Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တဂျီးး သို့ စတစ်ကီ ရိုက် – Sticky

ဇီဇီAugust 4, 20142min129365

ဟိ။  :mrgreenn:
စတစ်ကီ ရိုက်(စ) လို့ ခေါ်တဲ့ ကောက်ညှင်းနဲ့ လုပ်တဲ့ ထမင်းတို့ မုန့်တို့ အကြောင်း ရေးမို့ပါ။

စားရတာ ကပ်စီးကပ်စီးနဲ့မို့လေ။ အဟီးဟီး
:mrgreenn:
တဂျီး သတင်းစာမှာ သုံးချင်သုံးလို့ ရအောင် ရေးတာမို့ တဂျီးသို့ လို့ ဦးတည်တာ။
ဟိ။  :mrgreenn:

ရ ရက် လုံး လုပ်စားဖို့ ပြောတာဟုတ်ဘူးနော်။
တော်ကြာ ဝမ်းနည်းစရာတွေဖြစ်ကုန်မယ်။ ဟိ။
စတစ်ကီ ရိုက်(စ) ချုပ်ချက်က ၁၁ လောက် ရှိ။ :mrgreenn:

ကဲ။ စပြီ။
အရင်ဆုံး ပေါင်းကြမယ်။ ပြန်ပေါင်းကြမယ်နော်။ လူဦးရေနဲ့ လိုက်ပြီး အချိုးပြင်နော်။
သများ မှတ်ထားသလောက် ကို ပြောမှာ။

:s:

 

၁) ကောက်ညှင်းပေါင်းးး

 

ကောက်ညှင်းဆန်  – နို့ဆီဘူး ၄ လုံး
ပဲလွန်းစေ့               – နို့ဆီဘူး ၁ ဘူး
နှမ်းလှော်               – နို့ဆီဘူး တစ်စိတ်

မပေါင်းခင် ညကို ကောက်ညှင်းတွေကို ရေစိမ်ထားပါ။ (ဒီက ဆန်က အဲလို စိမ်ရတယ်)
မနက်ကျ ပဲလွန်းစေ့တွေကို နူးအောင်ပြုတ်ထားပါ။
စိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ပဲစေ့တွေနဲ့ ရောပြီး ပေါင်းအိုးးး (သို့) ရိုက်(စ) ကွတ်ကာရဲ့ ပေါင်းချောင်ထဲကို ထည့်ပါ။
အဲဒီ ပေါင်းချောင် အပေါက်က ကျမယ် မမှတ်နဲ့ မကျဘူးးး။ (သင်ပေးတဲ့ အမ ပြောတုန်းက မယုံဘူးး)
ပြီးရင် ပေါင်းအိုးထဲထည့်ပြီး ခလုတ်နှိပ်ထားလိုက်ပါ။

ထမင်းချက်သလိုပေါ့။
ခလုပ်တက်တဲ့ အချိန် နပ်မနပ် လက်နဲ့ဖျစ်ပြီး စမ်းကြည့်။ (အပူလောင်မှာ သတိထားဦးနော်)
မနပ်သေးရင် ရေးလေးပြန်ဖြန်းပြီး အပေါ်အောက် လှန်ပြီး ပြန်ပေါင်းထားးး။

ဒီလိုနဲ့ ကျက်သွားလိမ့်မယ်။
ဟုတ်ကဲ့။ သော့ချက်က လာပါပြီ။
ကောက်ညှင်းပေါင်းကျက်ရင် ဇလုံထဲကို သွန်ချပြီး လက် ဒါမှမဟုတ် ယောင်းမ ကို ဆီသုပ်ပြီး နာနာရိုက်ပေးမှ……အလွန်စားကောင်းတဲ့ ကောက်ညှင်းပေါင်းဖြစ်လာသတ္တံ့။
(အနော်တောင် ယောင်းမကို ဆီသုပ်မလားလို့။ ဇော်သန့်ကို ကြောက်လို့သာ။ ဟိ။ အဲလို ယောင်းမ မဟုတ်ဘူးနော်)
ပြီးရင် နှမ်းလှော်နဲ့ ဆားထောင်းထားတာလေးဖြူးပြီး ငါးခြောက်ဖုတ် ဒါမှ မဟုတ် ငါးကြော် ဒါမှ မဟုတ် ကြက်သားကြော် ဒါမှမဟုတ် (အဲ စားချင်တာတွေ အကုန်ပြောမိနေပြီ) အဲ။ အဲဒါတွေနဲ့ စားကြတော့နော်။ ဟိ။  :mrgreenn:

 

၂) ကောက်ညှင်းပြန်ပေါင်းးး

 

ခုနက အချိုးကို ပေါင်းတဲ့ထိ ရပြီးရင်….
အုန်းသီးကို ခြစ်ထားတဲ့ အဖတ်တွေနဲ့ သကြားနဲ့ ထည့်နယ်၊ အုန်းရည် နည်းနည်းလေး ဖြန်းး
ပြီးရင် ၁၅ မိနစ်လောက် ပြန်ပေါင်းလိုက်ရင် ကောက်ညှင်းပြန်ပေါင်းရပြီ။
ငှက်ပျောသီးကြော်လေး စားးး … ဟိ။  :mrgreenn:

 

၃) ခေါပြင် (စဉ်းစားရင်း စားချင်လာတာ)

 

ကောက်ညှင်းဆန်      – ၁ ပြည်
ဆီ                             – ၁ဝ သား
နှမ်းလှော်                  – နို့ဆီဘူး ၂ ဘူး
အခွံချွတ် မြေပဲလှော် – နို့ဆီဘူး ၂ ဘူး
အုန်းသီး                    – တစ်လုံး

ကောက်ညှင်းကို ပေါင်းပြီးသည်အထိ (၁) နဲ့ တူတူ (ပဲမပါဘူး)။
ကောက်ညှင်းနပ်ရင် ဆုံနဲ့ထည့်ထောင်းး၊ ရေလေး နည်းနည်းထည့်ပြီး ဆုံကို ဆီသုတ်ပြီး ထောင်းရင် မကပ်ဘူးးး။
ကောက်ညှင်းအဆန်ပျောက်ပြီး ညက်ရင် သံလင်ပန်း၊ ပန်းကန်ဇောက်နက်နက်ကျယ်ကျယ်လို့မျိုးမှာ ညီနေအောင်ဖြန့်လိုက်ပါ။
လက်ကို မကပ်အောင် ဆီလေး ဆွတ်ဆွတ်ပြီး ကိုင်ပေါ့။
မညက်တညက် ထောင်းထားတဲ့ မြေပဲနဲ့ နှမ်းလှော်ကို နှံ့အောင်ဖြူးပြီး သစ်သား ဒလိမ့်နဲ့ လှိမ့်ပေးရင် မြှုပ်သွားမှာ။

ခဏနှပ်ထားတုန်းး အုန်းသီးခြစ်ပြီး ပြီးရင် လိုသလောက် ထည့်ပြီး စားပါလေ။
ဘူးသီးကြော် ဒါမှမဟုတ် ကြက်သွန်ကြော် ဒါမှမဟုတ် တို့ဟူးကြော် ဒါမှမဟုတ် (ဟင်းးး ရပ်မှ) အဲ အဲဒါတွေနဲ့ တွဲစားပါခင်ညာ။

အဲဒီ ခေါပြင်က ပုန်းသွား အဲလေ ခြောက်သွားရင် ခေါပုတ် ပါတဲ့။ (အဲဒီထိတော့ လုပ်တာ မမြင်ဖူးဘူးးး)
ခေါပုတ်လုပ်မယ်ဆိုရင် ရေထည့်မထောင်းရဘူးတဲ့။ နှပ်ရင်လည်း နှမ်းထောင်းနဲ့ပဲ နှပ်သတဲ့။

