“မလုံခြုံသောဘဝများ”
“မလုံခြုံသောဘဝများ”
တစ်ရက်ကျနော့်မိတ်ဆွေရဲ့ သူ့အိမ်ခေါင်မိုးမှာပန်းခြံလေးလုပ်ထားတယ်ဆိုလို့
သွားကြည့်ဖြစ်ပါတယ်။
သူတို့အိမ်က ဆယ်နှစ်ထပ်မြင့်ပါတယ်။
သူက အတော်ကိုစိတ်ကူးကောင်းကောင်းနဲ့လုပ်ထားတာပါ။
ရှားပါးတဲ့သစ်ခွပန်းတွေနဲ့ ဘွန်ဇိုင်းအပင်လေးတွေကိုစုဆောင်းထားတဲ့သူလဲဖြစ်ပါတယ်။
ကျနော်နဲ့အတူပါလာတဲ့သူတွေကပန်းခြံကိုစိတ်ဝင်တစားကြည့်နေကြပေမယ့်
ကျနော်ကတော့ခပ်လှမ်းလှမ်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုဘဲ
အာရုံကျနေပါတယ်။
အဲဒီတိုက်က ကျနော် တို့ ရောက်နေတဲ့တိုက်တဲ့တစ်ထပ်ပိုမြင့်ပါတယ်.။
ဆောက်လုပ်ရေးလုပ်သားတွေ ကခေါင်မိုးမှာအလုပ်လုပ်နေကြတာပါ။
ခေါင်မိုးက သစ်သားဘောင်ကို သံရိုက်သူကရိုက် နုတ်သူကနုတ်နဲ့
အလုပ်တွေရှုပ်နေကြပါတယ်။
ရေပိုက်ဆင်နေတဲ့သူတွေကိုလဲတွေ့ရပါတယ်။
နဲနဲအလှမ်းဝေးတော့သူတို့ ဘာလုပ်နေတယ်ဆို တာကိုတော့ သိပ်မသဲကွဲပါဘူး။
ဒါပေမယ့် သူတို့တစ်နွေတိုက်အစွန်အဖျားလေးမှာ
ထိုင်ပြီးအလုပ်လုပ်နေတာကို
ကြည့်ရင်းကျနော်က အသဲယားလာ ကြောက်လာ ပါတယ်။
အကာအရံ မရှိ အကာအကွယ် မရှိ။
သိုင်းကြိုးတွေဘာတွေနဲ့ချည်နှောင်ထားတာမရှိ။
မတော်လို့များအားလွန်ရင်ဘဲဖြစ်ဖြစ်
ခြေချော်လက်ချော် ဖြစ်ရင်ဘဲဖြစ်ဖြစ်
မူးမော်လို့ ဘဲ ဖြစ်ဖြစ်
အောက်ကိုအချိန်မရွေး ပြုတ် ကျ နိုင်တယ်။
တကယ်လို့ များ ပြုတ်ကျတယ်ဆိုရင် အသက်ဆုံးပါးနိုင်ပါတယ်။
အသက်မသေ တောင် မှ ကျို း နိုင် ကန်း နိုင်ပါတယ်။
ဒီလိုအထပ်အမြင့်တွေမှာ အလုပ်လုပ်သူအတွက်လည်းလိုုအပ်တဲ့
အကာအကွယ်တွေ သိုင်းကြိုးတွေ ပေးမထားပါဘူး။
အမြင်နဲ့ တင်ကု ိ အန္တရာယ်များလွန်းလှ ပါ တယ်။
ကျနော်တို့မြန်မာနိုင်ငံကလုပ်ငန်းခွင်အားလုံးမှာ
တကယ်သေသေချာချာပြောရရင် လုပ်ငန်းအန္တရာယ် အတွက်
ကြိုတင်ကာကွယ်ထားတာဘာမှ မရှိတာများပါတယ်။
ပိုင်ရှင်တွေ ရော လုပ်ငန်း တာ ဝန် ခံ များ ပါ
ကိုယ့် လက်အောက်က ဝန်ထမ်းတွေရဲ့
ရှေ့ ရေး နဲ့ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို
ထည့်မစဉ်းစားသလိုပါဘဲ။
လုပ်ငန်းနေရာ တော် တော် များ များ မှာ
“လုပ်ငန်းခွင်အန္တရာယ်ရှိသည်” ဆိုတဲ့ဆိုင်းဘုတ်ကြီးသာ
ခပ်တည်တည်နဲ့ချိတ်ထားပါတယ်။
ဒီလုပ်ငန်းမှာ လုပ် ကိုင် နေ သူ တွေအသုံးပြု ဘို့
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအတွက်လိုအပ်တဲ့
လက်အိတ် လည်ရှည်ဖိနပ် ဦးထုပ် သိုင်းကြိုး အစရှိတာတွေကို
အဆင်သင့် သုံးစွဲနိုင်အောင်စီစဉ်ပေးထားတာမရှိကြပါဘူး။
ခက်တာက
လုပ်ငန်းခွင်မှာဝတ်ဘို့ ပေးရင်လဲအလုပ်သမားတွေကအသုံးမပြုပါဘူး။
မလိုအပ်ဘူးအလုပ်ရှုပ်တယ်ဆိုပြီး ပစ်ထားပါတယ်။
အလုပ်လုပ်တဲ့ ဝန် ထမ်း က အန္တရာယ်ကာကွယ်တဲ့ပစ္စည်းကို
အသုံးမပြု ဘူး ဆိုရင် လုပ်ငန်းမှာ တာ ဝန် ရှိ သူတွေက
သဘော ပေါက် နား လည် အောင် ရှင်း ပြ တဲ့ အပြင်
တိကျစွာ စည်းကမ်းထုတ်ပြီး အသုံး ပြု ခိုင်းရ မှာဖြစ် ပါတယ်။
ကျနော်တို့ဆီကလုပ်ငန်းခွင်တွေမှာ အန္တရာယ်ကင်းဘို့ဆိုတာ
လုပ်ငန်းအတွက်လိုအပ်တဲ့ကိရိယာ တန်ဆာပလာတွေကိုလဲ
ပိုင်ရှင်ဖြစ်သူကဝယ်ပေးဘို့လိုသလို
လုပ်သား တွေကလဲအသုံးပြုဘို့လိုပါတယ်။
တစ်ခါကလဲကျနော်မိတ်ဆွေ တစ်ယောက်ရဲ့လုပ်ငန်းမှာ
နေရောင်ကာအမိုးတပ်ပါတယ်။
အဲလို အမိုးတပ်တဲ့ နေရာက သံကိုင်းတွေကို ဂဟေဆော်ပါတယ်။
အဲ့ဒီအချိန်မှာ မိုးဖွဲဖွဲလေးကျနေတော့ဂဟေဆော်နေတဲ့သူကို
ရာဘာလက်အိတ်စွတ်ဘို့ ဖိ နပ်စီးပြိးလုပ်ဘို့ပြော ပေမယ့်
ရပါတယ် ဆို ပြီး မစီး။
ခဏနေတော့ ဓါတ်လိုက်ပြီးခေါင်မိုးပေါ်ကပြုတ်ကျပါတယ်။
မသေ ပေ မယ့်ဒုက္ခိတ ဖြစ်သွားပါတယ်။
ခါးရိုး ကို ထိ သွားတဲ့အခါမှာ အိပ်ယာပေါ်မှာအမြဲလှဲလျောင်းပြီး နေရတဲ့
ဘဝကိုရောက်သွားပါတယ်။
အမူ့အခင်းမဖြစ်အောင်လုပ်ရတာရော
ဆေးကု ပေးရတာရော
လျော်ကြေး ပေး ရ တာ တွေ ပေါင်းလိုက်တော့
သူငယ်ချင်းမှာလဲ ပိုက်ဆံ တော် တော် ကုန် သွားပါတယ်။
လုပ်ငန်းခွင်တော်တော်များများ မြင်ရ သမျှ ကတော့
အန္တရာယ်ကင်းဝေးအောင်လုပ်လေ့မရှိဘဲဖြစ်သလို လုုုပ်ကိုင်နေကြတာပါ။
ကျောက်လမ်းခင်းတဲ့လုပ်ငန်းခွင်က လုပ်သားတွေ
