လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု – Teashop ရိုးရာ
ဟိ.။ :mrgreenn:
ခေါင်းစဉ်က ဘယ်သူပေးဖူးလဲတော့ မသိ။
ပြင်သင့်ရင်ပြင်ပေးမယ်။
ဆရာမင်းလူလည်း ရေးဖူးပါရဲ့။ လက်ဖက်ရည်ဆိုင်ထိုင်တာကို အပြစ်မပြောဖို့ ဝတ္ထုလို ဆောင်းပါးလိုမျိုးလေးးး။
ဖတ်ပြီး သဘောကျဖူးရဲ့။
အရင်ကတော့ နှိုင်းယှဉ်စရာ သိပ်မရှိလို့ လက်ဖက်ရည်ဆိုင်ထိုင်ရင် ကို ဝေလေလေမှတ်ပြီး အပြောခံရတာ….။
ခုများတော့ အရက် ဘီယာဆိုင်က ရှောင်မလွတ်တာနဲ့ပဲ လက်ဖက်ရည်ဆိုင်လေး ထိုင်တာကို မပြောသာတော့…..။
ကျနော့ အကျင့်က လည်း လက်ဖက်ရည်ကို ဆိုင်မှာ ထိုင်သောက်ရမှ….။
ထိုင်တာတောင် ခုံပုလေးတွေနဲ့မှ ထိုင်သောက်ချင်တာ……။
ပလက်ဖောင်း မညီမညာမှာ ခုံပုပု ခနော်နီ ခနော်နဲ့လေးတွေနဲ့ ထိုင် စကားပြော…။
လမ်းမှာ ဖြတ်သွားဖြတ်လာ ဟိုကြည့်ဒီကြည့်…
လက်ဖက်ရည်ကုန်သွားရင် (အဲ ကျနော်က နောက်တစ်ခွက် ထပ်မှာတယ်၊ ဟိ)
အဲဒီ ခွက်ကုန်သွားမှ……. ကုန်သွားတဲ့ ခွက်ထဲ ရေနွေးအကြမ်း ထည့် ကျင်းးးး …. မသွန်ပါဘူးးးး :mrgreenn: ……ဆက်သောက်တယ်။
ကိုယ့်ခွက်နဲ့ ကိုယ်သောက်တာကို တစ်ချို့ တွေက နှာခေါင်းရှုံ့ကြသေးးးး။ :mrgreenn:
အဲ။
ပြီးရင် ရှိတဲ့ မုန့်လေး ဟိုမှာ ဒီမှာ ပေါ့လေ…..။
နောက်ပိုင်းတော့ မန်းလေးမယ် အစုံရ လက်ဖက်ရည်ဆိုင်တွေ ပေါ်လာတဲ့ အချိန်မှာ ကျနော်တို့ အကြိုက်ပေါ့။
အစက မန်းလေးမယ် လက်ဖက်ရည်ဆိုင် သီးသန့်လေးတုန်းက မိန်းကလေး လက်ဖက်ရည်ဆိုင်ထိုင်တာ အတော်ရှားသဗျ။
ကိုယ်တွေလည်း မထိုင်ဖြစ်ဘူးးး…..
ရှေ့ကဖြတ်သွားရင်တောင် ခြေလှမ်းမှားတဲ့ ခေတ်ဆိုတော့……..။
ခုတော့ မိန်းကလေး ဘီယာဆိုင် ထိုင်တာတောင် ရိုးသွားတဲ့ ခေတ်မှာပြောရင်တော့ ယုံတမ်းစကားပေါ့ဗျာ။ :mrgreenn:
မုန့်မျိုးစုံရတဲ့ လက်ဖက်ရည်ဆိုင်တွေ အရှိုရှိုပေါ်လာပြီး နောက်မှာ အရွယ်မရွေးးး လူတန်းစားမရွေးး နောက်ပြီး အချိန်မရွေးးး လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်ခေါ်မပေါ့။
လက်ဖက်ရည်ဆိုင် ထိုင်ခါ စ ဘာ လက်ဖက်ရည်မှာ ရမှန်းမသိခင်များဆို…. သူများ မှာတာ နားထောင်ရတယ်။
ချိုပေါ့ဖန်ပေါ့ ဆိမ့် ( ပေါ့ဆိမ့်)
ချိုဆိမ့်
ဖန်ဆိမ့်
ဖန်ပေါ့ စသည်ဖြင့် ပေါ့ (ကျန်ဦးမယ်။ မှတ်မိသလောက် ရေးတာ။ ထပ်ဖြည့်ပေးဦး)
တစ်မျိုးပြီး တစ်မျိုး စမ်းကြည့်ခဲ့ရတာဗျ။
အဲထဲကမှ ကိုယ်ကြိုက်တာ ဘယ် အရသာ ဆိုတာ မှတ်ထားပြီး မှာရတာ။ :mrgreenn:
အဲ !!! တစ်ခုပဲ သဘောမကျတာ။
လက်ဖက်ရည် ခွက်လေးတွေ သေးသွား တာ တစ်ခုပဲ။ :mrgreenn:
ပြောပါတယ်။ တစ်ခွက်နဲ့ မဝ ပါဘူးဆို။ :mrgreenn:
နောက်ပြီး လက်ဖက်ရည် ဖျော်နေတာကို မြင်ရတဲ့ ဆိုင်မျိုးကို သဘောကျတယ်။
အဲဒီ ကနေ ဖျော်နေတုန်း ထွက်လာတဲ့ လက်ဖက်အချိုခြောက်နံ့ ကို လွမ်းတယ်။
သောက်နေတုန်းများ မိုးရွာပြီဆို ဆိုင်ထဲပြေးဝင်ပြီး တွေ့တဲ့နေရာ ဆက်ထိုင်ပြီး သောက်ရတာကို ကြိုက်တယ်။
ဒီမှာ အစားအသောက် အစုံရတယ် ဆိုပေမဲ့လည်း ဒီ အခြေအနေမျိုးတွေ မရလို့လားတော့မသိ။ :mrgreenn:
မိုးမလုံ လေမလုံ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု ကို မှန်ခန်း ကော်ဖီဆိုင် ယဉ်ကျေးမှု ထက် ပိုနှစ်သက်မိတာ ဘာလို့တုန်းမသိ။ 🙄
ဟိ။
အမှန်တော့ ဒီ ကဗျာလေးကို ဖတ်ပြီး လွမ်းသွားလို့။
မန်းလေးရယ်။
လက်ဖက်ရည်ဆိုင်လေးတွေရယ်။။
ပေါ့ဆိမ့် လက်ဖက်ရည်လေးရယ်။
ရေးနွေးကြမ်း ခါးခါးလေးတွေရယ်။
အတူတူ စိတ်တူကိုယ်တူ လိုက်ထိုင်ပြီး စကားပြောနိုင်တဲ့ သူငယ်ချင်းတွေရယ် ကို လွမ်းတယ်။
:hint:
.
.
.
.
လက်ဖက်ရည်ဆမ်း…မန္တလေးအလွမ်းများ
ကျုံးအစပ်မှာဘဲ ချက်ကြိုးဖြတ်ဖြတ်….
နာရီစင်ဘေးဘဲ ခြေကန်မွေးမွေး….
ဈေးချိုတော်သား နန်းရှေ့ဖွားလို ့ဘဲဆိုဆို….
ဇာတိသား၊ ပဝတ္တိသား ခွဲခြားစရာမလို….
မန်းသူနဲ ့မန်းသား၊ မန်းမျိုးမန်းရိုးမှန်ရင်….
လက်ဖက်ရည်ဂျိုး….
လက်ဖက်ရည်အိုး။
မဂျိုးခံနိုင်ရိုး….
မအိုးခံနိုင်ရိုးလား….
ဘုရားသာ သုံးကြိမ်မရှစ်ခိုးနိုင်မယ်….
တနေ ့သုံးခေါက် လက်ဖက်ရည်သောက်….
အေးအေးသက်သာရောက်ကြရသကိုး။
လက်ဖက်ရည်ဆိုင်ဆိုတာ….
ကျောက်သမား…ကျောင်းသား…ပင်စင်စား….
ကားပွဲစား…အိမ်ပွဲစား…မြေပွဲစား….
နိုင်ငံရေးသမား…ဘုန်းဘုန်းဖုရား….
ဝန်ထမ်း…ရှေ့နေ…အထွေထွေ….
ဗျတ်ထိုး…ဗျံကျ…ပန်းရံသမ….
သူအို…လူကြီး…ကလေး…ခွေး….
ကဗျာတွေးတွေး…စာရေးရေး….
အာလွေးသူတွေ…ဆုံတဲ့အရပ်။
အဖိုးက ဂုံးပိုးလို ့ခေါ်ဘူးတဲ့….
၈၄ လမ်းဘေး…ထိုင်စိန်ကဖေး….
ပဲပေါက်စီ…သကြားပေါက်စီ….
မွှေးပျံ့ကော်ဖီ….
လက်ဖက်ရေ ဒဏ္ဍာရီ….
မပီပြင်…ဝိုးတဝါး….
အတိတ်ပန်းချီကားတချပ်။
တခေတ်…အပြောင်းလိုက်မှာ….
အသစ်…အကောင်းကြိုက်ကဖေး….
ရဟိုင်းဈေးနားကစန္ဒာ….
အိုလံပီယာနဲ ့မန်းမြိ့တော်….
၆၂ လမ်းပေါ်က ဒိပ်….
ကရဝိတ်နဲ ့ကီးမားတင်ဝင်း….
သန်းခေါင်ယံတောင် လူမရှင်းဘူး။
ပြီးတော့….နန်းရှေ့မှာရိန်းဘိုး….
မြို့လယ်ဆို…ကျိတ်ကျိတ်တိုးရတဲ ….
ရှိန်ကြီး နဲ ့မင်းမင်းကျော်….
ချိန်တန်ပြီ…တခေါ်မှာ…ပန်းသခင်….
၁၉လမ်းဝင်ရင်…ဝီရိယနဲ ့ဂရိတ်ဝေါလ်….
ဖုံတသောသောပေမဲ ့….
တကျိုက်နှစ်ကျိုက်…တိုင်ကီဆိုဒ်….
အဖန်ရေတောင် မလိုက်နိုင်ဘူး။
နောက်တခေတ် ဆန်းပြန်တော့….
ယူနီစံ နဲ ့မင်းသီဟ….
ကဖေးမက…စားဖွယ်စုံ….
စီးပွားအဟုန်…ဆိုင်ခွဲတိုး….
ဟိုးဟိုးကျော်နဲ ့ရွှေပြည်မိုး….
တိုးတိုးဝှေ့ဝှေ့…ထိုင်ခုံယူ….
အောင်တော်မူ…ဘုရားဖူး…
ကဖေးဘလူး ထူးမှထူး။
ဆေးကျောင်းနားက အချစ်ရွာ….
သရီးကာလါ…ကဗျာမော….
တမာတောမှာပန်းကမ္ဘာ….
လှမ်းလေ့ရှိတာ….ဆုံဆည်းရာပေါ့။
လက်ဖက်ရည်နှပ်တဲ့ပညာ….
လက်ဖက်ရည်စပ်တဲ့သညာ…..
လက်ဖက်ရည်ဖျော်တဲ့ဆရာ….
လက်ဖက်ရည်ဖျော်တဲ့အတတ်….
တော်အိလျှော်အိ မမှတ်နဲ ့….
ဒီဘက်ခေတ်ရဲ့ အဌာရသ….
လက်မှတ်ရ ပရော်ဖက်ရှင်နယ်….
ပညာသည်ကွဲ ့…ကဖေးမင်းသား။
ဖန်ပေါ့…ပေါ့ကျ…ကျစိမ့်…ချိုစိမ့်….
ဖန်ချို…ချိုကျ…လိုသမျှ အရသာ….
ဖျော်ဆရာသာပြော….
မနှောစေရ မရောစေရ….
ဇိန်ဝှာဗေဒ ဖေါက်သည်ကျ။
မွှေးတပျံ ့ပျံ ့…အချိုခြောက်နံ ့….
သင်းတဖန် ့ဖန် ့…အကြမ်းခြောက်နံ ့….
လန်းချက်ကယ်….မမှီ….
ဗူးနို့ဆီ…ချက်နို့ဆီ…ငါးဇွန်နို့ဆီ….
ကွယ်လတီမှာ…ထိပ်တန်း….
