Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာသော့နဲ့ဖွင့်မလဲ?

ညက zuma game ကို ဆော့တယ်။
အရင်နေ့တွေကရခဲ့တဲ့အမှတ်တွေထက်ပိုရအောင်
ပစ်တယ်။
ရတဲ့အခန်းမှာရသလို မရတဲ့အခန်းမရဘူး။
ဒါနဲ့နဲနဲမျက်စေ့ညောင်းလာတာနဲ့အပျင်းပြေစိတ်လက်ပေါ့ပါး
သွားအောင် pink panther ကာတွန်းကားကိုပြန်ကြည့်တယ်။
အတော်လေးကိုရီရတယ်။ထပ်ခါထပ်ခါကြည့်ပြီးသားပေမဲ့
ကြည့်တိုင်းကျတော်ရီရပါတယ်။
tom&jerry ကာတွန်းထက်နဲနဲလူကြီးဆန်သလိုခံစားရပါတယ်။
ညကကြည့်တဲ့အခန်းထဲမှာ ကားလမ်းဖြတ်ကူးနိုင်ရေးအကြံထုတ်တဲ့အခန်းကို
တော်တော်သဘောကျမိပါတယ်။
ထုံစံအတိုင်း panther က ကားလမ်းကူးမယ်လုပ်ပါတယ်။
ဒါပေမဲ့လူကူးမီးကနီနေတယ်။ကူးခွင့်မရှိသေးဘူး။
ဒါပေမဲ့ ကားကတစီးတလေမှမသွားကြဘူး။ရှင်းနေတာပဲ။
ဒါနဲ့ဘေးဘီကိုကြည့်ပြီး ရှင်းနေတာပဲ မီးမစိမ်းလဲကူးမဟဲ့
ဆိုပြီး လမ်းပေါ်ခြေတဖက်ချလိုက်တာနဲ့
ဝဲယာသွားလာတဲ့ကားတွေ ဝီကနဲ့ဝီကနဲ အမြန်နောက်ဆုတ်
လိုက်ရတယ်။ပလက်ဖောင်းပေါ်ခြေပြန်ချတာနဲ့ သွားလာနေတဲ့ ကားတွေ မရှိတော့ပြန်ဘူး။
အသွားအလာမရှိတော့ဘူးဟဲ့ဆိုပြီးခြေပြန်ချတယ်။
ကားတွေမျိုးစုံပြန်ထွက်လာတယ်။
ဒါနဲ့အိပ်မယ်ဆိုပြီးမအိပ်ခင် တီဗီ ဘက်ပြန်ပြောင်းပြီး
ဖိလစ်ပိုင်ဇာတ်လမ်းတွဲများလာလေမလား ဖွင့်ကြည့်တယ်။
ဖိလစ်ပိုင်ဇာတ်လမ်းတွဲတွေက ဆွဲဆောင်မူ့ရှိတယ်ဗျ :mrgreen:
ဒါပေမဲ့အချိန်ကအတော်လင့်သွားပြီ။
ဇာတ်လမ်းတွဲက zuma game ဆော့နေကတည်းက
လာပြီးနေပြီ။ပြန်စဉ်းစားမိပြီးစိတ်ထဲက လည်း
နာသကွာဆိုပြီး တီဗီပြန်ပိတ်မယ်အလုပ်မှာ အထူးသတင်း
ဆိုပြီးဝင်လာသဗျား။ဘာထူးပါလိမ့်ဆိုပြီး
ဆက်စောင့်လိုက်တော့ မြန်မာတပြည်လုံးကို စစ်တပ်က
အာဏာပြန်သိမ်းကြောင်းတဲ့ခဗျား။
အမလေးးပလုတ်တုတ်။
ဂွကျကုန်တော့မှာပဲဆိုရင်း
ကျတော်အွန်လိုင်းထဲရေးသမျှတွေ
တင်သမျှတွေပြန်လိုက်ဖျက်နေရတယ်ဗျိုး။
အမယ်ကွန်နရှင်ကလည်းကောင်းမှကောင်း။
ရင်တထိတ်ထိတ်နဲ့ပေါ့။
နောက်ဆုံဖျက်ဖို့ကျန်တာ ဒီရွာထဲတင်တဲ့ပိုစ့်တွေပဲ။
အရင်ကဘာမှဖျက်မရတဲ့ပိုစ့်တွေကွန်မန်းတွေအလွယ်တကူ
ဖျက်လို့ရနေတယ်ဗျာ။
အင်းးးး
သူကြီးကအလိုက်တသိနဲ့ဖွင့်ပေးတာနေမှာ
သူကြီးအတော်မျော်မြင်တတ်တာပဲတွေးရင်း အကုန်
ဖျက်လို့ပြီးသွားတယ်။အမလေးမောလိုက်တာ ဟူးးးးးးးး
တော်သေးတယ် ငါ့နောက်ကိုဒီကောင်တွေမလိုက်နိုင်တော့ဘူး
ဆိုပြီးစိတ်အေးလက်အေးနဲ့အိပ်ရာဝင်မယ်ဆိုပြီး
အပေါ့သွားဖို့နောက်ဖေးဘက်ကိုအသွားမှာ
ဖျက်ကနဲ့မီးပျက်သွားပါတယ်။
ကိုယ့်အိမ်ပဲဘယ်နေရာဘာရှိတယ်စမ်းသွားလိုက်ပါမယ်
ဆိုပြီးရှေ့ကို တလှမ်းအရွေ့။
သိမ့်ကနဲ့ ဘီလူးစီးသလို အိပ်နေရာက ဆတ်ကနဲ့
တကိုယ်လုံးတွန့်ပြီး နိုးလာပါရော။
ဖျားဖျားဖျား
အိမ်မက်မက်နေတာပါကလားးး။
တော်ပါသေးရဲ့။

