Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းမယူရန် အသက် အပိုင်းအခြား

Mee WahJune 23, 20141min40810

10444536_10203231809349372_2091962418065483584_n
အသက် ၁၈နှစ် နှင့် အောက် (ဝေလီဝေလင်းဈေး)
=================================
သူကတော့ မနက် ၅ နာရီလောက် ဈေးသွားဝယ်ရသလိုပါပဲ။ အဲဒီအချိန်မှာ ဈေးသွားဆစ်လို့မရပါဘူး။ ရောင်းတဲ့လူက ကြိုက်ဈေးရမှ ရောင်းပါမယ်။ ဒါပေမယ့် အရမ်းကို လတ်ဆတ်တာတွေကို စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။

အသက် ၂ဝ (မနက်ခင်းဈေး) [လူစည်စအချိန်]
===============================
ဒီအချိန်ကတော့ မနက် ၆ နာရီ အချိန်လောက်ပါ။ စောစောစီးစီးဈေးထဝယ်ထားတဲ့ လူတချို့ကြောင့် အကောင်းတကာ့ အကောင်းဆုံးတွေ ပါသွားတာကလွဲလို့ ကျန်တာတွေအကုန်လုံး အကောင်းတွေပါပဲ။ ဒီအချိန်မှာ ဈေးစဆစ်လို့ ရပါပြီ။

အသက် ၂၅ ဝန်းကျင် (မနက်ခင်းဈေး) [လူစကွဲချိန်]
==================================
အချိန်အားဖြင့် မနက် ၈ နာရီလောက်ရှိပါပြီ။ ဝေလီဝေလင်းထဝယ်ထားတဲ့ လူတချို့ရယ်၊ ဈေးစည်စအချိန်မှာ ဝယ်ထားတဲ့ လူတွေရယ်ကြောင့် တော်တော်များများက ရွေးကျန်တွေဖြစ်ကုန်ပါပြီ။ ဒါပေမယ့် မျက်စိလျှမ်းတတ်တဲ့လူတွေကြောင့် ကောင်းတာလေးတွေ ရှိနေပါသေးတယ်။ အသေအချာလေးတော့ ရွေးဝယ်ဖို့ လိုနေပါပြီ။

အသက် ၂ရ ဝန်းကျင် (နေ့လယ်ဈေး)
=========================
ဒီအချိန်မှာတော့ မနက်ပိုင်းကကျန်ထားတာတွေကို စတင်ပြင်ဆင်ဖို့ လုပ်နေရပါပြီ။ ဥပမာ အစည်းပြေနေတာတွေကို ပြန်စည်းမယ်၊ မကောင်းတဲ့ အပိုင်းတွေကို ဖယ်ထုတ်မယ့် ရှင်းလင်းပွဲကြီး စတဲ့အချိန်ပေါ့ခင်ဗျာ။ ဒီအချိန်ကတော့ ရောင်းသူ၊ဝယ်သူ နှစ်ဦးညှိနှိုင်းပြီး ရောင်းလို့ ဝယ်လို့ ရပြီပေါ့ဗျာ။ အချိန်အားဖြင့်တော့ နေ့လယ် ၁၁ နာရီခန့်ရှိပါပြီ။

အသက် ၂၉ ဝန်းကျင် (ညနေစောင်းဈေး)
============================
ဒီအချိန်မတော့ မနက်ဈေးမှာ ဈေးကြီးလို့ မဝယ်လိုက်ရတဲ့လူတွေက နောက်တကျော့ ပြန်လာဝယ်တဲ့ အချိန်ပါ။ ဈေးဆစ်တဲ့လူက ကြိုက်တဲ့ဈေးကို စဆစ်နေပါပြီ။ ဒီအချိန်က ညနေ ၃ နာရီခန့်ပေါ့။ ဒီအချိန်မှာ လတ်ဆတ်အောင်လို့ ရေဖြန်း၊ရေတောက်တာတွေကို လုပ်ထားရပါပြီ။

အသက် ၃ဝ ဝန်းကျင် (ညဈေး)
=====================
အခုဆို ညနေ ၅ နာရီခန့်လောက်ပေါ့ဗျာ။ ဝယ်မယ့်လူက သိပ်တောင် မဆစ်ရသေးဘူး၊ ရောင်းမယ့်လူက တအားလျှော့ချင်နေပါပြီ။ ဝယ်မယ်သာဆိုရင် ရောင်းသူက အဆစ်ကလေးပါ ပေးနေပြီခင်ဗျ။

