သရက်ဂူ
♣ ♣ ♣ ♣ ♣ ♣ ♣
မိုးကား မစဲ။ သည်းသည်းမဲမဲ ရွာနေသည်။ လျှပ်စီးများလည်း မည်းမည်းမှောင်နေသော ကောင်းကင်ယံတွင် ဝင်းကနဲ လက်ခနဲ။ မိုးရေပေါက်များ သည်လည်း သွပ်မိုးများ ပေါက်သွားမတတ် တဝုန်းဝုန်း တဒိုင်းဒိုင်း ရိုက်ခတ်နေလေသည်။ ဤသို့သော မိုးညမျိုးတွင် မည်သူ အိမ်အပြင် ထွက်ချင်ပါမည်နည်း။
သို့တစေ ကိုကြိုး ဆိုသူ လူတစ်ယောက် အတွက်မူကား အိမ်ပြင် ထွက်ရုံသာ မဟုတ်၊ ၁၅ မိုင်ခန့် ဝေးကွာသော အိမ်ဆီသို့ ပြန်ရပေဦးမည်။
အိမ်အပြန် လမ်းသည်လည်း လျှပ်စစ်မီးများ ထိန်ထိန်ဝင်းနေသော လမ်းမများအား ဖြတ်သန်းသွားရမည် မဟုတ်။ မည်းမှောင်နေသော တောလမ်းအား ဖြတ်သန်းသွားရပေမည်။
မိုး စဲနိုးစဲနိုးဖြင့် အဝေးပြေး လမ်းမကြီးနံဘေး ဇရပ်ကြီးပေါ်တွင် အခြားသော ရွာသားများနှင့် အတူ စောင့်မျှော်နေခဲ့သော်လည်း မိုးကား မစဲ၊ ပို၍သာ သည်းလာသည်။
♣ ♣ ♣ ♣ ♣ ♣ ♣
ညကား ၉ နာရီအချိန်သို့ ဆိုက်ရောက် လာခဲ့ပြီ ဖြစ်၏။ ည ၆ နာရီကျော်ခန့်မှ ရွာသွန်းနေသော မိုးသည် သည်း၍ ကောင်းနေဆဲပင် ဖြစ်၏။ နောက်ဆုံး မထူတော့ပြီမို့ ကိုကြိုးလည်း အိမ်ပြန်ရန် ဟန်ပြင်ရတော့၏။
သာမာန် အချိန်များ၌ ၂နာရီခန့်သာ ရှိသော ဆိုင်ကယ်ခရီးလမ်းကား မိုး၏ အရှိန်ကြောင့် နှစ်ဆတိုး၍ သွားနိုင်ပေသည်။ သို့ဆိုလျှင် နာရီပြန် ၁ ချက်တီးကာမှ အိမ်သို့ ပြန်ရောက်ပေလိမ့်မည်။ မည်သို့ဖြစ်စေ မိခင်အတွက် ဝယ်ယူခဲ့သော ဆေးဝါးများ အချိန်မှီ ရောက်ရန် အရေးကြီး၏။
ကိုကြိုး ကဲ့သို့ပင် တယ်ကုန်း ရွာသား ၄ ယောက်မှာလည်း ရွာပြန်ရန် ဟန်ပြင်နေကြ၏။ တယ်ကုန်းနှင့် ကိုကြိုး၏ရွာ ဖြစ်သော ညိုမြရွာမှာ အင်းတောက် လမ်းခွဲထိ တစ်ခရီးတည်း ဖြစ်လေသည်။ အင်းတောက် လမ်းခွဲနှင့် ညိုမြရွာကား ၃ မိုင် ခရီး ဖြစ်လေ၏။
ကိုကြိုးတစ်ယောက် မိခင်အတွက် ဝယ်ယူလာသော ဆေးဝါးများအား ရေမစိုစေရန် ပလတ်စတစ်နှင့် အထပ်ထပ် ထုပ်ပိုးပြီးနောက် ၎င်းကိုယ်တိုင်ကမူ စာလာအိတ်အား ခေါင်းစွပ်သဖွယ် ပြုလျှက် ဆိုင်ကယ်စက်နိုးကာ အိမ်အပြန်ခရီးအား မိုးမှောင်အတွင်း စတင် တိုးဝင်လိုက်၏။
ရွာသား ၄ ယောက်လည်း ကိုကြိုးနှင့် မရှေးမနှောင်းတွင်ပင် ထွက်ခွာ လာခဲ့သည်။ ဆိုင်ကယ် ရှေ့မီး၏ အလင်းတန်းအောက်တွင် မိုးရေစက်များကား အဆက်မပြတ် ကျဆင်းနေလျှက်။
♣ ♣ ♣ ♣ ♣ ♣ ♣
ဟိုးရှေးကခင်က ဖုန်တထောင်းထောင်း ထနေခဲ့သော လမ်းသည် လူအများ သွားလာဖန် သွားလေသောအခါ တစ်စထက် တစ်စ မာကျော၍ လာခဲ့ပြီးနောက် ယခုကဲ့သို့ မိုးရေ သွန်းဖြိုးပြန်သောအခါ မူကား မြေမာ လမ်းမှ မြေချော်လမ်း အဖြစ်သို့ ရောက်ရှိခဲ့ပြန်သည်။
