“ကျွန် မ ချစ် သော လက် က လေး ”
“ကျွန် မ ချစ် သော လက် က လေး ”
ကား မောင်း နေတဲ့ သားရဲ့လက်သွယ်သွယ်လေးတွေကိုမြင်မိတိုင်း၊
ကျမကိုယ်လက်တွေ ကိုက်ခဲ တိုင်း အခုအချိန်ထိ နှိပ်ပေး တတ် တဲ့
သားလက်လေးတွေကိုမြင်တိုင်း၊
သူထမင်းစားကောင်းတဲ့အခါ
“ကောင်းတယ်မာမီ စားကြည့် “လို့ဆိုရင်း ကျွန်မထိုင်နေတဲ့နေရာအထိ
သူစား နေတဲ့ ထမင်း ပန်းကန် ပါယူလာပြီး
သူ နယ်ဖတ်ထားတဲ့ ထမင်းတွေကိုလာကျွေးတိုင်း၊
အပြင်ကိုအတူသွားကြတဲ့အခါ အမေရဲ့လက်ကို အမြဲ တွဲ သွားတတ်တဲ့
သားလက်ကလေးတွေကိုမြင်တိုင်း၊
အခါကြီးရက်ကြီးတွေမှာ အမေလုပ်သူကို ထိုင်ကန်တော့တတ်တဲ့
သားလက်ကလေးတွေကိုမြင်တိုင်း၊
Laptopနဲ့စာရိုက်နေတဲ့ သားလက်ကလေးတွေကိုမြင်တိုင်း၊
သားနဲ့ကျွန်မရဲ ့ ဒီလက်ကလေးတွေနဲ့ပါတ်သက်တဲ့အကြောင်းလေးက
ရင်ထဲကို အမြဲဘဲ ရောက် ရောက်လာပါတယ်။
ကျွန်မတို့ငယ်ငယ်က နေတဲ့ ခြံ ရော အိ်မ်ပါ တော်တော်ကျယ်ပါတယ်။
ခြံကျယ်ကျယ်ကျယ်ထဲက အိမ်ကျယ်ကျယ်ထဲမှာ မိသားစုနည်းနည်းဘဲရှိတဲ့အိမ်ပေါ့။
ကျွန်မတို့ ငယ်ငယ်က မောင်နစ်မ တစ်တွေ ဖေဖေများမရှိလို့ကတော့
စိတ်တိုင်းကျ အော်ဟစ် ဆူ ညံပွက်လောရိုက် နေ အောင်
ဆော့ ကစား ကြ ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် စကြ နောက်ကြ တဲ့အ ခါ
မနိုင်သူက အော်ဟစ်ငိုယိုကြစမြဲ။
ဘယ်လောက်ဆူ ဆူ ဘယ်လောက်အော်အော်
ဘယ်သူမှမသိကြ။
ဘယ်သူမှမရှိ။
ဘယ်အိမ်နီးနားခြင်းကိုမှအနှောင့်အယှက်မဖြစ်။
စိတ်တိုင်းကျ အော်ဟစ်ဆော့ကစားခဲ့ကြတဲ့အိမ်ကြီးပါဘဲ။
အိမ် ကျယ် တိုင်း
ပါတ် ဝန်း ကျင် အိမ် မနီး တိုင်း
အ ဖော် မရှိ ဘဲ တစ်ယောက်ထဲ အိမ် မှာ ေ န တာ
မ ကောင်း ဘူး ဆို တဲ့ အသိ ကို ဖြစ်လာ စေ ခဲ့ တဲ့ နေ့ ကတော့
အိမ်မှာ သား ရယ် ကျွန် မ ရယ် ၂ ယောက်ထဲ ရှိ နေ ခဲ့ တဲ့
နေ့ တစ် နေ့ ပါဘဲ။
အရင် နေ့ တွေက တစ်ယောက် မဟုတ် တစ် ယောက် ရှိ နေ ပေ မယ့်
အဲ ့ ဒီ နေ့ ကတော့ ကျွန် မ တို့ သား အ မိ ၂ ယောက်ထဲ အိမ်မှာရှိ နေ တာ ပါ။
သားနဲ့ကျွန်မရဲ ့ဘယ်တော့မှ မမေ့နို်င်စရာအဖြစ်အပျက်
ဖြစ်ခဲ့တဲ့ အချိန်တုံးက
သားအသက်က ၂နှစ်ကျော်ကျော်လေး ဘဲရှိပါသေးတယ်။
ကျွန်မနဲ့သားအိမ်ရှေ့မှာ ဆော့ နေကြရင်း ကျွန်မက သား အတွက်
ရေ ခဲ သေတ္တာ ထဲက နေ မုန့် သွား ယူ လိုက်ပါတယ်။
သားဆော့ နေတဲ့ နေ ရာ နဲ့ ဆို နီးနီးလေးပါ။
မုံ့သွားယူတဲ့ခဏလေးမှာ
“အား”ကနဲ စူးစူးဝါးဝါး အော်ငိုလိုက်တဲ့ သား အသံကိုကြားလိုက်တော့
ကျွန်မသိလိုက်ပါပြီ သား တစ် ခု ခု ဖြစ ်ပြီ ဆိုတာကို။
သားက ဘယ်တော့မှ ဒီလို အသံမျိုး နဲ့ ငိုဘူးသူမဟုတ်။
ကျွန်မထိတ်ကနဲ့ဖြစ်သွားပြီး သားရှိရာကို အပြေအလွှားရောက်သွားချိန်မှာ