(နောက်ထပ်ဆက်ဖို့ကို အချိန်အခါကြည့်ပြီးဆက်ပါရစေ)

15 comments

  • Mr. MarGa

    July 7, 2014 at 7:26 pm

    ခေါင်းစဉ် နဲ့
    ပို့စ် ကို ဖတ်ပြီး
    ဂလိုလေး ဖြစ်သွားတယ် 🙄
    အင်းးး အိပ်မက်က မဆုံးသေးဘူးဆိုတော့ ပြန်အိပ်လိုက်ဦးမယ် :mrgreenn:

    • မင်း ခန့် ကျော်

      July 8, 2014 at 9:23 am

      ထတော့ မြန်မြန်ထ။
      ဟိုမှာ ရော်ဘင်ကြီးခြေထောက်ဂိုးဆရာဖမ်းဆွဲလို့
      ပင်နယ်တီကစ်တော့မယ်။
      ဒိန်းဒိန်းးးးးးး ဒိန်းဒိန်းဒိန်းး ဟော်လန် :mrgreen:
      သူကြီးပြောတာပဲ
      ဘောလုံးနဲ့နိုင်ငံရေးဆက်စပ်နေတယ်တဲ့။
      ဟော်လန်ဖလားရမှ ဆက်မက်မယ် အိုက်အိမ်မက် :mrgreen:

  • အရီးခင်

    July 7, 2014 at 11:48 pm

    ကိုခန့်
    တကယ်ဘဲ စိတ်ပူနေလား။
    ဒါမှမဟုတ်
    အကြားအမြင်ရှိနေလား။

    သာမာန် ပွဲကြည့် ပရိတ်သတ် အမြင်မှာတော့
    ၂၀၁၄ မြန်မာပြည် က ၁၉၈၈ မြန်မာပြည် မဟုတ်တော့တာဘဲ။
    ၁၉၈၈ မှာတုန်း က နိုင်ငံခြားနဲ့ချိတ် စီးပွါးရေး လုပ်နေတဲ့ ချမ်းသာလွန်းနေ တဲ့ ခရိုနီ တွေ မရှိသေး။
    ၁၉၈၈ မှာတုန်း က နိုင်ငံမငြိမ်လို့ စီးပွါးပျက်မှာ ကြောက်လွန်းတဲ့ သူတွေ က ထိပ်ပိုင်းနဲ့ မပလူး နိုင်သေး။
    ပြီးခဲ့တဲ့ ယူကရိန်း အရေးမှာ ရုရှားဝင်အပြီး အနောက်နိုင်ငံ က ပိတ်လိုက်လို့ ရုရှားခရိုနီ တွေ အကြပ်တွေ့ပြီး နောက်တော့ မစ္စတာပူတင်း လေသံ လျှော့သွားတယ်။
    တစ်ခုတော့ရှိတယ်။
    ဒီအချိန် စစ်တပ် က ဘာလုပ်လုပ် အောက်လူ နင်းပြားများ အတွက် ဘာမှ မထူး။
    ထူးမှာ သူတို့ဘဲ။

