Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခလုပ်တိုက်ရင် ရှေ့တလှမ်းပိုရောက်ပါစေ ကလေးတို့ရေ

padonmarJune 9, 20141min107525

လွန်ခဲ့တဲ့ တလကျော် (သင်္ကြန်အပြီးမှာ) ရန်ကုန်မှာ အလုပ်လုပ်ချင်လို့ဆိုပြီး ကျမရဲ့ နယ်ကကုန်သည်လေးက သူ့သမီးကို ပို့လာပါတယ်။

၁၆နှစ်ပြည့်ပြီးခါစ အသားဖြူဖြူ ကရင်ဗမာကပြားမလေး`ယမင်း´ဟာ တော်တော်သွက်ပါတယ်။လူလည်းမကြောက်ပဲ ပြောရဲဆိုရဲရှိပါတယ်။ဒီနှစ် ၁ဝ တန်းဖြေထားပါတယ်တဲ့။အောင်ရင်တော့ မိဘက ငွေရေးကြေးရေး မပြည့်စုံလို့ စာပေးစာယူတက်ရင်း အလုပ်ဆက်လုပ်ပါမယ်။မအောင်ခဲ့ရင်တော့ သူ့မိဘက ကျောင်းပြန်နေစေချင်ပြီး သူကတော့ ကျောင်းမတက်ချင်တော့ပါဘူး၊အလုပ်ပဲလုပ်ချင်တယ်တဲ့။

သူ့အမေက လကုန်ထိ ဆယ်ရက်စာ ထမင်းချိုင့်ဖိုးလေးပဲပေးသွားပြီး ကျမရဲ့ ဝန်ထမ်းမိန်းကလေးတွေ နေတဲ့ ဖြစ်သလို အဆောင်လေးမှာ ထားခဲ့ပါတယ်။

ဧပြီလကုန်တော့ `အဖေများလာမှာလားမသိဘူး´ လို့ မျက်နှာလေး ရှံ့မဲ့မဲ့နဲ့ မေးလို့ သေချာစိစစ်ကြည့်မှ ကျမပေးတဲ့ ဆယ်ရက်စာ လုပ်ခအပြင် သုံးစရာမရှိရှာပါဘူး။
ဒါနဲ့ တလစာ ထမင်းချိုင့်ဖိုး နှစ်သောင်းနဲ့ အပိုသုံးဖို့ တသောင်း ပေါင်း ၃ သောင်းကို ခဏချေးပေးထားလိုက်ရပါတယ်။

တရက် သူ့အထက်က စာရေးမက ကားခမပေးလိုက်မိတော့ ကားခပေးစရာမရှိလို့ဆိုပြီး မရမ်းကုန်းမှာရှိတဲ့ အဆောင်ကနေ မနက် ၆နာရီထပြီး မြို့ထဲကို လမ်းလျှောက်လာပါတယ်။မနက် ရောက်ချိန်တန်လို့မရောက်တော့ အားလုံးက စိတ်တွေပူဘယ်ရှာရမှန်းမသိ၊မနက် ၁ဝနာရီမှ မြို့ထဲကို မိုးရေတွေရွှဲပြီး ရောက်လာပါတယ်။အဲတော့မှ အကျိုးအကြောင်းမေး၊ဆူလည်းဆူ၊ချော့လည်းချော့လုပ်ရပါသေးတယ်။ရန်ကုန်ကို ခုမှ ဒုတိယအကြိမ်ရောက်ဖူးတာ ၊ဒီတကြိမ်သွားလာနေတာလည်း ၁၅ရက်လောက်ပဲ ရှိသေးတာကို လမ်းလျှောက်ပြီးသွားရဲတာ အာဂသတ္တိပါပဲ။

ယမင်းလေးက ဉာဏ်ရည်လေး မဆိုးပါဘူး။သင်ရင်တတ်လွယ်ပါတယ်။အလုပ်ကိုလည်း ၈နာရီမထိုးခင် အမြဲကြိုရောက်နေကျဆိုတော့ ဝီရိယလည်းရှိပါတယ်။ရောက်ခါစမှာ ကျောင်းဖွင့်ရင် ကျောင်းစားရိတ်ရအောင် လုပ်အားပေးလာလုပ်နေတဲ့ ၅တန်း၆တန်းကလေးတွေနဲ့ ဆော့ဆော့နေပါတယ်။သူလည်း ကလေးသာသာလေးပဲကိုး။
ဒါနဲ့ သူ့ကိုခေါ်ပြီး `အလကားနေရင် အလကားလူဖြစ်မယ်´စတဲ့ ကျမရိုက်နေကျ လက်ချာတွေ ပြောပေးတော့ သူ့ကိုယ်သူပြုပြင်လာပါတယ်။ အလုပ်ထဲကလူတွေ ဖတ်ဖို့ ဝယ်ပေးထားတဲ့ ပြည်သူ့နီတိ၊ဗဟုသုတစာအုပ်တွေ၊အင်္ဂလိပ်စကားပြောသင်စာအုပ်တွေ၊ဂျာနယ်တွေ ဖတ်လာပါတယ်။

