“ဟုတ်ကဲ့” ဟု………
Facebook သုံးရင်း သိကျွမ်းခဲ့သော ဂျာနယ်လစ်တစ်ဦးက ကျွန်မအား မေးခွန်းတစ်ခု မေးဖူးပါသည်။ လက်ရှိ ကျွန်မတာဝန်ထမ်းဆောင်နေသော နေရာဧ။် အကြီးအမှူးဖြစ်သူ ပုဂ္ဂိုလ်နှင့် တွေ့ခွင့်ရလျှင် ဘာများ မေးချင်ပါသလဲတဲ့။ မည်သည့်မေးခွန်းများကို မေးရမည်နည်း။ ကျွန်မ အဖြေမပေးနိုင်ခဲ့ပါ။ မေးစရာ အကြောင်းအရာများ မရှိသောေြကာင့် မဟုတ်ပါ
မည်သည့်အချက်မှ စတင်ပြီး မေးရမည်ကို မဆုံးဖြတ်နိုင်သောကြောင့်။ အလွန်အင်မတန် အလုပ်များလှသော၊ အရေးကြီးလုပ်ငန်းရပ်များကို ထမ်းဆောင်နေရသော အနှီပုဂ္ဂိုလ်အား ကြုံတောင့်ကြုံခဲ သိန်းထီပေါက်သကဲ့သို့ ကံကောင်းထောက်မစွာ တွေ့ခွင့်ရပါလျှင်၊ ထို့ထက် ထူးကဲစွာ အပြန်အလှန် စကားပြောဆိုခွင့် ရခဲ့ပြီး မိမိတို့ ဖြုတ်ဦးနှောက်ကို မရပ်မနား အလုပ်ပေးကာ စဉ်းစာပါသော်ငြားလည်း ပြေလည်သည့် အဖြေကို မရနိုင်သော ပြဿနာများကို မေးမြန်းခွင့် ရခဲ့ပါလျှင် သိလိုသည့်အကြောင်းအရာများကို ထိမိအောင် မည်ကဲ့သို့ မေးရပါမည်နည်း။ မည်သည့်အချက်မှ စကာ မေးရပါမည်နည်း။
အရင်ဆုံး လစာကိစ္စမေးရမည်လား။ ၂၀၁၅ မှာ အာဆီယံလစာဆိုလား ဘာဆိုလား၊ မည်သူက ကယောင်ချောက်ခြား ကြံကြံဖန်ဖန် ထုတ်လွှင့်လိုက်သည်မှန်းလဲ မသိ။ မဖြစ်နိုင်မှန်းတော့ အစကတည်းက သိသား။ သို့သော် ကိုးရီးယားကားကြည့်ရင်း မင်းသားချောချောလေးများအား ပစ်မှားတတ်သော စိတ်မျိုးဖြင့် မတန်မရာ ယောင်ယောင်ယမ်းယမ်း တွေးကြည့်သေးသည်။ ထားပါတော့။ ဒါက တစ်နိုင်ငံလုံးက ဝန်ထမ်းတွေရဲ့ ကိစ္စ။ တို့ပုဂ္ဂိုလ်ကြီးနှင့် မဆိုင်။
သို့ဆိုလျှင် ဝန်ထမ်းအင်အား မလုံလောက်သည့် ကိစ္စ။ မနိုင်ဝန်ထမ်းရသည့်ကိစ္စ။ တို့တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့ရတာပဲဟု ပြောတတ်သော senior citizens များကို တို့ခေတ်နဲ့ မတူတော့တာ သိစေချင်သည်။ တို့ခေတ်က အဲလိုလုပ်ခဲ့လို့ အဲလိုတွေ နာမည်သတင်း လွန်သင်းပျံ့တာပေါ့ လို့လည်း ပြန်မပြောရဲပါ။ ဘာပဲဖြစ်ဖြစ် မိမိတို့ထက် လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံတွေ များစွာရှိသူများမို့ ရိုသေသမှု ပြုရပါသည်။ သို့သော် ညံ့လှသည်ဟု ပြောချင်လျှင်လည်း ပြောပါစေ။ ကျောင်းတုန်းက