Nicolus သူငယ်တန်းစာသင်ယူခြင်း ၁

nicolus agralJuly 14, 20141min3037

ကန်ထဲမှာ ရေပြည့်နေပြီ။
သာသာယာယာ ရှိပါသည်။
ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်။
ကြာပန်းများလည်း ခူးကြမည်။
ကန်ထဲမှာ ရေပြည့်နေပြီ။ သာသာယာယာ ရှိပါသည်။ – သူငယ်ချင်းတွေကို သတင်းပေးတာဗျ ကိုယ်သိတယ့် Information ကို သူငယ်ချင်းတွေကို Share တာ
ပျော်ပျော်ပါးပါး လှေလှော်သွားကြမည်။ကြာပန်းများလည်း ခူးကြမည်။ – သူငယ်ချင်းတွေကို စည်းရုံးတာ နောက် အတူတူပူးပေါင်းလုပ်ဆောင်ဖို့ ကမ်းလှမ်းတာဗျ
အချင်းချင်းဝေမျှလိုစိတ် ပူးပေါင်းလုပ်ဆောင်လိုစိတ်ကိုသင်ပေးထားတာ
သဘာဝရဲ့သာယာမှုကိုဖော်ကြူးထားတာပဲ
တောင် တောရယ် သာ
မာလာက ငုံဖူး။
တစ်ပင်ကို နှစ်ပင် ယှက်တယ်
ကျေးငှက်ကမြူး။
တောင် တောရယ် သာ – တောင်ဟာတောမရှိပဲမသာယာဘူးဆိုတဲ့ message ဗျ
မာလာက ငုံဖူး။ – တောအုပ်နဲ့သာယာနေတဲ့တောင်ပေါ်မှာ ပန်းပေါင်းစုံလည်း အငုံအဖူး အပွင့်အလွင့်တွေနဲ့
တစ်ပင်ကို နှစ်ပင် ယှက်တယ် – တောအုပ်က ခပ်ပါးပါးမဟုတ်ဘူး အပင်ချင်းယှက်ပြီးနေတာ ခပ်ထူထူပဲ
ကျေးငှက်ကမြူး။ – ဒီလိုနေရာမျိုးမှာ ကျေးငှက်တွေမြူးနေတာ တောကာင်ပေါင်းစုံပါ တွေ့ရမယ်ထင်ရဲ့
တောတောင်ကျေးငှက် သဘာဝအလှတရားကိုဖော်ကြူးတာ သဘာဝကိုမြတ်နိုးအောင်သင်ပေးထားတာနော

သူငယ်တန်းဖတ်စာ ကစာတွေကို လေ့လာတော့ အလကားလျှောက်ရေးထားတာမဟုတ်ဘူးပဲ
စာရေးစာဖတ်သင်ရင်း ကလေးတွေသင်ယူရမယ့် စိတ်နေစိတ်ထားကိုသင်ပေးထားတာဗျ
ဆရာ၊ဆရာမတွေ စာအရေးအဖတ်ပဲသင်တာများတယ်
စာပါအကြောင်းအရာကို နားလည်းအောင်သင်ပေးပြီး ကလေးတွေနှလုံးသားကိုပုံသွင်းရမှာ
ကျနော်သာမိန်းမရလို့ ကလေးရခဲ့သည်ရှိသော်……. 
ကျနော့်သားကိုသေသေချာချာ သင်ပေးပြီး 3D နဲ့သရုပ်ဖော်ဇာတ်ကားတိုလေးတွေပြမယ်
အခွင့်သာခဲ့ရင် သဘာဝအလှကို တကယ့်အပြင်မှာလိုက်ပြမယ် အချင်းချင်းဝေမျှလိုစိတ် ပူးပေါင်းလုပ်ဆောင်လိုစိတ်ကို
ငယ်ကတည်းကလေ့ကျင့်ပေးမယ်ဗျာ

