ပခုက္ကူ -မကွေး ခရီးစဉ်…
တကယ်တော့ မော်လမြိုင် ခရီးစဉ်ကို စရေးရမှာ.. အခုတော့ ကျော်ရေးတယ်ဗျာ…
သွားခဲ့သမျှထဲမှာ နှစ်သက်မိတဲ့ မြို့လေးတမြို့လို့ ဆိုရင်လဲ မမှားဘူးဗျ…
ရန်ကုန်ကနေ ပခုက္ကူကို အမြန်လမ်းကနေ သွားခဲ့တယ်ဗျာ.. ည ၉ခွဲလောက်ကသွားတာ.. မနက် ၅ခွဲလောက်.. စုစုပေါင်း ၉ နာရီလောက်ပဲ ကြာတယ်…
ရောက်တာနဲ့ မနက်စာစား.. ရုံးသွား.. ပြန်လာပေါ့… ကားဂိတ်ကို.. မကွေးဆင်းဖို့ဆိုပြီး…
ကျွန်တော်တို့က နောက်တမြို့ကူးဖို့ဆိုတော့ အလျင်အမြန်နဲ့ လိုင်းကားပဲ စီးရတယ်ဗျာ…
စီးရတဲ့ လိုင်းကားကိုလဲ ကျေးဇူးတင်သွားတယ်.. ဘာလို့လဲ ဆိုတော့ ပုဂံကို ဖြတ်မောင်းသွားလို့ဗျ…
ကြားလမ်းပေါ့.. ပုဂံကားဂိတ်ပြောမလားပဲ.. မကြိုက်တာ တခုတွေ့ခဲ့တယ်… ဘာလဲဆိုတော့ ကမ္ဘာလှည့်ခရီးသွား အများဆုံးသွားတဲ့နေရာ..
တကယ်ကို ကြည့်မကောင်းဘူးဗျာ.. အောက်က ပုံကို ကြည့်ကြပါ…
ဆိတ်တွေ ဘေးမှာ ဘာလို့ထင်လဲ.. ကျွပ်ကျွပ်အိတ်တွေဗျ.. မြင်မကောင်းဘူးဗျ.. ပုဂံကားဂိတ် အထွက်တင်ဗျာ…
ပြီးတော့ ပုဂံကို ဖြတ်.. ရေနံချောင်းကို ဖြတ်.. ချောက်ကို ဖြတ်…
ပုဂံမှာလဲဗျာ.. ဘုရားတွေ ဖူးလိုက်ရတာ.. ကားက မြန်တော့ ဓာတ်ပုံရိုက်ဖို့ မမှီခဲ့ဘူးဗျ..
ချောက်ကို ဖြတ်တော့ ရေနံတူးနေတာ… အခုမှ မြင်ဖူးတယ်ဗျာ… အဲဒါလဲ ဓာတ်ပုံမရိုက်ဖြစ်ခဲ့ဘူး… လိုအပ်ချက်တွေဗျ… လိုင်းကားစီးတော့လဲ အဲလိုပဲပေါ့နော်… ဟင့်…
ဒီလိုနဲ့ စီးလာတာ.. လမ်းမှာ အိပ်တဲ့အခါလဲ အိပ်နဲ့…
မကွေးမြို့ကို ရောက်ပါလေရောဗျာ.. စုစုပေါင်း ၅ နာရီလောက် ကြာတယ်… လမ်းမှာ ဆိတ်သားခြောက်လာရောင်းရင် ဝယ်စားနော်.. ဈေးကြီးပေမဲ့ စစ်တယ်ဗျ..