သင်ရသည့် ပြုစုစောင့်ရှောက်မှုပေးသည့်စနစ်ပုံစံများ (Delivery of Nursing Care) ဖြစ်သည့် case method, functional nursing, team nursing, primary nursing, modular method တို့အပြင် မပဋာ မြေဝိုင်းကသည့် method လေးတစ်ခုပါ အပို ထည့်ချင်မိသည်။ ရှိသည့် ဝန်ထမ်းအင်အား၊ လုပ်ငန်းသုံးပစ္စည်း အင်အား၊ ပြုပြင်ထိန်းသိမ်းနိုင်မှု အင်အားနှင့် လုပ်ရသည့် ဝန်တာကို ချိန်ထိုးကြည့်လျှင် အရည်အသွေးများ နှိုင်းယှဉ်ပြထားသည့် စာရင်းဇယားပေါင်းစုံတို့တွင် မြန်မာသည် အောက်ဆုံးမှ ရပ်တည်နေသည်မှာလည်း အံ့ဩစရာ မဟုတ်။ သို့သော် ခွဲစိတ်ကုသဆောင်တွင် လူနာအယောက်တစ်ရာကျော်ကို ညဂျူတီ တစ်ယောက်တည်း တာဝန်ယူရသည့်ှ သူနာပြုများဧ။် အဖြစ်ကို ကြားရတော့ ကိုယ့်ထက်အဖြစ်ဆိုးသူများလည်း ရှိသေးသည်ဟု ဖြေသိမ့်ရသည်။ အခြား အခြားသော နေရာများနှင့် ယှဉ်လျှင်တောင် ဝန်ထမ်းအင်အားချထားမှု အချိုးအစားသည် ဗဟိုအဆင့်ဟု ပြောသည့် ဤနေရာတွင် များစွာနည်းပါးသည်မှာ အမြင်နှင့်ပင် သိသာလှသည်။ သို့သော် ဤအရာသည်လည်း ဗဟိုအဆင့် ဦးနှောက်များ စဉ်းစားကြပါလိမ့်မည်။ မိမိတို့ကတော့ ဗုဒ္ဓဘာသာဝင်များပီပီ ကံအကြောင်းမလှသောကြောင့်သာ လူတကာထက် ပိုပင်ပန်းကြရှာသည်ဟု ကံကိုသာ ယိုးမယ်ဖွဲ့ပါတော့မည်။ပြီး ဒါသည်လည်း မိမိတို့ပုဂ္ဂိုလ်ကြီးက အမျှော်အမြင် ရှိရှိ နှင့် တစ်ဦးချင်းစီကို စွမ်းရည်တိုးတက်အောင် လေ့ကျင့်လိုရင်း ဖြစ်ပေလိမ့်မည်။ ဗဟိုအဆင့်တာဝန်များကို ထမ်းဆောင်နေရသော ဦးနှောက်များသည် ဤမျှထင်ရှားလှသော ပြဿနာများကို လျစ်လျူမရှုဟု ထင်ပါသည်။ ဝန်ထမ်းအင်အား တိုးမြင့်ချထားနိုင်ရနိ အမြန်ဆုံး ဆောင်ရွကိနေလိမိ့မည်ဟု ယုံကြည်ပါသည်။
သို့ဆိုလျှင် ယခုလတ်တလော မိမိတို့သူနာပြုများအကြား ပွတ်လောရိုက်လျက် ရှိသော မီတာခ ၃၅၀ဝိ နှင့် အဆောင်ဖိုး ၄၀၀ဝိ၊ ပေါင်း ၇၅၀ဝိ ကောက်ခံပြီး နောက်လများတွင် မီတာခအား ၇၀၀ဝိ ထိတိုးကာ ပေါင်း ၁၁၀ဝိ ကျပ် ကောက်ခံမည်ဟု ရာဇသံပေးထားသည့် ကိစ္စကိုများ ကွန်ပလိနိးတက်ရမည်လား။ အဆောင်နေခွင့်ရသည့် သူနာပြုများမှာ လူလွတ်များ ဖြစ်သည့်အားလျော်စွာ ထမင်းတစ်အိုး၊ ဟင်းတစ်အိုးနှင့် ရေနွေးအိုးတောင် ပုံမှန်ချက်ပြုတ်သူများမဟုတ်။ ပြင်ပတွင် တစ်အိမ်ထောင်လုံးသုံးသည့် မီတာကြေးတောင် ၁သောင်းဝန်းကျင်သာ ရှိသည့်အချိန်တွင် တစ်ယောက်ချင်းစီကို ၇၀၀ဝိ ကောက်မည်တဲ့။ ဒါတောင် တနလာင်္နေ့မှ သောကြာနေ့များတိုင်း မနက် ၉နာရီမှ ညနေ ၄နာရီအထိ မီးဖြတ်ထားလိုက်သေးသည်။
