ဂျူ း … ထံသို့… အိတ်မဲ့ …ပေးစာ..

alinsettJune 15, 20142min72828

ပြီးခဲ့တဲ့… လေးငါးရက်လုံးလုံး .   .  .
အားတဲ့အချိန်လေးတွေမှာ. . .
ဂျူ းရဲ့ ဆုံနေရက်နဲ့ လွမ်းလေခြင်းကို ဖတ်ဖြစ်ခဲ့ပါတယ် ။

အဲဒီ ဝတ္ထုကို ထွက်ကတည်းက ဖတ်ချင်နေခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် အခုမှ ဖတ်ဖြစ်တာပါ။
ဒါတောင်မှ စာအုပ်အဖြစ် စက္ကူအထပ်လိုက်ကို လက်ကကိုင် ဖတ်ရတာ မဟုတ်ပါဘူး ။

ဖုန်းကလေးရဲ့ မြင်ကွင်းထဲကနေ ebook အဖြစ် ဖတ်လိုက်ရတာပါ။

အဲဒီစာအုပ်ကို ဖတ်နေတုန်းမှာရော . . . ဖတ်ပြီးချိန်မှာပါ.  .တစ်ခုခုပြောချင်လာတာ… လျှာယားလာပါတယ် ။
လျှာ ယားရင် လက်ကပါ ယားလာတတ်တဲ့ ကိုယ့်ထုံးစံအရ . . .
ပြောချင်တာလေးတွေ ချရေးလိုက်ပါတယ် ။

သာမန်စာဖတ်သူတစ်ယောက်အနေနဲ့ ပြောကြည့်တယ်လို့ပဲ သဘောထားပေးပါခင်ဗျ ။

————–

 

...

အားလုံးလည်း ဖတ်ပြီးလောက်ရောပေါ့ ။
ဒီတော့ ဇာတ်လမ်းကို သေချာပြန် ပြောပြမနေတော့ပါဘူး ။

ဒီဝတ္ထုမှာ ဇာတ်ကွက် ဇာတ်အိမ်က ဆရာမဂျူးရဲ့ အရင်ကရေးခဲ့တဲ့ စာအုပ်တွေလိုလည်း

ပြောရလောက်အောင် မကျယ်ဝန်းပါဘူး ။

ပင်လယ်နဲ့တူသောမိန်းမများ/
ကြေမွသွားသောတိမ်တိုက်များအကြောင်း/ ကျွန်မ၏သစ်ပင် /
မြစ်တို့၏မာယာ/ မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက် /
သူ မင်းကိုဘယ်တော့မှ /  စောင့်နေမယ်လ်ု့မပြောလိုက်ဘူး/
ကြယ်စင်တံတားကမ်းပါးနှင်းမြူ . . . . . စတဲ့ ဝတ္ထုတွေတုန်းကလို
ကျယ်ကျယ်ပြန့်ပြန့်ပြောစရာမရှိတဲ့ ဇာတ်အိမ်ကျဉ်းကျဉ်းပါ ။

ပြောရမယ်ဆိုရင်. . .
ဝတ္ထု အစကနေ  အဆုံးအထိဟာ အချိန်ကာလအားဖြင့်

ရက်ပိုင်းအတွင်းမှာသာ ဖြစ်ပျက်လိုက်တဲ့ ဇာတ်ကွက်တစ်ခု / အဖြစ်အပျက်လေးတစ်ခုပါပဲ။

ဝတ္ထုတိုလို့တောင် ဆိုလိုက်ချင်ရဲ့။

ဒါပေမယ့် မဆိုကောင်းဘူးဗျ။
စာမျက်နှာက
၄၀ဝ ကျော်နေတာကိုး ။
ဘာလို့များ လေးရာကျော်ပါလိမ့်။

ဝတ္ထုအစမှာ  အင်ကြင်းဝေဆိုတဲ့ ဇာတ်ကောင်အမျိုးသမီးဟာ …

”Give me a child until he is seven ” ဆိုတဲ့ စာတမ်းကို မြန်မာနိုင်ငံဆိုင်ရာ ကျင်းပမယ့် စာတမ်းဖတ်ပွဲမှာ

ဖတ်ပြဖို့  ပြင်သစ်နိုင်ငံကိုသွားတယ်။

ရောက်တယ် ။
အဲဒီနိုင်ငံမှာ မထင်မှတ်ပါပဲ. . .လေးနှစ်လောက်
မတွေ ့ရတော့ပဲ  ခြေရာဖျောက်သွားတဲ့
သူမ. . .ချစ်သော ”မောင်”ဆိုတဲ့ ဇာတ်ကောင်အမျိုးသား မောင်သက်ဝေကို ဆုံလိုက်ရတယ် ။
ဝတ္ထု အဆုံးမှာ. . .
အင်ကြင်းဝေဟာ . . .ပြင်သစ်နိုင်ငံကနေ
( စာတမ်းဖတ်ပြီးလို့ )  ပြန်လာတယ် ။
မောင်သက်ဝေနဲ့ ဝေးပြီပေါ့။
ဒါပါပဲ ။ ဝတ္ထုရဲ့ ကာလက ဒါပါပဲ။
(အဲဒီကာလလေးကြောင့်  ဝတ္ထုတို လို့ သတ်မှတ်လိုက်ချင်တာပါ။)

 

အဲဒီကြားထဲမှာ ဒီဝတ္ထုကြီး စာမျက်နှာလေးရာကျော်အထိ ရှည်လျားထွေပြား ထူထူထောထောကြီးဖြစ်သွားစေတာကတော့. . .
အင်ကြင်းဝေရဲ့ အတိတ် အကြောင်း ပြန်တွေးသော  အတွေးစများကြောင့်ပါပဲ. . .
သက်ဝေကို သတိရ တမ်းတစိတ်နဲ့ .. . .
သူတို့ ငယ်ဘဝ အဖြစ်အပျက်တွေကို မြင်ယောင်ပြသွားတာ. . .တသီတတန်းကြီးပါ ။