မြင် လိုက်ရတာက အခန်းဝက ခြင်ဇကာ တံ ခါး ကြား မှာ
သားလက်သေးသေးလေး ညှပ်နေတာ ကိုပါ။
ဗြုန်းကနဲဆိုတော့ ကျွန်မလဲ ဘာလုပ်ရမှန်းမသိဘဲ တံ ခါးကို ဟိုဘက်ဒီဘက်
တွန်းကြည့်ပါတယ်။
တံခါးရွက်ကို ဘယ်ဘက်ကိုတွန်းတွန်း သားလက်ကိုပြန်ထုတ်လို့မရတော့ပါဘူး။
ဒီဘက်တွန်းကြည့်လဲပိုညှပ် ဟိုဘက်တွန်းကြည့်လဲပိုညှပ်ဖြစ်နေတာပါ။
သား ကလည်း နာလွန်းလို့ အသားတွေပါတုန်နေပါပြီ။
တံခါးကိုလှည့်လေ ပိုနာလေဖြစ်နေတာမို့ ကြံရာမရ တဲ့အဆုံး
အဲဒီတံခါးကြားထဲကို ကျွန်မလက် အတင်းထိုးထည့်လို်က်ပါတယ်။
မရမကအတင်းထိုးထည့်လိုက်တဲ့အခါ နည်းနည်းလေးဟသွားတော့
သားလက်ကတံခါးကြားထဲက ထွက်သွားပေမယ့်
ကျွန်မလက်ကတော့တံခါးထဲမှာညှပ်သွားပါပြီ။
ကျွန်မလက်ကိုကြုးိစားပြီးဆွဲထုတ်ပေမယ့်ဘယ်လိုမှမရပါဘူး။
သားကတော့သူ့လက်လွတ်သွားပေမယ့် ကျွန်မ
လက်ညှပ်နေတာကိုသူသိနေတော့အငိုကမရပ်။
ကျွန်မ မှာသူ့ကိုချော့ရတာတစ်ဖက်
လက်ကိုကြိုးစားပြီးဆွဲထုတ်တာတစ်ဖက်ကြာတော့မခံနိုင်၊
နာလွန်းတော့မျက်ရည်တွေပါကျလာပါတယ်။
ကျွန်မ မျက်ရည်ကျတာကိုမြင်တဲ့သားက ဘာလုပ်မယ်ထင်ပါသလဲ။
စူးစူးဝါးဝါး အကျယ်ကြီးအော်ဟစ်ငို
ပြီးတော့ကျွန်မရင်ခွင်ထဲက အတင်းရုန်းထွက်ပြီး
ထိုတံခါးကြားထဲကို သူ့လက်ကလေးအတင်းပြန်ထိုးတည့်ပါတော့တယ်။
ကျွန်မ တကယ့် ကို အံ့ဩသွားပါတယ်။
ဒီ (၂)နှစ်သာသာ ကလေးလေးက အမေ့ကို မနာအောင်သူ့လက်ကလေးကို
တံခါးကြားထဲ ကို လာထိုးထည့်တယ်တဲ့လား။
တကယ်တော့ဒီတံခါးကြားထဲကိုလက်ထည့်ရင်နာမယ်ဆိုတာသူသိသားနဲ့လေ။
သူလက်ညှပ်နေတုန်းက ကျွန်မ လက်ထဲ့လိုက်တော့သူ့လက်ကလေးလွတ်သွားတာကို
မှတ်ထားပြီး ကျွန်မလုပ်သလို လိုက်လုပ်လုိုက်တာလေ။
ကျွန်မ အတော် စိတ်မကောင်းဖြစ်ပြီး သားကို ကျွန်မရင်ခွင်ထဲ ထည့်လိုက်ပြီး
သားမမြင်အောင်မျက်ရည်ကျမိပါတယ်။
ကျွန်မရဲ့သား
ဒီ က လေး ငယ်ငယ်လေးက အမေနာတယ်ဆိုတာကို ထပ်တူ ခံစားတတ်သတဲ့လား၊
နာ မယ် မှန်း သိ သိ ကြီးနဲု့ သူ့ လက် သေး သေး လေး ကို တံခါးကြားထဲ
အတင်းထိုး ထိုးထည့် တဲ့သား
ကျွန်မချစ်တဲ့သား
ကျွန်မကိုချစ်တဲ့သားပါလား၊
လက်ကနာလို့ကျတဲ့မျက်ရည်အပြင်
သားရဲ့ကျွန်မ ကို ချစ် တဲ့ စိတ်ကို ပါ မြင်လိုက်ရတာမို့
မျက်ရည်က ပိုလို့ တောင်ထိန်းမရ တော့ ပါဘူး။
ကျွန်မသားငယ်ငယ်လေးက ကျွန်မကိုပြခဲ့တဲ့ အမေ့ကိုချစ်တဲ့စိတ်လေးကို
ကျွန်မခံစားမိတာရောပေါင်းပြီး မျက်ရည်တွေကျနေမိပါတယ်။
လက်ကလဲဘယ်လိုမှဆွဲထုတ်လို့မရပါဘူး
အိမ်မှာလဲဘယ်သူမှမ ရှိ။
အပြင်ကိုဆက်သွယ်နိုင်စရာဖုန်းကလဲ show case ပေါ်မှာပါ။
မြင်နေရပေမယ့်ကျွန်မ လက်နဲ့လှမ်းမမှီတဲ့နေရာ။
သားနဲ့လဲမမှီတဲ့နေရာမှာပါ။
တဖြည်းဖြည်းနဲ့ သားလည်း ကျွန်မ ချော့တာရယ်
