“မရိုးနိုင်သော တစ်ညတာများ”

Nyo WinJuly 10, 20141min58626
အင်း တစ်နေ ့တာအလုပ်တော့ပြီးဆုံးသွားပြန်ပီ………….
အချိန်က ည၁၁ နာရီစွန်းစွန်းခန် ့..လက်ကနာရီရော ရုံးနံရံမှာချိတ်ထားတဲ့နာရီပါ ကြည့်စရာမလို….
မလိုဆို ဒီအတိုင်းနေ ့စဉ်စခန်းသွားနေရတာ တစ်နေ ့ တစ်လ တစ်နှစ်မှမဟုတ်ပဲကိုး…..
..ဝှူး ကနဲသက်ပြင်းမောတစ်ချက်ရှိုက်ထုတ်ရင်း တိ်တ်ဆတ်နေတဲ့ရုံးခန်းကိုကျောခိုင်းထွက်လာတော့
အပြင်ဩကာသလောကလည်းကိုယ့်ကိုငြီးငွေ ့ဖွယ်အုပ်မိုးကြည့်နေလေရဲ့……
ရှင်းလင်းနေတဲ့လမ်းသွယ်ကနေ လမ်းမထိပ်ထွက်ပြီး တွေ ့တဲ့တက္ကဆီကားတစ်ဆီးတားလိုက်တော့
“ဟာ မင်းသားကြီး တက်လေ xxxxxx ဆိုင်ပဲမဟုတ်လား” ဆိုတဲ့ကားဆရာကိုကြည့်တော့ ကိုယ်လည်း
ယောင်ဝါးဝါး…” ဟုတ်ကဲ့ “ဆိုတဲ့စကားတခွန်းနဲ ့နုန်းချိနေတဲ့ စိတ်နဲ ့ခန္ဓာကိုကူရှင်ပေါ်ပစ်တင်ရင်း
အိမ်နဲ ့မနီးမဝေးမှာရှိတဲ့ကားသမား ခေါ်ဆောင်ရာဆိုင်ဖက် ဦးတည်ထွက်ခဲ့မိတယ်…….
…လျှက်ပြက်သလို တဖျတ်ဖျတ်လက်နေတဲ့ ဒစ်စကိုရောင်စုံမီးတွေနဲ ့       ကျယ်ဝန်းပေမယ့်
လူတွေပြည့်လျှံနေတဲ့စာပွဲဝိုင်းတွေကြား ရှားရှားပါးပါး လူမရှိတဲ့မှောင်ကျကျစာပွဲဝိုင်းတစ်မှာ
ဝင်ထိုင်ရင်းဘီယာတစ်ခွက်မှာတော့ ့ ခပ်မာမာအကြည့်နဲ ့ဒါပဲလား ဆိုတဲ့ စာပွဲထိုး ကိုလန်ဒန်တစ်ဘူး
ပါပေးကွာ လို ့ခပ်ထန်ထန်ပြောရင်းနေသားတကျထိုင်ဖြစ်တယ်ပေါ့…….
….လူတွေအိပ်ချိန်ဖြစ်ပါရက်နဲ ့ဒီလူတွေဒီလောက်များနေတာ…ကိုယ့်လိုပဲဒီအချိန်မှအလုပ်ဆင်းတဲ့
လူတွေဖြစ်မပေါ့လို ့ဖြေတွေးတွေးရင်းပစ္စက္ခအချိန်ကိုအာရုံရောက်သွားမိတယ်……………
….ဘီယာတစ်ကျိုက် စီးကရက်တစ်ဖွာဖွာရင်းပတ်ဝန်းကျင်ကိုစူးစမ်းတော့ကိုယ့်ဘေးထိုင်ခုံမှာထိုင်နေသူက
ကိုယ့်လိုတစ်ယောက်တည်းသမား…ကွာခြားတာက သူ ့စားပွဲပေါ်မှာတန်းမြင့်နိုင်ငံခြားအရက်အမြည်းပေါင်း
စုံလင်စွာနဲ ့.. ဘေးမှာ ဆရာ ဆရာနဲ ့ စာပွဲထိုးလေးယောက်ခန် ့ဝိုင်းလို ့အောင်ပွဲရစစ်သူကြီးဟန်ပန်….