အလုပ်လည်း စနစ်တကျလုပ်တတ်ဖို့ ကြုံရင် ကြုံသလို သင်ရင်း လူ့တန်ဖိုးအစစ်ဟာ လက်ဝတ်ရတနာလား၊
အဝတ်အစားလား၊
အသုံးအဆောင်လား
၊နေတတ်ထိုင်တတ်မှုလား၊
ပညာအရည်အချင်းလား၊
ကိုယ်ကျင့်သိက္ခာလား၊
စိတ်နေစိတ်ထားလား စတာတွေကိုလည်း ဆန်းစစ်ဝေဖန်တတ်ဖို့ သင်ပေးပါတယ်။

လကုန်တော့ သူ့လခပေးရင်း `သမီးမိဘတွေကို လခထဲက လက်ဆောင်လေးသေးသေးလေးဖြစ်ဖြစ် ကန်တော့ဖို့ ချန်ထားပြီးသုံး´ လို့မှာတော့ `တသောင်းကန်တော့မယ်´တဲ့။ဒါဆို သူသုံးစရာမလောက်လောက်တော့ဘူးဆိုပြီး အရင်ကြွေးသုံးသောင်းဆပ်၊နောက်ထပ် နှစ်သောင်းချေးပေးထားရပါတယ်။

ဇွန်လ ရရက် စနေနေ့မှာတော့ ဆယ်တန်းအောင်စာရင်းတွေ ထွက်ပြီပေါ့။
အောင်သူတွေပျော်၊ဒီရသူတွေပိုပျော်၊မိဘတွေလည်းပျော်၊အပျော်တွေ ကျမတို့ကိုပါ ကူးစက်ပါတယ်။(ကိုယ်အောင်တုံးကတော့ မပျော်ခဲ့မိပါဘူး၊လောဘကြီးခဲ့လို့)
မနက် FB အဖွင့်မှာ

ဆရာခင်မောင်ညို(ဘောဂဗေဒ)ရဲ့ `မအောင်တဲ့ကလေးတွေကိုလည်း အားပေးကြပါ´

ဆိုတာလေး ဖတ်လိုက်ရပါတယ်။ဆရာပြောတာလည်း ဟုတ်တာပဲ၊မအောင်တဲ့ ကလေးတွေလည်း အများကြီးရှိနေမှာပေါ့။
တမနက်လုံး အလှူလုပ် အစည်းအဝေးတက်၊သူငယ်ချင်းအလှူသွားနဲ့ ဗျာများနေမိတော့ ယမင်းအောင်လားဟေ့ လို့ မေးဖို့တောင် သတိမရမိပါဘူး။
ညနေ ယမင်းရှိရာ အလုပ်ခွင်ကိုရောက်တော့ ကျမချေးပေးထားတဲ့ ငွေ နှစ်သောင်းလာပေးရင်း `ပြန်ရတော့မယ်´လို့ ငိုမဲ့မဲ့လာပြောပါတယ်။
`ဟယ်၊မအောင်ဘူးလား´လို့ မေးတော့မှ ချုံးမဲချငိုတော့တာပါပဲ။
ဆရာခင်မောင်ညို့စာကို သတိရရင်း သူ့ပခုံးလေးဖက်လို့ ချော့ရပါတယ်။

