သဘောထားလေး ကြီးစမ်းပါဗျာ. . .
အခုတလော မောင်သူရတစ်ယောက် စာရေးမယ် ကြံလိုက်တိုင်း အဘတို့ အဘိုးတို့ဘက်ပဲ လှည့်ရေးနေမိတယ်။
ခက်တော့ ခက်နေပြီ ။
ပြောမိလက်စနဲ့ ဒါလေးတော့ ဆက်ပြောလိုက်ပါဦးမယ်လေ. . .
အဟက်. . .
ဟိုးးတလောက ကာတွန်းလေးတစ်ကွက်ကို သတိရသွားတယ်ဗျ။
ဘယ်သူရေးတဲ့ကာတွန်းပြကွက်လဲ ဘယ်ဂျာနယ်မှာ ပါတာလဲ ဆိုတာတွေ မမှတ်မိတော့တာ ခွင့်လွှတ် ။
အဲဒီ ကာတွန်းက ပြကွက်လေးတစ်ကွက်ထဲရယ်ဗျ။
ကာတွန်းပြကွက်ထဲမှာ အမျိုးသမီးခပ်ဝဝတစ်ယောက် ဖုန်းဆက်ပြောနေတဲ့ပုံ. . .
ဖုန်းကလေးကို နားရွက်နားကပ်ပြီးပေါ့ဗျာ. . .
စကားပြောလေးတစ်ခု ပါတယ်။
အဲဒီအမျိုးသမီးက ဟိုဘက်ကဆက်သူကို ဖုန်းနဲ့လှမ်းပြောနေတာ. . .
”မောင်ရယ် မောင့်ဖုန်းလာလို့ ကပျာကယာလေး အပြင်ပြေးထွက်လိုက်တယ်” တဲ့။
စကားလေးက အဲဒီတစ်ခွန်းထဲရယ်။
ပုံကို ကြည့်လိုက်ဦး။ ဖုန်းပြောရင်းနဲ့ သုံးထပ်တိုက်ပေါ်က ကျနေတဲ့ပုံ…
ဖုန်းလိုင်းတွေ မမိတော့ အပြင်ကို အိမ်ထဲကနေ အပြင်ဘက်ထွက် ဆက်ရတဲ့ မြို့သူတစ်ယောက်ရဲ့ ဖြစ်ပုံပေါ့. . .
——-
ဖုန်းလိုင်းတွေ မမိချက်ကတော့ပြောကို မပြောချင်ဘူးဗျို့. . .
မပြောချင်ပေမယ့် နည်းနည်းတော့ ပြောဦးမယ် ။
မောင်သူရတို့နိုင်ငံမှာ ဖုန်းနဲ့ အဆက်အသွယ် လုပ်ရတာ ရယ်ချင်စရာလည်း ကောင်း /
စိတ်ညစ်စရာလည်း ကောင်းပါ့။
ဖုန်းနဲ့စကားပြောရင် အသံကို မြှင့်အပြောရဆုံးနိုင်ငံဆိုပြီး ဂုဏ်ထူးဆောင်ဘွဲ ့ပေးရမလိုလို
အသံကျယ်ကျယ် အော်အပြောရဆုံးနိုင်ငံပေါ့။
ပြီးတော့ ခန္ဓာကိုယ်ကို အငြိမ်သက်ဆုံး မလှုပ်ပဲ ဖုန်းပြောရတဲ့နိုင်ငံ. . .
ဖုန်းပြောနေရင်းနဲ့ နည်းနည်းလေး လှုပ်လိုက် နေရာရွှေ့လိုက်တာနဲ့ ဖုန်းလိုင်းက ပြတ်တောက်သွားတာကိုး . . .
ကားပေါ်တွေ လူထူထပ်တဲ့နေရာတွေမှာ ဖုန်းတွေပြောနေကြတာတွေ့ပါ့
တွေ ့တိုင်း . . .
ဘေးက ကြားနေရတဲ့စကားတွေကတော့ မရိုးဘူး။
တမျိုးထဲ. . .
ကြားလားးး ကြားလားးး
ငါပြောတာကြားလားးးး ဆိုတာပဲ။
ဟိုဘက်က ဖုန်းဆက်သူကလည်း အဲ့ဒါပဲ ပြောနေမှာပေါ့. . .
ကြားလားးးကြားလားး
ငါပြောတာကြားလား
———
ကြားလား လို့ မေးမေးပြီးပြောချင်လိုက်တာ အဘတို့ရယ်. . .
