ဒါဟာအချစ်တဲ့လား
“ဒါဟာအချစ်တဲ့လား”
…ကျနော့်ဘဝမှာမှတ်မှတ်ရရ..အဲ့ဒီ အချစ်ဆိုတာကြီးနဲ ့ (၃)ခါလောက် ကြုံဘူးတယ်
အဲအဲ..အထင်တော့မကြီးလိုက်နဲ ့နော် ကြုံတာကြုံဘူးတာ.. မဆုံဖြစ်လိုက်ဘူး
အချစ် (၁)
..တက္ကသိုလ် ပထမ နှစ် ၃ ချိုး ၁ ချိုး လောက်ကပေါ ့ဗျာ…..
ကိုယ်တွေကစာဆိုမှစာ ဘာမှစိတ်အဟာရ ရုပ်အဟာရ အတွက်အာရုံမထားနိုင်တဲ့အချိန် (တကယ်တော့ ပါနီ က လည်း Nil ကိုဗျ.. ဟာဟ)
တစ်နေ ့မတော့ အသင်အပြ (အပြ= presentation)ကောင်းတဲ ့Statistics သင်တဲ့ဆရာမ ရဲ့ တခြားဆက်ရှင် မှာ လက်ချာသွားလိုက် ပါတယ်…
အဲ့ဒီမှာ စတာပဲ….
လက်ချာထဲအာရုံဝင်စားနေတုန်း ဇက်ကြောတက်တာနဲ ့ခေါင်းကိုဘယ်ညာချိုးလိုက်တဲ့
သကာလညာဖက် ၁၃၅ ဒီဂရီအချိုး လောက်မှာခေါင်းကတန် ့ကနဲဖြစ်သွားတယ်…….
သွေးကြောတွေပြောင်းပြန်ဆီး..နှလုံးခုန်သံတွေတဒိန်းဒိန်းနဲ ့တခန်းလုံးကကြား
ရမလားထင်ရ……..(ဟီးဟီး အလကားပြောတာ အဲ့လောက်မဟုတ်ပါဘူး..ဝတ္တုတွေ
ထဲရေးတတ်လွန်းလို့) တဒင်္ဂ မှင်တက်မိသွားတယ်ဗျာ..ဖြူဝင်းတဲ့မျက်နှာ..ပြောင်တင်းနေတဲ့ပါးနှစ်ဖက်..နီထွေးစို
စွတ်နေတဲ့နှုတ်ခမ်းပါး….ဇင်ယော်တောင်ကွေးမျက်ခုံးလေးနဲ ့…ရွှန်းလဲ့တောက်ပ
မျက်ဝန်းလှလေးတွေမှာ..တကယ်ပါ တဒင်္ဂ မှင်တက်မိသွားတယ်ဗျာ….(တခြားနေရာ
တွေတော့မတွေ ့ မျက်နှာလေးပဲကွက်မြင်ရသကိုး)….
အဲ့ဒါကို သတိပြုမိတဲ့ ဘေးက သယ်ရင်းက..
“ဟဲ့ကောင် ဘိုကွမ်း (အဲ့အချိန်က ကွမ်းစား လွန်းလို ့) နင့်ခေါင်းကြီးကဘာဖြစ်နေ
တာလဲ အုန်းလွဲနေတာလား”
လို ့ ဆိုပြီးသကာလ အနှီဘိုကွန်းဆိုတဲ့ကျနော့ရဲ့ မျက်လုံးလားရာသို့အလှည့်..
“ဟာဟ..ငါ့ကောင်နှလုံးသားထဲ ဓာတ်ခဲထည့်လိုက်ပြီကိုး”
.
.
.
.
အဲ့သလိုနဲ ့နေ ့စဉ်ရက်ဆက်သွားသွားကြောင် အဲ သွားသွားကြည့်ရာက…
တစ်ပတ်လောက်လည်းကြာရော သူလေး သတိပြုမိလာပါလေရော..
တစ်ပတ်လောက်ကြာရတဲ့အကြောင်းကဒီအမောင်သတ္တိခဲက သူကလေးရဲ့
အနောက် ခုံသုံးတန်းကျော်ကျော် လောက်ကပဲကြည့်ရဲတာကိုး (ဦးကျောက်နဲ ့
များကွာပ) မြင်ရလှကြောပေါ့ဆိုတာလို သူကလေးဟိုလှည့်ဒီလှည့် လုပ်မှ
ဘေးတိုက်ဗျူးလောက်မြင်ရတာရယ်….
