ဂျေဒိုးနပ်
ည နီယွန်မီးတွေက တလက်လက် တောက်လို့ ။ မီးရောင်အောက်မှာလည်း လူတချို ့ ခပ်သွက်သွက်လျှောက်လို့ ။ သူတို့ ရဲ့ ခြေလှမ်းတွေက တနေကုန် ရုန်းထားရတဲ့ ခန္ဓာကို မသယ်ချင့်သယ်ချင်နဲ့ `စံပြဈေးကို.. .စံပြဈေးကို… တောင်ပိုင်း …တောင်ပိုင်း ´ တဲ့နေတိုင်း ဒီအော်သံတွေက ရိုးလို့နေပြီလေ ။ အိမ်ပြန်ဖို့ သုတ်သုတ် သုတ်သုတ် သွားနေတဲ့ လူတွေ ကို တွေ့တော့ ကျွန်တော်လည်း အိမ်ပြန်ဖို့ သတိရသွားတယ် ။ ဒါပေမယ့် ပြန်လို့ မဖြစ် သေး ဘူးလေ။လူတွေက ကြပ် တည်းနေပြီ ဆိုတာ သိပ်မှန်တာပေါ့ ။ အရင်က ဆို ဒီအချိန်ဆိုရင် ၂၅၀ဝ ၊ ၃၀၀ဝ လောက် ရနေတတ်တာ ။ ခုတော့ လွယ်အိတ်ထဲမှာ ၄၅ဝ ပဲရှိသေးတယ် ။ ပြန်ရင် ကားခက ၁၅ဝ ဆိုတော့ အိမ်ရောက်ရင် ၃၀ဝ ပဲကျန်တော့မှာလေ။ ကျွန်တော်ပြန်လာမှ ချက်ဖို့ ဆန်ဝယ်ရမယ့် ကျွန်တော့် မိန်းမ ဒုက္ခတွေ ့နေရော့မယ် ။ ကျွန်တော်စဉ်းစားနေတုန်းပဲ ရွှေနန်းတော် ကြေးအိုးဆိုင်ပိုင်ရှင် ထွက်လာတယ် ။ ကျွန်တော်ကို တွေ့တော့ `ဟေ့ကောင် ရော့ ၂၀ဝ နောက်ဖေးက အိမ်သာကို ပြောင်အောင်တိုက် ပြီးရင် ငါ့သမီးဆီကနေ အ ကျန်တွေ တောင်းသွား ´ လို ့ပြောပြီး ထွက်သွားတယ် ။ ကျွန်တော်လေ ဝမ်းသာလိုက်တာများ ပြောလို့တောင်မရ ဘူး ။ ဒီနေ့ညစာတော့ စိတ်မပူရတော့ဘူးလေ ။ ကျွန်တော် အားရဝမ်းသာနဲ့ ဆိုင်နောက်က အိမ်သာကို သွားဆေးပေးလိုက်တယ် ။ ဆိုင်ရှင်သမီးလေး ကလည်း သဘောကောင်းပါ့ ဗျာ ။ သူ့နာမည်က နန်းညီဆိုလားပဲ ။ ကျွန်တော့်ကို ထည့်ပေးလိုက်တာတွေများ အများကြီးပဲ။ သူ့အကို တစ်ယောက်လည်းရှိသေးတယ် ။ တစ်ချိန်လုံး မူးရူးနေတာ ။ ကျွန်တော့်ကိုတွေ့ရင် သူ့ခွေးကြီးနဲ ့ရှုးရှုး တိုက်နေကြပဲ ။ သူ့ခွေးနာမည်က ဘရိတ်ကီဆိုလား ၊ ဘရောနီ ဆိုလားပဲ ။ အကောင်ကြီးပြီး အချိန်မစီးတဲ့ကောင် ကြီး ၊ သခင်ရှေ ့မှာသာ ပြူးတူးပြဲတဲနဲ ့ ကွယ်ရာရောက်ရင် ကျွန်တော်ကျွေးတဲ ့ထန်လျှက်ခဲတွေစားစားနေတာ ။ ဒါကြောင့်လည်း ကျွန်တော့်ကို မကိုက်တာပေါ့ ။ ၁ဝ နာရီတောင်ခွဲနေပြီ ။ ကျွန်တော် ပြန်ရဦးမယ် ။ ကျွန်တော် ၅၆ ပေါ်တက်လိုက်တော့ လူတွေက ကျွန်တော့်လက်ကို ရွံသလိုလို ကြည့်တယ် ။ ကျွန်တော်ကလည်း