စားသုံးသူစွဲလမ်းတာ…ဆန်းသလား။
လက်ဖက်ရည်တငုံ ကျောက်တတွဲကုန်….
လက်ဖက်ရည်တကျိုက် ကဗျာတပိုဒ်….
လက်ဖက်ရည်တခွက် မြေတကွက်….
လက်ဖက်ရည်တဝိုင်း….
ကျောင်းသားသမိုင်း….
စာပေတံတိုင်းတွေတည်။
နေချိုချိုမှာ…လေမပြိုခင်….
မန်းတောင်ရိပ်ခိုခို…မခိုခို….
အိုအိုပျိုပျို…တုံးမောင်းခေါက်….
ကျုံးဘေးလမ်းလျှောက်….
ထနှောင်းပင်ရိပ်….ညိုညိုအောက်….
လက်ဖက်ရည်….ချိုချိုသောက်ဖို ့….
ဟော့ဒီမှာဗျို ့….
အလှမ်းမဝေးသဗျှနော်….
မန္တလေးတပြခေါ်………. ။ ။
မင်းကောင်းချစ် ကဗျာ
:s:
အလွမ်း ကဲ တဲ့ ကျနော့ စိတ်ကိုပို လွမ်းအောင် လုပ်တာ ဒီ ကဗျာ ပေါ့။
:s:
102 comments
surmi
July 8, 2014 at 2:11 pm
ဒါမျိုးဆို သိပ်ပွါးချင်တာ
ပြန်လာခဲ့မယ်
ကျုပ်က လက်ဘက်ရည်ဆိုသိပ်ကြ်ုက် 🙂
ဇီဇီ
July 8, 2014 at 2:28 pm
ပြန်လာ နော် ဆာဆာ။
:mrgreenn:
မင်း ခန့် ကျော်
July 8, 2014 at 2:21 pm
လ္ဘက်ရည်ဆိုင်ထိုင်ချိန်သည်
စာသင်ခန်းထဲထိုင်ချိန်ထက်ပိုထိုင်
နိုင်သော
ဖန်ချိုတခွက်ကို
ရွှေနဂါး သုံးလိပ်
နဲ့မြည်းနိုင်သောကျတော်
ရေနွေးကြမ်းခွက်မကိုင်တတ်၍
လ္ဘက်ရည်ခွက်ထဲသာရေနွေးကြမ်းထည့်
သောက်လေ့ ရှိသောကျတော်
ဟုတ်တယ် မန္တလေးမှာပဲနေရပေမဲ့
အရင်က မန္တလေးကို ပြန်လွမ်းရတဲ့အဖြစ်။
အရင်ကလို လ္ဘက်ရည်ဆိုင်တွေမှာ ကက်ဆက်သီချင်း
မဖွင့်တော့ဘူး။
ဖန်ချိုတခွက်ရယ်
ရွှေနဂါးဆေးလိပ်ရယ်
ဆောင်းဘောက်က ဆိုင်ထီးဆိုင်ရဲ့
ခြင်္သေ့လည်ပြန်သီလျင်းသံရယ်
ထိုင်နေကြဆိုင်လေရယ်ကိုလွမ်းမိပါရဲ့။
ကလေးအမေတွေဖြစ်ကုန်ကြတဲ့
အရင်က ငမ်းဘူးတဲ့ဆော်လေးတွေတော့
မပါ
ဇီဇီ
July 8, 2014 at 2:27 pm
ဟယ်။
လွမ်းတာတောင် ရွေးလွမ်းတတ်တယ်။
လက်ဖက်ရည်ဆိုင်မှာ ကက်ဆက်နဲ့ သီချင်းတွေ ဖွင့်တဲ့ အချိန်တွေတုန်း က မထိုင်ဖူးဘူးဗျ။
မုန့် အစုံရတဲ့ အချိန်မှ စ ထိုင်ဖူးတယ်….
😀
မင်း ခန့် ကျော်
July 8, 2014 at 2:40 pm
တခါတလေ အဆောင်တွေရှေ့ (81-34)လမ်းဘက်
ဂီတာအပြိုင်တီး သီချင်းဆို
အဆောင်ကကျလာတဲ့ လ္ဘက်သုပ် ကို
မိုးအလင်း ဖွင့်တဲ့လမ်းဘေး လ္ဘက်ရည်ဆိုင်မှာ ဝမ်းသာအားရ စားကြ
တာတွေ
ပြောချင်ဘူး။
ရင်ထဲမချိလွန်းလို့
ဇီဇီ
July 8, 2014 at 2:43 pm
အောင်မြတ်လေးးးး
လိုက်ဖူးသတော့။
အဖွဲ့ထဲ က သူငယ်ချင်းတွေ အဆောင်မှာ သွား သီချင်းဆိုရင် နီးရာ လက်ဖက်ရည်ဆိုင်ကနေ စောင့်ခဲ့ဖူးသတော့။
ညပိုင်းဆို မလိုင်များများ နို့နဲ့ဖျော်ထားတဲ့ လက်ဖက်ရည်လေးနဲ့ နံထောလေးးးး
လွမ်းထာ။
:hint:
sorrow
July 8, 2014 at 2:36 pm
ဒါမိုးကတော့ ..ဘယ်နေလိမ့်မလဲ …ပြင်ဦးလွင်က စိုးစံလမ်းကြားကလက်ဖက်ရည်ဆိုင်လေးမှာ ထိုင်…ကောင်တာက ဆိုင်ရှင် တရုတ်မလေး ( အဲ့တုန်းက သူက 14 နှစ်ပဲရှိသေးတယ် လူကြီးက အယ်ကြီး ..) အဟိဟိ….ကိုငမ်း…ဆေးပေါ့လိပ်ကြီးဖွာ…ပေါ့ဆိမ့်လေးသောက်….စိုင်းထီးဆိုင် သီချင်းလေးနားထောင်…စိတ်တူကိုယ်တူသူငယ်ချင်းတွေနဲ့ ငယ်ကျိုးငယ်နာဖော်ခဲ့တဲ့အချိန်လေးတွေကို အဖြူရောင်အချိန်တွေကို….လွမ်းလိုက်တာဗျာ…အခုချိန်များကတော့..တမင်လုပ်ယူထားတဲ့ ရုပ်တည်ကြီးတွေနဲ့ … စိတ်တူကိုယ်တူရှားသွားတဲ့အချိန်မှာ …အတုတွေကြားနေလာရတာများလာတော့ …မျက်နှာဖုံးစွပ်ထားတဲ့ဘဝမှာပျော်လာတယ်…မမရယ်…
ဇီဇီ
July 8, 2014 at 2:40 pm
ဒီ မှာ ဘယ် လက်ဖက်ရည် ကောင်းတယ် ပြောပြော
ဟိုးးး အရင်က ချက် နို့ဆီ နဲ့ ဖျော်တဲ့ လက်ဖက်ရည် အရသာ ကို အကြိုက်ဆုံးပဲ။
:hint:
Myo Thant
July 8, 2014 at 2:42 pm
လှည်းတန်း စေတနာရှင် ( အပြင်ဦးချစ်ဆိုင် ) ကိုလွမ်းတယ် ၊
လှည်းတန်းဈေးလာတဲ့ သီရိဆောင်က ဥပဒေကျောင်းသူလေး စိုးကို လွမ်းတယ် ၊
လွမ်းသွားပြီ ၊ လွမ်းသွားပြီ ၊ လွမ်းသွားပြီ ၊
အလုပ်ဆက်လုပ်လို့ မရတော့ဘူး ၊ တရားခံက ကေဇီ 🙂
ဇီဇီ
July 8, 2014 at 2:45 pm
အဟင့်။
သများပြောတာ လက်ဖက်ရည်ဆိုင်တင်ပါ။
သူရို့ လွမ်းတာ က ဆိုင်ကို ကျော်ကျော်ပြီး ဘယ်လွမ်းမှန်းမသိ။
တရားခံဖစ်ပီ။
😀
kai
July 8, 2014 at 2:59 pm
အယ်လ်အေမှာ.. နယူးယောက်မှာ.. ဆန်ဖရန်မှာ.. ဥရောပဆိုင်တချို့က.. စတားဘတ်ဆိုင်တချို့က.. ပလက်ဖောင်းဖက်ကျွံထွက်နေတာတွေ.. တော်တော်ရှိသဗျ..။
ပလက်ဖောင်းပေါ်.. အကာလေးလုပ်.. ခုံတွေနဲ့ထိုင်ကြတာကိုပြောတာပါ…။
အဲဒီမှာထိုင်ပြီး.. လမ်းသွားလမ်းလာတွေငေးရတာ.. အရသာ..။
မြန်မာပြည်နဲ့တူသလိုလို…။
အင်း..
ညည… ရန်ကုန်တရုတ်တန်းဖက်က.. ခွေးခြေပုလေးမှာ ..
ညသန်းခေါင်အထိ ထိုင်ခဲ့တဲ့လဖက်ရည်ဆိုင်တွေကို.. လွမ်းတယ်..။
တီးရှော့ရိုးရာ… ခေါ်မယ်..။
ဇီဇီ
July 8, 2014 at 3:06 pm
အဟမ်းးး
အဲဒီ တီးရှော့ ရိုးရာ ဆိုတာ ကြိုက်လို့ ခေါင်းစဉ်မှာ ယူသုံးလိုက်ပြီ။
အဲလို သုံးပေးတဲ့ အတွက် လက်ဖက်ရည်ဖိုးလေး မစပါဦးးး
ရူယို နဲ့ ပေးရမှာနော်။
:kwi:
ဦးကျောက်ခဲ
July 8, 2014 at 3:21 pm
၁၉၈၈ / ၁၉၈၉ အရေးတော်ပုံပြီးစ…
လူတွေလည်း အလုပ်မရှိတော့ လက်ဘက်သုပ် ဂျင်းသုပ် ဆိုင်တွေဖွင့်…
လမ်းဘေးတွေမှာလည်း လက်ဘက်ရည်ဆိုင်တွေမှို လိုပေါက်တဲ့ အချိန်တုန်းက…
နိုင်ငံနဲ့အဝှမ်း ကျောင်းတွေပိတ်လို့ ကျောက်စ်တို့လည်း ညနေစောင်းရင်…
လက်ဘက်ရည်ဆိုင်ထိုင် ၊ ကျဆိမ့်လေး သုခိတာလေးနဲ့ သက်ဝင်ပန်းချီတွေကို ငေးရင်းပေါ့…
မယုံမရှိနဲ့ ကဗျာချိုချို … ချစ်သဝဏ်လွှာအနုအရွတွေ အဲသည့်က မြစ်ဖျားခံတယ်လေ…
အခုတော့ ဗျစ်ဆိုင် ကဇော်ခန်း ကာရာအိုကေယဉ်ကျေးမှုတဲ့… စာရိုင်းတွေထွက်တာ ဆန်းသလား…
:kwi:
ဇီဇီ
July 8, 2014 at 3:27 pm
ခုလို မုန့်မျိုးစုံနဲ့ လက်ဖက်ရည်ဆိုင်တွေ မလာခင် က …..
အထမ်းသယ်တွေ တွန်းလှည်းသည်တွေက လက်ဖက်ရည်ဆိုင်နား လာဖွင့်တယ်လေ။
ဒါမှမဟုတ်လည်း နီးရာ မုန့်ဟင်းခါးဆိုင်လိုမျိုးက နေ လှမ်းမှာလည်း ရတယ်။
ဘူးနို့ဆီတွေ ပေါ်လာတော့ တစ်ချို့ ဆိုင်တွေက တာပေါင်း လက်ဖက်ရည်ကို နို့ဆီခွက် ကြိုးသီလေးတွေနဲ့ ပေးတာ မြင်ဖူးတယ်။
နောက် ကိုယ်လိုက်ချင်တဲ့ ကောင်မလေးကို လက်ဖက်ရည်ဆိုင်က စောင့်ပြီး လိုက်ခဲ့ကြတာ တစ်ခေတ်ပေါ့လေ။
:s:
စာရိုင်းထွက်လာတာက လူတွေရဲ့ နှလုံးသားတွေ ရိုင်းလာတာလည်း ပါတယ် ထင်ပါရဲ့ ကျောက်ရယ်။
:hint:
Nyo Win
July 8, 2014 at 3:23 pm
လက်ဖက်ရည်ဆိုလို ့…မနက်ရုံးကိုအိမ်ကစောစောထွက်ပြီးလူရှင်းတဲ့ပလက်ဖေါင်းလဖက်ရည်ဆိုင်လေးမှာ…
လဖက်ရည်တစ်ခွက် ရူဘီတလိပ်နဲ ့အတွေးပွားရတာလေးကတော့..တကယ့်အရသာပဲ…..