အိမ် လမ်း ရွာကျောင်း၊ သန့်ရှင်းကြောင်း စုပေါင်း အမှိုက်သိမ်း။
ဒါက ပတ်ဝန်းကျင် သန့်ရှင်းရေးမှာ ပူးပေါင်းပါဝင်စေဖို့ ညွှန်ကြားထားတာပဲ
ကလေးကို အကျိုးအကြောင်း အကောင်းအဆိုးကို နားလည်အောင် ရှင်းပြပြီးမှ ဝင်ရောက်လုပ်ဆောင်ချင်လာအောင် စည်းရုံးသင့်တယ် ကလေးသဘောပေါက် နားလည်မှာ ပါဝင်ခိုင်းပေါ့
နောက် သူကိုယ်တိုင် အမှိုက်ကို ထင်ရာနေရာမှာမပစ်အောင်ထပ်ဆင့်စည်းရုံးရမယ်ထင်တယ်
ငယ်ကတည်းက သင်ထားပေးရင် နောက်နှစ် ၂ဝ ဆို……………….

ညအခါ
လသာသာ။
ကစားမလား
နားမလား။
ကလေးတွေကို သူတို့လုပ်ရမှာတွေ သင်ပေးထာတယ်
စာချိန်စာ ကစားချိန်ကစား နားချိန်နား
အသင့်အတင့်ဆိုတော်ရောပေါ့
တတန်လုံးမှာ ၁ ဆိုတာ တယောက်ပဲရှိတာ
ဒါကို ကလေးတွေကို ၁ ရအောင် စာစာစာ နေတော့ …….
ကျနော်တို့ဆီကမိဘတွေ သူငယ်တန်းစာတောင်မကျေဘူးဗျ
ကျောင်း ကျူရှင် စာကျက်ဝိုင်း ဂိုက် ဟင် ကလေးက ဘယ်ချိန်နားမှာတုံး ဘယ်ချိန်ကစားမှာတုံး
Developing ဆိုတာ Physically, Mentally, Socially အကုန်ကိုပြောတာ
ငယ်ကတည်းက အများနဲ့ ဘောလုံးကန် ထုပ်ဆီးတိုး စိန်ပြေးလိုက်…..အဲတာတွေမလုပ်ပဲ တစာစာပဲ လုပ်နေ
ဖြစ်ထွန်းပါလိမ့်မယ်….

ဆက်ရန်……..

7 comments

  • ဇီဇီ

    July 14, 2014 at 4:45 pm

    When I read ur post, it just remind me of the following composition that I read in Chicken Soup for the Soul.
    😀
    —————

    ALL I REALLY NEED TO KNOW I LEARNED IN KINDERGARTEN

    (a guide for Global Leadership)

    All I really need to know about how to live and what to do and how to be I learned in kindergarten. Wisdom was not at the top of the graduate school mountain, but there in the sand pile at school.

    These are the things I learned:
    Share everything.
    Play fair.
    Don’t hit people.
    Put things back where you found them.
    Clean up your own mess.
    Don’t take things that aren’t yours.
    Say you’re sorry when you hurt somebody.
    Wash your hands before you eat.
    Flush.
    Warm cookies and cold milk are good for you.
    Live a balanced life – learn some and think some and draw and paint and sing and dance and play and work every day some.
    Take a nap every afternoon.
    When you go out in the world, watch out for traffic, hold hands and stick together.
    Be aware of wonder. Remember the little seed in the Styrofoam cup: the roots go down and the plant goes up and nobody really knows how or why, but we are all like that.
    Goldfish and hamsters and white mice and even the little seed in the Styrofoam cup – they all die. So do we.
    And then remember the Dick-and-Jane books and the first word you learned – the biggest word of all – LOOK.
    Everything you need to know is in there somewhere. The Golden Rule and love and basic sanitation. Ecology and politics and equality and sane living.

    Take any one of those items and extrapolate it into sophisticated adult terms and apply it to your family life or your work or government or your world and it holds true and clear and firm. Think what a better world it would be if we all – the whole world – had cookies and milk at about 3 o’clock in the afternoon and then lay down with our blankies for a nap. Or if all governments had as a basic policy to always put things back where they found them and to clean up their own mess.