`ဒါ သမီးအရင်နှစ်က အောင်ဖို့ ထိုက်တန်အောင်မကြိုးစားခဲ့လို့ပဲ။
သမီး အလကားနေခဲ့လို့ တနှစ် အလကားလူဖြစ်သွားပြီ၊
မိဘတွေရဲ့ ပိုက်ဆံလည်း တနှစ်စာကုန်သွားပြီ။
ဒါကို သင်ခန်းစာယူပြီး နောက်နှစ်ကို သေချာစာဖတ်ကြိုးစား
၊ဉာဏ်လည်းကောင်းရဲ့နဲ့ ထိထိရောက်ရောက် မကြိုးစားခဲ့လို့ မအောင်တာ၊
အခု ခလုပ်တိုက်လိုက်တာပဲ၊သတိရှိတဲ့သူဟာ ခလုပ်တိုက်ပေမယ့် မြေပေါ်မှောက်ရက်မလဲခင် ဟန်ချက်ထိန်းလိုက်နိုင်ရင် ရှေ့ကိုတောင် တလှမ်းစာပိုရောက်နိုင်တယ်။
အဲသလိုပဲ သမီးလည်း အရင်နှစ်သင်ပြီးသားစာတွေကို ဒီနှစ်မှာ သေချာအာရုံစိုက် စိတ်နှစ်၊ဝီရိယထည့်ပြီး နှစ်စကနေကြိုးစားရင် ဂုဏ်ထူးတွေနဲ့ တောင်အောင်နိုင်တယ်။
ကဲအခု မိဘဆီပြန်၊ကျောင်းပြန်တက်
။နောက်နှစ် စာမေးပွဲပြီးရင် ပြန်လာ၊
အလုပ်ပြန်ခန့်ပေးမယ်၊
ကွန်ပျူတာသင်တန်းလည်းပို့ပေးမယ်´လို့ အားပေးရပါတယ်။

အဲဒီတော့မှ သူကလေးက

`သမီးတို့ ရွာမှာ လူတွေက ဒီလိုပဲ အလကား နေနေကြတာ၊ဆယ်တန်း မအောင်လည်း နေလိုက်တာပဲ၊ပြန်လည်း မတက်ကြတော့ဘူး။
စာတတ်တာလည်း အားမကျခဲ့မိဘူး။
အခု ရန်ကုန်ရောက်မှ အားလုံးက ဘွဲ့ရ ပညာတတ်ကြတယ်။
အလုပ်လုပ်ရင်း ပညာတွေ ဆက်သင်ကြတယ်။
ဝတ်တာလည်း ရွာမှာ ပိုက်ဆံရှိရင် ရွှေတွေ အတောင့်လိုက်ဆွဲသလိုဝတ်တာ။
အဝတ်အစားကျတော့ ဈေးကြီးတာဝတ်ပြီး ကြည့်ကောင်းအောင် မဝတ်တတ်ကြဘူး။
ရန်ကုန်ကလူတွေက တန်ဖိုးမကြီးပဲ သပ်သပ်ရပ်ရပ်ဝတ်လို့ သိပ်ကြည့်ကောင်းတာပဲ။
သမီးအရင်က ဗဟုသုတရစရာတွေ ဖတ်ရကောင်းမှန်းလည်း မသိခဲ့ဘူး´

လို့ ပြောရှာပါတယ်။

တကယ်တော့ ဒီကလေးဟာ Motivation ခေါ်တဲ့ တွန်းအားမရှိခဲ့ရှာလို့ပါ။

မိဘကလည်း လမ်းမညွှန်တတ်၊ပတ်ဝန်းကျင်မှာလည်း တော်တော်များများက ပညာကို တန်ဖိုးမထားတတ်ကြတာကြောင့် ပညာတတ်ချင်စိတ် နည်းခဲ့တာပါ။

စာမေးပွဲတော့ အောင်ချင်ကြတာချည်းပါပဲ။

အောင်ဖို့အတွက်
ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရပါမယ်။
မယုတ်မလွန်တဲ့ လုံလဇွဲလည်း စိုက်ရပါမယ်။
နတ်စီတဲ့ အိပ်မက်လှလှများဟာ လွယ်လွယ်နဲ့မရဘူး

ဆိုတာ ကလေးတွေ သိစေချင်ပါတယ်။
(ခရက်ဒစ်-စိုင်းထီးဆိုင်သီချင်း)

ဒီနေ့တော့ ကျမကို နှုတ်ဆက် ကန်တော့ပြီး ယမင်းလေး ရွာကို ပြန်သွားပါပြီ။

သူ့အတွက် ကျမကို ကျမရဲ့ ဆရာမလက်ဆောင်ပေးလိုက်တဲ့ (သဒ္ဓမ္မတရားပြန့်ပွားရေးက Print ထုတ်ပြီး ဝေတဲ့) အကောင်းဆုံးလူသားဖြစ်ဖို့ စာစုလေးတွေ လက်ဆောင်ထပ်ပေးလိုက်ပါတယ်။