စိတ်ရှိတိုင်း ဆိုင်ကယ် လီဗာကို နင်းသွား၍ မရ။ လမ်းချော နေသောကြောင့် သတိကြီးစွာ ထား၍ စီးနင်း နေရလေသည်။ ယင်းသို့ သတိထား၍ စီးနေသည့် ကြားမှပင် တစ်ချက်တစ်ချက် ဘီးချော်သွားတတ်သေး၏။
ဆိုင်ကယ် သုံးစီး အင်းတောက် လမ်းခွဲသို့ အရောက်တွင် ည သန်းခေါင်ချိန် တိုင်ခဲ့လေပြီ ဖြစ်သည်။ အင်းတောက်လမ်းခွဲ တွင် ဆိုင်ကယ်များအား ခတ္ထေခဏ ရပ်နားကာ ဇရပ်ပေါ်၌ တက်ရောက် နားခိုကြလေသည်။
တယ်ကုန်း ရွာသားများမှ ကိုကြိုးအား ၎င်းတို့ ရွာသို့ လိုက်ခဲ့ပါရန် ခေါ်သော်လည်း ကိုကြိုးမှာ မိခင် ကျန်းမာရေး အတွက် အရေးကြီးကြောင်း၊ ယင်းကြောင့် ရွာသို့သာ ပြန်ရမည် ဖြစ်ကြောင်း၊ ရှေ့တွင် ၃ မိုင်ခန့်သာ ဝေးတော့ကြောင်း ပြောဆိုလေ၏။
♣ ♣ ♣ ♣ ♣ ♣ ♣
အင်းတောက်လမ်းခွဲနှင့် ညိုမြရွာ အကြားတွင် အင်မတန် ဆိုးသွမ်းလှသည်ဟု လူတို့၏ ပါးစပ်ဖျားတွင် နာမည်ကြီးလှသော သရက်ဂူ ရှိလေသည်။ သရက်ဂူ ဆိုသည်မှာကား သရက်ပင်ကြီး တစ်ပင်၏ အောက်တွင် တည်ထားသော အုတ်ဂူတစ်လုံး ဖြစ်လေ၏။ ယင်း သရက်ပင်ကြီးသည် လမ်းမ၏ နံဘေးတွင်ပင် ရှိလေသည်။
ယင်းနေရာ အနီးမှ လူသူပြတ်လပ်သော အချိန်များတွင် တစ်ယောက်စ၊ နှစ်ယောက်စ ဖြတ်သန်း သွားလာဝံ့သူ ဟူ၍ မရှိလောက်အောင်ပင် အခြောက်အလန့် ကြီးလှသည်ဟု သတင်းထွက်၏။ ယခုကဲ့သို့ ညဉ့်နက် သန်းခေါင် အချိန်တွင်မူ သာမန် လူသားတစ်ယောက် အဖို့ မည်သို့ ဖြတ်သွားဝံ့ပါမည်နည်း။
ယင်းအကြောင်းအား သိသော တယ်ကုန်း ရွာသားများမှ ကိုကြိုးအား ၎င်းတို့ ရွာဆီသို့ လိုက်ပါ၍ အိပ်စက်ပြီး မနက်မိုးသောက်ကျမှ ညိုမြရွာသို့ ပြန်ရန် ပြောနေခြင်း ဖြစ်လေသည်။ ကိုကြိုးမှာမူ သရဲတစ္ဆေအား ကြောက်လန့်တတ်သူ မဟုတ်သည့်အပြင် ယခုလို အရေးကြီးနေသော အချိန်တွင် မည်သို့သော အတားအဆီးတွင် ရှိနေပါစေ သွားရမည့်လမ်းအား မဖြစ်ဖြစ်အောင် သွားမည့်လူစား ဖြစ်ချေ၏။
နောက်ဆုံးတွင် တယ်ကုန်း ရွာသား လေးယောက်မှာလည်း ကိုကြိုးအား “သတိထား၍ သွားပါ နောင်ကြီး” ဟူ၍သာ သတိပေး၍ ၎င်းတို့ ခရီးအား ဆက်လက် ထွက်ခွာ သွားကြလေသည်။ ကိုကြိုးလည်း အင်းတောက် လမ်းခွဲမှ မိမိ၏ ဇာတိချက်မြေ ညိုမြရွာဆီသို့ ခရီးဆက်ခဲ့လေသည်။ မိုးသည်ကား မစဲသေးချေ။ သည်းသည်းမဲမဲ ရွာနေဆဲသာ ဖြစ်ချေ၏။
♣ ♣ ♣ ♣ ♣ ♣ ♣
By – မဟာရာဇာ အံစာတုံး
♣ ♣ ♣ ♣ ♣ ♣ ♣
20 comments
ဇီဇီ
July 10, 2014 at 9:15 am
အဲ သရက်ဂူမှာ သရက်သီးတွေ များဂျီးရှိလားဟမ်?