    ဒီတော့
    အိပ်ရေးသာ ဝအောင်အိပ်ပါ။
    ကိုယ့်ကို ထိမှာ ကြောက်သူချင်း သူတို့ က ပိုပြီး ကိုယ်ထည်ကြီးပါတယ်။
    အမ်
    ရှင့် ကိုယ်ထည် ကရော အတော်ကြီးလားဟင်င်င်င်င်င်င်င်င်င်။
    :-))))
    ဒါပါဘဲရှင့်။

    • မင်း ခန့် ကျော်

      July 8, 2014 at 9:41 am

      ညက လွတ်တော်အစည်းအဝေးကြီးလုပ်နေတာအိမ်မက်ထပ်မက်တယ်ဗျ။
      အုတ်ကထ ကြီးကပြောရှာပါတယ်။
      လူကြီးမင်း ဘာမှမပြောပါနဲ့တဲ့။
      စကားမပြောနဲ့ပေါ့။
      သူတို့ပြောဆိုဆွေးနွေးတာကိုနားထောင်ရင်း
      လွတ်တော်တခုလုံးကို အသံမထွက်ပဲ
      စိတ်တိုင်းကြလေ့လာပါတဲ့။
      ဒါနဲ့ကျတော်လည်းဘာရမလဲ
      ခြေကိုဖော့လို့ အသာကလေးရှေ့ကနေ တတန်းချင်း
      လွတ်တော်အမတ်တွေကိုကြည့်တယ်။
      ဦးဘယ်သူ ဘယ်မဲဆန်ဒနယ်မြေ ဘာညာပေါ့ဗျာ။
      ဒါနဲ့တခြမ်းပြီးတော့နောက်တခြမ်းရောက်တော့
      ဗိုလ်အုပ်စုတဲ့ နာမည်က
      သူများတွေက ဘာမဲဆန်ဒနယ်မြေဘာညာနေရာမှာ
      တမတ်သားစစ်စစ် မဲဆန်ဒနယ်မြေတဲ့။
      အိမ်မက်ဆိုတော့လဲရောက်ချင်တဲ့နေရာတန်းရောက်သွားတာ
      ပေါ့ဗျာ။
      သန့်စင်ခန်းကိုရောက်သွားတယ်။
      မရိုသေ့စကား >>>အနံ့တော့နဲနဲရသလိုလို
      အဲဒီမှာ ဘပြောင်ကြီးနဲ့ကျတော်နဲ့နှစ်ယောက်တည်း
      ကျတော့်ကိုပြောရှာပါတယ် အဲ မပြောခင်ပြရှာပါတယ်
      စက်တလုံးကို။
      ပြနေရင်းပြောတာပေါ့ဗျာ။
      လူကြီးမင်ခံဗျားးးတဲ့။ (အဲဒီခံဗျားး စကားကြားရင် တမျိုးကြီးပဲ)
      ကျတော်တို့လွတ်တော်ထဲ တမတ်သားမဲဆန်ဒကအမတ်တွေ
      ရှိနေသ၍တဲ့
      ကျတော့်ရဲ့ဟောဒီနှစ်လုံးစက်ကြီးတောင်တပ်ထားစရာ
      မလိုပါဘူးတဲ့။
      ဒါနဲ့အိမ်မက်ကနိုလာပြန်ရော။
      အနံ့ကတော့ ကြိုင်နေတုန်းပဲ။
      တရာခံတော့မစစ်ရဲဘူးဗျ :mrgreen:

    • မင်း ခန့် ကျော်

      July 8, 2014 at 9:51 am

      လေးလေးမိုက်ရေ
      ဖျားဖျားဖျား တ တာတောင်ဘေးဘီကြည့်ပြီးမှ
      တ ရမဲ့ကိန်းတောင်ဆိုက်နေသလားလို့ပါ :mrgreen:
      တော်ကြာ —–

  • ဝင့်ပြုံးမြင့်

    July 9, 2014 at 7:01 pm

    ကိုခန့်ရေ …. အပေါ်မှာ အရီးခင်မေးထားတဲ့ မေးခွန်းလေးဖြေပေးဖို့ အရေးကြီးတယ် မထင်ဘူးလား။ မေးတဲ့သူကတော့ မေးနေပြီ။ ကိုယ်ထည်ဘယ်လောက်ရှိသလဲတဲ့။ ခရိုနီလား၊ ခရိုနီ အဆွယ်အပွားလားလို့ မေးနေပြီလေ။

    • မင်း ခန့် ကျော်

      July 11, 2014 at 9:40 am

      ကျတော့်ကိုယ်ထည်က ကျတော်ဖြစ်စေချင်တာထက်နဲနဲပိုကြီးနေပါတယ်။
      မကြာခင် နှစ်နှစ်လောက်ဆိုရင် မတ်မတ်ရပ်ပြီးအောက်ကိုငုံ့ကြည့်ရင်
      ခြေထောက်ကိုမြင်နိုင်မလားစိုးရိမ်နေပါတယ်။
      ပန်းသီးဗိုက်ဆိုရမလား:mrgreen:
      ငွေရေးကြေးရေးကတော့ ခုနေအလုပ်အကိုင်မရှိတော့ဘူးဆိုရင်
      မည်သူမှမထောက်ပံ့မကူညီပဲစားသောက်ရ ရင် လက်ရှိဆန်ဆယ်ပြည်
      ကုန်ရင် ရေသောက်ကိန်း :mrgreen:
      ကျတော့်ကိုယ်ထည်က အဲသည်လောက်ကိုးရှိတာ :mrgreen:
      ဆိုင်ကယ်အစုတ်တောင်ပြင်ချိန်တန်နေပါရဲ့ ဆိုင်ကိုမပို့နိုင်။
      ဒါနဲ့စဂါးစပ်နေတာမို့
      အရီးနဲ့ အမ တို့ ချေးငွေလေးချမပေးချင်ဘူးလာဟင်!! :mrgreen:

  • ဝင့်ပြုံးမြင့်

    July 9, 2014 at 7:28 pm

    မြန်မာ့ရိုးရာယဉ်ကျေးမှုအကြောင်းက စရတော့မှာပဲ။ ကိုယ့်အိမ်ကို ဧည့်သည်လာတယ်ဆိုပါစို့၊ အဲဒီအခါ ဧည့်သည်ကို ဘာစားမလဲ သောက်မလဲ မေးကြတယ်။ ဧည့်သည်ကလည်း ဟာ နေပါစေ၊ ဒုက္ခမရှာပါနဲ့ စသဖြင့် ယဉ်ကျေးဘွယ်ရာ ငြင်းဆိုကြရတယ်။ အိမ်ရှင်ကလည်း ဧည့်သည်ငြင်းပေမယ့် ရှိတာလေး ဖွယ်ဖွယ်ရာရာလုပ်ပြီး ကျွေးကြမွေးကြတယ်။ ဧည့်သည်က ငြင်းတိုင်း ကိုယ်ကမကျွေးလို့ဖြစ်မလား၊ ဧည့်ဝတ်ကျေပွန်ဖို့က ကိုယ့်တာဝန်လို့ သဘောထားကြတယ်။ ဧည့်သည်ကလည်း အိမ်ရှင်ကျွေးတာကို စားချင်သည်ဖြစ်စေ၊ မစားချင်သည်ဖြစ်စေ အားနာသမှုနဲ့ စားကြတယ်။ အဲဒီလို …။
    တကယ်လို့သာ နိုင်ငံခြားသားဧည့်သည်ဆိုရင်တော့ တီးအော် ကော်ဖီ မေးလို့သူက ဘာမှမစားဘူးမသောက်ဘူးဆိုရင် ဘာမှကို မလုပ်ပေးပါနဲ့။ သူက သောက်မယ်မပြောဘဲ ကိုယ်က သောက်ဖို့လုပ်ပေးရင် သူကလည်း အားနာသမှုနဲ့ စားမှာ သောက်မှာ မဟုတ်ဘူး။ သူတို့လူမျိုးက ဘာအကြောင်းလေးနဲ့မှ ဟိုလိုလို ဒီလိုလို မပြောတတ်ဘူး။
    —-
    -သေကာနီးလူတစ်ယောက်ကိုတောင် သေတော့မှာ လို့ ပြောရင် မြန်မာ့လူ့အသိုက်အဝန်းက လက်ခံမလား။ သူ့ဆွေမျိုးသားချင်းတွေ ထတီးမှာပေါ့။ သေကာမှသေရော့ အဲဒီအမှန်တရားကြီးကိုတော့ ထုတ်ပြောလို့ မရဘူးပေါ့။ အခု မြန်မာ့နိုင်ငံရေးမှာလည်း ဒီသဘောသွားရှိနေတယ်။ ဟုတ်တိုင်းမှန်ရာကို ပြောချလိုက်ရင် လူတွေ မကျေနပ်ဘူး။ အမေစု ကို သမ္မတ အရမ်းဖြစ်စေချင်နေကြတယ်။ ဟာ မဖြစ်နိုင်ဘူးလို့ ပြောရင် ပြောတဲ့လူကို မုန်းတယ်။ မြန်မာ့ယဉ်ကျေးမှုက တော်တော်လည်း စိတ်ပျက်စရာကောင်းတယ်။ ဒီလို ဟုတ်တိုင်းမှန်ရာကို တုတ်ထိုးအိုးပေါက်ပြောထည့်လိုက်ရင် ပြသနာတွေ ရှင်းမနိုင်တော့ဘူး။
    – ဗေဒင်ဆရာစံဇာဏီဘို ကတော့ ၂၀၁၆မှာ အမေစု သမ္မတဖြစ်မယ်လို့ ကျမ်းကျိန်သလိုကို ဟောသွားတယ်။ သူမှားသွားရင် ၂၀၁၆ မှာ သူဝန်ခံမှာလား။ လောလောဆယ်တော့ သူ့ကို လူတွေ ကျေနပ်သွားတယ်။ ဒါတစ်မျိုးပဲ ။ ကြောက်စရာကောင်းတယ်။ လူတွေ ဦးနှောက်မသုံးအောင် မှောင်ချလိုက်သလိုပဲ။ ဒီအချိန်ဟာ အရေးကြီးတယ်။ အရေးကြီးချိန်မှာ ဒီလိုဟောချက်တစ်ခုကလည်း အမှောင်တိုက်သွင်းလိုက်သလိုပဲ။ ဟုတ်ပြီ သူဟောတာမှားရင် သူဘာနဲ့လျော်မလဲ။ အဲဒီအခါကျတော့လည်း မြန်မာလူမျိုးဆိုတော့ကာ လူတွေက ပြီးပြီးရောပါပဲ။ ၁ဝချက်ဟောလို့ ၁ချက်မှန်ရင်ကိုပဲ ဒီဗေဒင်ဆရာ မှန်တယ်လို့ သတ်မှတ်ကြတာ မြန်မာ့စရိုက်ပါပဲ။

    – အခု ကိုခန့်က သေမယ့်လူကို သေတော့မှာလို့ ပြောသလိုပဲ။ လူတွေ မခံစားနိုင်ကြဘူး။ သူငယ်နာဆိုတာ ဒါ။ ပုဂိ္ဂုလ်ရေးကိုးကွယ်မှု၊ သူရဲကောင်းကိုးကွယ်မှု။ ပြောချင်တာတွေ အများကြီးရှိသေးတယ်။ အချိန်မရလို့။ ဘာသော့နဲ့ဖွင့်မလဲဆိုတော့ ဟုတ်တိုင်းမှန်ရာကို ပိုးစိုးပက်စက်ပြောတဲ့သော့နဲ့ ဖွင့်မှရမယ်။