 

 

၄) ရွှေထမင်း/ငွေထမင်း

 

ကောက်ညှင်းဆန်  – ၁ ပြည်
ထန်းလျှက်              – ၇ဝ ကျပ်သား (ရွှေထမင်း)
သကြားး                 – ၇ဝ ကျပ်သား (ငွေထမင်း)
အုန်းသီး                 – တစ်လုံး

ကောက်ညှင်းကို ကျက်အောင်ပေါင်းးး
ထန်းလျှက်ကို ကျိုထားတဲ့ အရည်ပျစ်ပျစ်နဲ့ ကောက်ညှင်းပေါင်းနဲ့ မွှေပြီး ဆီသုပ်ထားတဲ့ လင်ပန်းထဲ ထည့်ပြီး ညီအောင်ဖြန့်။
ပူမှာနော်။ ယောင်းမ ၂ ယောက် (အဲလေ) ၂ လက်နဲ့ မွှေရောပြီးမှ ထည့်။
ပြီး ရင် အအေးခံပြီး အေးတဲ့ချိန် ကြိုက်တာ ပုံစံလှီးပြီး အုန်းသီးလေးဖြူးစားပေရော့။

ငွေထမင်း အတွက် က ထန်းလျှက်နေရာကို သကြားရည်နဲ့ ထည့်လုပ်လိုက်နော်။

 

 

 

 

၅) ကောက်ညှင်းကင်

 

ကောက်ညှင်းဆန် – ၄ ဘူး
အုန်းသီး                – တစ်ခြမ်း
သကြား                 – စားပွဲဇွန်း ၃ ဇွန်း

အုန်းသီးညှစ်ပြီး အုန်းနို့ ယူထားလိုက်ပါ။ ဦးရေ ပန်းကန်လုံး တစ်လုံးဆို ရပါပြီ။
ကောက်ညှင်းကို ပေါင်းပြီးသားကို အုန်းနို့နဲ့ ထည့်ပြီးနယ်ထားပါ။
အုန်းသီးဖတ်တွေကို သကြား ဆားနဲ့ ဖွဖွလေး နယ်ထားပါ။

ငှက်ပျောဖက်ကို ရေဆေးပြီး ပျော့သွားအောင် အရွက် မပျက် ရေနွေးဖျောထားပါ။

ပြီးရင် ဖက်ကို ကန်တော့ပုံလုပ်။ ကောက်ညှင်းအုန်းနို့ နယ်ထားတာကို ထည့်ပြီး ဖက်ကို ခေါက်ပိတ်၊ သွားကြားထိုးတံလေးနဲ့ မပွင့်လာအောင် ထိုးထားး (ဝါးခြမ်းစိတ်မှ မရှိတာကြီးကို)
ပြီးတော့ မီးသွေးမီးနဲ့ စကာပေါ် တင်ပြီး အကျက်ညီအောင် ကင်ပြီး စားလို့ ရပါပြီ။ ရှလွတ်။  :mrgreenn:

 

 

 

၆) မုန့်ဖက်ထုတ် အနီ

 

ကောက်ညှင်းဆန် – ၁ ပြည်
ဆန်                      – နို့ဆီဘူး ၂ လုံး
ထန်းလျှက်            – ၅ဝ ကျပ်သား

ဆန် ၂ မျိုးကို ပေါင်းကြိတ်။

ရေစစ်ထားပါ။

ရေစစ်သွားရင် ထန်းလျှက် ပျစ်ပျစ်ကျိုထားတာနဲ့ နယ်ထားပါ။
ငှက်ပျောဖက် ကို ဆီသုပ် ပြီး နယ်ထားတဲ့ ဟာတွေထည့်ပြီး ခပ်ပြားပြားလေးထုပ်ပြီး ပေါင်းချောင်ထဲ ထည့်ပေါင်းပါ။
ဟိုဘက်ဒီဘက် လှန်ပြီး ပေါင်းတာ အညီကျက်သွားပါက စားလို့ရပါပြီ။

 

 

၇) ကောက်ညှင်း ဆီထမင်း

 

ကောက်ညှင်းဆန်  – ၁ ပြည်
ဆီ                          – ၁ဝ သား
ပုစွန်ခြောက်           – ၅ ကျပ်သား
ကြက်သွန်နီ            – ၁ဝ သား
ကောက်ညှင်းဆန်ကို ရေဆေးပြီး စစ်ထားပါ။

ဒယ်အိုးထဲ ဆီထည့်တည်ပြီး ကြက်သွန်နီ ပါးပါးလှီးနဲ့ ဆနွင်း ထည့်ကျော်ပါ။
ကြက်သွန်ကြွတ်ရွလာရင် ဆယ်ပြီး သပ်သပ်ဖယ်ထားပါ။

ပြီးရင် ကောက်ညှင်းဆန်ထည့်ပြီး ရေမြှုပ်အောင်ထည့်ပြီး ဖုံးထားပါ။
ရေခမ်းပေမဲ့ ကောက်ညှင်းမကျက်သေးရင် ရေနွေးထပ်ဖြန်းပြီး အထက်အောက်လှန်ပြီး အဖုံးပြန်အုပ်ပါ
ကောက်ညှင်း နပ်ရင် ဒယ်အိုးကို ပတ်ပတ်လည်လှည့်ပြီး မီး အပူပေးး ကောက်ညှင်းဂျိုးရအောင်။
ဂျိုးရရင် သံယောင်းမ နဲ့ ကော်ပြီး ဟိုဘက်လှန်ပြီး ပြန်နှပ်။
စိတ်ကြိုက် အခြေအနေမှာ ပုဇွန်ခြောက်မှုန့်လေးဖြူးပြီး စားလို့ ရပါပြီ။  :mrgreenn:

 

ရ ရက် ရ မျိုးရေးမယ် ဆိုပြီး သာ ရေးလိုက်တာ……
အမှန်က အနော့ ဆီမှာ မုန့်ဖုတ်တဲ့ အာဗန် အရှိဝူးးး၊ မိုက်ခရိုဝေ့ပဲ ရှိတယ်။
ပြီးတော့ ပရက်ရှာကွတ်ကာ မရှိ၊ ရိုက်ကွတ်ကာပဲ ရှိ။
အဲလော့ စိတ်ရှိတိုင်း မစမ်းသပ်နိုင် မစမ်းသပ်ရဲ။   :mrgreenn:

အဲ နောက်တစ်ခု က အချင်အတွယ်က အရင်က မှတ်ထားတာတွေက ဂလိုတွေ။
ကွကိုယ်ဆို ထင်ရာမြင်ရာ ချက်ရဲတယ်။ သူများကို ပြောလို့ အတိအကျပြောနေရတာ၊
ဟိ။   :mrgreenn:
အဲဒီတော့ ကွကို unitကွန်ဘာ့ လုပ်ကြကုန်..!!!