ကျောက်ခဲ တွေသယ် ကျောက်တွေ ခွဲ လုပ်နေပေမယ့်
သူတို့ခြေထောက်တွေလက်တွေအတွက်အကာအကွယ်မရှိ။
ကတ္တရာခင်းနေတဲ့လုပ်သားတွေကတ္တရာအရည်ပူပူတွေနဲ့
လုပ်ကိုင်နေပေမယ့် လုံလောက်တဲ့အကာအကွယ်မရှိ။
လျှပ်စစ်လုပ်သား တွေ ဓါတ်တို်င်ပေါ်တက်ပြီး ပြင်နေတယ်
လုံလောက်တဲ့ ဦးထုပ်၊လုပ်ငန်းသုံးကိရိယာထည့်တဲ့ခါးပတ်၊လုံခြုံရေးသိုင်းကြိုးမရှိ။
ဓါတ်ကြိုးနဲ့မလွတ်တဲ့ သစ်ကိုင်းကိုတက်ခုတ်နေတဲ့လုပ်သားတွေ
လက်ဗလာခြေဗလာနဲ့။
စည်ပင်သာယာအမိူက်သိမ်းကားပေါ်က လူတွေအတွက်
ဦးထုပ်၊နှာခေါင်းစီး၊လက်အိပ်၊လည်ရှည်ဖိနပ်မရှိ။
ဆောက်လုပ်ရေးလုပ်ငန်းခွင်က ပန်းရံမလေးတွေ
တိုက်ပေါ်ကို အင်္ဂတေသယ် ၊အုတ်သယ်တဲ့လူတွေ
အမြင့် တက်ရ တဲ့ နေရာတွေမှာကိုင်တက်စရာနေရာမရှိ
(အခုတော့ အချို့ နေရာတွေမှာအင်္ဂတေဖျော် စက်ကနေတိုက်ရိုက်တင်ပါတယ်)
ဆောက်လုပ်ရေးလုပ်သားပန်းရန်တွေ အမြင့် မှာ လုပ် ရင်
ငြမ်း ကလွဲပြီးအားကိုးစရာ ဘာမှမ ရှိ။
ဂဟေဆော်နေတဲ့လုပ်သားတွေ မျက်မှန်အပေါစားလေးတပ်ထားတာက
လွဲရင်ခြေတွေလက်တွေအကာအကွယ်မဲ့။
ဘက်ထရီအိုးနဲ့လုပ်ကိုင်စားသောက်တဲ့ ဆိုင်ကလုပ်သားလေးတွေ
ရာဘာလက်အိပ်ကလေးကို ပြီး စလွယ် စွတ်ထားတာကလွဲရင်
ကျန်တဲ့ မျက်လုံးတွေ ခြေထောက်တွေ မှာအကာအကွယ်မရှိ၊
သင်္ဘောပေါ် ကို ကုန်တင်နေတဲ့လုပ်သားတွေ အစစ တိုးတက်နေတဲ့
အခုလိုခေတ်ကြီးမှာတောင် လုံခြုံမူ့လုံးဝမရှိတဲ့ ကုန်းဘောင်အိပဲ့ပဲ့လေး
ပေါ်မှာ မယ်ကမ္ဘာကြောင်လျောက်သလို အိပဲ့ အိပဲ့ လျှောက်ပြီး
ကုန်ထမ်း နေကြ ပါသေးတယ်။
ကားဝပ်ရှော့မှာ ကား ပြင် နေတဲ့ ဝပ်ရှော့ ဆရာတွေ။
မဖြစ်စလောက် ဂျုိုက်လေးထောက် သစ်တုံးတွေ အုတ်ခဲတွေ
ပြီးစလွယ်ခုလိုခု နဲ့ တကယ် ့ဖြစ်ကတတ်ဆန်း။
လိုင်းကားနောက်လိုက်လုပ်သူကလဲ ပုဆိုးကို ပြီး စလွယ်
ဝတ်ထားပြီး ကား နောက် မြီး က ဆင်းပြေးလိုက်
ခုန်တက်လိုက် ခေါင်မိုးပေါ် တက် လိုက်။
မြင်ရသမျှှ တကယ့် ကို ရင်မောစရာပါ။
ကျနော်တို့ ဆီမှာ လုပ်ငန်းနဲ့ပါတ်သက်ရင်ရေရှည်အတွက်
နောင်ဖြစ်လာနိုင်တာတွေ အတွက်
ကြိုတင်ပြင်ဆင်ထားကြတာမရှိပါဘူူး။
