Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုယ်ရေးရာဇဝင်အကျဉ်း

nicolus agralJuly 11, 20141min75015

၁၉၈၆ မှာမွေးတယ်
ပုတိဖွား
Leo
အဖေဖက်ကတော့ သူတို့ကိုသူတို့ အာဏာဟာ မျိုးရိုး ရ ဆက်တည်တယ်လို့ထင်နေတယ့် ရွာသာသာ အလွန်သေးငယ်တဲ့မြို့ကစော်ဘွားမျိုးလို့ပြောတာပဲ
အမေဖက်ကတော့ သူတို့ကိုသူတို့ လအုဗုန်းမှန်တဲ့စစ်သူကြီးအမျိုး သူတို့ဖွားမျိုးကလွဲရင် ကျန်တဲ့သူဆို လူစာရင်းတောင်မသွင်းတဲ့သူတွေ ကျနော်တို့မောင်နှမတွေကိုတောင် အမျိုးတခြမ်းရုတ်တဲ့
လက်ရှိ နမခ ရုံးစိုက်ရာ ဖုတ်ထူရေရှားတဲ့မြို့မှာမွေးတယ်
အမေဖက်က အဒေါ်တွေလက်မှာကြီးပြင်းလာတယ်
အသက်လိမ်ပြီးမူကြိုတက်တယ် (မွေးစာရင်းက ၃ – ၄ ခုလောက်ရှိတာကိုး)
သူငယ်တန်း၊ ၁ တန်း ၊ ၂ တန်းကို အမေတာဝန်ကျရာ သာသနာထွန်းကားတဲ့မင်းနေပြည်တော်မှာတက်တယ်
အတန်းထဲမှာစာမလုပ်ဆုံး ပြသနာအရှာဆုံး လူစာရင်းမှာပါတယ် ဆရာမတွေသိပ်ချစ်တာ မျက်စိအောက်ကကို အပျောက်မခံရဲဘူး (ထီကနဲဆိုပါပြီးသားပဲ) အတန်းဖော်ကိုခဲချွန်ဒါးနဲ့ထိုးတယ့်ကောင်ပေါ့
အမေကမနိုင်လို့ သူ့မိခင်ရှိတဲ့ လအုဗုန်းမှန်စစ်သူကြီးရဲ့မွေးရပ်မြေကိုပို့လိုက်တယ်
၃ တန်းက ရ တန်းထိအဲ့ရွာမှာနေတယ်
အသက်ကြီးတဲ့သူက အသက်ငယ်တဲ့သူကို အုပ်ချုပ်တယ် (နာရီပိုင်းစွန်းတဲ့အမွှာတောင် အကြီးစကားကို အငယ်ကနာခံရတယ်
ခိုင်းတဲ့အတိုင်းလုပ် ပြန်မပြောနဲ့ အတွန့်မတက်နဲ့ ဆင်ချေမပေးနဲ့
ဘူးရှိတာ မရှိတာ ၊ရေရှိတာမရှိတာက မင်းအပိုင်း ငါ့အပိုင်းက ငါအခုရေလိုချင်တယ်ဆိုတယ့် အသိုင်းအဝိုင်း
တာဝန်ခံမှုမှာလဲ အကြီးဆုံလူ တာဝန်အရှိဆုံးပဲ ကလေးတွေကစားရင်းတခုခုဖြစ်ရင် အကြီးဆုံးကလေးမှာတာဝန်အရှိဆုံး သူအပြစ်အများဆုံးပေးခံရမယ်
မျိုးနွယ်ထဲမှာ အပေါ်ယံအရမ်းစည်းလုံးတယ် အတွင်းမှာတော့ကြိတ်ပြိုင်နေကြတယ်
ဘာလို့လဲဆိုတော့ လက်သုံးစကားကိုက ၁ မဟုတ်ရင် ၂ ကနေ ဘိတ်ဆုံးထိ အတူတူပဲ အကုန်အသုံးမကျတဲ့လူတွေပဲတဲ့
အဲလိုနေရာမှာမွေးမြူခံရတယ်
၃ တန်း – ဘာဆုမ မရဘူး – ရှယ်ကြွေးခံရတယ်
၄ ၅ ၆ ရ – အဆင့် ၁ ၂ ၃ ကမဆင်းဘူး ဒါပေမဲ့ ၁ မဟုတ်တဲ့အခေါက် နာဖို့သာပြင်ထား
အတန်းတူ မောင်နှမ ဝန်းကွဲ ၅ ယောက်မှာ ၁ ရတဲ့သူကလွဲရင် ကျန်တဲ့ကောင်သေပေတော့
၈ ၉ ကို အမေ့ဆီမှာပြန်နေတယ် မင်းနေပြည်တော်မှာပေါ့
အမြဲ ၁ ၂ ၃ ဝင်တယ်
၁ဝ တန်းကို အကောင်းဆုံးဆိုတဲ့ကျူရှင်မှာထားတယ်
အဲ့မျာတော့ ၁ – ၄ဝ တောင်မဝင်ဘူး
ဒါပေမဲ့ Math , Chem , Phys တွေမှာ ဆရာကြီးပေါ့ အထူးသဖြင့် Math မှာအမြဲ ၁
အဲ ပျက်ဆီးချင်းကစလာပြီ Eng နဲ့ Bio မှာညံ့လာပြီ
Eng (The Subject I like Best) Essay ကို I don’t like any subject တကြောင်းပဲရေးလို့ စံပြဆော်ခံရတယ်
Bio ၅ဝဖိုးဖြေရင် အများဆုံးရဘူးတာ ၂ မှတ်ပဲ တကြောင်းလုံး အမှတ်အနည်းဆုံး (အမြဲ)
၁ဝ တန်းအောင်တော့
Myan 68 ? , Eng 46 , Math 99 , Chem 99 , Phys 98 , Bio 67 ? ဟီးဟီး
အဲလိုကောင်က ဆေးကျောင်းတက်ပါလေရော (အမှတ်မီလို့ ၊ ဝါသနာမပါဘူး လူနာတွေကိုစိတ်မဝင်စားဘူး)
3rd year supp , Part 1 Round , Part 2 supp
House surg ဘဝမှာတော့ အတော်ဆုံး ကိုယ်ကျင့်တရားကောင်းပါတယ်ဆိုတယ် ဆရာအများစုနဲ့သင်ခဲ့တယ်
လူနာတော်တော်များများကို ဝေဒနာသက်သာအောင် ရောဂါသက်သာပျောက်ကင်းအောင် လုပ်ပေးနိုင်ခဲ့ဘူးတယ်
တချို့ရဲ့အသက်ကိုကယ်နိုင်ခဲ့ဘူးတယ်
ဒါပေမဲ့ အဲဒါတွေလုပ်ပေးခဲ့တာက စေတနာမမှန်ခဲ့ဘူး ငါလုပ်နိုင်တယ်ဆိုတဲ့ မာနရယ် သူတို့ရဲ့ကျေးဇူးစကားတွေအပေါ်မှာသာယာမှုရယ် သက်သက်ပဲ
နောက်တော့ နာ ၃ နာ မရှိတာရယ် မီသားစုတွန်းအားတချို့ရယ်ကြောင့် ဆရာဝန်အလုပ်ကိုဆက်မလုပ်တော့ဘူး