ဒါနဲ ့လဖက်ရည်နှစ်ခွက်..ပြီးတော့ရေနွေးပါကျင်းသောက်သေး..ဆိုတော့ မလွန်ဘူးလားကွယ်…. 🙂
ဇီဇီ
July 8, 2014 at 3:29 pm
အို။
ဒါတောင် စားတဲ့ မုန့်တွေ မပြောသေးဘူးးး
မပြောရဲလို့။
နို့ မို့ ရန်ကုန်လာရင် ဘယ်သူမှ အနော့ ကို လက်ဖက်ရည်ဆိုင်တောင် ခေါ်မှာ မဟုတ်ဝူးးး
အဟီးဟီးးး
:mrgreenn:
Mr. MarGa
July 8, 2014 at 3:24 pm
လက်ဖက်ရည်ဆိုင်………..
မှတ်မှတ်ရရ
ဆယ်တန်းအထိ မထိုင်ဖူးပါ
အဲ… တက္ကသိုလ်ရောက်ချိန်မတော့
ဟဲဟဲ……… :mrgreenn:
ဇီဇီ
July 8, 2014 at 3:31 pm
နာ ဆို ဘတ်ချလာ နိုက် (အဲလေ)
ဘတ်ချလာ ရ (ဟုတ်ပေါင်)
ဘီအီး (ဟို အရည် မဟုတ်ဝူးနော်) ပြီးမှ ထိုင်ဖူးတာ။
ဟိဟိ … :mrgreenn:
မောင်ဘလိူင်
July 8, 2014 at 3:41 pm
ငယ်ကတည်းက လူကြီးတွေနဲ့ လိုက်လိုက် ထိုင်တာဗျ..။ ခြောက်နှစ် ခုနစ်နှစ်လောက်ကျ
တော့ အိမ်က ချိုင့်ကလေးတစ်လုံးနဲ့ လက်ဘက်ရည် သွားဝယ်ခိုင်းတယ်။ အဲဒီတုန်းက
ဘယ်လောက်လဲ မမှတ်မိတော့ဘူး။ တစ်ကျပ် နှစ်ကျပ်ပဲ ဖြစ်မှာ။ ကိုယ့်ဘာသာ ဆိုင်
ထိုင်တတ်တဲ့ အချိန်ကျတော့ ရိုးရိုးတစ်ခွက် ၁၀၊ ၁၂ ကျပ်၊ ရှယ်ဆို ဆယ့်ငါးကျပ်
လောက်ဖြစ်နေပြီ။ လက်ဘက်ရည်ဆိုင်ကို ညတိုင်းလိုလိုကို ထိုင်ဖြစ်တာ။ စာကျက်
တာတောင် ဆိုင်သွားပြီး ကျက်တဲ့ အထိပဲ။ ဘီအီး ပြီးတော့ ဘီယာ ဖြစ်သွားရော..ဟိ။
လက်ဘက်ရည်ဆိုင်ထိုင်တဲ့ အကြိမ် နည်းသွားသပေါ့လေ။
ဇီဇီ
July 8, 2014 at 3:47 pm
ဟုတ်ပါ့။
ချိုင်ဆွဲ လက်ဖက်ရည် လို့ ခေါ်တာ။
ဟီးးး :mrgreenn:
ကော်ဖီဝယ် ဆို ဓာတ်ဘူး ယူသွားရတယ်။
မှတ်မှတ်ရရ ဗဒင်သီချင်းခွေက မဝယ်ရပဲ အိမ်နားက လက်ဖက်ရည်ဆိုင်က ဖွင့်တာနဲ့ အကုန်အလွတ်ရတယ်။
မထိုင်ဖူးပဲ အိမ်က ကြားနေရတာ။
😀
လှိုင် နဲ့ အမက ဘီအီး အမျိုးတွေ ပေါ့နော်။
အဟီးဟီးးး
😀
kai
July 8, 2014 at 3:53 pm
ကျုပ်တက္ကသိုလ်ရောက်စက.. တခွက်၃မတ်လို့ထင်တာပဲ…
၁ကျပ်၂၅ပြားမှာ..တော်တော်ကြာကြာဖြစ်နေတယ်မှတ်မိတယ်..
ကိုရင်ဘလှိုင်စာဖတ်မှ…
အောင်မလေးဗျ..။ ကျုပ်က.. လူကြီးဖြစ်နေသဗျ..။
ဇီဇီ
July 8, 2014 at 3:58 pm
အထု ဆို တမဒဂျီး ကောင်းမှုနဲ့
လက်ဖက်ရည်ဖိုးက ၃ သိန်းတောင် ဖစ်နေမင့်ဟာ။
တဂျီး အဖိုးဂျီး ဖစ်ပြီ။
:kwi:
မောင်ဘလိူင်
July 9, 2014 at 12:04 pm
သဂျီးရယ် ကျွန်တော်က အငယ်ကလေး ရှိသေးတာကို…ဟိဟိ 😀
သဂျီးတို့ခေတ်နဲ့ ဘယ်တူပါ့မလဲ။ ကျွန်တော် တက္ကသိုလ်တက်တော့
လက်ဘက်ရည်ရိုးရိုုး တစ်ခွက် ဆယ့်ငါးကျပ်လောက် ဖြစ်နေပြီ။
(၂၀၀၀-၂၀၀၁)(စည်ဘီယာက လေးဆယ့်ငါးကျပ်လား မသိဘူး)
Hnin Hnin
July 8, 2014 at 4:08 pm
လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အရသာတော့ မသိဘူး..ကဖေးမင်းသားဖျော်နေတာ စိတ်ဝင်စားလို့ အနားသွားစပ်စုတာ..မင်းသားက ပညာခန်းပြရင်း ရှိတ်ရင်း နို့ဆီ၊နို့စိမ်းတွေ အခါးရည်တွေ ပိုပိုသာသာထည့်လိုက်တာ ၂ခွက် ဝယ်တာ..တစ်ကျိုက် နှစ်ကျိုက် တိုင်ကီဆိုက်…၄ခွက်စာလောက် ရလာတယ်..ပြီးတော့ အိတ်စပရက်စ်ပေါ်မှာ ငြိမ့်လို့.. :mrgreenn:
ဇီဇီ
July 8, 2014 at 4:10 pm
ဟယ်။
အဲလာမိုး စောင့်နေတာ။
ဘယ်နားမှာလဲ။ မော်လမြိုင်သွားတဲ့ လမ်းမှာလားးး
:mrgreenn:
Hnin Hnin
July 8, 2014 at 4:16 pm
ရှမ်းပြည်ဘက် ဘုရားဖူး ခရီးသွားရင်း…မော်မြိုင်ဘူး..တူအမြဲပါနေတယ် :mrgreenn:
ဇီဇီ
July 8, 2014 at 4:18 pm
ဪ။
အဲလိုလားးး
ခိခိ။ သိပြီ။ သိပြီ။
ရှူးတိုးတိုးးးး
သူ မသိစေနဲ့။ :mrgreenn:
kyeemite
July 8, 2014 at 4:12 pm
အိုး…လက်ဖက်ရည်ဆိုပါလား….
ကျုပ်ဒိုင်ရာယီဟောင်းလေးလှန်ကြည့်မိတယ်…
၁၁.၁.၈၉(ဖျာပုံ)
ထမင်းကြော် 4.00
ဆိုက်ကားခ 1.00
လ္ဘက်ရည် 2.00
ဆေးလိပ် 1.00
ထမင်းစား 6.00
ကျုပ်အစိုးရအလုပ်စလုပ်နေတုန်းကပေါ့..လစာက 385 ကျပ်ရယ်ပါ…
ဘာဖြစ်ဖြစ် လက်ဘက်ရည်ဆိုင်တော့ ထိုင်ခဲ့ကြတာပဲ….ညဆို ဆိုင်ပိတ်တဲ့အထိ ထိုင်ပြီး လေပစ်ကြတာ..
🙂
ဇီဇီ
July 8, 2014 at 4:17 pm
၈၉ ဆိုတော့ အနော် ၈ နှစ် သမီးပေါ့။
ဟိ။ :mrgreenn:
အဲဒီတုန်း က ဒိုင်ယာရီဟောင်း ခုထိရှိသေးတယ်??
မိုက်မိုက် အသိမ်းကောင်းလိုက်တာ။
🙂
နှူးဘာ မိဂီ
July 8, 2014 at 5:40 pm
ဂီတနဲ့ နွယ်တဲ့အကြောင်းလေးတွေ ရှိတယ်ဗျ
ပြန်လာပါမယ်..
ခုတော့…
ဟင့်
kai
July 8, 2014 at 5:42 pm
ခရမ်းပြာ..
အဲဒီဆိုင်ရှင်အမျိုးသမီးကြီး ယူအက်စ်..တနေရာရာမှာရှိတာ.. သိတဲ့သူ.. လက်ညိုးထောင်..
အင်တာဗျုးချင်လို့..။ (၂နှစ်မြောက် အမှတ်တရ)
ဇီဇီ
July 8, 2014 at 7:51 pm
၂ ယောက်လုံး ပြန်လာပြီး ရှင်းပြကြပါ။
ဘာတွေတုန်းဟင်? 🙄
အရီးခင်
July 8, 2014 at 10:54 pm
ကြိုနေတယ် ဟိုမှာလေ ခရမ်းပြာ ….
ထာဝစဉ်မေ့မရတော့ပြီ ခရမ်းပြာ ….
ဒါ ခင်မောင်တိုး သီချင်း “ခရမ်းပြာ”
တံတားဖြူ အောက်နားက ခရမ်းပြာလက်ဘက်ရည်ဆိုင်ကို ဆိုထားတာ လို့ ကြားဘူးတာဘဲ။
သူရို့ ပြောနေတာ ဝုတ်မဝုတ်တော့ မသိ။
:-)))
kai
July 8, 2014 at 10:55 pm
အင်းယားဘေးက ခရမ်းပြာလဖက်ရည်ဆိုင်အကြောင်းပြောမယ်ထင်လို့.. မှန်းပစ်လိုက်တာပါ.. ဇီဇီရေ့..