ဖြစ်လာမှသာ လက်ပူတိုက်ပြီးတစ်ပွဲထိုးဖြေရှင်းကြပါတယ်။
လုပ်ငန်းခွင်အတော်များများမှာ ဖြစ်သလို အ ဆင်ပြေ သလိုလုပ်။
တကယ်ကိုအန္တရာယ်ကြုံလာပြီဆိုမှ ဝုန်းဒိုင်းကြဲပြီးဖြေရှင်းကြပါတယ်။
လုပ်ငန်းခွင်တစ်ခုမှာ မတော် တဆမူ့ တစ်ခု ဖြစ ်ပြီ ဆိုရင်
ပ ထ မဆုံး ထိခိုက်နစ်နာ က အဲ ဒီ ဝန် ထမ်းပါဘဲ။
ပေါက ်ပြဲ ကျိုး ကန်း က ွဲ သေ ဆို တာထဲ က တစ်ခု မဟုတ်
တစ်ခုကြုံ တွေ့ ရမှာပါ။
နောက်ဆက်တွဲဆိုးကျုးိ ကို ခံ စားရမှာကတော့ သူ့ ရဲ့မိသားစုတွေပါဘဲ။
အသက်သေသွားပြန်ရင်လဲ အားကိုးရာမဏ္ဍိုင်တစ်ခုပျောက်
ဆေးရုံပေါ်ရောက်သွားပြန်ရင်လဲ ကုသစားရိတ်က တနင့် တပိုး
ဒီလို ဖြစ် လာရင် ဘယ်လို လျော်ကြေး ပေးမယ်ဆိုတဲ့ ဥပဒေကလဲ
တိတိကျကျ(အသုးံချနိုင်တဲ့ အဆင့် )ထိမရှိ။
အဲတော့ ဆွေးနွေး ညှိနိုင်း ကြေ အေး လျှော်ကြေးယူ ဆို တဲ့
အဆင့် နဲ့ဘဲပြီးသွားကြတာများပါတယ်။
မြန်မာပြည်မှ လုပ်ငန်းအတွက် အာမခံ ထားတယ်ဆိုတာမရှိသလောက်။
အဲ တော့ အာ မခံ ဘာလို့ မထား ကြ သလဲ လို့ မေးလာ ရင်
“မယုံကြည်ကြ” လို့ ဘဲ ဖြေ ရ မှာ ပါ ဘဲ။
ဘာလို့ မယုံ လဲ လို့ ပြောရင် ခေတ် အဆက် ဆက် မှာ
လူူမူ့ ဖူလုံရေးတို့ အာမခံ ဌာ တို ့ ဆို တာ ဆိုင်း ဘုတ်သာ ရှိ တယ် လက်တွေ့ အသုံး မဝင်ခဲ့၊
ဝန်ထမ်းများအတွက် အားကိုး အား ထား မပြု နိုင်ခဲ့တာအမှန်။
အရင်နှစ်ပေါင်းများစွာ ကတည်း က အစိုးရ နှင့်ပါတ်သက်သောလုပ်ငန်းမှန်သမျှ
ကိုယ်က ပေးစရာ ရှိ ရင် သာ ချက် ခြင်း သွင်း
ကိုယ် စ ရာ ရှိ တာကို တော့
အကြာကြီး နေမှ ရ တတ် တော့ ဘယ်သူ့ အစိုးရနဲ့ ပါတ်သက်တဲ့ အလုပ်ဆို
မ လုပ် ချင် တော့။
ဒီတော့ အာမခံ စနစ် သည် မထွန်း ကား။
အဲဒီလိုဖြစ်ခြင်းရဲ့အကျုးိဆက်ကတော့ လုပ်ငန်းခွင်မှာထိခို်က်ဒဏ်ရာရခဲ့လျင်
ပိုင်ရှင်နဲ့ အလုပ်သမား ကြာ းညှိ နှိုင်းမှု့ ဒါမှ မဟုတ် သဒ္ဒါကြေးလောက်နဲ့ဘဲ
ကျေနပ်လိုက်ရ တာ များ ပါ တယ်။
အခု လို ပွင့်လင်းမြင်သာခေတ်မှာတော့ ကာယလုပ်သားဝန်ထမ်းများအတွက်
အာမခံ ချက် ရှိ သော စည်းကမ်း ချက်များ၊
