အင်း တစ်နေ ့တာအလုပ်တော့ပြီးဆုံးသွားပြန်ပီ…………. အချိန်က ည၁၁ နာရီစွန်းစွန်းခန် ့..လက်ကနာရီရော ရုံးနံရံမှာချိတ်ထားတဲ့နာရီပါ ကြည့်စရာမလို…. မလိုဆို ဒီအတိုင်းနေ ့စဉ်စခန်းသွားနေရတာ တစ်နေ ့ တစ်လ တစ်နှစ်မှမဟုတ်ပဲကိုး….. ..ဝှူး ကနဲသက်ပြင်းမောတစ်ချက်ရှိုက်ထုတ်ရင်း တိ်တ်ဆတ်နေတဲ့ရုံးခန်းကိုကျောခိုင်းထွက်လာတော့ အပြင်ဩကာသလောကလည်းကိုယ့်ကိုငြီးငွေ ့ဖွယ်အုပ်မိုးကြည့်နေလေရဲ့…… ရှင်းလင်းနေတဲ့လမ်းသွယ်ကနေ လမ်းမထိပ်ထွက်ပြီး တွေ ့တဲ့တက္ကဆီကားတစ်ဆီးတားလိုက်တော့ “ဟာ မင်းသားကြီး တက်လေ xxxxxx ဆိုင်ပဲမဟုတ်လား” ဆိုတဲ့ကားဆရာကိုကြည့်တော့ ကိုယ်လည်း ယောင်ဝါးဝါး…” ဟုတ်ကဲ့ “ဆိုတဲ့စကားတခွန်းနဲ ့နုန်းချိနေတဲ့ စိတ်နဲ ့ခန္ဓာကိုကူရှင်ပေါ်ပစ်တင်ရင်း အိမ်နဲ ့မနီးမဝေးမှာရှိတဲ့ကားသမား ခေါ်ဆောင်ရာဆိုင်ဖက် ဦးတည်ထွက်ခဲ့မိတယ်……. …လျှက်ပြက်သလို တဖျတ်ဖျတ်လက်နေတဲ့ ဒစ်စကိုရောင်စုံမီးတွေနဲ ့ ကျယ်ဝန်းပေမယ့် လူတွေပြည့်လျှံနေတဲ့စာပွဲဝိုင်းတွေကြား ရှားရှားပါးပါး လူမရှိတဲ့မှောင်ကျကျစာပွဲဝိုင်းတစ်မှာ ဝင်ထိုင်ရင်းဘီယာတစ်ခွက်မှာတော့ ့ ခပ်မာမာအကြည့်နဲ ့ဒါပဲလား ဆိုတဲ့ […]