snow smile
July 8, 2014 at 10:18 pm
လ ဘက် ရည် တော့ မ ကြိုက် လို ့ ရေး တတ် ဘူး
မုန့် ့ဟင်း ခါး လွမ်း ချင်း ဆို ရင် တော့
ရှေ့ ဆုံး က ပြေး လာ မယ်
ဇီဇီ
July 9, 2014 at 7:35 am
နာ့ မွမွပြုံး အတွက် မုန့်ဟင်းခါး အလွမ်း နောက်မှ လာဦးမယ်။
ပြောရင်းစားချင်လိုက်တာ…
:kwi:
အရီးခင်
July 8, 2014 at 10:55 pm
ကျုပ် ရဲ့ အချော်တစ် တူမတော် ကတော့ အစား အသောက် အတွက် ဆို ဘာနဲ့မှမလဲ တဲ့ သဘော ရှိတယ်။
အရီး ရဲ့ မြန်မာပြည် မှာ အလုပ်လုပ်ခဲ့တဲ့ နှစ်ရှည်ကာလတွေထဲ လက်ဖက်ရည်ဆိုင် ဆိုတာ အရီးတို့ ရဲ့ အစည်းအဝေး ထိုင်ရာ နေရာပါ။
ချစ်သော ဘောဇိ က ဒါမျိုး အင်မတန်ကြိုက်။
အရီးတို့ကလဲ ကြိုက်။
သူကလဲ ပြောချင်ရာပြော၊ ကိုယ်ကလဲ စားချင်ရာစား။
ရန်ကင်း မှာ တုန်းကဆိုရင် အဲဒီ လက်ဘက်ရည်ဆိုင် က ကော်ပြန့်ကြော် တအားကို စားလို့ကောင်း။
ဒီတော့ လက်ဘက်ရည်ဆိုင် ဆိုတာက အရီးတို့ အလုပ် မှာ မရှိမဖြစ်မိုး ပါဘဲ။
အခုတော့ ဒီလို လုပ်နိုင်ကြတော့မယ် မထင်။
အရီး ကိုလဲ တစ်ခြားသများ တွေ လိုဘဲ လက်ဘက်ရည်ဆိုင် အကြောင်းပြုပြီး လွမ်းချင်ရာ လွမ်းခွင့်ပြုပါဦး။
ကျောင်းမှာ တုန်းကတော့ လက်ဘက်ရည်ဆိုင်ထိုင်လေ့မရှိဘူး။
ယမ်းဘီလူး အအေးဆိုင် မှာဘဲ ထိုင်ပြီး တစ်ခြားစားချင်ရာ မှာစားရင်စား၊ ထမင်းဘူးဖွင့်စားရင်စား ပေါ့။
အရီး အကြိုက်ကတော့ သံပုရာရည်ချဉ်ငံငံ၊ ထောပတ်သီးလက်ဖျော်၊ ရေခဲသုတ် ပါ။
အနားက ဒေါ်ချို ဆီချက်၊ တရုတ်မ မြီးရှည်၊ ဦးလှ ထမင်းကြော်။
ယမ်းဘီလူး က ကိုထွန်းမောင် တို့ ညီအစ်ကို တွေနဲ့ အင်မတန် ရင်းနှီးနေအောင်ကို ဒီလောက် ကျောင်းသက်ရှည် ခဲ့တာကိုး။
အခုလဲ အိမ်ပြန်တိုင်း ကျောင်းထဲရောက်တယ်။
သူတို့ ရှိနေတုန်းဘဲ။
သူတို့ ကလဲ ကိုယ့်ကို နာမည်နဲ့ကို တွဲပြီး အခုထိ မှတ်မိနေတုန်းဘဲ။
အင်း အသက်ဘယ်လောက် ကြီးလာ ကြီးလာ ကျောင်းတုန်းက ကိုယ့်အရိပ်တွေ ကို အမြဲလွမ်းနေဆဲ။
ဇီဇီ
July 9, 2014 at 7:39 am
ခိခိ :mrgreenn:
သိနေတယ်လေ။
အနော့ အရီး က အင်္ဂါနေ့ည လာတတ်တယ်ဆိုတာ။
:kwi:
အဟိဟိ။
ဒါတောင် အပြောခံရမစိုးလို့ လက်ဖက်ရည်ဆိုင် မုန့်တွေ လွမ်းကြောင်း မရေးဘူးးး
ဘယ်လောက်လွမ်းလွမ်း ကျောင်းတုန်း က အရိပ်တွေက ပြန်မရတော့သလို
ပြန်မရတော့လို့ပဲ မဆုံးအောင် လွမ်းမိသလားမသိဘူး အရီးးးး
ကျနော့ စိတ် အခံ က လွမ်းတတ်တယ်။
အစားနဲ့ ဖုံးထားရတာ။
သနားစရာလေးရယ်။
ကူမားရ်
July 9, 2014 at 2:31 am
ဇီဇီတို့ကတော့လုပ်ပြန်ပြီ..တူးလည်းတူးနိုင်လွန်းတယ်…..အတိတ်တွေပေါ်အောင်ဖော်တဲ့နေရာလည်းနှစ်ယောက်မရှိ..
ဗေတား အတိတ်တွေမှာ..လက်ဘက်ရည်ဆိုင်ဆိုတာ..မပါမဖြစ် ဇာတ်ပို့ နေရာတစ်ခုပါ…
၄နှစ်သားလောက်ကတည်းက အဖိုးနဲ့ ရုံးကန်တီး ကိုလိုက်သွားနေတတ်ပြီ..အဲဒီတုန်းက သံမတ်ခွက် အစိမ်းရောင်ကြီးတွေ နဲ့ များများကြီးသောက်ရတဲ့ အချိန်..ကော်ဖီက နေမကောင်းရင်တိုက်ကြလွန်းလို့ လူမမာစာ ဆိုပြီး..မကြိုက်တတ်သေး..
လဘက်ရည်ဝယ်ဖို့ချိုင့်လုံးလေးတွေ အိမ်တိုင်းလောက်နီးပါးရှိကြမယ်ထင်ပါတယ်…..အဲဒီအချိန်လောက်က မုန့်ဟင်းခါးကို လည်းဖက်ရွက်နဲ့ထုပ်ပြီးဟင်းရည်ကို ချိုင့်နဲ့ထည့်ပေးတာ…အစတော့လူကြီးပါမှ သွားရတယ် လိုက်ရတယ်..
နောက်နဲနဲကြိးလာတော့..ဧည့်သည်လာရင်တိုက်ဖိုဆိုင်မှာသွားဝယ်ရတယ် ့..
အဲဒီတာ ဝန်ကိုဗေတားအရမ်းသဘောကျတာပေါ့…အပြင်ထွက်ရတဲ့ အပြင်..လဘက်ရည်ဆိုက်မှာလည်းငေးလို့ရတယ်…
နို့ဆီ ကိုဆီမှုတ်လိုမျိုးလေးနဲ့ ကလောက် ကလောက် ဆိုပြီး ဟန်နဲ့ထည့်တာ..သကြားကိုဇွန်းနည့်ဝေးဝေးကနေပက်ထည့်.ပြီးရင်ရေနွေးအိုး ထဲက အကျရည် ကိုထည့် ပြီးမှလူကိုပါ ဘယ်ညာယိမ်းပြီး ခပ်မြင့်မြင့် ကနေ အပြန်ပြန်လောင်းပြီးဖျော်ပေးတာကိုကြည့်ရတာ အတော်သဘောကျခဲ့တာ..
နောက် နံပြားရိုက်တာ..အီကြာကွေး လုပ်တာ စမူစာ လုပ်တာတွေကိုတမေ့တမောငေးပြီးမှပြန်တယ်..အိမ်ရောက်တော့ လဘက်ရည်ကအေးတောင်နေပြီ..တစ်ခါတစ်လေ..ဧည့်သည်ပြန်သွားလို့..မတိုက်လိုက်ရဘူးးခိခိ..
လဘက်ရည်ဆိုင်ကိုစပြီးထိုင်ဖြစ်တာ..၆တန်းလောက်က စမယ်ထင်တယ်…လဘက်ရည်မကြိုက်တတ်သေး..
လူကြီးတွေနဲ့ ရောယောင်လိုက်သွားပြီး..ပေါက်စီတို့ စမူစာတို့ ကော်ပြန့်စိမ်းတို့ လိုက်အုပ်တာ..သူတို့စကားကောင်းနေတုန်း အလစ်မှာ…သုံးလေးခုလောက်တွယ်ပြီး ငြိမ်နေလိုက်တာ…ရှင်းခါနီးဆို မယောင်မလယ်နဲ့ ခပ်ဝေးဝေးသွား နေတယ်..
၈တန်းလောက်ရောက်တော့..ကိုယ့်ဖာသာထိုင်တတ်နေပြီ..ဖိုးချို ရှိုင်းအောင် ခိုင်ထူး ဆိုင်းထီးဆိုင် အက်စ်ကဲနက် တူးတူး သူတို့တွေနဲ့..အတူထိုင်တတ်နေပြီ..ဒါပေမယ့် အိမ်ကမိဘတွေကမကြိုက်ဘူး လစ်မှထိုင်ရတယ်.အဲဒီတုန်းကတော့..ချိစိမ့် ချိုကျ ချိုပေါ့ကျ အဲဒိလောက်ပဲရှိသေးတာ..သောက်တတ်တာကတော့ချိုစိမ့် အဆင့်ပေါ့..
ကိုးတန်းမှာ မင်းဘူးကိုပြောင်းပြီး ကျောင်းသွားနေရတော့ကြောက်ရမယ့်သူမရှိ မိုးချုပ်ညဉ့်နက် အကြိုက်ထိုင်တော့တာ..
အဲသူတို့ ဖက်ကအခေါ်တွေကတော့ တစ်မျိုး..ချိုဖန်..ချိုပြင်း..ပဒေါင်း တဲ့.. ချစ်ကောင်းရဲ့ကော်ဖီခါးခါးနဲ့ စိုင်းထီးဆိုင် အောင်သူ မင်းအောင် အနိုင်တို့ နဲ့ တစ်လှည်ှုစီ ထိုင်ခဲ့တာပေါ့..စာမေးပွဲပါကျရော.. အဲဒီတုန်းက နို့ပျက် လို့ခေါ်တဲ့ နို့များများ နဲ့သောက်တယ်…လဘက်ရည်ဆိုင်ထိုင်ရင်ပျက်စီးနေပြိလို့ လူကြီးတွေ ကယုံကြည် နေကြတဲ့ အချိန်ပေါ့..
ရန်ကုန်ပြန်ရောက်တော့ မိမနိုင်ဖမနိုင်စဖြစ် ပြီ..ညလုံးပေါက်တွေဘာတွေ ထိုင်တော့တာ..စိုးလွင်လွင်..ထူးအိမ်သင် မွန်းအောင် တို့နဲ့ ညတိုင်းလောက်နီးပါးတွေ့နေတတ်ပြီ..သောက်တာကလည်း ချိုပေါ့ အဆင့်ရောက်ပြီပေါ့..ပုဏားဆိုတာပေါ်လာတယ်.
ရိုးရိုး ..ရှယ် စသိတာ အဲလောက်ကလားမသိဘူး.
၁ဝတန်းရောက်တော့ မနက်ကျူရှင်ပြေး နေ့လည် ကျောင်းပြေး ည မိုးစုပ်စုပ်ချုပ်တဲ့ အထိ တနေ့လုံး ထိုင်ပြီ…အကာကျက်တို့ ပိုးသေတို့ အဲဒီမှာ စသိတာ..ဇော်ဝင်းထွဋ် နဲ့ အထိုင်များတဲ့ အချိန်..သောက်တာက ချိုကျ..
တိုင်ကီ ဆိုပြီး နာမည် အသစ်ထွက်တယ် ခွက်တွေလည်းသေးသွားတယ်..
အရေး အခင်းဖြစ်တာ မှာ ဆိုင်တွေ အလျှိုလျှိုပေါ်လာပြီး လူကြိးတွေကပါ လဘက်ရည်ဆိုင်ထိုင်တာကို..လက်ခံလာကြပါဘီ
ဆိုင်သောက်ပါဆယ်..ရိုးရိုးပါဆယ် ခေတ်စားလာတယ်..ပေါ့စိမ့်တို့ ကျစိမ့်တို့ နာမည် အသစ်ကလေးတွေ ရလာတဲ့အချိနပေါ့..
နောက် တက္ကသိုလ်တက် အလုပ်ဝင်..ခုထိ လ ဘက်ရည်ဆိုင် ထိုင်တတ်တုန်း..လ ဘက်ရည်ကြိုက်တုန်း…သောက်တာက ကျစိမ့်။
ဇီဇီ
July 9, 2014 at 7:45 am
တူးစရာဆိုလို့ ဒီ လွမ်းစရာ အတိတ်လေးတွေပဲ ရှိတာ။
:mrgreenn:
ကျန်တာတွေ လာဖော်ကြတာတော့ ကိုယ့်ဒေါသနဲ့ကိုယ်။
ဆွေ တို့ လက်ဖက်ရည်ဆိုင် သမိုင်းစတော့ သများကို မမွေးသေးဘူးးး
အဟီးဟီးးးး
😀
တော်တော် နှံ့နှံ့စပ်စပ်သေသေချာချာကို လွမ်းထားတာပဲ။
လက်ဖက်ရည်ဆိုင် အကြောင်းလည်း နောကျေတယ်နော်။
စာရိုက်ပျင်းပြီး ကော်မန့်ပေးခဲတဲ့သူဆီက ရတဲ့ ကော်မန့် အရှည်ကြီးမို့ စိမ်းထားတယ်။
တစ်ခုပဲ။
သူများတွေ လွမ်းသလို လွမ်းတာ တစ်ခုတစ်လေမှ မပါဘူး ဆိုတာ မဖြစ်နိုင်ဘူးးးးး
ဘာတဲ့???
မြန်မာ့ အသံ နားက လက်ဖက်ရည်ဆိုင်မှာ အစိမ်းဝမ်းဆက်လေးကို စောင့်ရတာတို့ ဘာတို့။
:kwi:
Kaung Kin Pyar
July 9, 2014 at 9:40 am
ဒီပိုစ့်လေးကို ဖတ်မိတော့…
ကလေးမြို့လေးမှာ ရှိချိန် အဖေရယ်ညီမရယ်က ဆိုင်ကယ်တစ်စီး ကောင်းကင်ပြာဆိုင်ကယ်တစ်စီးနဲ့ ညဘက်လမ်းမီးမှိန်မှိန်အောက်မှာ.. ဇော်ပိုင်ရဲ့ မြို့အဝင်ညကို အသံဗြဲတွေနဲ့အော်ပြီး လက်ဖက်ရည်ဆိုင်ကို ချီတက်ခဲ့တဲ့ချိန်တွေ သတိရသား….