ညဂျူတီမှ ပင်ပန်းစွာ ပြန်ရောက်လာလျှင် ချိုးစရာ ရေမရှိ၊ ချက်ပြုတ်စားသောက်စရာ မီးမလာ၊။ ပြည်သူ့ဝန်ထမ်းများအတွက် နိုင်ငံတော်မှ စီစဉ်ပေးသော နေထိုင်စရာ နေရာကို ထိုမျှလောက်အောင် အခကြေးငွေ ကောက်ခံလို့ ရသလား မိမိတို့ နားမလည်ပါ။ ခုလောလောဆယ်တော့ အဆောင်နေ သူနာပြုချည်း ၃၀ဝ ကျော်လောက် ရှိမည့်ခန့်မှန်းဦးရေကို ၇၅၀ဝိ နှင့် မြှောက်စားကြည့်ရင်း အံ့ဩမိတာ အမှန်။ ခန့်အပ်ထားသည့် လစာသတ်မှတ်နှုန်းထားတွင်မူ စားစရိတ် ၃ဝိ နှင့် ဝတ်စုံစားရိတ် ၅ိ ဟူသတတ်။ တစ်ရက်ကို တစ်ကျပ်ကြီးများတောင် သတ်မှတ်ပေးထားသော အဆိုပါ သတ်မှတ်ချက်သည် ရှေးဟောင်း ယဉ်ကျေးမှုကို မပျောက်ပျက်လိုရင်း ဖြစ်ပေလိမ့်မည်။ အကျိုးနည်း…ဝတ်စုံစားရိတ်က ၅ိ ကြီးများတောင်၊ လပေါင်း ၂ဝ လောက် စုလျှင်တော့ ကျန်ကျောင်းအိတ်ကလေး တစ်လုံး ဝယ်ပတ်နိုင်ပါလိမ့်မည်။ တိုးသည့် လစာ ၂သောင်းဟူသော ပမာဏသည် တိုးမြင့်သွားသော ကုန်ဈေးနှုန်းနှင့် အဆောင်ခများကြားတွင် မျက်နှာ မဖော်ရဲရှာ။ လစာသီးသန့်ဖြင့် ရပ်တည်ရန် မဖြစ်နိုင်သောအခါ နားရက်များတွင်လည်း အနားမယူနိုင်ကြ။ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများတွင် အချိန်ပိုင်း အလုပ်ဆင်းကြရသည်။ အလုပ်ပြီးလျှင် အလုပ် ပြေးလွှားကြရသည်။ တာရှည် ပင်ပန်းလာသောအခါ ကျန်းမာရေးကို ထိခိုက်လာကြသည်။ လုပ်နိုင်စွမ်းအား ကျဆင်းလာကြသည်။ သို့သော် သူနာပြုများ နေမကောင်းဖြစ်လျှင် သူနာပြုပေးမည့်သူ မရှိ။ နုနေလို့ မရ။ အိပ်ယာထဲ ဗုန်းဗုန်းလဲသည့် အဆင့် မရောက်လျှင် ဂျူတီကို အားကန်ဆင်းရသည်။ ခွင့်ယူဖို့ထက် တစ်ယောက်လျော့လျှင် ကျန်လူများ မည်မျှဒုက္ခရောက်မည်ကို သိနေသောကြောင့် တော်ရုံကိစ္စဖြင့် ခွင့်မယူရက်ကြ။
် အဆောင်မလောက်သဖြင့် အချို့တစ်ဝက်နှင့် အိမ်ထောင်သည်များမှာ ကိုယ့်အိမ်မှ ကိုယ် အလုပ်တက်ကြရသည်။ သူနာပြုအသစ်လေးများမှာ အဆောင်နေခွင့် ရဖို့အရေး မျှော်တလင့်လင့်။ သူ့ထက်ငါ ဦးအောင် ကြိုးပမ်းရသည်။ ထို့ကြောင့်ပဲလားမသိ။ မပေးချင်လျှင် ထွက်သွားဟု ပြောစကားသံ ထွက်ပေါ်လာသည်။