ငိုရင်းနဲ့မောတာရယ်ကြောင့် အငိုတိတ်သွားပါပြီ။
ကျွန်မလက်ကလည်း နာရင်း နာရင်းကနေ သွေးမလျောက်တော့တဲ့
အနေအထားကို ရောက်နေပါပြီ။
စိတ်ထဲကနေ တစ်ယောက်ယောက် အိမ်ပေါ်တက်လာပါစေ ဘဲဆုတောင်းနေရ ပါတော့တယ်။
အငိုတိတ်သွားပေမယ့် သားကတော့ ကျွန်မညှပ်နေတဲ့ လက်ကလေးကိုဥုံဖွလုပ်လိုက်
ကျွန်မ ပါးကိုလာနမ်းလိုက်
နောက်ကျွန်မလက်ဆီကိုပြန်သွားလိုက်ဥုံဖွလုပ်လိုက်နဲ့
သူတတ်သလောက်ကျွန်မကိုလုပ်ပေးနေပါတယ်။
ကျွန်မလည်းမျက်ရည်တွေမကျနိုင်တော့ပါဘူး။
လက်နာတာကနေထူပူလာပြီးလက်တစ်ခုလုံးတင်းမာလာသလိုလို
ကိုက်လာ သလိုလိုဖြစ် နေပါပြီ။
သားကိုကျွန်မ ပေါင်ပေါ်တင်ပြီး “သားရယ်အိပ်ပါ”ဆိုလည်း
ဒီလောက်ငိုထားတာမို့ မော နေတဲ့ ကလေးက မအိပ်ပါဘူး။
သူမအိပ်နိုင်ရှာတာပါ။
တစ်ချိန်လုံး ဥုံဖွဘဲလာလုပ်နေလိုက် မအေ့ မျက်နှာကိုကြည့်လိုက်နဲ့ပါ။
အချိန်တော်တော်ကြာပါတယ်။
ပုံမှန်အားဖြင့်ကတော့ ညီမတွေက ညနေကျောင်းလွှတ်မှ ပြန်လာမှာပါ။
ကံကောင်းချင်တော့ ဘယ်တော့မှ နေ့လည်ခင်းမှာပြန်မလာတဲ့ကျွန်မရဲ့ဖေဖေ
ပြန်လာပါတယ်။
ကားကို ဂိုဒေါင်ထဲ ထည့် ပြီးရင် ခြံအနောက်ဘက်မှာရှိတဲ့စက်ရုံကို သွားမှာပါ။
ဘယ်တော့မှ အိမ်ပေါ်ကိုတန်းမတက်တတ်ပါဘူး။
ကားသံကြားကတည်းက ကျွန်မ ဘာလုပ်ရမယ်ဆိုတာတွေးပြီးသားပါ။
စက်အရပ် ဖေဖေ ကားပေါ်ကဆင်းတာနဲ့
“ဖေဖေရေ “ လို့အသံကုန်အော်တော့ တာပါဘဲ။
အဲလိုမှ မအော်လို့ လဲ မဖြစ်တော့ပါ။
ဖေဖေ စက်ရုံ ဘက်ရောက်သွားပြီဆိုရင်တော့
ကျွန်မလက်တော့ ဘယ် လို ဖြစ်သွားမယ်ဆိုတာ မတွေးတတ်ပါဘူး။
ကျွန်မ သုံးလေးခါလောက်အော်အပြီး ဖေဖေအိမ်ပေါ်ကိုပြေးတက်လာပါတယ်။
ဖေ့ဖေ့ကို အော်ခေါ်တာရယ် သားပြန်ငိုတာရယ်
ဖေဖေပြေးလာတာရယ် တစ်ချိန်ထဲလိုလိုပါ။
ဖေဖေအနားရောက်ချိန်မှာ တစ်ချိန်လုံးတင်းထားသမျှှတွေလျော့လိုက်တော့
မျက်ရည်တွေဘဲကျလာနိုင်ပါတော့တယ်။
“ဘယ်လိုဖြစ်တာလ”ဲ ဆို တဲ့ ဖေဖေ့ အမေးကိုတောင်မဖြေနိုင်တော့ပါဘူး။
စက်ရုံထဲက အလုပ်သမားတွေကို လှမ်းခေါ်ပြီးတံခါးဖျက်ပြီးချိန်မှာတော့
ကျွန်မ လက်ကလေးနှစ်ချောင်းက သိမ် ပြီး ဖြူ ဖွေးနေပါပြီ။
အဲ့ဒီနောက်ပိုင်းမှာ တစ်ယောက်ထဲ အိမ်မှာမနေရ ဆို တဲ့အမိန့်ကို ဖေဖေကသတ်မှတ်သွားပါတယ်။
ကျွန်မလည်းတစ်ယောက်ထဲကို မနေရဲတော့တာပါ။
ဘာများထပ်ဖြစ်မလဲ
ထပ်ဖြစ်ရင်လဲ ဘယ်သူအချိန်မီလာပါ့ မလဲ
ဆိုတဲ့ အတွေးတွေက အတော်ခြောက်လှန့်သွားပါတယ်။
အခုချိန်မှာတော့ သားလက်ကလေးကို မြင် မိတိုင်း
သူ့လက်ကလေးကို ကျွန်မ ဆွဲ ထုတ် ခဲ့ တာလေးရယ်
ကျွန်မအစားသူ့လက်ကလေး ထိုုးခံခဲ့တာလေးရယ် က
ကျွန်မ အဘို့ တော့ တစ်သက်လုံး မေ့မရနိုင်မယ့် သားနဲ့ပါတ်သက်တဲ့ အဖြစ်အပျက်ပါ။