သူကလေးကလည်းမျက်လုံးချင်းဆုံ ရင်ခုန်ထင်သဗျ (ကို ့အထင်)
ခဏခဏလှည့်ကြည့်တတ်လာတယ်…..
ဒီလိုနဲ ့ Chorus မရောက်နိုင်ပဲ Verse နဲ ့ ပဲ စခန်းသွားပြီးတစ်လလောက်အကြာ….
သူကလေးအခန်းထဲကိုအသွား..မတွေ ့တာနဲ ့ရောင်တောင်ပေါင်တောင်ထိုင်နေတုန်း
အကြောင်းသိသူငယ်ချင်းတစ်ကအနားလာထိုင်ရင်းအလာပသလာပပြောနေရာက
ဗျုန်းဆို အသံပြဲကြီးနဲ ့ “ဟဲ့ကောင်..မင်းကောင်မလေးဘယ်မှာလဲကွ” လို ့အမေး..
ကိုယ်ကလည်း..”အေးဟ..မတွေ ့သေးဘူး” လို ့အဖြေ…..
နောက်ဖက်က တခွစ်ခွစ်နဲ ့ရီသံကြား လို ့လှည့်အကြည့်…သူငယ်ချင်းရဲ့အသံပြဲ
ကြီး ထွက်လာပါလေရော..ဟိတ်ကောင် ဒီမှာကွ…ဒီမှာဆိုတဲ့စကားအဆုံး
ဟောဒီ့ သတ္တိခဲ ချွေးစပျံနေပြီ…..ကျေးဇူူးရှင်မကနောက်ကျောကပ်မှာ ဘယ်အချိန်
ထဲကရောက်မှန်းမသိရောက်နေတာကိုးဗျ…….ဒါတင်မဟုတ်သေး….
တခွစ်ခွစ်နောက်မှာ…”အရမ်းရိုးတာပဲနော်..ချစ်စရာလေး..ငါသာယောက်ျားလေးဆို
အရင်ဖွင့်ပြောလိုက်ပြီ” (ဟီဟိ အဲ့ဒီနေရာလေးရေးရတာလက်တွေ ့တာ)စကားနောက်
မှာ ဒီသကောင့်သား ပီတိဖြာရမဲ့နေရာမှာ ရှက်လို ့ချွေးတွေထွက်လာလိုက်တာတကိုယ်
လုံးရွှဲရောပဲ (အိုက်လောက်ထိ ဇ ရှိတာ)…………
26-03-2014 နေ ့က FB မှာတင်ထားတာလေးပါ။
29 comments
ဇီဇီ
July 7, 2014 at 11:28 am
ဟယ်။
ဇာတ် က တို့လို့ တန့်လန့်။
အရေးကောင်းကို ဆက်ရေးပါဟယ်။
🙂
ဒါနဲ့ စကားမစပ် ဒီရွာမှာ အချစ်ရေးမှာ ဆရာအဆင့် ဆရာကြီးတွေရှိတယ်။
😀
ခုချိန်မှာ တွေ့ထားရင် သူတို့ကို ချဉ်းကပ်ချင်ရင် ပြောပါ။
ပွဲခလေးတော့ ပေးပေါ့နော်။
:mrgreenn:
Nyo Win
July 7, 2014 at 11:45 am
@ဇီဇီ
ဆက်ရေးပါ ့မယ်ခဏစောင့်
“ဒီရွာမှာ အချစ်ရေးမှာ ဆရာအဆင့် ဆရာကြီးတွေရှိတယ်”..ဒီအရွယ်ကျမှသူရို ့ကိုဒုက္ခမပေးချင်တော့
ပါဘူးဂျာ….ကိုယ့်ထိုက်နဲ ့ကိုယ့်ကံရှိပါစေတော့…အဟင့်
ပွဲခတော့ မျှော်နဲ ့တော့နော်… 😛
surmi
July 7, 2014 at 11:33 am
ဟာ ………
ဆရာညို ရက်စက်ပြီ
ကောင်းခန်းရောက်မှ ဖြတ်ထားတာ ကလား
ဝဋ်တော့လည်ပြီထင်ရဲ့ 🙁
ကဲ ဗျာ
အပိုင်း ၂ နဲ့ ၃ စောင့်နေပြီဗျို့ မြန်မြန် … မြန်မြန် 🙂
ကိုယ့်ဆြာက လက်သည်းတွေဖွက်ထားသကိုးးးးဗျ