…ဒီလောက်များတဲ့အမြည်းတစ်ယောက်တည်းကုန်အောင်ဘယ်လိုများစားမလဲလို ့မနေနိုင်မထိုင်နိုင်တွေးနေတုန်း
အကိုရီး..ဆိုတဲ့ချွဲနွဲ ့နွဲ ့အသံနဲ ့အတူ ရောင်စုံခြယ်သထားတဲ့ပန်းရိုင်းတပွင့် ဖြတ်ခနဲလွင့်အလာ ဘေးဝိုင်းက ကိုယ့်
မှာ ရုတ်တရက် ဘီယာတောင်သီးသွားလေရဲ့…………
…ဟီတိုက်နေတဲ့ အဲဒီစားပွဲကိုလှစ်လျူရှုရင်း အာရုံကစတိတ်စင်ပေါ်ရောက်သွားတယ်ဆိုရင်ပဲ.. မြူးကြွတဲ့တေးသံနဲ ့
လိုက်လျှောညီထွေစွာကရင်း စီး ဝါး ကိုက်သီချင်းဆိုနေတဲ့လိပ်ပြာလေးတစ်ကောင်….တိုနံ ့နံ ့စကပ် စွတ်ကျယ်
သာသာ ချိုင်းပြတ်အကျီင်္ နဲ ့ကိုယ်ကိုတပတ်လှည့်ကလိုက်တိုင်း ဝိုင်းပေါင်းစုံက ဝေးခနဲ အသံတွေ ဆူညံစွာ လွင့်
ပျံနေတော့တာပဲ….ပန်းကုံး ပန်းစည်း ပန်းခြင်း တွေအပြိုင်အဆိုင်ဆုချတာတွေငေးရင်း ဒါလဲ လေလံတင်ပွဲ
တမျိုးပဲလို ့တွေးမိလိုက်သေး…
…အသိစိတ်ကိုကိုယ်ပေါ်ပြန်ကပ်ရင်း…နားစည်ကွဲမတတ် ဆူညံပေါက်ကွဲနေတဲ့တီးလုံးသံတွေကိုဥပေက္ခာပြုလို ့
အလုပ်ကြောင်း လူမှုရေးစီးပွါးရေးအကြာင်း ရောက်တတ်ရာရာ စဉ်းစားနေရင်း ပတ်ဝန်းကျင်ပေါ်စိတ်ပြန်တည်
မိတော့ နန်းစတော့ အစီအစဉ်စနေပြီ…
…စိတ်ကာလာစုံ ရုပ်ကာလာစုံ အဝတ်အစား ကာလာစုံနဲ ့အယောက် နှစ်ဆယ်ကျော်လောက် စင်ပေါ်မှာတန်းစီ
နေပြီး မျက်နှာတွေမှာတော့ မတူညီတဲ့မျှော်လင့်ချက်အရောင်တွေ ဖြိုးဖြိုးဖျတ်ဖျတ်နဲ ့ပေါ ့
…အလှည့်ကျသီဆိုဖျော်ဖြေရင်း ဝိုင်းတွေရှိရာ မျက်စချီ မေးထိုးနဲ ့ပန်းကုံးအမဲလိုက်နေကြလေရဲ ့….
ပန်းကုံးကျသူတွေရဲ့မျက်နှာမှာအပြုံးပန်းတွေဝေပြီးမရတဲ့သူတွေရဲ့မျက်နှာမှာတော့ အားငယ် စိတ်ပျက်မှုတွေက
ဟန်မဆောင်နိုင်အောင် သိသာထင်ရှားနေလေရဲ့…ပန်းကုံးမရလို ့ဝင်ငွေမရတဲ့အပြင် ဆိုင်ရှင်ရဲ ့ညိုငြင်မှုကို
ပါခံရပေအုံးမကိုး…..
…အပြိုင်အဆိုင် ဆုချသူတွေရဲ ့အဖြုန်းငွေ.. ဆုချခံရသူတွေရဲ ့ဝင်ငွေ (ဘာရင်းရသလဲတော့မသိ) ဆိုင်ရှင်အိတ်
ထဲ ရောက်သွားမဲ့ ရာခိုင်နုန်းတွေကိုစိတ်တွက်တွက်ရင်း..ကိုရတဲ့လစာနဲ ့အချိုးချကြည့်တော့…………..
အင်းးးးးးးးးးးးးးးဒီညလည်းသန်းခေါင်ကျော်ပြန်ပီ…။