ဆရာဝန်ဘဝနဲ့ပက်သက်ရင် ပညာတင်မဟုတ်ပဲ ကိုယ်ကျင့်တရားရော နာ ၃ နာရော သင်ပေးခဲ့တဲ့ဆရာတွေအပေါ်မှာတာဝန်မကြေခဲ့ဘူး
ကုသခဲ့ရတယ့်လူနာတွေအပေါ်မှာတော့ ရောဂါသက်သက်ကိုကုတာတို့ ရောဂါလက်ခဏာသက်သက်ကိုကုတာတို့ မလုပ်ဘူးပဲ ကျနော် လူနာကိုပဲကုခဲ့တယ် အဲ့ အတွက်တော့ ကျေနပ်တယ် စေတနာမမှန်ခဲ့တာတခုပဲ
နိုင်ငံရေးနဲ့ ပက်သက်တဲ့ခံယူချက်ကတော့ ဘယ်သူသေသေ ငတေမာပြီးရောပဲ (ကိုယ်သာအနေချောင်ရင် ဘယ်စနစ်ဖြစ်ဖြစ် အေးဆေးပဲ့ အခုဒေါ်စုကိုထောက်ခံတယ် ကိုယ့်အတွက်ပါပဲ သူကလက်ရှိတွေထက်ကောင်းအောင်လုပ်ပေးနိုင်မယ်လို့ယုံလို့)
စီးပွားရေးနဲ့ပက်သက်ရင် လူ့ကျင့်ဝတ်နဲ့ မလွန်ဆန်တာမှန်သမျှလုပ်နိုင်တယ် (ဥပဒေနဲ့ကိုက်တာ မကိုက်တာက ဥပဒေထုတ်သူတွေနဲ့ပဲဆိုင်တယ် )
ဘာသာရေးကတော့ ၈ တန်းထိက မိရိုးဖလာ နောက်တော့ ဘာသာမဲ့ (ကျနော့ညီရောပဲ) လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး ဖြစ်ပျက် နဲ့ အကြောင်းအကျိုးတွေကိုလက်ခံတယ် တချို့ သုတ်တံတရားတွေကိုလက်မခံဘူး logic နဲ့မကိုက်ရင် ဘာမှလက်မခံဘူး (အမေကတော့ ဒိတ်ထိ ၂ကောင်မွေးထားတာ ဝမ်းရေစပ်တယ်တဲ့)