ထိုစကားကိုတော့ နည်းနည်းအံ့ဩမိသည်။ လူကြီးတစ်ယောက်အနေနှင့် မိမိဧ။် ဝန်ထမ်းများကို ထိုကဲ့သို့ ပြောထွက်ပါသလား။ အခြား အခြားသော ဆေးရုံများတွင် ထိုမျှနှုန်းထားဖြင့် ကောက်ခံသည်ဟု တစ်ခါမှ မကြားဖူး။ ပြီးလျှင် ဤအဆောင်များသည်လည်း အခကြေးပေးကာ ငှားရမ်းထားသည့် ကိုယ်ပိုင်အဆောက်အဦးများမဟုတ်။ မိမိကိုယ်ပိုင်အိမ်မဟုတ်ဘဲ ဝန်ထမ်းအား မနေနိုင်လျှင် ထွက်သွားပါဟု ပြောသည့်စကားမှာ တရားလွန်လှသည်။ သို့သော် အဆိုပါ ဗဟိုအဆင့် အုပ်ချုပ်နေရသော၊ ဘွဲ့ဒဂရီကြီးများ ပိုင်ဆိုင်ထားသော ပညာတတ် အုပ်ချုပ်သူ တစ်ယောက်သည် ထိုကဲ့သို့ စိတ်လိုက်မာန်ပါ ပြောဆိုမည် မဟုတ်။ ဖြစ်နိုင်သည့် အကောင်းဘက်မှ ဖြည့်တွေးကြည့်ကြမည်။
မိမိတို့ အဆောင်သည် သက်တမ်း မည်မျှ ရှိသည်တော့ မသိ။ ရန်ကုန်ဆေးရုံကြီး တည်ထောင်ကာစကပင် ဆိုလျှင် သက်တမ်း မနည်း ရှိရော့မည်။ အချို့သော ရှေးဟောင်း အဆောက်အဦးများတွင် မူရင်းလက်ရာ ပျက်ယွင်းသောကြောင့် ရှေးဟောင်းအဆောက်အဦးအဖြစ် သတ်မှတ်မခံရဟုဆိုသည်။ သို့ဆိုလျှင် ရန်ကုန်ဆေးရုံကြီးမှ သူနာပြုများ အဆောင်ကိုလည်း ရှေးဟောင်း စာရင်းထဲ ထည့်သွင်းရန် အကြံပြုချင်လှသည်။ ပုံမှန်ဆေးသုတ်ထားသော ရှေ့မျက်နှာစာမှ လွဲလျှင် နောက်ဘက်တစ်ခြမ်းလုံးသည် ခြုံနွယ်ပိတ်ပေါင်းတို့ဖြင့် အုံ့မှိုင်းလျက်။ တစ်သက်လုံးက နယ်မှာနေလာပြီး ရှဥ့်ကို မမြင်ဘူးခဲ့သော မိမိသည် ရန်ကုန်မြို့လယ်ခေါင်ရှိ ဆေးရုံကြီးကို ရောက်တော့မှ ချစ်စရာ ရှဥ့်ကလေးများကို အရှင်လတ်လတ် မြင်ဖူးလေတော့သည်။
နံရံများတွင်လည်း ရေညှိနှင့် ချေးညော်များ အလိမ်းလိမ်း။ မြေကြွက်ကြီးများကလည်း ကြောက်စရာ။ ကြောင်ပေါက်စ အရွယ်ခန့် ရှိသည်။ ငယ်ငယ်က သမိုင်းစာအုပ်ထဲတွင် သင်ခဲ့ရသော တစ်ရက်လျှင် ဆယ်နာရီကျော် အလုပ်လုပ်ရပြီး ဆယ်ပေပတ်လည်အခန်းကျဉ်းများတွင် နေထိုင်ရသည်ဆိုသော ရေနံမြေ အလုပ်သမားများကို ယခင်ကထက် ဆယ်ဆမက ကိုယ်ချင်းစာမိတော့သည်။ အုတ်နံရံကြားတွင် တွယ်ကပ်ပေါက်ရောက်နေသော ညောင်ပင်များမှာလည်း တစ်စတစ်စ ကြီးထွားလာသည်။ ကြာလာလျှင် အမြစ်များက နံရံအတွင်းသို့ နစ်ဝင်ဝါးမြိုလာကြလိမ့်မည်။ အချို့သော ရေချိုးခန်းများ၊ အိမ်သာများ တွင်လည်း ပြတင်း၊ ပိုက်လိုင်း အစရှိသည်တို့ ကျိုးပဲ့ပျက်စီးလာကြပြီ။ လှေကားလက်ရန်းများ ဖုန်အလိမ်းလိမ်း ချေးအထပ်ထပ် ကပ်လျက် မြင်မကောင်းအောင် ဖြစ်လာကြပြီ။ အချို့နေရာများတွင် နံရံအက်ကွဲကြောင်းများ အစပြုဖြစ်ပေါ်လာပြီ။
