တောက်တခေါက်ခေါက် ငေါက်တောက်တောက်
ညိုတိုတိုနဲ ့ချောတဲ့ ကျွန်မဟာ…ဖြူလွှလွှ တိမ်တိုက်များနဲ ့ပြာလဲ့လဲ့ ကောင်းကင်ကြီးကို
စိုတိုတို စိမ်းတိမ်းတိမ်း မြက်ခင်းပြင်ကြီးမှာ ထိုင်ပြီး နီရဲရဲ စိန်ပန်း ဝါတာတာ ငုဝါပန်းတွေကြားကနေ ငေးကြည့်မိနေလေရဲ ့။
အချိန်ခဏမှာပဲ ပြာလဲ့လဲ့ ကောင်းကင်ပြာကြီးဟာ ညိုမဲမဲ တိမ်တိုက်တွေ ဖုံးအုပ်သွားပြီး
မိုးတွေရွာချလိုက်တာ ထိုင်နေတဲ့ မြက်ခင်းဘေး မြောင်းကနေ မဲသဲသဲ ရေတွေလျှံတော့မှပဲ
ပြေးဖို ့သတိရပါတော့တယ်။
နှေးတေးတေးလျှောက်နေရင်အလုပ်မဖြစ်တာကြောင့် ဖုန်းဒိုင်းဒိုင်းပြေးလိုက်တယ်ဆိုရင်ပဲ ခြေလှမ်းတွေဟာ ချော်တော်တော်ဖြစ်ပြီး လဲကျသွားပါတယ်။အဲဒီအချိန်မှာပဲ ကျွန်မနဲ ့
ငြိတိတိ ဖြစ်နေတဲ့ အောင်ရဲလင်းနဲ ့ဂျစ်တစ်တစ်နိုင်လှတဲ့ နေတိုးတို ့ဟာ အသည်းကြားက မဲတစ်ပြားအတွက် အားယားယား မလုပ်ကြတော့ဘဲ အဘားအဘားနဲ ့ကူညီဖို့ကြိုးစားကြပါတယ်။
အဲဒီလို ကောင်းခန်းရောက်ချိန် ဖလား ဖလားနဲ ့အော်သံကြားတာကြောင့် အမားအမားဆိုတဲ့ အာမေဍိတ်သံလေး ပြုပြီး ကြည့်လိုက်မိတယ်ဆိုရင်ပဲ ဈေးဝယ်တဲ့ဆိုင်ကနေ ဖလားယူပြီး ပိုက်ဆံမပေးမိဘဲ ထွက်လာတာကြောင့် စိတ်ကူးယဉ်တာလေး ပြတ်သွားရပြန်တယ်။
ရုတ်တရတ်ကြီး ဘာဆက်ရေးရမှန်းမသိတော့တာကြောင့်ကျွန်မ ဂေါက်တောက်တောက်ဖြစ်သွားပြီး ငေါက်တောက်တောက်ထရပ်လိုက်ကာ
တောက်တခေါက်ခေါက်သာ ခေါက်နေမိပါတော့တယ်။
ပိုစ့်ဖတ်ပြီး ပြုံးတုံးတုံး ပြီတီတီလုပ်မနေနဲ ့ဦး ပေါတောတောလို ့ထင်ပြီး ဝရောဝရောနဲ ့
အရူးထောင်ကား ရောက်လာလိမ့်ဦးမယ်။
အဟိအဟိ။
12 comments
alinsett (gazette)
May 30, 2014 at 5:35 pm
ဟိုနေ့ကတောင် စာပေစကားဝိုင်းထဲ ထည့်ပြောမိသေးတယ်

ကာရန်တူစကားလုံး အကပ် အစပ်တွေ အကြောင်း
အခု ဒီပိုစ့်မှာ ဖောခြင်းသောခြင်းသုံးပြသွားတာတွေတော့
ပြုံးတုံးတုံးနဲ့
သဘောကျတတကြီးကို ဖြစ်တစ်တစ်သွားရော. . .