အဲဒီ ဖြစ်ရပ်လေးဟာ တ ခြား သူ တစ် ယောက် အ တွက်ဘာမှ
ထူး ခြား တဲ့ အဖြစ် အပျက် မဟုတ်ပေမယ့်
ကျွန်မ အတွက် ကေ တာ့
ကျွန် မ မှာ အခက် အခဲ တွေ ရှိ တိုင်း
နာကျင်မူ့ တွေ ရှိတိုင်း ကျွန်မ နဲ့ အတူ လိုက်ခံ စား ပေး တတ်တဲ့
ကျွန် မသား ရှိ တယ် ဆို တဲ့ စိတ်က
ကျွန်မကို အကြိမ်ကြိမ် နာ လန် ထူ စေ တဲ့ အား ဆေး တစ် ခွက် ဖြစ်စေခဲ့ တာပါဘဲ။
မနှုင်းပြုံးရဲ့အမှတ်တရများ
18-6-2014
41 comments
ဇီဇီ
June 18, 2014 at 4:24 pm
Mommy Smile..
:mrgreenn:
I will come back..
:s:
snow smile
June 19, 2014 at 6:50 am
ok zz
Mr. MarGa
June 18, 2014 at 4:31 pm
အင်း…………………
အဖြစ်အပျက် တစ်ခုရဲ့ နောက်ကွယ်က
သားအမိ မေတ္တာ ကို
ကျနော် နင့်နင့်နဲနဲ ခံစားလိုက်ရပါတယ်။။။။
snow smile
June 19, 2014 at 6:48 am
မွ ပြုံး လည်း တွေး မိ တိုင်း ဒီ အ ရွယ် လေး နဲ့
အဲ့ လို လုပ် ဘို ့စဉ်း စား တတ် တဲ့
သား လေး ကို ခု ချိန် ထိ မျက် စိ ထဲ မြင် မိ နေ တုန်း ပါ
မင်း ခန့် ကျော်
June 18, 2014 at 4:32 pm
တကယ့် သားပေပါပဲ။
မျက်လုံးဝိုင်းသွားအောင်ကိုဖြစ်ရပါတယ်။
တကယ်ကို ဘာပြောရမလဲတောင်မသိတော့ပါဘူးဗျာ။
snow smile
June 19, 2014 at 6:54 am
ခ လေး တွေ ရဲ့ မ ထင် မှတ် တဲ့ အ ပြု အ မူ က
တ ခါ တ ခါ မှာ
လူ ကြီး တွေ တ သက် လုံး မေ ့ မ ရ နိုင် အောင်
ဖြစ် သွား စေ တတ် ပါ တယ် မင်း ခန် ့ ကျော် ရေ
ကိုပေါက်(မန္တလေး)
June 18, 2014 at 9:30 pm
လက်ကလေးကနေ အသံ တိတ ်ပြ လိုက် တဲ့ မေတ္တာ အဖွဲ့လေး တစ်ပုဒ်ပါ
ဖတ်ရင်း ကြည် နူး ရ သလို လွမ်း ဘို့ လဲ ကောင်းတယ် ဗျာ
snow smile
June 19, 2014 at 6:58 am
အင်း
လေး ပေါက် က အဲ့ လို မန် ့ လိုက် တော့ ဘာ ပြန် ပြော ရ မှန်း
တောင် မ သိ
မေ တ္တာ လက် က လေး ပေါ့ လေး ပေါက် ရေ
ဇီဇီ
June 18, 2014 at 9:40 pm
မွပြုံး သား လိမ္မာပုံကတော့ ကိုယ်တွေ့မို့ ထောက်ခံသွားပါတယ်။
မအေ ပျော်ပွဲစားထွက် ဖို့ ဆိုင်စောင့်ပေးတာက အစ အစားအသောက်တွေပြင်ပြီး ကားပေါ်တင်ပေးတာ အလယ် ဝိုင်ပုလင်းကို တစ်ခါတည်းဖောက်ပေးလိုက်တာ အဆုံးးးး
မစပ်မစု ပျော်ပျော်နေခဲ့နော် ဆိုတာမျိုးလေးနဲ့ အမေကို စေတနာ အပြည့် မေတ္တာအပြည့်ရှိတဲ့ သား ပါဗျာ။
:chit:
snow smile
June 19, 2014 at 6:59 am
ဒါ က ဇီ ဇီ့ ရဲ့ ထောက် ခံ စာ လေး ပေါ့
အရီးခင်
June 19, 2014 at 1:36 am
ဖွဲ့တတ်လိုက်တာ မနှင်း ရယ်။
ဖတ်ရင်း မနှင်း ကိုရော၊ သားလေး ကိုပါ အပြေးလာပြီး ကူချင်လိုက်တာ။
အဲဒီ လက်လေးက ဒါဏ် ဖြစ်သွားလား။
တကယ်တော့ အမေ့မေတ္တာ ကကြီးလွန်းတော့ သားဆီ ကူးသွားတာပါ။
စာလေးတွေ စောင့်ဖတ်နေပါတယ်။