    • မင်း ခန့် ကျော်

      July 11, 2014 at 10:08 am

      အမရေ >>>
      ဒုတ်ထိုးအိုးပေါက်ပြောလိုက်တာဆိုပေမဲ့
      ကျတော်က ပုန်းနေရက်ကမို့ပြောရဲတာမျိုးပါ။
      နိုင်ငံသိလူတွေကျတော့သိနေမြင်နေပေမဲ့ပြောဖို့
      ဆိုဖို့မလွယ်တာအခက်အခဲရှိတာ ကျတော်နားလည်ပေး
      တဲ့သဘောမျိုးရှိပါတယ်။
      ကျတော်တို့ဆီမှာ နိုင်ငံရေးနယ်ပယ်မှာက
      ထောက်ခံဖို့ မထောက်ခံဖို့
      ချီးကျူးဖို့ မချီးကျူးဖို့
      ဒီလို နှစ်လမ်းပဲ သွားနေသလား??လို့ကျတော့်ဘာသာ
      မေးခွန်းထုတ်နေ စဉ်းစားနေမိပါတယ်။
      ကျတော်ကိုယ်တိုင်က အစိုးရကို အလွန်ဝေဖန်ခဲ့
      သူပါ။(ဝေဖန်တဲ့စာရေးလွန်းလို့မဟေသီကတောင်
      ကျတော့်ကို un-fri ဖေ့ဘုတ်မှာလုပ်တဲ့အထိ)
      ဒါပေမဲ့ ခြေ/ဥ ပြင်ဆင်ရေး အင်တိုက်အားတိုက်လုပ်
      တဲ့အချိန်မှာ ခြေ/ဥ ကို အစအဆုံးဖတ်ဖြစ်တယ်။
      အဲဒီလိုဖတ်နေရင်းမှာ ဝေဖန်မူ့နောက်မှာဘာဖြစ်လာနိုင်မလဲ?
      ရှေ့ဆက်သွားရမှာက ဘယ်နည်းနဲ့လဲ?
      လက်ရှိဘယ်လိုသွားနေလဲ?
      လမ်းကြောင်းကိုဘာကပိတ်ထားသလဲ?
      ဘာနဲ့ဘယ်လိုဖွင့်နိုင်မလဲ?
      စတာတွေပါ။
      blogတွေလိုက်ဖတ် အမြင်တွေ လေ့လာ။
      လက်ရှိအာဏာပိုင်တွေရဲ့စကားလေ့လာ။
      အခြေအနေတွေကျတော့်ဉာဏ်မှီသလောက်
      စဉ်းစားမိပြီး ဒါတော့ဒီလိုမှဖြစ်မယ်ဆိုပြီး
      ပြောချင်တာပြောကြပေရော့ဆိုပြီးရေးလိုက်တာ
      ပါ။
      ကျတော် စဉ်းစားတာက ဒီလူနဲ့ဒီတိုင်းပြည်ကို
      ဒီလို နည်းနဲ့မကယ်နိုင်ဘူးလားး?
      ဆိုတဲ့အမြင်လေးပါးပါးလေးပါ။
      ပြောချင်တာတွေအများကြီးပေမဲ့ပြောချင်တာတွေကို
      စာမစီတတ်တဲ့အားနည်းချက်ကြောင့်ဒီလောက်ပဲပြောထွက်ပါတယ်
      အမရေ။
      ဟုတ်ကဲ့ပါ။

  • kai

    July 10, 2014 at 1:31 am

    မြန်မာ့ရိုးရာယဉ်ကျေးမှုတဲ့..

    ငါးပါးသီလ… အားတိုင်းယားတိုင်းစောင့်နေကြပေမယ်.. မုသာဝါဒကံ. စောင့်ပေမယ့် သီလဖေါက်ပစ်လိုက်ဖို့ကိုတော့.. ဘယ်သူမှဝန်မလေး..။

    အမှန်ကို သိရက်နဲ့ ထိန်ချန်တာ.. မပြောတာဟာ.. အပြစ်ကြီးတခုအဖြစ်.. သတ်မှတ်ဖို့လိုမယ်ထင်မိ်တယ်..