ရန်ကုန်အိမ်မှာ လူရှုပ်တဲ့အချိန်…အစ်မတွေနဲ့စတေးရှောင်ရင်း လက်ဖက်ရည်ဆိုင်ထိုင် သီချင်းနားထောင်ပြီး အချိန်ဖြုန်းခဲ့တာတွေလဲ ခု သတိရနေတယ်….။
ဒါပေသိ…
ခု မြင်မြင်နေရတဲ့ လက်ဖက်ရည်ဆိုင်လေးတွေက အရင်လို မရိုးသားတော့သလိုပဲ………
😥
ဇီဇီ
July 9, 2014 at 9:48 am
လက်ဖက်ရည်ဆိုင် စစ်စစ်မှာ
လက်ဖက်ရည်စစ်စစ်ကို
သူငယ်ချင်းစစ်စစ်နဲ့ သောက်ချင်သားးး
:hint:
weiwei
July 9, 2014 at 11:00 am
လက်ဖက်ရည်ဆိုတာကို YIT ကျောင်းဝင်းထဲက ကန်တင်းဆိုင်တွေမှာပဲ သောက်ခဲ့ဖူးတာ … ကျောင်းခန်းထဲမသွားပဲ တစ်နေကုန် ထိုင်ပြီး လေဖေါခဲ့ကြတာကို လွမ်းမိတယ် ..
မေတ္တာပေါင်းကူးတဲ့ .. ဆိုင်နံမည်က ကောင်းသလောက် အလုပ်မဖြစ်ခဲ့တာတော့ ရင်နာမိသား ..
အတူထိုင်လေပေါခဲ့တဲ့သူငယ်ချင်းတွေ ကလေးတစ်ဒါဇင်လောက်များ ရနေကြပြီလား ..
ဇီဇီ
July 9, 2014 at 11:11 am
အဟီးဟီးးး
ဟုတ်တယ်။
ထိုင်မိပြီးရင် စာသင်ခန်းမသွားချင်တော့တာ။
ကျနော့ကိုဆို ကင်တင်းမှာ အရင်ရှာရတယ်။
:mrgreenn:
ကလေး ၁ ဒါဇင်ရှင်တွေတော့ မလွမ်းနဲ့နော် ဝေ လေးးး။
ခု ကိုယ့်ဘွက အေးချမ်းပြီး သွားချင်ရာသွားလို့ ရနေတာ။
:s:
nicolus agral
July 9, 2014 at 7:05 pm
Face Book က friend တယောက်စကားနဲ့ပြောမယ်
အပျိုကြီးဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတဲ့
Wow
July 9, 2014 at 11:14 am
နာက လက်ဘက်ရည်ဆိုင်ခွေဇီ၊ လက်ဘက်ရည်ဘယ်လောက်ကောင်းကောင်း အိမ်ကို ပါဆယ်ဆွဲလာရင် အရသာရှိတယ် မထင်တော့ဝူး၊ Weekend ဆို လက်ဘက်ရည်၊ အုန်းနို့ခေါက်ဆွဲ ပြီးရင် ပဲနံ ဒါမှမဟုတ် ဟီးးးး အကြည်ညိုပျက်မှာစိုးလို့ စားတာတွေ အကုန်မပြောတော့ပါဝူး၊ ချွိပေါသလိုလက်ဘက်ရည်လဲ (၂) ခွက်မှဝတယ်… အုန်းနို့စားလိုက်လက်ဘက်ရည်သောက်လိုက်က တစ်ပွဲမကုန်ခင် လက်ဘက်ရည်ပြောင်ဘီ၊ နောက်တစ်ခွက်မှ အချိုပွဲလေးနဲ့ပါ ဆက်ဆွဲဒါ
ဇီဇီ
July 9, 2014 at 11:19 am
ဟယ်၊
တူတူပဲ ဆို။
:s:
လက်ဖက်ရည်ဆိုတာ ဆိုင်စာ။
ဟိ။
စားတဲ့ မုန့်တွေ အကုန်မပြောရဝူးလေ။
ဒီမှာ ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားပြထားတာကို။
:mrgreenn:
လူအသစ်လေးတွေ ချိလယ်။
မစ်တာတုံးကုန်လိမ့်မယ်။
ရှူးတိုးတိုးးးးး :mrgreenn:
လက်ဖက်ရည် ၂ ခွက်ကို လွန်လှပြီ။
အပေါ်မှာ လူပျိုကြီး အကိုညိုဝင်း အဲဂလောက်ကို လန့်နေပြီ။
တွေ့လားးး
:kwi:
alinsett (gazette)
July 9, 2014 at 11:29 am
———-
အဲဒါလေ..
ကန်ရာသီဖွားချင်းမို ့..တူတယ်ပြောရမလားပဲ.. ။
အဟိ… ။
———-
လက်ဖက်ရည်ဆိုင်မှာ..ထိုင်ပြီး..ဟိုငေးဒီငေးလုပ်တတ်အောင်…
သင်ပေးတာကတော့… အဟွတ်… ဟိုကောင်မလေး….
ကိုယ် သောက်နေကျ လက်ဖက်ရည် ချိုချိုရဲရဲကြီးကနေ…..
သူ သောက်တဲ ့ ကျဆိမ့်ကို လိုက်သောက်ရင်းကနေ..အခုဆို…
လက်ဖက်ရည်ဆိုင် မထိုင်ရရင်…
ကျဆိမ့်မသောက်ရရင်ကို… မနေနိုင်တော့ဘူး ..။
———–
ဇီဇီ
July 9, 2014 at 11:33 am
ဟယ်။
တူထာ။
အချိုကြိုက် ဗားဂိုးမို့ ချိုဆိမ့်ကိုပဲ စွဲစွဲမြဲရာက
အဖိုးက ပေါ့ဆိမ့်ကို စမ်းသောက်ခိုင်းရင်း စွဲသွားပါလေရော့လားးး
kai
July 9, 2014 at 11:41 am
ချိုစိမ့်
ပေါ့စိမ့်
ချိုကျ
ချိုပေါ့ကျ
စိမ့်ကျ
ပေါ့ကျ
=
ကျောက်ပန်းတောင်း
စင်္ကာပူ
ပုဏ္ဏား
သုံရောင်ခြယ်
မှတ်မိတာလေးတွေ ချရေးကြည့်တာ…
ဟိုးအရင်က.. ဆိုင်တဆိုင်ဆိုင်ဟာ.. အဲဒီ ချို ကျ ပေါ့ စိမ့် ဖန် ခါး အတွဲတွေကို ဘလက်ဘုတ်နဲ့ရေးပြီး ဆိုင်ရှေ့ထားတာ.. မှတ်မိတယ်..။
ကျုပ်ကတော့.. ကျောင်းသားတုံးက တရက် ၈-၉ခွက်အထိ သောက်ခဲ့သမားမို့.. ပေါ့ကျသမား…။
ဇီဇီ
July 9, 2014 at 11:54 am
ဖန်ပေါ့၊
ဖန်ဆိမ့်
…ပေါ့ကျ…
ကျစိမ့်…
ချိုစိမ့်….
ဖန်ချို…
ချိုကျ…
စင်ကာပူ ဆိုတာ ဘာတုန်းဟင်။ ဂျင်ဂျာ တီး ဖြစ်မယ်ထင်ရရဲ့။
ကျောက်ပန်းတောင်းကတော့ အရမ်းချိုတဲ့ဟာ။
ပုဏ္ဏား တော့ မသိ။
သုံးရောင်ခြယ်က ဘာလဲဟင်? ကော်ဖီ/လက်ဖက်ရည်/နို့ ရောထားတာလားးး
😀
kai
July 9, 2014 at 11:59 am
စင်္ကာပူက.. တရုတ်နဲ့ကုလားရောထားတာမျိုး.. လက်ဖက်ရည်နဲ့ကော်ဖီရောတာ…။
ကျောက်ပန်းတောင်းက.. နို့ဆီ၊ သကြား ကို.. ပုံမှန်အတိုင်းပေမယ့် အကျရည် အပြည့်မထည့်လျှော့ချလိုက်သမို့.. နည်းနည်းနဲ့..ချိုချို…။
ပုဏ္ဏားက.. ဘာလည်းမမှတ်မိ..။
သုံးရောင်ခြယ်ကတော့.. နိုဆီရယ်..။ အကျရည်ရယ်..နဲ့.. ဖန်ခွက်ထဲ၃ရောင်စပ်ပေါ်နေတာ..။
ဇီဇီ
July 9, 2014 at 12:03 pm
ငင့်။
သများပြောတာ တလွဲကြီးးးး
ဒီမှာ ဒီလောက် ပြောနေတာကို ဟို ချိုပေါ့ကျ လူဂျီး မလာသေးဝူးးး
:hint:
မောင်ဘလိူင်
July 9, 2014 at 12:16 pm
ပုဏ္ဏား ဆိုတာ နွားနို့ များများနဲ့ ဖျော်တာ ဖြစ်မှာ ပေါ့ သဂျီးရဲ့။
ခုခေတ်တော့ ပိုဆိုး ဘာတွေမှန်း မသိဘူး။ စော်ပြောင်တို့၊
စော်မော်ဒိုး တို့ နားထဲကြားတဲ့အတိုင်း ရေးတာနော်။
sorrow
July 9, 2014 at 2:11 pm
စိမ့်ပေါက်ဆိုတာရှိသေးတယ်ဗျ …နွားနို့ပျစ်ပျစ်ထဲမှာ ကော်ဖီမှုန့်တစ်ဇွန်းထည့်ထားတာမျိုး…. ပြင်ဦးလွင်က နွားနို့စစ်စစ်လေးနဲ့ဆိုတော့ကာ….အဟိဟိ ..လွမ်းတာ ..14နှစ်သမီး…တရုတ်နုထွားမလေးရယ်….ကိုကိုကချင်ကြီးသစ္စာကြီးတယ်တွေ့လား…ခုထိရင်ဘတ်ကြီး က တိုက်ဆိုင်မှုရှိလာရင် … ဖိုးသိုးဖတ်သတ်ဖြစ်နေတုန်း…အဟေးဟေး
alinsett (gazette)
July 9, 2014 at 11:57 am
ကျနော်ကတော့.. ကျဆိမ့်ကို.. သောက်ရင်… ငုံထားတုန်းက အရသာကိုရော..
မျိုချလိုက်တုန်းက.. စီးဆင်းသွားတဲ ့အရသာကိုရော…
လျှာမှာ..စွဲကျန်ခဲ့တဲ ့.. ခါးသက်သက် အရသာလေးကိုရော…
အနံ ့ကိုရော…
တစ်ခွက်ဆိုတစ်ခွက်ရဲ ့.. အရသာ အစအဆုံးကို.. ချစ်နေတာ…
ကျဆိမ့် ( သူကြီးက..စိမ့်ကျ တဲ ့) တစ်ခွက်လုံး အစအဆုံးချစ်တဲ့အထဲမှာ.
ခွက်နှုတ်ခမ်းကို..လာလာနားတဲ ့ ယင်ကောင်တွေ မပါဘူး ။
🙁
မနက်တစ်ခွက်
နေ့လည် တစ်ခွက်…
ညနေ တစ်ခွက်…
သောက်ပြီး.. ညတွေ..အိပ်မပျော်တိုင်း.. စာထရေး….
အခုထိတော့..အဲဒါလေး.ဖြစ်တည်နေသေးတယ်.. ။
😆
ဇီဇီ
July 9, 2014 at 12:02 pm
အဟိ။
နောက်ပြီးးးး
အောက်ခံပန်းကန်ပြားကို ရေကျင်းပြီး
လက်ဖက်ရည် ပူရင် အဲဒီထဲကိုရော ထည့်သောက်တတ်သေးလားးး
:kwi:
alinsett (gazette)
July 9, 2014 at 12:14 pm
ဘိုသိလဲ…
အဲဒီ အောက်ခံပန်းကန်ပြားပက်ပက်ထဲက..