လုပ်ငန်းခွင်အန္တရာယ်ကင်းအောင် စီမံ ဆောင်ရွက်မူ့များတွေကိုလုပ်ဆောင်ပေး
သင့် တယ် လို့ ထင် မိပါ တယ်။
ဒါမှသာအစား ထိုး မရ တဲ့ လူ့ အရင်းအမြစ်တွေ အလဟဿ
ပျက်စီး ပျောက်ကွယ် ခြင်း ကို ကာ ကွယ် နိုင် မယ် လို့ ထင် မိ ပါတယ်။
ဒါတွေက သာမန်လူတွေ လုပ် လို့ မရပါ။
ဥပဒေ နည်း ဥ ပေ ဒ ကျွမ်းကျင်သူတွေ နဲ့
ဥပဒေကို ချမှတ်နို်င်တဲ့ အမိန့် အာဏာတည်အောင်ဖန်တီးပေးသူတွေကသာ
လုပ်နို်င်မှာဖြစ်ပါတယ်။
ကဲ ဘယ်လို အစီအစဉ်တွေလုပ်ရင် ကောင်းမယ် ဆို တာကို သိချင်စမ်းပါတယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
19-6-2014
17 comments
မင်း ခန့် ကျော်
June 21, 2014 at 6:05 am
နိုင်ငံတခုရဲ့ အရေးပါတဲ့ စနစ် တွေထဲမှာ အလုပ်သမား
တွေရဲ့ ရပိုင်ခွင့် အစရှိတဲ့ ဥပဒေပြု အကာအကွယ်ပေးခြင်း
ဆိုတာလဲအရေးကြီးပါတယ်။
ကျတော်မမွေးခင်ကဥပဒေပြဌန်းချက်ကအခု အတော်များများ
ခေတ်မမှီတော့ပါဘူး။ ခေတ်မှီသေးတဲ့အချက်တွေကလည်း
အလုပ်ရှင်ဘက်က ငွေနဲ့ချိုးဖောက်ထားကြတော့ အပေါက်က
တော်တော်ကြီးနေပါပြီ။
ဒီတော့ပြောရရင် ကံပေါ်ပဲပုံချရတော့မယ်ထင်ပါတယ်။
“မြန်မာ့လုပ်သားထုကြီး ကံကောင်းပါစေ။”
ကိုပေါက်(မန္တလေး)
June 22, 2014 at 9:01 am
ကျွန်တော်တို့ဆီက လုပ်ငန်းပိုင်းဆိုင်ရာ ဥပဒေ တော် တော်များများက ခေတ် မမှီတော့။
နောက်ပြီး တော့ အသုံး ချ ရ ကောင်း မှန်းလည်း မသိ တော့။
ဒီတော့ ကာ ပြီး စလွယ် တစ်ပွဲ ထိုး လက် ပူ တိုက် နည်း နဲ့ သာ ပြီး သွား ကြ တယ်လေ။
alinsett (gazette)
June 21, 2014 at 8:46 am
ဟုတ်ပါတယ်
မြင်ရသမျှက
တကယ့်ကို ရင်မောစရာပါ
ကျနော်တို့နားက အထည်ချုပ်စက်ရုံမှာဆိုရင် ဆယ်ငါးနှစ်အောက် ကလေးမလေးတွေ ပြေးပြေးလွှားလွှားအလုပ်ဝင်နေကြရတယ်
လက်သမားအဖွဲ့တွေ ပန်းရံအဖွဲ့တွေထဲမှာလည်း ဆယ်နှစ်ကျော်ရုံကောင်လေးးတွေ အလုပ်ဝင်လုပ်နေကြရတယ်
လူကြီးအလုပ်သမားတွေအတွက်လည်း စိတ်ချလုံခြုံတဲ့ လုပ်ငန်းခွင်ဆိုတာ နည်းနေသေးတယ်
တော်တော်များများလုပ်ငန်းခွင်တွေဟာ
မီးစင်ကြည့်ကလုပ်ငန်းခွင်တွေသာ. . . .