snow smile
June 19, 2014 at 7:10 am
အဲ့ဒိ အ ချိန် တုန်ူ က အ ဖြစ် ချင် ဆုံး က
အိမ် ပေါ ် ကို လူ တစ် ယောက် တက် လာ ပါ စေ
ဆို တာ ပါ ဘဲ အ ရီး ရေ
အ ချိန် က အ တော် ကြာ တော့
လက် သည်း ၂ ချောင်း ပြုတ် သွား ပါ တယ်
အ ချိန် တော် တော် ကြာ တဲ ့အ ထိ
စိတ် ထဲ မှာ လန် ့သွား တာ က ဆိုး တာ ပါ
စိတ် ထဲ ခံ စား ပြီး ဖတ် ပေး တာ ကျေး ဇူး ပါ အ ရီး ရေ
Iris
June 19, 2014 at 5:42 am
အစ်မနှင်း ပိုစ့်ကိုဖတ်ပြီး ရုံးမှာ အစောကြီး မျက်ရည်ကျနေမိတယ်။ မိသားစုတိုင်း အဲ့လိုချစ်ကြရင် ကောင်းမှာပဲ။
snow smile
June 19, 2014 at 7:18 am
ညိ မ လေး Iris ရေ
ဘ ဝ တွေ အ မျိုး မျိုး
စိတ် တွေ အ မျိုး မျိုး ပါ
အ မြဲ တမ်း ပြည့် စုံ နေ တာ တော့ မ ရှိ ပါ ဘူး
အ လိုက် သင့် လေး လက် ခံ တတ် ရ ပါ မယ်
အဲ့ ဒါ က စိတ် သက် သာ စေ ပါ တယ်
ဝင် ဖတ် တဲ့ အ တွက် မန် ့ သွား တဲ့ အ တွက်
ကျေး ဇူး တင် ပါ တယ် ညီ မ လေး
alinsett (gazette)
June 19, 2014 at 7:33 am
စာရေးကောင်းလွန်းလို့ ဖတ်နေရင်းနဲ့ကို
သားအမိနှစ်ယောက်လို နာကျင်မှုကို ခံစားးလိုက်ရတယ်
အဆုံးမှာတော့ အမေနဲ့သားရဲ့ မပြန်အလှန်ချစ်ခြင်းမေတ္တာတရားကို
မြင်တွေ့ခွင့်ရလိုက်တယ်
snow smile
June 19, 2014 at 9:23 am
ရင် ထဲ မှာ ခု ချိန် ထိ ရှိ နေ တဲ့ အ ကြောင်း ကို
ရေး လိုက် တာ ပါ ဆက် ဆက် ရေ
အ မေ နဲ့ သား ရဲ့ ချစ် ခြင်း တွေ က အ ဆုံး မ ရှိ ပါ ဘဲ
( ဆက် ဆက် လည်း အ မေ ချစ် တဲ့ အ မေ့ ကို ချစ် တဲ့ သား ပါ ဘဲ )
ဦးကျောက်ခဲ
June 19, 2014 at 8:28 am
နာကျင်တာကို ကြင်နာတာနဲ့ကုစားလိုက်တဲ့ အဖြစ်အပျက်ကလေးမို့ ရင်ထဲစွဲမိပါရဲ့ …
အနှီသားတော်မောင်ကို သူ့ချစ်သူလက်အပ်လိုက်ရတယ်ဆို… အတော် ခံစားရမှာပဲ…
မတူတဲ့အမြင်ကနေ မန့်ကြည့်တာ… အဟိ…
😀
snow smile
June 19, 2014 at 9:28 am
ခံ စား ရ တာ ပေါ့ မောင် ကျောက် ရယ်
အ မေ ခံ စား ရ တာ ကို သိ တဲ့ နား လည် တတ် တဲ့ သား ဟာ
အစ် မ အ တွက် ချွေး မ မ ဟုတ် တဲ့
သ မီး တစ် ယောက် ကို ခေါ ် လာ ခဲ့ တယ်
အဲ့ ဒါ လည်း
နာ ကျင် တာ ကို ကြင် နာ တာ နဲ့ကု စား ပေး ခဲ့ တဲ့
သား ရဲ့ အ မေ အ ပေါ ် ကို ပြ တဲ့ မေ တ္တာ တ ရား တ ခု ပါ ဘဲ
Ma Ma
June 19, 2014 at 2:14 pm
ကိုယ် အ တာ ကိုယ်သိသွားပြီ။
surmi
June 19, 2014 at 8:56 am
အပေါ်ကဦးကျောက်ကွန်မန့်ကိုထပ်ဖြည့်ရမယ်ဆိုရင် ……
မိခင်ကိုကြင်နာတတ်တဲ့သားဟာ ချစ်သူဇနီးအပေါ်လည်းထပ်တူကြင်နာတတ်သတဲ့ ။
သူ့က ကြင်နာတတ်သူကိုးး ။
ဒီလို အလိုက်သိ လိမ္မာ အကြင်နာတရားနဲ့ပြည့်ဝတဲ့သားလေးကို
တနေ့ကျရင် တစိမ်းမိန်းမတစ်ယောက်ကိုအပ်ရတော့မယ်ဆိုရင် ………
.