အဲဒီမှာ. . .
ဒီဝတ္ထုရဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အထောက်အကူမဖြစ်တဲ့
( အပိုစာသားတွေ . . .) သိပ်မဆိုင်ပါဘူးလို့ ခံစားရတဲ့ အဖြစ်အပျက်တချို့ကို ထည့်ရေးပြထားတာ. . .
တွေ ့ရတယ်။

နေမင်းဦးဆိုတဲ့ ကောင်လေးတို့ သားအဖသုံးယောက်. . .ရေငုတ်ရင်း ရေနစ်တဲ့ ကိစ္စဟာ ထည့်မရေးလည်း ရတယ် ။
ထည့်မရေးလည်း
ရပါလျက်နဲ့ . . . . .
စာမျက်နှာ 286 ကနေ 299အထိ . . .
တရှည်တလျား ထည့်ရေးပြထားတယ် ။
အဲဒီ အဖြစ်အပျက်ဟာ ဒီဝတ္ထုကို အထောက်အကူပြုခြင်း မပြုခြင်းမရှိသော ” ပြင်ပ” / ဘာမှ မထူးခြားတဲ့ဇာတ်ကွက်ပါ။

ဒါပေမယ့် . . .
ဂျူ းသဘောပါ။

သူထည့်ရေးထားတော့လည်း ဖတ်လိုက်ရတာပေါ့လေ ။

နောက်ထပ်လည်းရှိသေးတယ်။ တင့်တင့်ဆိုတဲ့ကောင်မလေးနဲ့ သူ ့သူငယ်ချင်းမိုးမခတို့ . . .စက်ဘီးနဲ့ ကားကြီး. . .တိုက်မိ/ တင့်တင့်သေ / မိုးမခက သူ့ကြောင့်တင့်တင့်သေရတာ
ဆိုပြီး စိတ္တဇဖြစ် /
ကြေကွဲ စိတ်မခိုင်ဖြစ်ရတဲ့ အကြောင်းအရာ အဖြစ်အပျက်ပါ။
အဲဒီဇာတ်ကွက်လည်း . . .ဒီဝတ္ထုမှာ မပါလိုက်လို့ . . .
ဘာမှ မဖြစ်တဲ့ (အပိုစာသား) မထူးဇာတ်ကွက်ပါ။
ဘာလို့များ. . .
စာမျက်နှာ 203 ကနေ . . .211 ထိ ထည့်ရေးထားတာလဲ ဆရာမရယ် ။

ရေးထားတော့လည်း ဖတ်ရတာပေါ့ဗျာ ။ အကြောင်းအရာ အဖြစ်အပျက်တစ်ကွက်ချင်းစီကို

အသေးစိတ် သိုင်းဝိုင်းပြီး ချဲ့ကားရေးတတ်တဲ့ . . ဆရာမဂျူးရဲ့…တဝကြီးဖတ်ရမယ့် စာအုပ်ထူထူပါ ။

——

ပြီးတော့ ဇာတ်ကောင်စရိုက်တည်ဆောက်မှု မှာ . . . .

.
.

ပညာတတ်ဖြစ်မယ်တောင် မထင်ရလောက်အောင် အရှေ့ပိုင်းမှာ နှိမ့်ပြလာတဲ့. . .
မောင်သက်ဝေရဲ့ စရိုက် သဘာဝ/                ပညာတတ် မဖြစ်ချင်တဲ့မောင်သက်ဝေ. . .
ဘုန်းကြီးကျောင်းမှာကပ်နေပြီး အခြေအမြစ်သိပ်မရှိဘူးလို့ ပြထားတဲ့ မောင်သက်ဝေ. . .
သာမန် ရွာသားအလုပ်သမားလေး
မောင်သက်ဝေကနေ. . .ဗြုန်းခနဲ. . .
ပြစ်သစ်နိုင်ငံမှာ အခြေချပြီး စီးပွါးရှာနေနိုင်တဲ့. . . ”နာမည်ကြီး ရနံ့ကုထုံးပညာရှင်ကြီး”
(Aromatherapist)တစ်ယောက်ဖြစ်သွားတာ. . .

 

အင်ကြင်းဝေကို အဆက်အသွယ်ဖြတ်လိုက်တဲ့ လေးနှစ်လောက်အတွင်းမှာ အဲဒီလောက် လင်းလက်တောက်ပနေတဲ့ ဘဝအနေအထားကြီးနဲ့ ပွဲထုတ်ပြလိုက်တာတော့. . .
အင်းးး
နည်းနည်းများ အရှိန်လွန်သွားသလားလို့ပါ ဆရာမရယ်. . .

သာမန်ဇာတ်ကောင်ကနေ ချက်ချင်းရွှေအတောင်ပံတွေနဲ့ပျံသန်းပြထည့်လိုက်တာတော့ လွန်တာပေါ့ ။

”နာမည်ကြီး ရနံ့ကုထုံးပညာရှင်ကြီး ”ဆိုတဲ့  အနေအထားကို ဗြုန်းခနဲ မြင်လိုက်ရတာ အံ့ဩစရာကြီးပါ။
အထူးသဖြင့် မောင်သက်ဝေလို
(အစပိုင်းမှာတော့. . .ဘာမှမဟုတ်တော့ဘူးလိုလိုနဲ့ နှိမ့်ချဖွဲ့ပြလာတဲ့) သာမန်ယောကျာ်းတစ်ယောက်ကနေ . . .
အဲဒီလို မိုးပေါ်ရောက်နေတဲ့ အနေအထားကြီးနဲ့ ထုတ်ပြလိုက်တာတော့ ဘဝင်မကျစရာပေါ့။
ဒါပေမယ့်  ဝတ္ထုဆိုတော့လည်း ရှိပါစေတော့. . .
ရေးတဲ့အတိုင်းပဲ ဖတ်ကြပေါ့. . .
မြင်တဲ့အတိုင်းပဲ ရှိပါစေတော့. . .

——————-

တစ်ခုပြောရဦးမယ် ။
မောင်သက်ဝေက အင်ကြင်းဝေကို လက်ထပ်ခွင့်တောင်းတာ . . .
အင်ကြင်းဝေက ငြင်းလိုက်တယ်။
ငြင်းလိုက်ရတဲ့ အကြောင်းပြချက်ကတော့ သိပ်မခိုင်လုံ
( မလုံလောက်)ဘူးနော်. . .