 

တစ်ပိသာ = ၁ ဒသမ ၆ ကီလို ဂရမ် ကျော်ကျော်လေး ရှိတယ်။
၁ဝ သား = ၁၆ဝ ဂရမ်လောက် ရှိမပေါ့။

 

 
ကောက်ညှင်းနဲ့ လုပ်တဲ့ ဖုတ်တဲ့ မုန့်တွေ ကျန်သေးတယ်။
အဲဒီတော့ ဒီ အောက်မှာ စာရင်းရေးလိုက်မယ်နော်။
သိတဲ့သူက ပြောပြပေးသွားနော်။ နော်။

:mrgreenn:

၁) မုန့်လုံးကြီး
၂) သာခွေယိုင်
၃) ပြာရည်ထုတ်
၄) မုန့်ဖက်ထုတ်
၅) မုန့်ထုပ်ကြီး
၆) ကောက်ညှင်းကျည်ထောက်
၇) ကောက်ညှင်း ဆနွင်းမကင်း
၈) မုန့်လက်ကောက်ကြော်
၉) မုန့်ဆီကြော်
၁၀) မုန့်ကြာစေ့
၁၁) မုန့်လုံးရေပေါ်
၁၂) အီကွေး
၁၃) ဟာလဝါခြောက်
၁၄) ထိုးမုန့်
၁၅) နှမ်းမနဲ
၁၆) မုန့်ကြပ်တိုက်ချောင်း
၁၇) မုန့်စလူ/စလူမုန့်
၁၈) ကောက်ညှင်းဘိန်းမုန့်
၁၉) ကောက်ညှင်းခွက်ကြော်
၂၀) ထားဝယ်မုန့်

 

:s:

 

ဒါ က မွသဲ ရဲ့ ပြည်ကြီးငါးနဲ့ ကောက်ညှင်းပေါင်းကို ချက်တဲ့ဟာ။
ဟိဟိ  :mrgreenn:

 

ပြည်ကြီးငါး ကောက်ညှင်းပေါင်းသွပ် (credit to TNA)

 

ပြည်ကြီးငါးအိပ်ကလေးတွေကို သန့်စင်ပါ။ အလည်ကကျောရိုးထုပ်ပါ။
ကျွန်မကတော့ အိပ်လိုက်ထားပြီး လက်ပါတဲ့ခေါင်းကိုဖြုတ်ထားပါတယ်။
သန့်သွားပြီဆိုရင် ကောင်ညှင်းပေါင်းအဖြူကို အိပ်တဝက်လောက် ထည့်ပါ။
ချက်တဲ့အချိ်န် (သို့) ပေါင်းတဲ့အချိန်ကျတော့ကျူံ့သွား ရင် ကောက်ညှင်းတွေ ကွဲထွက်ကုန်ပြီးမလှ လို့။
ထိပ်ကနေ သွားကြားထိုးတံလေးနဲ့ပိတ်ပါ။ ကျွန်မကတော့ အရသာမထည့်ပါဘူး။
ပေါင်းမယ်ဆိုရင် ဒီအဆင့်မှာပဲ ဆီလေးသုတ်ပြီးရေခံပေါင်းလို့ရပါပြီ။
အဲ ဆီပြန်ချက်မယ်ဆိုရင်တော့ ကြက်သွန်ဖြူထောင်းပြီး သားကိုဆီသတ်ပါ။
ကြက်သွန်နီနှုတ်နှုတ်စင်းကိုထည့်ပါ။
နွမ်းသွားပြီဆိုရင်တော့ အစောကအစာသွပ်ထား တဲ့ပြည်ကြီးငါးတွေစီထည့်၊ ရေနဲနဲလေးထည့်၊ မီးအေးအေးနဲ့ အဖုံးအုပ်တည်ပါ။
အရသာထည့်ပါ။ လိုအပ်ရင်ခပ်ဖွဖွမွှေခြင်း ( သို့ ) အိုးလှုပ်ခြင်းပြုလုပ်ပါ။ ခရမ်းချဉ်သီးမထည့်ရပါဘူး။
ဆီနည်းနည်းပို ထည့်ရပါမယ်။
ဒါမှရေခန်းသွားရင် ခြောက်ခြောက်ကလေးနဲ့ဆီပြန်နေမှာပါ။
ကျက်ပြီဆိုရင်တော့ ဖောင်းဖောင်းလေးနဲ့တင်းနေတဲ့ ပြည်ကြီးငါးကောက်ညှင်းပေါင်းသွပ်ရပါပြီ။

65 comments

  • weiwei

    August 4, 2014 at 9:15 am

    ဝက်သားကောက်ညှင်းထုတ်ရာသီဖြစ်နေလို့ အခုတလော နေရာတိုင်းမှာ တွေ့နေရတယ် ..
    အဲဒါလေး လုပ်ပြီး ပို့စ်တင်မလားစဉ်းစားနေပေမယ့် ဝယ်ရမှာတွေများနေလို့ မလုပ်အားသေးဘူးဖြစ်နေတယ် ..
    ကောက်ညှင်းဆိုရင် ဘယ်လိုလုပ်လုပ်ကြိုက်တယ် ..

    • surmi

      August 4, 2014 at 9:35 am

      ပို့စ်လည်းတင်
      ပြီးတော့
      လုပ်ပြီးသားလေးတွေများ လက်ဆောင်ပေးရင်ဖြင့် …………
      အဟမ်းးးးးးး :mrgreen:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 11:20 am

      ဟီးဟီးးး
      အဲဒီ လုပ်နည်း ရှာသေးတယ် ဝေရဲ့။
      ခက်လို့ ကိုယ်တိုင်မလုပ်နိုင်တာနဲ့ ချန်ပြစ်ခဲ့တာ။
      လုပ်ပြီးရင် ပို့(စ) တင်ပေးနော်။
      တပေါင်းတည်း ထားမို့။

      :s:

      • weiwei

        August 4, 2014 at 11:41 am

        စီးတီးမတ်မှာ တစ်ထုပ်ကို ၁၃၀ဝ ကျပ်ဆိုလို့ ဈေးကြီးတာနဲ့ ကိုယ်တိုင်လုပ်မလို့ စဉ်းစားနေတာ ..
        ဝါးရွက်က တရုတ်တန်းမှာသွားဝယ်မှရမှာမို့လို့ …
        ဒီအပါတ် ပိတ်ရက် လုပ်ဖြစ်ဖို့များတယ် ..
        အဆင်ပြေရင် ပို့စ်တင်မှာပါ ..

        • ဇီဇီ ခင်ဇော်

          August 4, 2014 at 11:55 am

          ဟီးဟီးး
          ဒီမှာတော့ အဲဒီ ဝါးရွက်ကိစ္စမှာတင် ဝယ်စားရမှာ ပိုတန်တယ်ဖြစ်သွားတာ။
          ခုက မလေး ဟာရီရိုင်ယာ ကာလ ဆိုတော့ မုန့်တွေမှ အမျိုးမျိုးပဲ။
          စားလို့ ကောင်းချက်။

          :mrgreen:

        • Ko chogyi

          August 4, 2014 at 2:07 pm

          ဒီတစ်ပတ်ပိတ်ရက် လုပ်ပြီး ခေါ်ကျွေးမယ်ဆိုပိုကောင်း

  • surmi

    August 4, 2014 at 10:14 am

    အဟမ်းးးးးးး
    ဒီပို့စ်ရဲ့ခေါင်းစဉ်မှာ
    စတစ်ကီဆိုတာရယ် သို့တဂျီး ဆိုတာရယ်ကိုကြောက်ပြီး ဘယ်သူမှဝင်မဖတ်ရဲဘူးထင်တယ် ဟေးဟေး ………
    ဒီလိုလုပ်ရင်ကောင်းမလား
    နောက်ထပ်တစ်နာရီလောက်စောင့်ကြည့်ပြီး
    ကွန်မန့် နှစ်ခုလောက်မှတက်မလာရင်တော့
    ခေါင်းစဉ်ကိုပြန်စဉ်းစားရတော့မယ် ထင်ပါ့
    ကျုပ်တို့ရွာထဲမှာလည်း အသည်းတွေငယ်ကုန်ကြပြီထင်တယ်
    အန်တီဝေတစ်ယောက်ပဲ သတိ္တကောင်းတယ် :mrgreen:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 11:19 am

      ဟယ်။
      ကျန်းးးး
      သများမှာ ခေါင်းပူအောင်စဉ်းစားပြီး ပေးထားရတာ။
      သူများတွေ ပို့(စ) တဂျီးကို ခေါင်းစဉ်တပ်ရင် လူပိုဝင်တတ်လို့ အတုခိုးထားရတာကို။
      :mrgreen:
      အဟင့်။
      သများ အရမ်းဝမ်းနည်းသွားပြီ။
      😥
      .
      .
      .

