မြေပဲဆီနဲ့ မြေပဲလှော်ခြင်း…
ကိုယ့်ကိုယ်ကို ပြန်ဖတ်တာတောင် နားမလည်ဘူး။
ရူးတယ်ပဲဆိုဆို…အိပ်မပျော်ခြင်းနဲ့ ချစ်သူတော်ထားတယ် ။
ကိုယ့်အတ္တကို ဘာသာပြန်လိုက်တော့…မနက်ဖြန်တချို့ပါမလာဘူး။
ဘာသာမပြန်တတ်လို့ လမ်းမထက်မှာ ကျကျရန်ရစ်…
အင်း…လက်ထဲက ခဲဖျက်ကလေး အသုံးဝင်ဖို ့…
အမှားတွေ လုပ်ရဦးမယ်… ။
ခက်ခက်ခဲခဲ…တွန်းလှဲမှ ပြန်မတ်လာမယ့်သစ်ပင်…
ရေ လာလာ မလောင်းနဲ့ကွယ်…ငါက အဆိပ်ပင်…
စိတ်ပျက်လိုက်တာကွယ်…
မြေပဲဆီနဲ ့…မြေပဲလှော်ပါတယ်ဆိုမှ…
ဆီကစစ်ပြီး…ပဲက…တုနေတယ်.. ။
တစ်နေ့တခြား အဲဒီကောင်းကင်ကြီး ပုပ်ပွလာတယ်…။
ရလား…စံပယ်ပန်းရနံ ့တွေ…
ပျင်းသွားပြီ… ။ လောကဟာ..အေးခွန်းဟောင်းတွေနဲ ့…
ခပ်ယဲ့ယဲ့ပဲ ကျန်တော့တယ်…။
ကဲ….လာ လာ… လာစမ်းပါ…
အခု…အိပ်တန်းတက်ကြမယ်…
အဲဒီ စံပယ်ပန်းတွေနဲ ့အတူပေါ့… ။
————————-
အလင်းဆက် ( Gazette)
27 / 7 / 14
11 comments
ဇီဇီ ခင်ဇော် (26102012)
August 15, 2014 at 7:54 am
ဆီ အတု နဲ့ မိမှာပေါ့။
အံစာတို့
အမတ်မင်းတို့ ဆီက ဆီမှ မဝယ်ပဲ။
ဒါနဲ့ မြေပဲလှော်စားချင်တယ်။
:a:
မြေပဲက အခွံပါရင် သဲ နဲ့ လှော်ပြီး….
အခွံချွတ်ပြီးမှ ဆို ဆားနဲ့ လှော်တာဟုတ်ဘူးလားးး?? 🙄
ဆီနဲ့ က မြေပဲ ကြော်… :mrgreenn:
surmi
August 15, 2014 at 8:33 am
ဟင်းမချက်တတ်သေးလို့ပါလေ 🙂
မွသဲ ( 1782011 )
August 15, 2014 at 10:42 am
ငါတော့ ငါးကြင်းဆီနဲ့ငါးကြင်းကြော်ပလိုက်တာပါပဲ
kai
August 15, 2014 at 11:15 am
ဖတ်လက်စနဲ့ခေါက်ထား
ချစ်သူရှာ အိပ်ပျော်အောင်အိပ်ပေါ့
အတ္တကိုဘာသာပြန် အနတ္တကိုရန်မလုပ်နဲ့
မနက်ဖြန်ဆိုတာ နောင်ဘဝတဲ့
ခဲဖျက်နဲ့ဖျက်တိုင်းပျက်ရအောင်
အမှားဆိုတာ ခဲတံမှမဟုတ်တာနော
လေကန်ဝေဖန်သံတွေကြား
အဆိပ်ပင်ရေလာလာလောင်းတယ်ဆိုပြီး
ပန်းကောင်းချည်းအညွှန့်ချိုးနေတာ
မြေပဲဆီကမြေပဲကထွက်တာမဟုတ်
ဟောဟိုအုံးပင်အတုဆီကထုတ်တာ
မာလာယုဆီကသွင်းတဲ့ ဆီအတုက
စိနကထုတဲ့ ပဲလောက်တော့မမှုပေါင်တဲ့
စပယ်ပန်းနံ့ ပြင်းဆတဲ့လေထုမှာ
အယုအယတွေနဲ့အိပ်တန်းတက်ရင်တော့
ခြေနင်းကဂျွမ်းပြန်
အိပ်မက်က နိုးရပြန်မယ်လေ….။ :k:
အလင်းဆက်(24/05/2011)
August 15, 2014 at 2:07 pm
ကဗျာတစ်ပုဒ်… မိပြီ.. ။
ပုံ.. ကဗျာမျှားသူ
ခင် ခ
August 15, 2014 at 11:26 am
မြေပဲဆီ နဲ့ မြေပဲကျော် မဟုတ် လှော် တာဆိုတော့ စဉ်းစားရခက်ပါဘိ။
မဟာရာဇာ အံစာတုံး
August 15, 2014 at 11:59 am
အော် …
နင့် ချစ်သူ အချစ်ကို အခုမှ သိရတယ် …
အိပ်မပျော်ခြင်း .. ဆိုဘဲ ..
နံမယ်ဂလည်း ဆန်းပါ့အေ …
အောင် မိုးသူ
August 15, 2014 at 1:45 pm
ငါးကြင်းဆီ နဲ့ ငါးကြင်းပြန်ကြော်လိုက်ပါ
အလင်းဆက်(24/05/2011)
August 15, 2014 at 2:01 pm
ဖတ်ရှုသွားကြသူအားလုံးကို..ကျေးဇူးပါခင်ဗျ.. .။
မြစာကလေး (23122011)
August 16, 2014 at 2:12 am
{
အခု…အိပ်တန်းတက်ကြမယ်…
အဲဒီ စံပယ်ပန်းတွေနဲ ့အတူပေါ့… ။
}
ဟို ဓာတ်တိုင်ပေါ်ကကျီးကန်း လေး တွေ နဲ့ အိပ်တန်းတက် ရမှာလေ ဆက်ဆက် ရဲ့။
စံပယ်ပန်း တွေ က အိပ်ချင်ဘူးတဲ့။
:-)))
အလင်းဆက်(24/05/2011)
August 16, 2014 at 9:35 am
တိန်
ကျီးကန်းတွေနဲ့ကတော့… ကဗျာ မဆန်ပါဘူး ။