ရင်မောစရာပါ. . .
😥
ကိုပေါက်(မန္တလေး)
June 22, 2014 at 2:01 pm
ရင်မောစ ရာ တွေ က နေ
ရင် နာ စ ရာ တွေဖြစ်လာ ပါတယ် အလင်းဆက်ရေ
kyeemite
June 21, 2014 at 10:04 am
အင်း..ရင်မောစရာပါပဲကိုပေါက်ရေ…ကိုမင်း ခန့် ကျော်ပြောတဲ့အတိုင်းပါပဲ
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဥပဒေပြဋ္ဌာန်းထားတာရှိပါတယ်
“၁၉၅၁ခုနှစ် အလုပ်ရုံများအက်ဥပဒေ” ပါ..ခေတ်မမှီတော့ပါဘူး…အခုတော့
ပြန်ပြင်ဆွဲဖို့လုပ်နေပါတယ်…ဘယ်တော့မှပီးမယ်မသိ..
ကျနော်လက်လှမ်းမှီသလောက်တော့ Safety for Construction Works ဥပဒေတော့
ခုထိမရှိသေးပါဘူး…..ရှိတဲ့ ဥပဒေအဟောင်းအမျင်းလေးကိုတောင် လိုက်လံစည်းကြပ်ဖို့ ဝန်ထမ်းအလုံအလောက်မရှိပါဘူး….ကျနော့လိုထွက်ကုန်ကြလို့ပါ :mrgreenn:
ဒါပေမဲ့ အခုရန်ကုန်မှာလုပ်နေတဲ့ ဆောက်လုပ်ရေးကုမ်ပဏီ တော်တော်များများကတော့
နိုင်ငံတကာအဆင့်မမှီတောင် Safety ကိုတော်တော်ဂရုစိုက်လာတာတွေ့ရပါတယ်…
ကိုပေါက်(မန္တလေး)
June 22, 2014 at 2:13 pm
ဥပဒေ သည် စာအုပ် အတွင်းသာရှိ ပြီး သကာ လ
အမူ့ အခင်း တစ် ခု ဖြစ ်လာ သောအ ခါ
မှားေ သာဘက်မှ နေသူ များ
ဥပ ဒေ ၏ ဟာ ကွက် ကို အသုံး ပြု ၍
လွတ်လမ်း ရှာ ကြ ပ ါသည်။
Ma Ma
June 21, 2014 at 4:34 pm
ကျမတစ်ခါကလည်း မန့်ဖူးတယ်။
မြန်မာပြည်မှာ အသက်တစ်ချောင်းရဲ့တန်ဖိုးက နည်းနေသလိုပဲ။ 🙁
ကိုပေါက်(မန္တလေး)
June 22, 2014 at 2:16 pm
မမ ရေ
လူ တစ် ယောက် ရဲ့ အသက် တစ် ချောင်း က
ညှိနိုင်တဲ့ အပေါ် မူ တည် ပြီး အတိုး အလျော့ လုပ် လို့ ရ သလို ဖြစ ်နေပါ တယ်။
ဇီဇီ
June 21, 2014 at 6:28 pm
ဟုတ်တယ်။
မလုံခြုံကြေးဆို တကယ် အလုပ်လုပ်ရတဲ့ အောက်ခြေလူတန်းစားတွေကမလုံခြုံဆုံးပဲ။
လုပ်ငန်းခွင်လုံခြုံရေး ဆိုတာ စာအုပ်အနေနဲ့ရော ရှိသေးရဲ့လားမသိ။
ကျနော့ ဘိုးတော် အခု ရန်ကုန်မှာ အလုပ်လုပ်ချင်နေတာ။