အချိန်မီ ပြုပြင်ထိန်းသိမ်းမှုသာ မပြုလျှင် ကြာလာလျှင် ပြိုကျပျက်စီးပေတော့မည်။
ဤသည့်အရေးအခင်းများကို ခေတ်အဆက်ဆက် တာဝန်ရှိသူများ သတိမထားမိပေမယ့် ယခုလက်ရှိ ပုဂ္ဂိုလ်ကြီးများ သတိထားမိပုံ ပေါ်ပါသည်။
ယခုနှစ်များတွင် ဆေးရုံကြီးအား အဆင့်မြင့်တင်ရေးကို စိတ်ဝင်တစား ဆောင်ရွက်လာကြသည်။ အဆောက်အဦးသစ်များလည်း တိုးချဲ့ဆောက်လုပ်နေသည်ကို တွေ့မြင်နေရသည်။ နေရာ အဆောက်အဦး များပြားလာရုံနှင့် မလုံလောက်။ ထပ်မံလိုအပ်လာမည့် ရေမီး အစရှိသည်တို့အပြင် လိုအပ်သည့် စက်ပစ္စည်း ကိရိယာများ တပ်ဆင်ကြရဦးမည်။ အစဉ်ကောင်းမွန်စွာ လုပ်ငန်းလည်ပတ်နိုင်ရန်အတွက်လည်း စဉ်ဆက်မပျက် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ကြရဦးမည်။ အသစ်အသစ်များ တည်ဆောက်သည့် နည်းတူ ရှိပြီးသား အဆောက်အဦးများကိုလည်း ထိန်းသိမ်းရဦးမည်။ ပိုမိုများပြားလာသော လူနာဦးရေ၊ သုံးစွဲရသော ဆေးဝါပစ္စည်းများ၊ အထောက်အကူ ပစ္စည်းများ၊ စက်ပစ္စည်းများအတွက် သုံးစွဲရသော ငွေကြေးပမာဏမှာလည်း နည်းလှမည် မဟုတ်ချေ။ နိုင်ငံတော်မှ ချထားပေးသော ဘတ်ဂျက်ပမာဏနှင့် ချိန်ထိုးကာ လုပ်ဆောင်ရခြင်း ဖြစ်သည့်အတွက် အဓိက အရေးကြီးသည့် လိုအပ်ချက်များကို မဖြစ်မနေ ဦးစားပေးရသည့်အတွက် မြင်လျက်နှင့် ခဏလျစ်လျူရှုထားခြင်း ဖြစ်ပါလိမ့်မည်။ ပြုပြင်ထိန်းသိမ်းပေးရန် စားရိတ်လိုသည်ပဲလေ။ သည်တော့ အဆောင်ကြေးများ တိုးမြင့်ကောက်ခံရာမှ ရရှိလာသော ငွေကြေးများဖြင့် အဆောင်ကို ပြင်ဆင်လိုခြင်း ဖြစ်ပါလိမ့်မည်။ မိမိဧ။် ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရနိ၊ သန့်ရှင်းသပ်ရပ်စေရန်၊ ရေရှည် ခိုင်ခံ့စေရန် ထိန်းသိမ်းပြုပြင်ရာတွင် အသုံးချပေလိမ့်မည်။ သို့ဆိုလျှင် မိမိတို့ကလည်း ရေရှည်ရရှိလာမည့် အကျိုးကို မျှော်ကိုးလျက် ဝမ်းမြောက်ဝမ်းသာဖြင့် မလောက်မင လစာများထဲမှ ထည့်ဝင်လှူဒါန်းရကျိုး နပ်ပါလိမ့်မည်။ ဤမျှ အမျှော်အမြင်ကြီးမားလှသော ကုသိုလ်စီးပွား အကျိုးများစေသော သူကို မိမိတို့က ဘာများ စောဒကတက်ရဲပါမည်နည်း။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြရုံသာ ရှိသည်။