.
.
.
.
.
.
.
.
.
.
.
.
.
ကိုယ် ချင်းးးးးး စာ နာ ခဲ့ရပြီလေ .………
snow smile
June 19, 2014 at 9:38 am
အင်းးးးးး
အစ် မ အ တွက် ပြော တာ လား
ကိုယ့် ကို ကိုယ် ပြန် မေး နေ တာ လား ဆာ ဆာ ရေ
အစ် မ အ တွက် ဆို ရင် တော့
အ ပေါ ် မှာ ဖြေ ပြီး ပါ ပြီ
အစ် မ သား နဲ့ သ မီး ရဲ့ ထူး ခြား ချက် က တော့
အ မေ အ ပေါ ် မောင် နှစ် မ ခြင်း အ ပေါ ်အိမ် ထောင် ဘက် အ ပေါ် ်
သူ တို ့ ခ လေး တွေ အ ပေ ါ် ်
မေ တ္တာ တ ရား ကို ညီ တူ ညီ မျှ ပေး တတ် ခြင်း ပါ ဘဲ
တ ခြား သူ အ တွက်
ဒီ အ ကြောင်း အ ရာ ဟာ
သာ မာန် ဖြစ် ချင် ဖြစ် ပေ မဲ့
အစ် မ အ တွက် က တော့ ထူး ခြား မှု ့ တ ခု ပါ ဘဲ
Kaung Kin Pyar
June 19, 2014 at 9:27 am
ဒီပိုစ့်လေးကို ဖဘမှာမြင်ကတည်းက အရမ်းသဘောကျခဲ့တာပါ…..။ ဖတ်တာ ၃ခေါက်ရှိပါပြီ…
ငါသာ ဒီလိုဇာတ်လမ်းမျိုးရေးရင် ဘယ်လိုရေးမိမလဲလို့တွေးတာ မ Snow Smile လိုတော့ အရေးကောင်းကောင်း ထွက်မလာနိုင်တာ အမှန်ပါပဲ..။
ကိုယ့်ရှေ့မှာ ဖြစ်ပျက်နေတာကို မြင်တွေ့ရသလို အရမ်းထိထိမိမိရှိပါတယ်…။
အမေတစ်ယောက်ရဲ့ ကိုယ့်ရင်သွေးပေါ် ကာကွယ်လိုမှုကိုရော ကလေးတစ်ယောက်ရဲ့ သိတတ်မှုကိုပါ သေချာမြင်လိုက်ရပါတယ်….