ကျွန်တော် ပဲ လက်က ပတ်တီးကို ဖြေဖို့မေ့နေတာကိုး ။ ဟုတ်တော့လည်း ဟုတ်တယ် ကျွန်တော့်လက် က ယင်ကောင် တ လောင်းလောင်းနဲ့ ။ ယင်ကောင် တလောင်းလောင်း ဖြစ်အောင်လည်း ထန်လျှက်ရည်တွေ ပတ်တီးမှာ ဆွတ်ထား တာလေ ။ ဘာလည်း ဘာလို့ ဆွတ်ထားလည်း မေးမလို့လား ။ ခင်ဗျားတို့ မသိလို့ ကျွန်တော်တို့ စားနေရတာပေါ့။ ကိုယ်ပျက်နေတယ်ထင်အောင်လေဗျာ ။ ဒါမှ လူတွေကသနားတာဗျ ။ ခုခေတ်က လင်ကော မယားကော အလုပ်လုပ်မှ အဆင်ပြေတာဗျနော် ။ ခင်ဗျား မိန်းမကော ဘာလုပ်တုန်း ။ ဆောရီးဗျာ ခင်ဗျား လူပျိုဆိုတာမေ့သွားလို့ ။ ကျွန်တော့်မိန်းမ ကလေးမွေးပြီးခါစက ကလေးနဲ့ သူထွက်ထွက် တောင်းတယ် ။ ကလေးလည်း ကြီးလာရော သူတောင်းရတာ မလွယ်တော့ဘူးလေ ။ ဘေးအိမ်က အမျိုးသမီးက သူ့ကလေးကို တစ်ရက် ၂၀၀ဝ နဲ့ ငှားတယ်ဗျ ။ သူကလေးက သုံးလ လောက်တောင်ရှိပြီဆိုတော့ ဈေးနည်းသွား တာဗျ ။ ရက်သားဆိုရင် ၄၀၀ဝ ၊ ၅၀၀ဝ ပေးရတယ်ဗျ ။ ဒီနေ့နေမကောင်းတော့ သူမထွက်နိုင်ဘူးလေ ။ ဒါပေမယ့် ကလေးငှားခတော့ ပေးနေရတာပဲ ။ အာ….ခင်ဗျားကလည်း မပေးလို့ရမလား ။ မပေးရင် သူက တစ်ခြားတစ်ယောက်ကို ငှားလိုက်မှာပေါ့ ။ ဒါကတော့ ဈေးကွက်စီးပွားရေးလေဗျာ ။ အိမ်ပြန်ရောက်တော့ မိန်းမက အိပ်ယာထဲကနေ `အဆင်ပြေရဲ့လား´ လို့ လှမ်းမေးတယ် ။ ကျွန်တော်ပြောဖို့ စကားမရှိဘူး ။ အိတ်ထဲ မှာ ၅၀ဝ ပဲရှိတာကို ကမန်တော် ပြောမထွက်ဘူး ။ ကျွန်တော်လေ အဲ့ဒီ ညက အိမ် ကွပ် ပျစ်မှာ ဆေးလိပ်လေးဖွာပြီး ဈေးအမှိုက်ပုံက ကောက်လာတဲ့ ဂျေဒိုးနပ် ဘူးခွံလေးကို ကြည့်ရင်း `ဒါမျိုးလေးကို ဘယ်တော့များစားနိုင်မလဲလို့´ ကိုယ့်ဖာသာမေးနေမိတယ်ဗျာ ။
Dre@ms of Ƴin Иyo
မှ တဆင့်ပြန်လည်ဖော်ပြပါသည်
4 comments
winne
August 12, 2010 at 11:52 am
ဇတ်လမ်းကလည်း ဆက်ရန် ရှိသေးလား။ တိုးလို့ တန်းလန်းကြီး များ ဖြစ်နေလား
khinmintatthu
August 12, 2010 at 11:39 pm
ဆက်ရန်ရှိသေးလောက်တယ်…
etone
August 13, 2010 at 7:28 am
ဘာဆက်ရန်ကိုမျှော်နေကြတာတုန်းကွ ။
ဇာတ်လမ်းက ဒါပဲလေ ။ တောင်းစားတဲ့လူရဲ့ တနေ့တာကိုပြတာပေါ့ ။
mgyinnyo
August 13, 2010 at 2:21 pm
ဟုတ်ပါတယ်
ဒါပါပဲ ဆက်ရန်မရှိပါ