” ဟာ “
” ဟာ “
အရှေ့ရပ်က မှိုင်းလို့ပါဆို
အနောက်တောင်က တိမ်မဲလွှမ်းသကိုး
မှောင်ပြလာ ပတ်ဝန်းကျင်သခို
ပြိုတော့မယ် မိုးရိပ်ကယ်ညို
ရွာမယ့်ဟန် ကြောက်လှသကို
ဆိုင်ကယ်ကို တအားမောင်းထို
အလုအယက် ပြန်ကြအိမ်ဆီကို
မိုးရွာချ စိုလှမှာမို့
ခဏကြာတော့ ပေါ်လှအသံစုံ
ကျိ ဝုန်း ဂျိုင်း ဒိုင်း ကနဲမြည်သံ
ထွက်ပါပေါ့ အာမေဋိတ်……………. ” ဟာ ” ။
ခင်ခ။
9 comments
ညှစ် ကြီး
July 15, 2014 at 4:40 pm
ဟာ
သွားပါပြီကွာ
တောက်ရေးထဲ
မိုးကလည်း
ငါ အိမ်ပြန်ရောက်ကာမှ
ရွာတာ မဟုတ်ဘူးကွာ
ခင် ခ
July 15, 2014 at 7:01 pm
ဟုတ်ပ ညှစ်ကြီးရေ
လွတ်ချင်တဲ့ စိတ်နဲ့
မောင်းနှင်နေတုန်း
အဲလိုရွာချလိုက်ရင်
စိတ်ပျက်မိသွားတာ
အခါခါပါဘဲဗျာ
ဇီဇီ
July 15, 2014 at 7:30 pm
ဟုတ်ပါ့။
ဆိုင်ကယ် စီးတုန်း က အကြောက်ဆုံး က မိုးပဲ။
ဆိုင်ကယ် ဦးထုပ်မှာ ဝိုင်ပါ မပါဘူးလေ။
:hint:
ခင် ခ
July 15, 2014 at 8:03 pm
ကျန်ကျန်ဖန်ဖန်ပြောပ ဇီဇီရေ
ဆိုင်ကယ်ဦးထုပ်မှာ ဝိုင်ဘာမပါဘူးရယ်လို့ဗျာ
မိုးရွာရင် ဦးထုပ်ရှေ့လေကာမှန်ပါတာနဲ့က အဆင်ပြေပေမည့် နေပူတဲ့အခါကျတော့ အိုက်ပြန်ရောဗျာ
Lucifer
July 16, 2014 at 7:01 am
နေပူရင်ဆောင်းဖို့က အပေါက်ကလေးနဲ့ မိုးရွာရင်ဆောင်းဖို့ အပိတ်ကလေးဆိုပြီး နှစ်ခုထားပါလား..ငင်
မဟာရာဇာ အံစာတုံး
July 16, 2014 at 12:54 pm
ဒီလူကြီးကလည်း အလန့်ထညက်ဗျာ
ဟာ .. ဆိုတော့ ဘာများတုန်းလို့ …
မိုးမိတာကိုး ….
naywoon ni
July 16, 2014 at 2:10 pm
ဆိုင်ကယ်စီးတုန်း မိုးမိတာက အရေးမကြီးဘူး ။ သူအရေးကြီး ကိုယ်မိုးမိမှာကြောက်နဲ့ အက်ဆီးဒင့်တွေ ဖြစ်မှာကြောက်ရတယ် ။ မိုးရေစိုတာက အရေးမကြီး အသက်က အရေးကြီးသမို့ ဖြေးဖြေးပဲ စီးကြပါလေ ။ အသက်ဉာဏ်စောင့် ဆိုတဲ့ စကားလဲ ရှိသားမဟုတ်လား ။
ခင် ခ
July 16, 2014 at 3:27 pm
တီထွင်ချင်တဲ့စိတ်ကူးလေးပါလား Lucifer ရေ။
အဲ သူဖာသာ စိတ်ငယ်ပြီးလန့်တာများ ဒီက ဟာ လို့ဘဲပြောတာကိုး မဟာရာဇာ အံစာတုံးရေ။
ဟုတ်တယ်အဘနီရေ ဒါပေမယ့် မိုးညို့ရင်ကို ဘာမှန်းမသိ အလောသုံးဆယ်မောင်းကြတော့တာပါဘဲဗျာ ကိုယ်တိုင်လည်းဒီလိုဘဲလေ။
ဟို ဒင်း
July 17, 2014 at 8:00 pm
ဟပ်ချိုး – ဟပ်ချိုး –
တိတ်ပါတော့ မိုးရယ် – ဒမှာ နှာစီးဘီ –
သေအောင်သာ မရွာပါနဲ့ မိုးယယ် – အငှင့်