      .
      .
      .
      .

      .
      .
      .
      (စတစ်ကီ ရိုက် အစားများလို့ပါ။)
      :mrgreenn:

  • Crystalline

    August 4, 2014 at 10:17 am

    နည်းတွေကိုစုံလို့.. ကောက်ညှင်းပြန်ပေါင်း..ဝက်ကောက်ညှင်းထုတ်..ကောက်ညှင်းခွက်ကြော်..ကောက်ညှင်းကျည်တောက်ကြိုက်အိ.. လုပ်စားဖို့တော့ အားမွေးလိုက်အုန်းမယ်.. ပို့စ်တော့ကူးထားတယ်.. 😀

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 11:14 am

      ဪ။
      စတစ် (အဲလေ) ကောက်ညှင်းကြိုက်သလား ခွစ်။ :mrgreenn:

      ဒီမှာတော့ မလေးတွေလုပ်ရောင်းတဲ့ ကောက်ညှင်းမုန့်တွေ အများကြီးးး၊
      တို့တွေ လျှာ နဲ့ အရသာတည့် တယ် ခေါ်မယ်။
      စားလို့ကောင်းတယ်။
      🙂

      • Crystalline

        August 4, 2014 at 11:18 am

        ညကကို စတစ်ကီရိုက်စ်ခွက်ကြော်စားလို့ သတိယပြီး ဓာ့ပုံတောင်ရိုက်ထားလိုက်သေး.. :mrgreenn:

        • ဇီဇီ ခင်ဇော်

          August 4, 2014 at 11:22 am

          အရမ်းမစားနဲ့နော်။
          ချုပ်တတ်တယ်။
          ခိခိ။ :mrgreenn:
          ဝမ်းနည်းစရာတွေဖြစ်ကုန်ရင် မကောင်းဝူးးး :mrgreenn:
          ကိုယ်တွေ့မို့ ချစ်လို့ သတိပေးတယ် မှတ်ပါ။
          လူဇိုးးး :mrgreenn:

  • black chaw

    August 4, 2014 at 10:50 am

    အော် စီစီခင်ဇော်…စီစီခင်ဇော်…
    ယူ သိတ်တတ်နိုင်တာပဲ တိယား။
    သူကြီးကိုများ စတစ်ကီ နဲ့ ရိုက်တော့မလားလို့ ကွယ်။
    အသာလုပ်ပါ။
    ကျွန်တော်က သိတ်ဝမ်းနည်းတယ်တယ် တိယား။
    ဝမ်းနည်းခြင်းကို ဖြစ်စေသော ကောက်ညှင်းတွေကို
    တား သိတ်မုန်းတာပဲ မေမေ။ ဟေးဟေး။
    ဒါပေမယ့်…
    စီစီခင်ဇော်ကြီးသာ ဒီပို့စ်ထဲပါတဲ့ ကောက်ညှင်းဆိုင်ရာအစားအစာတွေကို
    ကျွေးမယ်ဆိုရင်
    ဝမ်းနည်းချင် နည်းရပါစေ
    ကြိတ်မှိတ်ပြီး စားပြစ်လိုက်မယ်ဗျာ။
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 11:10 am

      ဪ။
      ကိုဂျီးဘက် ကိုဂျီးဘက်
      ယူလည်း တတ်တိကောင်းဒါဘဲ တိယားးးး
      :s:
      ခိခိ။
      ခင်ဇော်ကျွေးတဲ့ စတစ်ကီ စားမယ်ဆိုပဲ။
      တဂျီးမပေးလည်း ရအောင်ယူနိုင်ပါတယ်ကွ။
      အဟွတ်။
      :kwi:

  • surmi

    August 4, 2014 at 11:03 am

    တော်သေးတယ်
    နာရီကြည့်ထားတာ တစ်နာရီအတွငါး သူရဲကောင်းနှစ်ယောက်ပေါ်လာလို့ :kwi:

    ကဲ ကဲ
    သူရဘွဲ ့ပေးမယ်
    တန်းစီ :mrgreen:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 11:11 am

      ကဲ။
      လက်မလေးတွေထောင်၊
      အပ်စိုက်ပြီး တူနဲ့ ထုမယ်။
      :kwi:

      ဘုရင့်နောင်မျိုးကွ။
      ဖောင်ဖျက်လို့ မရရင် ပြင်ပလိုက်မယ်။

      :mrgreen:

  • black chaw

    August 4, 2014 at 11:10 am

    အဲ့ ဦးဆာမိကြီးက တိတ် နောက်တာပဲ။
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 11:23 am

      လူမိုက် ယောက်ခမွက လူနောက်။

      :s:

  • ဦးဦးပါလေရာ

    August 4, 2014 at 11:23 am

    တနင်္လာနေ့ကြီးမို့ လူနည်းနေတာပါကွယ်….

    ဒီပိုစ့်တော့ ကူးထားလိုက်တယ်…

    ကောက်ညှင်းဆို ကျုပ်က အလွန်ကြိုက်..
    (တကယ်တော့ ဘယ်စားစရာမဆို အလွန်ကြိုက်..)

    မိဘ လူကြီးတွေပြောတာတော့ ရှမ်းလူမျိုးက ကောက်ညှင်းကြိုက်သတဲ့…

    ကျုပ်ဖြင့် ရှမ်းလမ်း မှာနေလာတာ တော်တော်ကြာပြီ

    ကျုပ်ပါးစပ်က ထောက်ခံနိုင်လောက်တဲ့ ကောက်ညှင်းပေါင်းမျိုး လုံးဝ မတွေ့ ….

    အစားအစာကို ဖြစ်သလိုလုပ်ရောင်းရင်လဲ ရောင်းရတာပဲ ဆိုတဲ့ခေတ်ရောက်လာတော့
    တစ်ချိန် (၁၉၇၀-၁၉၈၈) က အစားအသောက်နာမည်ကြီးတဲ့
    (တခြားမြို့နယ်များကကို တခုတ်တရ လာစားရတဲ့)
    မြေနီကုန်း စမ်းချောင်းဆိုတာ
    ယုံတမ်းစကားလိုဖြစ်သွားပြီ…..။

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 11:28 am

      ဟိဟိ။
      အဲလိုပဲ ထင်ပါတယ်။
      ဒီရွာက လူတွေ သွေးမနည်းဘူး ဆိုတာ ယုံပြီးသားပါ ဦးပါ။
      သွေးလှူရှင် အသင်းထောင်ကြစို့။
      :mrgreen:

      အမှန်တော့ စတစ်ကီ Rice (Glutinous Rice) က ဘာအရသာမှ မရှိဘူးရယ်။
      ရောထည့်ရတဲ့ ဟာလေးတွေ ကို လိုက်ပြီး ….
      အရသာပိုလေးအောင် လုပ်နိုင်လို့သာ စားနေရတာ။
      :kwi:

      နမ္မတူနေတုန်းက အိမ်တိုင်း က ခေါပြင်လုပ်စားတာ ထမင်းစားရေသောက်ပဲ။
      အရသာလည်း အရမ်းကောင်းတယ်။
      ဒါပေမဲ့ အဲဒီဟာကို မန်းလေးမှာ စားတဲ့အခါ အရသာ အပြည့်မရပြန်ဘူးးး၊
      ကာလ ဒေသနဲ့ လိုက်ပြီးလည်း အရသာက ကွာတတ်သေးတယ် ထင်ပါရဲ့။

      🙂

  • Mr. MarGa

    August 4, 2014 at 11:33 am

    ဆောင်းမနက်မှာ
    ခေါပုတ် ပူပူလေးနဲ့
    ရေနွေးကြမ်းလေးနဲ့
    နှမ်းထောင်းလေးဖက်လို့
    အိုးးး
    ပြောရင်း စားချင်လာပြီ 🙂

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 11:38 am

      ဪ။
      ဂျားကလည်း ကြိုက်သကိုးးး
      အဟိဟိ
      ခေါပုတ် ပြောပါတယ်။

      :mrgreen:

    • Ko chogyi

      August 4, 2014 at 2:11 pm

      ခေါပုတ်ပူပူလေူကို သကြားနဲ့စားပိုကောင်း
      ဆီတိုဟူးနဲ့လွှတ်ကောင်း

      • Mr. MarGa

        August 4, 2014 at 2:24 pm

        မြတ်စွာဘုရား!
        သကြားကို ဘေးမဲ့ပေးပါခည :s:

  • ခင် ခ

    August 4, 2014 at 11:44 am

    ကောက်ညင်းကျည်ထောက် ( ဒီအရပ်အခေါ် ကောက်ညင်းခဲတံချောင်း ) လုပ်နည်းလေးသိရရင် ကောင်းမယ်နော်။

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 11:51 am

      ကောက်ညှင်းကျည်တောက်
      ————————–

      ကောက်ညှင်းဆန် တစ်ပြည်

      တင်းဝါး တစ်လုံး

      ကောက်ရိုး အနည်းငယ်

      ကောက်ညှင်း ဆန်ကို ရေစင်စင်ဆေး၍ တစ်ည ရေစိမ်ထားပြီး ရေစစ်ပါ။ တင်းဝါးများကို တစ်ဖက်ပိတ် ဖြတ်ထားပြီး ဆယ်ယူထားသော ကောက်ညှင်းဆန်များကို ထည့်၍ ရေအပြည့် တည်ထားပြီး ဖုတ်၍ ရပါသည်။

      ဖုတ်လိုသောအခါ အလယ်တွင် မြေကြီးကို မီးလင်းဖိုသဖွယ် အရှည် ကိုက် တူးပြီး ဝါးတန်းတစ်တန်းတွင် တစ်ဖက်တစ်ချက် ကောက်ညှင်းထည့်ထားသော ဝါးများထောင်၍ ဖုတ်ရပါတယ်။

      ကောက်ညှင်းများနပ်လောက်လျှင် ထိပ်ဝများကို ကောက်ရိုးများဖြင့် ပိတ်ဆို့ထားလိုက်ပါ။ ကောက်ညှင်းကျည်တောက်များ မတူးမခြစ်စေရန် ဖုတ်နေစဉ် လှည့်ပေးပါ။

      ကျက်သောအခါ အပေါ်ယံရှိ အမြှေးများကို ဓားနှင့် ပါးပါးလွှာပစ်ရပါ မယ်။ ဖြူဖွေးသောကောက်ညှင်းကျည်တောက်များ ရပါတယ်။ကောက်ညှင်း အဖြူအချိတ် (သို့မဟုတ်) နှစ်မျိုး တစ်ပိုင်းစီထည့်၍ ပြုလုပ်နိုင်ပါသည်။

      (Credit Myanmar Foods And Desserts, October 31, 2012)

  • သများက မဝင်​းခိုင်​ဆို​တော့ စတစ်​ကီ​တွေကို ​ရှောင်​တယ်​.. ဒါမယ်​.. ဆီထမင်​းနဲ့ ဝက်​သား​ကောက်​ညင်​းထုပ်​ ြကြိုက်​တယ်​..

    အန်​တီ​ဝေ ြြမြင်​​စေသတီး…

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 11:53 am

      အဟီးဟီးးး
      စားပြီး ဆေးသောက်ရင် ရပါတယ်။
      အမကတော့ ဆန်နဲ့ လုပ်တဲ့ မုန့်တွေထက် ကောက်ညှင်းနဲ့ လုပ်တဲ့ မုန့်တွေ ပိုကြိုက်တယ်။

      :s:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 12:56 pm

      အရမ်းကြွေသွားတယ်လား??

      :mrgreen:

      • alinsett (gazette)

        August 4, 2014 at 1:07 pm

        ကြွေတာပေါ့…
        အဲ့နာမည်ကြားရင်ကို..ရင်တွေ ဘာတွေ ခုန်နေပြီ… ။
        အဲဒီနာမည်ကို…မြင်ရင်… ဖွေးဖွေး ဆိုတဲ့နာမည်ကိုမြင်ရတာထက်…
        ရင်ခုန်တယ်..

        အဟိ.. ။

        😆

  • ဦးကျောက်ခဲ

    August 4, 2014 at 12:39 pm

    ထိုင်း အရှေ့မြောက်ပိုင်းမှာတော့ ဆန်အစား ကောက်ညှင်းအစားလေ့ကြတယ်…
    ကြက်ကင်နဲ့ ကောက်ညှင်းပေါင်းကတော့ သူတို့ရိုးရာပေါ့… ဟင်းနဲ့လည်း တို့စားကြတယ်
    သင်းတို့ကို ဝမ်းခိုင်တယ်ပြောရင် ဟားကြသဗျ… အဟွတ်

    ကောက်ညှင်းဆိုရင် ကျောက်စ်ကတော့ လှော်စာကိုအကြိုက်ဆုံးပဲ… အဟိ
    ကျောင်းသားဘဝတုန်းက ကွင်းဆင်းရင် ကဇော်ဖောက်ပြီးသောက်တယ်…
    ကောက်ညှင်းကိုချက် အိုးသန့်သန့်မှာထည့် တဆေးနဲ့ရောပြီး…
    အမှောင်ထဲမှာ ၄ရက်လောက် နှပ်ထားရင် အနံလေးကို မွှေးနေတာပဲ ။
    သောက်ခါနီးမှ သကြားရည်လေးရော ဂလုလိုက်ရင် … ဂေ့… ကြာလေကောင်းလေ
    :s:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 1:27 pm

      ကျနော် က လှော်စာ မမြည်းဖူးဘူးးး
      တရုတ်တွေလည်း ကောက်ညှင်းကိုချုပ်တယ်ပြောတာ မယုံကြဘူးးး။

      :s:

  • ဗုံဗုံ

    August 4, 2014 at 1:06 pm

    ရွာမှာဘုရားပွဲဆို မုန့်ဖက်ထုပ် 100 -150 လောက်ထိ
    ထုပ်ရတာ..သဒိရသွားပြီ….
    မိဗုံကတော့ ကိုယ်စားမဲ့အထုပ်ကို ငှက်ပျောရွက်အဝါရောင်လေးတွေနဲ့
    ရွေးပြီးထုပ်.. အသားတွေလျှောက်ထည့်….
    သူများကျွေးမယ့်အထုပ်ဆို.. ငရုတ်သီးထည့်ပြီးထုပ်တာ…… :mrgreen:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 1:52 pm