ကျနော့ ဘာလာပြောတုန်းဆို ပုဆိုးတို့ ညှပ်ဖိနပ်တို့နဲ့ အလုပ်သမားမလိုချင်ဘူးတဲ့။
ပြောလိုက်တယ်။
အဲဒါဆို ကိုယ့် အလုပ်သမားနဲ့ကို ဝတ်စုံပြည့်ဆင်ပြီး လေယာဉ်နဲ့ ပို့လိုက်လို့။
😥
ကိုပေါက်(မန္တလေး)
June 22, 2014 at 2:26 pm
တကယ် ပြော ကြေး ဆို ရင ်ဝန်ထမ်းအ တွက် ဝတ် စုံ ထုတ်ပေးရင်လဲ လုံ လောက်အောင်ထုတ်မပေး။
ပေးပြန်ရင်လဲ ဝန်ထမ်း က တစ်ဝက်စိုက်ရ တယ် ဆို တော့ ကာ
…………………………………
ဖြူ ဖြူ
June 22, 2014 at 9:06 am
အဆင့်မမီခဲ့တဲ့ ပညာရေးကြောင့်
ကိုယ့်အသက်ကိုယ် ကာကွယ်ဖို့တောင်
လုံလောက်တဲ့အသိဉာဏ် မရှိနိုင်ကြတော့ဘူး….
အောက်ခြေလူတန်းစားတွေက မသိလို့
မကာကွယ် နိုင်ဘူးဆိုရင်တောင်မှ
အဲ့ဒီနေရာက အသိဉာဏ်ရှိနေတဲ့သူ တွေက
ကာကွယ်ဖို့ လုပ်ပေးသင့်တယ်.. အကြံပေးသင့်တယ်…
ကိုပေါက်(မန္တလေး)
June 22, 2014 at 2:27 pm
အဆင့် မမီ တဲ့ ပညာရေး ကြောင့် လို့ ဆို တာ မမှား ပေ မယ့်
တိ ကျ သော ဥ ပ ဒေ
တိကျသောအာမခံ စံ နစ်
တိကျ သော လုပ်ငန်းခွင်စည်း ကမ်း မ ရှိ လို့ ဆို ရင် ပို မှန် ပါ မယ်
Foreign Resident
June 22, 2014 at 10:39 am
လက်ရှိ ကိုယ်တွေ ကိုယ်တိုင် ကလည်း ၊
Safety ကို အရမ်းဦးစားပေးတဲ့ လုပ်ငန်းခွင်မှာ လုပ်နေသူဆိုတော့ ၊
နဲနဲ ဝင်ပြောလိုက်ပါဦးမယ် ။
၁ ။ ပထမ အဓိက အချက်က ၊ မြန်မာ လူမျိုးတွေကလည်း ၊
အဲဒီ Personal Safety Equipment တွေ ထုတ်ပေးရင်တောင် ၊
( သေခါမှ သေရော ဆိုပြီး ) မ ဝတ်ချင်ကြဘူးဗျ ။
အဲဒါက သူသူ ကိုယ်ကိုယ် ပါဘဲ ။
၂ ။ အဲဒီတော့ကာ အစိုးရ / အာဏာပိုင် က ၊ မဝတ်မနေရ ဆိုပြီး ၊
အမိန့် / ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးရမယ်ဗျ ။
၃ ။ အဲဒီ အမိန့် / ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာအောင် ၊
အစိုးရ / အာဏာပိုင် က တင်းတင်းကျပ်ကျပ် စစ်ဆေးရမယ်ဗျ ။
