ ထား တော့ တယ်
Mr. MarGa
May 15, 2014 at 3:49 pm
စာဖတ်ပြီးတော့
ကျနော်လေ….
ဆယ်တန်းကို ပြန်သတိရ
တက်ခဲ့တဲ့ ကျောင်းတော်ကို ပြန်သတိရ
ငယ်မူငယ်သွေး လေးတွေ ပြန်ကြွ
ပြန်ရောက်ချင်မိပါရဲ့ ကျောင်းသားဘဝ……..
အလွမ်း ပိစိ ပိစိလေးတွေ ပြန် ထကြွ အောင် လုပ်နိုင်ပါရဲ့ ဗျာ……….
snow smile
May 16, 2014 at 6:51 pm
အ လွမ်း ပိစိ ပိစိ လေး တွေ တင် ဘဲ လား
နာ ရေး တာ ညံ့ သေး သည်
;((
TNA
May 15, 2014 at 4:35 pm
မောလိုက်တာ မနှင်းပြုံးရယ်ဖတ်ရတာ။ ကျွန်မလဲ ငါးမှတ်နဲ့ စိတ်ဓါတ်အတော်ပျက်ပြားခဲ့ဖူးပါတယ်။ မနှင်းပြုံးကတော့ တကယ့်ကို အတွေ့အကြုံစုံခဲ့သူပဲ။
snow smile
May 16, 2014 at 6:55 pm
အ မြဲ တမ်း ကို အဲ့ လို ဖြစ် နေ တော့ ရိုး နေ ပြီ ည သဲ ရေ
ငယ် ငယ် တုန်း က တော့
ကိုယ် ပေါ့ ဆ လို ့
ကိုယ် အ လုပ် မ ဟုတ် လို ့ ပါ
ကြီး လာ ပြန် တော့
အင်းးးးး
ကြီး လာ ပြန် တော့
ဦးကျောက်ခဲ
May 16, 2014 at 12:19 pm
ကျောက်စ်တော့ ဖြစ်လေရာဘဝ ပျော်ပျော်ပဲ…
ဆရာဝန်/အင်ဂျင်နီယာ မဖြစ်ခဲ့လို့လည်း ဝမ်းမနည်းဘူး…ဒီအတိုင်းပဲကောင်းပါတယ်…
အဟိ… တက္ကသိုလ်မှာ စာမေးပွဲဖြေရင် သူငယ်ချင်းတွေ စာခိုးချတာ… ရေးဦးမှ
😀
snow smile
May 16, 2014 at 3:12 pm
ဖြစ် ချင် ခဲ့ လို ချင် ခဲ့ တာ တွေ ဟာ
အ ချိန် အ ပိုင်း အ ခြား တ ခု ရောက် သွား တဲ့ အ ခါ
စိတ် က တ မျိုး ပြောင်း သွား ပါ တယ် ကျောက်စ် ရေ
အ ခု က ဘာ ဖြစ် ချင် နေ ပြန် ပြီ လဲ ဆို တော့
ခြံ ကျယ် ကျယ် ထဲ သစ် မွှေး စိုက် ချင် နေ ပြန် ရော
ကိုပေါက်(မန္တလေး)
May 16, 2014 at 1:15 pm
ကျုပ် တို့ ခေတ ်က တော့ ခုံ ပေါ်မှာ ကော် ပါတ ်စား ပြီး ရေး တယ်
စင် ကြယ် ရ ာဘာ ဖိနပ် ပေါ်မှာ ရေ း တယ်
ကျောင် း က နံ ရံ တွေ ကို ကျောက် ခေတ် က လို ဖြစ ်အောင် စာ တွေ ရေး ထား တယ်
မိုက်စ်
snow smile
May 16, 2014 at 3:20 pm
လေး ပေါက် က ဆရာ ကြီး ဘဲ
ကျွန် မ တို ့ ကျောင်း တက် ချိန် စာ ခိုး ချ တာ ဖမ်း မိ ရင်
ကျောင်း ထွက် ရ တာ ရယ်
အ ရှက် ကွဲ နာ မည် ပျက် တာ ရယ် နဲ့
အ ခု ခေတ် လို မ ဟုတ် ဘူး
ကူး ချ တဲ့ သူ ရှိ ခဲ ့ ရင် လဲ
ကွန်ပါ ဘူး တို ့ပေ တံ တို ့ မှာ လောက် ဘဲ ရေး ကြ တာ
ကူး ချ တဲ့ သူ က လဲ ငါ ကူး ချ တယ် လို ့ မ ပြော
တိုး တိုး တိတ် တိတ်
ခု ခေတ် က တော့ မိတ္တူ ဆိုင် မှာ ကို လူ တွေ တန်း စီ
တ ခါ က ဆို သား ကူး ချ ဘို ့ အ ဖေ က လာ ကူး နေ တာ