      ဟယ်။
      သဘုန်လေး လုပ်တတ်ရင်
      ဒီ တစ်ခေါက်လူကြုံ နဲ့
      မုန့်ဖက်ထုတ် ၁၀ဝ မျိုး ၂၀ဝ မျိုးလောက် ထုပ်ပြီး ပို့ပေးပါနော်။
      ပုံ/
      အန်တီ ခင်ဇော်။

      :mrgreen:

  • စာ ကြမ်းပိုး

    August 4, 2014 at 1:10 pm

    ချင်းပြည်နယ်မှာ ဆိုလား
    တစ်ခါ ကြားဖူးတာ။
    ချင်းတွေက ခွေးသားစားတယ်ဆိုလား
    ကြားဖူးတယ်။ မဟုတ်ရင် ခွင့်လွှတ်ကြပါနော်။
    အဲ့ဒါ…။
    ခွေးကို မသတ်ခင် ကြိုးနဲ့ ချည်ထားပြီး
    ရေပဲတိုက်သတဲ့။
    ရေထဲမှာလည်း ဝမ်းနှုတ်ဆေးတွေ ထည့်တိုက်တာတဲ့။
    ခွေးက အစာလည်းမစားရ၊ ဝမ်းကလည်း တဗျစ်ဗျစ်သွားလိုက်တော့
    အင်မတန်ဆာလောင်နေမှာပေါ့။
    အူထဲမှာလည်း ဘာမှ မရှိတော့တဲ့ အချိန်မျိုးပေါ့။
    အဲဒီအချိန်ကျတော့မှ ကောက်ညှင်းပေါင်းတွေဆိုလား
    ကျွေးတယ်ဆိုပဲ။
    ခွေးကလည်း ငတ်ကြီးကျနေတဲ့ အချိန်ဆိုတော့
    အားရပါးရ လွှတ် စားတော့တာတဲ့။
    အဲဒီတော့မှ ခွေးကို သတ်ပြီး ခွေးအူကိုထုတ်တာတဲ့။
    ခွေးအူကောက်ညှင်းပေါင်းလို့ ခေါ်မလားမသိဘူး။
    အင်မတန်ကောင်းတယ် ဆိုပဲ။
    လုပ်စားကြည့်ပါလား ဟင်င်င်။
    :mrgreen:

    • Mr. MarGa

      August 4, 2014 at 1:12 pm

      အဲဒါ တကယ်ကြားဖူးတယ်
      စားလို့လဲ ကောင်းတယ်လို့ ကြားဖူးတယ်
      မသိအောင်သာလုပ်ကျွေး စားကြည့်ချင်လို့ :mrgreenn:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 1:50 pm

      နာ့ ဂို ခွေးသားစားခိုင်းတာ ဘူတုန်းကွ။
      :mrgreen:

      အဲ့ဒါမိုးကို ချင်းတောင်အရမ်း အေး တဲ့ ဘက်တွေမှာ စားကြတယ်လို့ပြောတယ်။

      ခွေးသားက နွေးသတဲ့။
      ကိုရီးယားမှာလည်း စားတယ်လို့ပြောတယ်။

      အဲ.။ သများက ဒါရိုက်တာ ရင်နဲ့ အကြောင်းပါလို့ ကိုရီးယားရောက်မှပဲ မြည်းတော့မယ်။

      :s:

      • surmi

        August 4, 2014 at 2:01 pm

        ရန်ကုန်က လူတစ်ချို့ပေါ့နော်
        ဘုမသိ ဘမသိနဲ့ ခွေးသားတွေစားမိတတ်ပါတယ် ။
        လမ်းဘေးအကင်ဆိုင်တစ်ချို့ကနေပေါ့ ။
        ဆိတ်သားကင်ဆိုပြီး စားလိုက်တာ
        ကောင်းးးးးး မှ ကောင်းးးးးးးးးးး :mrgreen:

  • နှူးဘာ မိဂီ

    August 4, 2014 at 2:43 pm

    ကောက်ညှင်းဟေ့ လို့ ဆိုလိုက်ရင်
    ရှမ်းမြောက်မှာနေတုန်းက ဂလုခဲ့တဲ့ …ဟို ဗဂျီဆြာ နာမည်နဲ့ အရည်ပဲ ပြေးပြေးမြင်နေတာရယ်ဗျာ…

    ပြန်လာခဲ့ပါ့မယ်

    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 2:46 pm

      သွားပါ။
      မခေါ်ဝူးးး
      ပြန်လာမယ် ပုံပြောခဲ့တဲ့ ဂီဂီကိုလည်း မုန်းတယ်။
      မင်ဂါဒုံလေဆိပ်က ထိုင်ခုံတွေလည်း မုန်းတယ်။

      :mrgreen:

  • kai

    August 4, 2014 at 2:56 pm

    သောင်းတိုင်က..သိန်းသူားများ… ကြားစေသတည်း…
    ဒီလအတွက်.. ပုံနှိပ်ပါမည်.. လို့…။

    ဆိုတော့…
    ဇီမမပွိုင့်တွေကို.. ရွာသူားခရီးသွား.. ဘတ်စ်ကားခအတွက်.. ဂဇက်ရင်းနှီးမတည်ငွေအဖြစ်သုံးပါမည်..။
    သဘောတူပါသလား… ခင်ဗျ…

    အလှူဒါယိကာမကြီးဖြစ်ပါစေ… :k:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 3:03 pm

      ငင်။
      သဘောတူတယ် မပြောရသေးခင် ဆုတောင်းကြီး မြင်လိုက်တော့ ဘာပြောရတော့မတုန်းးး
      ဟိ။
      :mrgreenn:

      ကွဲသွားတဲ့ ထောပတ်အိုးဂျီး ဘုရားလှူရုံပေါ့ ဘဂျီးရယ်။
      အဟိဟိ။
      :mrgreenn:

    • ရာမည

      August 5, 2014 at 12:00 pm

      မနာလိုကင်း
      ဝန်တိုရှင်း
      လက်ငင်းချမ်းသာမည် ။

      မစ္ဆရိယ
      ဝမ်းတွင်းမှ
      လောင်မြိုက်လှပါသည် ။

      မီးလိုပူပြင်း
      ဝန်တိုခြင်း
      ဝေါမှာရေးရင်းသက်သေတည် ။

      အာဟိ အာဟိ အာဟိ

      (အဆိုပါ ကော်မန့်အား ဆိုက် စည်းကမ်းနှင့်မညီပါက ဖျက်နိုင်ပါသည်)

      • ဇီဇီ ခင်ဇော်

        August 5, 2014 at 12:03 pm

        ဟယ်။
        ဟိ။
        ခုန က ပဲ ဒီ သီတင်းရလိုက်တယ်။
        :mrgreenn:
        ခိခိ။
        ဖေဖေ့ကို ဘယ်သူသွားတိုင်တာတုန်းကွ ဟေ!!