    ၅ပါးသီလရှိတာမှာ.. ..ဖေါက်ရင်.. အပြစ်ပေး/ခံယူတဲ့.. ကျိန်စာပါ.. ကျိန်ခိုင်းတာတွဲထည့်သင့်တယ်ထင်မိတယ်..။

    နောက်အံ့ဩမိတာတခုက.. ပါ့ဗလစ်လူထုရှေ့ တောင်းပန်တာကို ဖိထောင်းချင်တဲ့စိတ်ဓါတ်တွေ..။
    တောင်းပန်တာကို ဖိထောင်းချင်တဲ့စိတ်ရှိနေမှတော့.. ဒီလူ့အသိုင်းအဝိုင်း.. ဘယ်လိုရှေ့ဆက်သွားကြမယ်… တွေးမရ..။
    ရဟန်းသံဃာမျာတောင်.. အပြစ်လုပ် . ဝိနည်းဖောက်မိရင်.. အာပါတ်ဖြေ(တောင်းပန်) ပြီး ဖြည်လို့ရအောင်.. ဗုဒ္ဓကသတ်မှတ်ပေးမင့်ကို…။

    ဘိုးဘိုးအောင်ခေါ်ပြီး.. “ဘိုးဘိုးကိုင်”မှရမယ်ထင်..။ :mrgreen:

    • မင်း ခန့် ကျော်

      July 11, 2014 at 10:42 am

      ဟုတ်ပါတယ်သူကြီးရေ။
      အမှန်ကိုသိရဲ့နဲ့ထိန်ချန်တာ အပြစ်ကြီးပါ။
      အထူးသဖြင့် အမှန်က်ုချမပြရဲ့တဲ့စတုတ်ထမန်တိုင်ကြီးက
      ပြည်မနိုင်ငံရေးမှာအထူးအရေးပါတယ်လို့မြင်ပါတယ်။
      ခုထိစတုတ်ထမန်တိုင်ကြီးကတူးလိုက်ဆွလိုက်နဲ့ထယ်ထွန်နေတုံးပဲလို့မြင်ပါတယ်။
      အမှန်တရားမျိုးစေ့လေးဘာလေချချိန်တန်ပါပြီ။

      ၂၀၁၅ လမ်းကြောင်းမှာပြည်သူတွေရဲ့ဆန်ဒကိုပိတ်တာက ခြေ/ဥ။
      ဒီတော့ပြင်ချင်ပါတယ်ဆိုရင် ခြေ/ဥ ထဲကစည်းကမ်းအတိုင်းပြင်ခွင့်ရှိမယ်။
      အသစ်ရေးဆွဲမှရပါမယ်ဆိုရင် ခြေ/ဥကိုဖျက်သိမ်း ဖို့စစ်တပ်ကအာဏာသိမ်းပေးဖို့
      လိုပါမယ်။
      ပြင်ဖို့ပဲကျတော်လိုလားပါတယ်။
      ပြင်နိုင်ဖို့က လွတ်တော်နေရာတင်မက အပေးအယူ အပြန်အလှန်ကတိကဝတ်တွေပါလို
      ပါမယ်။
      ဒီအတွက်ပြည်သူတွေ လူထုရှေ့တောင်းပန်တာကို လက်ခံနိုင်ဖို့ ပြင်ဆင်ထားဖို့
      လိုပါမယ်။
      ဒီလိုမမြင်နိုင်တာတွေကြောင့်တိုင်းပြည် တိုးတတ်မူ့နှောင့်နှေးလာတယ်လို့မြင်ပါတယ်။
      သူကြီးတို့ အရီးတို့ အမဝင့် တို့ရဲ့မှတ်ချက်စကားတွေက
      တိုင်ပြည်အတွက် ဘက်ပေါင်းစုံအတွက် လိုအပ်တဲ့အရာတွေလို့မြင်ပါတယ်။
      သူကြီးကိုတခုမေးချင်ပါတယ်။
      us မှာ ခြေ/ဥ တခုကိုပြင်မယ်ဆိုရင်
      အချိန်ဘယ်လောက်ယူလေ့ရှိသလဲ?
      ဥပမာ- လူတိုင်းသေနပ်ကိုင်ဆောင်ခွင့်ကို ပြန်ရုတ်သိမ်းမယ်ဆိုတာမျိုး။
      နောက် us ရဲ့ခြေ/ဥ နဲ့ မြန်မာပြည်ရဲ့ခြေ/ဥ အနှစ်သာရ ဘယ်လိုကွာခြားလဲ?
      ဆိုတဲ့သူကြီးရဲ့အမြင်လေး။(၅၉ (စ)ကိုတော့သိပ်စောင်းမပေးပဲနဲ့ပေါ့ဗျာ။
      သူကြီးဆီက သင်ယူချင်လို့ပါ။
      ဟုတ်ကဲ့ပါ။