အစားငမ်းတာနဲ့ ဓာတ်ပုံရိုက်ဖို့ မေ့သွားတယ်… ဒါပေမဲ့ လွှတ်ကောင်းဗျာ.. ကြိုက်တဲ့ အသည် ဝယ်စား အတူတူပဲ…
မကွေးမြို့ကို ရောက်ရောက်ချင်းတော့ စိတ်ညစ်သွားတယ်.. အမျိုးနဲ့လဲ ချိတ်မရ… ရုံးနဲ့လဲ ချိတ်မရနဲ့…
တင်းတင်းနဲ့ ထမင်းစားတယ်ကွာ ဆိုတော့… အဲမှာ စပြီး ကျေနပ်တော့တာပဲ… ဟဲ…
ဆိတ်သားလုံး ၂၀ဝ ကျပ်၊ ဝက်အူချောင်း ၃၀ဝ ကျပ်၊ တလုံး တချောင်းဈေးနော်.. ဘလချောင်က ဖရီးကစ်.. ထမင်းဆီဆမ်းဆို မြေပဲက ပါပြီးသား.. ပေါတဲ့ ဒေသကိုး…
ဒါနဲ့ ရုံးသွားတော့ လူမရှိနဲ့မို့… တည်းခိုခန်း ပြန်နားပေါ့… တည်းခိုခန်းလဲ ရှယ်ဗျာ.. အခန်းကျယ်.. အဲကွန်းပါ.. အိပ်ယာခင်းသန့်နဲ့…
ဈေးက ၂ ယောက်အိပ်.. အမှန် ၃ ယောက် ၄ ယောက်ကို တည်းလို့ရတယ်.. တသောင်း နှစ်ထောင်ပဲ ကျတယ်.. စန်းရတနာ ၂ တဲ့ နာမည်က…
အခန်းရောက်တော့ ခဏနား.. ရေမိုးချိုးပြီး… မကွေးမြသလွန်ဘုရား အဖူးသွားခဲ့ပါတယ်ဗျာ…
အရင်က မကွေးက ဘီလူးစောင့်တဲ့ မြို့လို့ ပြောကြတယ်… အဲဒါကြောင့် ဘုရားတွေမှာ ဘီလူးရုပ်တွေ များရခြင်းပါတဲ့..
မြသလွန်ဘုရားက ဘီလူးတကောင်ကတော့ ထူးထူးခြားခြား ပြုံးနေတယ်လို့ မြို့ခံတွေက ပြောကြတယ်.. ကျွန်တော်က အသိနောက်ကျလို့ မရိုက်ခဲ့ရဘူး.. ရှိသူများတင်ပေးပါနော်…
ဘုရားလေးလဲ ဖူးကြပါနော်… ဆုတောင်းပေါ့.. ကျွန်တော့်လို ကိုယ်တိုင် ကိုယ်ကျ ဖူးရပါလို့၏ အရှင်ဘုရားလို့… မရောက်ဖူးရင် ပြောတာပါ..
အဲကြောင့် ကျွန်တော်နဲ့ ခရီးထွက်တာ မဆိုင်ဘဲ ထွက်ရတယ်… ကြွားတယ် မထင်နဲ့.. ရွှေတိဂုံဘုရားရဲ့ ဌက်ပျောဖူးထိ လူကိုယ်တိုင် ရောက်ပြီး ဖူးဖူးတယ်.. အဲဒါလဲ ဆုတောင်းကြောင့်ပဲ…
ဦးခင်ညွန့်လက်ထက်က ဘုရားထီးတော်တခါတင်သေးတယ် ဟုတ်.. အဲတုန်းက ကြိုးဝိုင်းဆွဲကြသေးတယ်.. ကျွန်တော်ပါတယ်.. ကြိုးဆွဲရင်း ဆုတောင်းခဲ့တယ်..