😀
မင်း ခန့် ကျော်
July 10, 2014 at 9:28 am
ဖတ်လို့ကောင်းနေတုန်း ဖြတ်ချလိုက်တာကိုးက
စွဲဆောင်မူ့ရှိတာ။
ဆက်မရေးတော့နဲ့ ကိုယ့်ဟာကို ဖြည့်တွေးကြပါစေ
Novy
July 10, 2014 at 9:58 am
ခြောက်မျက်နှာတို့ကလုပ်ပြန်ပြီ နောက်ဆက်တွဲမြန်မြန်ရေးနော်
marblecommet
July 10, 2014 at 10:12 am
အာ…..စောင့်နေရမှာလား
ဒါမှ မဟုတ် ပြီးပလား…..
…
ဟေ့လူရီး
ခင်ဗြားဝတ်လည်မယ်နော်……
ဗျဲ….
weiwei
July 10, 2014 at 10:14 am
အပိုင်း တစ် လို့ မရေးထားလို့ အညာမိပြီး ဖတ်ဖြစ်သွားတာ ..
kyeemite
July 10, 2014 at 11:41 am
နောက်တစ်ခါ လာပြန်ပဟေ့…ဟေ….ဟေ….ဝါး…ဟားဟား 😀
မဟာရာဇာ အံစာတုံး
July 10, 2014 at 2:19 pm
ဘာမွှ ပြောဒေါ့ဘူးနော် ..
ဟီး .. ဟီး .. ဟီး ..
သန်းကျူး …
Ma Ma
July 10, 2014 at 2:56 pm
ထို့ကြောင့်မဟာရာဂျာဟုခေါ်သည်။
ခင် ခ
July 11, 2014 at 1:24 am
၃ မိုင်သာဝေးတော့တဲ့ခရီးကျမှ ဘယ်နှစ်ရက်မောင်းအုံးမလို့လဲဟင်
kai
July 11, 2014 at 4:05 am
ကင်မရာယူသွားဖို့သတိပေးလိုက်ပါဦး..
အမေ့ဆေးဖိုးတင်မက.. အိမ်ဖိုးပါကျေမှာ…
ဦးဦးပါလေရာ
July 11, 2014 at 1:04 pm
သူများမြှောက်ပေးတိုင်း လျှောက်မလုပ်နဲ့…
သရဲ ဆိုတာ ကင်မရာနဲ့ရိုက်လို့ ပုံထင်ချင်မှထင်မှာ..
😀
ဦးကြောင်ကြီး
July 11, 2014 at 2:05 pm
ကိုကြိုး
မှိုမျို း
ဖိုထိုး
လိုအိုး..
alinsett (gazette)
July 12, 2014 at 10:05 am
မိုးကား မစဲ။ သည်းသည်းမဲမဲ ရွာနေသည်။ …နဲ ့… စပြီး..
မိုးသည်ကား မစဲသေးချေ။ သည်းသည်းမဲမဲ ရွာနေဆဲသာ ဖြစ်ချေ၏။…ဆိုပြီး.. ဆုံးထားတယ် ။
(ရေးဟန်ကလည်း.. မင်းသိင်္ခကြီးရဲ ့ ဘိုးအေ ခေတ်က..အရေးအသားကြီး ။ )
နောက်တစ်ပိုင်း မြန်မြန်ရေးပါဟ..
မြန်မြန်တင်ပါဟ…
နီ..တစ်သိန်းမြန်မြန်ပြည့်အောင်..အရင်က ကျန်ခဲ့တဲ ့အပိုင်းတွေတွေရော..