ကော် ပတ် စား ထား တယ် ဆို တော့ ဖြေ မဲ့ အ ခန်း ထဲ လေး ပေါက် ဝင် လို ့ ရ လို ့ ပေါ့
nozomi
May 16, 2014 at 3:59 pm
မနှင်းပြုံ း – မနှင်းကို ပြုံးအောင် လုပ်နိုင်တာ ကိုကျောက်စ် ပဲ
မပြုံး က ကိုယ့်အကြောင်းတွေ ရေးတယ် ဆိုပေမဲ့ ကို်ယ့်ကိုယ်ကိုယ်ဖော် မသူတော် လို ရေးတာမျိုး မဟုတ်တာမိုု့ ဗဟုသုတရ ၊ ရယ်ရ ပြုံးရ နဲ့ မို့ ရေးချင်တာသာ များများရေးပါဦး ဖတ်ကောင်းလွန်းလို့ပါ
ကျနော်လဲ ၁ဝ တန်းထိကတော့ အင်ဂျင်နီယာ မှ အင်ဂျင်နီယာ ကြွေးကြော်ခဲ့တာ
ဓါတု ဖြေပြီးတဲ့ နေ့ အခြေအနေမကောင်းတော့ အမှတ်မကောင်းပဲ အောင်မှာ စိုးလို့ နောက်နေ့တွေ ဆက်မဖြေတော့ဘူး လို့ မိုက်ရူးရဲ တွေးလိုက်တာ အမေတားလို့ သာဆက်ဖြေဖြစ်လိုက်တာ ၊ အဲဒီတုန်းက
မဖြေဖြစ်လိုက်ရင် နောင်နှစ် အောင်တောင် အောင်ပါ့မလား ၊ အင်ဂျင်နီယာ အမှတ်ရော မှီပါ့မလား ၊ မှီရင် ရော အင်ဂျင်နီယာ ဖြစ်လာပါ့မလား …..
ကျနော်လဲ ကြေးအိုးဆိုတာကို ဒုတိယနှစ်ကျောင်းပိတ်ချိန် သူငယ်ချင်း ရှိတဲ့ တောင်ကြီး ရောက်တော့မှ မြင်ဘူးတာရယ် ၊ ဘာကြီးမှန်း မသိဘူး ဆိုပြီး စားတောင် မစားဖြစ်လိုက်ဘူး ၊ မပြုံး အကျယ်ကြီး တော့ မရီ နဲ့ နော်
snow smile
May 16, 2014 at 5:59 pm
သူ ငယ် ချင်း ပြော တာ လေး ပြော ပြ အုန်း မယ်
ကြေး အိုး စား မ လား မေး တော့
အိုး ကြီး နဲ့ မ စား ချင် လူ ကြား ထဲ ရှက် တယ် တဲ့
အဲ့ ဒီ့ မှာ ကိုယ် က လဲ အ ရီ သန် သန် ဆို တော့
အ ကျယ် ကြီး ရီ တော့ တာ လေ
သူ ငယ် ချင်း ၂ ယောက် ရီ ရ ပုံ အူ တူ တူ နိုင် ပုံ
ကပ် စေး နည်း ပုံ တွေ ရေး ရ ရင် ပိုစ့် တ ပုဒ် ရ တယ်
အ ခု တော့ မန် နေ ဂျာ မမ အ ပျို ဂျီး တွေ ပေါ့
ခု ချိန် ထိ ကပ် စေး နည်း ဆဲ
ထို သူ ငယ် ချင်း များ က ပ နှစ် မှာ ကြေး အိုး သိ ပြီး
nozomi က ဒု နှစ် မှ သိ တယ် မစား ဘူး သေး ဘူး ဆို တော့
သူ ငယ် ချင်း တွေ က ကြေး အိုး စီ နီ ယာ ပို ကျ တယ်
:)))))
လုံမလေးမွန်မွန်
May 16, 2014 at 4:30 pm
အနော်လည်း ကူးချဖူးတယ်…
လပတ်စာမေးပွဲမှာ.. ဓာတုဗေဒဖြေတော့ စာတွေ မေ့ကုန်တာ.. သူငယ်ချင်းက စာရွက်လေး လှမ်းပေးတယ်.. အောင်မယ်လေး. ၂ မှတ်တန်လေး တစ်ပုဒ် ကူးဖို့ အရေးကို ကြောက်လိုက်တာ တုန်နေတာပဲ.. မိသွားခဲ့ရင် အနော်စာကူးချတယ် ဆိုတဲ့ နာမည်ဆိုးကြီးကလည်း ထွက်ဦးမယ်.. နောက်ဆုံးတော့ တစ်ပုဒ်ပဲ ကူးပြီး အဲ့စာရွက်ကို လွှင့်ပစ်လိုက်တယ်…
အဟဲ.. တက္ကသိုလ်ရောက်တော့ စာမှ ကူးမချရရင် စားမဝင်အိပ်မပျော်တောင် ဖြစ်သေး….