        တစ်ခုခု မကျေနပ်ရင် အဖေကို ပြေးပြေးတိုင်ပြီး အဖေက ရန်ဖြစ်ပေးရတဲ့ ခေးတွေကို မြင်ယောင်ပြီး တနားထာ.။

        :mrgreen:

        အစားအသောက် အကြောင်း တင်တာတောင်
        ဘေးမလွတ် ရန်မလွတ် အန်ဒရယ် မလွတ် ဘူးလားး
        ခိခိ။

        :mrgreenn:

        • ရာမည

          August 5, 2014 at 1:06 pm

          ကျေးဇူးပြုပြိီးအသံလေးတွေတိတ်ပေးပါ
          ရင်နဲ့အမျှမခံစားနိုင်လို့ပါ
          ကြည့်တတ်ရင်မြင်မှာပဲ
          ပေါင်ကြားကို ဂဏန်းညှပ်လိုက်သလို
          အော်လို့လဲမရ
          ကူပါဦးလဲမခေါ်ရဲ
          ဆွဲဖြုတ်ပြန်လည်း အသည်းခိုက်အောင်နာ
          သေသာ သေလိုက်ချင်တော့တယ်
          ငယ်ချစ်ဦးယောက်ကျားယူစဉ်က
          :mrgreen:

  • TNA

    August 4, 2014 at 3:39 pm

    ဇီဇီ့ ကောက်ညှင်းတွေအကုန်ကြိုက်။ ခေါင်းစဉ်မြင်တော့ ဒို့အရေးအော်ရမှာလားလို့လက်ဆန့်ဝင်လာတာ။ အဲ့မွှားလို့ လွမ်းလို့အပြေးအဖြန်းဝင်လာတာပေါမို့ပါ။ :mrgreen: ဟိုဟာတွေချိဒယ်။ သင်တန်းတက်တုန်းက တခါမှလုပ်မစားဖြစ်ဘူး။ ပို့စ်တပုဒ်ထပ်တင်မလား စုပေးမယ်။ 😥 ဘယ်ပို့ရမလဲဟင် 😥

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 3:43 pm

      ဪ။
      ယောက်ခမွသဲ လည်း ကြိုက်တယ်လားးး
      ခိခိ။
      ခေါင်းစဉ်ကြည့်ပြီး ထွက်မပြေးတာ တော်သေးးး
      :mrgreenn:

      ဟိုဟာတွေ ပို့ချင်ရင် လိပ်စာအသစ်ပေးပါ့မယ်။
      ခိ

      :chit:

  • kyeemite

    August 4, 2014 at 3:59 pm

    ဒီနေ့ စက်ရုံဖွင့်ဖွင့်ချင်း ပက်ကင်စက်ပျက်နေလို့ စိတ်နောက်ပြီး တစ်နေကုန် စက်ရုံထဲရွာလည်နေတာ
    ခုမှခန တက်လာဖြစ်တယ်…နောက်မှပြန်လာအုံးမယ်…တားတားလည်း ဝမ်းနည်းမှာတော့ကြောက်တယ်
    အသောက်သမားဆိုတော့ ဝမ်းမမှန်တာနဲ့ ဒုက္ခကိုရောက်ရော…ဒါပေသိ ကောက်ညှင်းနဲ့စားစရာတွေတော့ကြိုက်ပါတယ်… :s:
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 4:04 pm

      ကျန်းးးး
      ဒီမှာ ရွာမလည်ပဲ စက်ရုံထဲ ရွာလည် နေတယ်ပေါ့။

      ကောက်ညှင်း ကို ကောက်တေးနဲ့ တွဲပြီး ကျွေးလို့မှ မစားရင် ကောက်ပလိုက်မှာ။
      :s:

      • kyeemite

        August 5, 2014 at 2:15 pm

        ဟီဟိ..ဟိုနှူးဘာ မိဂီပြောတဲ့ အရည်လေးသောက်ချင်ထှာအေ :k:
        အင်း…ဖင်ပေါ်…အဲလေယောင်လို့…ထင်ပေါ်လို့ စင်တော်ကကောက်လေပြီ…ဝမ်းသာပါ၏
        ပိုက်ပိုက် သဂျီးက အတင်းအလှူခံသွားသဖြင့်တော့ ဝမ်းနည်းပါ၏ ခိခိ
        အလှူဒါယိကာမကြီး …ဟီဟိ ခေါ်လို့ကောင်းထှာ :k:

        • ဇီဇီ ခင်ဇော်

          August 5, 2014 at 2:22 pm

          မိုက်မိုက်ကသာ ခေါ်လို့ကောင်းနေ။
          တစ်ချို့က ဆဲ လို့ ကောင်းနေတယ်။
          ခိ။
          ကျိန်စာ ဝ လေ လှ လေ ဆိုပဲ။ (ခွက်ဒစ်တူ တုန်တုန်)
          :k:

          တော်ဘီဂျာ။
          ဒီ ဘာဘာ တဂျီးရဲ့ ရွာဂျီးကို မချိချင်ဒေါ့ဘူးးး
          သများက အပျော်လုပ်တာတွေကို အတည်ပေါက် လိုက်ခံစားနေကြတယ်။
          :a:

          သများ အရမ်းဝမ်းနည်းတယ် သိလားးး
          ချုပ်စာတွေ အစားများလို့။
          အဟွတ်။
          :s:

  • padonmar

    August 4, 2014 at 9:35 pm

    ဒို့ဝါးခယ်မမှာလေ …ဘယ်မြို့မှာမှ မရောင်းတဲ့ အုန်းကောက်ညှင်းဆိုတာရှိတယ်။အုန်းသီးခြစ်ရယ် ပုဇွန်လှော်ရယ်နဲ့ စားရတာ သိပ်ကောင်း။
    ကောက်ညှင်းကိုအုန်းနို့နဲ့ ဒယ်အိုးထဲ ဆီထမင်းထိုးသလို ချက်ပြီး အဲဒီဒယ်အိုးကိုမီးပေါ်ပစ်ထားရင် အောက်က ဂျိုးတူးသွားရော။
    အုန်းကောက်ညှင်းသည် ဒေါ်ကျင်သိန်းဆိုင်မှာ မနက်ဆို ကလေးတွေ တန်းစီပြီး အုန်းကောက်ညှင်း တမတ်ဖိုး ဂျိုးပါအောင်ထည့်ပေးပါ လို့ ပြောဝယ်ခဲ့ရတယ်။
    အဲဒီအဒေါ်ကြီးက အုန်းကောက်ညှင်းရောင်းရတဲ့ ဝင်ငွေနဲ့ သမီးကို တက္ကသိုလ်ပို့နိုင်တယ်။ရွှေတွေညွတ်အောင် ဆင်နိုင်တယ်။

    • ဇီဇီ ခင်ဇော်

      August 5, 2014 at 5:21 am

      Thank you so much for this post, Aunty Don.
      :chit:

      ——————
      ဝါးခယ်မ
      Second Favourite Food for Our Town ‘s Breakfast

      ဇာတိကို ချစ်သူတိုင်း ဇာတိမှ ဆွေမျိုးသားချင်း အသိမိတ်ဆွေများ ၊ ဇာတိမှ မြင်ကွင်း ၊ အကြောင်းအရာများ ၊ စားသောက်ဖွယ်ရာများကို ပိုမိုသတိရတတ်ကြသည် ။

      ထိုအထဲတွင်မှ ငယ်စဉ်ကတည်းက ပေါင်းဖော်ကြသော မိတ်ဆွေသူငယ်ချင်းများ ၊ ငယ်စဉ်ကတည်းက သွားလာ လည်ပတ်ဆော.ကစားခဲ့သော နေရာများ ၊ ငယ်စဉ်ကတည်းက စားသောက်ခဲ့ဖူးသော ဒေသထွက် စားသောက်ဖွယ်ရာများသည် မည်သည်.အချိန်ရောက်သည်ဖြစ်စေ သတိရစမြဲပင် ။ အချို.အသက်ပိုကြီးလာလေ ခွဲခွာချိန် ပိုကြာလာလေ ပိသတိရတတ်ကြလေ ဖြစ်သည် ။ ဤ ထဲတွင်မှ အချို.သော စားသောက်ဖွယ်ရာတို.က မိမိတို.ကျင်လည်ရာ တွင်ရှာဖွေရရှိတတ်သော်လည်း အချို.ကတော. ဇာတိ မြေတွင်သာ ရတတ်သည် ။ အမှန်ကတော. ထိုအစားအသောက်ဆိုသည် ကလည်း မိမိဇာတိတွင် မိမိသူငယ်ချင်းများနှင်.ထိုင် ရှေးဟောင်းနှောင်းဖြစ်ပြောရင်း မြို.လေးရဲ. လေကိုရှု မြို.မြင်ကွင်းများကိုကြည်.ရင်း စားသောက်ရသည်.အရသာနှင်.ကတော. လုံးဝတူမည်မဟုတ် ။