    And it is still true, no matter how old you are, when you go out in the world, it is best to hold hands and stick together.

    [Source: “ALL I REALLY NEED TO KNOW I LEARNED IN KINDERGARTEN” by Robert Fulghum. See his web site at http://www.robertfulghum.com/ ]

  • nicolus agral

    July 14, 2014 at 6:46 pm

    မှန်၏
    စာတင်မကပဲ
    အဲ့ဟာတွေပါကလေးတွေကိုသင်စေချင်တာ
    ဒါပေမဲ့ ဒီနိုင်ငံမှာ ဒါမျိုးတွေ ရှိရဲ့လားဟင်

    (မနေ့ညနေက အမေကကျနော့ကိုမိန်းမယူတော့မလားမေးနေလို့ ငါသည်သာမိန်းမယူပြီးကလေးမွေးခဲ့သည်ရှိသော်…..လို့ တဆုံးတွေးရင်း …ဟိဟိ ခွစ်ခွစ် ခိခိ)

  • kyeemite

    July 15, 2014 at 8:37 am

    အစားအစါ ဝါးစားပါ
    အသားပါသလား ငါးပါသလား…..တဲ့

    အစားအစာ ဝါးစားပါသည်
    အသားမပါ ငါးမပါပါ
    အလကားဟာပါ…. 😀

    လူအများစုဝေးနေကြသည်
    မီးရထားက မလာသေး……..
    လိုင်းကားသာစီးသွားကြပါ။

    • nicolus agral

      July 16, 2014 at 6:18 pm

      လေးမိုက်
      အစားအစါ ဝါးစားပါ ဝါးစရာမလိုဘူး စာရေး (သို့) PA က ဝါးကျွေးတာ
      အသားရော ငါးရော တိုက်ရော ကားရော သာမီးလေးတွေရောပဲ….
      လိုင်းကားသာစီးသွားကြပါ။ – လမ်းထဲမှာ ရေမြုပ်နေသည်။ သာသာယာယာ ရှိပါသည်။ ……….

      လေးခ
      ငယ်မူပြန်ချင်နေတာကိုး
      ကလေးဘဝက တကယ်ပျော်ဖို့ကောင်းပါတယ်ဗျာ
      ထမင်းဝရင်ပေါ့

      အရီး
      အခုအမေမီးမွှေးပီးနေပီ
      မုန့်ကျော်ဖို့ မုန့်နှစ်လဲအသင့်ပဲ
      ကျော်ဖို့လေးပဲကျန်တာ
      ဖရားဖရား လေတွေ မိုးတွေ မကျပါစေနဲ့
      မုန့်လေးလုပ်ပြစေ
      (ကျော်=ကြော်)

  • ခင် ခ

    July 15, 2014 at 8:12 pm

    ်အရူးမကြီး မစာဥတို့
    ညောင်ပင်တစ္ဆေ ဝေလေလေတို့
    လိပ်ဥပျောက်လို့ လိပ်မရှာ သူခမျာငိုမဲ့ငိုမဲ့တို့
    အဲဒါတွေတောင် ပြန်ကစားချင်မိတယ် ဒီပိုစ့်ဖတ်ပြီးဝယ်

  • အရီးခင်

    July 15, 2014 at 10:52 pm

    {“ငါသည်သာမိန်းမယူပြီးကလေးမွေးခဲ့သည်ရှိသော်”}
    စိတ်မပူနဲ့ ….
    ရွာထဲ မှာ ရွာရဲ့ နောက် မျိုးဆက်သစ်တွေ တကယ်များလာကြောင်း လက်တွေ့ သက်သေပြနိုင်ရင် မြန်မာပြည် ပြန်လာပြီး ကလေးထိန်းကျောင်း ဖွင့်မယ်။
    ဒီတော့ မုန့်လေးကို အရင်ကြော် လိုက်ပါဦး။ :-))))

Leave a Reply