ဟိုဘက်ဒီဘက်ပြေးနေတဲ ့လက်ဖက်ရည်လေးကိုလည်း..ချစ်တာပဲ…
🙂
ဇီဇီ
July 9, 2014 at 12:17 pm
ဟိဟိ။
နာလည်း အဲဒီလိုပဲမို့။
မယုံရင် ဟို ဂလု မှာလည်း မေးကြည့်။
တူတူဖြစ်မှာပဲ။
လုံမလေးမွန်မွန်
July 9, 2014 at 1:46 pm
အနော်က ကော်ဖီပိုကြိုက်တယ်.. ဟိ
လက်ဖက်ရည်ဆိုင်ကို စမှတ်မိတဲ့အရွယ်က လေးတန်းနှစ်။ ကျူရှင်သွားတက်ရင် လမ်းထိပ်က လက်ဖက်ရည်ဆိုင်ရှေ့က အမြဲတမ်းဖြတ်ရတယ်… အဲ့တုန်းက ဖွင့်တဲ့သီချင်းက မျိုးကြီးရဲ့ ဒီကစောင့်နေသူ အခွေ…
လက်ဖက်ရည်ဆိုင်ဆို ကြောက်တဲ့အထဲမှာပါတယ်… ဖြတ်မလျှောက်ရဲဘူး…. တစ်ယောက်တည်းဆို လုံးဝကို မလျှောက်ရဲတာ.. ဆယ်တန်းဖြေပြီးတဲ့အထိပဲ.. ရန်ကုန်ကို ကျောင်းလာတက်မှ လက်ဖက်ရည်ဆိုင်ကို မကြောက်တော့တာ… လက်ဖက်ရည်ဆိုင်ကောင်းကောင်းလည်း မထိုင်ဖူးဘူး…
နာကလေး သနားစရာ.. 🙁
ဇီဇီ
July 9, 2014 at 1:54 pm
ဂုဆို။
ချိတူ ရပြီပဲ။
သူ့ကို ခေါ်ပြီး ထိုင်။
လက်ဖက်ရည်ဆိုင် ပီသတဲ့ ဆိုင်လေးရွေးထိုင်။
:s:
ကထူးဆန်း
July 9, 2014 at 1:47 pm
ရှယ် တစ်ခွက် သုံးရာ ကို ဈေးတက်တဲ့ ဆိုင်တွေ တက်ယူကုန်လို့ မကြာမီ မြန်မာပြည်တဝှမ်း လဘ္ဘက်ရည် တခွက် သုံးရာဖြစ်တော့မှာပါ …
နောက် အခေါ်အဝေါ် အသစ်တွေ လည်းဆန်းသစ်ထားကြပါကြောင်း …
စွန်ရဲ … (ကျဆိမ့်)
သောက်နေကျ က အဲ့ဒါမို့လို့ အဲ့ဒါဘဲ သိတယ် ..
ခိခိ ပြောရင်းနဲ့ မှ လ္ဘက်ရည် နဲ့ တွဲ တဲ့ ပေါက်စီကို ခိုင်ခင်ဦး တစ်လုံးခေါ်ခဲ့ကြတာ လည်းသတိရမိပါရဲ့ … :kwi:
ဇီဇီ
July 9, 2014 at 1:56 pm
အဟီးဟီးးး
နွားနို့ ကို တမဒဂျီး တစ်ခွက်လို့ ခေါ်တာထက်ဆိုးနေပါရောလားးး
ပေါက်စီကြိုက်သူတွေကို စဦးမှ။
ခိခိ။
😀
ဦးကျောက်ခဲ
July 9, 2014 at 2:35 pm
အဟိ… ဒါဆို ပေါင်မုန့်တို့ နံပြားတို့ကို ဘယ်လိုခေါ်လဲ မှတ်မိဦးမယ်ထင်ပါတယ်…
😀
ဇီဇီ
July 9, 2014 at 2:37 pm
ဟုတ်လားးး
ဟိ။
ပြောကြပါဦးးးး
မသိမှီလိုက်တာတွေ ပြောကြပါဦးးး
😀
black chaw
July 9, 2014 at 2:05 pm
လဖက်ရည် ဆိုင် တစ်ခါထိုင် ၂ ခွက်သောက်တဲ့
အဖျော်ဆရာကြီး ဦးဘလက် ရောက်ရှိကြောင်းရယ်ပါ…။
အခုနလေးတင်ကပဲ ကျိုက်ဝိုင်းက 3 Seasons လဖက်ရည်ဆိုင်မှာ
ပေါ့စိမ့် ၂ ခွက်သောက်ခဲ့တာဗျ…။
ဟိုတုန်းကတော့ လဖက်ရည်ဆိုင်ကို
ကိုယ်ကြိုက်တဲ့ အဆိုတော်ရဲ့ တေးစီးရီးစ် အသစ် ထွက်ရင်
နားထောင်ဖို့ ထိုင်ခဲ့ကြဖူးပါတယ်…။
လဖက်ရည်ဆိုင်တွေကလည်း သီချင်းခွေ သစ်ထွက်ရင်
ကိုယ်ပိုင်ဝယ်ပြီး အေဆိုဒ် ဘီဆိုဒ် မနားတမ်း ဖွင့်ပေးတတ်ကြပါတယ်…။
ဆောင်းဘောက်စ် တွေ အပြိုင်အဆိုင်နဲ့ ပေါ့…။
RIT က ဘုန်းမော်တို့ အရေးအခင်းတောင် လဖက်ရည်ဆိုင်မှာ
သီချင်းအပြိုင်ဖွင့်ခိုင်းရာက စခဲ့သလိုလို မဆလ သတင်းစာတွေထဲ
ထည့်ခဲ့ဖူးရဲ့…။
အခုတော့ လဖက်ရည်ဆိုင်ဆိုတာ လေသေနတ်နဲ့ စစ်တိုက်ချင်သူတွေအတွက်ပဲ
ဖြစ်နေခဲ့ရပြီပေါ့…။
အခုနလေးကပဲ ဦးဘက်နဲ့ ရွာသားတစ်ယောက်
လေသေနတ်ကိုယ်စီနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့…။
လဖက်ရည်ဆိုင် ယဉ်ကျေးမှုကို လဖက်ရည် ၂ ခွက်သောက်ပြီး
ဖြတ်သန်းခဲ့…။
အခု…ဇီဇီ ရဲ့ လဖက်ရည်ဆိုင်ယဉ်ကျေးမှုပို့စ်မှာ
လေသေနတ် နဲ့ ပဲ ကွန်းမန့်ဝင်ရေးနေခဲ့…။
အိုဘယ့် လဖက်ရည်ဆိုင်ယဉ်ကျေမှု…။
🙁
ဇီဇီ
July 9, 2014 at 2:14 pm
နောက်ခါဆို ထိုင်တိုင်း ……
သများအတွက် တစ်ခွက်ပိုသောက်လိုက်ပါ။
တကယ်တိုက်ပွဲဝင်ချင်ရင် ပြောပါ။
နောက်တစ်ပတ် လောက်ကို လက်နက်တွေရောက်လောက်ပါပြီ။
ခိခိ
😀
sorrow
July 9, 2014 at 2:20 pm
ရွာထဲမှာ လက်ဖက်ရည်ကြိုက်တတ်တာ နှစ်ယောက်တွေ့ဖူးသဗျ….ကိုကြီးဇေယျာ နဲ့ ကိုကြီးဆွေ….
လက်ဖက်ရည်တစ်ငုံ ငုံလိုက် …စီးကရက်လေးဖွာလိုက်နဲ့ .လုပ်ပြနေတတ်တာ…..အလိုလိုနေရင်း သူတို့လို သောက်ချင်လာသဗျ….
သူတို့ရဲ့ တန်ဖိုးဖြတ်မရတဲ့ …ဘဝအတွေ့အကြုံတွေပြောပြတတ်တာနဲ့ကတော့ … လက်ဖက်ရည်သောက်တိုင်းသတိရနေရတဲ့ ဆရာနှစ်ပါးဗျ…. လက်ဖက်ရည်ကောင်းကောင်းနဲ့ဆိုရင် ..မိတ်ဆွေကောင်းကောင်းလဲ လိုသေးတယ်ဆိုတော့ကာ …ရွာသားများကိုအကြံပေးလိုတာက ရန်ကုန်မှာ…လက်ဖက်ရည်သောက်မယ်ဆိုရင် ..အဲ့ဆရာနှစ်ပါးနဲ့ ဂီဂီကိုပင့်ပါဗျ….
( မှတ်ချက်..ကျပ်တာမဟုတ်..အတည် ..အဟိဟိ )
ဇီဇီ
July 9, 2014 at 2:33 pm
မောင်ဂီ က လက်ဖက်ရည်သောက်သလားးး
:mrgreenn:
ဟို ၂ ယောက်က တစ်ယောက်က ယောက်ခမွ၊ တစ်ယောက်က ဒက်။
ယောက်ခမွဆို ရေနွေးဓာတ်ဘူးထဲ ရေနွေးမကျန်ရင် စိတ်တိုတတ်တယ်ဆိုလား ဘာလားးး :mrgreenn:
ဒက် ကတော့ ဆေးလိပ်ဖြတ်မယ်ဆိုလားးးးးးးး လားးးး ဟင်?? မဖြတ်ရသေးဝူးလားးး
တွေ့ကြသေးတာပေါ့။ :mrgreenn:
ခင် ခ
July 9, 2014 at 3:08 pm
လဘက်ရည်ဆိုင် နဲ့ လွမ်းစရာလေး တစ်ခုသတိရလို့ ဝင်ပြောအုံးမယ်။
ကျုပ်ရန်ကုန်တက္ကသိုလ်တက်စဉ် မိုးလေးက စွေပြီးတစ်ဖျောက်ဖျောက်နဲ့ ရွာနေတုန်း ကျောင်း Canteen က လဘက်ရည်ဆိုင်မှာ လဘက်ရည်တစ်ခွက်မှာပြီး ဒူးယားစီးကရက်လေးဖွာကာ ဟိုကြည့်ဒီကြည့် ထိုင်နေ တာပေါ့၊ မိုးရွာနေတော့ ကျောင်း Canteen မှာလည်း မိုးခိုရင်း စားသောက်ရင်း ထိုင်နေကြတဲ့သူက ပြည့်လုလုပေါ့ဗျာ၊ အဲဒီအချိန်မှာ ကျောင်းသူလေးတစ်ယောက် ထီးလေးဆောင်းပြီး ကော်ရစ်တာကနေအပြေးလေး Canteen ကို ကူးလာကာ ကျုပ်ထိုင်နေတဲ့ စာပွဲနားက ခုံလွတ်တစ်ခုမှာ အကိုလူရှိလား လို့မေးတော့ မရှိပါဘူး ဆိုတာနဲ့ ထိုင်ပြီး ဆီချက်တစ်ပွဲ လဘက်ရည်ပေါ့စိမ့် တစ်ခွက်မှာပြီး စားသောက်လေရဲ့၊ ကျုပ်လည်း ကလေးမလေး ရှိနေတော့ အားနာပြီး ဆေးလိပ်ထပ်သောက်ချင်ပေမယ့် နောက်တစ်လိပ်ထပ်မဖွာဖြစ် ရေနွေးကြမ်းဘဲ တစ်ခွက်ပြီးတစ်ခွက် ဌဲ့သောက်လိုက် လဘက်ရည်လေး တစ်ငုံသောက်လိုက် လုပ်နေရ တာပေါ့ဗျာ။ အဲ ကလေးမက စားလို့သောက်လို့လည်းပြီးရော ဗိုက်အရမ်းစာနေလို့ အပြေးထွက်လာတာ ဆီချက်နဲ့ လဘက်ရည်မှာပြီးမှ ပိုက်ဆံယူလာဖို့မေ့လာမှန်း သတိထားမိတယ်အကို အဲဒါ အကိုခဏစိုက်ရှင်း ထားပေးပါလား ညီမက Physics ကပါ အတန်းပြန်ပြီး ပိုက်ဆံပြန်ယူကာ ပြန်လာပေးပါ့မယ်နော်ဆိုပြီး ထီးလေးဖွင့်ကာ လာရာလမ်းကို ပြန်ပြေးသွားတယ်လေ။
အဲဒီတော့မှဘဲ ဒူယားစီးကရက် တစ်လိပ်ထပ်ယူပြီး မီးညှိကာ ဖွာရှိုက်လို့ ဆေးလိပ်မီးခိုး ငွေ့ကို သက်ပြင်း ရှည်နဲ့အတူ မှုတ်ထုတ်မိတော့တယ်ဗျာ။
ခဏအကြာဆေးလိပ်လည်းတို လဘက်ရည်လည်းကုန်လို့ မိုးလေးလည်းစဲလေတော့ ကျသင့်ငွေလေးရှင်းပြီး ကျောင်းCanteen လဘက်ရည်ဆိုင်က ထွက်ခဲ့ရတဲ့ လဘက်ရည်နဲ့ ကျောင်း အမှတ်တရ အဖြစ်လေးကို ခုပြန်တွေးရင် လွမ်းသလိုလို။
ဇီဇီ
July 9, 2014 at 3:11 pm
ဂျာ??