ဒီစာနဲ့ ပက်သက်ပြီးတော့ပြောချင်တာက စာထဲမှာပါတာတွေကစိတ်ပျက်စရာဖြစ်ချင်ဖြစ်မယ်
မိဘဆွေမျိုးတွေ – ကိုယ့်သားသမီး သားချင်းတွေကို ငယ်စဉ်ကလေးဘဝကစပြီးစိတ်နေစိတ်ထားကို ကျနော့လိုပုံစံမျိုးတွေ ပုံမသွင်းစေချင်ဘူး
အခြေခံကျောင်းကဆရာတွေလဲ စာကလွဲပြီး ဘာမှသင်မပေးလိုက်တဲ့ဆရာတွေမဖြစ်စေချင်ဘူး
University တွေကိုလဲ ဝါသနာတွေ စေတနာတွေကိုမစစ်ပဲ အမှတ်တခုနဲ့ပဲ ဝင်ခွင့်တွေလုပ်နေတာကိုပြင်စေချင်ပါတယ်
နောက်မျိုးဆက်တခုမှာ ကျနော့်လိုလူတွေထပ်မဖြစ်စေချင်ဘူး
အဲ့ဒါလဲ ကိုယ့်သားသမီး တူတူမတွေကို ကိုယ့်ထက်ပိုကောင်းတဲ့ဘဝမှာနေစေချင်တဲ့ ကိုယ့်အတ်တပါပဲ

(ဆဲချင်လာဆဲကြဗျိုး ကျနော်က သဂျီးနဲ့ ကဖုန်းကျော် စပ်ကျထားတာနော် ဟွင်းဟွင်း)

15 comments

  • ဇီဇီ

    July 11, 2014 at 3:12 pm

    တော် တယ်။
    အမ ထက်။
    မောင်တော်ရ ကျိုးးးနပ်တယ်။
    ဘယ်လောက် ဆိုးးးဆိုးးးး နာ ချစ်ရ တဲ့ နာ့ မောင်လေး တွေ ထဲ က တစ်ယောက် ပဲ။
    နာ က တော့ ဆဲ မနေဘူးး
    ခေါက် ပ လိုက်မှာ

    :s:

  • Ma Ma

    July 11, 2014 at 5:34 pm

    (သဂျီးနဲ့ ကဖုန်းကျော် စပ်ကျထားတာနော် ဟွင်းဟွင်း)
    မိုက်တယ်။ 😀
    (မလိမ္မာဘူးလို့ ဆိုလိုတာမဟုတ်)
    ကိုယ့်ကိုကိုယ် အမှန်အတိုင်း မြင်အောင်ကြည့်တတ်တာရော။
    မြင်တဲ့အတိုင်း ရေးပြနိုင်တာရော သဘောကျတယ်။