      • kai

        July 11, 2014 at 11:56 am

        အခြေခံအားဖြင့်ကတော့ ..ခြေဥမကလို့.. ဘာဥဖြစ်ဖြစ်.. လူကလုပ်တာ.. လူအများစုကပြင်ချင်ရင်.. ပြင်ရမယ်လို့ပါပဲ…။
        Since the Constitution was put into effect in 1789, it has been amended twenty-seven times.
        Approximately 11,539 proposals to amend the Constitution have been introduced in Congress since 1789.[1] Collectively, members of the House and Senate typically propose around 200 amendments during each two–year term of Congress.

        အဓိကအနေနဲ့..၂ရကြိမ်ပြင်ထားတဲ့သဘောရှိတယ်..။
        အစပိုင်းမတော့.. ခြေဥပြီးပြီးချင်းလူတွေနဲ့ညှိယူရတာမို့.. တောက်လျှောက်ပြင်သွားပါတယ်..။

        အဲဒါကို.. အယ်ဒီတာ့သင်ပုန်းအနေနဲ့.. ပြီးခဲ့တဲ့လကရေးထားတယ်..။
        အဖြေတခုရမယ်လို့ မျှော်လင့်တယ်..။
        ဖတ်ကြည့်ပါ့..။ :mrgreen:
        http://myanmargazette.net/198774

        • မင်း ခန့် ကျော်

          July 12, 2014 at 5:04 pm

          အဆိုပါခေါင်းဆောင်တို့နှင့်သူတို့လမ်းစဉ်များအောက်ဝယ် စစ်(ဝါ)သေနတ်ပြောင်းမှလာသော အာဏာ၏မဏ္ဍိုင်ဖြိုချရေးမှာ လွန်စွာခက်လှမည်ဖြစ်ကာ ဆယ်စုနှစ်များချီကြာမည်ဟု အတတ်ပြောလိုပါသညအဆိုပါဓလေ့ထုံးတမ်းကို ဖေါက်ထွက်ပြင်ဆင်နိုင်မှုတို့သည် အတွင်းမှလှိုက်၍လာနိုင်သည်မထင်မူပဲပြင်ပ မှသာ လာနိုင်မည်ထင်ပါ၏။
          မြန်မာ့ထွက်ရပ်လမ်းကို ဖေါက်နိုင်သူတို့မှာ တိုင်းရင်းသားများနှင့် ပြည်ပရောက် သန်းချီမြန်မာများသာဖြစ်သည်ဟုဆိုချင်သည်။

          သူကြီး ရေခုမှဝင်ဖတ်မိတာပါ။
          နှစ်ခုတောင်ရပါတယ်။
          သူကြီးက ကျတော့်ထက်ပိုစော ပိုမြင်ကြောင်း
          နောက်ရက်များမှ ကော်မန့်များသွာဖတ်ပါမည်။
          ဟုတ်ကဲ့ပါ။

        • ဦးကြောင်ကြီး

          July 13, 2014 at 3:15 am

          အမယ်လေးလေ့… အတိုင်အဖောက် ညှီနေလိုက်ကြတာ… လေးဖက်ထောက်တာကိုပဲ သူ့တို့ကိုယ်သူတို့ ခြသေ့င်္ မှတ်နေဂျလား မသိ… မဟုတ်ဖူးနေ လေးဖက်ထောက်တာ နင်တို့ကို အနောက်က ချနေ၊ဆော်နေ ချမှာ၊ဆော်မှာ.. သောက်ခွီး

Leave a Reply