ထို့ကြောင့် မေးစရာ မေးခွန်း ရှာမရပါ။ အခွင့်အရေး ထူးကဲစွာဖြင့် မိမိတို့အား စာနာထောက်ထားကာ ခင်မင်ရင်းနှီးစွာ ခွင့်လွှတ်သည်းခံစွာ မေးမြန်းပြောဆိုခွင့် ပြုခဲ့ပါလျှင် ထွေထွေထူးထူး ဘာမှပြောဆိုရန် စဉ်းစားနေစရာ မလိုပါ။ စကားတစ်ခွန်းသာ ပြောဆိုပြီး ပြန်လာခဲ့ပါမည်။
“ဟုတ်ကဲ့” ဟု………
Credit to : Khin Soe Moe Win
Original Page
https://www.facebook.com/khinsoemoewin/posts/449328265202827
12 comments
alinsett (gazette)
June 2, 2014 at 11:15 am
copy / paste ထဲရောက်နေတော့ ပထမစာမျက်နှာမှာ မပေါ်ဘူးပေါ့ဗျာ
တခြားသူတွေ ဖတ်လို့ရအောင် ( copy ပေမယ့် )
ဖော်ခဲ့လိုက်တယ်ဗျို့. . .
တိမ်မည်း
June 2, 2014 at 1:35 pm
ကျေးဇူးပါ… ကိုအလင်းဆက်ရေ…….
kyeemite
June 2, 2014 at 1:44 pm
ဒုက္ခများ ရင်ဖွင့်ချက်က ရင်ကိုနင့်သွားစေပါတယ်…ဆိုင်ရာလူဂျီးတို့ဖတ်မိပါစေဟုသာ…
Foreign Resident
June 4, 2014 at 2:26 pm
kyeemite says:
” ဒုက္ခများ ရင်ဖွင့်ချက်က ရင်ကိုနင့်သွားစေပါတယ် ”
ဟင့် ။ ဒီလောက်လေးနှင့်များ ၊ ရင်နင့်ဖို့ အဝေးကြီး ။
စစ်တပ် က ၊ ရဲဘော်လေးတွေ နေတဲ့ လိုင်းခန်း သွားကြည့်ပါအုံး ။
အဲဒီ စာ ရေးတဲ့ နာစ်မ မျက်ရည် ဖြိုင်ဖြိုင်ကျသွားမယ် ။
စစ်တပ်ထဲမှာ အချင်းချင်း ပြောကြလေ့ရှိတဲ့ စကား ရှိတယ် ။ ဘာတဲ့ ။
” ( တပ် ) ၃ ခါပြောင်းရင် တောင်း နှင့် စလောင်း တောင် မကျန်ဘူး ” တဲ့ ။
” စစ်သား မယားဝတ်တဲ့ ထမီဟာ ပါး ( ရိ ) လွန်းလို့ ၊ ကြက်သွန်ခွံ လိုဖြစ်နေပြီ ” တဲ့ ။
( ဆက်ပြောလို့ မကောင်းလို့ ၊ တစ်ပင်ချင်းတောင် ရီလို့ရတယ် က ပါသေး )
တိမ်မည်း
June 5, 2014 at 11:38 am
စစ်တပ်က ရဲဘော်ကို မစာနာလို ့တော့ မဟုတ်ပါဖူး အဘရယ်….
နက်စ်လည်း သူ ့ဒုက္ခ နဲ ့သူပါ… သူမှာလည်း တခြား ပြောပြလို ့ မကောင်းတဲ့ သူတို ့အတွင်းရေး အရှုပ် ထုပ်တွေ အများကြီးပါ…..
လူ ဆိုတာ ကိုယ်ခံရသမျှ ကို အဆိုးဆုံးလို ့ ထင်တဲ့သူတွေကြီးပါပဲ….