kyeemite
June 19, 2014 at 9:42 am
မေတ္တာတရား ဆိုတာစွမ်းအားကြီးလှပါတယ်…သားကောင်းတစ်ယောက်၊ ကျောက်ကောင်းတစ်ပွင့်
ရရှိပိုင်ဆိုင်ထားလို့ မနှင်းပြုံးအတွက် ဂုဏ်ယူပါတယ်ဗျာ
snow smile
June 19, 2014 at 10:02 am
ဟုတ် ကဲ့
ကျေး ဇူး ပါ ဦး မိုက် ရေ
စာ အ ရမ်း တော် တဲ့
အ မေ နဲ့ အ ဖေ ကို ပျော် စေ ချင် တဲ့ စိတ် နဲ့
အ ရမ်း ကြိုး စား ခဲ့ တဲ့ သ မီး မျိုး ကို
ပိုင် ဆိုင် ခဲ့ တဲ့ ဦး မိုက် အ တွက် လည်း
ကျွန် မ ဂုဏ် ယူ ပါ တယ်
သား လေး လည်း အဲ့ လို ဘဲ လာ မှာ ပါ
snow smile
June 19, 2014 at 9:52 am
နောက် ပိုင်း စဉ်း စား မိ တိုင်း
ငါ ဘာ လို ့ ပ စ္စည်း တ ခု ခု ပြေး ယူ ပြီး
တ ခါး ကို က လန် ့ မ ထုတ် ခဲ့ သ လဲ လို ့လေ
တ ကယ် တန်း ရုတ် တ ရက် ဖြစ် ရပ် မှာ
အဲ့ လို အ တွေး ဝင် မ လာ ခဲ့ တာ အ မှန်
ခ လေး အ ရမ်းနာ ပြီး တုန် နေ တာ ရယ်
အစ် မ က လွတ် လို လွတ်ငြား ဆို ပြီး
တ ခါး ကို ဟို ဘက် ဒီ ဘက် တွန်း ကြည့် ချိန် မှာ
လက် က လွတ် မ သွား ဘဲ သူ ့ လက် ကို
ပို ညပ် သွား စေ တယ်
ချက် ခြင်း လွတ် သွား ပါ စေ ဆို တဲ့ စိတ် ဘဲ ရှိ တော့
အဲ့ လို ဘဲလုပ် လိုက် မိ တာ လေ
ညီ မ လေး ရေ
အစ် မ က အဲ့ သ လောက် ဘဲ ရေး တတ် တာ ပါ
အစ် မ အား ကျ နေ တဲ့
အ ရမ်း ရေး တတ် တဲ့
စာ ရေး ကောင်း သူ တွေ အ များ ကြီး ပါ
အစ် မ စိတ် ထဲ က လေး စား အား ကျ နေ ရ တဲ့
သူ တွေ အ များ ကြီး ပါ
ဗုံဗုံ
June 19, 2014 at 11:46 am
နှစ်ခေါက်ဖတ်တော့ နှစ်ခါ မျက်ရည်လည်မိတယ်…. 😥
တီပြုံး ရင်ထဲကနေ ရေးထားတာကို
ဖတ်ရင်းနဲ့ ခံစားရတယ်……..
snow smile
June 19, 2014 at 3:30 pm
ကျေး ဇူး ပါ ဗုံ လေး ရေ
ရင် နဲ့ ဖတ် သွား လို ့ နေ မှာ ပါ
TNA
June 19, 2014 at 12:53 pm
မျက်ရည်တောင်လည်မိပါတယ်။ ထပ်တူခံစားမိပါတယ်။ အမရဲ့သားသမီးကံကောင်းတာလဲအားကျဂုဏ်ယူမိပါတယ်
snow smile
June 19, 2014 at 6:54 pm
ကျေး ဇူး ပါ ည သဲ ရေ
Crystalline
June 19, 2014 at 12:58 pm
မလဲ့ပြောသလိုပဲ.. ကျမတို့ကတော့ ဖာသိဖာသာနေကြတာမပြုံးရဲ့.. အဲ့လိုဖတ်ရတော့ တကယ်ဟတ်ထိသွားတာပါ.. :((
snow smile
June 19, 2014 at 6:57 pm
တ ယောက် နဲ့ တ ယောက်
တ မိ သား စု နဲ့ တ မိ သား စု
မေ တ္တာ ကို ပြ ပုံ ခြင်း မ တူ တာ တွေ လည်း
ရှိ တတ် ပါ တယ် ညီ မ လေး ရေ
Nyo Win
June 19, 2014 at 1:07 pm
မိခင် နဲ ့သားအကြား..မေတ္တာအကြည်ဓာတ်ကလေးကို..
နွေးထွေးစွာခံစားသွားရပါတယ်…အမပြုံးရေ………….
snow smile
June 19, 2014 at 6:59 pm
ကျေး ဇူး ပါ မောင် လေး ရေ
ရင် ထဲ မှာ ခု ချိန် ထိ မှတ် မှတ် ထင် ထင် ဖြစ် နေ ခဲ့ တဲ့
အ ကြောင်း လေး တစ် ခု ပါ
Ma Ma
June 19, 2014 at 2:03 pm
သားအမိနှစ်ယောက်ရဲ့ ဖြစ်ပျက်နေပုံကို မျက်စေ့ထဲမြင်မိပြီး ကိုယ်တိုင်တောင် ထိုင်ရမလို၊ ထရမလို ဖြစ်သွားတယ်။ 🙁
ကြီးလာမှ မိဘက ပဲ့ပြင်ထိန်းသိမ်းလို့ တော်လာဆိုရင်တောင် ပင်ကိုယ်အသိစိတ်ဓာတ်နဲ့ သိတတ်တာလောက် မပြည့်စုံဘူး။
ဒီလို သန္ဓေကောင်းတဲ့ မွေးရာပါဗီဇကောင်းတဲ့ သားတစ်ယောက်ရတာ ညလေးပြုံး တော်တော်ကံကောင်းတာပဲ။
🙂
snow smile
June 19, 2014 at 7:06 pm
မမ ပြော တာ ဟုတ် ပါ တယ်
သား က သ န္ဓေ ကောင်း သူ ပါ
မိ သား စု အ ပေါ ် တင် မ က
သူ ့ ပတ် ဝန်း ကျင် ကို ပါ
ပျော် ရွှင် ငြိမ်း ချမ်း စေ သူ ပါ
မမ တို ့ ရေး တဲ့ ကွန်မန့် ့ တွေ ဖတ် ပြီး မှ
ကျွန် မ သား ကို ပို ချစ် မိ လာ သ လို ပါ ဘဲ
ဦးဦးပါလေရာ
June 19, 2014 at 4:01 pm
.တကယ်ကို ရင်ထဲထိတဲ့ စာတမ်းလေးပါ
.ဒီစာလေးဖတ်ပြီး ကိုယ့်မိခင်ကို ပြန်သတိရသွားမိတယ်…
snow smile
June 21, 2014 at 10:57 am
ဟုတ် ကဲ့
အ မေ နဲ့ သား သ မီး များ ကြား
မ မေ ့ နိုင် တဲ့ အ ကြောင်း အ ရာ တွေ
အ များ ကြီး ရှိ ကြ ပါ တယ် ဦး ပါ ရေ
ခံ စား ပေး တာ ကျေး ဇူး ပါ
ကိုပေါက်(မန္တလေး)
June 19, 2014 at 4:26 pm
ကော်မင်းေ တွကို ဖတ် ရင်း နဲ့ နောက်တစ် ခေါက် ပြန် ဖတ် မိ တယ်။
အဲဒီအခါမှာ ပ ထမ တစ် ကြိမ်က မရ လိုက်တဲ့ အတွေ း တွေ ခံ စား မူ့ တွေ ပြန ်ရ လို့ လာ ပါတယ်.