ပြည်သူတွေ လူတန်းမစေ့ဘူး။
လူတန်းမစေ့ အရည်အသွေးမရှိတဲ့ဘဝတွေမှာလူနေမှုအဆင့်အတန်းနိမ့်ကျစွာ နေ နေကြရတယ်။
ပြည်သူတွေရဲ့ မွန်းကျပ်မှုတွေ သက်ပြင်းချသံတွေကို ကြားရောကြားပါသလား အဘတို့. . . .
—————-
တန်ဖိုးနည်း ဖုန်းဆိုပြီး အောက်ခြေလူတန်းစားတွေအထိ(၁၅၀ဝ အမည်တပ်/ တစ်သိန်းကျော်နဲ့ ဝယ် ကိုင်နိုင်အောင် ) စီစဉ်ပေးလိုက်တဲ့ အဘတို့ရဲ့စီမံမှုကို ကျေးဇူးတင်ပါတယ် ။
အရင်တုန်းကလို သိန်း ဆယ်ဂဏန်းမပေးရတော့တာကိုက ကျေးဇူးတင်စရာပေါ့။
အရင်ကလို မဟုတ်တော့ပဲ အောက်ခြေလူတန်းစားတွေအထိ ဖုန်း ကိုင်နိုင်အောင် စီစဉ်ပေးလိုက်တဲ့ အဘတို့ရဲ့ သဘောထားကြီးမှုကို လေးစားပါတယ် ။
မောင်သူရကြီး အသိအမှတ်ပြုပါတယ် ။
အခုဆို ၁၅၀ဝ ကျပ် အမည်တပ်ခံပြီး တစ်သိန်းကျော်(ဖုန်းတစ်လုံးကို ဝန်ထမ်းတစ်ယောက်ရဲ့တစ်လစာလုပ်အားခလောက်ပေးပြီး) ဝယ် ကိုင်နေကြပါပြီ။
၁၅၀ဝ တန် ဆိုပြီး နာမည်အတပ်ခံရ တစ်သိန်းကျော်ပေးရပေမယ့် မကိုင်လို့မှ မဖြစ်တာကိုးး
ဖုန်းဆိုတာ လူနေမှုဘဝတွေအတွက် မရှိမဖြစ်ပဲဟာ. . .
ဒါပေမယ့်. . .
ဖုန်းတွေ ကိုယ်စီကိုင်ထားပြီး ကိုယ်ပြောတာ သူမကြားရ
သူပြောတာ ကိုယ်မကြားရနဲ့
အော်ဟစ်နေကြရတာ . . .
ဖုန်းချင်းအနားကပ် ခေါ်တာတောင် ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတယ် အပြောခံရတာ. . .
ဒီဘက်က စက်လည်း မပိတ်ပဲနဲ့ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ် ဆိုပြီး ဟိုဘက်က ဆက်သူကို
ကြားက မိန်းမတစ်ယောက်က လိမ်ပြောတာ. . .
ဒီဘက်မှာ ဖုန်းကြီးဖွင့်ထား အားနေပါလျက်နဲ့. . .
ဟိုဘက်က ဆက်သူကို ”မောင်သူရရဲ့ဖုန်း မအားသေးပါ”
ဆိုပြီး လိမ်ပြောနေတာတွေ
ပြန်ကြားရတယ်။
အဲ့ဒါမျိုးတွေ. . .မလုပ်ကောင်းဘူးနော်။
ဖုန်းတော့ ကိုင်နိုင်အောင် လုပ်ပေးပါရဲ့။
ဖုန်းကောင်းကောင်း ပြောလို့ရအောင် လုပ်မပေးနိုင်ဘူးလားးးးး
ပို့မယ့်ပို့တော့ အရောက်လေးတော့ ပို့ပါအဘတို့ရယ်. . .