FBထဲမှာပါတဲ့ ကောင်းတဲ့စာလေးတွေ စုထားတာပါ။

-ဘဝမှာ သူများထက်ပိုပြီးရှေ့ကိုရောက်ချင်ရင် တစ်မိုင်ပိုသွားပါ၊
-နောက်မကျပါစေနဲ့
-ဖေဖေ့ကိုချစ်တယ်
-လွှတ်ချထားလိုက်ပါ
-နိုင်းနိုင်းစနေရဲ့ လူ့ဘဝ(၃)ခု/၉၀-၁ဝ နိယာမ/ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ။
-မြက်ရိတ်သမား
-ကိုယ့်ပုဆိန်ကိုယ်သွေးကြပါစို့
-ဆရာဖေမြင့်ရဲ့ ဘဝရဲ့ အကောင်းဆုံးအချိန်ကာလများ
-အကောင်းဆုံးလူသားဖြစ်ဖို့ အကြံပေးချက်
-တစ်နေ့တာ ကျန်းမာရေး စောင့်ရှောက်နည်း

ဆိုတာလေးတွေ ပါပါတယ်။

သူကလေးကတော့ အမြတ်တနိုး ယူသွားပါတယ်။
(မပြန်ခင် ကျမရှေ့တင် ထုတ်ထုတ်ဖတ်နေတာ တွေ့လို့ပါ)
`နောင်နှစ် စာမေးပွဲ ဖြေပြီးပြီးချင်း သမီးပြန်လာမယ်နော်´ လို့ ပြောသွားပါတယ်။
`ဂုဏ်ထူးတွေပါအောင် ဖြေခဲ့´ လို့လည်း ကျမကပြန်မှာလိုက်ပါတယ်။

ယမင်းလေး လိုပဲ ဦးတည်ရာ မဲ့ခဲ့လို့ ထိထိရောက်ရောက် မကြိုးစားမိခဲ့သူလေးတွေ တွေ့မိရင်လည်း အားပေးနှစ်သိမ့်ရင်း ခလုပ်တိုက်ရာက ရှေ့တလှမ်းပိုရောက်အောင်လှမ်းလိုက်ကြပါလို့ ကူပြီး တိုက်တွန်းပေးစေချင်ပါတယ်။
ကျမရဲ့ ယမင်းလေးနဲ့တကွ ခလုပ်တိုက်မိတဲ့ ကလေး အပေါင်း နောင်နှစ်မှာ ဂုဏ်ထူးတွေ အများကြီး နဲ့ အောင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

25 comments

  • အရီးခင်

    June 9, 2014 at 1:44 am

    သများ ပထမ ဟေ့။ :-)))

    ကောင်းလိုက်တဲ့ အားပေးစကားလေးပါ အစ်မဒုံ ရေ။
    ရွာထဲ စာဝင်ဖတ်နေတဲ့ သူတွေထဲ ၁ဝတန်း ကလေးတွေ ရှိလား။
    ရှိရင် သူတို့ အောင်ကြလား။
    သူတို့ ရည်မှန်းချက်တွေက ဘာလဲ။ သိချင်စမ်းရဲ့။
    ယမင်းလေး လို စမ်းတဝါးလျှောက်နေရတဲ့ ကလေးတွေ ကိုလဲ စကားပြောချင်တယ်။
    အစ်မပြောသလို သူတို့ ခလုတ်တိုက်လိုက်မိချိန် မလဲ စေနဲ့ နဲနဲ ပိုခုန်လိုက် လို့ အော်ပေးချင်တယ်။
    ဒီအတွက် ကျွန်မတို့ ဒီရွာထဲမှာ နေနေကြနော် အစ်မ။
    ကျွန်မတို့ အချိန်တွေ ကျွန်မတို့ မဖြုန်းပါဘူး နော်။
    ဟုတ်တယ်နော်။

  • padonmar

    June 9, 2014 at 2:11 am

    ွမလတ်ရေ
    Good Morning. Good Night .
    နှုတ်အဆက်ကောင်းလို့ သဂျီးက လာနီသွားအုံးမယ်။

  • ROssI

    June 9, 2014 at 4:06 am

    သာဓုပါ … အာတီဒုံ…

    ညွှန်းတဲ့စာတွေအတွက်လည်း ကျေးကျေးပါ…
    တချို့ တဝက်လည်း ဖတ်ဖူး နှစ်သက်ဖူးပါတယ်…
    (ဟိုဟာမ ကျပ်မပြည့်တဲ့ စက်ဒဒေးမပါ)