ငါလဲ အဲလို ဘုရားကို ကိုယ်တိုင် ကိုယ်ကျ ဖူးရပါလို၏ ဆိုပြီး.. ပြည့်ဖို့က မလွယ်ပေမဲ့ တောင်းခဲ့တယ်.. မထင်ပဲ ပြည့်ခဲ့တယ်…
နာဂစ် အပြီး ရွှေပြားတွေ ပြန်ကပ်တော့… ကျွန်တော်က အဲမှာ စောင့်ကြည့်ဖို့ တာဝန်ကျခဲ့တယ်.. အဲလိုနဲ့ ဖူးခဲ့ရတယ်…
လိုရင်းပျောက်သွားပြီ… ဆောရီး… ဘုရားဖူးရင်း နောက်ထပ် ကျေနပ်စရာ တခု ထပ်တွေ့တယ်.. ဧရာဝတီ မြစ်ပဲ… အရမ်းနာမည်ကြီးပေမဲ့ ကိုယ်တိုင် မတွေ့ခဲ့ဖူးဘူး..
တွေ့တော့လဲ လွမ်းသလိုလိုပဲ… ဆုံးရှုံးခဲ့ရင် ဆိုတဲ့ အသိကို တွေးလိုက်တော့… တကယ် ဝမ်းနည်းသလိုလို ဖြစ်လာတယ်…
ဧရာဝတီ အလှနဲ့ ဆိုင်လေးလုပ်ထားတာ မိုက်တယ်.. ပုဇွန်ကော်ပြန့်လေးရယ်.. ရေနွေးကြမ်းရယ်.. ဧရာဝတီမြစ်လေလေးရယ်နဲ့.. မိန်းမရယ်… ကဗျာလေးတပုဒ်လိုလိုပဲ…
ဆိုင်လေးက မြသလွန်ဘုရားကနေ အောက်ဆင်းတဲ့ လှေကားလေးကနေ ဆင်းရတာ… အပေါ်စီးက ဧရာဝတီကို ရှုတာပေါ့ဗျာ…
မြစ်ဘေးနားက ဆိုင်ဆို မြစ်နဲ့ ပိုနီးတော့ ပိုခံစားလို့ကောင်းတယ်.. ညစာကို အဲနားမှာ စားခဲ့ပေမဲ့ ကင်မရာက သိပ်မကောင်းတော့ ဓာတ်ပုံရိုက်တာ မပီလို့ မတင်တော့ဘူးနော်…
အပြန်မှာတော့ ဇလွန်ရေမုန့်ဆိုတာ စားသေးသဗျာ… စားနိုင်တယ်လို့ မထင်နဲ့… ကြေးအိုးတောင် ၂ ပွဲကုန်တယ်ဗျ… ဟီး…
ဘုရားမသွားခင် အတွေ့အကြုံလေးတွေ ပြောပြဦးမယ်…
နယ်မှာဆို တုတ်တုတ် သို့မဟုတ် ၃ ဘီးက ဆိုင်ကယ် ကယ်ရီထက် ဈေးကြီးပေမဲ့.. မကွေးမှာ ဘယ်သွားသွား ၅၀ဝ ကျပ်ပါခင်ဗျာ.. မကွေးရောက်ရင် ၃ ဘီးပဲ စီးပါ.. တန်ပါတယ်..