သိသွားဘီ နောက်ဆို မရှိုနဲ့တော့
Nyo Win
July 7, 2014 at 11:51 am
@ ဦးဆာ
ကောင်းခန်းရောက်မှဖြတ်ထားရတာအားနာစရာ..ဟီဟိ..မုဒ်မဝင်သေးလို ့ပါဗျာ…
လက်သည်းကခုမှထွက်မယ်ကြံတုန်း…အားပေးတာကျေးကျေး.. 🙂
ဦးကျောက်ခဲ
July 7, 2014 at 12:37 pm
တောက်စ်… ကိုရင်ညိုရယ်…
အဲဂလောက်အထာပေးရင် ကျောက်စ်သာဆို RC-2 သိပ္ပံဓာတ်ခွဲခန်းနောက်က…
ဝါးရုံတောကို မ သွားလောက်ပြီ… အဟိ ဘူးသီးကြော် စားဖို့…
ကောင်းခန်းမှာ ဇာတ်လမ်းကိုရပ်ပြီး လက်သည်းတွေဝှက်မထားပါနဲ့…
နှလုံးသားရဲ့စေစားချက်က လက်ဖျားမှာ ခွန်အားဖြစ်သတဲ့… ရေးစမ်းပါဗျ…
ဟိ… စကားမစပ် ၊ ခင်ဗျားတို့မေဂျာက ၈-မိုင်မှာနေတဲ့ ရခိုင်မလေး… အားဂျီးလှတယ်
😀
Nyo Win
July 7, 2014 at 1:08 pm
ဦးကျောက်ရေ….ဒီလူလည်ရန်ကုန်သားက..ကျနော်တို ့မေဂျာက မိန်းခလေးဆောင်ဘယ်နှစ်ဆောင်ရှိလဲတောင်မသိဘူးရယ်….
“နှလုံးသားရဲ့စေစားချက်က လက်ဖျားမှာ ခွန်အားဖြစ်သတဲ့”လားကောင်းလိုက်တဲ့ဒိုင်ဗျာ…
ဥူးနှောက်ကအင်အားမရှိတော့..လက်ဖျားကခွန်အားကခပ်လျှော့လျှှော့… 🙂
Kaung Kin Pyar
July 7, 2014 at 1:13 pm
အပိုင်း ၂ မျှော်နေပါ့မယ်..ကိုညိုဝင်းရေ့……..
Nyo Win
July 7, 2014 at 1:26 pm
@ကောင်းကင်ပြာရေ…ကျေးဇူးပါဗျ….
မင်း ခန့် ကျော်
July 7, 2014 at 1:32 pm
ဒေါင့်ချိုးအကွေ့မှာမမြင်သလိုလိုဘာလိုလိုနဲ့
ဝင်တိုက်ပလိုက်။
ဆော်ရီးနော်ဆိုပြီးလက်ထဲကကျသွားတာကိုပြန်ကူကောက်ပေးရင်း
လက်အချင်းချင်းထက်တိုက်မိခိုင်းလိုက် အဟိ
Nyo Win
July 7, 2014 at 1:57 pm
@ကိုမင်းခန် ့ကျော်
အဲ့သလောက်သာဇရှိခဲ့ရင်…အခုလောက်ဆိုသားသမီးတွေဘိုသီဘတ်သီနဲ ့ဘယ်ဖလန်းနိုင်တော့မတုန်းဗျ…. 🙂
အရီးခင်
July 7, 2014 at 2:25 pm
ကိုမင်း ခန့် ကျော်
လက်ယား လိုက်တာနော်။
jk :-)))
ကိုညိုဝင်း ရဲ့ ဆက်ပါဦး။
ဇာတ်လမ်းက ဒီ အတိုင်းကြီး ရပ်သွားတာလား။
Nyo Win
July 7, 2014 at 2:58 pm
@အရီးခင်
အရီးရေ…ဒီအတိုင်းကြီးရပ်သွားသလားဆိုတော့..ဟီးဟီး ပြောရမှလဲရှက်စရာ…
ဒီလူကမလှုပ်မရှုပ်မပြုတ် (ပြုတ်မနူး)အစားထဲကဆိုတော့ ခပ်ဝေးဝေးကနေပဲလျှောက်ပြန် သံမပေးနဲ ့…