စစ်တပ်ကလူကမှ ငတ်သေဖို ့ခဲယဉ်းပါသေးတယ်….. အဘပြောသလိုဆို… မြန်မာပြည်ရဲ့ ပြည်သူတွေညည်းဖို ့လည်း ထားပါအုံး…. ထမင်း နပ်မမှန်တာ တပုံကြီး…..
သူတောင်းစားတွေ အခြေခံလူတန်းစားတွေက ပြောသွားမယ်… စစ်တပ်ကရဲဘော်တွေ သနားဖို ့ကောင်းတယ်ဟုတ်စ… ပျင်းတောင်ပျင်းသေးတယ်လို ့…….
ဆင်လည်း ဆင်ဒုက္ခပါ… ကြွက်လည်း ကြွက်ဒုက္ခပါ…..
သူ ့ဟာနဲ ့သူတော့ ကြီးတာပါပဲ…..
လေးစားလျက်
တိမ်မည်း
black chaw
June 3, 2014 at 1:51 pm
အပေါ်က ဦးလေးကြီးဦးကြီးမိုက်ပြောသလိုပါပဲ
သက်ဆိုင်ရာ လူကြီးမင်းတို့ ဖတ်မိပါစေဗျာ…။
Crystalline
June 4, 2014 at 3:19 pm
ဒီမနက်သတင်းစာထဲပါလာတာ.. ပုတီးကုန်းအထက်တန်းကျောင်း ဝရန်တာအောက်ရက်မကျိုးကျလို့တဲ့……. ကလေး ၁ရယောက်ဒါဏ်ရာ ရတယ်တဲ့…တစ်ယောက်ဆို ခါးဆစ်ရိုး ၃ဆစ်ကျိုးလို့… ရန်ကုန်ပို့ကုထားတယ် ဆိုတဲ့အကြောင်း.. အဲဒါမျိုးကြားတာ တစ်ခါမက..နှစ်ခါမကတော့ဘူး… ကျောင်းသစ်ကြီးတွေ.. တက္ကသိုလ်တွေ ဖွင့်သလို… အဲလိုသက်တမ်းရင့်နေပြီဖြစ်တဲ့ ကျောင်းဆောင်တွေကိုလည်း ပြင်ဆင်ဖို့ အသိဝင်ကောင်းပါရဲ့…
kai
June 4, 2014 at 3:31 pm
ဒီကော်မန့်ကို.. ဟိုလေ..
ဘိုထိုင်အိမ်သာပြောင်းဆောက်..အဲ..အဲ.. လှူနေတဲ့ပို့စ်အောက်မှာ.. ရေးစေချင်တာ… ချဉ်တာ..။ :buu:
တိမ်မည်း
June 5, 2014 at 11:31 am
ပြင်ဖို ့တော့ စိတ်ဝင်မစားဖူး… အသစ် ဆောက်ဖို ့တော့ စိတ်ဝင်စားတယ်…. ပိုက်ဆံရမယ်ဆို အကုန်စိတ်ဝင်စားတယ်…..
Wow
June 5, 2014 at 10:34 am
အခု ကျော်သူရဲ့ သုခ အခမဲ့ဆေးရုံတို့ NLD မိုဘိုင်းကျမ်းမာရေးဆေးခန်းတို့ ရှိနေပီ မလား…
တိမ်မည်း
June 5, 2014 at 11:30 am
ဇာတ်မကောင်းတာ မင်းသား မင်းသမီး ကတာ အဆင်မပြေလို ့လေ….
အဲ့ဒါကို လူရွင်တော်တွေချည်း လဲထည့်နေလို ့ထူးမှ မထူးတာ… အဲ့ဒါ အလုပ်မဟုတ်ဖူးလေ…..
လူရွင်တော်ရှိတော့ မြိုင်တာပေါ့… ဒါပေမယ့် မင်းသား မင်းသမီး တကယ်ကောင်းမှ ဇာတ်ပီသတာ….
ထိုအတူပဲ….
လုံမလေးမွန်မွန်
June 5, 2014 at 2:17 pm
ဟင်င်း..
ရွေးချယ်ခွင့်မရှိတဲ့ အစိုးရဝန်ထမ်းဘဝ