    ခင်တဲ့

    :mrgreen:

  • black chaw

    June 9, 2014 at 4:41 am

    အစ် မ ရေ
    က လေးတွေ ကို ဆုံးမရင်း
    ကျွန်တော်တို ့လို က လေးစိတ်မ ပျောက် သေးတဲ့
    ကြီးမိုက်ကြီးတွေကိုပါ (ကိုမိုက် ကို မရည် ရွယ်ပါ)
    ဆုံးမ သွားတယ်လို ့ ခံစားရပါတယ်။
    ညွှန်း စာ များ ကလည်း တန်ဘိုးရှိလှပါတယ်။
    ကျေးဇူး။

  • lu lu

    June 9, 2014 at 7:44 am

    အာတီဒုံ
    အရမ်းကောင်းတဲ့အားပေးစကားပါပဲ
    နောက်လာမယ့်က လေးတွေအတွက် အာတီဒုံရဲ ့ညွှန်းစာလေးက
    အားဆေးတစ်ခွက်ဖြစ်မှာပါ
    လုလု လည်းခနခန ခလုက် တိုက်တတ်တယ်
    ဒါ ကြောင့် အာတီဒုံ ရဲ ့အားပေးစကားတွေကို ယူသွားပါတယ် ကျေးဇူး ကဘာဆိုင် ရော
    :mrgreen:

  • snow smile

    June 9, 2014 at 8:26 am

    အ ရမ်း ကို တန် ဖိုး ရှိ လှ တဲ့ ပိုစ် လေး ပါ ဘဲ
    ဖြစ် စေ ချင် သူ နဲ့ ဖြစ် ချင် သူ
    နှစ် ဦး ရဲ့ ဆ န္ဒ တွေ မြင် လိုက် ရ တယ်

  • မမာ ရေ နယ် မှာ မှ မဟုတ် မြို့ပေါ်မှာ နေပြီး ရည်ရွယ်ချက်ပျောက်တဲ့ကလေး တွေအများကြီး။ ပြောရ တာ လဲ မောပါပြီ။ ဒီပညာရေး အကြောင်းပြောရင် နောက်ဆုံးဘွဲ့ရတော့ ရော ထမင်း စား ဘို့ အလုပ်ရ လား ဆို တဲ့ မေးခွန်း နဲ့ ပိတ်သွားပါတယ်။ ထမင်းစားဘို့ အလုပ်ရဘို့ ပညာသင်တာလား။ ဘဝ အသိပညာတိုးဘို့ ပညာသင်တာ လား ဆို တာက…………………..။နောက်တစ်ချက် ပညာသင်စာရိတ်ကြီးမြင့် တာရယ်။ တအိမ်လုံးလက်လှုပ်မှ ပါး စပ် လုှပ်နိုင်ကြ တဲ့ ဘဝတွေနဲ့ နေ့ စဉ် ဖြတ်သန်း ကြ ရ တော့ မြိုမငြိမ်းရဲ့သီချင်းထဲ့က(ကလေး လေးတွေ ပညာရရှိဘို့ကတော့ ) ဆို တဲ့အချက်က အလိုလို မှိန်ဖျော့ ပျောက်ကွယ်သွား ပ ါတယ်။ အခု လို ကလေး တွေရဲ့ ပညာရေးတွေ ပျောက် တော့ ကျနော် တို့ လူ မျုးိ ရဲ့ အနာဂါတ်ကလဲ အလိုလို ပျောက်ကွယ်နေပါတယ်။

  • kyeemite

    June 9, 2014 at 10:41 am

    ဗရာဗို ပါအာတီဒုံ
    ကျနော်လည်း ကိုယ့်ပါတ်ဝန်းကျင်လက်လှမ်းမှီသမျှ မအောင်သူရော၊ မဖြေရသေးသူတွေကိုပါ
    စိတ်ပါလက်ပါ Motivation လုပ်လေ့ရှိပါတယ်…အခု အရင်ထက်တောင်ပိုလုပ်ဖြစ်အုံးမှာပါ။။။
    -ကိုယ့်ပုဆိန်ကိုယ်သွေးကြပါစို့ ကိုလည်းတော်တော်သဘောကျပါဂျောင်းးးး