၄ ။ အကောင်းဆုံး နည်းကတော့ ၊ လူ အသက် ပစ္စည်း လုပ်ငန်း စသဖြင့်သော ၊
Insurance အာမခံ တွေကို ၊ မထား မနေရဆိုပြီး ထားခိုင်းလိုက်ပါဗျာ ။
အဲဒီအခါကျရင် Insurance အာမခံ ကုမ္ပဏီ တွေက လိုက်စစ် / ကျပ် ပါလိမ့်မယ် ။
ကိုပေါက်(မန္တလေး)
June 22, 2014 at 2:40 pm
တကယ်လို့ အာမခံ လုပ်ငန်းတွေက ပုဂ္ဂလိက လက် ထဲ ရောက်
သူတို့ကလဲ တိကျ မှန် ကန် မြန်ဆန် အောင်လုပ်ပေးရင် ]
ပြည်သူကလဲအာမခံ လုပ် ငန်း ကို ယုံ ကြည် လာ မယ် ဆို ရင်
ကိုဖော ပြော သလို ဖြစ ်လာ မှာ ပါ
အရီးခင်
June 22, 2014 at 2:50 pm
ပုံတွေကြည့်ပြီး အသည်းယား လိုက်တာ ကပေါက်ကြီး။
ဒီမှာတော့ လူ့တစ်ရပ် ကျော်တဲ့ နေရာအမြင့်တက် ရမယ် ဆိုရင်တောင်မှ သံငြမ်း ကြီး တွေ ဆင်၊ အောက်မှာ လေအိပ်ကြီး တွေ ထားပြီး အလုပ်လုပ်ပါတယ်။
အကြံပု ရရင်တော့ ဟိုအပေါ် က ဟိုဘက်မှာ ရန်ဖြစ်ခဲ့တဲ့ လူကြီး အကြံ အတိုင်းပါဘဲ။
ကိုပေါက်(မန္တလေး)
June 22, 2014 at 3:21 pm
ကျနော်က လဲ ရန် ဖစ် နေတ ဲ့ လူ ကြီး နဲ့ ဒီ နေရာ မှာ သဘော တူ ပါတယ် ဗျိုး
ကိုပေါက်(မန္တလေး)
June 23, 2014 at 2:06 pm
လွန်ခဲ့သော သုံးနှစ်လောက်ကပေါ့။ လုပ်ငန်းခွင်မှာ မတော်တဆဖြစ်ပြီ း ကွယ်လွန်သွားတဲ့ အိမ်တစ်အိမ်ကို ဂရုဏာကြေး ပေးတဲ့ အဖွဲ့ နဲ့ ကျနော် ပါ သွားပါတယ်။ အကျုးိအကြောင်းပြော ပြီး ငွေ တွေကို သူ့ မိသားစုကိုအပ်လိုက်တဲ့ အခါ ကွယ်လွန် သူရဲ့ ဇနီး က ” သူ တော် ကောင်းကြီး ရဲ့ ထ ကြည့် ပါအုံး တော့၊ သေ တဲ့ အထိ ကျုပ်တို့ ကို လုပ်ကျွေး သွား တဲ့ ကျေး ဇူး ရှင် ကြီး ရဲ့ ” လို့ အော် အော် ငို တော့ သား သမီးတွေလဲ ဝိုင်း ငို ကြ ၊နာ ရေး လာ မေး သူ တွေ လဲ မျက်ရည် ကျ ။ တကယ့် ကို ကြေ ကွဲ ဝမ်း နည်း စ ရာ မြင် ကွင်း ပါ။ ကျနော်ကိုယ်တိုင်လဲ အတော်လေးကို ဝမ်း နည်း မိ ပါ တယ်။ မလုံခြုံ သော ဘ ဝ တခု ရဲ့ဖြစ် ရပ ်မှန် လေး ပါ။