      မြို.လေးတွင် မနက်စာမုန်. စားကြသည်.အထဲတွင် ဝါးခယ်မ မုန်.ဟင်းခါးပြီးလျှင် ဒုတိယ သတိအရတတ်ကြဆုံး မုန်.တစ်ခုရှိသည် ။ ကောက် ညှင်းဖြင်. လုပ်သော မုန်.ဖြစ်ပြီး အခြားနေရာများတွင် သူနှင်.ဆင်တူသော မုန်.မျိုးသာရတတ်သည်ကများသည် ။ မြို.လေးတွင်သူ.ကို အုန်းကောက်ညှင်းဟု ခေါ်ကြသည် ။ နေရာအတော်များများတွင် ရတတ်သော ကောက်ညှင်းပြန်ပေါင်းနှင်.ဆင်တူသော်လည်း သူက ချိုး ခံကာ ကြော်ထားခြင်းဖြစ်ပြီး ဆီထမင်းနှင်.ဆင်တူသည် ။ ဆီထမင်းက ဆနွင်းထည်.ခြင်းဖြစ်ပြီး သူက အုန်းနို.ထည်.ခြင်းသာ ကွာသည် ။ သို.သော် ဆိထမင်းက နှမ်းထောင်း ၊ အုန်းသီးစသည်တို.ဖြင်. စားရပြီး သူကတော. ၎င်းတို.အပြင် ပုဇွန်လှော်ပြီးထောင်းထားသည် ကိုပါ ထည်.စားရခြင်းဖြစ်သည် ။

      မြို.သို.အလည်ပြန်သူများအနေဖြင်. မိမိတို.မိတ်ဆွေများကို ဝေငှရန် ဒယ်အလိုက် ရန်ကုန်သို. မှာယူသယ်ဆောင်သွားကြသည်အထိ ဆွဲဆောင်အားကောင်းသော မုန်.တစ်မျိုးလည်းဖြစ်သည် ။ မြို.ပြန်ရောက်ကြသူများ မနက်စာစားလျှင် မုန်.ဟင်းခါးကိုအကြော်စုံနှင်.စား အုန်းကောက်ညှင်းကို လဘက်ရည်နှင်.သောက် ဆိုသည်က တွဲဖက်စားလေ.ရှိသည်. Breakfast Style ပင်ဖြစ်သည် ။ ပြောသာပြောရသည် ။မြို.လေးတွင်ပင်လျှင် မနက်ပိုင်းရောင်းသည်.အသည်က ၂ သည်ထက် မပိုပဲ ဈေးသွားနောက်ကျလျှင် မရတတ်သော မုန်.လည်းဖြစ်သည် ။ ဟိုးအရင်ကတော. ဒုံးပျံအောင် ထိဆိုင်ရှေ.နားတွင်ရောင်းလေ.ရှိပြီး ယခုတော. မုန်.ဟင်းခါးတန်းအတွင်း တစ်သည်နှင်. လိုက်ရောင်းလေ.ရှိသည်.တစ်သည်ခန်.သာရှိပါသည် ။

      တစ်လက်စတည်း မိတ်ဆွေများ အနေဖြင်.လည်း မိမိတို.မြို.လေးတွင် ထိုအုန်းကောက်ညှင်း ရှိ/မရှိ နှင်. ရှိလျှင်လည်း အခေါ်အဝေါ် တူ/မတူ ကို Comment Box တွင် မှတ်ချက်ပေးရင်း ဒေသန္တရ ဗဟုသုတ ဖလှယ်ရာလည်း ရောက်မည်ဖြစ်ပါသည် ။

      မြို.လေးဆီက အချို.သော မုန်. နှင်. ဒေသထွက် အစားအစာ အချို.အကြောင်းကို အောက်ပါ Link တွင် သွားရောက်ဖတ်ရှုနိုင်ပါသည် ။
      http://wakhama.blogspot.com/search/label/မမေ.နိုင်စရာ%20ဒေသထွက်%20အစားအစာ%20များနှင်.အမေ.ထမင်း%20စားပွဲ

      Photo by Phyu Hnin Naing – SS Avenue of WKA

  • manawphyulay

    August 5, 2014 at 8:24 am

    ဒီအထဲမှာ ခေါပြင်နှင့် ကောက်ညင်းဆီထမင်းကတော့ အကြိုက်ဆုံး စာရင်းမှာပါတယ်။ ဒီလိုပြောပြရင်းနဲ့ တစ်ရက်လောက် လုပ်ကျွေးရင် ကောင်းမယ်နော်…..

    • ဇီဇီ ခင်ဇော်

      August 5, 2014 at 8:50 am

      ဟိ။
      ဟုတ်တယ်နော်။
      ဘူသူလုပ်ကျွေးမလဲဟင်?
      :s:

  • Nyo Win

    August 5, 2014 at 10:45 am

    အင်း..ကောက်ညှင်းဆီထမင်းကို ပဲပြုတ်ပူပူလေးဖြူးပြီး လွေးလိုက်ရရင်တော့.. ဂလု… 🙂

    • ဇီဇီ ခင်ဇော်

      August 5, 2014 at 10:50 am

      တစ်ယောက်တည်း မစားနဲ့လေ။
      သများတို့ ကို စောင့်ပါဦးးးး

      :k:

      • TNA

        August 5, 2014 at 6:27 pm

        မနက်ဖြန်ဆီထမင်းလုပ်စားမယ် :sar:

        • အလင်းဆက်

          August 5, 2014 at 6:33 pm

          မနက်ဖြန်..ဖွေးဖွေးကို..ပြန်ပေါင်းချင်တယ်.. ။

        • ဇီဇီ ခင်ဇော်

          August 5, 2014 at 7:18 pm

          အဟင့်။
          စားနိုင်သူတွေ စားကြပါ။

          😥

  • ဦးကြောင်ကြီး

    August 6, 2014 at 10:58 am

    ဂျီးဒေါ်ဇော်.. ဘာပုလို့ ကောက်ညှင်းအမဲက အဖြူ ထဲ ဈေးပိုကြီးရသလဲဗျ.. စတိုးမှာဈေးနှုန်း ကပ်ထားတာ ၂ဆကွာသဗျာ…

    • ဇီဇီ ခင်ဇော်

      August 6, 2014 at 12:23 pm

      ငင်။
      အဲလာတော့ သများမသိ။
      ယှဉ်စားကြည့်ရင် သများက ငချိတ် ပိုကြိုက်၏။

      :s:

  • Choo

    August 6, 2014 at 4:26 pm

    အဟွတ် အဟွတ် စတီကီရိုက်ကို သိပ်သိပ်ကျိုက်တော့
    အိမ်သာနဲ့အဆက်အသွယ်လုံးဝပြတ်သွားဒယ် မမခိုင်ဇာ 🙁

    • ဇီဇီ ခင်ဇော်

      August 6, 2014 at 4:33 pm

      အိမ်သာနဲ့ အဆက်အသွယ် မပြတ်စေနဲ့ ချာချာ။
      အိမ်သာနက် (အင်တာနက်) အဆက်အသွယ်ပြတ်တာထက် ပိုခံစားရတယ်။

      :k:

Leave a Reply