  • surmi

    June 9, 2014 at 11:06 am

    ဟုတ်ပါတယ်ဗျာ
    တွန်းအား မှ တကယ့်တွန်းအားပါဘဲ
    သူများလည်းကြုံသလိုတွန်းရင်း
    ကိုယ့်ကိုကိုယ်လည်း ပြန်တွန်းလိုက်ပါဦးမယ်
    တွန်းဖို့မေ့နေတာ 🙂
    ဒီနေ့အဖို့ ဒီတစ်ပုဒ်ဖတ်မိတာနဲ့တင်
    ရွာသားဖြစ်ရကျိုးနပ်ပါပြီအစ်မရေ
    .
    .
    .
    .
    .
    ကဲ တွန်းဆရာရေ့ ………… တွန်း းးးးး တွန်းးးးးးးးး

  • ခင် ခ

    June 9, 2014 at 11:36 am

    မြေနိမ့်ရာလှံစိုက်
    ရေနစ်သူဝါးကူထိုး
    ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ဆန်ကျင်ဘက်
    အပြုသဘောရေးထားတဲ့ ဒီပိုစ့်ပိုင်ရှင်ကို
    မန့်တဲ့သူက အစိမ်းသာပေးရမယ်ဆိုရင်
    ပေးလိုက်ချင်တယ်ဗျာ။

  • alinsett (gazette)

    June 9, 2014 at 1:15 pm

    ခေါင်းစဉ်လေးက စပြီး
    ပိုစ်တစ်ပုဒ်လုံးဟာ
    အကျိုးကျေးဇူးများတဲ့ အားပေးစကားတွေပါလားးး
    သိပ်လိုအပ်တဲ့ တွန်းအားတစ်ခုကို ပိုစ့်အဖြစ်မြင်တွေ့ရတာ
    ကျေနပ်လိုက်တာဗျာ

  • Paing Lay

    June 9, 2014 at 3:03 pm

    အန်တီ ပဒုမ္မာရဲ့ စာကိုဖတ်ရင်း 10တန်း 2နှစ်လောက်နေဖူးခဲ့တဲ့ အချိန်တွေကို ပြန်သတိရမိတယ်ဗျာ 😥

  • TNA

    June 9, 2014 at 4:40 pm

    ကျွန်မတို့လူကြီးတွေအတွက်လဲ အရမ်းကောင်းတဲ့ ဆုံးမစာလေးပါ။ မှတ်သား လိုက်နာပါ့မယ်

  • ကေဇီ

    June 10, 2014 at 1:37 pm

    နောက်တစ်ခု က အနော် လက်ခံထားတာ တစ်ခုရှိတယ်။
    မွေးကတည်းက ဘာမှ မပါသလို သေလည်း ဘာမှ မပါဘူး ဆိုတော့ ဘဝ အသက်ရှင်သမျှမှာ ရသလောက် အချိန်နဲ့ အတွေ့အကြုံက ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် အမြတ်ကြီးပဲ ဆိုပြီး ရတာကို လက်ခံထားတယ်။
    ကိုယ်က စပြီး ကြိုးစားရမယ် ဆိုရင်တော့ ကုသိုလ်/ပညာ/ဥစ္စာရမဲ့ ဟာကို ကြိုးစားပြီး ယူရတာပေါ့။

    အသက်ရှင်သရွေ့ မျှော်လင့်ချက်မကုန်ဖို့က အရေးအကြီးဆုံးပါပဲလေ။
    များသောအားဖြင့် မျှော်လင့်စရာမရှိဘူးလို့ ထင်တဲ့ အချိန်က အသက်ရှင်ချင်စိတ်ကုန်သွားတတ်ကြလို့ပါ။
    အမှန်တော့ မဟုတ်ပါဘူးးး
    လူဘဝသက်တမ်းတစ်လျှောက်လုံး ဘာမဆို မျှော်လင့်ခွင့် ကြိုးစားခွင့်ရှိပါတယ်။

    ပို့(စ) လေး အတွက် ကျေးဇူးပါ အာတီဒုံ
    :chit:

  • Shwe Ei

    June 10, 2014 at 4:37 pm

    တီဒုံရဲ့ ပို့စ်ဖတ်ပြီး အခုတလော အလုပ်မရှိလို့ အားငယ်နေတဲ့ စိတ်တောင်ပျောက်သွားတယ် 🙂

    ဆယ်တန်းမအောင်တဲ့ ခလေးတွေကို နောက်တစ်ကြိမ်ထပ်ကြိုးစားဖို့အားပေးတာကောင်းပေမဲ့ ဒီနှစ်ဆိုရင် ၃နှစ်ကျဘီဖစ်တဲ့ အိမ်က တူမကို ဘလို အားပေးရမယ်မှန်း စဉ်းစားလို့မရပါဝူး။