အခုကျန်နေတဲ့အပိုင်းတွေရော…
တင်ပါတော့လား..
black chaw
July 15, 2014 at 1:07 pm
အံစာ ကြီး မတွေ့တာ အတော်ကြာ…။
နေလို့ မှ ကောင်းရဲ့လား။
အချစ်ရေး ရော အဆင်ပြေရဲ့လား…။
အော်…စိုးရိမ်မိတာကို ပြောပါတယ်…။
ပို့စ်ကတော့ အခန်းဆက်လည်းမပြောပဲ တစ်ပိုင်းတစ်စနဲ့
ရပ်ထားတယ်လို့ သတင်းရလို့ ဖတ်ကို ဖတ်မကြည့်ခဲ့ဘူးဆိုတာ
ဝန်ခံသွားပါတယ်ဗျာ…။
မဟာရာဇာ အံစာတုံး
July 16, 2014 at 5:50 am
သဂျီး + ဦးပါ
ဟုတ်တယ် …
ဥဥပါ ပြောတာ ဟုတ်တယ်
သဂျီး မြှောက် မပေးပါနဲ့
ဟိုတစ်ခါလည်း ညဘက်ကြီး ဂူတွေဆီသွားပြီး ဒါ့ပုံ ရိုက်ပြီးပြီ
ဘာမှ ပါမလာဘူး ..
အဲ့ဒါ သရဲ ဆိုတာမျိုးဟာ ဒါ့ပုံထဲ မထင်လို့ဘဲ ဖြစ်မှာ …
============
+ အောင်မဲလင်း
ညီငေး …
ကိုဂျီးရဲ့ အရေးအသားတွေကို မနာလို မဖစ်နဲ့
ညီငေး ရေးတတ်ရင် ဂလို အခန်းဆက်တွေ ရေးလေ … ငိငိငိ
========
+ ဥဘလက်
နေလည်း ကောင်းဒယ်
အချစ်ရေးလည်း အိုစခေဘဲ
စိုးရိမ်မိတယ် ဆိုဒါဂျီးဒေါ့ နည်းနည်း လန့်တယ် …. ဟီးဟီး
=========
ပို့စ်ထဲ ကွန်မန့်ဝင်ပေးတဲ့လူဒွေ အားလုံးဘဲ ..
သန်းခရု ဘဲဒီးမက်ချ်
Crystalline
July 16, 2014 at 12:13 pm
ဘေးလိုင်းပေါ်တင်နေလို့ ဖွင့်မိတယ်..ဖွင့်မိတော့လည်း စာရေးသူနာမည်..ဇာတ်လမ်းကြည့်ကတည်းက အဲ့လိုထားခဲ့မယ်ဆိုတာလည်းသိတယ်.. သိပေမယ့်လည်းဖတ်သွားတယ်.. နှစ်ပေါက်နေတဲ့ အဆုံးမသတ်ပိုစ့်တွေကိုလည်း မမေ့သေးဘူးနော့ :p:
မဟာရာဇာ အံစာတုံး
July 16, 2014 at 12:51 pm
အိုက်ဒီပို့စ်တွေကို အဆုံးသတ်တော့မို့ .. ဟီးးး
ဒီမနက်ပဲ အဆုံးမသတ်ရသေးတဲ့ ပို့စ်တွေကို ကူးထားတယ်
အိုက်ဒါ တစ်ခုချင်း အဆုံးသတ်တော့မို့ …
လာပီး အားပေးအုံးနော် မမခွစ် … အဟီးးးး
အရီးခင်
July 16, 2014 at 2:29 pm
ဂယ်ကြီးလား။
မလာလို့ကတော့။
နောက်တာပါ။ :-))
အသံလေးပြန်မြင်ရတာ ဝမ်းသာပါတယ်။
ယနေ့Post ရဲ့ မူပိုင်ရှင်ရယ်။ တာဝန်လေး ဆက်ယူပါဦးလား။
ဦးကျောက်ခဲ
July 16, 2014 at 2:57 pm
အဲဂလို တန်းလန်းတွေမို့ ဝင်မဖတ် မမန့်ပဲထား ထားတာ…
ဆုံးအောင်ရေးမှ မန့်တော့မယ်… ဒါဘဲ
😀
မဟာရာဇာ အံစာတုံး
July 16, 2014 at 3:35 pm
ညင် …
အဲ့ဂလိုဂျီးလား ညင် ..
ဒါဆို နောက်ခါ တားတား ဆုံးအောင် ရေးဘာတော့မယ် ညင် …
======
အို .. အရီးရယ် …
ဒီလကုန်ရင် ယူမှာပေါ့လို့ …
ပြီးဂဲ့တဲ့ လ က …
အချိန်မမှီဒေါ့လို့ မသိခြင်ထောင် ထောင်လိုက်ဒါနော် ..
စိတ်ဆိုးနဲ့ …