မိန်းကလေး ယောက်ျားလေး ခွဲခြားခံရတာတော့ ပြောမနေပါနဲ့… မကျေနပ်ဘူး..
အနော်တို့နှစ်က ဆေးကျောင်း မိန်းကလေးကို ၄၉၆၊ ယောက်ျားလေးကို ၄၆၄.. ၃၂ မှတ်တောင် ကွာတယ်.. နယ်စပ်တွေကိုပို့ရင် ယောက်ျားလေးနဲ့ပဲ အဆင်ပြေလို့ ယောက်ျားလေးဆရာဝန်လိုချင်တာတဲ့… ဘယ်နှစ်ယောက် နယ်သွားကြလဲတော့ မသိဘူး..
ပို့စ်တိုင်းက ကောင်းနေတော့ ဒါမျိုး များများရေးပါလို့ပဲ ပြောလိုက်ပါကြောင်း.. 🙂
snow smile
May 16, 2014 at 6:37 pm
ကျး မ အ မှတ် တူ ရေး ဒို ့ အ ရေး လုပ် ရင်
မွန် မွန့် ကို ခေါ ် မယ် နော်
လိုက် မှာ လား
ပန်း စံပါယ်
May 16, 2014 at 5:06 pm
ကျမလည်း တတိယနှစ် စာမေးပွဲဖြေတုန်းက စာကူးချဖူးတယ်။ အဲဒီနေ့က အောင်မှတ်တော့ ဖြေပြီးပြီ။ ကံကောင်းချင်တော့ ရှေ့ကတစ်ယောက်က သူ့အဖြေလွှာကို သူ့ရှေ့တည့်တည့်မဟုတ်ပဲ ဘေးကျကျထားပြီး အိပ်နေတာ။ မြင်နေရတဲ့စာကိုကြည့်လိုက်တော့ ကိုယ်မရတဲ့အပုဒ် ဖြစ်နေရော။ ကံကောင်းချင်တော့ သူ့လက်ရေးက အကြီးကြီးတွေဆိုတော့ သေချာမြင်ရတယ်လေ။ ဒါနဲ့ နောက်နေ့ ဖြေရမယ့်ဘာသာကို သိပ်မဖြေနိုင်ခဲ့ရင် ဒီနေ့ဘာသာအမှတ်နဲ့ ကယ်လို့ကူလို့ ရလိုရငြားဆိုတဲ့ ရူးကြောင်ကြောင်အတွေးနဲ့ ကိုယ့်ရှေ့ကတစ်ယောက်ဆီက အဲဒီ တစ်ပုဒ်ကို ကူးချလိုက်တာ။ မှန်တာမှားတာ အသာထား စာပါရင်ပြီးရောဆိုပြီး ကူးလိုက်တာ ပြီးခါနီးမှာ အခန်းစောင့်ဆရာမက ကိုယ့်အဖြေလွှာကိုသေချာပြန်စစ်ပြီး အဖြေလွှာကိုဖွင့်မထားဖို့ သတိပေးလိုက်တော့ ရှေ့ကတစ်ယောက်က အိပ်နေရာက ခေါင်းထောင်လာပြီး သူ့အဖြေလွှာကို နေရာရွှေ့လိုက်တော့ ပြီးအောင် မကူးလိုက်ရဘူး။ တသက်မှာ တစ်ခါ အမှတ်တရပဲ။
snow smile
May 16, 2014 at 6:48 pm
မွ ပြုံး လို တော့ သူ များ နာ မည် နဲ့ ခုံ နံ ပါတ် ပါ
မ ကူး မိ ပြီး တာ ဘဲ အေ
မှန် တာ မှား တာ အ သာ ထား
စာ ပါ ရင် ပြီး ရော ဆို ပြီး ကူး လိုက် တာ တဲ့ လား
ကိုယ့် လို လူ မျိုး ရှိ သေး သည်
padonmar
May 16, 2014 at 9:42 pm
မောလိုက်တာ မနှင်းပြုံးရယ်….