    အမေ အဒေါ်နဲ့ အဘိုးအဘွားတွေက ဂရုတစိုက် သင်ကြားဆုံးမခြင်းကိုခံရသော်ငြား ဆယ်တန်းအောင်ရင် ဘာဆက်လုပ်မယ်လို့ တခါမှ စိတ်မကူးဖူးတဲ့တစ်ယောက်ဖြစ်နေလေရဲ့။

    ကျန်းမာရေးမကောင်းတာလိုလို စာမသင်ချင်တာလိုလိုနဲ့ ရေပေါ်စီဘဝကို နှစ်ခြိုက်နေတာလားတောင်မသိ။

    သူ့အမေ နဲ့ အဒေါ်တွေကို အားနာလို့ သာနေနေတာ။ ကိုယ့်သဘောနဲ့ကိုသာဆို ခပ်နာနာလေးဖိပြောပီး ဆုံးမမိမယ်ထင်ပါရဲ့ 🙁

  • Ma Ma

    June 10, 2014 at 6:37 pm

    ဟိုးတုန်းက ၁ဝတန်းစာမေးပွဲ အောင်စာရင်းထွက်တဲ့အချိန်မှာ သတင်းစာမှာ ပါလာတဲ့ဆောင်းပါးတစ်ပုဒ်ကို ကြိုက်လွန်းလို့ တစ်သက်လုံးစွဲနေတာလေး ပြန်ပြီး ဖောက်သည်ချချင်တယ်။
    စာမေးပွဲအောင်စာရင်းထွက်လို့ အောင်မြင်သူတွေ မော်နိုင်ကြွားနိုင်ကြတဲ့အချိန်မှာ ရှုံးနိမ့်တဲ့ကလေးအတွက်…..
    ဒီနှစ်ကျတယ် နောက်တစ်နှစ်ပြန်ကြိုးစားလိုက်မယ် (ပိုစ့်ပိုင်ရှင်ပြောသလို ရှေ့တစ်လှမ်းတိုးနိုင်မယ်)ဆိုရင်
    အရှုံးထဲက အနိုင်ပြန်ရနိုင်တယ်။
    ဒီလိုမှမဟုတ်ပဲ ကျောင်းပြန်မတက်ချင်တာ (သို့) ပြန်မတက်နိုင်တာ ဆိုရင်လည်း ကိုယ်နဲ့သင့်တော်မယ့် အတတ်ပညာတစ်ခုခုကို သင်ယူပြီး အသက်မွေးဝမ်းကျောင်းလုပ်နိုင်တယ်။

    ၁ဝတန်းကျတာဟာ ဘဝတစ်ခုလုံးနဲ့ယှဉ်ရင် ကြီးမားတဲ့ မပြုပြင်နိုင်တဲ့ တစ်သက်လုံးအတွက် ရှုံးနိမ့်မှု မဟုတ်ဘူးလို့ အားပေးထားတာလေး သိပ်သဘောကျမိတယ်။ 🙂

  • padonmar

    June 11, 2014 at 12:40 am

    မန့်ကြတဲ့သူတွေ အားလုံးကျေးကျေးပါ။
    ပြန်မဆွေးနွေးအားဘူးဖြစ်နေတာ ခွေးရော ကြောင်ရော လွှတ်ပါ။
    ရွှေအိလေးရေ၊
    အဲဒီတူမလည်း အောင်ရင် ဘာလုပ်ချင်တယ်ဆိုတဲ့ မိုတီဗေးရှင်း ပျောက်နေလို့ မကြိုးစားတာပေါ့။
    အနည်းဆုံး အချစ်ကလေးက ဆယ်တန်းအောင်မှ အဖြေပေးမယ်ဆိုတာမျိုး ရှိရင် ကြိုးစားချင်စိတ်ဖြစ်လာမှာပါ။
    သူဘာလိုချင်လဲ သေချာ ဆန်းစစ်ကြည့်ပါအုံး။