အာ့ဆို ပိုက်ဆံ ပြန်မရဝူးပေါ့။
အဲဒီအမျိုးသမီးက သများနဲ့ အမျိုးဟုတ်ဝူးနော်။
ဟိဟိ။
😀
TNA
July 9, 2014 at 5:42 pm
အောင်မြတ်လေး ကွန်မင့်ဒွေတဘုံဂျီးဘာလား။ မနက်ကတောင် လဘက်ရည်ဆိုင်ထိုင်လာသေး။ ကျဆမ့်လေးနဲ့ပေါ့ကွယ်။ ကြက်ဥပလာတာလေးနဲ့ ခွိခွိခွိ
ဇီဇီ
July 9, 2014 at 5:45 pm
အဟိ။
ယောက်ခမွက နောက်ကျနေတာကိုးးးး
သများက လိပ်ခုပ်ကို ပိုကြိုက်တယ်။
လက်ဖက်ရည်နဲ့ တွဲပြီး စားချင်တာ။
ပြောရင်းဆိုရင်း;….
😥
TNA
July 9, 2014 at 9:36 pm
အလုပ်တွေရှုပ်နေတာရယ် အားတဲ့အချိန်လိုင်းမကောင်းလို့ရွာထဲဝင်မရတာရယ် ဝင်ရပြန်တော့လဲ မျက်စိရှေ့ရောက်တဲ့ပိုစ့်ပဲမြင်ရတာရယ် အစုံပါပဲချွိရယ်။
Crystalline
July 10, 2014 at 3:25 am
ဖွင့်ပြောဖို့လည်း..စီစဉ်ပြီးသား…မြိုသိပ်မရတော့တဲ့..အခြေနေမျိုးဖြစ်လာတော့.
ဘာကြောင့်မို့စကားလေးတွေ..သူနဲ့တွေ့လိုက်တိုင်း..
မြေကိုလျိုး..မိုးပေါ်ပျံ..ပျောက်သွားလဲ…
သူငယ်ချင်းကပြောတယ်..သူမြတိနိုးလို့..တနဖိုးထားရတဲ့ ကောင်မလေးရဲ့အကြောင်းတွေကို
ချိုပေါ့ကျတစ်ခွက်နဲ့အတူ…မမောတမ်းပြောပြတော့.. ဘာပြန်ပြောလိုက်ရမှန်း…. မသိဘူးကွယ်… :loll:
အရမ်းကြိုက်တဲ့သီချင်းကို… သများအသံချိုချိုလေးနဲ့ဆိုပြသွားတယ်… 😀
လက်ဖက်ရည်အရမ်းကြိုက်…ဟိုလိုခုံပုလေးတွေနဲ့တော့မထိုင်ဖူးဘူး… ဖိးလ်တို့ လပ်ကီးဆဲဗင်းတို့မှာထိုင်ရင် အမြဲသောက်တယ်… အိမ်နားကဆိုင်တွေမှာဆိုရင်… ပါဆယ်ပဲသောက်တယ်.. :)) သောက်နေကျက ပုံမှန်.. သူတို့ပြောတဲ့အထဲမပါဘူး… စသောက်တော့ အစ်ကိုတွေမှာပေးတာကိုစွဲနေပီး..ခုထိအဲ့လိုပဲမှာသောက်တယ်… အခုတွေးနေတာ.. တခြားအရသာတွေနဲ့စာရင် ခပ်ဖျင်းဖျင်းဖြစ်နေလားမသိ.. မချိ..မဆိမ့်..မကျ… :mrgreenn:
ဇီဇီ
July 10, 2014 at 7:55 am
သူငယ်ချင်းလေးးး
ချစ်တယ် ဘယ်လိုပြောရမလဲ။
ကိုယ်ဒီလို သိပ်သိပ်ချစ်နေတယ်။
😀
ခိခိ။
သများက ဘာအစားအသောက်မှ ပုံမှန်မစားလို့ လက်ဖက်ရည်လည်း ပုံမှန်မကြိုက်ဘူးးး
ဒါနဲ့ အဲ့ အကို ဆိုတာ ဖြူ့ ကို ပေးမယ် ဆိုတဲ့ အကိုလားဟင်? :mrgreenn:
Wow
July 10, 2014 at 11:43 am
နာကတော့ ပေါ့ဆိမ့်…. :kwi:
ဒါနဲ့ ခွစ်က ယောက်ကျားဒွေဂို စိတ်မဝင်စားဝူးဒဲ့… နိ ငါ့ဂို အတီမကြံရင် နာရိုးသားတဲ့ ကရင်မလေးဘက် ပြောင်းမာနော်
ဇီဇီ
July 10, 2014 at 12:09 pm
အယ်။
အဟီးးးး :mrgreenn:
သူလစ်ပြီမှတ်လို့။
ဂလိုပါ။ နာ က ဝါး အတွက် အမြဲ အသစ်ရှာရှိ (အဲလေ) သစ္စာရှိပါတယ်။
ခုဟာက ဖြူ့ အတွက် မေးတာ၊
ဟိ။
နိတို့ မောင်၂ မ က ကရင်မြင်ရင် ကြံစည်ကြတယ်။
Wow
July 10, 2014 at 1:01 pm
ကရင်မြင်ရင် စိတ်မခိုင်ဒါ
မောင်ဂလေး မတမရွစိက နောက်ကရင်မတြောက်ရဖို့ ကြိုးဇားနေဗြန်ဗီ၊ ခုတင် ဖုန်းနံပါတ် ပေးလိုက်ရတယ်
နှူးဘာ မိဂီ
July 10, 2014 at 1:40 pm
ဟိတ်လူဒေ
အေးအေးနေဂျဗာ…..
မဟာရာဇာ အံစာတုံး
July 10, 2014 at 2:38 pm
ပြောလိုက်မှ အတိတ်တောင် လွမ်းသွားတယ်
ဟိုအရင်က လက်ဖက်ရည်ဆိုင် ဆိုရင်
မနက် အိပ်ယာနိုးတာနဲ့ ရောက်နေပြီ
နေ့ခင်း ထမင်းစားပြီး ဆိုလည်း ၁ နာရီလောက် ထိုင်တယ်
ညဘက်ဆို အေးအေးလူလူပဲ
လက်ဖက်ရည်ဆိုင်က ဖွင့်ထားတဲ့ သီချင်းတွေ နားထောင်ရင်း
ဘော်ဒါအပေါင်းနဲ့ ကမ္ဘာကြီး အကြောင်း လေကြီးလေကျယ် ပစ်ခဲ့ဖူးတာပေါ့ ….
အေးလေ … အဲ့ဒီတုန်းကတော့ဖြင့် …
ငယ်ရွယ်လွတ်လပ်၊ အကန့်အသတ်မဲ့ စိတ်ကူးနဲ့၊ အိပ်မက်ထဲမှာ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ အစွမ်းတွေ လွှမ်းမိုးနေတဲ့ အချိန်ကိုး ….
ကျုပ်လည်း လက်ဖက်ရည်ဆို ပေါ့ဆိမ့်ဗျား …
မယုံ ဥဥဆာ ကို မေးကျိ ..
ဇီဇီ
July 10, 2014 at 3:02 pm
ဟုတ်လားးး
ရန်ကုန်လာရင် တူတူ သွားသောက်ကြမယ်။
:s:
Paing Lay
July 10, 2014 at 2:42 pm
ငယ်ငယ်က အနော့ ဒယ်ဒီနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီဆိုရင် အနည်းဆုံး ချိုဆိမ့် တစ်ခွက်နဲ့ ပေါက်စီ 2လုံးစားလိုက်ရမှ အာသာပြေတာ။ ကြီးလာတော့ အခေါ်အဝေါ်တွေလည်း နားလည်လာတဲ့ အခါကျတော့ အမြဲတမ်းသောက်ဖြစ်တာကတော့ ပေါ့ဆိမ့်လေးပဲ။ အခုလို မိုးအေးအေးနဲ့ စာအုပ်က တစ်ဖက်နဲ့ စမူဆာသုပ်တစ်ပွဲနဲ့ဆိုရင် တကယ့်ကို ဇိမ်ပဲဂျာ။ 😀
ဇီဇီ
July 10, 2014 at 3:03 pm
ဟယ်။
လက်ဖက်ရည် ချစ်သူတွေ အတော်များပါ့လားးး
ခိ
:mrgreenn:
pooch
July 10, 2014 at 3:03 pm
ကော်ဖီကြိုက်လို့ဆွိရယ်။ တီးရှော့တွေ သိပ်မသွားဖြစ်ဖူး။
ကော်ဖီတွေအကြောင်းရေးပေးအုန်း ။ 😛
ဇီဇီ
July 10, 2014 at 3:05 pm
ဟယ်။
ဟုတ်လားးး
ကော်ဖီက မဟာရာဇာ ရေးဖူးတယ်။
ပြန်ရှာပြီး ပို့ပေးမယ်နော်။
:s:
ရွှေညာသား
July 10, 2014 at 3:27 pm
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အပျိုဂျီး ဒေါ်ကေဇိ အနေဖြင့်
ရွာ ရာအိမ်မှူးရာထူးအတွက် ….
တရားဝင်ကြော်ငြာနိုင်ရန်………
လူပျိုဂျီး များအားမည်သို့ခေါ်ဆိုနိုင်သည်ကို
အမြန်ဆုံးလာရောက်ဖြေရှင်းပေးပါရန်နှင့်………………..
လက်ဖက်ရည်ဆိုင် … လွမ်းချင်းကို …. ရေးပေးနိုင်ရန်ကြိုးစားနေပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးး
ဂစ်တာရယ် ခင်မောင်တိုးရယ် မွန်းအောင် ခိုင်ထူးနဲ့ ထူးအိမ်သင်….
ငွေတောင် ဂျိုးသိမ်း စပယ်ရှယ်နဲ့ ဘေစ့်သံများတဲ့
ကိုသန်းနိုင်နဲ့ ရင်ခုန်ယစ်မှူး ရတဲ့ လက်ဖက်ရည်ဆိုင်ရနံ့ မကြာခင် ရေးမည် ………..
ဇီဇီ
July 10, 2014 at 3:35 pm
ဟမ်မငိ။
ဘူက ချောက်ချလိုက်တာတုန်းးး
အနော် မှာ ပိုင်ရှင်ရှိပါတယ်။ ဟိ။ :mrgreenn:
လူပျိုကြီးတွေကို ဘယ်လိုခေါ်မလဲ ဆိုတော့ လူပျိုကြီးတွေသာမေးကြည့်ပါ။ဟိ။ :mrgreenn:
အကိုအညာသားရဲ့ ပို့(စ) ကို မျှော်လင့် အားပေးပါမည်ဖြစ်ကြောင်းးးး
:s:
ပြောရင်း အညာသားကျောကုန်း ဆိုတဲ့ မုန့် စားချင်လာပြီ။ ဟိ
😀
ရွှေညာသား
July 12, 2014 at 5:58 pm
ပြောတတ်ပါပေ့ကွယ် ………..
အညာသားကျောကုန်းဆိုတာ မုန့်ကျွဲသဲကို ခေါ်တာကွယ့်
သမီးတော်လေးရဲ့ ……….
ပြီးတော့ စားဆိုလဲ ……. များများ … စားနိုင်တာလဲမဟုတ်ပဲနဲ့….
မုန့်ကျွဲသဲကို အုန်းသီးဆံလေးနဲ့ဖြူး…..