အင်ကြင်းဝေထက် အသက်က ထက်ဝက်လောက်
ငယ်နေတဲ့ယောကျာ်းမို့လို့တဲ့. . .

မောင်နှမလိုသံယောဇဉ်နဲ့ ဖြူစင်တဲ့မေတ္တာပဲထားနိုင်တယ်ဆိုတဲ့သဘောကို အခြေအမြစ်ရှိရှိ ပြလိုက်ရင်လည်း
ဟုတ်ဦးမှာပေါ့။
အခုတော့ . . .သေချာဖတ်ကြည့်တော့လည်း
အင်ကြင်းဝေဟာ မောင်သက်ဝေကို . . .ရင်ခုန်မြတ်နိုးစွာ ချစ်မက်တွယ်တာနေတယ်လို့ ဆိုရမယ့် အဖွဲ့အနွဲ ့တွေ ရေးထားတယ်ဗျ. . .။
သေချာပါတယ် ။ အင်ကြင်းဝေဟာ မောင်သက်ဝေကို မောင်လေးလိုချစ်တာ မဟုတ်ဘူး။
မောင်သက်ဝေရဲ့ ချောမောလှတဲ့ရုပ်ရည်နဲ့
အတွေ ့အထိကို  သာယာတပ်မက်ဖူးတဲ့ ဇာတ်ကွက်တွေရှိနေတယ်။

 

l 2

 

.
.

 

 

.
.

အခုတော့. . . .အသက်ထက်ဝက်ငယ်တဲ့ ယောကျာ်းငယ်လေးမို့ လက်မထပ်နိုင်ဘူးးးးတဲ့။
ချစ်လျက်နဲ့ စွန့်လွှတ်တယ်ပေါ့လေ။
သူချစ် ကိုယ်ချစ် ထပ်တူဖြစ်နေပါလျက်နဲ့. . .နော့။
အံ့ဩစရာကြီး ။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာမှာ. . .
အင်ကြင်းဝေဟာ နှစ်ခုထဲက တစ်ခုမှ မရွေးဘူး ။

တွေဝေမိုက်မဲစွာနဲ့ မပြတ်သားတဲ့ဆုံးဖြတ်ချက်ကို
ချပြီး . . .
မခိုင်လုံတဲ့အကြောင်းပြချက်ကိုပြ. . . .
လမ်းလွဲထဲ လျှောက်ဝင်သွားတာလို့ မြင်မိတယ် ။

သူချစ်နဲ့ကိုယ်ချစ် ထပ်တူကျနေပြီဆိုမှတော့ကွယ် ဖြစ်သင့်တာဟာ နှစ်ကိုယ်တူဖြစ်ချင်တဲ့အရာပဲ ဖြစ်ရမှာပေါ့ ။
အခုတော့ . . .
”ဆုံသင့်လျက်နဲ့. . .လွှဲရက်လိုက်လေခြင်း”ပါလား ဆရာမဂျူးရယ်. . . .

ဇွတ် ကြီး ” မညားနဲ့ ” လို့ လုပ်ချလိုက်သလို ဖြစ်သွားသလားလို့ ။

အဲအဲ. . . စာရေးဆရာရဲ့အလုပ်ကို
ဝင် စွက်ဖက်လို့ မရပါဘူး။
ဒီတော့  မညားတော့လည်း မညားပေဘူးပေါ့ဗျာ ။

ရေးတဲ့အတိုင်း ဖတ်ရမှာကိုးးး ။

ဇာတ်သိမ်းမှာ. . .
ဇာတ်ကောင်အမျိုးသမီး  အင်ကြင်းဝေရဲ့ မရေမရာအတွေးစလေးနဲ့အဆုံးသတ်လိုက်လေတော့. . .
” ဟုတ်တယ်. . .အင်ကြင်းဝေ …ခင်ဗျားကမှ သူ့ ့ ကောင်းကင်ရဲ့လေတံခွန်လေး တစ်စင်းပဲ ” လို့ .  . .
ကျွန်တော်မှတ်ချက်ပြုမိပါတယ်။

 

.
.

 

.
.

 

——————–

ဝတ္ထုကို ဖတ်အပြီးမှာ ခေါင်းခါမိတယ်။

စိတ်ပျက်လက်ပျက်လည်း ပြုံးမိတယ် ။
ဟိုတုန်းက ဂျူ းရေးသော ဝတ္ထုတွေကိုလည်း  ပြန် လွမ်းမိတယ် ။
ဒါပေမယ့်ပေါ့လေ. . . .
ဟိုတုန်းကဂျူ းရေးတာတွေ ပြန်တမ်းတပြီး …

အခုဂျူ းဝတ္ထုကြီးကို စိတ်တိုင်းမကျ အပြစ်တင်နေဖို့ရာကလည်း …. မဟုတ်သေးပါဘူးကွယ်. . .

ဒီတော့. . .
မနေနိုင်မထိုင်နိုင်. . .ရှာဖွေဖတ်ရှု ခံစားလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်နည်းနည်းတင်လိုက်တော့မယ် ။

ကဲ. . .ကွာ. . .

:mrgreen:

———————

လေးစားစွာဖြင့်. . .

အလင်းဆက် ( Gazette )

14 / 6 / 2014 / 23 : 11

( မင်္ဂလာဒုံ )

 

ပုံကြွင်း

ကာရန် မဟုတ်ဘူးလား ဆရာမရယ်..
ပုံကြွင်း // ကာရန် မဟုတ်ဘူးလား ဆရာမရယ်..