    ကိုပေါက်ရေ
    ပညာတတ်မှ လူရာဝင်တဲ့ ခေတ်ကို ပြန်ရောက်ဖို့ မျှော်လင့်ပါတယ်။

  • Mr. MarGa

    June 11, 2014 at 10:38 am

    ဒေါ်လေးရေ
    ခလုတ်တိုက်ခဲ့ပြီး ရှေ့တစ်လှမ်း ပိုရောက်အောင် လုပ်မဟဲ့ လို့ အားပါးတရ ကြွေးကြော်ခဲ့ဖူးပြီး အဲဒီခလုတ်ကိုတောင် မနည်း ကျော်လာရတာမို့
    ရှက်ရှက်နဲ့ ဝင်ဖတ်သွားပါတယ် လို့

  • ရွှေတိုက်စိုး

    June 11, 2014 at 11:00 am

    အော် ကျေးဇူးပါ အာတီဒုံ ကျနော်တို. ကျရှုံးတုန်းက အာတီဒုံလို အားပေးမယ့်သူ မရှိခဲ့ဘူးဗျာ… တကယ်တန်ဖိုးရှိတဲ့ ပို.စ်ခေါင်းစဉ်လေးနဲ. ပါလားဗျာ…
    ဒီလိုအားပေးမှုလေးကို တွေ.ရတော့ ကျနော်တောင် စာမေးပွဲပြန်ဖြေချင်လာမိတယ်ဗျ…
    ဒီလို အားပေးကူရာမဲ့နေသူတွေ အများကြီးရှိနေကြတယ်ဗျာ…. ယမင်းဆိုတဲ့ ကောင်မလေးအစား ကျနော်ကလဲ ကျေးဇူးတင်မိပါတယ် အာတီဒုံ…

    အာတီဒုံ ပြောတဲ့ စာအုပ်လေးတွေလဲမှတ်သွားပါတယ်.. ကျနော့် သမီးလေး ဖတ်ဖို.ပါ…. အရွယ်ရောက်ရင် ဖတ်ဖို. အခု စာအုပ်တွေစုနေပါတယ်….

    • Mလုလင်

      June 11, 2014 at 12:00 pm

      စိတ်အေးအေး ထားပါ အာကို . . . . .။

  • padonmar

    June 17, 2017 at 9:15 pm

    ဆယ်တန်းအောင်စာရင်းထွက်တော့ ဒီစာပြန် Share ရင်း ရွာကြော်ငြာဝင်လိုက်တယ်။
    အသစ်လည်း မရေးနိုင်တော့ဘူး။

    • sorrow

      June 17, 2017 at 9:32 pm

      ဒီမယ်တီလေး… အခုလိုအမှီအခိုကောင်းအပြင် … တွန်းအားကောင်းတွေပေးတတ်တဲ့အပြင် …အသက်အရွယ်အရရော ..အတွေ့အကြုံအရရော … ဉာဏ်ပညာအရရော ….ရှေ့ရောက်နေတဲ့သူမျိုးတွေမှ မရေးရင် ..ဘယ်သူရေးမတုန်းဗျ….

      ဆိုတော့ကာ…ဆောရိုးလေးပျက်စီးခဲ့ရင် ..တီလေးတာဝန်တစိတ်တပိုင်းပါကြောင်း ..သတိချပ်ပါ…

      ပုံ…အလွန်ချောသော ကချင်နုထွားကြီး

      • padonmar

        June 17, 2017 at 9:55 pm

        ဆောရိုး တယောက် ဘယ်တုံးက ကြယ်လေးပွင့် ဖြစ်သွားပါလိမ့်။
        အလွန်ချောလို့ ထင်ပါရဲ့။

  • ဦးကျောက်ခဲ

    June 17, 2017 at 9:39 pm

    စိုင်းထီးဆိုင်ရဲ့ သီချင်းထဲက စာသားပါ…
    “တစ်ခါလဲယုံနဲ့ အပြီးထိုင်လိုက်တော့မှာလား …”
    ဘယ်သီချင်းလဲဆိုတာတော့ သိကြပါလိမ့်မယ် …
    ဘဝမှာ ခဏဏလဲကျလည်း ပြန်ထမှ ပန်းတိုင်ရောက်မှာပါ…
    ခွန်အားဖြည့်ပို့စ်အတွက် ဗရာဗိုပါ အန်တီဒုံ…

  • padonmar

    June 20, 2017 at 8:13 pm

    သူကြီးရေ
    ရာသီစာမို့ Sticky လုပ်ချင် ဒီတပုဒ်ကို Sticky လုပ်ရမှာ။
    တပြည်လုံး အောင်ချက်က 33% ဆိုတော့ ခလုပ်တိုက်သူက 67% တောင် ရှိတာ။

Leave a Reply