အသက် ၃ဝနှစ် နှင့် အထက် (မီးခွက်ဈေး)
============================
ဒီအချိန်က ည ရ နာရီဝန်းကျင်။ ဒီအချိန်က စိတ်ဝင်စားစရာ အကောင်းဆုံးဗျ။ မှောင်နေပြီဆိုတော့ ရောင်းသူက မြင်ရဖို့ မီးအိမ်လေးထွန်းပြီးတော့ပေါ့။ ဝယ်တဲ့လူကလည်း မသဲမကွဲနဲ့ဆိုတော့ မတန်တဆဈေးဆစ်နေပြီပေါ့ဗျာ။
ရောင်းတဲ့လူက တချက်လောက်မူလိုက်ရင်ပဲ ဝယ်သူက ချာကနဲလှည့်ထွက်လာပါပြီ။ နောက်မှ ဝယ်သူကို ဈေးလည်းလျှော့ပေးပါ့မယ် အပိုလည်းပေးပါ့မယ်ဆိုပြီး ပြန်ခေါ်နေရတာလည်း ဒီအချိန်ပေါ့ဗျာ။

Just For Fun

Translated By Phoe Thu Taw

10 comments

  • alinsett (gazette)

    June 23, 2014 at 10:34 am

    ဘာလိုလိုနဲ့ ငါလည်း ၁၁ နာရီလောက် ရှိနေပြီပဲ

    :mrgreen:

  • ROssI

    June 23, 2014 at 11:00 am

    အဲ …အာ့ မိန်းကလေးတေ ရဲ့ အသက်ကိုရေးတာမလား ဟင်င်င်

    ဘယ်အရွယ် မိန်းကလေးက ဘယ်ဈေးနဲ့ တူတယ်ဆိုတာ

    အာ့ ..ဟိုအပေါ်က ဆပ်စလူး နတ်ပူး ဆက်ဆက် က ဘယ့်နှယ့် သူ့အသက် လာကြေငြာသွားတာတုန်း…..

    :mrgreen:

    • alinsett (gazette)

      June 23, 2014 at 11:41 am

      ဘာပြောရမှန်းမသိလို့ အဲ့ဒါပဲ ပြောထည့်လိုက်တာဟ
      ၁၁ နာရီလောက် ဆော်လေးတစ်ယောက် ရှာဖို့ ပြေးပြီ။

      🙂

      မနက်အစောဆုံးလေး ရလည်း ဆိုးပါဘူး။

      :mrgreen:

  • kyeemite

    June 23, 2014 at 11:26 am

    ကျုပ်တုန်းကတော့..“မီးခွက်ဈေး” ကဝယ်ခဲ့တယ်..ဒါပေမဲ့ အလတ်ကြီးပါဗျာ 😀

  • TNA

    June 23, 2014 at 11:41 am

    ဟယ် သုံးဆယ်ကျော်ရင်မီးခွက်ဈေးဆိုတော့ လေးဆယ်ကျော်ရင် သန်းခေါင်ယံဈေးလားဟင်။ အရဂါးပေးရမာလား။ :mrgreen:

    • ခင် ခ

      June 23, 2014 at 12:22 pm

      လေးဆယ်ကျော်ရင် ကေတီဗွီ ဈေးလောက်တော့ ထားပါ မသဲရယ်။ သန်းခေါင်ယံဈေးတော့ မပို့နဲ့အုံးပေါ့။

  • Judas Empress

    June 23, 2014 at 1:06 pm

    လူပျို ဂျီး တွေ ဆင်ခြင်လို့ရအောင်ပါ….ရတာလိုပီး လိုတာရကြပါစေ….:P

  • ဇီဇီ

    June 23, 2014 at 1:48 pm

    မိန်းမကို ယူရမဲ့ ယောက်ကျားရဲ့ အသက်လားးးး
    ယူရမဲ့ မိန်းမရဲ့ အသက်လားးး
    မိန်းမ အယူခံရမဲ့ ယောက်ကျားရဲ့ အသက်လားး

    :mrgreen:

  • Judas Empress

    June 23, 2014 at 2:08 pm

    ယောကျာ်းအယူခံရမယ့် မိန်းမတွေရဲ့အသက်ပါ…

  • Mr. MarGa

    June 23, 2014 at 3:40 pm

    အင်းးးး မိဖုရားလေးပါးကို တွက်ကြည့်ဦးမှ

Leave a Reply