အဲဒီ မအိပ်ဆေးတွေက တော်တော် ဒုက္ခပေးတာပဲနော်။
snow smile
May 17, 2014 at 5:00 am
အဲ့ ဆေး ဒု က္ခ ပေး ပုံ က အဲ့ တင် မ ဟုတ်
ကျွန် မ ခြေ ထောက် ကို ကြောင် ကုတ် ခံ ရ တာ
ခွဲ စိတ် ခန်း ဝင် လို ့ မေ့ ဆေး ပေး တော့
ခွဲ နေ တုန်း တန်း လန်း ချက် ခြင်း ပြန် နိုး လာ တာ
ဆ ရာ ဝန် တွေ ဘာ ဆေး တွေ သောက် လဲ မေး တော့
အဲ့ ဆေး သောက် ဘူး တယ် ပြော လိုက် တာ
ပုံ မှန် ထက် လွန် တဲ့ မေ့ ဆေး ပေး လိုက် တာ
ကျွန် မ မယ် မေ့ ဆေး လွန် တဲ့ ဒဏ် ခံ လိုက် ရ တာ
ခွဲ တဲ့ ဒဏ် ထက် တောင် ပို ဆိုး သေး
စိတ် နာ ချက်
ခု ခေတ် တော့ အဲ့ ဆေး တွေ မ ရှိ တော့ ဘူး နဲ့ တူ တယ်
•*¨နန်းတော်ရာသူ •*¨
May 17, 2014 at 2:26 pm
ကျွန်မ အမသည်လည်း YTU ၂မှတ်နဲ့ပြုတ် ရေဆင်းရောက်ခဲ့တညမို့ ကိုယ်ချင်းစာပါတယ်။
ကိုယ်တွေကတော့ ကိုယ့်အားကိုယ်မကိုးဘူးလို့ ဆုံးဖြတ်ချက်ချကာ
သက်တောင့်သက်သာနေခဲ့ပါသည်။
ဘွဲ့လည်းရအိမ်ထောင်ကျ။
😀
snow smile
May 18, 2014 at 5:15 am
မှီ ခို သင့် သူ ကို မှီ ခို ခွင့် ရ ့ခြင်း သည် လည်း
မ င်္ဂ လာ တစ် ပါး
:)))
kyeemite
May 17, 2014 at 3:29 pm
ဖတ်ကောင်းတယ်ဗျာ…ဒီအရေးအသားမျိုးက သိပ်ပံ မောင်ဝတို့ အရေးအသားမျိုးဗျ…
ဝါကျတိုတိုလေးတွေနဲ့ရေးထားတော့ ဖတ်ရတာချောနေတာပဲ…အတုယူစရာ
snow smile
May 18, 2014 at 5:17 am
ဟုတ်
ဦး ကြီး မိုက် တော် တယ်
ဘွား ဒွေး ကြီး ရဲ့ ကြိမ် လုံး ဆို တဲ့ စ ကား လုံး
ခု ထိ သ တိ ရ နေ မိ သေး
မဟာရာဇာ အံစာတုံး
May 17, 2014 at 3:55 pm
ဖြစ်ခဲ့ဖူးတယ် …
တက္ကသိုလ် ပထမနှစ်ပေါ့ …
ကျောင်းစာမေးပွဲက တက္ကသိုလ်မှာ မဖြေရဘဲနဲ့ အပြင်ကျောင်းတွေမှာ ဖြေခဲ့ရတယ် …
အဲ့ဒီမှာ တစ်ဘာသာ ဖြေတော့ … စာကလည်း သိပ်မရတာနဲ့ ဒီအတိုင်း ငုတ်တုတ် ထိုင်နေတော့တာပဲ …
ဒီအခါ ဆရာမ တစ်ယောက်က လာပြီး မဖြေဘူးလား ဘာညာ မေးတာပေါ့ …
မရဘူးဗျ .. ရတာ ဒီလောက်ပဲ ဆရာမ ဆိုပြီး ပြောလိုက်တော့ အဖြေလွှာကို ငုံ့ကြည့်တယ် ..
ပြီးတော့ … စာအုပ်ပါတယ် မဟုတ်လားလို့ မေးပြီး စာအုပ်ကို ထုတ်လို့ ကူးပါလေရော …
ကူးချတာတောင် အကူးမတတ်လို့ ပြောခံလိုက်ရသေးတယ် …
အဲ့တုန်းက အတော့်ကို ရှက်ခဲ့ရဖူးပါတယ်ဗျာ …..
•*¨နန်းတော်ရာသူ •*¨
May 17, 2014 at 4:00 pm
ဟယ် အဲ့လိုလည်းရှိလားးးးး
မဟာရာဇာ အံစာတုံး
May 17, 2014 at 4:05 pm
ချိဘူး …
လျှောက်ပြောတာ .. အဲ .. လျှောက်ရိုက်လိုက်တာ ယောက်ခမ ..
ဒဂယ် ဟုတ်ဘူးနော် ….
လဂါး .. ယုံနဲ့ …. :mrgreenn:
snow smile
May 18, 2014 at 5:20 am
ဆ ရာ မ များ သ ဘော ကောင်း ချက်
ရှက် တာ သေ ချာ လို ့ လား အံ ဇာ ရယ်
:)))))
နောက် ထှာ ပါ အေ