အမှိုက်ကင်းမဲ့ဇုန်ဆိုတာလဲ တကယ်ပါ.. ဖုန်ကလွဲရင် အမှိုက်မရှိရဆိုတာ တကယ်မှန်ပါတယ်.. တက္ကသိုလ်ဇုန်လို ဖြစ်နေပေမဲ့.. အမှိုက်မရှိပါ.. အားကျသင့်သော အမူအကျင့်လေးပါ…
ကျွန်တော် ဘယ်သွားမယ်ထင်ပါသလဲ… ကျွန်တော်ရောက်တဲ့ နေ့က ၁၉ ဇူလိုင် ဖြစ်လို့… လွတ်လပ်ရေး ကျောက်တိုင်နဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို သွားခဲ့ပါတယ်…
ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ကို ဦးညွှတ်ဖို့ အခွင့်အရေးရော အချိန်အခါပါ တိုက်ဆိုင်ခဲ့တာကိုး…
ဘုရားကနေ ပြန်… ဟိုတယ်ရောက်… ညအိပ်ပေါ့…
မနက်ကျတော့ ရုံးကိုသွား.. အလုပ်လုပ်စရာရှိတာလုပ်ပြီး… မနက်စာစားဖို့ တနေရာခေါ်သွားပါတယ်.. အဲဒါလဲ နှစ်သက်မိတဲ့ နောက်တခုပါ…
အော် ကျန်သေးလို့ မိုးမရွာဘူးလား.. မိုးရာသီသွားတော့ဆိုလို့ ပြောရင်… ရွာပါတယ်.. မိုးပြေးလေးပါ.. မြေကြီးစွတ်ရုံ.. မြေသင်းနံ့ ရရုံလေးပါ…
ကဲ.. ဆိုင်သွားကြမယ်… ဆိုင်နာမည်က High Class တဲ့… ဝါးပင်လေးတွေက လုပ်ယူထားတယ်တောင် ထင်ရတယ်.. တကယ်တော့ သဘာဝ အတိုင်းလေးပါ…
မက်ဆီကန် လက်ဘက်ရည်တဲ့ဗျားးး.. လူကြိုက်များတယ်ပေါ့.. တကယ်တော့ ကျဆိမ့်ကို Version နည်းနည်းပြောင်းထားတာ…
မန္တလေး မြီးရှည်ပါ…
ရှမ်းခေါက်ဆွဲ…
မုန့်တီသုပ်…
ဒိန်ချဉ်ပါ…
မြင်ကွင်းကတော့ မြင်တဲ့ အတိုင်းပါပဲ.. တကယ်ကို မိုက်တယ်.. နောက်တခေါက်ရောက်ဖြစ်ဦးမှာပါ… စက္ကိန်းတဲ၊ နဂါးပွက်အိုင်၊ ရွှေစက်တော် ထပ်သွားဖြစ်ဦးမှာပါ… အဲခါကျမှ ထပ်တင်ပေးပါမယ်…
မကွေးခရီးစဉ်လေးတော့ ပြီးပါပြီ.. အဲကနေ အံစာတုံးလေးနဲ့ ပြည်ကို ဆင်းခဲ့ပါတယ်.. ပြည်ခရီးစဉ်ကို ဆက်တင်ဆက်ပါဦးမယ်…
စကားမစပ်ပါ.. ရွှေစက်တော်က နဂါးကိစ္စက တကယ်လား ဟင်င်င်င်…. မကွေးမြို့ခံတွေက ပြောပြလို့ သိလိုက်ရပါတယ်………….. စုံစမ်းပြီး တင်ဆက်ပါဦးမယ်…..
Coming Soon….
PS: ပုံတွေ အများကြီးတင်လို့… တဂျီးစိတ်ဆိုးပြီထင်တယ်… ဝိုင်းပြောပေးကြဦးနော်… 🙂
12 comments
ခင်ဇော်
July 24, 2014 at 3:41 pm
အစားအသောက်တွေကို ငမ်းသွားတယ်။
ဦးကျောက်ခဲ
July 24, 2014 at 4:06 pm
အခု လောလောဆယ်တော့ ရေမုန့်ပဲဓာတ်ကျသွားတယ် ကိုရင်ရယ်… ရှလွတ် 😀
Yae Myae Tha Ninn
July 24, 2014 at 4:35 pm
နောက်တခေါက် ခရီးသွားရင် ဝယ်လာခဲ့ပါ့မယ်.. ရေမုန့်က ပူပူလောလောမှ စားကောင်းတာဗျ…
စကားမစပ် တမနက်လုံး ဖွင့်မရဘူးနော်… ဘာတွေဖြစ်တာလဲ ဖြေကြပါဦး… 🙂
ရှေ့တပတ် ရွှေနဂါး ကြေးအိုးဆိုင် အစီအစဉ် ရှိပါတယ်.. အားပေးကြပါဦး…
alinsett (gazette)
July 24, 2014 at 6:27 pm
ဆိတ်တွေ ဘေးမှာ ကြွပ်ကြွပ်အိတ်တွေ…
သူတို ့ အစာနဲ ့..မှားစားမယ်တော့ မထင်ဘူး..။
ဒါပေမယ့်..မြင်ရတာ..စိညစ်စရာကြိးနော်.. ။
ရန်ကုန်မှာလည်း..အဲ့ဒီမြင်ကွင်းတွေ..မြင်နေရဆဲပါပဲ…လေ
——–
ခရီးအတူ လိုက်လာတယ် အစ်ကိုတော်ရေ…
Ma Ei
July 25, 2014 at 9:31 am
ဘုရားလဲဖူးရ…
အစားအစာ လေးတွေလဲ ငမ်းရ…
ဒေသန္တရ မြင်ကွင်းလေးတွေလဲ တွေ့ရ… ဆိုတော့
နောက်ပို့စ် လေးတွေ စောင့်ဖတ်မယ်နော့်….
Yae Myae Tha Ninn
July 25, 2014 at 10:50 am
ဟုတ်… ကျေးဇူးပါ… မအိ… 😀
မဟာရာဇာ အံစာတုံး
July 25, 2014 at 3:27 pm
အော် …
ပုံတွေကြည့်ပြီး
ရွာကိုတောင် လွမ်းသွားမိသဗျာ ….
Yae Myae Tha Ninn
July 25, 2014 at 3:40 pm
မကွေးသားလား.. ဒါဆို လူဆိုး.. နယ်သွားဖို့ နယ်ခံလိုက်ရှာတာ မဖြေဘူး…
ကျေးဇူးတင်ပါတယ်.. ကိုသူရရေ… နောက်ခရီးတွေ လိုက်ခဲ့ပါဦး.. ရန်ကုန်ကတော့ ထားပါ.. ပုဂံကတော့ နိုင်ငံခြားသားတွေ ပလူပျံ ရှေးဟောင်းမြို့လေဗျာ… စိတ်လေတယ်… 🙁
ခင် ခ
September 23, 2014 at 11:46 pm
ပခုက္ကူမှာ မုန့်ဟင်းခါးထဲ ဝက်အူချောင်းထဲ့စားကြတယ် မစားခဲ့ဘူးလားဗျ။ သူတို့ဆီက လဘက်ရည်ဆိုင်တွေမှာ ဝက်အူချောင်းပုဂံလေးတွေ စားပွဲတိုင်းချထားတတ်တယ်လေ
Yae Myae Tha Ninn
September 24, 2014 at 10:39 am
ဟီး.. တခြားဟာတွေ စားနေတာနဲ့ အဲဘက်မလှည့်ဖြစ်ဘူး.. ရတာကလဲ တရက်ထဲကိုး… 🙁
ဒါတောင် ရုံးက ၃ နေရာ ၂ ရက်.. ကိုယ့်ဘာသာ မိန်းမနဲ့ 2nd ဟန်းနီးမွန်းဆိုပြီး.. ၂ ရက်ကြိုထွက်လို့.. အဲလောက် သွားရတာ… ရုံးက သတ်မှတ်ရက်နဲ့ဆို မလွယ်… 🙁
မ " တတ် ပါ့ "
September 24, 2014 at 3:24 pm
ကိုယ်တိုင်ရောက်သွားရသလိုပဲ။
ခရီးသွားဗဟုသုတလေးတွေ သိပ်ကြိုက်တယ်။
ကိုယ်တိုင် မသွားနိုင်သေးလို့။
ကျေးဇူးတင်ပါတယ်။
Yae Myae Tha Ninn
September 24, 2014 at 4:19 pm
ဟုတ်ကဲ့… အခုလို ဖတ်မန့်လို ကျေးဇူးပါ… ကျွန်တော် ကျန်သေးတယ်.. ခရီး ၂ ခုစာလောက်.. မရေးဖြစ်သေးတာ… 🙂