 

 

28 comments

  • အရီးခင်

    June 15, 2014 at 11:08 pm

    ဘရာဗိုပါ ဆက်ဆက် ရေ။ :-)))

    မှန်ပါတယ်။
    ဒီ ဝတ္တု က အရင် ဂျူး ရဲ့ ဇာတ်လမ်း တွေ နဲ့ ယှဉ်လိုက်ရင် ဘယ်လိုမှမမှီပါဘူး။
    ဒါကြောင့် သူပြောလိုရင်းထင်ရတဲ့ “”Give me a child until he is seven ” ဆိုတာကို ငြင်းထားတာ နဲ့ ဘဲ ကျေနပ်လိုက်ပါတယ်။

    နောက်ပြီး ဆက်ဆက် ဝေဖန်သလို “မောင်နှမလိုသံယောဇဉ်နဲ့ ဖြူစင်တဲ့မေတ္တာ” ကို ဘယ်လိုမှ မမြင်ရပါ။ မပြနိုင်ခဲ့ပါဘူး။
    အဲဒါက ဇာတ်လမ်း ကို ဖျက်လိုက်တာဘဲ။
    အမှတ်မမှားရင် အင်ကြင်းဝေ နဲ့ မောင်သက်ဝေ က အသက် အားဖြင့် ရနှစ် ကွာတာလို့ ထင်ပါရဲ့။
    ဆက်ဆက် ပြောတဲ့ အသက်ထက်ဝက် ဆိုတာ မောင်သက်ဝေ ရနှစ် နဲ့ အင်ကြင်းဝေ ၁၄ နှစ်မှာဘဲ ဆိုလို့ ရမယ်။
    အင်ကြင်းဝေ ၃ဝ လောက်မှာတော့ မောင်သက်ဝေ ၂၃ပေါ့။ ၁၅နှစ် တော့ မဟုတ်။ :-))
    လက်ထပ်ချင်ရင် သိပ်ပြီး အရုပ်ဆိုးအောင်တော့ မကွာလောက်ဘူး။ တမင်ပေါင်းမပေးဘဲ ခွဲလိုက်တာပါ။
    ဆက်ဆက် ပြောသလို “ဇွတ် ကြီး ” မညားနဲ့ ” လို့ လုပ်ချလိုက်တာပါ”
    အမှန်က မောင်သက်ဝေ ကို နောက်ကောင်မလေး တစ်ယောက် နဲ့ သူ့ရှေ့ကို တွဲလာစေချင်လိုက်တာ။
    ဆရာမ က သူ့မင်းသမီး ကို ဒီလောက် မရက်စက်လိုက်ဘူး။
    ဒါပေမဲ့ အဲလို ပျော့ညံ့ညံ့ ပုံစံ သွင်းပေးလိုက်တာက မှ ပိုပြီး ရက်စက် တာလို့ ပြောချင်ရဲ့။

    မဖြစ်နိုင်တာတွေထဲမှာ
    ကိုယ့် အီးမေး password ကို သူများ ကို အသိပေးထားတာ။
    အဲဒီ အီးမေး ကိုဘဲ အလုပ်ကိစ္စတွေမှာ သုံးတာ။ လေးနှစ်ကျော် မှာ password ကို မပြောင်းတာ။
    သိပ်ပြီး လက်တွေ့မကျပါဘူး။
    နောက်ပြီး ကြိုးစ တွေ အများကြီး ချထားပြီး ပြန်မသုံးတာတွေ လဲ အများကြီးပါ။

    အရီး မပြောဖြစ်ခဲ့တဲ့ အားမရတာတွေ ကို တခုတ်တရ ဖတ်ပြီး ဆက်ပေးလိုက်လို့ ကျေးဇူးကြီးပါ။
    အရီး ပြောတာ ကိုဖတ်လိုက် မိလို့ ကုန် လိုက် တဲ့ အချိန်တွေ အတွက် Sorry ပါ ဆက်ဆက် ရေ။
    ဒီလို ဝေဖန်နိုင်တော့ ပေးလိုက်ရတဲ့ အချိန်တွေ အလကားတော့မဟုတ်ပါဘူး။
    တန်လောက်ပါတယ်။ မဟုတ်လား။ :-))

    အရီး ကတော့ အင်ကြင်းဝေ ကို ကြည့်ပြီး မရှိမဖြစ်မိုး ထဲ က ခင်မိုးမြင့် ကို အတော်လေး လွမ်းပါတယ်။

    ဂျူး ရဲ့ နောက် စာအုပ်မှာတော့ ဒီလို အားနည်းချက် တွေ ကို သတိထား မိ ကောင်းပါရဲ့။
    နောက်တစ်အုပ် ကို ဆက်မျှော်ကြဦးစို့။ :-)))))

    • alinsett (gazette)

      June 16, 2014 at 6:55 am

      ဒီဝတ္ထုလိုပဲ ပြောစရာဆိုစရာ အားနည်းလစ်ဟာချက်တွေနဲ့
      တစ်အုပ်ရှိသေးတယ်ဗျ
      ကြယ်ကြွေတို့ရဲ့အတောင်ပံ ဆိုတာလေ။
      ———
      ပြီးခဲ့တဲ့ ဝတ္ထုတွေ ထားလိုက်တော့
      နောက်လာမှာတွေကို ကောင်းရဲ့နိုးနိုး မျှော်တာလည်း မျှော်မိပေမယ့်
      အရင် ဂျူးဝတ္ထုတွေကို ပြန်လွမ်းမိတာတော့အမှန်ပဲ အရီးရေ
      အရင်က ဖန်တီးမှုနဲ့ ယှဉ်လိုက်ရင်
      အခု ဂျူးရဲ့ဖန်တီးမှုတွေက ဆားမပါတော့တဲ့ဟက်းလိုပဲ
      ဒါမှမဟုတ် ဆားများသွားတဲ့ဟင်းလိုပဲ
      ပေါ့ရွှတ်ရွှတ် ဖြစ်လိုဖြစ်
      ငန်ကျိကျိ ဖြစ်လိုဖြစ်နဲ့ . . .
      :mrgreen:

      အရီးရေ
      ပထမဆုံးcomment နဲ့အတူ အားရပါးရ ထပ်ဆင့်ဝေဖန်ဆွေးနွေးပေးသွားတဲ့အတွက် ဇူးဇူးပါ ။