လက်ဖက်ရည် ပေါ့ဆိမ့်လေးနဲ့မြည်းရရင်………….
padonmar
August 3, 2014 at 9:47 pm
ဟား…ဘယ်သူ လက်ဘက်ရည်ဘယ်လောက်စော ကြိုက်ကြ်ိုက်
အာတီဒုံလောက် စောမှာ မဟုတ်။
နယ်က အိမ်ဘေးကပ်ရက်မှာ ကိုယ်မမွေးခင်ကတည်းက လက်ဖက်ရည်ဆိုင်ရှိတယ်။ (ရဲစည်မေးကြည့်)
အဖေသောက်တယ်။အမေလည်းသောက်တယ်။ကလေးကတည်းက သောက်ခဲ့တယ်။
အဲဒီ လက်ဖက်ရည်ဆိုင်က ပိုင်ရှင်တွေသာပြောင်းသွားတယ်..ကိုယ့်အိမ်နားမှာတော့ တခါမှ လက်ဖက်ရည်ဆိုင်မျိုးဆက် မပြတ်ခဲ့ဘူး။
ဆိုင်ထိုင်သူတွေက မင်းသမီးအကြောင်းကနေ နိုင်ငံရေးအလယ် အဘိဓမ္မာအဆုံး လေကန်တာတွေ တဝကြီး နားထောင်ခဲ့ရတယ်။
အာတီဒုံက လက်ဖက်ရည် အရသာထက် အဲဒီလို လက်ဖက်ရည်ဆိုင်ထိုင် လေကန်ရတဲ့ အရသာကို ပိုကြိုက်။
ခင်ဇော်
March 6, 2016 at 8:02 pm
ရန်ကုန်မှာရော
ထိုင်ဖြစ်လားး တီဒုံ..?
🙂
kai
March 6, 2016 at 4:28 pm
ဒါက ပုံလေးတပုံ..။ ဘယ်နှခုနှစ်လောက်ဖြစ်မလဲမသိ…။
Swal Taw Ywet
March 6, 2016 at 6:48 pm
သူကြီး က မမနိုဗွီ ( black white ) ဒါတ်ပုံလေးနဲ့ ပညာလာစမ်းနေတယ်။
မကြာသေးဘူးခင်ဗျ ဆယ်နှစ်ကျော်လောက်ဘဲ ဖြစ်လိမ့်မယ်။
လမ်းအကွေးလေးနဲ့ ညောင်မုတ်ဆိတ်က ပုဇွန်တောင်ဘက်ကို ညွှန်းနေသလိုဘဲ။
ဓါတ်တိုင်မှာ ချိတ်ထားတာက ရွှေဧည့်သည် ယာဉ်လိုင်း ရဲ့ လမ်းကြောင်းမြေပုံ။
စားပွဲပေါ်က တစ်ရှူးပေပါလိပ်ထည့်တဲ့ဘူးက ဒီဘက် စစ်အစိုးရခေတ်မှ ပေါ်တာ။
ခုနောက်ပိုင်း လေးထောင့် ဒီဇိုင်းလေးတွေ များလာနေပြီး စီးကလက်ကြော်ညာတွေများနေပြီ။
အယ် ထပ်ကြည့် မိတော့ ခုံလေးတွေ က သံခုံလေးတွေပါလား ဒါဆို ပလပ်စတစ်တွေမပေါသေးခင်မို့ ၁၅ နှစ်ဝန်းကျင်လို့ ပြောရတော့မယ်။
ဒန်ရေနွေးအိုးလေးတွေကြောင့်ရောပေါ့။
ရွှင်လန်းချမ်းမြေ့ ကြပါစေ။
With respect,
Swal Taw Ywet.
ခင်ဇော်
March 6, 2016 at 8:00 pm
တော်လိုက်တဲ့ နာ့ ဦးးလေးး
:k:
kai
March 7, 2016 at 3:03 am
အောင်မြလေး.. စုံထောက်..ရှားလော့စ်ဟောက်စ်ရယ်..။ 🙂
kotun winlatt
March 6, 2016 at 11:00 pm
ကျနော်ကတော့ ပေါ့ဆိမ်ကြိုက်တာ . . . ဟိုး ကျောင်းသားဘဝက ဟတ်တီးပဲသောက်တယ် ဟဲဟဲ တစ်ခွက်စာ ငွေမရှိလို့လေ . . .
ခင်ဇော်
March 8, 2016 at 11:14 am
ကျနော်လည်း ခု ပေါ့ဆိမ့်ပဲ တောက်လျှောက် သောက်ဖြစ်တော့တယ်။
:k:
naywoon ni
March 10, 2016 at 1:56 pm
မန္တလေးက လက်ဘက်ရည်ဆိုင်တွေ
၁။ ဖားသား လဖုန်းနဲ့ မျက်နှာချင်းဆိုင်က အောင်ဝင်း လက်ဘက်ရည်ဆိုင်နဲ့ ရောင်ပြန် လက်ဖက်ရည်ဆိုင်
၂။ ညဈေးတန်း ၇၉ လမ်းက ” ရှိန်ကြီး ” လက်ဘက်ရည်ဆိုင်နဲ့ ဘူတာကြီး နဲ့တည့်တည့်လောက်က ” ဆယ်သန်း” လက်ဘက်ရည်ဆိုင်
၃။ ၃၅ လမ်း ၈၀× ၈၁ လမ်းကြားက ညဇီးကွက် လက်ဘက်ရည်ဆိုင် ( ညနေ ၃ နာရီနောက်ပိုင်းကနေ မနက် မိုးအလင်း ဖွင့်တာ )
၄။ ၃၅ လမ်းပေါ်ကပဲ ၇၆ လမ်းနဲ့တူရဲ့ ကီးမား ပလာတာ နဲ့နာမယ်ကြီးတဲ့ “ကီးမားတင်ဝင် း ”
၅ ။လမ်း၈ဝ ၃၅×၃၆ ကြားက စိမ်းလဲ့မြိုင် အမျိုးသမီး ဘော်ဒါ လား( နောက် The Sea တည်းခိုခန်းဖြစ်သွားတာ ) အဲ့ဘော်ဒါနဲ့ မျက်စောင်းထိုးလောက်က ” ပန်းသခင် ” လက်ဘက်ရည်ဆိုင် ”
၆။ အထက ၂၂ နဲ့ မျက်စောင်းထိုးက “စမ်းသီတာ ” လက်ဘက်ရည်ဆိုင်
၇။ ၃၃လမ်း ၈၀×၈၁ လမ်းပေါ်က “ရွှေနိုင်ငံ ”
၈ ။၈၄လမ်း ၃၄×၃၅ ကြားက ဝင်းလိုက် ရုပ်ရှင်ရုံလား အဲ့ဘေးက “မုတ်ဆိတ် ” လက်ဘက်ရည်ဆိုင်
၉။ ၄၁လမ်း ၈၅× ၈၆ လမ်းကြားက ” သဇင် ” လက်ဘက်ရည်ဆိုင်
၁၀။ ၂၆ ဘီလမ်းပေါ်က ” Shell ” လက်ဘက်ရည်ဆိုင်
၁၁။ ဆေးတက္ကသိုလ် နားလေးက ” ခေါတ်ကျောင်းသား လက်ဘက်ရည်ဆိုင်နဲ့ ပုဂံ အလှ လက်ဘက်ရည်ဆိုင်
၁၂။ ၈၁ လမ်း ၃၁ လမ်းလား ” မင်းမင်းကျော် ” လက်ဘက်ရည်ဆိုင်
၁၃။ ၇၃ လမ်း မိန်းဘက်သွားတော့ ရေနီမြောင်း မရောက်ခင်လေးမှာ အရှေ့က်ဘေးက ” သီတာအေး ” လက်ဘက်ရည်ဆိုင် အဲ့သီတာအေး လွန်လာတော့ ရေနီမြောင်းနဲ့ ကပ်ပြီး ဖွင့်ထားတဲ့ “ဟိုးဟိုးကျော် ” လက်ဘက်ရည်ဆိုင်
ဗောဓိကုန်းလမ်းထဲဝင်တော့ “ရွှေစည်တော်” တို့ ” ရွှေနိုင်ငံ ” တို့ သုံးလေးဆိုင်ရှိသေးရဲ ့ နာမယ် မမှတ်မိတော့ ။
၁၄ ။ ဘဏ် ၃ ရဲ့ အရှေ့ဘက်နားလေးမှာ အလုပ်သမား သက်သာဆိုင်ဆိုတာရှိရဲ့ ။ တုံကင်နဲ့ တစ်ခါတည်း သောက်ချင်တာ စားချင်တာ ဝယ်ရတာ ။ လက်ဘက်ရည်က ပြားခြောက်ဆယ် ဆမူဆာက တစ်မတ် အဲ့ဒါတော့မှတ်မိတယ် ။ အော် မေ့တော့မလို့
၁၅။ ၃၅ လမ်း ၈၂ဒေါင့်မှာ “ချိန်တန်ပြီ ” လက်ဘက်ရည်ဆိုင် အဲ့ အနောက်ဖက်ကပ်ရက်က “ရှမ်းမင်းသား ” လက်ဘက်ရည်ဆိုင် အဲ့ ရှမ်းမင်းသားက ဝက်သားပေါင်းနဲ့ ပေါက်ဆီ နာမယ်ကြိီးတယ် ။
ကော်မန့် ရေးနေတုန်း ခေါင်းထဲပေါ်လာတာ ချရေးလိုက်တာ ။ အဲ့ လက်ဖက်ရည်ဆိုင်တွေထဲက ဘယ်နှစ်ဆိုင်လောက် လက်ရှိကျန်နေသေးလဲတော့တော့ အမြဲနေတဲ့သူတွေသာ သိပေတော့မယ် ။
PS ဆိုင်နာမယ်မမှတ်မိလို့ မိန်းလမ်းပေါ်က BSc ကွမ်းယာဆိုင်နားမှာလည်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိသေး ။
ခင်ဇော်
March 10, 2016 at 2:10 pm
မင်းသီဟတို့
မင်းမဟာ တို့
မိန်း နားက ရွှေပြည်မိုးတို့ လက်ဖက်ရည်ဆိုင် နာမည်ကြီးတွေလည်း အများကြီးးး
မမှတ်မိတော့တာ ခက်တယ်။
ဥနီလည်း လက်ဖက်ရည်ဆိုင် သရဲလားး
:k:
naywoon ni
March 10, 2016 at 2:31 pm
မန်းလေးမှာ ကျောင်းတက်တုန်းက သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ် ။
ဆက်မရေးတောဘူးအေ …. ။ သူ့အကြောင်းရေးရရင် ပို့တစ်ခုစာမက ဒါကြောင့် ဘေလ်လေးရှိတုန်း ညမှ အဲ့ခေါင်းစဉ်နဲ့ ပို့စ်ရေးမယ် ။
ကြောင်ဝတုတ်
March 13, 2016 at 1:23 am
ကျစိမ့်တစ်ခွက်ကို လန်ဒန်တပွဲနဲ့ထိုင်ပြီး…
ကိုညီထွဋ်သီချင်းနားထောင်ခဲ့ဖူးတဲ့… တောင်ကြီးက စမ်းသီတာဆိုတဲ့လဘက်ရည်ဆိုင်လေးသတိရမိပါရဲ့…
အခုတော့ ကျစိမ့်တခွက်နဲ့ လက်ကီစထွိုက်တဗူးအဖြစ်ပြောင်းသွားပြီ…
လက်ဘက်ရည်ဆိုင်မှာလဲ သီချင်းတွေနားမထောင်ရတော့ဘူး…
အသက်တွေသာကြီးလာတယ်… ငါဆေးလိပ်မဖြတ်နိုင်သေးပါလား…
အမှတ်တရများစွာဖြင့်-
ဖက်ကက်
ခင်ဇော်
March 14, 2016 at 11:56 am
အသက်ကြီးတာနဲ့ မဆိုင်ဘူးဟ။
စိတ်ပြတ်တာ မပြတ်တာနဲ့ ဆိုင်လားလို့။
ငါ ဟိုနေ့က ကိုယ်တွင်းအင်္ဂါအစားထိုး တဲ့ ရုပ်ရှင်ကားတွေ ကြည့်မိတယ်။
အမေမွေးတုန်းက ကိုယ်တွင်းအင်္ဂါ အကောင်းလေးတွေ နော်။
ပျက်စီးအောင် အရက်သောက် ဆေးလိပ်သောက်နဲ့။
ယိုယွင်းလာရင် အစားထိုး ကုသဖို့ ဈေးကြီးပေးဝယ်ကြနဲ့။
ရှုပ်နာပဲ။
:a: