“nothingness” and “crisis”
“အမှန်စင်စင်မှာတော့. . .
လူ ့ ဘဝသည် . . .အချည်းနှီးသောဖြစ်တည်မှုဖြင့် ဒုက္ခဆင်းရဲများခံယူကာ
ပေးဆပ်နေရခြင်းသာဖြစ်သည်။
အခြား ဘာမျှမဖြစ်နိုင်။ ”
လူဟူ၍ဖြစ်တည်လာပြီဆိုကတည်းက . . .မရေရာမသေချာမှုများကို မလွဲမသွေကြုံရသည်။
သေချာရေရာလှပါသည်ဆိုသောအရာများသည်ပင်လျှင်
နောင်တစ်ချိန်တွင် ဝေဝါးထွေပြား၍ ပျောက်ကွယ်ပျက်စီးရမြဲဖြစ်သည်။
လူကို အရင်းတည်၍ ဖြစ်ပေါ်လာသော ဝမ်းသာမှုများ. . .ဝမ်းနည်းမှုများသည်လည်းကောင်း. . .
ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းများသည် လည်းကောင်း . . . ဘယ်မှာလာ တည်မြဲသနည်း။
ပျော်ရွှင်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းသည်လည်း
အလွှာပါးပါးကလေးပင် မခြားသော ရောယှက်မှုအတွင်း၌သာ ဖြစ်တည်လာသည်။
အပျော်များသောအခါ ဒုက္ခဆင်းရဲများသည်။
ဘာများမက်မောစရာ ရှိသနည်း။
မျှော်လင့်ချက်ဆိုသည်မှာလည်း ဘာများထူးပါသလဲ။
မျှော်လင့်ချက်သည် မရေရာ မသေချာစွာ. . .
စိတ်ခံစားမှဖြင့် ရင်းရသော. . .ဒုက္ခဆင်းရဲအမျိုးအစားတစ်ခုသာဖြစ်သည်။
ထို ဒုက္ခဆင်းရဲဖြင့် အသက်ရှင်ရပြီ (မျှော်လင့်ချက်နှင့်အသက်ရှင်ရပြီ) ဆိုကတည်းက. . .
ဤဘဝများသည် ဘာများအဓိပ္ပာယ်ရှိဦးမည်နည်း။
အရာရာသည် အကျည်းတန်သည်။
လှပသည်ဟု ထင်ထားသည့်. . . သင်တို့ချစ်သော အရာများးသည်လည်း
သင်တို့၏ “အထင်”သာ ဖြစ်၍ . .
“အမြင်အာရုံ”နှင့် “အဆင်းသဘော’‘တို့ ထိတွေ ့ချိန်မှာ ဖြစ်တည်လာသော
စိတ်ဆန္ဒ၏ ပိုင်းဖြတ်သတ်မှတ်မှုတစ်ခုသာဖြစ်သည်။
ထို့ကြောင့်. . .
“အမှန်တရား’‘နှင့် အတော်ဝေးလွန်းသည်သာမက. . .
အမှန်တရားကိုပင် စနစ်တကျဖုံးကွယ်ပစ်လိုက်နိုင်သည်မဟုတ်လား။
အသင်တို့ သေသေချာချာပြန်စဉ်းစားဖို့ လိုချေပြီ။
အစာအာဟာရ မစားပဲနေလျှင် အစာရေဆာ ငတ်ပြတ်၍ သေဆုံးလိမ့်မည်။
ဒါပေမဲ့. . .အစာအာဟာရ စားတော့ရော. . .မသေတော့ဘူးလား။
ရယ်စရာဖြစ်သည်။ အစာအာဟာရ စားပြီးလျှင်ပြီးချင်းမှာပဲ ငုတ်တုတ်ကြီး သေသွားနိုင်သေးသည်။
လူ၏ ဖြစ်တည်မှုသည် ဘာမျှ အဓိပ္ပာယ်မရှိ ။
ဘယ်တော့များ သေခြင်းတရားကြီး ကိုယ့်အရှေ့ရောက်လာလေမလဲ ဟု တွေးထားရခြင်းသည် သုခမဟုတ်ပါ။
သေနေ့သည် တစ်ချိန်ချိန်မှာ (နောက်တစ်မိနစ်အတွင်းမှာလည်း) ရောက်လာနိုင်သည်ဆိုတာသာ သေချာသည်။
သို့သော် ထိုသေချာမှုသည် မရေရာသော သေချာမှုဖြစ်သည်။
ဝေဝါးမှိုင်းရီစွာဖြင့် သေချာနေသော အသိများကို ထမ်းကာပိုးကာ ဖြစ်တည်နေရသော လူ ့ ဘဝသည်
ဘာဆိုဘာမျှပင် မက်မောလောက်စရာမရှိ ။
ပကတိ ဆင်းရဲဒုက္ခ သက်သက်မျှသာ ဖြစ်သည်။
အချည်းနှီးသော ဘဝဖြစ်တည်မှုနှင့် အရေးမကြီးသော အရာများကို အရေးကြီးသယောင်ယောင် စိတ်ကူး၍
ပျော်ပါးချင်ယောင်ဆောင်နေရခြင်းသည် စိတ်ပျက်စရာပင်ဖြစ်သည်။
ဤဖြစ်စဉ်အတိုင်းပဲ ဆက်အသက်ရှင်နေဦးမှာလား။
ဤဖြစ်တည်မှုသည် ဘာဆိုဘာမျှအဓိပ္ပာယ်မရှိမှန်း သိနေပြီမဟုတ်လား အသင်တို့။
ဒါဖြင့်. . . အဘယ်သောအကြောင်းကြောင့်များ. . .ဟောသည်လောကထဲ ဆက် နေနေဦးမလဲ။
ဟော. . . .
တွေ ့လား. . . .
အဲသည်မေးခွန်း၏ အဖြေသည်လည်း. . .
ရေရေရာရာ မရှိ ။
———–
အလင်းဆက်(Gazette)
15 / 7 / 2014 / 09 : 50
မင်္ဂလာဒုံ
13 comments
ရာမည
July 15, 2014 at 2:10 pm
ဆူဆိုက်တွေ ၃၀၄ /က (လူသေမှု) တွေ များလာစေချင်လို့လားခင်ဗျာ 🙂
တစုံတယောက်သည် မိမိကိုယ်ကို အဆုံးစီရင်သည်ဆိုပါစို့ ။
မစီရင်မှီ အထက်ပါစာများကို ဖတ်မိသွားခဲ့သည်ဟု ဆိုပါလျှင်
စာရေးသူသည် သေကြောင်းကြံစည်သောအမှုအား အားပေးအားမြှောက်ပြုပြီးလျှင် သွေးဆောင်စည်းရုံးသည်ဟု
တစုံတစ်ယောက် တဦးတဖွဲ့မှကောက်ချက်မဆွဲ ဟု ဆိုနိုင်ပါသလော ?
alinsett (gazette)
July 15, 2014 at 2:21 pm
တိန် ။
အဲ့လိုကြီး..ကောက်ချက်ဆွဲလို ့ရနေသလား..။ အဟိ ။
မသိဘူးဗျာ.. ။ ကျနော်က..ကွကိုယ် ခံစားမိတာလေး ချရေးလိုက်တာ.. ။
တကယ်တော့.. ဒီစာသားတွေကို..ချရေးဖြစ်တဲ့အကြောင်းက….
လက်ရှိ ကျနော် ရင်ဆိုင်ကြုံတွေ ့ခံစားနေမိတဲ့…အတွေးတစ်စကို ဖမ်းဆုပ်ပြီး..ရေးချလိုက်တာလေးပါ ။
Existentialism လို ့ .. အမည်တပ်လို ့ရမလားပဲ… ။
အဲဒီဝါဒနဲ ့… အဲဒီ ဝါဒကိုင်ဆွဲသူတွေ(Jean – Paul Sartre တို ့…) ရဲ့..စာတွေကို.. ပြန်ဖတ်မိတာရဲ ့…
အငွေ့အသက်လည်း..ပါပေမပေါ့ဗျာ.. ။
———-
ဖတ်ရှုပြီး..ခံစား…အားပေးကြပါဦး.. ။
ဆွေးနွေးမှုများကိုလည်း…လှိုက်လှဲစွာ… ကြိုဆိုပါကြောင်း..
ဇီဇီ
July 15, 2014 at 2:32 pm
There is LIFE, there is HOPE.
It’s your LIFE, it’s your CHOICE.
ဘာမှ ဟုတ်ဝူးးးး
ခေါင်းစဉ်က ယင်းဂလိတ်လို့မို့ လူရှိန်အောင် ဘီယာကြော်ငြာထဲက ဟာကို အော်သွားတာ။
ဘီယာ ပါတာမို့ နာ့ကော်မန့်က အလကားမဟုတ်ဘူးးးမှတ်။
တန်ဖိုးရှိ ကော်မန့်။ (ဒမှာက ဘီယာဈေးကြီးတယ်လေ)
alinsett (gazette)
July 15, 2014 at 2:42 pm
အော်.. မမဂျီးရယ်….
ဘီယာဗူး ပုံလေးပါ.ထည့်ပြတဲ့ ကွန်မန့်ဆို..ပိုကောင်းမှာ …
အခုတော့.. ဘီယာဆိုင် ပြေးချင်လာပြီ.. ။ ဟိဟိ ။
ဒါမယ့်…အလုပ်မရှိ…လစာမရှိ.. ပိုက်ပိုက်ပြတ်နေလို ့…
ဘီယာဆိုင်ရှေ ့က ဖြတ်လျှောက်ပြီး.. အနံ့ခံရုံသာ တတ်နိုင်တယ်ဗျာ.. ။
ဆိုးလိုက်တဲ့ ငါ့ဘွ…..
“nothingness” and “crisis ဖြစ်နေတဲ ့.. ငါ့ဘွ…
အဟိ.. ။
weiwei
July 15, 2014 at 3:03 pm
အလုပ်မရှိရင် ‘စိမ်’ အရောင်းအဝယ်လုပ်ပါလားဟင် …
ဒညင်းသီး ဆားစိမ် … 🙂
စိတ်ညစ်နေတယ်ထင်လို့ နောက်တာနော် … စိတ်ဆိုးနဲ့ ..
alinsett (gazette)
July 15, 2014 at 3:14 pm
အဟီးးးး
ဒညင်းသီးဆားစိမ်တော့.. မရောင်းပါရစေနဲ ့…
အနံ ့မခံနိုင်ဘူး… ။
ညှစ် ကြီး
July 15, 2014 at 4:44 pm
ဟုတ်တယ်
မှန်တယ်
မိန်းမ ၃ ယောက်လောက် ယူမယ် စဉ်းစားထားတာ
အခု ၁ ယောက်တည်းနဲ့ တိုင်ပတ်နေတယ်
alinsett (gazette)
July 15, 2014 at 7:27 pm
အံမယ်.. ညှစ်ကြိးဆိုလို ့… ဘယ်သူများလဲလို ့….
လက်စသတ်တော့…
ခညားက..ဘယ်သူ မဟုတ်လား…။
ကျနော်ထင်ရင် လွဲခဲပါတယ်.. ။
အေကန်န….. နာမည်က..ခါးအောက်ပိုင်းက…နာမည်ဆိုတော့….
:kwi:
အရီးခင်
July 15, 2014 at 11:21 pm
{ “အမှန်စင်စင်မှာတော့. . . လူ ့ ဘဝသည် . . . အချည်းနှီးသောဖြစ်တည်မှုဖြင့် ဒုက္ခဆင်းရဲများခံယူကာ ပေးဆပ်နေရခြင်းသာဖြစ်သည်။ အခြား ဘာမျှမဖြစ်နိုင်။ ”}
{ဒါဖြင့်. . . အဘယ်သောအကြောင်းကြောင့်များ. . .ဟောသည်လောကထဲ ဆက် နေနေဦးမလဲ။}
ဆက်ဆက်
အဲဒီအတွက် သံသရာပြတ်ကြောင်း ကျင့်ကြံ ဖို့ ကို ဗုဒ္ဓ က လမ်းပြခဲ့တာမဟုတ်လား။
လူ့ဘဝ ရခိုက် သံသရာပြတ်ကို ဟောပြနိုင်မဲ့ ဆရာကောင်း ရှာပြီး အမြတ်ထုတ် ဖို့ပါ။
မဟုတ်ရင်တော့ သံသရာဝဲထဲ လည်ပြီး ပိုဆိုး တဲ့ ဘဝ တောင် ရောက်နိုင်ဖို့ အခွင့်ရှိနေတာလို့ ထင်ပါတယ်။
သံသရာရှိမရှိ အသာထား။
စိတ်ညစ် စိတ်ကြေးတွေ ကို ဖယ်နိုင်ဖို့ အသိဝင်ရင်ဘဲ အတော်လေး နေပျော်ပါတယ်။
စည်းစိမ်အပြည့် ရှိပြီး အသိမရှိသူထက် စည်းစိမ်ကင်းပြီး ဒုက္ခသစ္စာကို မြင်နိုင်သူက ပိုပြီး လူဖြစ်ရကြိုး နပ်မှာပါ။
alinsett (gazette)
July 16, 2014 at 10:37 am
ကောင်းလိုက်တဲ့စကားလေး..အရီးရယ်.. ။
အသိ….
အသိက..အရေးကြီးတယ်… ။
မဟာရာဇာ အံစာတုံး
July 16, 2014 at 5:53 am
လောကကြီးက
နေဒတ်ရင် ကျေနပ်စရာဂျီးပါကွာ …
အေးလေ …
နင်ဒို့လို ချစ်သူမရှိတဲ့လူဒွေကတော့ ကျေနပ်စရာ ဘယ်တွေ့ပါ့မလဲလို့ … ခွိခွိ
alinsett (gazette)
July 16, 2014 at 10:36 am
အောင်မာ…
ငါ့မှာ ဒေါ်ဖွားမေရှိပါတယ်ကွ…
:kwi:
Mr. MarGa
July 16, 2014 at 11:46 am
အဟမ်း
နင်လိုသာတွေးရင် အကုန်လုံး ငုတ်တုတ်ထိုင်နေကြမှာပေါ့
လူဆိုတာ တစ်နေ့ သေမျိုးချည်း
အဲ.. မသေခင်မှာ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ကိုယ်နေတဲ့နေရာအတွက် ကောင်းကျိုးလေး တစ်ခုလောက်ပဲဖြစ်ဖြစ်တော့ လုပ်မပေးသင့်ဘူးလား ???
တစ်ခဏတာပဲဖြစ်ဖြစ် နေသွားတဲ့နေရာကို တစ်ခုခုလေးတော့ ပြန်ပေးသင့်တယ်မထင်ဘူးလား
အကြီးကြီးတွေ ပြောတော့ဘူး အဲ့လောက်လေးပဲပြောမယ်
ဒါပဲ…… သိပ်မတွေးခိုင်းနဲ့ဟယ် အလိုလိုကို ခေါင်းက စားနေတာ