—————
အောင်ရဲလင်းတောင် ကျနော့်လောက် အောင်ရဲလင်းနဲ့မတူရှာပါဘူးဆို
မမလဂဗျာက ဘာဒွေထည့်ရေးတွားမှန်းမတိဝူး
ရှက်ထာ
အဟီဟိ
Mr. MarGa
May 30, 2014 at 5:37 pm
ပေါတောတော ထင်ပြီး ဝရော ဝရော နဲ့ အရူးထောင်ကား ရောက်လာမှာစိုးလို့
ကသောကမျော လိုက်ခေါ်တဲ့ နတ်သမီးတွေနောက်ကိုပဲ လိုက်သွားပြီ ဆိုတဲ့အကြောင်း :mrgreenn:
lu lu
May 30, 2014 at 7:38 pm
အာဟ 🙂
လက်တံပြောင် ပြောင် နဲ ့တခွီးခွီး ဖြစ်အောင် ဖြုတ်စား
သွားတဲ့ မမ လကဗျာရေ ဆက်လျှောက်လျှောက်
အားပေးပေး နေ ဒယ်
😀
ကေဇီ
May 30, 2014 at 7:44 pm
ဒီ ပို့(စ) အကြိုက်ဆုံးပဲ။
စိုင်းလဲ ဒီ လို စကားလုံးလေးတွေ သုံးထားတဲ့ သီချင်းလေးရှိတယ်
:chit:
Mr. MarGa
May 30, 2014 at 7:56 pm
စိတ်ပြေလက်ပျောက် သီချင်းဆိုပြမလို့ပဲ
ဒါပေမင့် စိုင်း သီချင်းမို့ မဆိုပြတော့ဝူး…
ROssI
May 30, 2014 at 8:04 pm
အော်… ဘူများမှတ်တယ် …
နေချည်ပတ်ပျိုး အစ … ဂေါ့ဖားသား သိမ်းင်းဆောင်းဂ် အလယ် နံရံ မျက်နှာကျက်နဲ့ ကြမ်းပြင်အစ
ခိုးတဲ့ ကိုသာခို လေးကိုး …..
ငိငိ…
ဟိုကိစ္စ ဟော့တော့ …ဟယ်… ဒင်း ယောက်ျားစကားမပြောဘု ဆိုပီး ….
တင်းသွားသေးတယ်… ဝင်ဆဲမလို့ဗဲ …
ဆဲတော့ဘာဘုလေ… ယောက်ျားစကားမပြောတာမဆန်း ယောက်ျားမှ မပီတာကိုး …
အာဟိ…
😛
Mr. MarGa
May 31, 2014 at 9:37 am
ဟုတ်ပါ့ ဗျာ…
ဆိုခဲစေ မြဲစေ လုပ်ပေါ့
အခုတော့
အာဟိ
ခင် ခ
May 30, 2014 at 9:31 pm
ရေးလည်းရေးတတ်ပါပေ့ကွယ်
padonmar
May 30, 2014 at 9:41 pm
ပြုံးစိစိ ရီ ကျဲကျဲ လုပ်သွားပါတယ်။
ကြောင်တောင်တောင်တော့ မထင်ပါနဲ့။
Crystalline
May 31, 2014 at 9:58 am
လကဗျာပို့စ်တော်တော်များများဖတ်တိုင်း အော်ရီမိလို့ အိမ်ကလူတွေ ပြူးတူးတူးအကြည့်ခံရတာ များလှပေါ့.. :mrgreenn:
moonpoem
May 31, 2014 at 3:08 pm
ဟုတ်လား အမှန်အကန် အားပေးကြတယ်တော့
kyeemite
June 2, 2014 at 2:24 pm
အားအားယားယား ရေးထားတာကို သားသားနားနားနဲ့ ကြီးမိုက်တစ်ယောက်
များများစားစားအချိန်မပေးနိုင်လို့ ကသုတ်ကယက် အလုပ်ဖျက်ပြီး….
မမန့်တတ်မန့်တတ်မန့်သွားပါဂျောင်းးးးးးးးးးးး
😀