မောင်သူရတို့ဘက်ကလည်း အလကား လက်ဖြန့်တောင်းနေတာ မဟုတ်ပါဘူး။
ကိုယ့်ဝင်ငွေနဲ့ မမျှတတဲ့နှုန်းထား ဈေးမြင့်မြင့်ကို တစ်မိနစ်ငါးဆယ်တောင် ပြန်ပေးထားတာပဲ။
ကိုယ်ပြောလို့ ကိုယ်ပေးရတာဆိုပြီး မောင်သူရတို့ ပေးတယ်။ မောင်သူရတို့ဘက်က သဘောထားက အဲ့သလို ။
ပေးတယ်. . .တစ်မိနစ်ငါးဆယ်။ တစ်လတစ်လ ဖုန်းကဒ်တွေ ခဏခဏ ဝယ်ထည့်ရတယ်။
မောင်သူရတို့ ပေးရတာလေးနဲ့ တန်အောင်တော့ ပြန်စီစဉ်ပေးပေါ့။
အောက်ခြေလူတန်းစားတွေအထိ ဖုန်းကိုင်နိုင်အောင် စီစဉ်ပေးခဲ့တဲ့ သဘောထားကြီးမှုကို အသိအမှတ်ပြု ကျေးဇူးတင်နေတာပါ။
အဲဒီ အောက်ခြေလူတန်းစားထိ ရပ်ကွက်ကြိုကြားအထိ ဖုန်းကိုင်ထားသူတွေအားလုံး ဖုန်းပြောလို့ရအောင်တော့ အဆုံးထိ စီစဉ်ပေးပေါ့ ။
ဖုန်းတော့ ကိုင်ထားပါရဲ့။ ဆက်သွယ်မှုဧရိယာ
ပြင်ပတွေချည်း ဖြစ်နေမှတော့ ဘာထူးတော့မလဲ. . .
————
တချို ့ရှိတယ် ။
အလှူအတန်းကြီးပေးနေချိန်
ပရဟိတလုပ်နေချိန်မှာတောင်
ဟိုလူ ့တော့ မပေးနဲ့ ဒီလူ လာရင် အဝင်မခံနဲ့ဆိုပြီး
တစ်သိန်းဖိုး လှူနေရင်းနဲ့ . . .
တစ်ရာဖိုး တစ်ထောင်ဖိုး ထပ်ကုန်မှာကို တွန့်တိုနေတတ်တာလေ. . .
ရှိတယ် ရှိတယ် ။
အဲဒါမျိုးတွေ ရှိတယ် ။ ဘာလို့များ နောက်ထပ်နည်းနည်းလေး ထပ် တိုး ပေးဆပ်ရမှာကို တွန့်တိုနေမှာလဲ။
သဘောထားကြီးထည့်လိုက်စမ်းပါ အစကနေအဆုံး . . .
ပြည်သူတွေအကျိုးကို ဘာကောင်းတာ လုပ်ပေးရမလဲ ဆိုတဲ့ စိတ်နဲ့ သဘောထားဆက်ကြီးလိုက်စမ်းပါ။ ပြည်သူတွေဆီက ဘာတွေ ရမလဲ လို့ တွေးစရာမလိုဘူး။ ရသင့်တာ ပြန်ရလိမ့်မယ် ။
ပြည်သူတွေဆီက ဘာရယူရမလဲလို့ တွေးနေတာထက် . . .ပြည်သူတွေကို ဘာလုပ်ပေးရမလဲလို့တွေးရင်. . . . . .
တိုင်းပြည်က ဘာလုပ်ပေးမလဲလို့ တွေးမနေသော . . .
တိုင်းပြည်ကို ဘာလုပ်ပေးရမလဲလို့သာတွေးတတ်တဲ့ ပြည်သူတွေကို ပြန်ရလိမ့်မယ် ။
အဲ. . . .
မောင်သူရ ပြောတာကို ကြားလားခင်ဗျ. . .
************************
မောင်သူရ @ အလင်းဆက် (Gazette)
7 / 6 / 2014 /
25 comments
မင်း ခန့် ကျော်
June 7, 2014 at 8:09 am
သဘောထားကတော့ကြီးသလားမမေးနဲ့မောင်ရေ။
စိတ်ကထစ်ကနဲ့ဆို ————-ကနဲ့။
စိတ်ကထောင်းးကနဲ့ဆို ————–ကနဲ့
ကွန်မန့် ကိုကြားရလားးး အဲ မြင်ရလားးး?
ဒီ mpt ကတော့ကွာ
alinsett (gazette)
June 7, 2014 at 8:44 am
တော်သေးတယ်
ကိုမင်းခန့် ရဲ့ comment ကို မြင်ရတယ်ဗျ
ရွှေတိုက်စိုး
June 7, 2014 at 9:27 am
ဟဲ့အဆက်မ နီပြောနေတာတွေကို ဟိုအဘ က မကြားရဘူးတဲ့ ဟလို ဟလို… ကြားလား ကြားလား..