    ကျမကိုဆိုရင်…ကိုယ့်အပေါ် သူများကထင်နေတာကတမျိုး၊
    ကို်ယ့်ကိုကို်ယ် ထင်နေတာက တမျိုး၊
    တကယ်ဖြစ်နေတာက တမျိုး တဲ့။ 🙁

  • မင်း ခန့် ကျော်

    July 12, 2014 at 8:13 am

    ရာဇဝင်ကတော့စာတင်လောက်ပါပေတယ် ညီလေးရေ ။

    အကျဉ်းမို့ အကျယ်သာဆိုရင် :mrgreen:

  • alinsett (gazette)

    July 12, 2014 at 9:42 am

    သဂျီးနဲ့ ကဖုန်းကျော် စပ်ကျထားတာနော် ..တဲ ့…

    အဟိ..အဟိ…
    အာ့ကြောင့်..ဆဲရဲဗူး

    :mrgreen:

  • kai

    July 12, 2014 at 10:06 am

    လော့ဂျစ်မကျရင်.. လက်မခံတဲ့အတွက်.. သာဓုပါခင်ဗျား..။
    =
    တလောကတင်.. တီဗီကြည့်ရင်း.. အထဲကစကားပြောလေးကြားမြင်မိတာ.. ပြောချင်တာ..

    ဇတ်လမ်းထဲ.. သူငယ်ချင်းတွေထဲကတယောက်က.. Luck(ကံဆိုး/ကောင်း) ကိုယုံကြည်တာမို့.. သူ့ကို.. Buddhist လို့ပြောတာ.. မင်းသားက.. Luck ကိုယုံတာ Buddhist မဟုတ်ဖူးတဲ့..။ ဗုဒ္ဓက.. Cause & Effect ကိုပြောသွားတာတဲ့.. လို့ဆိုပါတယ်..။

    ဆိုတော့…
    ဝိနည်း၊သုတ်တန်၊ အဘိဓမ္မာ.. ပိဋကတ်၃ပုံမှာ.. အဘိဓမ္မာကျမ်းများသည်.. ဘုရားဟောဟု.. ထေရဝါဒများသံဃာယနာတင်ခဲ့ကြစဉ် ပထမ/ဒုတိယ သံဃာယနာတွင်မပါခဲ့.။
    သုတ်တန်(Sutta Pitaka)သည်… ဗုဒ္ဓဘာသာဝင်အများစုရှိသောမဟာယာနနှင့်ယှဉ်ထိုးလျှင်.. သူတို့ယူသော သုတ်တန်နှင့် တော်တော်များများကွဲလွဲပါ၏။
    ပြောရရင်.. ပိဋကတ်၃ပုံထဲ.. ခရစ်နှစ် ၅ရာစု(ဘုရားပွင့်ပြီးနောက် နှစ်၁၀၀ဝကျော်)မှပေါ်တဲ့.. ဝိသုဒ္ဓိမဂ္ဂကျမ်းပြုဆရာတော် ရှင်မဟာဗုဒ္ဓဃောသ (သီရိလင်္ကာသို့ ရောက်လာသော အိန္ဒိယနိုင်ငံသားကြီး) အတွေးအခေါ်တွေလွှမ်းမိုးပါလွန်းနေတယ်… လို့..။

    ကဲ.. လော့ဂျစ်ဆရာ..
    အဲဒါလေး…။ :mrgreen:

  • nicolus agral

    July 12, 2014 at 11:58 am

    သူတို့ပြောတဲ့ ဘုရားဟောဆိုတာကြီးက အကြိမ်ကြိမ် Edit လုပ်ပီးသားဟာကို
    အကုန်ဘုရားဟောလို့ဘယ်သူကပြောတုံး