  • မင်း ခန့် ကျော်

    June 15, 2014 at 11:42 pm

    ဆရာမဂျူးရဲ့ပရိတ်သတ်တွေကိုရော
    ဆရာမဂျူးကိုရော အားနာမိပါရဲ့။

    ဇာတ်ကောင်တွေရဲ့ အတွေးနဲ့စရိုက်တွေကိုဖော်ကျူးး
    ပုံက အိုဗာဖြစ်လွန်းတယ်ထင်လို့ မဖတ်တတ်ဘူးခဗျ။
    မခံစားတတ်ဘူးပေါ့နော့်။

    ရုပ်ရှင်ကြည့်မယ်ဆိုရင်တော့ မဖြစ်နိုင်လေ
    အိုဗာဖြစ်လေ
    စိတ်ကူးယဉ်ဆန်လေ
    အဲ့လိုကားမျိုးတော့ ၁၂ ခါလောက်ကိုး
    ပြန်ကြည့်ဖြစ်တယ်ခဗျ။

    မြန်မာဝတ္ထုမို့လားမသိ :mrgreen:

    (အိတ်မပါ မန့်စာ :mrgreen: )

    • alinsett (gazette)

      June 16, 2014 at 7:00 am

      ဟုတ်ကဲ့။
      ကျနော်ကတော့ ဂျူးရဲ့စာအုပ်တွေကို ထွက်တာနဲ့ ဖတ်ချင်နေမိသူ
      သူ ့စာအုပ်ကို ဘာလို့ မလွတ်တမ်းဖတ်ချင်နေသလဲဆိုတော့
      သူ ့အတွေးအခေါ်ကို ကြိုက်နှစ်သက်လို့တော့ မဟုတ်ဘူး။
      သူ ရေးတဲ့ စကားပြေရေးဟန်နဲ့ ဝတ္ထုတင်ပြပုံ မရိုးမဆန်းလေးတွေကို
      စိတ်ဝင်စားမိလို့. . .

      တခါတခါတော့လည်း ကိုမင်းခန့် တွေးမိသလို
      အိုဗာဖြစ်နေတယ်လို့ တွေးမိပါတယ်။

      :mrgreen:

  • ဗုံဗုံ

    June 16, 2014 at 9:26 am

    သုံးသပ်ပြတာ တော်လိုက်တာ…
    ငါတော့ အသက်ကြီးလာလို့လားမသိဘူး
    ဝတ္ထုတွေ သိပ်မဖတ်ချင်တော့ဘူး…..
    တွတ်ပီတို့…. စိန်မျောက်မျောက်တို့လောက်ဘဲ
    ဖတ်ချင်တော့တာ.. . :mrgreen:

    • alinsett (gazette)

      June 16, 2014 at 10:04 am

      စာဂျီးပေဂျီးပဲ ဖတ်တော့တယ်ပေါ့နော် မိဗုံ

      :mrgreen:

  • kyeemite

    June 16, 2014 at 9:51 am

    ဝတ္ထုမဖတ်ဖူးသေးပေမဲ့ အရီးမုတ်ဆိတ်နဲ့ အလင်းဆက်တို့ ပို့စ်နှစ်ခုနဲ့တင် ဇတ်ရည်လည်ပါပြီ….
    ကျေးဇူး တင်ပါ၏

    • alinsett (gazette)

      June 16, 2014 at 10:06 am

      ဖတ်ရှု အားပေးတဲ့အတွက် ဇူးဇူးပါ ဦးဦး

      😆

  • surmi

    June 16, 2014 at 10:26 am

    မဖတ်ဖြစ်တာ ကာလကြာပြီဆိုတော့ဘ
    ဘာဘာ ဘာမှ မသိတော့ပါဘူူးလေ
    အခုဖတ်ကြည့်တော့လည်း မူရင်းကိုမဖတ်ထားတော့
    အူလည်လည် ဖြစ်နေတယ် 🙂
    ကျုပ်ကိုက နုံ တာပါလေ 🙁

    • alinsett (gazette)

      June 16, 2014 at 11:38 am

      ကျနော်တောင် သဂွျဲလေးရဲ့ အကူအညီနဲ့
      ဒေါင်းလော့ဆွဲ ဖတ်လိုက်တာ

      :mrgreen:

  • အရီးခင်

    June 16, 2014 at 12:44 pm

    ရုပ်ရည်၊ အထိအတွေ့၊ ပညာ၊ အသိုင်းအဝိုင်း၊ ဓနဥစ္စာ တို့၌ တည်မှီ၍ ဖြစ်လာသော အရာ ကို
    “အချစ်ဟု သတ်မှတ် ခေါ်တွင်ခြင်း မရှိစေရ” ။
    (ခရက်ဒစ်တူ – (ဦး)မင်းလူ )
    :-))))

    • alinsett (gazette)

      June 16, 2014 at 6:10 pm

      ဦးဉာဏ်ပေါ်ကိုတောင် ပြန်လွမ်းသွားပြီ အရီးရယ်. . .

  • ဇီဇီ

    June 16, 2014 at 12:45 pm

    ဘယ် စာအုပ် ဘယ်လောက် ကောင်းကောင်းးးး
    အမှတ်တရ သာ ရင်ထဲ အရောက်ဆုံး…….
    :mrgreen:

    • alinsett (gazette)

      June 16, 2014 at 4:13 pm

      အမှတ်တရ ကတော့. . .
      ဖတ်ဖူးသမျှရသဝတ္ထုတွေထဲမှာ အမှတ်တရပါပဲ။

      :mrgreen:

  • Mr. MarGa

    June 16, 2014 at 4:18 pm

    ဖတ်တယ်…
    ပြီးတော့ မချင့်မရဲ ဖြစ်တယ်
    ဒီလောက်ပါပဲ…

    • alinsett (gazette)

      June 16, 2014 at 6:08 pm

      မ ချင့်မရဲ ဆိုတာ ဘယ်သူလဲဟင်

      နီ ့ငယ်နံမယ်လား

      :mrgreen:

  • Ma Ma

    June 16, 2014 at 5:02 pm

    ကိုယ်တိုင်တော့ အရင်က ဂျူ း ဝတ္ထုတွေ မဖတ်ဖူးလို့လား မသိဘူး
    စာဖတ်ပျင်းတဲ့ ပင်ကိုယ်စိတ်နဲ့ စာမျက်နှာ ၄၀ဝ ကျော်ကို ၁ဝ ရက်လောက် ဖတ်ရမယ်ထင်ထားတာ။
    ၂ ရက်ထဲနဲ့ ပြီးသွားတယ်။ 🙂

    ဒီရွာမှာ စာရေးစာဖတ်လုပ်ကတည်းကစပြီး စာတစ်ပုဒ်ကို ဖတ်ပြီးရင် ကွန်မန့်ပေးချင်တဲ့အကျင့်ဖြစ်လာတယ်။

    ဆုံနေရက်နဲ့ လွမ်းလေးခြင်း ကိုဖတ်ပြီး ရေးချင်နေတာ အတော်ပဲ။

    ပထမဦးဆုံးပြောချင်တာက အလင်းဆက်က ဇာတ်နဲ့မဆိုင်တာတွေ စာမျက်နှာအများကြီးရေးထားတယ်လို့ပြောတာကို လက်မခံချင်ဘူး။

    ကိုယ့်အနေနဲ့ပြောရမယ်ဆိုရင် လူ့လောကမှာ မထင်တာတွေလည်း ဖြစ်တတ်တယ်ဆိုတဲ့သဘောကို ထည့်ပေးချင်တာလို့ထင်တယ်။

    သူတို့ စောင့်ကြည့်လေ့လာနေတဲ့ကလေး ၁၆ ယောက်ဟာ သူ့သဘာဝဗီဇနဲ့မဆိုင်တဲ့ အခြားကိစ္စတွေကြောင့် ထင်သလိုမဖြစ်ပဲ မူလလမ်းကြောင်းက သွေဖီသွားတာတွေလည်း ရှိတယ်လို့ ပြောချင်တာလို့ ထင်မိတယ်။

    မောင်သက်ဝေကိစ္စမှာတော့် ၄ နှစ်ထဲနဲ့ နာမည်ကြီး ရနံ့ကုထုံးပညာရှင် ဖြစ်သွားတယ်ဆိုတာကြီးကတော့ မြန်လွန်း လွယ်လွန်းနေတယ်လို့ အလင်းဆက်လိုပဲ ပြောချင်တယ်။

    မောင်သက်ဝေရဲ့ငယ်ဘဝကိုနိမ့်ကျတယ်လို့ ပြောထားပေမယ့် သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကိုတော့ အကောင်းဘက်မှာပြထားတာတယ်။

    အဲဒါကြောင့် ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်မယ့် အရည်အချင်းရှိသူလို့ အစကတည်းက ပြောထားလို့ အောင်မြင်တဲ့ဘဝကိုရသွားတယ်ဆိုတာကိုတော့ လက်ခံတယ်။

    အင်ကြင်းဝေ က မောင်သက်ဝေကို ငြင်းရခြင်းအကြောင်းရင်းကတော့ …….
    သူ့ထက်ငယ်ပြီး သူပြုစုပျိုးထောင်လာတာကြောင့်လည်း ပါသလို၊
    ဘဝပေးအခြေအနေခြင်းမတူလို့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တဲ့ဒါဏ်ကို ကြောက်လို့ဆိုတာလည်း ပါမယ်။

    စာရေးသူပေးတဲ့အကြောင်းပြချက်ကလေးက မဆိုးပါဘူး။

    နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို ပိုချစ်လို့၊ အခြားသူကို ကိုယ့်(ဂုဏ်သိက္ခာ ဘာညာသာရကာ):ထက် ပိုမချစ်နိုင်လို့။ :buu:

    • alinsett (gazette)

      June 16, 2014 at 6:07 pm

      အန်တီမမ
      အမြင်တမျိုးနဲ့ စိတ်ပါလက်ပါ ပါဝင်ဆွေးနွေးပေးသွားတာ ကျေးဇူးပါနော်

      ဟိုစာမျက်နှာတွေကလေ
      ဇာတ်နဲ့တော့ဆိုင်ပါတယ်လို့
      ဒါမယ့် အဲ့ဒါတွေ မထည့်ရေးလို့လည်း ဘာမှ မထူးပါဘူးလို့ဆိုချင်တာပါ။
      ဒါက ကျနော့်အမြင်ကို ပြောရုံသက်သက်ပါ
      တကယ်တော့ စာရေးဆရာရဲ့ အလုပ်ထဲ ဝင်ရှုပ်လို့ မရတဲ့သဘောအရ
      ဝေဖန်သူအနေနဲ့ ဒီကိစ္စကို ဒီနေရာမှာပဲရပ်ပြီး ရေးတော့လည်း ဖတ်တယ်ပေါ့ဆိုတာလောက်သာ. . .

      :mrgreen:

  • ဝင့်ပြုံးမြင့်

    June 16, 2014 at 7:15 pm

    မဟုတ်ဘူး။ အလက်ဇင်း ဝေဖန်ရေးစာပေထဲ ခြေစုံပစ်ဝင်သင့်ပြီ။

  • lu lu

    June 16, 2014 at 7:16 pm

    ဂျူး ရှဲ ့အမှတ်တရ ကိုပဲ အ ခေါက် ခေါကအခါအခါ ပြန်ဖတ်နေမိတယ်
    အခု ကိုဆက် ညွှန်း ထားတဲ့ စာအုပ်ကိုတော့ ပြီးအောင် မဖတ် ရ သေးလို ့
    ဘာမှ မ ပြောတတ်သေးပါဘူး ဂျူး ရဲ ့ပရိသတ် အ နေ နဲ ့တော့ ဘယ်လို ရေး
    ရေး အားပေးဖတ် ရှုသွားဖို ့ဆုံးဖြတ်ပြီးသားပါ
    :mrgreen:

    • alinsett (gazette)

      June 17, 2014 at 8:42 am

      ဘယ်လိုရေးရေး
      အားပေးမယ် ဟုတ်လား
      နည်းနည်းလေးဆော့ လွဲနေတယ်
      ဒန်တန်းတန်