 

 

ညိုဝင်း

၁ဝရက် ဇူလိုင်လ ၂၀၁၄

26 comments

  • ဦးကျောက်ခဲ

    July 10, 2014 at 12:25 pm

    ဆြာညိုလည်း ပန်းရိုင်းတောမှာ ဘီယာစုပ်ရင်း အပန်းဖြေသကိုး…
    ဆင့်ပွါးတွေးမိတာက ပန်းရိုင်းဘယ်နှစ်ပွင့် တော်ကောက်ခံဖူးသလဲ ဆိုတာရယ်…
    ကြွေကျ မြေခလို့ အနင်းအချေခံရပြီး ဘဝပျက်သွားတဲ့ ပန်းရိုင်းဘယ်နှစ်ပွင့်ရှိသလဲ ဆိုတာရယ်ပါ…
    နောက်ပြီး အဲသည့်လို စားသောက်ဆိုင်မှာ ပန်းကုံးစွပ်တဲ့ ငတိကြီးတွေကိုလည်း နားမလည်ဘူး…
    အတော်မိုက်မဲတယ်လို့ အခုအချိန်အထိ… သတ်မှတ်ထားတုန်းပဲ… အဟိ
    😀

    • Nyo Win

      July 10, 2014 at 12:36 pm

      ဦးကျောက်ရေ..
      အငယ်ဘဝနဲ ့တော်ကောက်ခံရဖူးတဲ့သူတော့ရှိလိမ့်မဗျ….ဒါပေမယ့်အနင်းချေခံပန်းရိုင်းတွေသာများလိမ့်မယ်…..ပြီးတော့ အဟီး ကျနော်လည်းဟိုတုန်းကအနည်းငယ် မိုက်မဲဖူးတယ်…. 🙂

      • ဦးကျောက်ခဲ

        July 10, 2014 at 12:58 pm

        ဆြာညိုတော့ ရာဇဝတ်အိုး တုတ်နဲ့ထိုး…
        အငယ်ဆိုတာမရှိဘူး… အပြိုင်ပဲရှိတယ်… အားဟိ
        😀

        • Iris

          July 10, 2014 at 5:56 pm

          ဦး​ကြောက်​မှားတယ်​။ အငယ်​လည်​းရှိဘူး အပြိုင်​လည်​းရှိဘူး။ ပြတ်​သားဖို့ တာဝန်​ယူတတ်​ဖို့ ပါ။ နှစ်​ဖက်​ မနစ်​နာ​စေဖို့။ 😀

  • Mr. MarGa

    July 10, 2014 at 12:30 pm

    ဪ… ပန်ုးကုံးလေးတွေ…. ပလူပျံနေတဲ့ အရပ်ဒေသ အကြောင်းကိုးးး
    အဲ့ ယဉ်ကျေးမှု ဘယ်ကစလဲ သိချင်မိ

    • Nyo Win

      July 10, 2014 at 12:40 pm

      ငင်….ကျနော်လည်းမသိဘူးဗျ..ဦးဘလက်ကြီးတော့သိမလားပဲ… 🙂
      ကပ်စတန်မာရဲ့တောင်းဆိုချက်လား ဆိုင်ပိုင်ရှင်ရဲ့ ရောင်းလိုအားလားဆိုတာကိုတော့…………..