နောက်တွေ ့တာနဲ ့မျက်စောင်းအထိုးခံရတော့တာပဲ (ကိုယ့်မေဂျာသားတွေသိက္ခာကျစရာ)
အဲဒါနဲ ့ပဲ 3rd yearရောက် မေဂျာကွဲ တစ်ခန်းရပ်…. 🙂
P.S ကျနော်တို ့ခေတ်မှာ အရီးတို ့ခေတ်လောက်မိန်းမလှတွေမပေါလောက်တော့ဘူး.. 🙂
အရီးခင်
July 7, 2014 at 3:27 pm
ဆိုတော့ကာ (သူကြီး လေသံဖြင့်)
မျိုးဆက်သစ် အတွက် အခုလဲ တာဝန်မကျေ တဲ့ လူ ဖြစ်နေတဲ့ သဘောပေါ့။
PS – ဒါ အဖွားကြီး တွေ ကို တိုင်တည်ပြီး လက်ရှိ မိန်းမပျို လေးတွေ ကို ကယ်တင်ရှင် လုပ်ဖို့ စကားပျိုး နေတာလား။ LOL:-))))
အရီးခင်
July 7, 2014 at 3:30 pm
BTW
ကိုယ့် ဘဝ လက်တွဲဖော် ရဲဘော် က ရုပ်အဆင်းမှာ မင်းသမီးလို မော်ဒယ်လိုလှ ဖို့ လို လို့ လား မောင်ညို ရဲ့။ ????
စုန်းမ စာချ ပြရရင်တော့ ထွက်ပြေးကုန်ကြမလား :-)))
Myo Thant
July 7, 2014 at 2:59 pm
ကျုပ် အဖော်ရပြီ
ကျ ုပ်ကလည်း အဲသလို ဇ နည်းခဲ့တာ ၊
ခုတော့လည်း လွန်ခဲ့တဲ့အနှစ် ၃ဝ ဆိုတော့ ပြန်မလှည့်ချင်တော့ပါဘူး ၊ 🙂
Nyo Win
July 7, 2014 at 3:11 pm
ကိုမျိုးကမှ သန် ့ကောင်းစံလေးအဖတ်တင်သေးတယ်….ရှေ ့သို ့ဆရာရေ… 🙂
Myo Thant
July 7, 2014 at 3:15 pm
🙂
Mr. MarGa
July 7, 2014 at 3:18 pm
ကတောက်စ်
မပြတ်မသားနဲ့ဗျာ
ဖတ်ရတာ မချင့်မရဲ ဖြစ်လိုက်တာ
Nyo Win
July 7, 2014 at 3:28 pm
ကိုမာဃရေ…
အချစ် (၂) အချစ် (၃) ဆိုရင် မချင့်မရဲတင်မဟုတ်….ခင်ဗျား ကျနော့ကိုလည်ပင်းညှစ်ချင်စိတ်ပါပေါက်သွားလိမ့်မယ်…. 🙂
Mr. MarGa
July 7, 2014 at 3:40 pm
ခုကတည်းက လက်သွေးထားပါမယ်ဗျာ :mrgreenn:
Nyo Win
July 7, 2014 at 3:57 pm
@အရီးခင်
“မျိုးဆက်သစ် အတွက် အခုလဲ တာဝန်မကျေ တဲ့ လူ ဖြစ်နေတဲ့ သဘောပေါ့။”
မဟုတ်ရပါအရီးရယ်..တခါ့တခါဖူးမှမတွေးဘူးပါ။
” ဒါ အဖွားကြီး တွေ ကို တိုင်တည်ပြီး လက်ရှိ မိန်းမပျို လေးတွေ ကို ကယ်တင်ရှင် လုပ်ဖို့ စကားပျိုး နေတာလား။”
ဒါကပိုတောင်မဟုတ်ရပါအရီးရယ်…ကျနော်က..အဖေအမေ..ညီအကိုမောင်နှမမျက်နှာသာကြည့်တဲ့သူဆိုတော့..လင်ကောင်းမဖြစ်နိုင်တဲ့အတွက်ရည်းစားတောင်မထားဖြစ် (ချစ်စိတ်ကခြွင်းချက်နော်)တဖတ်သက်ချစ်ရင်ချစ်မယ်…..အခုတော့အဲ့ဒီအချစ်ဆိုတာစိတ်ထဲမရှိ..