ဟာကွာ တောက်… လိုင်းကျလဲ ကျသွားပြီ…
ကဲ… ဘယ်နှယ့်လုပ်မလဲ… အဆက်မရယ်… ပြန်ပြောလိုက်အုံး… နီဟာလေ.. ဖုန်းပြောရင် နှစ်ခါနှစ်ခါ ထပ်ပြောရတာကို မေ့နေသလား… နောက်ထပ်ထပ်ပြော.. မကြားရဘူး…
alinsett (gazette)
June 7, 2014 at 9:34 am
မကြားတာလား မကြားချင်ယောင် ဆောင်နေတာများလား အတိုက်ကလေးရယ်
အဘတို့က အသက်ကြီးပြီ လူကြီးလည်း ဖြစ်ပြီဆိုတော့
အကြားအာရုံနည်းနည်း ချို့တဲ့သွားတာလည်းဖြစ်နိုင်တယ်ဟ
TNA
June 7, 2014 at 1:34 pm
ကြားတယ် မောင်သူရရေ ကြားတယ်။ ဒါ့ထက် ငါပြောဒါကောကြားရဲ့လားဟင်။ အပေါ်ကတော့ တာဝတိသာမှာရောက်နေလို့တဲ့ လူကြီးဆိုတဲ့ လူကလေးတွေကတော့ကြားဘူးတဲ့အေ။
alinsett (gazette)
June 8, 2014 at 7:50 am
အဘတို့ကြားပါ့မလား တဲသီ
ROssI
June 7, 2014 at 1:47 pm
မြန်မာ ပရိုစတီကျု တင်းမ် အကြောင်းများဗျာ…
ပြောကို မပြောချင်ပါဘု…
alinsett (gazette)
June 8, 2014 at 7:49 am
Paing Lay
June 7, 2014 at 3:13 pm
ဟဲရို……….တက်စီးတင်………..ဝမ်း………..တူးးးးးးးးးးးးးသရီးးးးးးးးးးးးဖိုးးးးးးးးးးးးဟဲရို………ကြားလားးးးးးးးကြားလားးးးးးးးးးးပြောနေတာကြားရဲ့လား(အေသင်အသံဖြင့် နားထောင်ပါ)
alinsett (gazette)
June 8, 2014 at 7:46 am
အေသင့်အသံလေးတော့ စိတ်နဲ့ပဲ ဆက်ဆက်ကြားယောင်လိုက်ပါတော့မယ်။
နားနဲ့ဆက်ဆက်က ဖုန်းနဲ့ဆို မပီသနိုင်ဘူး။
🙂
naywoon ni
June 7, 2014 at 3:54 pm
ဆင်းကတ်ကပဲထောင့်ငါးရာလေ ဟမ်းပျက်က လေးငါးသောင်းအနိမ့်ဆုံး ဒါတောင် ဇိဖုန်းပဲရတာ ပွတ်ဖုန်းက တစ်သိန်းဝန်းကျင်ဟဲ့ ဒါလဲထည့်ပြောဦး ။ သူများတွေဆီမှာ ဟမ်းပျက်ကော စင်းကတ်ကော မှ ဆယ်ဒေါ်လှ ဆိုလား အဲ့လောက်ပဲရှိတာဆို
alinsett (gazette)
June 7, 2014 at 6:03 pm
အဲဒီ ၁၅၀ဝ တန် ဆင်းကတ်ကို
ကျနော်က ကိုးသောင်းကျော် ပေးဝယ်ခဲ့ရတာဗျ
စိတ်နာချက်
🙁
naywoon ni
June 7, 2014 at 7:03 pm
မောင်ရင်က သထိန်းပဲ ကိုယ့်မှာတော့ မဲပေါက်တာတောင် ကိုင်ရကောင်းနိုး မကိုင်ရကောင်းနိုးနဲ့ သူငယ်ချင်းတွေက ဟမ်းဆက်ဝယ်ဖို့လိုတဲ့ငွေ စိုက်ပေးတဲ့သူပေး အကြွေးရောင်းတဲ့သူပေးနဲ့ လှော်ပေးကြလို့ ကိုင်ဖြစ်တာ ။ နို့မို့ဆို ခုထိ အင်တာပျက်ဆိုင်မှာပဲ ရှိနေအုံးမှာ
အရီးခင်
June 8, 2014 at 5:42 am
ဝုတ်ပါ့။
အိမ်နဲ့ စကားပြောရင်။
အမေ့ နေကောင်းလား နဲ့ စလို့ မရဘူး။
အမေ့ ကြားလား နဲ့ အရင်စရတာ။
မပြောတော့ဘူး။မပြောတော့ဘူး။ ပြောကို မပြောချင်တော့ဘူး။ :-)))
alinsett (gazette)
June 8, 2014 at 7:34 am
မပြောချင်ပေမယ့် နည်းနည်းတော့ ပြောဦးမယ်
ကြားရင်ပေါ့
ကေဇီ
June 8, 2014 at 11:13 am
ဂု တလော တော့ သဘောထားမကြီးနိုင်ဘူးးး
အဲဒီ မပုတု နာ့ အချစ်ကို ဖြိုခွဲပေါင်းများပြီ..