      • sorrow

        July 10, 2014 at 12:47 pm

        အစ်ကိုညိုရယ်…ဦးဘလက်တော့သိတာပေါ့…ခရေစေ့တွင်းကျ…အဟိဟိဟိ
        အဲ့လူမျိုးရေးခွဲခြားသူကြီးကို အလွတ်ဝင်ကြပ်တာ…အဟိဟိ ..နန်ဖဲ့ငိုင်ဂိုင်စောရအိုင်..ဆိုတာက အဲ့ကတတ်လာလားမှမသိ…အဟိဟိဟိဟိ ..
        ( ကိုကြီးဘလက်…တားတားစတာ..ပြောလိုက်ပါအုံး…နောင်နောင်ဘာကြိုက်တတ်လဲ သိဘူးလား ညီဘွားငဲ့ အဟိဟိဟိ ..CD to Gi Gi . )

  • naywoon ni

    July 10, 2014 at 12:46 pm

    အဲ့ ယဉ်​​ကျေးမှုဘယ်​ကစသလဲ စဉ်​းစားမ​နေပါနဲ့ ရှင်​းရှင်​း​လေးရယ်​ကို ခု ခရိုနီကြီး​တွေဖြစ်​လာမဲ့သူ​တွေနဲ့ ဘိုချုပ်​​တွေက စတာ​ပေါ့

    • Nyo Win

      July 10, 2014 at 1:01 pm

      ခွိခွိ…ရှင်းတာမှ ရှင်းရှင်းရှင်း နဲ ့နေတာပဲအဘနီရယ်… 🙂

  • kyeemite

    July 10, 2014 at 12:53 pm

    အရေးအသားကကောင်းတော့ ဖတ်ရင်းမျက်စေ့ထဲမြင်လာတယ်…အော်..အပြင်မှာလည်းမြင်ဖူး၊ထိုင်ဖူးတာကိုး
    😀

    • Nyo Win

      July 10, 2014 at 3:32 pm

      ဦးမိုက်ရေ…လိုက်မား သွားကြမယ် PL ကို… 🙂
      ပြောမယ့်သာပြောတာ…မရောက်တာလည်းကြာပါပြီလေ..

  • Ma Ma

    July 10, 2014 at 2:41 pm

    ဦးပါပြောတဲ့ အသုံးလွဲတော့ မဖြစ်နိုင်ဘူး။
    ဘယ်လိုနာမည်ပေးရမလဲ မသိဘူး။
    ငွေပေါလွန်းလို့ အဖြုန်းကဲတာလို့ချည်းပဲ မထင်နဲ့အုံး။
    အမူးလွန်ပြီး ရှေ့နောက်မဆင်ခြင်နိုင်ပဲ ကုန်ရောင်းလို့ရတဲ့ငွေ ရသိန်းကို ပန်းကုံးစွပ်တာ ၅သိန်းကုန်သွားလို့ မိသားစုတွေ ကမောက်ကမဖြစ်ကြရတာတွေ မြင်ဖူးကြားဖူးလို့။ :'(

    • Nyo Win

      July 10, 2014 at 3:37 pm

      ဟုတ်တယ်အန်တီမမရေ…..ကျနော့်ပတ်ဝန်းကျင်မှာတွေ ့ဖူးတယ် နောက်နေ ့ကျလဒမှိုင်မှိုင်လို ့ 🙁
      ဒါပေမဲ့ အဆင်ကြည့်တာနဲ ့ တော်တော့ကိုသိသာပါတယ် ပိုက်ဆံကို စက္ကူလိုတောင်မဟုတ်..
      သစ်ရွက်လောက်သာတန်ဖိုးထားကြသူတွေ..အဘနီပြောတဲ့လူစားမျိုးတွေပေါ့ ..။