    ဒါတွေကိုကြိုမြင်တယ့်ပညာရှင်ကြီးက ငါပြောတယ်လို့ဆိုတိုင်းလဲမယုံဖို့ပြောထားပီးသားပဲ
    ချင့်ယုံပေါ့

    ကျနော် ဘာဝနာလုပ်တယ်ဆိုတာ မမြင်ရတဲ့နိဗ်ဗန်ကိုတော့မမှန်းပါဘူး
    အကာလိကော ဆိုသလို အခု ၁ နာရီ ဘာဝနာလုပ် ၁ နာရီစာ စိတ်ငြိမ်းချမ်းတယ်

    • kai

      July 12, 2014 at 2:13 pm

      .. ဧပြီလက..မြစ်သားမှာ.. မြစေတီထက်စောတယ်ထင်ရတဲ့ကျောက်စာ(စောလူးမင်း)တွေ့တယ်ဆိုပြီး သတင်းတက်တယ်..။
      အဲဒီမှာ.. အဲဒီကျောက်စာထိုးသွင်းတဲ့နှစ်ပါတာမို့.. မီဒီယာတွေကရေးကြတာ.. မီဒီယာ ၅ခု.. ခုနှစ်၅မျိုးပဲ..။
      ဒီလိုခေတ်ကြီး ဓါတ်ပုံ.. ဒစ်ဂျစ်တယ်.. အသံဖမ်းစက်တွေနဲ့… တိကျလို့ရနိုင်တာကြီးကို.. မြန်မာတွေဖြစ်ပုံများ..

      ဆိုတော့…
      အခုလည်း.. တရားဆိုတာ.. မှန်မမှန်စစ်ဖို့.. ဂုဏ်တော်ရှိသမို့.. တရားဂုဏ်တော်၆ပါးကို.. အနက်နဲ့တကွ..ညွှန်းပြီးတင်ပေးမယ်ဆိုပြီး.. အင်တာနက်တခွင်မွှေတာ..မွှေတာ..
      တယောက်တမျိုး… တဆရာတော်တဖုံ.. ပါဌိကနေ.. ပြန်ပြထားကြလေရဲ့..။ တချို့ဆို.. အဓိပ္ပါယ်ပါ.. ဝေဝေဝါးဝါးဖြစ်..။

      ဆိုတော့..
      ပိဋကတ်၃ပုံ တိကျမှုအရေး.. တွေးသာ… ကြည့်ပေရော့… ကိုရင်..။ :mrgreen:
      =
      တရားဂုဏ်တော် (၆)ပါး
      (၁) ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။
      (၂)ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။
      (၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။
      (၄) ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။
      (၅) ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
      (၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း
      =
      “တရားဂုဏ်တော်(၆)ပါး ပါဠိနှင့်အနက်´´

      ၁။ သွက္ခာတဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့ကို ကောင်းစွာဟောကြားအပ်တော်မူပါပေ၏။
      ၂။ သန္ဒိဋ္ဌိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် မျက်မှောက်၌ အကျိုးပေးတတ်ပါ၏။
      ၃။ အကာလိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် အချိန်အခါမလင့်စေဘဲ အကျိုးပေးတတ်ပါ၏။
      ၄။ ဧဟိပဿိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့အား လာရောက်ရှုကြည့်လှည့်ပါ ဟူ၍ဖိတ်ခေါ်အပ်ပါ၏။
      ၅။ ဩပနေယျိကဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့သည် မြတ်နိဗ္ဗာန်သို့ ပို့ဆောင်တတ်ပါပေ၏။
      ၆။ ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော် = မြတ်စွာဗုဒ္ဓ၏တရားတော်တို့ကို အသီသီး မိမိတို့သန္တာန်၌ သိအပ်ခံစားအပ်ပါပေ၏။
      =
      ၁။ သွာက္ခာတော = တရားတော်သည် အစ၊ အလယ်၊ အဆုံး ကောင်းသောဂုဏ်။
      ၂။ သန္ဓိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို အောင်တတ်သော ဂုဏ်။
      ၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာ ပေးတတ်သောသူ။
      ၄။ ဧဟိပဿကော = လာလှည့် ရှုလေ့ဟူ၍ အစီရင်ကို ခံထိုက်သော ဂုဏ်
      ၅။ ဩပနေယိကော = စိတ်နဲ့မခွာဘဲ ဆောင်ခြင်းငှာ ထိုက်သောဂုဏ်
      ၆။ ပစ္စတ္ထံဝေဒိဘဗ္ဗောဝိညူဟိ = ပညာရှိတို့သည် မိမိတို့စိတ်၌သိအပ် ခံစားအပ်သောဂုဏ်တို့ ဖြစ်ပါတယ်။