“ကိုယ့် ဘဝ လက်တွဲဖော် ရဲဘော် က ရုပ်အဆင်းမှာ မင်းသမီးလို မော်ဒယ်လိုလှ ဖို့ လို လို့
လား မောင်ညို ရဲ့။ ????”
အဲ့သဟာကတော့ရုပ်အဆင်းမှာ မင်းသမီးလို မော်ဒယ်လိုလှ ဖို့မလှဖို ့ခုအချိန်မှာ ဦးနှောက်ထဲတောင်မထည့်ပါဖူးဗျာ
“စုန်းမ စာချ ပြရရင်တော့ ထွက်ပြေးကုန်ကြမလား”
အရီးရယ် ကျွဲပါးစောင်းတီးပဲဖြစ်တော့မပေါ့။
နုစဉ်ခါက အဖြစ်ကိုပေါ့ပေါ့ပါးပါးလေးခံစားတင်ပြယုံပါ…..အထင်တော်မလွဲလိုက်ပါနဲ ့….
အရီးခင်
July 7, 2014 at 4:11 pm
မောင်ညို
ကျောင်း အကြောင်း လွမ်းစရာ စာကောင်းလေးဖတ်ရလို့ စိတ်ရွှင်ပြီး ဝင်နောက်တာပါ။
အရီး ကိုလဲ အထင်မလွဲပါနဲ့။
ဆက်ပြီး ရေးပါ။
ကျောင်းတုန်း က အလွမ်းတွေ နဲ့ ပြန်နေရတာ ပိုပြီး နုပျို သွားလို့ပါ။ :-)))
marblecommet
July 7, 2014 at 8:14 pm
သုံးခါတောင် ကြုံဖူးတယ်ဆိုတော့
ဆြာညိုလည်း ဟက်ထရစ် ရှင်ပေါ့ဗျ
အားကျတယ်ညော်….
Nyo Win
July 8, 2014 at 9:31 am
အားကျတယ်လားဆရာကမ်း…..
အားကျလောက်အောင်လည်းဘာမှဖြစ်ဖြစ်မြောက်မြောက်မဖြစ်ခဲ့ပါဘူးဗျာ….. 🙂
kyeemite
July 8, 2014 at 9:00 am
အော်..ရေးမဲ့ရေးတော့လည်း အချစ်ကစတာပါလား ကိုညိုဝင်းရဲ့..
ခီများဇတ်လမ်းဖတ်ပြီး ကျောင်တော်ကကိုယ်ပိုင်ဇတ်ထုတ်လေးပြန်လွမ်းသွားတယ်ဗျာ…
နောက်အပိုင်းတွေစောင့်နေတယ်ဗျို့ :s:
Nyo Win
July 8, 2014 at 9:33 am
ဦးမိုက်ရေ…မိ နဲ ့ ဖ ရဲ့ အချစ်ကစပြီးကျနော်တို့ ့သန္ဓေတည်မွေးဖွားလာတော့..ဟီးဟီးအချစ်နဲ ့စသပေါ့..
ဦးမိုက်ရဲ ့ ကျောင်တော်ကကိုယ်ပိုင်ဇတ်ထုတ်လေး လည်းဖတ်ချင်သေး….. 🙂
alinsett (gazette)
July 8, 2014 at 9:09 am
ဖတ်ရတာ တမျိုးလေး..
Nyo Win
July 8, 2014 at 9:34 am
အလက်ဆင်းရေ….ကိုတို ့လက်ကုန်က ညီလေးတို ့လက်သွေးသလောက်တောင်မရှိတော့အားငယ်ပ…အားပေးတာကျေးကျေး.. 🙂
alinsett (gazette)
July 8, 2014 at 10:03 am
ဝိုးးး ဒီလောက် သွက်သွက်မြူးမြူးလေး…ရေးနိုင်တာ..
အစကနေ အဆုံးထိ တရစပ် ဖတ်မိတဲ့အထိ..ဆွဲခေါ်နိုင်တဲ ့အရေးအသား…
ဘာမှ အားငယ်စရာမရှိဘူးခည….