Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းမတွေဟာ…….

alinsettJuly 21, 20141min118944

မိန်းမတွေအကြောင်း ပြောမလို ့ ။

မကောင်းပြောမှာတော့..မဟုတ်ပါဘူူး ။

ကိုယ်တွေးမိတာလေး ဖတ်မိတာလေးတွေနဲ ့ ပတ်သတ်ပြီး သိချင်လာလို ့ပါ ။

ဟိုတုန်းကတည်းက…ဟာသလိုလို ဗဟုသုတလိုလို…သတ်မှတ်လေ့လာချက်လေးတစ်ခု ဖတ်ခဲ့ဖူးတယ် ။
သုတစွယ်စုံMagazine ထဲမှာဖတ်ခဲ့ရတာလေးပါ ။

ဘယ်ခုနှစ်ထုတ်လဲ…ဘယ်လထုတ်လဲဆိုတာတွေ တော့ ကျွန်တော့် ထုုံးစံအတိုင်း မမှတ်မိတော့ပါဘူး ။ ဆိုလိုချက်ဆီပဲ..သွားရအောင် ။

”မိန်းမတွေဟာ…နာကျင်မှုဝေဒနာကို…တပ်မက်တဲ့စိတ်ခံစားချက် ရှိတယ် ။ ” ဆိုတဲ့အယူအဆပါ ။
ကလေးမွေးဖွားတဲ့ အမျိုးသမီးတွေနဲ ့…ဥပမာပေးပါတယ် ။

ကလေးမွေးဖွားရတဲ့ အမျိုးသမီးတွေရဲ ့ မွေးဖွားချိန်မှာ..ခံစားရတဲ ့ နာကျင်မှုက… ပြောပြဖို ့ ခက်ခဲလောက်အောင်ကို.

. ပြင်းထန်မှာပါ အသက်နဲ ့ ထပ်ပြီး… မွေးဖွားရတာဆိုတော့… နာကျင်မှုဝေဒနာဟာ… အနှိုင်းမဲ့ပေါ့… ။

(အခုခေတ်..ဗိုက်ခွဲပြီး..မွေးကြတာကတော့..တစ်ပိုင်းပေါ့ ။

အခုပြောရတဲ့အပိုင်းက…သမားရိုးကျနည်းလမ်းအတိုင်း…မွေးဖွားမှုမှာ…ခံရတဲ့နာကျင်မှုပါ )
အဲဒီကလေးမွေးနေချိန်မှာ…နာလွန်းလို ့အော်ဟစ်နေရတဲ့မိခင်တွေကို…ကလေးမွေးပြီးကာစအချိန်မှာ…
ဆရာဝန်က..မေးတယ်..တဲ ့… ။ နောက်ထပ်…ကလေး…မွေးဦးမလား..ကလေးယူဦးမလားပေါ့..။
အဲဒီအမေးကို..မိခင်တိုင်းလိုလိုက…နာကျင်မောပန်းနေတဲ့ကြားက..ပြန်ဖြေတယ်..” ယူဦးမှာပဲ…” တဲ့။
အဲဒီတော့….နာကျင်မှုဒဏ်ကို..အသေအလဲ…ခံရပေမယ့် …

နောက်ထပ်ကလေးယူဦးမယ်။ မွေးဦးမယ် ။ ထပ် အနာခံဦးမယ် …ဆိုတဲ့…အမျိုးသမီးတွေရဲ့စိတ်ဟာ…

မိခင်စိတ်ကတစ်ဝက်….နာကျင်မှုကို…(မသိစိတ်ကနေ…) တပ်မက်တဲ့စိတ်က တစ်ဝက်တဲ ့….။
——————————————————————————————————————–

အဲဒီမှာ..ကျွန်တော်…စဉ်းစားတာပေါ့ … ။

တကယ်ပဲ…မိန်းမတွေဟာ နာကျင်မှုကို…တပ်မက်ကြသလား… ။

ခန့်မှန်းကြည့်ရုံနဲ့..ကျွန်တော် မသေချာပါဘူး ။

အဲဒီလိုတွေးနေချိန်မှာပဲ… နောက်ထပ် အချက်အလက်တစ်ခုကို…ထပ်တွေ ့လိုက်ရတယ် ။
——————————————————————————————————————–

တီဗွီအစီအစဉ်တစ်ခုမှာ…ပါ ။ ဂင်းနစ်စံချိန်တင်သွားတဲ့…အမျိုးသမီးတစ်ယောက်ကို..တွေ ့လိုက်ရတယ် ။

အဲဒီအမျိုးသမီးရဲ့စကားတစ်ခွန်းက…မှတ်သားမိတဲ့အထိပါပဲ ။
အဲဒီအမျိုးသမီးက..သူ ့ကိုယ် နေရာအနှံ ့ မှာ …အရေပြားကို ဖောက်ပြီး…

နားကွင်းလို အလှဆင်ပစ္စည်းတွေ ချိတ်ဆွဲထားတာ အများဆုံး စံချိန်တင်လိုက်တာပါ ။

အဲဒီမိန်းမ…အရေပြားပေါ်မှာ..အပေါက်တွေ ဖောက်ပြီး..
ချိတ်ထားတာများ..ပြွတ်သိပ်နေတာပဲ… ။

အပေါက်တိုင်းမှာလဲ… ကွင်းတွေ…ချိတ်တွေ တို ့လို ့တန်းလန်း…မွစိတက်နေပါတယ် ။

အရေပြားပေါ်မှာ…အပေါက်အများဆုံးဖောက်ပြီး…အလှဆင်သူအဖြစ်…စံချိန်တင်သွားတာပါ ။
သူ ့ကို မေးခွန်းတွေ…မေးပါတယ် ။

သူ ..ပြန်ဖြေတာတွေက…စိတ်ဝင်စားစရာပါပဲ။ အဲဒီမေးခွန်းတွေထဲမှာ…
” ဒီလို…အရေပြားပေါ်မှာ..အပေါက်တွေဖောက်တာ..မနာဘူးလား…”လို ့ မေးတော့…

သူမ ပြန်ဖြေလိုက်တာက…အံ့ဩစရာ စကားတစ်ခွန်းဖြစ်နေပါတယ် … ။

” နာရတာကို .. ကြိုက်တယ်…” တဲ့ … ။
စဉ်းစားစရာပါပဲ.. ။ မိန်းမတွေဟာ…နာကျင်မှုဆိုတဲ ့…ဝေဒနာကို…တပ်မက်သာယာစိတ်…ရှိနေသလား.. ။
ရှိတယ်…ဟုတ်တယ်ဆိုရင်တော့… သူတို ့…မသိစိတ်ကနေ… နာကျင်မှုဝေဒနာကို…ခံစားသာယာလိုစိတ် ရှိနေတာများလား… ။
မိန်းမတွေရဲ ့..စိတ်အခြေအနေတွေက…(သာမန်အားဖြင့်…) ယောကျာ်းတွေနဲ ့..ကွဲပြားတာတော့..သေချာပါရဲ့ ။
မိန်းမတွေဟာ…(ယောကျာ်းတွေအတွက်.. ) ဘာမှ မပြောပလောက်တဲ့ ကိစ္စလေးတွေကိုလည်း..

အသေးအဖွဲကအစ… လိုက်ပါခံစားနေတတ်ကြတယ် ။
ဝမ်းနည်းနာကျင်စရာဆိုလည်း…ယောကျာ်းတွေထက်…ပို..ဝမ်းနည်းနာကျင်စွာ..
ခံစားနေတတ်တာတွေကလည်း…ထည့်စဉ်းစားရမယ့် အချက်တွေပဲ ထင်ပါရဲ ့…. ။
လိုရင်းကို ပြောရရင်တော့… မိန်းမတွေဟာ…နာကျင်ခြင်းဆိုတဲ့..ဝေဒနာကို…မသိစိတ်ကနေ…တပ်မက်သာယာပြီး

လိုချင်စိတ် ရှိနေတယ်ဆိုတာ… အမှန်ပဲလား… ။ အဲဒါလေး… သေချာ သိချင်လာတာပါ ….။

 

စာချစ်သူ မိတ်ဆွေများ…လွတ်လပ်ငြိမ်းချမ်းကြပါစေ….
လေးစားစွာဖြင့်…

အလင်းဆက် ( Gazette )

 

 

 

 

44 comments

  • ဇီဇီ

    July 21, 2014 at 8:23 am

    ရေးထားတဲ့ အထဲမှာကို က မသိစိတ်က သာယာတယ်လို့ ပြောပြီးမှတော့ …..
    ဘယ် သိစိတ်နဲ့ မိန်းမက “ဟုတ်ပါတယ်ရှင့်” လို့ လာဖြေမလဲလို့……။
    လူဇိုးးးး :mrgreenn:
    ဖြေစေချင်တဲ့သူကို အိပ်မွေ့ချပြီးမေးလေ။ အဟက်ဟက်။

    😀

  • ဇီဇီ

    July 21, 2014 at 8:32 am

    Some philosophers, such as Jeremy Bentham, Baruch Spinoza, and Descartes, have hypothesized that the feelings of pain (or suffering) and pleasure are part of a continuum.
    There is strong evidence of biological connections between the neurochemical pathways used for the perception of both pain and pleasure, as well as other psychological rewards.

    အေးးး :mrgreenn:
    ဒါပေမဲ့ အရင်က ယောင်္ကျားရင့်မကြီးတွေ ပြောသလို လုပ်သလို (ခုလည်း ရှိနိုင်ပါတယ်)
    အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင်ချစ်တာတို့ ဘာတို့ အရမ်းမုန်းတဲ့ထဲ ပါတယ်။
    ဘယ်လောက် နာနာ ကလေးတွေ အများဂျီး မွေးမှာဆိုတဲ့ မိခင်စိတ်များတဲ့ မိန်းမထဲ မပါဘူးးး
    တက်တူး အရမ်းကြိုက်ပြီး နာမှာ အသေကြောက်လို့ မထိုးချင်ဘူးးး (ဆိုင်မဆိုင်မသိ)
    သူသေ ကိုယ်သေ ဘာဖြစ်ဖြစ်ဆိုပြီး ဖြစ်တတ်တဲ့ ဒေါသကလည်း ကျုပ် အသားနာတဲ့အချိန်မှာ ဖြစ်တယ်။
    အဲဒီတော့ ကျုပ် အနေနဲ့ကတော့ သိစိတ်မှာရော မသိစိတ်မှာရော နာမှာ ကြောက်တဲ့ထဲပါရဲ့။ (ထင်တာပဲ) :mrgreenn:

  • JackSkellington

    July 21, 2014 at 9:01 am

    Sadism က ယောက်ျားရော မိန်းမ ရော ရှိကြတာပဲလို့ ဖတ်ဖူးတာပဲ။
    အဲ့ဒီမှာမှ နာအောင် လုပ်တာ ကို ကြိုက်တဲ့ အထဲ မှာ အမျိုးသမီး ရာခိုင်နှုန်း ပိုများမလားတော့ မသိ

  • Kaung Kin Pyar

    July 21, 2014 at 9:39 am

    ခု အရွယ်ထိပြန်စဉ်းစားကြည့်ရင်..သိစိတ်မှာရော မသိစိတ်မှာပါ..စိတ်နာကျင်ရတာရော ရုပ်နာကျင်ရတာရော မကြိုက်ဘူး…။ ကွကိုယ်သိတယ်..ဆယ့်တစ်ကျပ် ကျလွယ်လို့….။ ဆက်ဆက်ပြောတဲ့ ကလေးမွေးတဲ့ကိစ္စတောင် မျိုးဆက်ကျန်တာတွေ ဘာညာတွေအတွက် အိမ်ကညီမကိုပဲ အဲ့တာဝန်လွှဲထားတယ်…။

  • surmi

    July 21, 2014 at 10:25 am

    နာတာကြိုက်လို့ ကလေးမွေးတာမဟုတ်ဘူးကွ ။
    အဲဒီ အယူအဆကို လက်ခံတဲ့သူ အတော်ကိုလွဲတာဘဲ ။
    မည်သည့်လူမျိုးတိုင်းမဆို –
    မည်သည့် ဘာသာဝင်တိုင်းမဆို –
    မည်သည့် အသားအရောင်ရှိသူမဆို –
    မိခင်စိတ် ပြင်းထန်တဲ့ မိန်းမတိုင်းမဆို –
    အဲဒီလို အချိန်မှာ မေတ္တာစိတ်တွေ ပြင်းပြပြီးပြောတတ်ကြတာ ။

    မိန်းမတွေနာတာကြိုက်တယ်ထင်ရင် ဘတ်စ်ကားစောင့်နေတဲ့ကောင်မလေးတစ်ယောက်ယောက်ကို
    တစ်ချက်လောက်ရိုက်ကြည့်ပါလား ဟဲဟဲ
    တစ်ခါတည်းကို ထမင်းချိုင့်ရော ဒေါက်ဖိနပ်ရော ပလူပျံသွားမယ် ။
    ကျုပ်ကတော့ စာအုပ်ထဲက လက်တွေ့မဆန်တာတွေမြင်တိုင်း
    ပိုက်ဆံရလို့ရေးတယ်လို့ဘဲ သတ်မှတ်ပါတယ် ။
    အဲဒါတွေကိုလည်း တတ်နိုင်သမျှကျော်ဖတ်တာပါဘဲ ။

    • ခင်ဇော်

      July 21, 2014 at 11:45 am

      ဒါမှ နာ့ ယောက်ခမ ကွ။
      :s:

      • surmi

        July 21, 2014 at 12:37 pm

        မြှောက်ပေးပြန်ဘီ
        ပြီးတော့မှ ကျုပ်တစ်ယောက်တည်း ပစ်ထားခဲ့ကြမယ်ပေါ့ :kwi:

        • ခင်ဇော်

          July 21, 2014 at 12:41 pm

          ပစ်မထားပါ ဝူးးး
          ယောက်ခမ က ရှေ့က တက်။
          အနော်က နောက်က ဘုရားစာရွတ်ပေးမယ်။ (စီဒီတူ ကိုဘက်)

          :kwi:

        • surmi

          July 21, 2014 at 2:42 pm

          တွေ့ပြီဟုတ်
          စိတ်ရှိလက်ရှိ မန့်လိုက်တော့ ဟိုမှာကွေးကောက်သွားပြီ
          အဲဒါ … ဘယ်လိုရှင်းမလဲပြော :kwi:

        • ခင်ဇော်

          July 21, 2014 at 2:44 pm

          အဟီးဟီးးး
          အနော်ပြောတာကလည်း ဆက်ဆက်ကို ပြောတာဟုတ်ဘူးလေ။ မိန်းမတွေကို အဲလို ရေးတာ မခံချင်ဖြစ်နေတာကို ယောက်ခမွ က ပြောနိုင်လို့ ဘရာဗိုလိုက်တာ။
          အနော်တို့ ကို စက်ဆက်က စိတ်ဆိုးပါဝူးးး :mrgreenn:
          ဦးဘက်ပေါ့။ စော်တကားတလေး ဘာလေးပြောလို့။
          အဟွတ်။
          ဦးဘက်ကြောင့်။ :kwi:

        • alinsett (gazette)

          July 22, 2014 at 12:59 pm

          ဘုကိုမျ စိတ်မဆိုးဘူး…
          ကိုယ့်ကို ကိုယ် စိတ်ဆိုးတာ..။
          ဒါပေမယ့်.ကိုယ့်ကို ကိုယ် လည်း..ခွင့်လွှတ်ထားတယ်.. ။
          အဟိ
          ကိုယ့်ကိုယ်ကိုလည်း..ဖွေးဖွေးနဲ ့ သဘောတူနေတယ်.. ။

          :mrgreen:

        • surmi

          July 21, 2014 at 3:02 pm

          ဦးးးးဘက် !!!
          ခင်ဇော် ခေါ်နေသည်
          အမြန်လာပါ :mrgreen:

  • TNA

    July 21, 2014 at 10:32 am

    ဖတ်မိသလောက်တော့ မိန်းမနဲ့ယောင်္ကျားတွေမှာ ယောင်္ကျားတွေကို နာကျင်မှု့ကိုခံနိုင်ရည်ပိုနည်းတယ်တဲ့။ မိန်းမတွေက နာကျင်မှု့ကိုခံနိုင်ရည်ပိုများတယ်လို့ဖတ်ဖူးတယ်။ ဥပမာ – မိန်းမနဲ့ယောင်္ကျား တုတ်ကွေးအတူတူဖြစ်တယ်ဆိုပါစို့။ အဖျားဒီဂရီလဲအတူတူမှာ ယောင်္ကျားတွေက သူတို့ပိုနာတယ်လို့ ခံစားရပါသတဲ့

  • weiwei

    July 21, 2014 at 10:50 am

    I think I am not a woman .. .. 🙂

  • kyeemite

    July 21, 2014 at 1:02 pm

    Yes wei wei, you are lady… ခိခိ နောက်ချင်သွားလို့ပါမဝေ 🙂
    ———————————-
    ဒေါ်ဖွားမေယောက်ကျားရေ…
    “နာကျင်မှုဝေဒနာ” ကိုတော့ ယောက်ကျားရောမိန်းမတွေပါ ယေဘုယျအားဖြင့်ကြိုက်နှစ်သက်ကြမည်မဟုတ်ပါ
    ဒါပေမဲ့ နှစ်ဖက်လုံးမှာ “နာကျင်မှုဝေဒနာ”ကို…ကြိုက်တဲ့ စုန်းပြူးတော့ ရှိမှာပေါ့… :boss:

  • black chaw

    July 21, 2014 at 1:40 pm

    နာကျင်မှုဒဏ်ကို..အသေအလဲ…ခံရပေမယ့် …
    နောက်ထပ်ကလေးယူဦးမယ်။ မွေးဦးမယ် ။
    ထပ် အနာခံဦးမယ် …ဆိုတဲ့…အမျိုးသမီးတွေရဲ့စိတ်ဟာ…
    မိခင်စိတ်ကတစ်ဝက်….နာကျင်မှုကို…(မသိစိတ်ကနေ…)
    တပ်မက်တဲ့စိတ်က တစ်ဝက်တဲ ့….။

    အဲဒါတော့ အမျိုးသမီးတွေရဲ့ မိခင်စိတ်ရှိမှုကို
    စော်ကားလိုက်တာလို့ စွတ်စွဲချင်ပါတယ်ဗျာ။
    ိကိုငှက်သီချင်းလေး ကောင်းတယ် အလင်းဆက်ရဲ့။
    နည်းနည်းလေးတော့ လွဲနေတယ်
    လွဲလွဲလေးပဲ ကောင်းပါတယ်
    စိတ်ကျေနပ်ရင်ပြီးတာပဲ
    နေတတ်ရင်အေးဆေးလေး…။
    မင်း…စိတ်…ကျေ…နပ်…ရင်…ပြီး…တာ…ပါ…ပဲ…ကွာ…။
    😀

    • alinsett (gazette)

      July 21, 2014 at 1:54 pm

      စော်ကားလိုက်တာလို ့…စွပ်စွဲတယ်လား..
      စိတ်မကောင်းပါဘူး ။
      ကျနော်လည်း…ဖတ်ဖူးကြားဖူးတာလေး..
      သေချာသိချင်လို ့…တွေးမိတာလေး..ရေးလို်က်တာပါ…

      🙁

  • alinsett (gazette)

    July 21, 2014 at 1:59 pm

    ဒီပိုစ့်လေး…ကိုယ်တွေးမိတာ…ချရေးလိုက်တာ…မှားပြီထင်ပါရဲ့..။
    လူပဲ..လေ…မှားတဲ့အခါလည်း…မှားပေမပေါ့…။
    ခွင့်လွှတ်ပါတယ်…အလက်ဆင်း….

    :mrgreen:

    • ခင်ဇော်

      July 21, 2014 at 2:03 pm

      မမှားပါဘူးးး
      နာတို့က ဂလိုပဲ ထင်ရာပြောကြတာပဲ။
      ဟိ၊. အရမ်းမခံစားပါနဲ့အေ။
      ညည်းကလည်းးးးး
      ညည်းစိတ်ရင်း နာ တို့ သိပြီးသားပါ။

      :mrgreen:

      • alinsett (gazette)

        July 21, 2014 at 2:17 pm

        အော်…မမဂျီးရယ်…မှားတယ်ဆိုရင်တောင်..ကွကိုယ်..ခွင့်လွှတ်ထားပါတယ်ရှို.. ။
        အာဟိ ။

        :mrgreen:

        • TNA

          July 21, 2014 at 2:34 pm

          နင်းမှားဒယ်ပြောမရဘာဘူးဟယ်။ ဒါပေသိယောင်္ကျားစစ်ဖြစ်ကြောင်းသေချာတွားဒါပေါ့။ မိန်းမတွေအကြောင်းသေချာမသိဘူးဆိုတော့ :mrgreen:

        • alinsett (gazette)

          July 22, 2014 at 12:55 pm

          တိန်…
          ဒါဆို..ဖွေးဖွေးနဲ့..သဘောတူလား…
          ဆိုင်ဆိုင် မဆိုင်ဆိုင်…

          😆

  • alinsett (gazette)

    July 21, 2014 at 2:02 pm

    ဖတ်ရှုအားပေး ဝေဖန်ပေးကြသူ မိတ်ဆွေများ အားလုံး….
    ဇူးဇူးပါခည

  • black chaw

    July 21, 2014 at 2:16 pm

    အော်…အလင်းဆက်ရယ်…။
    မင်းက…အရမ်း…အရမ်းတွေ မခံစားပါနဲ့ဟ…။
    ငါ့မှာလည်း ၁၃ ကျပ်ရဖို့ ကြံဖန်တွေးရေးနေရတဲ့ ဘဝပါဟ…။
    အောင်မယ်…အထင်တော့ မသေးနဲ့ ကိုယ့်လူ…။
    ၆၀၆၆၁ ကျပ် တောင် စုဆောင်းမိနေပြီ ကွယ့်…။
    ဟေးဟေး…။
    ဒီကွန်းမန့်နဲ့ဆို…
    ၆၀၆၇၄ ကျပ် ရသွားပြီဟ…။
    တစ်သိန်းပြည့်ဖို့ ၄ သောင်းနီးပါးပဲ လိုတော့ တယ်။
    ဆိုတော့…ကျေးဇူးပါကွာ…။

    • alinsett (gazette)

      July 21, 2014 at 2:20 pm

      အဟိ ။ သားသားလည်း…လေးဘလက်တစ်ယောက်နဲ့တင်.. ၆ ကျပ်ရတွားဘီ.. ။
      🙂

      လေးလေး..ခြောက်သောင်းကျော်ပြီဆိုတော့… နီးလာပြီဗျ ။

      • surmi

        July 21, 2014 at 2:37 pm

        ဟဲ့ အကောင်
        ကျုပ်က မူရင်းရေးတဲ့ကောင်ကိုပြောတာနော်
        မောင်ရင်က ဖတ်ဖူးတာပြန်ပြောတဲ့သူ
        မဆိုင်တာကို ဂလိုင်ခေါက်မနေနဲ့
        မင်းတို့ဟာလေ …
        မခံစားရရင် မနေနိုင်တာကလွဲ လို့ ဆိုရမလိုဖစ်နေပြီ :mrgreen:
        သဘောပေါက်စမ်းပါကွာ

        • alinsett (gazette)

          July 22, 2014 at 12:57 pm

          ဖွေးဖွေးနဲ ့..စီစဉ်ပေးမလား…။
          အဲဒါမှ…စိတ်ကြည်မှာ….

          :mrgreen:

  • Mr. MarGa

    July 21, 2014 at 3:25 pm

    ဟဟ
    လူတစ်ကိုယ် စိတ်တစ်မျိုး ဟ
    အကုန်လုံး ဒီပုံစံအတိုင်း လို့ ပြောလို့ မရဘူး
    ဒါကြောင့်
    သဘောတူသူလည်း ရှိမယ် မတူသူလည်း ရှိမယ်
    ဒါပဲ
    မောတယ်

  • ခင်ဇော်

    July 21, 2014 at 4:06 pm

    Whatever you give a woman, she will give back, multiplied.

    If you give her a house, she’ll give you a home.
    If you give her groceries, she’ll give you a meal.
    If you give her a smile, she’ll give you her heart.

    So, if you give her a hard time, she’ll make sure you get that back too- multiplied!

    (စီဒီ တူ Womansera)

    ဒါမိုး ဒါမိုးးး
    ဒါမိုးလေးတွေ တော့ သဘူတောတယ်။
    ငိငိ

    :s:

  • နောင် ရိုး

    July 22, 2014 at 9:36 am

    ခေါင်းစဉ်ကြီးကျိပြီး ရင်တွေတောင် ခုန်သွားတယ်…..။ အဟားးး ဟားးးးး

  • cobra

    July 22, 2014 at 4:17 pm

    တစ်ချို့ မိန်းကလေးတွေ
    လက်ကောက်ဝတ် ကိုဓါးပါးပါးလေးနဲ့
    အရေပြားအပေါ်ယံကို လှီးတာတွေ့ ဖူးတယ်
    စပ်စုကြည့်တော့ အဲ့ဒီလိုနာတာလေး ကို ကြိုက်လို့တဲ့

    • sorrow

      July 23, 2014 at 9:13 am

      အဲ့တာ ကိုမြွေမင်းသားလေး..ဝိ သုံးဖူးမှသိမယ်…အဟိဟိဟိ ..တားတားတောင်လှီးဖူးသေး…အဟိဟိ

    • alinsett (gazette)

      July 23, 2014 at 3:00 pm

      အဲဒီလို..လက်ကောက်ဝတ်ကို…ဓါးနဲ ့..လှီးတတ်တဲ ့..အမျိုးသမီးတွေ..ကျနော်လည်း..တွေ ့ဖူးတယ်..ဗျ ။
      နာရတာကို ကြိုက်လို ့နေမှာ.. ။
      အဟိ…
      ကိုယ့်အတွေးကို မလျှော့သေးဘူး ။
      :mrgreen:

  • နောင် ရိုး

    July 23, 2014 at 2:18 pm

    အေးဗျာ…မိန်းမတွေ စိတ်က ခက်တော့ခက်သား။
    ဒါကလဲ သူတို့နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်မယ်ထင်တယ်..။ ယောကျာင်္းတွေလို ပွင့်လင်းမှုမရှိ၊ မျိုသိပ်တတ်ကြလေတော့..စိတ်ခံစားချက်က စိတ်ထဲမှာရှိပြီး ပေါက်ကွဲရင်လဲ ပုံမှန်ထက် ဆိုးတတ်ကြတယ်ဗျ….။
    လက်သီးလက်မောင်းတန်းပြီး ထိုးကြိတ်ဖို့ အဆင်မပြေကြလေတော့ စိတ်ထဲ ကြိတ်ခံစားပြီး ဆင်ကြံကြံကြတာပဲ…ဟေဟေ့…
    ဒါကြောင့်လဲ မိန်းမတွေရဲ့ တင်ခနုတ်ပတ်တိဉာဏ်ဆိုတာ..ယောကျာင်္းတွေထက် သာတာဗျ….
    ဒီတော့ ချုပ်ပြောရရင် မိန်းမတွေ ဘယ်လိုစိတ်ရှိရှိ ယောကျာင်္းတစ်ယောက်အတွက် မိန်းမတော့ လိုအပ်တယ်ဗျ…။ (ဆိုင်မဆိုင်တော့သိဝူးးး)
    ဒါမှလဲ ဇောင်းထဲက ကျုပ်တို့ကို ဇက်ကြိုးကိုင်နိုင်မှာလေ

  • cobra

    July 23, 2014 at 3:36 pm

    ကို sorrow ရယ် ကျွန်တော်လည်း ဝိ ကိုကြိုက်ပါတယ်
    ဒါပေမယ့် အဲ့ဒါသုံးပြီး TATTOO ထိုးရင်တောင် ဒီတိုင်းထိုးတာထက်ပိုနာတယ်

    ကိုအလင်းဆက် အတွေးကို မလျှော့နဲ့ မှန်တယ်ထင်ရင်ဆက်သာတွေးး
    (မြှောက်ပေးခြင်း)
    :mrgreen:

  • manawphyulay

    July 24, 2014 at 4:12 pm

    အသေးအမွှား နာတာ ကျင်တာကို မဆိုထားနဲ့
    အသင်လူသား…
    လူ့ပြည်ကို ရောက်လာခြင်းသည်
    မာတာမိခင်ဆိုသော အမျိုးသမီးကြောင့်ပဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်
    အသင်လူသား…….

  • lu lu

    July 27, 2014 at 9:58 am

    တို ့ကတော့ပုရွက်ဆိတ်ကိုက်တာတောင်မခံနို်င်ဘူးးးးးးးး
    :buu:

    • alinsett (gazette)

      July 27, 2014 at 1:51 pm

      ခါချဉ်အုံကိုရော…ဒုတ်နဲ့ သွားမထိုးချင်ဘူးလား..
      ငယ်ငယ်ကလေ..

      :mrgreen:

Leave a Reply