  • ဦးကြောင်ကြီး

    July 12, 2014 at 1:22 pm

    ကိုယ်ရေးအကျဉ်း
    ပျိုလေးတယှဉ်း
    ဖိုမွေးကမြင်း
    ချိုသွေးပယင်း..

  • nicolus agral

    July 12, 2014 at 3:26 pm

    ကျင့်ကြံသူအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။ ….. မှန်၏
    မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။…………………………မှန်၏
    မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း……………………..မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဆိုတာ ဘာမှန်းမ မသိတာ သိတာကတော့ ကိုယ့်စိတ်ကလေးငြိမ်းချမ်းတယ် အဲ့ရသာကိုကြိုက်တယ် ရေခဲမုန့်ကိုကြိုက်သလိုမျိုး
    ကြိုက်တယ် ဒါပေမဲ့ အမြဲမစားဘူး တခါတရံစိတ်အာရုံပေါ်မှ

    ကျန်တာတွေတော့မသိဘူး
    မသိတဲ့ဟာတွေကိုမဝေဘန်ဘူး
    လက်မခံတဲ့ဟာတွေကိုလည်းပုတ်ခာတ်ဖို့မလုပ်ဘူး
    တရားတွေပြောပါတယ်
    ကိုယ်လိုက်မမှီတာမျိုးဖြစ်ချင်ဖြစ်မယ် တကယ်လက်မခံသင့်တယ့်ဟာမျိုး ဖြစ်ချင်ဖြစ်မယ် (ဥပမာ အဘဖောရဲ့ လူ့အခွင့်အရေးလိုဟာမျိုး)
    ချောကလက်မစားဖူးတဲ့တောသားကို ချောကလက်ကျွေးမကြည့်ဘဲ ချောကလက်ကောင်းကြောင်းလာ
    ပြောလဲ မင့်ဟာဘယ်လောက်ကောင်းလို့ညွှန်းနေလဲ ငေါ့ခံရတာပဲ စားမှမစားဘူးပဲ
    စားဘူးပြီးရင်တော့ကောင်းမကောင်းပြောမယ်နော့ (အခုများတော့ ……ပန်းခရမ်းပြာရေ)

    တခြားဟာတွေတော့လာခဲ့…
    ဟုတ်ဟုတ် မဟုတ်ဟုတ် အချိန်လေးရရင် စိတ်ထဲအတိုင်း ဝင်ငံမှာပဲ

  • nicolus agral

    July 12, 2014 at 3:32 pm

    ပျိုလေးတယှဉ်း
    ဖိုမွေးကမြင်း
    ဖို့တော့ဝေးပါသေးရဲ့ ဦးကြောင်
    ဝကအပြောမနပ်ဘူး