(စာ ဖတ်သူ က ပေးတ ဲ့ ကော်မင်း ကောင်း ရင် ကောင်း သလောက် ပိုစ် ကို ပို ပြီး ကြွ လာ စေ ပါ တယ်
ကော် မင်း ကို ဖတ် လိုက် မှ စာ ဖတ် နေ စဉ် က မခံ စားလိုက်ရ တဲ့ ခံစားချက်တွေ ထပ် ထွက်လာ တတ် ပါတယ်)
အဲ ဒီမှာ လူ တွေ ပြော နေ ကျ စကားလုံး လေး ကို ပြန်သတိရ မိ တယ်။
“မေတ္တာ ဆို တာ အလျား အနံ မရှိ ပေ မယ့်
အသွားအပြန် ရှိ တယ်”
ဆို တာ ပါ။
ရွာ ထဲ မှာ ရ သ အရေး ကောင်း သူ တွေ အများ ကြီး ရှိပါတယ်။
မမှီ
ကို သော် ဇင် (လွိုင်ကော်)
ကို အောင် မိုး သူ
စိုင်း ကွမ်း ခေး
( ကျနော်က သူ့ ကို ဒီ နာ မယ် ဘဲ နှစ်သက်လို့ ဒီနာ မယ် ကို ဘဲ အမြဲ ခေါ်ပါတယ်)
အခု မနှင်းပြုံး
တို့က( ကျနော် ကျ နော် လက် လမ်း မှီသလောက်ပေါ့။)
ရသ အရေး ကောင်း သူ တွေပါ။
ရ သ ရေး သူ တွေ ကို များ များ ရေး စေ ချင် ပါတယ်။
ရ သ သက် သက် ရေး သူ တဖြည်းဖြည်းရှား လာ လို့ ပါ။
snow smile
June 21, 2014 at 11:02 am
ကို ပေါက် ပြော တဲ့ စာ ရေး သူ တွေ
ကျွန် မ လေး စား အား ကျ ရ တဲ့ သူ တွေ ထဲ ပါ တဲ့
စာ ရေး သူ တွေ ပါ ဘဲ
ကျွန် မ က တော့ စိတ် ထဲ ပေါ ် လာ တဲ့
အ ကြောင်း လေး တွေ ကို ရေး တတ် သ လို ချ ရေး လိုက် တာ ပါ
padonmar
June 19, 2014 at 9:36 pm
မနှင်းပြုံးရေ
တချို့ကပြောကြတယ်။
စုန်ရေပဲရှိတယ်၊ဆန်ရေမရှိဘူးတဲ့။
တကယ်တော့ သားသမီးကနေ မိဘဆီပြန်တဲ့ ဆန်ရေရှိပါတယ်။
ဥပမာ-ဘယ်ပန်းချီရေးလို့မမီ ။
မနှင်းပြုံးတို့ကတော့ အစုန်အဆန် စီးဆင်းနေတဲ့ သာယာသော မြစ်တစင်းပါပဲ။
ကြည်နူးပီတိဖြစ်ရပါတယ်။
snow smile
June 21, 2014 at 11:08 am
မ မာ ရေ ကျေး ဇူး ပါ
အဲ့ လို ထိ ထိ မိ မိ မန် ့ တတ် တဲ့ မ မာ ရဲ့
comment တွေ
ဖြစ် သင့် ဖြစ် ထိုက် တာ တွေ ကို ချ ရေး တတ် တဲ့
မ မာ ရဲ့ ပိုစ့် တွေ ကျွန် မ အ မြဲ စောင့် ဖတ် ပါ တယ်
ကျေး ဇူး တင် ပါ တယ် မ မာ ရေ