  • Myo Thant

    July 10, 2014 at 3:28 pm

    အဲဒီနေရာတွေက ဆူလွန်းလို့ မသွားဖြစ်ပါဘူး ၊

    တစ်ယောက်တည်းဆို တိတ်ဆိတ်တဲ့ ဆိုင်မျိုးက ပိုအဆင်ပြေတယ် ၊

    အခုတော့လည်း မသွားဖြစ်တာ ကြာတော့ အလွမ်းသားကလား ၊

    • Nyo Win

      July 10, 2014 at 4:01 pm

      ကိုမျိုးသန် ့ရေ…
      ကျနော်ကတမျိုးဗျ….တစ်ယောက်တည်းတွေးစရာကိစ္စတွေရှိလာရင်အဲ့ဒီလိုဆိုင်မျိုးမှာ
      သွားထိုင်ပြီးတွေးတာ…ဆူဆူညံညံအသံတွေက ကျနော့အာရုဏ်ကိုပိုစုစည်းစေသလိုပဲ.. 🙂

  • ဇီဇီ

    July 10, 2014 at 3:39 pm

    ဟယ်။
    သများ လဲ ဒါမိုးပို့(စ) ရေးဦးမယ်။
    အကိုညို ဝင်း နောက် လိုက်သွားခြင်း ဆိုပြီးးးး
    အဲလေ
    အကို ညိုဝင်းနောက် လိုက်ခြင်း ဆိုပြီးးးး
    ဟေးဟေးဟေးးးး

    :mrgreen:

    • Nyo Win

      July 10, 2014 at 4:12 pm

      စောင့်ဖက် အဲလေ စောင့်ဖတ်နေပါ့မယ်ဇီဇီရေ…..
      ခွိခွိ…မတော် တောက်ချလိုက်မှဖြင့်…. 🙂

      • Nyo Win

        July 10, 2014 at 4:20 pm

        ဆောရီးဇီဇီရေ မတော် တောက်ချလိုက်မှဖြင့်
        စိတ်မဆိုးနဲ ့နော် ကို ့ညီမ မို ့စတာ… 🙂

        • ဇီဇီ

          July 10, 2014 at 4:22 pm

          ခိခိ။ :mrgreenn:
          အနော် ဘယ်တုန်း က စိတ်ဆိုးလို့တုန်းးး
          ဟိ
          အနော့ ကို သာ စိတ်ဆိုးကြတာ။
          😀

  • ခင် ခ

    July 11, 2014 at 1:01 am

    အကို သီချင်းတစ်ပုဒ်တောင်းပြီး ပန်းကုံးစွတ်ပေးပါလား
    သီချင်းတစ်ပုဒ်ဆိုတာနဲ့ ပန်းကုံးစွတ်လို့ရတာက ဆိုင်ရှင်က ရာခိုင်းနှုန်းဖြတ်ယူအုံးမှာဆိုတောညဉ်းတို့ရတာနည်းမှာပေါ့ အကိုတို သီချင်းဖိုးရော ပန်းကုံးဖိုးရော အပြည့် ညဉ်းကိုပေးမယ် ဒီနားမှာဘဲထိုင်နေပါပြောတာကို ဟင့်အင်း ဆိုချင်တယ် ပန်းကုံးဘဲစွတ်ပေး အကိုတို့က နေတိုင်းလာပေးမှာမဟုတ်တော့ သူများတို့က နောက်နေ့စာအတွက်လည်း မျှော်ရဆိုရအုံးမှာတဲ့ ကဲ ပိုမလိုချင်တာထက် ပိုတွက်တတ်တာလို့ဆိုရမယ့်သူတွေဗျ