    ချိုသွေးပယင်း
    အဲတာတော့ ဝယ်စား…အဲ့လေ ဝယ်သောက်လို့ရသေး

  • အရီးခင်

    July 13, 2014 at 2:27 am

    မောင်နီကိုလတ် ရဲ့ ကိုယ်တိုင်ရေး ပုံတူလေးကို အားကျလို့ အရီးလဲ ကိုယ့်ပုံ ကိုလဲ ဆွဲကြည့်လိုက်ဦးမယ်။
    မင်းကြည့်ရတာလဲ ခေါင်းမာမဲ့ပုံဘဲ။
    ဆရာဝန်အလုပ် ဆိုတာ တစ်ခြား ပရို တွေလိုမဟုတ်တော့ စိတ်မပါရင် ဘွဲ့သာရပြီး ဆေးမကုသူတွေ မြန်မာပြည်မှာ တစ်ပုံတစ်ပင်။
    နှမြောစရာ ပေါ့။
    အခုထိလဲ မိဘတွေ က အမှတ်မှီရင် ဆရာဝန်လိုင်းဘဲ ယူခိုင်းနေကြဆဲ ထင်ရဲ့။
    ကျောင်းသားတွေ စိတ်ဝင်စား အားသန်တာ ကို ထူးချွန်အောင် ကျောင်းတွေ က ဖော်မပေးနိုင်တာလဲ တစ်ချက်ဘဲ။
    ပြောရရင် ဒီ ဘူတာဘဲ ဆိုက်တော့ မယ်။
    အခုတော့ တော်ပြီ။
    ကိုယ်တိုင်ရေးပုံတူ များများ ဆက်ဆွဲပါလေ။
    :-))

  • ဦးကြောင်ကြီး

    July 13, 2014 at 3:20 am

    အေဗေးစယာဝံဒွေ..
    ဘာရယ်ဟုတ်ဝူး.. ငါ မဖြစ်ခဲ့လို့ ဆဲဒါ.. သောက်ခွေး

  • ခင် ခ

    July 13, 2014 at 12:47 pm

    ရေးလာလိုက်တာ လွှတ်ကောင်းပါရဲ့
    နောက်ဆုံးတစ်ကြောင်းကျမှ
    နည်းနည်းအရွှန်းဖောက်လိုက်တာလားဗျာ

  • kyeemite

    July 14, 2014 at 10:24 am

    ခီများကစာရေးကောင်းပဲဗျ…ဘဝဇတ်ကိုပုံဖေါ်သွားပုံလေးလှတယ်…နောက်..ရည်ရွယ်ချက်ကလေးကိုလည်း
    သဘောကျအားပေးကြောင်းပါဗျာ…

  • nicolus agral

    July 14, 2014 at 4:17 pm

    အရီး
    ခေါင်းမာပုံကတော့ ကိုယ်မှန်တယ်ထင်ရင် အမေကိုတောင်မတောင်းပန်ဘူး (ဒါတောင်ထင်ယုံထင်တာ)
    ကျနော်ဆေးမကုတော့ပေမဲ့ ကျနော့ဆရာတွေရဲ့ ချွေးစက်တွေ အလဟသတော့မဖြစ်စေရပါဘူး
    ဆေးဆိုင်တခုမှာလုပ်နေတယ် ကျန်းမာရေးနဲ့ပက်သက်ပြီး ဈေးဝယ်တွေထင်နေတဲ့ အလွဲတွေကို တတ်နိုင်သလောက် အာပေါက်အောင်ရှင်းပြနေတယ် ကျန်းမာရေးပညာပေးနေတယ် ဈေးဝယ်မဟုတ်လဲသိ ချင်တာရှိလဲမေးလို့ရတာ ကိုယ်တတ်သလောက်ပြန်ရှင်းပြပေးတယ်

    လေးခ
    ကျနော့်ကြီးတော်ကတော့ နပြာကြီးအကြောင်းသိရင် သားရေပေါ်တောင်မထိုင်ဘူးတဲ့
    ပြန်မပြော နားမထောင် ထုံပေပေ ကတ်တပ်တပ်နွားပေါ့ ဟီး (သဂျီးနဲ့ ကဖုန်းကျော် စပ်ကျထားတာနော်)

    လေးမိုက်
    ကျနော့မျှော်မှန်းချက်က ကိုယ့်ကိုကိုပြန်မရှက်ရတဲ့သူဖြစ်ချင်တာ
    အရင်ကအကြောင်းတွေပြန်တွေးလိုက်ရင် မာနတွေ အတ်တတွေနဲ့
    ကောင်းတာတွေလုပ်ဖူးပေမဲ့ စေတနာမှန်ခဲ့ဘူး
    အခုတော့အရင်လောက်ကောင်းတဲ့အလုပ် မဟုတ်ပေမဲ့ စေတနာမှန်နိုင်အောင်ကြိုးစားနေတယ်

Leave a Reply