😥
alinsett (gazette)
June 8, 2014 at 12:35 pm
မပုတု က
ကောင်းကျိုး ပေးခဲပါတယ် မမဂျီးရယ်
black chaw
June 8, 2014 at 12:03 pm
ကြားလား…ကြားလား…ဟဲ့ မကြားသေးဘူးလား…။
ဘာ…နင့်သမီး လင်နောက်လိုက်သွားလို့…
ဟဲ့…ဘယ်သူ့မှ မသိစေနဲ့နော်…
နန္ဒဝန်ဈေးရှေ့က ကွမ်းယာရောင်းတဲ့ကောင်နဲ့လား
ဟဲ့လူကြားလို့ မကောင်းဘူးဟဲ့
အဲ့ဒီကောင် မိန်းမနဲ့ ကလေးလည်း ရှိတယ်လေ…
ဘယ်သူ့မှ မသိစေနဲ့နော်…။
ဟေးဟေး…။
ဂျက် (ကွမ်းခြံကုန်း) ကြီးရဲ့ သရော်စာတစ်ပုဒ်ထဲက
မှတ်မိသလောက်လေး ပြန်ရေးလိုက်တာပါ…။
ဘယ်သူ့မှ မသိစေနဲ့ ပြောပြီး ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်နေလိုက်တာဗျာ…။
အဲဒါ…။
😀
alinsett (gazette)
June 9, 2014 at 11:58 am
အဟိ
ကျနော်တို့ဆီမှာ
တိုးတိုးပြောရမယ့်ကိစ္စဆို ဖုန်းနဲ့ ပြောရင် အရှက်ကွဲရော နော်
:nrgreen:
Shwe Poe
June 8, 2014 at 8:37 pm
ကြားတယ်ဗျို ့ကြားတယ်
မောင် သူရ ရေ ကျ နော် ပြောတာရောကြားလားဗျ
ကြားလား ကြားလား
😀
alinsett (gazette)
June 9, 2014 at 12:05 pm
ဝါးတားတားပဲ
အဟိ
kai
June 10, 2014 at 11:51 am
လူထုက.. ဖုံးကျတော့.. (အင်ဖရာစရပ်ချာမရှိပဲ..) လူတိုင်းသုံးချင်သမို့.. အသံအကျယ်ကြီးအော်တောင်းခဲ့ပြီး..
တိုင်းပြည်အကျိုးရှိနိုင်ချေရှိတဲ့.. မြစ်ဆုံစီမံကိန်းမျိုးကျ.. အသံအကျယ်ကြီးနဲ့ ကန့်ကွက်ခဲ့တာတွေသတိရမိတယ်..။
အင်း..
“In a democracy, people get the government they deserve,”- Alexis de Toqueville
♩♪ ♫ ♬ ♭ ♯
ဘယ်သူမဆို.. ကိုယ်တန်ရာပဲ.. ရမယ်.. ♩ ♪ ♬ ♮ ♯♭♫
alinsett (gazette)
June 10, 2014 at 1:54 pm
မဖြစ်သင့်တာတွေ..ဖြစ်နေတယ်..
ဖြစ်သင့်တာတွေမဖြစ်ဘူး…
ဒါပဲ…
:kwi:
Ma Ma
June 10, 2014 at 7:05 pm
စကားပြောရင် အသံကျယ်ကျယ်နဲ့ ပြောတဲ့အကျင့်ဖြစ်သွားလို့…..
နားငြီးလိုက်တာ။ အသံတိုးတိုးပြောပါဟဲ့ လို့ ပြောလည်း…..
ခဏကြာရင် ထုံးစံတိုင်း အသံက ကျယ်သွားပြန်ရော။
ဘာ့ကြောင့်လဲတော့ မသိဘူး။ 😀
lu lu
June 10, 2014 at 10:30 pm
မြန်မာပြည် ရဲ ့ဖုန်းပြောတဲ့အခါ နှုတ်ဆက်တဲ့စကား
လုံးက ” ဟဲလို ကြားလား ကြားလား ” တဲ့
😀