  • ဦးဦးပါလေရာ

    July 11, 2014 at 12:59 pm

    .ဒီဆိုင်မျိုး ဒီလိုယဉ်ကျေးမှု့မျိုးက
    .တတ်နိုင်တဲ့သူတွေ ငွေပေါတဲ့သူတွေအတွက်တော့ ကောင်းပါတယ်။
    .အဲသည်လူတွေကိုအားကျပြီး မတတ်နိုင်တဲ့သူတွေပါ အတုယူကြတာတော့ မသင့်ဘူးပေါ့..။

    .ကြုံတုန်းတကယ့်ဖြစ်ရပ်တစ်ခု ဝင်ပြောချင်တယ်…
    .တစ်ခါတုန်းက ကျုပ်မိတ်ဆွေကုန်သည်တစ်ဦး ည ဆယ့်တစ်နာရီထိုးကြီးမှာ
    .လူနိုင်တစ်ယောက်က အတင်းရောင်းလို့ ရွှေတစ်ဆယ်သားတစ်တုံးဝယ်လိုက်ရဖူးတယ်…

    .ဖြစ်ပုံက
    .ဒီကောင် ရာထူးနေရာလေး အပြောင်းအလဲဖြစ်တော့ သူငယ်ချင်းတွေကို ခေါ်ကျွေး …
    .အဲဒီဆိုင်ထဲထိုင်နေတဲ့ အခြားမိတ်ဆွေတွေကပါ ဝိုင်းပေါင်း…
    .အစား အသောက်တင် မက မူးလာတော့ ပန်းကုံးဖိုးပါ ဒကာခံခိုင်းတော့…
    .ဒီကောင်လဲ ကြံရာမရဖြစ်ပြီး နိုင်တဲ့သူတွေကို အတင်းထိုးရောင်းရတော့တာ…

    .အင်း…
    .အဲဒီ ရွှေတုံးက
    .ဒီလူ တစ်နှစ်လောက် မစားရက်မသောက်ရက် စုထားတာလေး ……

  • alinsett (gazette)

    July 11, 2014 at 1:24 pm

    ့ပန်းကုံးအမဲလိုက်ပွဲပေါ့နော်…
    တင်စားချက်လေး…နဲ ့..အတွေးလေး.. လှတယ်

  • ဦးကြောင်ကြီး

    July 11, 2014 at 1:29 pm

    ကညို ဝင်းက ဆိုင်ကကျွေးတဲ့ တောင်ပြန်ထမင်းစား ပျံလာဂဲ့သာပေါ့.. ဟုပ်စ

  • Nyo Win

    July 12, 2014 at 9:53 am

    ကော်နက်ရှင် မကောင်းလို ့ချက်ခြင်း ရီပလိုင်းပြန်မလုပ်နိုင်တာ ခွင့်လွတ်ပေးကြပါ။
    @ကိုခင်ခ
    ကိုခ ရေ သူတို ့တွေက ငန်း ရွှေဥတဲ့ပုံပြင် ဖတ်ထားကြတယ်ထင်သဗျ…. 🙂

    @ဦးဦးပါလေရာ
    ဟုတ်တယ် ကျနော့်အသိ အသက်ခြောက်ဆယ်ကျော်တစ်ယောက်ဆို အလွဲသုံးစားဖြစ် မိန်းမနဲ ့ကွဲပီး
    အခုထိ ဒုက္ခရောက်နေတုန်း…. 🙁

    @အလင်းဆက်
    ညီလေးရေ ကျေးဇူး…

    @ဦးကြောင်ကြီး
    လာအားပေးတဲ့အတွက် ကျေးဇူးပါဗျ….ဟီဟိ ဧည့်မထလောက်ပဲလုပ်ပါဗျာ… 🙂

  • ရဲစည်

    August 11, 2014 at 8:21 pm

    ကေ T ဗွီ သွားမယ် လေ လိုက်မား

    • Nyo Win

      August 12, 2014 at 3:09 pm

      လိုက်မယ် လိုက်မယ် ချန်မထားနဲ ့ ကရဲxie.. 🙂

Leave a Reply