      :mrgreen:

  • padonmar

    June 16, 2014 at 9:45 pm

    ကျုပ်က ဂျူးခရေဇီအေ့။
    ထွက်သမျှဝတ္ထု ဝယ်သိမ်းတယ်။
    တူမတွေနဲ့ လုနေရတယ်။
    အဓိကကတော့ သူ့ ရေးပုံက လက်ကမချဖြစ်အောင် ဆွဲဆောင်သွားနိုင်တာကြောင့်ပဲ။
    ဇာတ်လိုက်မိန်းမတွေကိုတော့ များသောအားဖြင့် မကြိုက်ဘူး။
    ဒီဇာတ်လည်း ဒီလိုပဲ။
    ဂျူးက သူ့မင်းသမီးတွေကို မပြတ်မသားတွေဝေပြီး လုပ်ချင်တာနဲ့ လုပ်သင့်တာကြား ဗျာများနေတဲ့သူတွေအဖြစ် ပုံဖော်တတ်တယ်။
    (အမှတ်တရက ကျမ၊မြစ်တို့၏မာယာက ကေသီ၊ချစ်သူလားစကားတပွင့်ပွင့်ခဲ့တယ်က မင်းသမီး၊ကြာတော့သည်လည်းမောင့်စကား၊နောက်…မော်လမြိုင်ပြောင်းသွားတဲ့ ဆရာဝန်မအကြောင်းလေ၊နာမည်မေ့နေလို့။)
    အဲဒါတွေဆို ဖတ်ရင်းကို မကြိုက်တာ ခံစားနေရတယ်။
    လေရူးသုန်သုန်ထဲက စကားလက်အိုဟာရာကို မကြိုက်သလိုမျိုး။
    ကြည့်ရတာ ဂျူးကလည်း သူနဲ့ နီးနီးစပ်စပ်ထဲမှာ အဲဒီစရိုက်မျိုးကို ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ရတော့ ပုံပေါ်နေတယ်လို့ထင်တယ်။
    သူကိုယ်တိုင်ရဲ့ပုံရိပ်ကိုတော့ မရှိမဖြစ်မိုးကမိုး၊လရဲ့အောက်ဖက်မိုင်အဝေးမှာက မေမေ၊ချစ်သူလားထဲက ?ဆရာမ၊အခု ဆုံနေရက်နဲ့က မေမေ တို့မှာ တွေ့ရတယ်လို့ မြင်တယ်။
    အခုလည်း အဲသလို တွေဝေတဲ့ မိန်းကလေးတယောက်ကို စာဖွဲ့ရင်း ကလေးငယ်လေးတွေ ဇာတ်လမ်းနဲ့ လူ့ဘဝကို ပုံဖော်သွားတာပဲ။
    အန်တီမမပြောသလို မဆိုင်တာတွေ ထည့်ရေးတယ်တော့ မထင်မိဘူး။
    သူလေ့လာနေတဲ့ ပတ်ဝန်းကျင်ကို သိုင်းဝိုင်းပြတယ်လို့ပဲ မြင်ပါတယ်။
    လောကကြီးက မင်းသားရယ်၊မင်းသမီးရယ်၊လူကြမ်းရယ်၊လူရွှင်တော်ရယ်ပဲ ရှိနေရုံနဲ့ မလုံလောက်ဘူးလေ။
    တကယ့် လောကနဲ့တူအောင် ထည့်ရေးရင် ထည့်မရေးတာထက် သဘာဝနဲ့ နီးစပ်တာပေါ့။
    ဆက်ဆက်က အဲဒီထဲက ကလေးမလေး တယောက်လောက်နဲ့ မောင်သက်ဝေ ဇာတ်လမ်းလေးများ မျှော်လင့်မိနေတာလား။
    ဒါဆို သမားရိုးကျအဖွဲ့ အနွဲ့ဖြစ်သွားမှာပေါ့။
    အဲဒီ မောင်သက်ဝေ နတ်ရေကန်ထဲကျတာတော့ မြန်တယ်လို့ မြင်မိတယ်။
    ဘာလို့ နှစ်တွေ ဒီ့ထက်ပို မဆွဲပါလိမ့်။
    ၄နှစ်ဆိုတာ အဲသလောက် အောင်မြင်လာဖို့(၊စီးပွားရေးမဟုတ်၊ပညာရပ်တခုကို)လွယ်ပါ့မလားလို့ သံသယဖြစ်မိတယ်။

    • alinsett (gazette)

      June 17, 2014 at 8:01 am

      ဂျူး ဝတ္ထုကို စ ဖတ်ပြီဆိုကတည်းက
      သာမန် ဇာတ်လမ်းမျိုး
      သာမန်အတွေးအခေါ်အယူအဆမျိုးကိုတွေ ့ရမယ်လို့
      မမျှော်လင့်ပါဘူး အန်တီ။

      :mrgreen:

      မော်လမြိုင်ပါတဲ့ ဝတ္ထုက
      မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက် ဖြစ်မယ်။
      အဲဒီဝတ္ထုကတော့ အခုတလော လူပြောများနေတဲ့
      LT ပုံစံပါတယ်။
      အမှတ်တရ ထက် ပိုပြီး LT အငွေ့အသက်တွေ မြင်ရတယ်။
      :mrgreen:

  • ကျော်ဘသစ်

    June 17, 2014 at 10:32 am

    Granada ရုပ်သံက ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရိုက်ကူးလာခဲ့တဲ့ Up ဆိုတဲ့ documentary series တစ်ခု ရှိတယ်။ အလွှာအသီးသီးက မွေးဖွား လာကြတဲ့ ဗြိတိသျှကလေးငယ် ၁၄ ယောက်ကို သူတို့အသက် ရ နှစ်၊ မူလတန်းကျောင်းသားအရွယ်တည်းက ရွေးကောက်ပြီး မှတ်တမ်းတင်တယ်။ သူတို့မိဘနောက်ခံစီးပွားရေး၊ လူမှုရေးအခြေအနေက သူတို့အနာဂတ်တွေကို ပြဌာန်းလိမ့်မလား… ဆိုတဲ့အဖြေကို ရှာဖို့ပါပဲ။

    အဲဒီနောက် သူတို့ ၁၄ ယောက်ရဲ့ ဘဝတစ်လျှောက် (၁၉၆၄ ခုနှစ်ကနေ ဒီနေ့အထိ) ရ နှစ်ကိုတစ်ကြိမ် ပုံမှန်တွေ့ဆုံပြီး တစ်ဦးချင်းစီရဲ့ လူမှုရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ အသက်မွေးဝမ်းကြောင်း၊ ဘဝအတွေ့အကြုံ အဖုံဖုံကို ပရိသတ်ရှေ့မှာ တင်ပြစေတယ်။

    ၁၄ ယောက်အုပ်စုမှာ တစ်ချို့ အောက်ခြေလူတန်းစား သားသမီးဘဝကနေ အလယ်အလတ်တန်းစားအထိ အဆင့်တက်လာတယ်၊ တစ်ချို့လည်း အောင်မြင် ထွန်းပေါက်သူတွေ ဖြစ်လာကြ၊ အများစုကတော့ သူတို့မိဘပတ်ဝန်းကျင် အဆင့်အတန်း အသီးသီးမှာပဲ တဝဲလည်လည် ဖြစ်နေကြသတဲ့။

    မကြာခင်က ရွာမှာဖတ်ရတဲ့ စာရေးဆရာမဂျူးရဲ့ “ဆုံနေရက်နဲ့ လွမ်းလေခြင်း” စာအုပ်ထဲမှာ Up Series က အကြောင်းအရာမျိုးကို ကျောရိုးပြုပြီး ဇာတ်လမ်းဖွဲ့ထားတာ တွေ့ရတယ်။ ဇာတ်ကောင်အမျိုးသမီးရဲ့အမေ ကျောင်းဆရာမက သူ့တပည့် ၁၆ ယောက် (လို့ထင်ပါတယ်) ကို အသက် ရ နှစ်မပြည့် ခင်တည်းက ရွေးကောက်ပြီး သူတို့အနာဂတ်မှာ ဘာတွေဖြစ်လာကြမလဲဆိုတဲ့ မှတ်တမ်းတစ်ခုကို ပြုစုနေတယ်။

    ဇာတ်ကောင်အင်ကြင်းဝေက ကျောင်းသားအုပ်စုထဲက ကောင်လေးတစ်ယောက်ကို ကဗျာတွေ၊ စာတွေ၊ ဂီတတွေနဲ့ လက်ပွန်းတတီးဖြစ်အောင် ပြုစု ပျိုးထောင်ပေးလိုက်တဲ့အခါ အဲဒီကလေးငယ်ဟာ ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်း ဘုန်းကြီးကျောင်းသား ဘဝကနေ နောက်ဆုံးမှာ (ပြင်သစ်ရောက်) အောင်မြင်တဲ့ ရနံ့ကုထုံး ဆရာတစ်ယောက် ဖြစ်လာတဲ့အထိ အဆင့်အတန်းမြင့်သွားတဲ့ဇာတ်လမ်းပါပဲ။

    ရှေးအခါက ဂျေဆုဂိုဏ်းရဲ့ လက်ကိုင်ဆောင်ပုဒ်တစ်ခု ရှိတယ်…
    “Give me a child until he is seven, and I will give you a man” (ကလေးတစ်ယောက်ကို အသက် (၇) နှစ်အထိ ပေးထားပါ၊ သင့်ဆီ လူကြီးတစ်ယောက်အဖြစ် ပြန်လည်အပ်နှံပါမည်) တဲ့။

    ဒီအဆိုနဲ့ ခပ်ဆင်ဆင် စိတ်ပညာရှင်တစ်ယောက် ပြောဖူးတာလည်း ရှိတယ်…
    “Give me a child until he is seven, and I will make him a good or bad man. ကလေးတစ်ယောက်ကို အသက် (၇) နှစ်အထိ အပ်ထား၊ သူ့ကို လူကောင်းတစ်ယောက် (ဒါမှမဟုတ်) လူဆိုးတစ်ယောက်ဖြစ်အောင် လုပ်ပေးလိုက်မယ်…” တဲ့။

    Granada ရဲ့ Up Series ဟာ ဂျေဆုဂိုဏ်းဆောင်ပုဒ်ကို အခြေပြုရိုက်ကူးတာလို့ ဆိုပြီး ဂျူးရဲ့ ဆုံနေရက်နဲ့ လွမ်းလေခြင်းကတော့ အထက်ပါ စိတ်ပညာရှင်ရဲ့ “Give me a child until he is seven, and I will make him a good or bad man” ကို သရုပ်ဖော်ချင်ပုံရပါတယ်။

    သူတို့အားလုံး ပြောချင်တဲ့သဘောက…
    “လူတစ်ယောက်ရဲ့ တစ်သက်တာ လောကအမြင်၊ အလေ့အကျင့်၊ အပြုအမူ၊ လူကောင်း၊ လူဆိုး၊ အောင်မြင်မှု၊ ကျရှုံးမှုအများစုကို အဓိကပုံဖော်ပေးတာဟာ (ဟိုဟိုဒီဒီ အတိတ်ဘဝတွေဆီက ကံတွေ မဟုတ်) သူ့ရဲ့ငယ်ဘဝ အသက် ရ နှစ်မပြည့်မီကလေးဘဝက ရိုက်သွင်းနားချ၊ လွှမ်းမိုးခံခဲ့ရတဲ့ မိဘ၊ ဆရာ၊ ပတ်ဝန်းကျင် ခေတ်ကာလ အခင်းအကျဉ်းတွေက အဓိကဖြစ်တယ်…” လို့ ကျွန်တော်တော့ နားလည်မိတာပါပဲ။

    ကဘသ
    (ပြီးခဲ့တဲ့အပတ်က ဖေ့စ်ဘွခ်မှာ ရေးထားတဲ့စာကို ကြုံလို့ဝင်ရှယ်ယာခြင်း…)

Leave a Reply